သင့်ရဲ့အတွေးတွေကနေတဆင့် သင့်ရဲ့ သရုပ်မှန်ကို ဖော်ထုတ်ပေးမယ့် စမ်းသပ်ချက်တစ်ခု
lotaya.mpt.com.mm
|
2019-08-24

By Ase/Shutterstock

ဒီတစ်ခေါက်မှာတော့ သင်ကိုယ်တောင် သိပ်သတိထားမိဦးမှာမဟုတ်တဲ့ သင့်ရဲ့အတွင်းစိတ်ထဲက သရုပ်မှန်ကို သင်ရွေးချယ်လိုက်တဲ့အဖြေပေါ်လိုက်ပြီး ခန့်မှန်းပေးသွားမှာမလို့အောက်က မေးခွန်းလေးတွေတစ်ခုချင်းဆီဖြေပြီး စမ်းစစ်ကြည့်လိုက်ပါစို့လား။အနီးစပ်ဆုံးရှိတဲ့အဖြေရဖို့ဆိုရင်တော့ ရွေးချယ်စရာအဖြေတွေ ပေးထာားတဲ့အခါ ကိုယ်စိတ်ထဲအရင်ဆုံးပေါ်လာတဲ့အဖြေတစ်ခုကိုပဲအတည်ယူပေးဖို့ လိုပါလိမ့်မယ်နော်။




Protasov AN/Shutterstock

မေးခွန်း (၁) သင်ဟာ နန်းတော်ကြီးတစ်ခုရဲ့ရှေ့မှောက်ကို ရောက်နေပြီလို့ စိတ်ကူးယဉ်ကြည့်လိုက်ပါ။အရင်ဆုံးသင်မြင်မိမှာကတော့အဝင်တံခါးမကြီးပေါ့။ သင့်စိတ်ကူးထဲက တံခါးမကြီးဟာ ဘယ်လိုပုံသဏ္ဍာန်ရှိမယ်လို့ မြင်မိပါသလဲ။

(၁) ရိုးရိုးတံခါး

(၂) သစ်နွယ်ပင်တွေနဲ့ရောယှက်ပြီး တံခါးမကြီးဆိုတာ သေချာကြည့်မှသိနိုင်တာမျိုး

(၃) ဧရာမသစ်သားတံခါးကြီးမှာမှ ရုပ်ရှင်တွေထဲက တွေ့ဖူးသလိုပဲသံချောင်းတွေဘာတွေနဲ့ သေချာခိုင်ခံအောင်ရိုက်ထားတဲ့ပုံစံမျိုး




Vladimir Mulder/Shutterstock

မေးခွန်း (၂) သင်ရွေးချယ်ထားတဲ့တံခါးမကြီးကို ဖွင့်ပြီး နန်းတော်ထဲကို သင်ဝင်လိုက်ပါပြီ။အရင်ဆုံးသတိထားမိတာကတော့ လူသူမပြောနဲ့ ခွေးတစ်ကောင်၊ ကြောင်တမြီးမှမရှိတာကိုပါပဲ။ နန်းတော်ထဲကို ဝင်လိုက်တာနဲ့အရင်ဆုံး ဘယ်မြင်ကွင်းကိုအရင်ဆုံးမြင်ရမယ်ထင်လဲ။

(၁) မျက်စိတစ်ဆုံးစာအုပ်တွေနဲ့ပြည့်နေတဲ့ ဧရာမစာကြည့်တိုက်ကြီး

(၂) မီးတွေလောင်မြိုက်နေတဲ့ မီးလင်းဖိုကြီး

(၃) မီးဆိုင်းကြီးတွေအစီအရီနဲ့ ခမ်းနားလှတဲ့ကပွဲခမ်းမကြီး

(၄) မှောင်မည်းနေခဲ့ခန်းမအရှည်ကြီးနဲ့ နံရံတစ်ဖက်တစ်ချက်ဆီမှာ ပိတ်ထားတဲ့အခန်းတွေအများကြီး




Spirins/Shutterstock

မေးခွန်း (၃) ဘေးဘီကြည့်လိုက်တဲ့အခါအပေါ်ထပ်ကိုလမ်းဖောက်ထားတဲ့ လှေခါးတစ်ခုကို သင်တွေ့လိုက်ရပါတယ်။အဲဒီလှေခါးကနေတစ်ဆင့်အပေါ်ကို တက်ရမှာပါ။ လှေခါးရဲ့ပုံစံက..

(၁)အကြီးကြီးတော့အကြီးကြီးပဲ ဒါပေမဲ့ ရှည်လျားလွန်းလို့လှေခါးဆုံးရင် ဘယ်ရောက်မယ်၊ ဘာရှိမယ်ဆိုတာ မြင်မနေရဘူး

(၂) ခမ်းနားလှပြီးအထက်တန်းဆန်လှတဲ့အပြင်အဆင်တွေနဲ့ လှေခါးကြီး




Silvie Vondrejcova/Shutterstock

မေးခွန်း (၄) လှေခါးဆုံးသွားတဲ့အခါအခန်းကျဉ်းလေးတစ်ခုထဲကို သင်ရောက်သွားပါလိမ့်မယ်။ ဒီအခန်းကျဉ်းလေးထဲ ထင်ထင်ရှားရှားရှိနေတာဆိုလို့ ပြူတင်းပေါက်တစ်ပေါက်ပါ။ သင့်စိတ်ကူးထဲမှာရောအဲဒီပြူတင်းပေါက်ကို ဘယ်လိုပုံစံဖော်မိသလဲ။

(၁) ပုံမှန်အရွယ်အစားပါပဲ

(၂) သေးသေးလေး

(၃) ပြူတင်းပေါက်ကြီးက ကြီးလွန်းလို့အခန်းနံရံတစ်ခုလုံးစာကြီးရှိနေပါတယ်


Lora liu /Shutterstock

မေးခွန်း (၅)အဲဒီပြူတင်းပေါက်ကနေအပြင်ကိုကြည့်လိုက်တဲ့အခါ..

(၁) ကျောက်ဆောင်ကြီးတွေကို ခပ်ပြင်းပြင်းရိုက်ခတ်နေတဲ့ လှိုင်းလုံးကြီးနဲ့ ပင်လယ်ပြင်ကြီး

(၂) နှင်းတွေဝေနေတဲ့တောအုပ်

(၃) စိမ်းစိမ်းစိုစိုနဲ့တောင်ကြားတစ်နေရာ

(၄) စည်ကားလှတဲ့မြို့သေးသေးလေး




Grafvision/Shutterstock

မေးခွန်း (၆) သင်အောက်ထပ်ကို ပြန်ဆင်းလာခဲ့ပါပြီ။အောက်ထပ်ရောက်သွားတဲ့အခါ တံခါးမကြီးမဟုတ်ဘဲ ဟိုးဘက်စွန်းမှာ တံခါးလေးတစ်ချပ်ရှိနေတာကို သတိထားမိလိုက်ပါတယ်။ တံခါးလေးကိုဖွင့်ပြီး ထွက်လိုက်တဲ့အခါ သင်ရောက်သွားတဲ့နေရာက..

(၁) နွယ်ပင်လေးတွေ၊ ပေါင်းပင်လေးတွေနဲ့ ပြည့်နှက်ပြီး မြက်ခင်းပြင်စိမ်းစိမ်းစိုစို၊ သစ်ကျိုးသစ်ပဲ့လေးတွေရှိနေတဲ့ သဘာဝဥယျာဉ်လေး

(၂) သေသေချာချာထိန်းသိမ်းထားပြီး ရောင်စုံပန်းလေးတွေဝေဆာနေတဲ့ ပန်းခြံလေး

(၃) တောအုပ်အရိုင်းလေး၊အသစ်ပင်လေးတွေ ပန်းပင်တွေနဲ့ ပေါင်းပင်ရိုင်းတွေပေါက်နေပေမယ့်လို့ သေချာထိန်းသိမ်းပြုပြင်လိုက်ရင် သိပ်လှသွားမယ့်အနေအထားမျိုး







ကဲ…ရလဒ်လေးတွေစစ်ကြည့်ရအောင်..

….

….

….

မေးခွန်း (၁) တံခါးဟာ သင့်ကြုံတွေ့ရမယ့်အရာတွေအပေါ် ဘယ်လိုစိတ်ထားတတ်သလဲဆိုတာနဲ့ သက်ဆိုင်ပါတယ်။ (၁) ရိုးရိုးတံခါးကိုရွေးခဲ့မယ်ဆိုရင်တော့ သင်ဟာ စိန်ခေါ်မှုအသစ်တွေကြုံလာတဲ့အခါတိုင်း မကြောက်မရွံ့ရင်ဆိုင်မယ့်သူဖြစ်ပြီးအခွင့်အလမ်းအသစ်တွေကြုံလာတဲ့အခါတိုင်း နှစ်ခါပြန်မစဉ်းစားမယ့်သူမျိုးပါ။ (၂) တံခါးကိုရွေးခဲ့မယ်ဆိုရင်တော့ သင်ဟာအနာဂတ်အတွက် ဘာလုပ်လို့လုပ်ရမှန်းတောင်မသိတဲ့အနေအထားဖြစ်နေပါတယ်တဲ့။ နံပါတ် (၃) တံခါးကတော့ သင့်အနေနဲ့ ဘဝတိုးတက်ရာတိုးတက်ကြောင်းကိစ္စရပ်တွေလုပ်ဖို့အတွက် comfort zone ထဲကနေ မထွက်ရဲဖြစ်နေပါတယ်။

မေးခွန်း (၂) နန်းတော်ထဲစစရောက်ချင်း တွေ့လိုက်ရတဲ့မြင်ကွင်းကတော့ သင့်ကိုတခြားလူတွေဘယ်လိုမြင်မလဲဆိုတဲ့အရာကို ဖော်ပြနေပါတယ်။ (၁) စာကြည့်တိုက်ဆိုရင်တော့ သင်ဟာ သူတို့ရဲ့အတိုင်ပင်ခံပညာရှိတစ်ဦးလိုပါပဲတဲ့။ လိုတိုင်းကူညီတယ်၊ သူတို့အခက်အခဲတွေ့တိုင်း ကူညီဖြေရှင်းပေးသူကြီးပေါ့။ (၂) မီးလင်းဖိုကြီးကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ တစ်ပါးသူတွေကို သင်ကနွေးထွေးမှုပေးနိုင်တဲ့လေးလို့ မြင်နေကြပါတယ်။ (၃) ကပွဲခန်းမကြီးဆိုရင်တော့အများအနေနဲ့ သင့်ဆီလာတာဟာ ခံစားချက်အစစ်အမှန်တွေနဲ့မဟုတ်ဘဲ သင့်ဆီကနေတစ်ခုခုရယူလိုချင်တဲ့ စိတ်ကြောင့်ပါတဲ့။ (၄) ကတော့ လူတွေဟာ သင့်ကိုနားလည်ရခက်တဲ့လူစားမျိုးလို့ ထင်မြင်နေကြပါတယ်။

မေးခွန်း (၃) လှေခါးကိစ္စမှာတော့ ပထမလှေခါးကိုရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာဘဝကြီးမှာနေရတာ ပျော်မနေဘဲ ဒုတိယလှေခါးကိုရွေးချယ်တဲ့သူတွေကတော့ ဘဝကြီးဟာသိပ်ကိုနူးညံ့ပြီး စိတ်ကူးယဉ်ဆန်တယ်လို့ ခံယူထားကြပါတယ်။

မေးခွန်း (၄) ပြူတင်းပေါက်ကတော့ လက်ရှိသင့်ရဲ့ခံစားချက်ကို ကိုယ်စားပြုနေပါတယ်။ (၁) ကိုရွေးထားတယ်ဆိုရင်တော့ သင်ဟာ စိတ်ဓာတ်တွေကျနေတယ်၊ ဘဝကြီးဟာ ကျဉ်းထဲကြပ်ထဲ ကျနေတယ်လို့ ခံစားနေရပါတယ်။ (၂) ပြူတင်းပေါက်ကတော့ ပုံမှန်ပဲ ဘဝကြီးကို ဖြတ်သန်းနေပေမယ့် မသိစိတ်ထဲမှာတော့အခုထက်ပိုပြီး တိုးတက်ဖို့ကို လောဘကြီးနေတာပါ၊ စိတ်မပူပါနဲ့ သင့်ရဲ့အနာဂတ်ဟာ ရှင်းရှင်းလင်းလင်းရှိနေတာမလို့ လိုရာပန်းတိုင်ကိုအနည်းငယ်အားစိုက်တာနဲ့ လျှောက်လှမ်းနိုင်ပါလိမ့်မယ်။ (၃) ပြူတင်းပေါက်အကြီးကြီးကတော့အခုအချိန်မှာ ဘာမဆိုဆို ထလုပ်လိုက်တိုင်းအောင်မြင်မှာပဲဆိုပြီး စိတ်ကြီးဝင်နေပါသတဲ့။

မေးခွန်း (၅) ပြူတင်းပေါက်အပြင်ဖက်က ရှုခင်းအကြောင်းကတော့ သင့်ရဲ့ တစ်ဘဝလုံးစာကို ထင်ဟပ်ပြနေမယ့် ရလဒ်တွေကို ထုတ်ပေးမှာပါ။ (၁) လှိုင်းထန်နေတဲ့ ရေပြင်ကြီးကတော့ သင့်ဘဝဟာ တော်ရုံလူမကြုံနိုင်တဲ့ ခက်အခဲတွေကို ရင်ဆိုင်နေရပေမယ့်အမြဲတမ်းအားတင်းကာ ကြံ့ကြံ့ခံနေသလို (၂) ဆီးနှင်းဖုံးနေတဲ့တောအုပ်ကတော့ သင်ဟာ ဘဝထဲဘယ်သူ့ကိုမှအဝင်မခံဘူး၊ တစ်ယောက်ထဲပဲ သီးသန့်နေတတ်ကာအထီးကျန်နေမယ့်လူမျိုးပါ။ (၃) စိမ်းစိုနေလှတဲ့ တောင်ကြားရှုခင်းလေးကို ရွေးချယ်လိုက်မယ်ဆိုရင်တော့ သင့်ဘဝဟာ ငြိမ့်ငြိမ့်ညောင်းညောင်းလေးနနဲ့ တည်တည်ငြိမ်ငြိမ်ရှိပြီး စိတ်ဓာတ်ကျတာတွေ၊ ပင်ပမ်းမှုတွေပေါ်လာလည်းပဲ ခဏလေးအတွင်းမှာ ကွယ်ပျောက်သွားလေ့ရှိမှာပါတဲ့။ (၄) ဖြစ်တဲ့ စည်စည်ကားကားမြို့သေးသေးလေးကတော့ သင့်ဘဝမှာလည်းအသိမိတ်ဆွေတွေအများကြီးနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ဖြတ်သန်းရမယ်လို့ ပြောနေပါတယ်။

မေးခွန်း (၆) ဒုတိယတံခါးချပ်လေးထဲ ဝင်သွားလိုက်တဲ့အခါ ရောက်သွားတဲ့နေရာလေးကကတော့အနာဂတ်အကြောင်း သင့်စိတ်ထဲဘယ်လိုခံယူစိတ်ကူးထားသလဲဆိုတာပါပဲ။ (၁) သပ်သပ်ရပ်ရပ်ပန်းခြံလေးဆိုရင်တော့ သင့်ရဲ့အနာဂတ်ဟာ ဘာမှပြောစရာမလိုတော့အောင် သာယာဖြောင့်ဖြူးလိမ့်မယ်လို့ စိတ်ထဲမှာယုံကြည်နေပြီး (၂) ကတော့အနာဂတ်ဘဝသာယာလှပဖို့အတွက် ဘယ်လို ပုံဖော်ရမယ်ဆိုတာကို ဇဝေဇဝါနဲ့ စိုးရိမ်ပူပန်နေပါတယ်တဲ့။ (၃) ကတော့ သင့်အနာဂတ်အတွက် ဘာလုပ်လို့လုပ်ရမှန်းမသိဘဲနဲ့ တော်တော်လေးကို ဆိုးရွားစွာလမ်းပျောက်နေသူတစ်ယောက်ပါ။

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..