သင့်ကို တိတ်တိတ်လေးကြိတ် Crush နေသူ ဘယ်နှယောက်ရှိလဲ ပြောပြမယ်
lotaya.mpt.com.mm
|
2019-11-09



frizkes/Shutterstock

စင်ဂယ်ပဲဖြစ်ဖြစ်၊ ရည်းစားပဲရှိရှိ ဘယ်သူမဆိုဆို ကိုယ့်ကို တိတ်တခိုးကြိုက်နေတဲ့သူတွေရှိရဲ့လားဆိုပြီး သိချင်ကြမှာချည်းပါပဲနော်။ ဒီအဖြေကို အနီးစပ်ဆုံးသိရဖို့အတွက် မေးခွန်းလေး ၁၀ ခု ပြင်ဆင်ပေးထားပါတယ်။ မေးခွန်းလေးတွေ စိတ်ထဲမှာရှိတဲ့အတိုင်းဖြေကြားရင်း သင့်ကိုကြိတ်ခရပ်ရှ်နေတဲ့သူ ဘယ်နယောက်ရှိမလဲဆိုတာ စမ်းစစ်ကြည့်လိုက်ရအောင်။

(က) ဆိုရင် ၁ မှတ်၊ (ခ) ဆိုရင် ၂ မှတ်၊ (ဂ) ဆိုရင် ၃ မှတ်၊ (ဃ) ဆိုရင် ၄ မှတ် နဲ့ (င) ဆို ၅ မှတ်ပဲဖြစ်ပါတယ်။ ကိုယ်ရွေးချယ်လိုက်တဲ့ အဖြေတစ်ခုချင်းဆီရဲ့ ရမှတ်လေးတွေကို ပေါင်းသွားပြီး မေးခွန်း ၁၀ ခုလုံးအပြီးမှာတော့ ဘယ်နလောက်သင့်ကို ကြိတ်ကြိုက်နေသလဲဆိုတာ ဆန်းစစ်ကြည့်လိုက်ရအောင်နော်။




yanalya/Freepik

မေးခွန်း (၁) သင့်အနေနဲ့ တစ်ယောက်ယောက်နဲ့ဒိတ်နေတဲ့အခါ သူငယ်ချင်းတွေကို ပြောပြလိုက်ရင် သူတို့ဘာပြန်လောက်မယ်ထင်သလဲ။

(က) ဘာမှမပြောဘူး (ခ) တကယ်လား၊ ဘယ်လိုဖြစ်ကုန်တာလဲ (ဂ) ငါမင်းအတွက်ဝမ်းသာလိုက်တာ (ဃ) ငါတို့နဲ့မိတ်ဆက်ပေးတော့လေ (င) မင်းဟာကသေချာပြီမလို့လား

မေးခွန်း (၂) သင့်ရဲ့ဟာသဉာဏ်ရွှင်တဲ့အခြေအနေက..

(က) ညစ်ညမ်းတယ် (ခ) မရယ်သင့်တာလည်းရယ်စရာအဖြစ်ပြောတယ် (ဂ) ခပ်ပေါပေါ (ဃ) ခေတ်ဆန်တဲ့ဟာသတွေပြောတယ် (င) ရှေ့ကဟာအကုန်လုံးပါပဲ

မေးခွန်း (၃) တိတ်တခိုး ရည်းစားလေးဘာလေး ထားဖူးလား။

(က) ပေါက်ပေါက်ရှာရှာ မထားဖူးပါဘူး (ခ) တစ်ခါတစ်လေပေါ့ (ဂ) အမြဲတမ်းလိုလိုပဲ




vgstockstudio/Freepik

မေးခွန်း (၄) ကိုယ့်လက်တွဲဖော်ရဲ့အလှအပကို ဘယ်လိုဖြစ်ရမယ်လို့ မြင်မိလဲ။

(က) ပကာသနတွေပါ (ခ) ရိုးရိုးယဉ်ယဉ် (ဂ) မျက်လုံးထဲအဆင်ပြေရင်ရပါပြီ (ဃ) ဘယ်သူမှတော့ ပြီးပြည့်စုံတဲ့အလှတရားရှိမှာမဟုတ်ဘူးလေ (င) မျက်လုံးလေးလှပြီး စိတ်နှလုံးဖြူစင်တဲ့သူမျိုး

မေးခွန်း (၅) ကိုယ့်ကိုလူတစ်ယောက် သို့မဟုတ် လူအများစုကနေပြီး အမြဲတမ်းစိုက်ကြည့်နေတယ်လို့ ခံစားရလား။

(က) မရှိပါဘူး (ခ) မဖြစ်နိုင်လောက်ပါဘူး (ဂ) မသေချာဘူး (ဃ) ဒါပေါ့ ခံစားရတယ် (င) လူတစ်ယောက်တည်းတောင်မဟုတ်ဘူး အမြဲအကြည့်ခံရတယ်

မေးခွန်း (၆) လက်ရှိအချိန်အထိ ဘဝမှာဘယ်နခေါက်လောက် နှစ်နှစ်ကာကာချစ်ဖူးလဲ

(က) ဘယ်တန်ုးကမှမချစ်ဖူးတာ (ခ) အချစ်ဆိုတာဘာမှန်းတောင်မသိဘူး (ဂ) တစ်ခါတည်းပါ (ဃ) ၂ ခါလောက်တော့ရှိမယ် (င) ခဏခဏပဲ




freepik/Freepik

မေးခွန်း (၇) ဘယ်လိုအချိန်မျိုးမှာ စိတ်ထိခိုက်လွယ်တတ်သလဲ။

(က) အခြေအနေပေါ်မူတည်ပြီးတော့ (ခ) လုံးဝပဲ (ဂ) လွယ်တာပေါ့

မေးခွန်း (၈) သင့်ဘဝမှာ ပြောင်းလဲပစ်ချင်တဲ့အရာတွေ ဘယ်နခုများရှိနေမလဲ။

(က) ပြောရကြေးဆိုအများကြီး (ခ) တချို့တလေပါပဲ (ဂ) တော်တော်များများရှိနေတယ် (ဃ) နည်းနည်းလေးပဲရှိမယ်ထင်တယ် (က) ဘာမှမပြောင်းချင်ဘူး အရှိတိုင်းလေးပဲကောင်းပါတယ်

မေးခွန်း (၉) ခေတ်မှီဖက်ရှင်နဲ့လိုက်ပြီး ဝတ်တတ်တယ်ထင်လား။

(က) ဖက်ရှင်ကအရေးမပါဘူးလို့ထင်တယ် (ခ) လိုအပ်တဲ့အချိန်မျိုးမှာတော့ဝတ်ပါတယ် (ဂ) အမြဲတမ်းလိုလိုရေစီးကြောင်းနောက်လိုက်နေတတ်တယ်

မေးခွန်း (၁၀) ပါတီသွားရတာမျိုးသဘောကျလား။

(က) အိမ်မှာနေရတာပဲကြိုက်တယ် (ခ) အခင်ဆုံးသူငယ်ချင်းတွေရှိနေရင်တော့ သွားချင်ပါတယ် (ဂ) စိတ်အခြေအနေပေါ်မူတည်တယ် (ဃ) ဒါပေါ့ (င) ပါတီတက်တာရော ကိုယ်တိုင်လုပ်ရတာရောကြိုက်

ရလဒ်တွေကိုစစ်ကြည့်ရအောင်။

၁၀ မှ ၁၇ မှတ်အတွင်းကျခဲ့ရင်တော့ ယခုလက်ရှိအချိန်မှာ သင့်ကိုကြိတ်သဘောကျနေတဲ့သူ တစ်ယောက်မှရှိမနေပါဘူးတဲ့လေ။

၁၈ မှတ်မှ ၂၆ မှတ်အတွင်းဆိုရင်တော့ သင့်ကိုတကယ်ကြီးသဘောကျနေတဲ့သူ ၁ ယောက်ရှိနေပါတယ်။ ဒါပေမဲ့ သင့်ရဲ့ခပ်တင်းတင်းဆက်ဆံပုံကြောင့် အနားမကပ်ရဲနေပါဘူး။

ရမှတ် ၂၇ မှ ၃၅ အတွင်းမှာတော့ သင့်ကို ကြိတ်ကြိုက်နေသူဟာ နီးနီးစပ်စပ်ထဲက လူနှစ်ယောက်ပါတဲ့။

၃၆ မှတ်မှ ၄၄ မှတ် ဆိုရင်တော့ သင့်အသိထဲကပဲ သင့်ကိုတိတ်တခိုးကြွေနေသူဟာ ၃ ယောက်၊ ၄ ယောက်လောက်ရှိနေပါတယ်။

၄၄ မှတ်နဲ့အထက်ဆိုရင်တော့ သင့်ကိုသဘောကျနေတဲ့သူတွေဟာ ၄ ယောက်နဲ့အထက်ပါပဲတဲ့လေ။

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..