သင့်ကို ချစ်တဲ့သူနဲ့ မုန်းနေသူ ဘယ်နှယောက်ရှိနေလဲ ဖော်ထုတ်ပေးမယ့် စမ်းသပ်ချက်
lotaya.mpt.com.mm
|
2019-11-07



Shutterstock/ By ogichobanov

လူမှန်ရင်တော့ ကိုယ့်ကိုချစ်ခင်သူလည်းရှိနိုင်သလို ဆန့်ကျင်ဖက်ဖြစ်တဲ့ မုန်းသူ၊ မလိုသူတွေလည်းရှိနိုင်ကြတာပဲလေ။ ဒါဆို သင့်အနေနဲ့ လူ့လောကမှာနေနေတာ ချစ်သူနဲ့မုန်းသူတို့ကြားထဲ ဘယ်သူတွေပိုများနေမလဲဆိုတာ မသိချင်ဘူးလား။ သိချင်တယ်ဆိုရင်တော့ ဒီတစ်ခေါက် ပြင်ဆင်ပေးထားတဲ့ မေးခွန်းလေးတွေကို ဖြေကြည့်ရင်း စမ်းစစ်ကြည့်လိုက်ရအောင်လား။

ထုံးစံအတိုင်း မေးခွန်းတစ်ခုဆီမှာ ပေးထားတဲ့ အဖြေတစ်ခုကို ရွေးပြီး ဘေးမှာပေးထားတဲ့ အမှတ်လေးတွေကိုပေါင်းပါ။ စုစုပေါင်းရလဒ်နဲ့အတူတူ အောက်ဆုံးမှာ အဖြေတိုက်နိုင်ပါတယ်နော်။




Shutterstock/ By Shaynepplstockphoto

မေးခွန်း (၁) လူတစ်ယောက်ယောက်က အများသုံးအိမ်သာထဲမှာ ဝမ်းနည်းပက်လက်ရှိုက်ကြီးတငင်ငိုနေတာတွေ့ခဲ့မယ်ဆိုရင် သင်ဘာလုပ်မလဲ။

(က) ဘာဖြစ်လဲဆိုတာမေးမယ် = ၃ မှတ်

(ခ) ဘာမှမမေးဘဲအရင်ဆုံးချော့မယ် = ၅ မှတ်

(ဂ) သူတို့စပြီး အကူအညီမတောင်းသ၍ ဘာမှသွားမနှောက်ယှက်ဘူး = ၁ မှတ်




Shutterstock/ By Cookie Studio

မေးခွန်း (၂) တစ်ယောက်ယောက်ကဆံပင်ညှပ်တာတယ်။ ဒါမဲ့ဆံပင်ပုံစံကသူနဲ့တော်တာ်လေးကို အဆင်မပြေဖြစ်ပြီး ရယ်နေရတယ်။ အဲဒီအချိန်မှာ သင်ဘာလုပ်မှာလဲ။

(က) သူကြိုက်နေတာပဲ ကိုယ်ကဘာလုပ်ရမှာလဲ = ၃ မှတ်

(ခ) မေးလာခဲ့မယ်ဆိုရင်တော့ အမှန်တိုင်းပြောပြမိမှာပဲ - ၄ မှတ်

(ဂ) တွေ့တာနဲ့ကို တန်းပြောမှာ = ၅ မှတ်

(ဃ) ဘာပြောရမှာလဲ အဲဒီလိုပြောတာ ရိုင်းတယ်လို့ထင်တယ် = ၁ မှတ်




Shutterstock/ By BIGANDT.COM

မေးခွန်း (၃) တစ်ယောက်ယောက်က ကိုယ့်ကိုတစ်ခုခုကောင်းတာလုပ်ပေးခဲ့ရင် လှိ်ုက်လှိုက်လှဲလှဲနဲ့ ကျေးဇူးတင်ကြောင်းပြောမှာလား။

(က) ဒါပေါ့ = ၅ မှတ်

(ခ) ကျေးဇူးလို့တော့ပြောဖြစ်မယ်ထင်တယ် လှိုက်လှိုက်လှဲလှဲဆက်ဆံဖို့ကျ ဝန်လေးတယ် = ၁ မှတ်

(ဂ) သူတို့ကိုတစ်ခုခု ပြန်ပဲလုပ်ပေးလိုက်မယ် ကျေးဇူးအတင်မခံချင်လွန်းလို့ = ၃ မှတ်




freepik/Freepik

မေးခွန်း (၄) ဘယ်လိုရယ်လေ့ရှိသလဲ။

(က) အကျယ်ကြီး = ၅ မှတ်

(ခ) ပုံမှန်ပါပဲ = ၃ မှတ်

(ဂ) တိုးတိုးလေးပဲရယ်တယ် = ၁ မှတ်




Shutterstock/ By zieusin

မေးခွန်း (၅) နိုင်ငံရေးအပေါ် ဘယ်လိုမြင်လဲ။

(က) ပျင်းစရာကြီးပါ = ၃ မှတ်

(ခ) ကိုယ်တိုင်ထိရောက်တဲ့နေရာရောက်ရင် ကမ္ဘာကြီးကိုပြောင်းလဲမှုတွေလုပ်ပေးနိုင်မှာ = ၅ မှတ်

(ဂ) စိတ်ဝင်စားပေမယ့် ဒီအကြောင်းနဲ့ပတ်သက်ပြီးမပြောဖြစ်ဘူး = ၁ မှတ်




Shutterstock/ By FamVeld

မေးခွန်း (၆) အကယ်၍ ယူဖြစ်မယ်ဆိုရင် ကလးဘယ်နယောက်လိုချင်လဲ။

(က) ၁ ယောက် =၂ မှတ်

(ခ) ၂ ယောက် ၃ ယောက်လောက်ပေါ့ = ၃ မှတ်

(ဂ) ၃ ယောက်ထက်ပိုပြီး = ၅ မှတ်

(ဃ) ဘယ်နယောက်ဖြစ်ဖြစ်ရရင်ပျော်မှာ = ၄ မှတ်

(က) ကလေးကိုမယူတာ = ၁ မှတ်




freepik/Freepik

မေးခွန်း (၇) Facebook သုံးရတာဘယ်လိုမြင်လဲ

(က) ဘယ်လိုမှမမြင်ဘူး = ၁ မှတ်

(ခ) လူအသစ်တွေနဲ့တွေ့ရတာပေ့ါ = ၅ မှတ်

(ဂ) အဆက်အသွယ်လုပ်ရတော့ ကောင်းပါတယ် = ၃ မှတ်




freepik/Freepik

မေးခွန်း (၈) ရင်ဖွင့်လေ့ရှိသလား။

(က) ယုံကြည်ရတဲ့တစ်ယောက်ယောက်နဲ့မှ = ၁ မှတ်

(ခ) ရှားပါတယ် = ၅ မှတ်

(ဂ) အရမ်းမွမ်းကြပ်လာမှ = ၄ မှတ်

(ဃ) ခဏခဏပဲ = ၃ မှတ်

ကဲ.. အမှတ်လေးတွေလည်း ပေါင်းပြီးပြီလို့ထင်ပါတယ်။ ဒီတော့ ရလဒ်တွေကို တိုက်ကြည့်လိုက်ရအောင်။


(၈ မှတ်မှ ၁၄ မှတ် )

သင့်စိတ်သဘောထားအမှန်ကို သိတဲ့လူတိုင်း သင့်ကိုချစ်ကြတာချည်းပဲ။

ချစ်ခင်သူဦးရေ = ၂ ယောက်၊ ၃ ယောက်လောက်

အလယ်အလတ်ဦးရေ = ၇ ယောက်နီးပါး

မလိုသူဦးရေ = မရှိ


(၁၄ မှတ်မှ ၂၀ မှတ်)

ကြည့်ရတာ သင့်ကသိုသိုသိပ်သိပ်နေတတ်တဲ့သူတစ်ယောက်ပဲ။ နောက်ပြီး လူများများစားစားနဲ့ မိတ်မဖွဲ့တတ်သလို ရှိနေတဲ့လူတွေအပေါ် တန်ဖိုးထားသူတစ်ယောက်။

ချစ်ခင်သူဦးရေ = ၄၊ ၅ ယောက်လောက်

အလယ်အလတ်ဦးရေ = ၄၊ ၅ ယောက်ပဲ

မလိုသူဦးရေ = တစ်ယောက်ယောက်တော့ရှိတယ်


(၂၁ မှတ်မှ ၂၈ မှတ်)

လက်တွေ့ကျပြီး သွက်သွက်လက်လက်ရှိတာကြောင့် ပေါင်းသင်းဆက်ဆံရေးတော့ကောင်းသား။

ချစ်ခင်သူဦးရေ = ၆ ယောက်၊ ၇ ယောက်လောက်

အလယ်အလတ်ဦးရေ = ၂ ယေက်လောက်ပါပဲ

မလိုသူဦးရေ = ၃ ယောက်လောက်


(၂၉ မှတ်မှ ၃၄ မှတ်)

ပွင့်လင်းပေမယ့် ကြင်နာတတ်တဲ့လူပါ။ ဒါကြောင့်လူတွေကသင့်ကိုချစ်တတ်ကြပါတယ်။

ချစ်ခင်သူဦးရေ = ၇ ယောက်၊ ၈ ယောက်လောက်ရှိတယ်

အလယ်အလတ်ဦးရေ = ၃ ယောက်လောက်

မလိုသူဦးရေ = ၅ ယောက်လောက်ကတော့ သင့်ကိုလုံးဝ ကြည့်မရနေပါဘူး


(၃၅ မှတ်နှင့်အထက်)

အရှိန်အဝါကြောင့် သင့်အနားမှာနေရရင်လူတွေက လုံခြုံစိတ်ချရတယ်လို့ ခံစားတတ်ရလို့ တော်ရုံသင်နဲ့မနေချင်ကြတာပါတဲ့။ ဒါပေမဲ့ သင့်ကအရမ်းကောင်းလွန်းတာကြောင့် လူချစ်လူခင်တော့ တော်တော်ပေါပုံပဲ။

ချစ်ခင်သူဦးရေ = ၈ ယောက်နှင့်အထက်

အလယ်အလတ်ဦးရေ = ဘယ်နယောက်မှမရှိတာ

မလိုသူဦးရေ = ၇ ယောက်လောက်ကတော့ အနည်းဆုံးပဲ

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..