ဒီမေးခွန်း (၆)ခုမှာ တစ်ဝက်မှန်အောင်ဖြေနိုင်ရင် သင်ဟာ ဆရာကြီးပါ
lotaya.mpt.com.mm
|
2019-09-12

Shutterstock/ By Eugene Partyzan

ဉာဏ်စမ်းတွေ မမေးတာကြာပြီဖြစ်လို့ ဒီတစ်ခေါက်တော့အပျင်းပြေဉာဏ်စမ်းလေးတွေ ထပ်မေးကြည့်ပါဦးမယ်။ ထုံးစံအတိုင်းအပေါ်ပိုင်းမှာ နည်းနည်းလွယ်တာလေးတွေ မေးထားပြီး တဖြည်းဖြည်း ပိုခေါင်းစားသွားပါလိမ့်မယ်။အားလုံးကိုအစဉ်လိုက်အတိုင်း ဖြေသွားပြီးမှ နောက်ဆုံးမှာအဖြေတိုက်ကြည့်ပါနော်။

ကဲ…စမေးပါပြီ။

မေးခွန်း (၁)အောက်ပါကိန်းတန်းမှာ ဘယ်နံပါတ်ကို ထပ်ဆက်ရမလဲ။




(က) ၁၄ (ခ) ၁၁ (ဂ) ၁၀ (ဃ) ၁၃

မေးခွန်း (၂) လွန်ခဲ့တဲ့ (၃) ရက်မြောက်နေ့ဟာ တနင်္ဂနွေနေ့ဖြစ်ပါတယ်။ ဒါဆိုနောက် (၂) ရောက်မြောက်နေ့က ဘာနေ့များဖြစ်မလဲ။




Shutterstock/ By Iconic Bestiary

(က) သောကြာ (ခ) စနေ (ဂ) တနင်္ဂနွေ (ဃ) ကြာသပတေး

မေးခွန်း (၃)အောက်ပါ စကားလုံးတန်းမှာ ဘာထပ်ဆက်ရမလဲ။




A, B, Y, Z, C, D, ?

(က) W,X (ခ) 1,5 (ဂ) Q,R (ဃ) 23,24

မေးခွန်း (၄) ခွေး (၆) ကောင်နဲ့ ကြက် (၈) ကောင် စုစုပေါင်းရင် ခြေထောက်ဘယ်နှချောင်းရှိမလဲ။




Shutterstock/ By Moonborne

(က) ၃၂ (ခ) ၂၈ (ဂ) ၄၀ (ဃ) ၃၀

မေးခွန်း (၅) နီလာဟာအသက် (၁၂) နှစ်ဖြစ်ပြီး သူ့ညီမထက်အသက် ၃ဆ ပိုကြီးပါတယ်။ နီလာအသက်ဘယ်လောက်ရောက်မှ သူ့ညီမရဲ့အသက်ထက် ၂ဆပဲ ပိုကြီးတော့မလဲ။




Shutterstock/ By Tatyana Vyc

(က) ၁၄ နှစ် (ခ) ၁၆ နှစ် (ဂ) ၂၀ နှစ် (ဃ) ၂၄ နှစ်

မေးခွန်း (၆) ဆိုင်တစ်ဆိုင်ဟာ ပွဲတော်ရက်ရောက်တော့ သူ့ကုန်ပစ္စည်းတစ်မျိုးကို ၂၅% လျှော့ပြီး ရောင်းချပါတယ်။ ပွဲတော်ရက်ပြီးတော့ မူလဈေးအတိုင်း ပြန်ရောင်းချင်တဲ့အခါ စောနက လျှော့ထားတဲ့ဈေးကို ဘယ်နှရာခိုင်နှုန်း ထပ်ပေါင်းရမလဲ။




Shutterstock/ By Andrey_Popov

(က) ၂၅% (ခ) ၃၀% (ဂ) ၃၃% (ဃ) ၃၇%

အဖြေမှန်တွေကတော့….

၁။ (ဂ) ၁၀

၂။ (က) သောကြာ

၃။ (က) W,X

၄။ (ဂ) ၄၀

၅။ (ခ) ၁၆ နှစ်

၆။ (ဂ) ၃၃%

ကဲ…. ဘယ်နှမှတ်ရလဲ ကြွားခဲ့ပါဦး။

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..