ချစ်သူကောင်လေးက သင့်ကိုဘယ်လောက်ချစ်သလဲဆိုတာ မေးခွန်းလေးတွေကနေတစ်ဆင့် ရှာဖွေကြမယ်
lotaya.mpt.com.mm
|
2019-11-05



freepik/Freepik

ကိုယ့်ချစ်သူကကိုယ့်ကိုယ် ဘယ်လောက်ချစ်သလဲဆိုတာ လူတိုငး်ကတော့သိချင်ကြမှာပါပဲ။ အထူးသဖြင့် မိန်းကလေးတွေအနေနဲ့ပေါ့။ အခုပြင်ဆင်ပေးထားတဲ့မေးခွန်းလေးတွဟာ ဗေဒင်တွေဘာတွေမဟုတ်ဘဲနဲ့ သင်တို့ချစ်သူနှဟစ်ယောက်ကြားမှာ ရှိနေတဲ့အပြုအမူလေးတွေ၊ သဘောထားလေးတွေပေါ်လိုက်ပြီး ဖန်တီးထားတဲ့ စိတ်ပိုင်းဆိုင်ရာမေးခွန်းလေးတွေဖြစ်တာကြောင့် အတိအကျကြီးမဟုတ်ရင်တောင် အနီးစပ်ဆုံးမှန်ကန်မှာပါ။ ကဲဒီတော့ သင့်ချစ်သူကသင့်ကိုတကယ်ချစ်တာလား၊ ဂျင်းထည့်နေတာလားဆိုတာ အဖြေရှာကြည့်လိုက်ကြပါစို့။

မေးခွန်းတစ်ခုချင်းဆီတိုင်းအတွက် YES သို့မဟုတ် NO ကိုပဲဖြေပေးပါ။ ပြီးရင် YES ဘယ်နခုရသလဲဆိုတာကို တွက်ချက်ပြီးတော့ ရလဒ်တွေကို တိုက်ရမှာမလို့ YES အရေအတွက်ကိုလည်း ရေတွက်ထားပါဦးနော်။




freepik/Freepik

မေးခွန်း (၁) သင့်ချစ်သူကသင့်ကို လွန်ခဲ့တဲ့ ၂ ပတ်အတွင်းက surprise လုပ်ခဲ့လား။ [Yes | No]

မေးခွန်း (၂) လူကြားသူကြားမှာ လက်ကိုင်လား။ [Yes | No]

မေးခွန်း (၃) သင်စကားပြောလိုက်တာနဲ့ သူတီဗီကြည့်နေတာတို့၊ ဂိမ်းဆော့နေတာတို့ကိုရပ်ပြီး အာရုံစိုက်ပေးလား။ ရပ်ပေးတဲ့အကြိမ်အရေအတွက်များတယ်ဆိုရင် YES အများဘူးဆိုရင် NO လို့ဖြေရမှာပါ။ [Yes | No]

မေးခွန်း (၄) ဘယ်သူအရင် message ပို့လေ့ရှိသလဲ။ သူကအရင်ဆုံးပို့တာများတယ်ဆိုရင် YES ကိုယ်ကစပို့တာများတယ်ဆိရင် NO ပါ။ [Yes | No]




freepik/Freepik

မေးခွန်း (၅) တစ်ခါတစ်လေ သူကိုယ့်ကို ခိုးခိုးကြည့်နေတာမျိုးရှိခဲ့ဖူးလား။ [Yes | No]

မေးခွန်း (၆) အနာဂတ်အတွက် ကြိုတင်ပြီး အကြံအစည်တွေချမှတ်ဖူးလား။ [Yes | No]

မေးခွန်း (၇) သင်တွေ့ချင်တယ်ဆိုတာနဲ့ သူစီစဉ်ထားတဲ့ကိစ္စသေးသေးလေးတွေကို ဖျက်ပြီးလာတွေ့လား။ ဥပမာ သူငယ်ချင်းနဲ့အပြင်သွားဖို့ချိန်းထားတာတို့ဘာတို့ကိုပေါ့။ [Yes | No]

မေးခွန်း (၈) သင့်အပေါ်မှာ သစ္စာဖောက်ခဲ့ဖူးလား။ [Yes | No]

မေးခွန်း (၉) မိဘတွေနဲ့ရော မိတ်ဆက်ပေးပြီးပြီလား။ [Yes | No]

မေးခွန်း (၁၀) သင့်မွေးနေ့တို့၊ နှစ်ပတ်လည်နေ့တို့ကိုရော သတိထားမိရဲ့လား။ [Yes | No]




prostooleh/Freepik

ကဲဒီတော့ မေးခွန်း ၁၀ ခုမှာ သင့်အနေနဲ့ YES ဘယ်နခုရွေးခဲ့လဲ။ ရလဒ်တွေကိုစစ်ဆေးကြည့်ရအောင်။

၀ မှ ၂ - ပြောရမှာတော့ စိတ်မကောင်းပေမယ့် သင့်ချစ်သူကသင့်ကို ထင်သလောက်မချစ်ဘူးပဲ။

၃ မှ ၅ - သင့်ကိုဂရုတော့စိုက်ရှာပါတယ်။ ဒါပေမဲ့လည်း ချစ်တယ်ဆိုတာထက် ဒီအတိုင်းပဲတွဲတယ်လို့ပြောရင် ပိုမှန်ပါလိမ့်မယ်။

၆ မှ ၈ - ချစ်တော့ချစ်ရှာပါတယ်။ ဒါပေမဲ့လည်း သင့်ထက် သူ့ကိုယ်သူပိုဦးစားပေးနေတုန်းပဲ။

၉ မှ ၁၀ - ဘုရားရေ။ သင်ကတော့ တကယ်ကိုအချစ်ခံထားရတဲ့ မိန်းကလေးတစ်ယောက်ပဲ။ ဒီလိုလူကိုမှ လက်လွှတ်ခံလိုက်ရင် တစ်သက် ဒီထက်ကောင်းတဲ့သူနဲ့ ထပ်တွေ့ပါဦးမလား။

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..