အချစ်ရေးစမ်းသပ်ချက် : သင် တစ်သက်လုံး စင်ဂယ်ဖြစ်နိုင်ခြေ ရှိ၊မရှိ ဖော်ထုတ်ပေးမယ်
lotaya.mpt.com.mm
|
2019-08-25



Pexels/Pixabay

ကဲ…မေးခွန်းက ၁၀ ခု၊ တစ်ခုကို စဉ်းစားချိန် ၇ စက္ကန့်လောက်ပဲ ယူပါနော်။အဖြေတစ်ခုစီအတွက်အမှတ်လေးတွေ ရှိပါတယ်။ မေးခွန်းအားလုံး ဖြေပြီးတဲ့အခါ ရတဲ့အမှတ်တွေကို ပေါင်းလိုက်ပါ။ ကဲ.. သင် ဒီဘဝ စင်ဂယ်အဖြစ်နဲ့အဆုံးသတ် မသတ် ?


မေးခွန်း (၁) ပိတ်ရက်တွေမှာ လုပ်လေ့ရှိတာ ?




Pexels/Leah Kelley

(a) သူငယ်ချင်းတွေနဲ့ တွေ့တယ် (၃၀ မှတ်)

(b) ရုပ်ရှင်တွေ ထိုင်ကြည့်တယ် (၁၀ မှတ်)

(c) ရည်းစားနဲ့ချိန်းတွေ့တယ် (၄၀ မှတ်)

(d)အွန်လိုင်းပေါ်မှာ ချက်တယ် (၂၀ မှတ်)


မေးခွန်း (၂) တစ်ယောက်ယောက်က သင့်ကို သဘောကျသလို လာပြောရင် ဘယ်လိုတုံ့ပြန်လဲ




Pexels/Pixabay

(a) ခပ်တန်းတန်း ပုံမှန်ပဲ (၃၀ မှတ်)

(b) ဘာလုပ်လို့ လုပ်ရမှန်း မသိတဲ့ပုံ ဖြစ်သွားတယ် (၁၀ မှတ်)

(c) ကိုယ်လည်း ပြန်ပြီးအီတယ် (၄၀ မှတ်)

(d) ကျေနပ်ပီတိဖြာတယ် (၂၀ မှတ်)


မေးခွန်း (၃) သင့်မှာ ချစ်သူရှိလား။




Pexels/Snapwire

(a) နည်းနည်းတော့ ထားခဲ့ဖူးတယ် (၂၀ မှတ်)

(b)အများကြီးရှိတယ် (၄၀ မှတ်)

(c) တစ်ယောက်ရှိတယ် (၃၀ မှတ်)

(d) မရှိဘူး (၁၀ မှတ်)


မေးခွန်း (၄) သင်လိုချင်တဲ့အနာဂတ် ပုံစံက ?




Pexels/rawpixel.com

(a) သူငယ်ချင်းတွေနဲ့ ပျော်ပါးသောက်စား (၄၀ မှတ်)

(b) ပျော်ရွှင်တဲ့ မိသားစုဘဝ (၃၀ မှတ်)

(c)အောင်မြင်တဲ့ လုပ်ငန်းရှင် (၁၀ မှတ်)

(d) ကမ္ဘာပတ်ချင်တယ် (၂၀ မှတ်)


မေးခွန်း (၅) ရုပ်ရည်သွင်ပြင်က သင့်အတွက်အရေးကြီးလား




Pexels/Văn Thắng

(a) နိုး.. စိတ်ကောင်းရှိဖို့ပဲအရေးကြီး (၃၀ မှတ်)

(b) မပြောတတ်ပါ (၁၀ မှတ်)

(c)အရေးကြီးတာပေါ့ (၄၀ မှတ်)

(d) တွေးခေါ်တတ်ဖို့ပဲအရေးကြီး (၂၀ မှတ်)


မေးခွန်း (၆) မြင်မြင်ချင်းအချစ်ကို ယုံလား




Pexels/Dalila Dalprat

(a) ယုံတယ် (၃၀ မှတ်)

(b) ရှိတတ်ပါတယ် (၂၀ မှတ်)

(c) မယုံဘူး (၁၀ မှတ်)

(d) ခဏခဏကို ဖြစ်တာ (၄၀ မှတ်)


မေးခွန်း (၇) ကလေးချစ်တတ်လား




Pexels/J carter

(a) မချစ်ဘူး စိတ်အနှောင့်အယှက်ဖြစ်လို့ (၂၀ မှတ်)

(b) လုံးဝမချစ်တတ်ဘူး (၄၀ မှတ်)

(c) ချစ်ပါတယ် တာဝန်တော့ကြီးမယ် (၁၀ မှတ်)

(d)အရမ်းချစ်တတ်တယ် (၃၀ မှတ်)

….

….

ကဲ…အမှတ်တွေအားလုံး ပေါင်းနိုင်ပါပြီ။ ပြီးရင် ကိုယ့်ရဲ့ ရမှတ်အလိုက်အောက်မှာ ကိုယ့်အတွက်အဖြေကို ရှာကြည့်လိုက်တော့နော်။ ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်။

….

….

….


ရမှတ် = ၇၀ ကနေ ၁၁၀ ဆိုရင်




Pexels/Gratisography

စင်ဂယ်တစ်သက်လုံး ဖြစ်နိုင်ချေရှိနေပါတယ်။ ဘဝမှာအချစ်ဆိုတာ ရှိသင့်တယ်လေ။ သိပ်ပြီး မအေးစက်ပါနဲ့။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး စွန့်စားမှုတွေကို လက်ခံလိုက်ပါ။အချစ်ဆိုတာ တွေ့လာမှာပါ။


ရမှတ် = ၁၂၀ ကနေ ၁၇၀ ဆိုရင်




Pexels/Andre Furtado

သင်ဟာ သင့်ကိုယ်သင် သိပ်ချစ်ပါတယ်။ လွတ်လပ်ရတာကြိုက်ပြီး ရည်းစားမရှိလည်း ပျော်အောင် နေတတ်သူဖြစ်တဲ့အတွက် စင်ဂယ်ဖြစ်ခဲ့ရင်တောင် သင်ဟာ ပျော်ရွှင်ရမှာပါ။


ရမှတ် = ၁၈၀ ကနေ ၂၄၀ ဆိုရင်




Pexels/rawpixel.com

သင်က ဘယ်လိုလုပ် စင်ဂယ်ဖြစ်နိုင်ပါ့မလဲ။အချစ်ကိုလည်း ယုံကြည်တဲ့ သင်ဟာ ပျော်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်လာရမှာပါ။


ရမှတ် = ၂၄၀အထက်ဆိုရင်တော့




Pexels/Gabriel Crişan

သင်ဟာ တစ်ယောက်တည်း ဘယ်လိုမှ မနေတတ်တဲ့ သူမျိုးပါ။အပြင်ထွက်ရတာ၊ ပျော်ပါးရတာ ကြိုက်ပြီး ချစ်ရတာကိုလည်း တစ်ယောက်တည်းနဲ့အားမရတတ်သူပါ။ တည်မြဲတဲ့ relationship တွေ မရတတ်ပါဘူး။

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..