သင်အကြိုက်ဆုံး ရတနာက ဖော်ညွှန်းပြသနေတဲ့ သင့်ရဲ့ဘဝသရုပ်မှန်
lotaya.mpt.com.mm
|
2019-08-22



Shutterstock

လူသားတွေဟာ ဟိုးရှေးယခင်နှစ်ပေါင်းများစွာထဲက ကျောက်မျက်ရတနာတွေမှာ ထူးခြားတဲ့ စွမ်းအင်ရှိတယ်လို့ ယုံကြည်ထားကြပါတယ်။ ကျောက်မျက်ရတနာတွေဟာ ကမ္ဘာကြီးရဲ့ နက်ရှိုင်းလှတဲ့အတွင်းပိုင်းကနေ နှစ်ပေါင်းများစွာတည်ရှိလာပြီးမှ မြေပြင်ပေါ် ထိုးထွင်းလာတာဖြစ်လို့ သဘာဝတရားကြီးနဲ့သူတို့ကို တစ်နည်းနည်းနဲ့ ဆက်သွယ်ပေးနိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။ ဒါကတော့ ရှေးကလူတွေရဲ့အယူအဆပါ။

အခုအပေါ်က ဒီပုံလေးမှာ ကျောက်မျက် (၆) မျိုးရှိပါတယ်။ သင်အနှစ်သက်ဆုံး (သို့) သင့်ကိုအဆွဲဆောင်နိုင်ဆုံး ကျောက်တစ်မျိုးကို ရွေးချယ်ပြီး သင့်အကြောင်း ဘာတွေပြောပြမလဲဆိုတာ ဖတ်ကြည့်လိုက်ပါဦး။

(၁) ပုလဲ




Shutterstock/By Oligo22

သင့်အကြိုက်ဆုံး ရတနာက ပုလဲဆိုရင်တော့ သင်ဟာ နှိမ့်ချတတ်တဲ့ စိတ်နှလုံးထားရှိသူတစ်ယောက်ဆိုတာ ဖော်ပြနေပါတယ်။ သင့်ရဲ့အားသာချက်ကအေးချမ်းတည်ငြိမ်မှုပဲဖြစ်တယ်။ သင့်ရဲ့ ကြင်နာတတ်ပြီး ရိုသေလေးစားတတ်တဲ့ ပုံစံကောင်းကြောင့် လူအများရဲ့ချီးကျူးမှုကို မကြာခဏ ရရှိလေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။ သင်ဟာ ပွင့်လင်းတဲ့အတွေးအခေါ်ရှိသူတစ်ယောက်ဖြစ်ပြီး ကိစ္စတိုင်းကို နှစ်ဖက်အမြင်ကို သေချာနားထောင်ပြီးမှ ဝေဖန်လေ့ရှိသူတစ်ယောက်ဖြစ်တယ်။ ဒီအလေ့အကျင့်ကြောင့်ပဲ လူတိုင်းနဲ့ ပေါင်းရသင်းရအဆင်ပြေလေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။

(၂) သလင်းကျောက်




Shutterstock/By SOMMAI

သင်အကြိုက်ဆုံးက သလင်းကျောက်ဆိုရင်တော့ သင်ဟာအကောင်းမြင်စိတ်ရှိသူတစ်ယောက်ဖြစ်တယ်။ တီထွင်ဆန်းသစ်တဲ့အမြင်ရှိသူတစ်ယောက်ဖြစ်ပြီးအမြဲတက်ကြွနေလေ့ရှိသူတစ်ယောက်လည်း ဖြစ်တယ်။ ဟိုစပ်စပ် ဒီစပ်စပ် စိတ်ဝင်စားတတ်သူလည်းဖြစ်ပြီး တကယ်လည်း ကိစ္စတော်တော်များများမှာ မကျွမ်းကျင်ပေမယ့် န့ှံစပ်သူတစ်ယောက်ဖြစ်ပါတယ်။ ဟာသဉာဏ်ရှိသူတစ်ယောက်ဖြစ်လို့ ရောက်လေရာမှာအပေါင်းအသင်းမရှားသူတစ်ယောက်လည်း ဖြစ်ပါတယ်။

(၃) နီလာ




Shutterstock/By STUDIO492

သင်အကြိုက်ဆုံးရတနာက နီလာ ဆိုရင်တော့ သင်ဟာအေးချမ်းတည်ငြိမ်တဲ့ စိတ်ထားပိုင်ရှင်တစ်ယောက်ဖြစ်တယ်လို့ ညွှန်ပြနေပါတယ်။ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်၊အရပ်ကို သဘောကျနှစ်ခြိုက်လေ့ရှိတယ်။အတိတ်တွေ၊အနာဂတ်တွေထက် လက်ရှိ ပစ္စုပ္ပန်ကာလမှာပဲ ပျော်ရွှင်အောင် နေတတ်သူတစ်ယောက်လည်း ဖြစ်တယ်။ IQ ထက် EQ ပိုအားသာသူတစ်ယောက်ဖြစ်ပြီး များသောအားဖြင့် လုံ့လဝီရိယကောင်းသူတွေ ဖြစ်ကြပါတယ်။

(၄) ပတ္တမြား




Shutterstock/By STUDIO492

သင်အကြိုက်ဆုံးရတနာက ပတ္တမြား ဆိုရင်တော့ သင်ဟာအမြဲ ရည်မှန်းချက်တွေနဲ့ ပြည့်နှက်နေပြီး ဘဝကိုအဓိပ္ပါယ်ရှိရှိ ဖြတ်သန်းနေသူတစ်ယောက်လို့ ဖော်ပြနေပါတယ်။ သင့်စိတ်ထဲ နှလုံးသားထဲက ဘာကိုလိုချင်လဲဆိုတာ ရှင်းရှင်းလင်းလင်း သိလေ့ရှိပြီး သင့်ရဲ့ဘဝရည်မှန်းချက်ဆိုတာတွေကလည်း ကိုယ်တိုင်ထက် သူတစ်ပါးအကျိုးကို ရည်စူးတာပိုများပါတယ်။ ဥစ္စာဓနကြွယ်ဝမှုထက် ချစ်ခြင်းမေတ္တာပေါများမှုကို ပိုလိုလားသူလည်း ဖြစ်တယ်။

(၅) စိန်ပြာ




Shutterstock/By SPbPhoto

သင်ဟာ နူးညံ့သိမ်မွေ့ပြီး ဂရုစိုက်တတ်တဲ့ စိတ်နေစိတ်ထား ရှိသူတစ်ယောက်ဖြစ်ပါလိမ့်မယ်။ တစ်ပါးသူအပေါ်အလွန်စာနာတတ်၊နားလည်ပေးတတ်တဲ့ စိတ်ထားပိုင်ရှင်လည်း ဖြစ်တယ်။ သူတစ်ပါးရဲ့ ခံစားချက်တွေကို နားလည်ပေးတတ်လွန်းပြီး သူတို့အတွက် စွန့်လွှတ်ပေးကမ်းဖို့လည်း လက်မတွန့်တတ်သူတစ်ယောက်ဖြစ်ပါတယ်။ သင့်လိုလူတွေဟာ ရာထူးအာဏာတွေ မက်တတ်လေ့မရှိပေမယ့်လည်း တချို့ကဏ္ဍတွေမှာတော့ သင်တို့လို လူကောင်းတွေဟာ ခေါင်းဆောင်နေရာမှာ ရှိဖို့အရမ်းကို လိုအပ်နေတာဖြစ်ပါတယ်။

(၆) စိန်




Shutterstock/By Manutsawee Buapet

သင်က စိတ်ဓာတ်ခွန်အားကြီးမားသူတစ်ယောက်ဖြစ်တယ်။ စိတ်ဓာတ် ပြတ်သားပြီး မိမိကိုယ်ကို ယုံကြည်မှုလည်း မြင့်မားသူတစ်ယောက်ဖြစ်တယ်။ သစ္စာတရားလည်း ကြီးမားပြီး သင့်ဘဝရဲ့အရေးပါတဲ့လူတွေအတွက်ဆို ဘာမဆိုလုပ်ပေးနိုင်သူဖြစ်ပါတယ်။ ရိုးသာမှုကို မြတ်နိုးပြီး ကိုယ့်ရဲ့ချစ်ခင်ရသူတွေကိုအမြဲအကာအကွယ်ပေးလိုသူလည်း ဖြစ်ပါတယ်။ သင့်ရဲ့အားသာချက်ကအရာရာကို စံနစ်တကျ တွေးတောစဉ်းစားတတ်ပြီး ဘက်ပေါင်းစုံ ထောင့်ပေါင်းစုံကအမြဲ ချဉ်းကပ်စဉ်းစားလေ့ရှိခြင်းပါပဲ။ ဒီအချက်ကြောင့်ပဲ သင့်ကို ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာစေပါတယ်။

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..