သင့်ရဲ့ ဆွဲဆောင်မှုအရှိဆုံး အရာက ဘာလဲဆိုတာ ဖော်ထုတ်ကြည့်ကြမယ်
lotaya.mpt.com.mm
|
2019-10-23



@rawpixel.com/Freepik

လူတစ်ကိုယ်အလှတစ်မျိုးစီဆိုတဲ့စကားကို ကြားဖူးကြတယ်မဟုတ်လား။ ဘယ်လောက်ပဲ ကိုယ့်ကိုယ်ကို ရုပ်ဆိုးတဲ့လူအဖြစ် မြင်နေပါစေဦး၊ တချို့သောသူတွေရဲ့အတွေးထဲမှာတော့ သင်ဟာ သူများနဲ့မတူတမူထူးခြားလှတဲ့ ဆွဲဆောင်မှုအလှတရားတစ်ခုရှိနေမယ်ဆိုတာ အသေအချာပါပဲ။ ဒီလို ကိုယ့်မှာရှိနေတဲ့ ဆွဲဆောင်နိုင်မှုအလှတရားကိုတော့ လူတွေက မသိနိုင်ကြပါဘူး။ ဒါဆို ဒီမေးခွန်းလေးတွေကနေတစ်ဆင့် ဘယ်လိုအရာမျိုးဖြစ်မယ်ဆိုတာ စမ်းစစ်ကြည့်လိုက်ရအောင်လား။

က= (၁ မှတ်)၊ ခ= (၂ မှတ်)၊ ဂ= ၊ ဃ= ၄ မှတ်


 




@freepik/Freepik

မေးခွန်း (၁) အိမ်ပြင်ကို အိမ်နေရင်းအဝတ်နဲ့ထွက်ဖူးလား?

(က) လုံးဝပဲ (၁ မှတ်)

(ခ) ထွက်ဖူးတယ် (၂ မှတ်)

(ဂ) နောက်လည်းထွက်ဖို့အစီအစဉ်ရှိတယ် (၃ မှတ်)




@stockedhousestudio/Freepik

မေးခွန်း (၂) အဝတ်စားသစ်တွေကို ဘယ်လိုအချိန်မျိုးမှာဝယ်လေ့ရှိလဲ?

(က) တစ်လမှာတစ်ခါ (၁ မှတ်)

(ခ) ဝယ်ချင်တဲ့အချိန် ကောက်ဝယ်တာပဲ (၂ မှတ်)

(ဂ) သိပ်မဝယ်ဖြစ်ဖူး(၃ မှတ်)




@freepik/Freepik

မေးခွန်း (၃) မကောင်းတဲ့အခြေအနေမျိုးမှာတောင် ကောင်းတဲ့အချက်ကို မရရအောင်ရှာဖွေပြီးရယ်မောတတ်သူလား?

(က) နိုး (၁ မှတ်)

(ခ) အမြဲတမ်းပဲ (၂ မှတ်)

(ဂ) ကြိုးစားတာပဲ(၃ မှတ်)




@pressahotkey/Freepik

မေးခွန်း (၄) ကိုယ်ရဲ့ရုပ်ရည်သွင်ပြင်ကို ဂရုတစိုက်ပြင်ဆင်လေ့ရှိသလား?

(က) ဦးစားပေးပဲ (၁ မှတ်)

(ခ) လုပ်ချင်တဲ့အချိန်တော့ ထပြင်လိုက်တာပဲ (၂ မှတ်)

(ဂ) ဘယ်သူမှဂရုတစိုက်ကြည့်မှာမဟုတ်တဲ့အတွက် ဘာမှပြင်မနေဘူး (၃ မှတ်)




@freepik/Freepik

မေးခွန်း (၅) မနက်ခင်းတိုင်း အိပ်ယာထတဲ့အခါ စိတ်သစ်လူသစ်နဲ့ တက်ကြွနေလေ့ရှိသလား?

(က) လုံးဝပဲ (၁ မှတ်)

(ခ) တစ်ခါတစ်လေမှပါ (၂ မှတ်)

(ဂ) အမြဲတမ်း တက်ကြွလန်းဆန်း (၃ မှတ်)




@kues1/Freepik

မေးခွန်း (၆) ကိုယ့်ကိုကိုယ်ယုံကြည်မှုက..

(က) အမြင့်ဆုံးမှာပဲ (၁ မှတ်)

(ခ) လုံးဝကိုမရှိတာ (၂ မှတ်)

(ဂ) သိပ်မရှိသလိုပဲ (၃ မှတ်)




@luis_molinero/Freepik

မေးခွန်း (၇) တွေ့သမျှလူတိုင်းကိုပြုံးပြီး နှုတ်ဆက်ပြလေ့ရှိသလား?

(က) ရှားပါတယ် (၁ မှတ်)

(ခ) များသောအားဖြင့်ပေါ့ (၂ မှတ်)

(ဂ) အမြဲတမ်းပဲ (၃ မှတ်)




@freepik/Freepik

မေးခွန်း (၈) ဟာသပြောတတ်လား?

(က) သိပ်ပြော (၁ မှတ်)

(ခ) ဟာသရှိမှပြောတာပါ (၂ မှတ်)

(ဂ) ဟင့်အင်..လုံးဝပဲ (၃ မှတ်)




rawpexles.com/Freepik

မေးခွန်း (၉) တိရိစ္ဆာန်လေးတွေကိုချစ်လား?

(က) ချစ်လို့မရပါဘူး (၁ မှတ်)

(ခ) တချို့ကိုပေါ ့(၂ မှတ်)

(ဂ) သတ္တဝါတိုင်းကိုချစ်နေတာပဲ (၃ မှတ်)




tirachardz/Freepik

မေးခွန်း (၁၀) လူတိုင်းရဲ့အာရုံစိုက်မှုကို ခံရလေ့ရှိသူလေးလား။

(က) ဒါပေါ့ အမြဲတမ်းပဲ (၁ မှတ်)

(ခ) လိုအပ်တဲ့အချိန်မှပါ (၂ မှတ်)

(ဂ) ဘာအာရုံစိုက်မှုမှမလိုအပ်ဘူး (၃ မှတ်)

ကဲ .. အမှတ်လေးတွေပေါင်းပြီး ရလဒ်လေးတွေကို တိုက်ကြည့်ကြပါမယ်။


၁၀ မှတ်မှ ၁၅ မှတ်

ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်သူတစ်ယောက်။ ဂုဏ်ယူတယ်၊ အထင်ကြီးတယ် ဒါကြောင့်လည်း ဘယ်ကိုပဲသွားသွားခေါင်းမော့ရင်ကော့ပြီး ဝင်သွားလေ့ရှိတာပေါ့။ ဒီလိုယုံကြည်မှုရှိလွန်းတဲ့ သွင်ပြင်သဏ္ဍာန်ကြောင့်ပဲ လူတွေကသင့်ကိုဆွဲဆောင်မှုရှိတယ်လို့ မြင်နေကြတာပါတဲ့လေ။


၁၆ မှတ်မှ ၂ဝမှတ်အထိ

လူတွေကသင့်ရဲ့ မိုက်လွန်းတဲ့ ရုပ်ရည်၊ ပြင်ဆင်ဝတ်စားပုံကြောင့် အသည်းစွဲရပါတယ်တဲ့။ လုံးဝပြင်ဆင်ခြယ်သမထားရင်တောင်မှပဲ အလှတရာကထိန်လင်းနေဆဲမလို့ သင့်ဆီက အကြည့်တွေခွာနိုင်အောင် တော်တော်လေးကြိုးစားယူရမှာပါ။ ဒါကို ကိုယ့်ကိုယ်ကိုလည်း ရိပ်မိတယ်မဟုတ်လား၊ မညာချင်စမ်းပါနဲ့။


၂၁ မှတ်မှ ၂၅ မှတ်အထိ

သင့်ရဲ့ဆွဲဆောင်မှုအရှိဆုံးအချိန်ကတော့ ဟာသပြောတဲ့အချိန်ပါပဲတဲ့လေ။ ဘယ်မှာပွဲကျအောင် ဘယ်လိုတွေပြောရမယ်၊ ဘယ်သူရယ်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာ သိနေတဲ့အတွက်ကြောင့် တခြားလူတွေဟာ သင့်ကိုဆို အမြဲတမ်းအနားမှာ ခေါ်ထားချင်နေတာပါနော်။


၂၆ မှတ်မှ ၃၀ မှတ်အထိ

စိတ်သဘောကောင်းပြီး ဖြူစင်တာဟာ သင့်ရဲ့ဆွဲဆောင်မှုပါတဲ့။ ဘယ်သူ့ကိုပဲဖြစ်ဖြစ် ဘက်မလိုက်တတ်ဘူး၊ တန်းတူဆက်ဆံတယ်၊ ကြင်နာယုယပြီး နွေးထွေးတတ်တယ် ဒါမျိုးတွေပေါ့။

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..