ဂဏန်းသင်္ချာပျော်စရာ၊ ဉာဏ်စမ်း (၈) ခု ဖြေကြည့်ပါ
lotaya.mpt.com.mm
|
2019-08-21

quinntheislander/Pixabay

ကျွန်တော်တို့ဦးနှောက်ကြီးဟာ ပုံမှန်ကျင့်သားရနေတဲ့ နေ့စဉ်နိစ္စဒူဝကိစ္စတွေကိုပဲ လုပ်ဆောင်နေရတဲ့အတွက် ပျင်းနေရောပေါ့။ စိတ်ဖိဆီးမှုတွေလျော့ကျအောင်၊အကြံဉာဏ်ကောင်းတွေ လိုအပ်နေရင်လည်း မတူညီတဲ့ရှုထောင့်ကနေ မြင်မိပြီးအဖြေတွေထွက်လာအောင်၊ ဦးနှောက်ကိုအနားပေးပြီး လုပ်ဆောင်ရည်တွေပြန်မြှင့်တင်ပေးဖို့ဆိုရင် ဉာဏ်စမ်းလေးတွေ ပုံမှန်ဖြေကြည့်တာအကောင်းဆုံးနဲ့ လွယ်ကူအချိန်သက်သာဆုံး နည်းလမ်းတစ်ခုပါပဲနော်။ ကလေးတွေပဲ ဉာဏ်စမ်းဖြေရမယ်ဆိုတဲ့အတွေးကြီးဟာ သိပ်ကိုလွဲနေတဲ့အတွေးကြီးပါပဲ။ ဒီတစ်ခေါက်မှာတော့ မေးခွန်းကခပ်လွယ်လွယ်ပေးတွေဖြစ်ပေမယ့် ဘာကြောင့်မှန်းမသိ တော်ရုံမဖြေနိုင်ကြတဲ့ ဦးနှောက်စားဉာဏ်စမ်းမေးခွန်း (၈) ခုကို ကျွန်တော်တို့ဖက်က ပြင်ဆင်ပေးထားပါတယ်။ ကဲ.. ဖြေကြည့်လိုက်ရအောင်။



မေးခွန်း (၁) A ကအပြာရောင်၊ B ကအဝါရောင်ဆိုရင် A+B ဟာ ဘယ်လိုရလဒ်မျိုး ထွက်လာမလဲ။

(က) ခရမ်းရောင် (ခ)အစိမ်းရောင် (ဂ)အနီရောင် (ဃ)အညိုရောင်


DavidZydd /Pixabay


မေးခွန်း (၂) တြိဂံအကြီးကြီးတစ်ခုထဲမှာ နောက်ထပ်တြိဂံ ၄ ခု ထပ်ထည့်မယ်ဆိုရင် စုစုပေါင်းတြိဂံဘယ်နခုရှိမှာလဲ။ သေချာစဉ်းစားနော်..

(က) ၃ ခု (ခ) ၄ ခု (ဂ) ၅ ခု (ဃ) ၆ ခု



မေးခွန်း (၃) X ကို ၂၄ လို့မှတ်ပါ။ P ကို ၁၆ လို့မှတ်ပါ။ ဒါဆို X-P-A ရဲ့အဖြေဟာ ဘာဖြစ်မလဲ။

(က) G (ခ) H (ဂ) I (ဃ) J


HarryStueber /Pixabay


မေးခွန်း (၄) ကျွန်တော်တို့ဟာအိမ်တစ်လုံးဆောက်ဖို့ သစ်သား ၁၁.၇ ကိုက် လိုတယ်ဆိုပါစို့။ လက်မနဲ့တိုင်းရင် သစ်သားအရှည်ဘယ်လောက်ရှိနိုင်မလဲ။

(က) ၄၁၂ လက်မ (ခ) ၄၁၀.၆၇ လက်မ (ဂ) ၄၂၁.၂ လက်မ (ဃ) ၄၃၀.၀၂ လက်မ




Ranjatm/Pixabay


မေးခွန်း (၅)အင်္ကျီတစ်ထည်ဟာ ၂၀,၀၀၀ ကျပ်တန်တယ်၊ သူ့ကို ၁၅% လျှော့ဈေးနဲ့ ရမယ်ဆိုရင် ဘယ်ဈေးနဲ့ရမှာလဲ။

(က) ၁၅,၀၀၀ ကျပ် (ခ) ၁၇,၀၀၀ ကျပ် (ဂ) ၁၈,၀၀၀ ကျပ် (ဃ) ၁၆,၀၀၀ ကျပ်



မေးခွန်း (၆) x=၁ နဲ့ y=၂ ဖြစ်မယ်ဆိုရင် 2xy ရဲ့အဖြေကိုရှာပါ။

(က) ၅ (ခ) ၃ (ဂ) ၄ (ဃ) ၂



မေးခွန်း (၇) ၁၆၊ ၂၅၊ ၃၆၊ ၄၉၊ _ ? ကွက်လပ်နေရာကနံပါတ်ကိုခန့်မှန်းပြီးအဖြေရှာပါ။

(က) ၇၇ (ခ) ၇၂ (ဂ) ၆၄ (ဃ) ၅၄




Alexas_Fotos/Pixabay


မေးခွန်း (၈) ကြက်ဥတစ်ဒါဇင်ရှိရာအဲဒီတစ်ဒါဇင်ထဲက ကြက်ဥ ၄ ပုံ ၁ ပုံကို ကြော်လိုက်မယ်ဆိုရင် ကြကဥစုစုပေါင်း ဘယ်နလုံးကျန်မလဲ။

(က) ၉ လုံး (ခ) ၄ လုံး (ဂ) ၈ လုံး (ဃ) ၃ လုံး

ကဲ…မေးခွန်းတွေပြီးပါပြီ။

ဘယ်နှခုတောင် မှန်မလဲလို့အဖြေတိုက်ကြည့်လိုက်ရအောင်..


မေးခွန်း (၁)အတွက်အဖြေကတော့ (ခ)အစိမ်းပါ။အဝါနဲ့အပြာနဲ့ပေါင်းမှတော့အစိမ်းပေါ့။


မေးခွန်း (၂) မှာလည်း ရှည်ရှည်ဝေးဝေး၊ ရှုပ်ရှုှုပ်ထွေးထွေးစဉ်းစားဖို့မလိုပါဘူး။ တြိဂံ ၁ ခုထဲ၊ နောက်ထပ် တြိဂံ ၄ ခုရှိနေတယ်ဆိုမှတော့အားလုံးပေါင်း (ဂ) ၅ ခု ပဲဖြစ်ပါတယ်။


မေးခွန်း (၃) မှာအဖြေမှန်ကတော့ (က) G ဖြစ်ပါတယ်။ X ဆိုဟာအင်္ဂလိပ်အက္ခရာမှာ ၂၄ ခုမြောက်အက္ခရာဖြစ်ပြီး P ဟာလည်းပဲ ၁၆ ခုမြောက်အက္ခရာတစ်ခုဖြစ်တာမလို့ A ရဲ့နေရာမှာ ၁ ကဏန်းကိုအစားထိုးပြီး တွက်ချက်ရမှာပါ။ X-P-A ဆိုတော့ ၂၄-၁၆-၁=၇ ပေါ့။ (၇)လုံးမြောက် စာလုံးကတော့ G ပဲဖြစ်ပါတယ်။


မေးခွန်း (၄) ကို ဖြေမယ်ဆိုရင် လက်မ-ပေ-ဂိုက် ဆက်သွယ်ချက်လေးကို မှတ်မိဦးမယ်ထင်ပါတယ်။ ၁၂ လက်မမှာ ၁ ပေ၊ ၃ ပေမှာ ၁ ကိုက်။ တစ်နည်းအားဖြင့် ၁ ပေမှာ ၃၆ လက်မရှိနေပါတယ်။ ဒါကြောင့်အဖြေမှန်ဟာ (ဂ) ၄၂၁.၂ လက်မပါ။


မေးခွန်း (၅) ရဲ့အဖြေကတော့ (ခ) ၁၇,၀၀၀ ကျပ်ပါ။


မေးခွန်း (၆) ရဲ့အဖြေကတော့ရှင်းပါတယ်။ ပေးထားတဲ့အက္ခရာနေရာမှာ ဂဏန်းတွေကိုအစားထိုးတွက်သွားရုံပါပဲနော်။ x က ၁၊ y က ၂၊ 2xy ဆိုရင် 2x1x2 ဆိုတော့အဖြေဟာ (ဂ) ၄ပေါ့။


မေးခွန်း (၇)အတွက်ကတော့ (ဃ) ၅၄ ပါ။ ဘာကြောင့်ဆို ၁၆ ဟာ ၄ ရဲ့နှစ်ထပ်ကိန်း၊ ၂၅ ဟာ ၅ ရဲ့နှစ်ထပ်ကိန်း၊ ၃၆ ဟာ ၆ ရဲ့နှစ်ထပ်ကိန်းဖြစ်ပြီး ၄၉ ဟာ ၇ ရဲ့နှစ်ထပ်ကိန်းဖြစ်နေတာကြောင့် ကွက်လပ်နေရာမှာ ၈ ရဲ့နှစ်ထပ်ကိန်းရှိရမှာဖြစ်တဲ့အတွက်အဖြေမှန်ကတော့ ၅၄ ဖြစ်ပါတယ်။


မေးခွန်း (၈) ကတော့ (က) ၉ လုံးပါ။ တစ်ဒါဇင်ဆိုမှတော့ ရှိရင်းစွဲကြက်ဥက ၁၂ လုံး၊အဲဒီအထဲက ၄ ပုံပုံ ၁ ပုံကို သုံးလိုက်တယ်ဆိုတော့.. ၁၂ ကို ၄ ပုံပုံရင် ကြက်ဥ ၃ လုံးစီရမှာဖြစ်တဲ့အတွက် သုံးလိုက်တဲ့ကြက်ဥဟာ ၃ လုံး၊ ကျန်တဲ့ကြက်ဥကတော့ ၉ လုံးပါ။

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..