သင့်ရဲ့မကောင်းတဲ့အကျင့်ဆိုးလေးတွေကို ဇီးကွက်လေးတွေကတစ်ဆင့်အဖြေရှာကြည့်ပါ။
lotaya.mpt.com.mm
|
2019-08-29

penguin_house/Shutterstock

လူတိုင်းကိုယ်စီမှာ မကောင်းတဲ့အကျင့်ဆိုးလေးတွေတော့ ရှိစမြဲပါပဲ။အဲဒီအကျင့်ဆိုးကို ကိုယ်ကိုယ်တိုင် သိသလား၊ မသိဘူးလားဆိုတာပဲ ကွာခြားတတ်ကြတာပါ။ တချို့အကျင့်ဆိုးလေးတွေက ကိုယ်ကသာမသိတာ တခြားသူတစ်ယောက်ကတော့ ရိပ်မိနေတတ်ပေမယ့်လို့ ပြင်ဖို့ပြောရမှာအားနာတဲ့အခိုက်အတန့်တွေလည်း ရှိနေပြန်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ပြီးပြည့်စုံတဲ့လူတစ်ယောက်နီးနီးဖြစ်ဖို့အတွက် ဘယ်လိုအကျင့်ဆိုးလေးတွေကို ပြင်ဆင်သင့်တယ်ဆိုတာ ဇီးကွက်လေးတစ်ကောက်ကို ရွေးချယ်ပြီးအဖြေရှာကြည့်လိုက်ပါစို့လား။


penguin_house /Shutterstock

(၁)အရမ်းကိုပွင့်လင်းပြီး သွက်လက်ချက်ချာတဲ့ပုံစံမျိုးလေးဖြစ်တဲ့အပြင်အသစ်၊အသစ်တွေကို သင်ယူဖို့လည်းအမြဲတမ်းလိုလို စိတ်အားထက်သန်နေတတ်ပါတယ်။ မကောင်းတဲ့အချက်ကတော့ သူတစ်ပါးကိစ္စတွေကို မဆိုင်ဘဲ စိတ်ဝင်စားနေခြင်းပါပဲ။အကယ်၍ ဒီအကျင့်လေးသာဖျောက်လိုက်ပြီး ကုန်ဆုံးသွားမယ့်အချိန်တွေကို ကိုယ်ကျိုးစီးပွားအတွက်သာ ရင်းနှီးမြှုပ်နှံလိုက်မယ်ဆိုရင်တော့ ထက်မြက်သူတစ်ယောက်ဖြစ်လာလိမ့်မယ်ဆိုတာအသေအချာပါပဲနော်။


penguin_house /Shutterstock

(၂) သွေးတော်တော်အေးတာပဲ။ သူများတွေဘယ်လောက်ပဲ စိုးရိမ်ပူပန်နေနေ၊ သင့်အတွက်ကတော့ သာမန်သွေးအေးတယ်ဆိုတာထက်ကို ပိုတဲ့ သွေးအေးနည်းမျိုးနဲ့ ကိစ္စတစ်ခုကို ရင်ဆိုင်လေ့ရှိတတ်ပါတယ်။ သွေးအေးအေးနဲ့ ကိစ္စတစ်ခုကို ဖြေရှင်းတယ်ဆိုတာ ကောင်းတဲ့အချက်တစ်ခုဖြစ်ပေမယ့်လို့ တစ်ခါတစ်လေမှာအဲဒီသွေးအေးခြင်းကပဲ သင့်ဘဝအတွက် ကြိုးစားအားထုတ်ချင်စိတ်တွေ၊ လုံ့လတွေ၊ စိတ်အားထက်သန်မှုတွေကိုပါအေးခဲကာသေဆုံးသွားစေနိုင်ပြီး တိုးတက်သင့်တာမတိုးတက်တာ၊အချိန်ကြံ့ကြာနေတာမျိုးတွေရှိနိုင်တာမလို့ ဂရုစိုကဖို့ လိုအပ်ပါလိမ့်မယ်။


penguin_house /Shutterstock

(၃) ယုံကြည်မှုရှိရှိနဲ့ ဘဝကိုဖြတ်သန်းနေသူလေးပေါ့။ ဘယ်နေရာဆိုရင် ကိုယ့်အတွက်ပိုပြီး တိုးတက်နိုင်မယ်ဆိုတာအမြဲတစေရှာဖွေနေပေမယ့် တကယ်တမ်းစိတ်သာရှိတယ်၊ လက်တွေ့မှာ လိုက်မလုပ်ရဲပါဘူး။ ဘာကြောင့်လဲဆိုတော့အရာရာတိုင်းကို ရင့်ကျတ်စွာမစဉ်းစားဘဲ မလိုအပ်တဲ့သံယောဇဉ်တွေ၊ ဖက်တွယ်မှုတွေနဲ့ ပြောင်းလဲခြင်းဆိုင်ရာ လှိုင်းဒဏ်တွေကြမ်းမှာကို ကြောက်နေတတ်လို့ပါပဲ။ ပြောင်းလဲမှုလုပ်လိုက်တိုင်းမှာတော့အစပိုင်းမှာ နေသားမကျမှုတွေကစလို့ ပြောင်းလဲခြင်းတွေအများကြီးကြုံတွေ့တတ်ကြမှာပါပဲနော်။ ဘဝအတွက် သေချာပြန်စဉ်းစားကြည့်လိုက်ပါဦး။


penguin_house /Shutterstock

(၄) ကလေးဆန်တယ်ဆိုပေမယ့် သင့်ကို ပုံဖော်မယ့် ကလေးဆန်ခြင်းမျိုးဟာ ရိုးသားတယ်၊ ပွင့်လင်းတယ်၊အယုံလွယ်တယ်၊ ဘယ်သူ့ကိုမဆို မကောင်းမမြင်တတ်ဘူး သံသယမဖြစ်တတ်ဘူး။ ဒါဟာ လူသားတစ်ယောက်အနေနဲ့ သိပ်ကိုဇြူစင်တာမလို့ ကောင်းပေမယ့်လို့ တစ်ခါတစ်ရံမှာ လောကကြီးနဲ့လူတွေဟာ သင်ထင်သလောက် မရိုးသားကြပါဘူး။ သင့်ရဲ့ကလေးတစ်ယောက်လိုစိတ်ထားလေးကိုအခွင့်ကောင်းယူပြီးအမြတ်ထုတ်မယ့်သူတွေ၊အနိုင်ကျင့်မယ်သူတွေ၊ ချောက်တွန်းမယ့်သူတွေ၊ နင်းချေမယ့်သူတွေနဲ့ ကြုံတွေ့ရမှာပါပဲ။ ဒါဟာဓမ္မတာပါ။ ဒါကြောင့်တစ်ခါတစ်ရံမှာ ရင့်ကျတ်ပါ။ လူအကဲခတ်တတ်ပါစေ။အားမကိုးလွန်းပါနဲ့လို့ပဲအကြံပေးချင်ပါတော့တယ်။

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..