သင့်ရဲ့ပုန်းကွယ်နေတဲ့ စိတ်ထားကို ငှက်မွှေးလေးတွေကနေအဖြေရှာကြမယ်။
lotaya.mpt.com.mm
|
2019-08-27

schankz , ang intaravichian , MsMaria , ILYA AKINSHIN , Sandra van der Steen / Shutterstock

ကျွန်တော်တို့တွေဟာ ငါဘယ်လိုလူလဲဆိုပြီး ကိုယ့်ဟာကိုယ်တွေးတောရတာထက် တခြားလူတစ်ယောက်ယောက်က မင်းကတော့ဘယ်လိုလူပါလို့ ပြောပြတာကို ပိုပြီးစိတ်ဝင်တစားနဲ့နားထောင်တတ်ကြပါတယ်။ ဒီတော့ တခြားလူတစ်ယောက်ကမဟုတ်ဘဲ ကိုယ်ရွေးချယ်လိုက်တဲ့ ငှက်မွှေးလေးတွေက သင့်အကြောင်း၊ သင်ဟာဘယ်လိုလူစားမျိုးပါဆိုပြီး ပြောပြပေးမယ်ဆိုရင်ရော? သင့်ဖက်ကလုပ်ပေးရမှာတစ်ခုကတော့ ပုံမှာပြထားတဲ့ ငှက်မွှေးလေး ၅ ခုထဲကမှ သင့်အမြင်အာရုံကို ပထမဆုံးဖမ်းစားနိုင်တဲ့ ငှက်မွှေးလေး ၁ ခုကိုပဲ ရွေးချယ်ပြီးအောက်ကရလဒ်မှာ နံပါတ်လေးအတိုင်းအဖြေရှာပေးဖို့ပါပဲ။ ကဲ..အဆင်သင့်ဖြစ်ပြီဆို စလိုက်ကြရအောင်။


schankz / Shutterstock

(၁) စိတ်ကူးယဉ်တတ်တယ်

သင်ဟာ စိတ်ကူးယဉ်ဆန်တယ် တစ်ဖက်မှာလည်း စိတ်ဓာတ်ကြံ့ခိုင်တဲ့ ခံယူချက်မျိုးရှိနေတယ်။ စိတ်ကူးယဉ်ဆန်တယ်ဆိုတာ သင့်အနေနဲ့ ကိုယ်လုပ်သမျှ ရှေ့ရေးတို့ဘာတို့ကိုအရှေ့ကိုကြိုစဉ်းစားပြီး ဘယ်လိုလေးလုပ်ချင်တာ၊ ဘယ်လိုလေးဖြစ်ချင်တာ စသည်ဖြင့် စိတ်ကူယဉ်ကာအဲဒီစိတ်ကူးကို စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ ပုံဖော်နေသူတစ်ယောက်လို့ ဆိုလိုချင်တာပါ။ ဒီအတွက်လည်း သင့်အနေနဲ့တစ်ခါတစ်ရံ ဘဝမှာလျှောက်နေတဲ့လမ်းက ရည်ရွယ်ချက်ပျောက်ကင်းလာသလို ခံစားလိုက်ရတာနဲ့ စိတ်ဓာတ်တွေကျ၊ ဒေါသတွေထွက်၊ ကိုယ့်ကိုယ်ကိုယ်အားမလိုအားမရတွေလည်း ခဏခဏဖြစ်တတ်ပါသေးတယ်။ ဒါပေမဲ့ ခေါင်းထဲထည့်ထားရမှာက သင့်ကံကြမ္မာဟာ ဘဝမှာကိုယ်ရောက်ချင်တဲ့ ပန်းတိုင်မှန်သမျှအားစိုက်ထုတ်ကြိုးစားလိုက်တာနဲ့ မရဘူးဆိုတာ မဖြစ်နိုင်ဘူးဆိုတာပါပဲ။


ang intaravichian / Shutterstock

(၂) သင်ပုန်းကားချလွယ်တယ်

သင့်ရဲ့အကောင်းဆုံးသော ပါရမီကတော့အသစ်တွေကိုအမြဲတမ်းလက်ခံနေတတ်တာပါပဲ။ ပညာရပ်အသစ်တစ်ခုကို မြန်မြန်ဆန်ဆန်လွယ်လွယ်ကူကူနဲ့တတ်မြောက်နိုင်တယ်၊အတိတ်ကဖြစ်ရပ်တွေထဲ သင့်အနေနဲ့ မေ့သွားသင့်တဲ့အရာတွေ ရှိနေတယ်ဆိုရင်လည်း မေ့ပစ်ကာအသစ်ပြန်လည်စတင်နိုင်တယ်။ ဒါပေမဲ့ သင့်ရဲ့အဲဒီလိုအမြဲတမ်းပြောင်းလဲနေတတ်တဲ့အကျင့်ကြောင့်ပဲအချစ်ရေးမှာတော့ ထိခိုက်မှုတွေရှိနေနိုင်ပါတယ်။ ဥပမာ သူကငါဘာလုပ်လုပ် နောက်ကျရင်ခွင့်လွှတ်ပြီးမေ့သွားမှာပါဆိုကာအနိုင်ကျင့်တာမျိုးပေါ့။ ဒါပေမဲ့လည်း ဒါဟာ သင့်ကိုတကယ်ချစ်တဲ့သူမျိုးနဲ့မကြုံတွေ့သေးလို့ပါပဲ။


MsMaria / Shutterstock

(၃) ပရဟိတသမားလေး

တခြားငှက်မွှေးပိုင်ရှင်တွေကတော့ သူတို့ရဲ့ဘဝတိုးတက်ရာတိုးတက်ကြောင်းတွေ၊အရည်အချင်းတွေကိုပဲအာရုံစိုက်နေချိန်မှာ သင်ကတော့ဘဝကြီးကို ဟာမိုနီကျကျနေထိုင်နေပါတယ်။ တစ်ဖက်မှာလည်း တိုးတက်ရာတိုးတက်ကြောင်းအတွေက် ကြိုးစာနေချိန်၊ နောက်တစ်ဖက်မှာလည်း လူသားချင်းစာနာထောက်ထားစိတ်တို့၊ မေတ္တာတရား၊ ကိုယ်ချင်းစာတရားတို့ကို ရှေးရှုကာ လူတွေကို ကူညီပေးတဲ့အလုပ်မျိုး၊ ထောက်ပံ့ပေးတဲ့အလုပ်မျိုးတွေကို ကြုံရင်ကြုံသလို လုပ်ဆောင်ပေးနေသူလေးပါ။ ဒီလိုလုပ်မှလည်း စားဝင်အိပ်ပျော်တတ်သူလေးကိုး။ ဒါပေမဲ့ တစ်ခါတစ်ရံမှာအများအကျိုးချည်းဆောင်နေလို့ ကိုယ်လျှောက်မယ့်လမ်း ကိုယ့်ဟာကိုယ်လမ်းလွှဲမိသလို ဖြစ်သွားတာကိုလည်း ဂရုစိုက်ပေးပါနော်။


ILYA AKINSHIN / Shutterstock

(၄) ဖန်တီးမှုဉာဏ်ရှိတယ်

ဒီငှက်မွှေးလေးကိုရွေးချယ်လိုက်သူကတော့ ဖန်တီးမှုစွမ်းအားတွေအပြည့်နဲ့ ပါရမီပါလာသူလေးလို့ သတ်မှတ်ချင်ပါတယ်။အဓိကအားဖြင့်အနုပညာပိုင်းမှာပေ့ါ။ ပန်းချီဆွဲမယ်၊ စာရေးမယ်၊ ကဗျာတွေစပ်မယ်၊ သီချင်းတွေဖန်တီးမယ်။ ဒီလိုပုံစံနဲ့ပဲ ဘဝလေးကိုအေးအေးဆေးဆေး လျှောက်လှမ်းချင်နေသူလေးတွေပါ။ ဒါပေမဲ့လည်း ပတ်ဝန်းကျင်က ဝေဖန်မှုတွေကြောင့် တချို့ကတော့အနုပညာတွေကိုချည်း ဆက်လက်မဖန်တီးတော့ဘဲ တခြားအသက်မွေးဝမ်းကျောင်းတွေကိုပဲ ပြောင်းလုပ်နေသူတွေရှိသလိုအနုပညာကိုပဲရွေးချယ်ပြီး ဆက်လုပ်နေသူတွေကျပြန်တော့လည်း ရှေ့လျှောက်မဖြစ်ထွန်းမှာ စိုးရိမ်ပူပန်နေကြရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်အနုပညာက သင့်နှလုံးသားထဲမှာ ရှိပြီးသားမဟုတ်လား။


Sandra van der Steen / Shutterstock

(၅)အမှီအခိုကင်းတယ်

ကိုယ့်ပတ်ဝန်းကျင်မှာရှိနေတဲ့ သာမန်လူတွေနဲ့ ကိုယ်နဲ့ယှဉ်လိုက်မယ်ဆိုရင် ကိုယ်ကပဲထိုးထွက်ပြီးမတူညီနေဘူးလို့ ခံစားရပါလိမ့်မယ်။ မျှော်မှန်းထားတဲ့ပန်းတိုင်ကိုရောက်ဖို့အတွက် ဘယ်သူ့ကိုမှအားမကိုးတတ်ဘူး၊အကူအညီလိုရင်တောင်မှ ပြောရမှာမထွက်လို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ကြိတ်ကြိုးစားတတ်ကြပါတယ်။ ဒါကြောင့်လည်း တခြားသူတွေက သင့်ကို ပေါင်းသင်းဆက်ဆံရေးမကောင်းဘူး၊ ချေတယ်လို့ သတ်မှတ်ကြတာပေါ့။ ဒါကြောင့် တစ်ခါတစ်လေတော့ ဘဝရဲ့ကြုံလာသမျှ ပုစ္ဆာတွေကို တစ်ယောက်တည်းရင်ဆိုင်ဖြေရှင်းဖို့မကြိုးစားဘဲ သူငယ်ချင်းတွေကိုအကူအညီမတောင်းတောင် ဖွင့်ပြောပါ၊ လူအသစ်တွေနဲ့ကြုံလာတဲ့အခါတိုင်းလည်း ဖော်ဖော်ရွေရွေဆက်ဆံပေးြ်ကည့်ပါ။

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..