သင်အကြိုက်ဆုံး အရောင်လေးတွေက ဖော်ပြနေတဲ့ သင့်အကြောင်း
lotaya.mpt.com.mm
|
2019-10-07


Shutterstock/Ekaterina Iatcenko
ကိုယ်ကြိုက်နှစ်သက်တဲ့ အရောင်က ဘယ်အရာတွေကို ကိုယ်စားပြု ဖော်ပြနေသလဲဆိုတာ တွေးကြည့်မိဖူးကြပါသလား။ ဒါကို စိတ်ဝင်စားတယ်ဆိုရင် သင်ကြိုက်တဲ့ အရောင်တွေက သင့်ကို ဘယ်လိုကိုယ်စားပြုနေလဲဆိုတဲ့ test လေးတစ်ခု အခုလိုပဲ ရှိလို့နေပါတယ်။ ကိုယ်ကြိုက်တဲ့ အရောင်လေးတွေအလိုက် ဆက်ပြီး အဖြေရှာကြည့်လိုက်ကြရအောင်နော်။
အဖြူရောင်



Pixabay/Bessi
အဖြူရောင်ကြိုက်သူတွေဟာ လျှို့ဝှက်တတ်ပြီး သူတို့ရဲ့ ခံစားချက်အစစ်အမှန်တွေကို လွယ်လွယ်နဲ့ ထုတ်မပြတတ်သူတွေပါ။ သူတို့ကို ဘေးလူတွေက ဘာလုပ်ပါ ညာလုပ်ပါ ဝိုင်းပြောတာမျိုးတွေကိုလည်း မကြိုက်တတ်ကြဘဲ ကိုယ့်လမ်းကိုယ် ဖောက်ရမှ စိတ်ကျေနပ်သူတွေ ဖြစ်ပါတယ်။
အဝါရောင်



Pixabay/Pexels
သင်က အဝါရောင် ကြိုက်တယ်ဆိုရင် စိတ်ခံစားလွယ်ပြီး တစ်ဖက်လူတွေရဲ့ ခံစားချက်ကိုလည်း သိပ်ပြီး ဂရုစိုက်တတ်သူတွေ ဖြစ်ပါတယ်။ အပြောအဆို သိမ်မွေ့ပြီး လူတွေကလည်း သင့်ကို ချစ်ကြပါတယ်။ ဖန်တီးနိုင်စွမ်းလည်း မြင့်ပြီး အိုင်ဒီယာကောင်းတွေ အမြဲသယ်ဆောင်လာပေးနိုင်သူဖြစ်ပါတယ်။
လိမ္မော်ရောင်



Pixabay/pixel2013
လိမ္မော်ရောင်ကြိုက်သူတွေက အဝါရောင်ကြိုက်သူတွေလိုပဲ စိတ်ခံစားမှုနဲ့ ပတ်သက်ရင် နက်နဲတတ်သူတွေ ဖြစ်ကြပါတယ်။ ခြားနားသွားတာ တစ်ခုကတော့ သူတို့က ပိုပြီး လူမှုဆက်ဆံရေး ကောင်းမွန်ကာ တက်ကြွဖော်ရွေကြသူတွေ ဖြစ်ပါတယ်။
အနက်ရောင်



Pixabay/bella67
အနက်ရောင် ကြိုက်သူတွေဟာ မွေးရာပါ ခေါင်းဆောင်မှု စွမ်းရည် ပါလာကြသူတွေ ဖြစ်ပါတယ်။ ကိုယ့်ထင်မြင်ယူဆချက်နဲ့ ပတ်သက်လို့ ရဲဝံ့စွာ ရပ်တည်ရဲကြသူတွေ ဖြစ်ပါတယ်။ သူတို့က အပြင်ပန်းမှာတော့ မာကြောတဲ့ ပုံတွေ ရှိနေပေမယ့် တကယ်တမ်း စိတ်နူးညံ့သိမ်မွေ့သူတွေ ဖြစ်ကြပါတယ်။
အညိုရောင်



Pixabay/stevepb
အညိုရောင် ကြိုက်သူတွေက မျှော်လင့်ချက် အကြီးကြီးတွေ သိပ်ထားတတ်ကြပြီး မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါ အလွယ်တကူ အားပြတ်စိတ်ကျတတ်ကြသူတွေ ဖြစ်ပါတယ်။ ပြီးတော့ သူတို့ကို စိတ်နာအောင် လုပ်မိသွားပြီဆို တစ်ဖက်လူအပေါ် အငြိုးသိပ်ကြီးတတ်ကြသူတွေပါ။
ပန်းရောင်



Pixabay/Hans
ပန်းရောင်ကြိုက်သူတွေက ဘာလုပ်လုပ် ညီညွတ်မျှတမှ စိတ်တိုင်းကျတတ်သူတွေ ဖြစ်ပါတယ်။ အကောင်းမြင်စိတ် ကြီးသူတွေလည်း ဖြစ်ပါတယ်။ ရန်လိုအငြင်းပွားမှုတွေကို မလိုချင်ဘဲ တတ်နိုင်သမျှ ရှောင်တတ်သူပါ။ တက်ကြွတဲ့ လူမှုဆက်ဆံရေး ဘဝကိုလည်း ပိုင်ဆိုင်ထားသူတွေပါ။
အနီရောင်



Pixabay/AliceKeyStudio
အနီရောင်ချစ်သူဆိုရင်တော့ စိတ်ဓာတ်မာကြောပြီး ဖန်တီးနိုင်စွမ်း မြင့်သူဖြစ်ပါတယ်။ စိန်ခေါ်မှုအသစ်တွေကိုလည်း မကြောက်ရွံ့တတ်သူပါ။ သင်နဲ့ တန်းတူဉာဏ်ရည်ရှိသူတွေနဲ့ပဲ စကားပြောလိုပြီး ပေါ့ပျက်ပျက် လူမျိုးတွေကို မုန်းတတ်သူပါ။
မီးခိုးရောင်



Pixabay/Uschi_Du
မီးခိုးရောင် ကြိုက်တဲ့သူက စိတ်ကူးဉာဏ်ကွန့်မြူးမှု အင်မတန်မှ ကောင်းပြီး အနေအေးတတ်သူတွေ ဖြစ်ပါတယ်။ တစ်ကိုယ်တည်း အတွေးကွန့်မြူးနေရခြင်းကို သဘောကျတတ်ပြီး အိုင်ဒီယာကောင်းတွေကို အမြဲဖန်တီးတတ်သူပါ။
အစိမ်းရောင်



Pixabay/ejaugsburg
အစိမ်းရောင်ချစ်သူတွေဟာ စွန့်စားမှုကို နှစ်ခြိုက်ကြပြီး အပေးအကမ်း ရက်ရောသူတွေ ဖြစ်ကြပါတယ်။ အမြဲရှေ့တိုးနေရတာကို သဘောကျတတ်ကြပြီး ဘဝရဲ့ တစ်နေရာတည်းမှာ ရပ်တန့်နေရတာကို မုန်းတတ်ကြပါတယ်။
အပြာရောင်



Pixabay/Stergo
အပြာရောင်ကြိုက်တဲ့သူတွေက သမာဓိအားကောင်းတတ်ကြပြီး သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကို ပွင့်လင်းစွာ ထုတ်ပြောတတ်ကြသူတွေလည်း ဖြစ်ပါတယ်။ ခေါင်းမာတတ်တဲ့ စရိုက်မျိုးရှိတတ်ကြပြီး ဘေးလူတွေစကား သိပ်နားမထောင်တတ်ကြပါဘူး။

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။




ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..