သင့်ရဲ့ဘဝနေထိုင်မှုပုံစံကို တပ်အပ်ပြောပြပေးသွားမယ့် မှော်ဆန်ဆန် Unicorn လေး (၃) ကောင်
lotaya.mpt.com.mm
|
2019-09-02

Digital Storm /Shutterstock, olbor62 /Shutterstock, Antracit/Shutterstock

Quiz လေးမစခင်မှာ Unicorn လို့ခေါ်တဲ့ ဒဏ္ဍာရီထဲက ဦးချိုပါတဲ့မြင်းလေးအကြောင်းအရင်ဆုံးအကြမ်းဖျဉ်းရှင်းပြပေးချင်ပါတယ်။ Unicorn ဟာအရှေ့တိုင်းနဲ့အနောက်တိုင်းယဉ်ကျေးမှုတွေတော်တေ်ာများများမှာ တွေ့ရလေ့ရှိတဲ့ ဒဏ္ဍာရီလာသတ္တဝါတစ်မျိုူးပါ။ ဒဏ္ဍာရီလာသတ္တဝါဖြစ်တာနဲ့အညီ unicorn တွေမှာ ထူးခြားတဲ့သဘာဝလွန်စွမ်းအားတွေ ပိုင်ဆိုင်ထားကြသတဲ့။အဲဒါတွေကတော့ ဘယ်လိုအနာရောဂါမျိုးမဆို ကုသနိုင်တဲ့ သွေးနဲ့မျက်ရည်တွေရယ်၊ ဘယ်လိုအဆိပ်မျိုးမဆိုဖြေနိုင်တဲ့ ဦးချိူတိုက်ပြီးရတာတဲ့အမှုန်တွေရယ်ပါပဲ။ ဟယ်ရီပေါ်တာဇာတ်လမ်းထဲမှာတောင် သူကိုင်တဲ့မှော်တုတ်တံထဲ unicornအမြီးထည့်ထားတယ်လို့ ဝတ္ထုထဲမှာပါပါတယ်။ ဒီလိုမှော်စွမ်းအားတွေ ပိုင်ဆိုင်ထားတဲ့ unicorn လေးတွေဟာ မြင်းရိုင်းတွေထက် ပိုဖမ်းရခက်ပေမယ့်လို့အပျိုစင်တွေရဲ့ချော့မြှူခြင်းကိုတော့ ဘယ် unicorn မှအံမတုနိုင်ကြပါဘူးတဲ့။

Unicorn လေးတွေဟာ လွတ်လပ်ခြင်း၊ စွမ်းအားကြီးခြင်း၊ လျှင်မြန်ခြင်း၊အကာအကွယ်နဲ့ ထင်ရှားခြင်းတို့ကို ကိုယ်စားပြုတဲ့အပြင် ရက်စက်တတ်ခြင်းဂုဏ်ဟာလည်းအကောင်းနဲ့အဆိုးဒွန်တွဲကာ ကိုယ်စားပြုနေပြန်ပါသေးတယ်။ ဒီလိုမျိုး စိတ်ဝင်စားစရာကောင်းလှတဲ့ ဒဏ္ဍာရီလာသတ္တဝါ unicorn ရဲ့ ရုပ်ပုံလေးကနေတစ်ဆင့် သင့်အကြောင်းပြောပြမယ်ဆိုရင်ရော?အောက်မှာပေးထားတဲ့ ပုံ ၃ ပုံထဲက ကိုယ့်ကို ကိုယ်စားပြုမယ့် ပုံ ၁ ပုံကိုရွေးချယ်ပြီး ကိုယ့်ရဲ့ဘဝနေထိုင်မှုပုံစံကို unicorn လေးတွေကို ပြောခွင့်ပြုလိုက်ပါ။


Antracit /Shutterstock

(၁) ပထမဆုံး unicorn လေးကို ရွေးချယ်လိုက်တ့သင်ဟာအလှအပတရားတွေကို ခံစားတတ်မယ်၊ ဂီတနဲ့ပတ်သက်ပြီး ခုံမင်မှုရှိကာ ဖက်ရှင်ဒီဇိုင်းပိုင်းမှာတော့အနည်းဆုံးနဲ့အရိုးဆုံးတို့ကိုသာ ရွေးချယ်လေ့ရှိတတ်မှာပါ။ ဘာကြောင့်လဲဆိုတော့ သင့်ရဲ့စိတ်ဝိဉာဉ်ကိုကအရွယ်နဲ့မလိုက်အောင် တည်ငြိမ်ရင့်ကျက်ခြင်းတွေ ပိုင်ဆိုင်ထားပြီမလို့ပါပဲ။ ဘဝမှာကြုံတွေ့လာတဲ့အမှုကိစ္စတွေပေါ်လိုက်ပြီး ကောင်းသောပြောင်းလဲခြင်းမျိုးတွေကိုလည်း တွန့်ဆုတ်ခြင်းမရှိဘဲ ပြောင်းလဲနိုင်ပေမယ့်လို့ တချို့သောခံယူချက်တွေကတော့ စိတ်ဝိဉာဉ်နဲ့တစ်သားတည်းဖြစ်နေတာမလို့ ပြောင်းလဲလို့မရနိုင်တာမျိုးတွေလည်း ရှိနေသေးပြန်ပါတယ်။ သင့်စိတ်နေစိတ်ထားကို ပြောရမယ်ဆိုရင်တော့အမြဲတမ်းသက်တောင့်သက်သာဖြစ်အောင် လုပ်ယူဖန်တီးနေထိုင်တတ်ပြီး ဘယ်လောက်ပဲ ရင့်ကျတ်တယ်ဆိုဆို ဟာသရွှင်တဲ့ဉာဏ်ပညာလေးလည်း ရှိနေပါတယ်တဲ့။


olbor62 /Shutterstock

(၂) ဒုတိယမြောက်ရုပ်ပုံကို ရွေးချယ်လိုက်ပြီဆိုရင်တော့ သင့်ကိုယ်သင်အစွဲအလန်းကြီးတဲ့သူတစ်ယောက်ဆိုတာ သတိရလိုက်ပါတော့။ မဖြစ်သင့်တဲ့အရာတွေကိုမှ စွဲလန်းစိတ်ဖြစ်မိလာခဲ့တဲ့အခါ သင့်အနေနဲ့ ဘယ်လောက်ပဲထိန်းချုပ်ထား ထိန်းချုပ်ထား စွဲလန်းခြင်းမီးတောက်လေးကတော့ ဘယ်တော့မှ ငြိမ်းသွားမှာမဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာ သင့်ဘဝကြီးဟာ ရုပ်ရှင်ဆန်တယ်လို့ တွေးမိကောင်းတွေးမိပါလိမ့်မယ်။ ကြုံတွေ့ရတဲ့အဖြစ်အပျက်တွေကလည်း တော်ရုံလူမှာမကြုံနိုင်တာမျိုးတွေဖြစ်နေတာကြောင့်လည်း ပါမှာပေါ့။ ဒါပေမယ့်လည်း ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းမှုတွေ ကြုံရကြုံရအကောင်းမြင်စိတ်လေးစတင်မွေးကြည့်လိုက်ပါ။


Digital Storm /Shutterstock

(၃) နောက်ဆုံး unicorn လေးကို ရွေးချယ်တယ်ဆိုရင်တော့ ဒါကအမြဲတမ်းအညွန့်တလူလူတက်နေတဲ့ သင့်ဘဝလေးကို ကိုယ်စားပြုနေပါတယ်။ သင့်မှာအကောင်းမြင်စိတ်ထားတွေ လျှံပယ်နေတတ်လို့ မိမိအပါအဝင် ပတ်ဝန်းကျင်ကလူတွေကိုလည်း ပျော်ရွှင်မှုတွေအများကြီးဖြစ်ပေါ်နေစေခဲ့ပါတယ်။ ဘဝလေးဟာအလုပ်နဲ့မိသားစု၊အပေါင်းအသင်းတွေကြား မျှမျှတတအချိန်ပေးနေတာကြောင့် သာယာဖို့ကောင်းနေတယ်လို့လည်း ဆိုနိုင်သလို သင်ဟာ ဘယ်လောက်ပဲအသက်ကြီးသွားကြီးသွား စိတ်နှလုံးထဲမှာတော့အမြဲတစေ နုပျိုမှုတွေရှိနေဦးမှာပါတဲ့။ ဒါပေမဲ့လည်း တစ်ခါတစ်ရံ သင့်အတွက် စိတ်ရောလူရောပင်ပမ်းနေချိန်တွေဆိုရင် ထောင့်လေးတစ်နေရာမှာ တိတ်တဆိတ်နဲ့ နားနားနေနေ နေနေတတ်ပြီး ကိုယ့်ရဲ့အရင်းနှီးဆုံးတွေကလွဲလို့ တခြားဘယ်သူနဲ့မှ စကားတောင်မပြောချင်တဲ့အချိန်မျိုးတွေ ရှိတတ်သေးတယ်မဟုတ်လား။

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..