သင့်ပေါင်းသင်းဆက်ဆံရေးနဲ့အချစ်ရေးအကြောင်းပြောပြမယ့် မေးခွန်းလေးများ
lotaya.mpt.com.mm
|
2019-09-07

Yuliya Chsherbakova /Shutterstock

အရင်လို ပုံပြင်ဇာတ်လမ်းသွားတွေနဲ့လိုက်ပြီး ကိုယ့်အကြောင်းကိုယ် ဖော်ထုတ်ရတာမျိုး၊ ပေးထားတဲ့ရုပ်ပုံတွေထဲက စိတ်ကိုအရင်ဆုံးဖမ်းစားနိုင်တဲ့ ရုပ်ပုံကိုရွေးချယ်တာမျိုးမဟုတ်ဘဲနဲ့ ဒီတစ်ခေါက်မှာတော့ မတူညီတဲ့မေးခွန်းအမျိုးအစား ၅ ခုကိုမှ ပေးထားတဲ့အဖြေထဲက စိတ်ကြိုက်အဖြေတစ်ခုကို ရွေးချယ်ပေးကာ မိမိအကြောင်းကိုမိမိ ဖော်ထုတ်ရမှာဖြစ်ပါတယ်။ ကဲ စလိုက်ကြရအောင်ပါနော်။


StudioByTheSea /Shutterstock

မေးခွန်း (၁) သင်ကလမ်းပေါ်မှာ လမ်းလျှောက်နေတယ်ဆိုပါစို့။ ဘာရယ်မဟုတ် လမ်းမှာတွေ့တဲ့အမှိုက်ပုံးကို ကန်လိုက်တဲ့အခါ ဘယ်လိုအနေအထားမျိုး ပုံဖော်မိသလဲ။

(က)အမှိုက်ပုံးကအလွတ်ကြီး

(ခ)အမှိုက်တွေပြန့်ကျဲကုန်ပြီ

(ဂ)အစားအသောက်တွေချည်းပွထကုန်တာ

(ဃ)အမှိုက်တော့အမှိုက်ပဲ ဒါပေမဲ့ သေသေချာချာအိတ်တွေနဲ့ထုပ်ထားတဲ့အမှိုက်ထုပ်တွေ


Cyrsiam /Shutterstock

မေးခွန်း (၂) တီဗီကြည့်နေရင်းအိပ်ချင်လို့အိပ်ခန်းထဲ ဝင်အိပ်ဖို့ပြင်တဲ့အခါအိပ်ယာပေါ်မှာ မြင်လိုက်ရတာက မြွေတစ်ကောင်ခွေနေတာကိုဆိုပါစို့။ သင်ဘာလုပ်မလဲ။

(က) ထွက်ပြေးမှာပဲ

(ခ) သိပ်တော့မကြောက်မိပေမယ့်အံ့သြကာ မြွေကိုဘယ်လိုလုပ်လို့လုပ်ရမှန်းမသိ

(ဂ) စစချင်းတော့အံ့သြမိပေမယ် မြွေကိုတစ်နည်းနည်းနဲ့ဖမ်းဖို့ လုပ်မိလိမ့်မယ်


Shubham Damodar Lokhande /Shutterstock

မေးခွန်း (၃) ပင်လယ်ကို မြင်နေရတဲ့အဝေးပြေးလမ်းမကြီးပေါ်မှာ သင်တစ်ယောက်တည်း ကားမောင်းလာတယ်။ တစ်ကွေ့မှာသိပ်ကိုလှတဲ့ရှုခင်းကြောင့် သင့်အနေနဲ့ ဘယ်လိုမှကျော်အသွားနိုင်တော့ဘဲ ပန်းချီဆွဲဖို့ကားရပ်ပြီး ပြင်ဆင်ခဲ့တယ်ဆိုပါစို့။ ကားလမ်းမနဲ့မလှမ်းမကမ်းမှာလည်းအုန်းပင်တစ်ပင်ရှိနေပြီးအဲဒီအုန်းပင်ကိုပါ ပန်းချီထဲ ထည့်ဆွဲတဲ့အခါ ဘယ်လိုဆွဲမိမှာလဲ။

(က)အပြင်ကထက် ပိုကြီးတဲ့ပုံစံမျိုးနဲ့(ခ) ရွယ်တူလောက်ပဲဆွဲမိမှာ (ဂ) ပိုသေးတဲ့အနေအထားနဲ့


itman__47 /Shutterstock

မေးခွန်း (၄) သင်အရမ်းကြိုက်ရတဲ့ ဒိုးနပ်ဆိုင်ကနေ ချောကလက်ဒိုးနပ်လေးကို ဝယ်လာတယ်ဆိုပါစို့။ ချောကလတ်အနှစ်တွေအထဲမှာအပြည့်ပါတဲ့ဒိုးနပ်လေးပေါ့။ ဒါပေမဲ့ တစ်ကိုကိုက်လိုက်တဲ့အချိန်မှာအရင်ကပါနေကျ ချောကလတ်အနှစ် ပါမလာခဲ့ဘူးဆိုရင် သင်ဘာလုုပ်မလဲ။

(က) ဆိုင်ကိုပြန်သွားမယ်၊အသစ်နောက်တစ်ခုနဲ့ပြန်လဲခိုင်းမယ်

(ခ) ဖြစ်တတ်ပါတယ်ဆိုပြီး ဒိုးနပ်မုန့်ကိုပဲ ကုန်အောင်စားလိုက်တော့မယ်

(ဂ) စိတ်တိုပြီးလွှင့်ပစ်လိုက်မယ်၊ တခြားမုန့်ပဲထပ်ဝယ်စားလိုုက်တော့မယ်

(ဃ) ကိုယ့်ဟာကိုယ်ပဲ တခြားတစ်ခုခုထပ်ဝယ်ပြီးကောင်းအောင်တွဲစားပစ်လိုက်တော့တယ်


Ewgenij Kolotuschenko /Shutterstock

မေးခွန်း (၅) သင့်ရှေ့မှာ ဥတစ်လုံးလုံးရှိတယ်ဆိုပါစို့။အဲဒီဥကို ဘယ်လိုဥဖြစ်စေချင်လဲ။

(က) မြွေဥ (ခ) လိပ်ဥ (၈) ဒိုင်နိုဆောဥ (ဃ) ကြက်ဥ

မေးခွန်း ၅ ခုလည်း မေးပြီးသွားပီဆိုရင်တော့ မေးခွန်းတစ်ခုချင်းစီတိုင်းအတွက် သင်စိတ်ကြိုက် ရွေးချယ်ထားတဲ့အဖြေလေးတွေကိုအောက်မှာတိုက်ကြည့်ရင်း ဘယ်လိုပုံစံမျိုးဖြစ်မလဲ ဖော်ထုတ်ကြည့်ပါစို့လား။

မေးခွန်း (၁) ကတော့ သင့်ဟာ သူတစ်ပါးနဲ့ပြောဆိုဆက်ဆံရာမှာ ဖုံးကွယ်ပြီးဆက်ဆံလေ့ရှိလားဆိုတာပါ။

(က) ပွင့်ပွင့်လင်းလင်းရိုးရိုးသားသားပဲ

(ခ) ပွင့်လင်းချင်ယောင်ဆောင်ထားပေမယ့် တကယ်တမ်းတော့အားနာလို့၊ မကောင်းတတ်လို့ ဖုံးကွယ်ထားတာမျိုး

(ဂ) သင့်ဘဝအကြောင်း လူပေးမသိချင်လို့အမြဲတမ်းသတိထားပြောဆိုဆက်ဆံနေရတယ်

(ဃ) တခြားလူတွေကို သင့်စိတ်ထဲဘာရှိနေတယ်ဆိုတာ သိပ်မပြောပြတတ်ဘူး

မေးခွန်း (၂) ကတော့အချစ်ရေးကိစ္စပါ။

(က) တစ်ယောက်ယောက်နဲ့အတည်တကျတွဲရမှာကိုကြောက်နေတယ်

(ခ) ကိုယ်ချစ်တဲ့လူနဲ့သာဆိုရင် ဘယ်ချိန်တွဲတွဲ၊ တွဲဖို့အဆင်ပြေပေမယ့် မချစ်တဲ့သူတွေကိုတော့ လှည့်တောင်မကြည့်ချင်တဲ့အနေအထားရောက်နေပါတယ်။

(ဂ) ဘယ်သူနဲ့မှမတွဲချင်ဘူးတဲ့။ ဒါပေမဲ့ သင့်စိတ်ထဲမှာ မြွေကိုသတ်ပစ်မယ်လို့ တွေးမိခဲ့မယ်ဆိုရင်တော့ သင်ဟာ ပိုင်ရှင်ရှိတဲ့တစ်ယောက်ယောက်ကိုအချစ်ကြီးချစ်မိနေပါပြီတဲ့။

မေးခွန်း (၃) ကတော့ သင့်ရည်းစားဟောင်းနဲ့ပတ်သက်လို့နေပါတယ်။

(က) ရည်းစားဟောင်းဆိုတာ ဘယ်လိုမှသတိတောင်မရတော့သလို စိတ်လည်းမဝင်စားတော့ပါဘူးတဲ့

(ခ) သူ့အပေါ်စိတ်မပြတ်နိုင်သေး၊ တစ်ဖက်မှာလည်း သူနဲ့တူတဲ့လူကိုလိုက်ရှာပြီး တွဲဖို့ကြိုးစားနေသူပါ

(ဂ) လုံးဝကိုမေ့မရနိုင်သေးဘဲ ခံစားနေရတုန်းပဲ

မေးခွန်း (၄) ကတော့ မထင်မှတ်ထားတဲ့အခြေအနေမျိုးတွေ ကြုံလာရတဲ့အခါ ဘယ်လိုတုန့်ပြန်မလဲဆိုတာပါ။

(က) နဂိုစိတ်ကိုက တည်ငြိမ်လွန်းလို့ ဘာမဆိုရင်ဆိုင်ဖို့အသင့်ဖြစ်နေသူပါ

(ခ) ပြဿနာဆို လှည့်ကိုမကြည့်တော့ပါဘူးတဲ့

(ဂ) မကြာခင်မှာပဲ သင်ဟာကောင်းကောင်းဖြေရှင်းနိုင်မယ့်အစွမ်းတွေရှိနေပါတယ်

(ဃ) တခြားလူတွေကိုပါ ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကို ယုံကြည်မှုရှိရှိချပြနိုင်သူမလို့ ဘယ်ပြဿနာမဆိုအဆင်ကိုပြေပြေနဲ့ပြီးသွားရော

မေးခွန်း (၅) ကတော့ ကလေးလေးရခဲ့မယ်ဆိုရင် သင့်မသိစိတ်ထဲ ဘယ်လိုကလေးမျိုး ဖြစ်စေချင်နေလဲဆိုတာပါ။

(က) ကတော့ ချမ်းသာကြွယ်ဝမယ်၊ ဉာဏ်ထက်မယ်

(ခ) ကတော့ ကျန်းမာရေးဒေါင်ဒေါင်မြည်ပြီးအသက်ရှည်အနာမဲ့မယ်တဲ့

(ဂ) ကတော့ တစ်မူထူခြားတဲ့စွမ်းရည်တွေနဲ့အရမ်းထူးချွန်မယ်

(ဃ) ကိုရွေးတဲ့သူတွေကတော့ ကလေးရလာတဲ့အခါ ကိုယ့်ကလေးလေးကို ဘဝရဲ့ပျော်ရွှင်မှုအစစ်အမှန်တွေကိုပဲ ခံစားစေချင်တာပါတဲ့။

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..