
prostooleh/Freepik
ချစ်ရတဲ့သူနဲ့ သာယာပျော်ရွှင်တဲ့ဘဝလေး တည်ဆောက်ချင်ပါပြီ၊ နတ်သမီးပုံပြင်ထဲကလို ခမ်းနားတဲ့ရွှေရောင်မင်္ဂလာပွဲလေး မြန်မြန်ကျင်းပချင်ပါပြီဆိုသူလေးများအတွက် ကြိုတင်စိတ်ကူးယဉ်ရအောင်လို့ ဒီမေးခွန်းလေးတွေကို ပြင်ဆင်ပေးထားပါတယ်။ မေးခွန်းတစ်ခုချင်းဆီကို ဖြေပြီးသွားရင်တော့အဖြေလေးတွေ မှတ်ထားပေးဖို့တော့ လိုအပ်ပါတယ်နော်။ ကဲဒါဆို သင့်အသက် ဘယ်နနှစ်လောက်မှာ လူလွတ်ဘဝကလွတ်မြောက်မယ်ဆိုတာ ကြည့်လိုက်ကြပါစို့။
freepik/Freepik
မေးခွန်း (၁) သင့်အသက် ဘယ်နနှစ်ရှိပြီလဲ
(က) ၂၃ နှစ်အောက် (ခ) ၃၆ နှစ်အောက် (ဂ) ၃၆ နှစ်နဲ့အထက်
senivpetro/Freepik
မေးခွန်း (၂) ကိုယ့်လက်တွဲဖော်ရဲ့ ဆွဲဆောင်မှုအရှိဆုံးအရာကို ဘာဖြစ်စေချင်သလဲ?
(က) ရုပ်ရည် (ခ) ဉာဏ်ရည်မြင့်မားမှု (ဂ) ပညာပြည့်ဝပြီး ရင့်ကျက်တည်ငြိမ်မှု
yanalya/Freepik
မေးခွန်း (၃) ကိုယ်သဘောကျတဲ့လူတစ်ယောက်နဲ့အပြင်မှာတွေ့ပြီဆို ဘာစလုပ်လဲ?
(က) စကားမပြာရဲလို့အကြည်ပဲစိုက်တော့မယ် (ခ) သောက်စရာလေးဝယ်သွားပြီးစကားသွားပြောလိုက်မယ် (ဂ) မိတ်ဆက်ပြီး တစ်ခုခုအကြောင်း ဆွေးနွေးလိုက်မယ်
/Pixabay
မေးခွန်း (၄) ပထမဆုံး ဒိတ်လုပ်မယ့်နေရာဆိုရင် ဘယ်နေရာလေးဖြစ်စေချင်လဲ?
(က) ရုပ်ရှင်ရုံ (ခ) ရိုမန်းတစ်ဆန်တဲ့ ညစာစားပွဲလေး (ဂ) စကားပြောလို့ကောင်းမယ့် နေရာလေးတစ်ခုခုပေါ့
freepik /Freepik
မေးခွန်း (၅)အကယ်၍ ကိုယ်နဲ့ကိုယ့်လက်တွဲဖော်နဲ့ ရန်ဖြစ်ခဲ့မယ်ဆိုရင် သင်ဘယ်လိုလုပ်မှာလဲ?
(က) စိတ်ကောက်မပြေမချင်း လိုက်ချော့မယ် ဒါမှမဟုတ် လုံးဝစကားမပြောဘဲ စိတ်ကောက်လိုက်မယ် (ခ) သေချာဖြေရှင်းပြပြီးမှ နားလည်မှုရယူကြမယ် (ဂ) တစ်ယောက်နဲ့တစ်ယောက်အချိန်ခဏပေးပြီး နားလည်မှုကိုယ်စီတည်ဆောက်မယ်
freepik /Freepik
မေးခွန်း (၆) ပထမဆုံးတွေ့တဲ့အခါ ဘယ်လိုပုံစံမျိုး ဝတ်သွားဖြစ်မယ်လို့ထင်လဲ?
(က) ချစ်ဖို့ကောင်းမယ်သို့မဟုတ် ဆွဲဆောင်မှုရှိစေမယ့်အဝတ်မျိုး (ခ) ကျက်သရေလည်းရှိရမယ် လူငယ်လည်းဆန်ရမယ်ဆိုတဲ့ ခေတ်မီဖက်ရှင် (ဂ) လူကြီးလူကောင်းဆန်ပေမယ့် ပေါ့ပါးမယ့်ဖက်ရှင်မျိုး
prostooleh/Freepik
မေးခွန်း (၇) ဘယ်လိုလူမျိုးနဲ့ ဒိတ်လုပ်ချင်လဲ?
(က) လက်ထပ်ပြီးသည့်တိုင်အောင် ရိုမန်းတစ်ဆန်ရမယ်၊အပျော်ကြိုက်ပြီး ဟာသဉာဏ်ရွှင်သူ (ခ) ပေါ့ပေါ့ပါးပါးလေးပဲ သူ့အလုပ်သူအကောင်းဆုံးလုပ်တယ်၊ လက်တွဲဖော်အနေနဲ့လည်း တာဝန်ကျေပွန်မယ့်သူမျိုး (ဂ) လိုလေးသေးမရှိအောင် ဖြည့်ဆည်းပေးပြီး တည်ငြိမ်အေးဆေးတဲ့သူ
…………
……
….
ကဲ….မေးခွန်းတွေတော့ မေးလို့ပြီးပါပြီ။အခု ကိုယ်ရဲ့အဖြေတွေကို တချက် ပြန်ကြည့်လိုက်ပါ။အဖြေတွေထဲ (က)၊ (ခ)၊ (ဂ) ထဲက ဘယ်ဟာအများဆုံး ရပါသလဲ။ ပြီးရဲ့အဲ့ဒါနဲ့သက်ဆိုင်တဲ့ ကိုယ့်အတွက်အဖြေလေးကိုအောက်မှာ ဆက်ဖတ်ကြည့်လိုက်တော့နော်….ကံကောင်းပါဇီ :3
(က)
“က”အကြိမ်ရေများနေတယ်ဆိုရင်တော့ သင့်အနေနဲ့ ရည်ရည်ချောမောပြေပြစ်ပြီး ငယ်ငယ်ရွယ်ရွယ်ဖျတ်ဖျတ်လတ်လတ်ရှိတဲ့ပုံစံမျိုးကို သဘောကျလေ့ရှိပါတယ်။အပြင်ပိုင်းသဏ္ဍာန်တွေဟာ သင့်ရဲ့စံနှုန်းပေါ့။ ဒါကြောင့် လက်ထပ်တဲ့အခါမှာလည်း နှစ်ယောက်စလုံးက ငယ်ရွယ်နုပျိုဖူးကြွနေတဲ့ ၃၀အောက်အရွယ်မှာပဲ ဖူးစာဆုံကြပါလိမ့်မယ်။
(ခ)
သင့်အနေနဲ့ (ခ) ကိုအရွေးများတယ်ဆိုရင်တော့ ဖူးစာရှင်ကို လုပ်ငန်းတစ်ခုမှာအခြေကျပြီးသား၊ ဒိုးတူဘောင်ဖက်ကြိုးစားမယ်ဆိုရင်အောင်မြင်နိုင်မယ့်လူမျိုး၊ မိသားစု၊အသိုင်းအဝိုင်းစတာတွေကိုကြည့်ပြီး သူနဲ့ငါရေရှည်ဖြစ်နိုင်မလားဆိုတာ သေချာတွက်ချက်ပြီးမှ လက်ထပ်မယ့်လူစားမျိုး ဖြစ်နေပါတယ်။အဲဒါတွေဟာ သင့်ရဲ့ဖူးစာရှင်စံနှုန်းတွေပေါ့။ ဒါကြောင့် သင့်အနေနဲ့အိမ်ထောင်ပြူတော့မယ်ဆိုရင် ၃၀ တန်းကျော်ကျော်အရွယ်မှာပဲ ပြုဖြစ်မှာပါတဲ့။
(ဂ)
နောက်ဆုံး (ဂ) ဟာ သင့်ရဲ့အဖြေတွေထဲအများကြီး ပါနေခဲ့မယ်ဆိုရင်တော့ သင့်အနေနဲ့အသက် ၄၀ နဲ့အထက်မှ လက်ထပ်ဖြစ်ပါလိမ့်မယ်။အရာရာပြည့်စုံနေတဲ့အရွယ်လည်း ရောက်လာပြီး သင့်ဘေးမှာမရှိတာက ဘဝလက်တွဲဖော်ပဲ ကျန်မယ့်အချိန်ပါ။ ဒါကြောင့် ဒီအရွယ်မှာ လက်ထပ်ဖြစ်ခဲ့ရင်တော့ သင့်အနေနဲ့ တစ်ယောက်နဲ့တစ်ယောက် တကယ်ချစ်ရမယ်၊ တစ်ဖက်လူဟာ ပိုင်ဆိုင်မှုတွေထိန်းသိမ်းစီစစ်နိုင်တဲ့အပြင် တိုးပွားအောင်ဘယ်လိုလုပ်မယ်ဆိုတာ သိတဲ့လူ၊အကြိုက်ချင်းတူပြီး သူငယ်ချင်းလို တီးတိုးတိုင်ပင်ဖော်တစ်ယောက်အဖြစ် သင်လိုအပ်နေမှာပါ။
#lotaya_quiz
အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။