MonoLiza/Shutterstock
ကိုယ့်စိတ်ထဲမှာ တွေးထားတဲ့ချစ်သူနဲ့ အခုမေးခွန်းလေးတွေဖြေပြီး ရမယ့်ချစ်သူရဲ့ နာမည်နောက်ဆုံးအလုံးနဲ့ တူနေမလား၊ ဒါမှမဟုတ် စိတ်ထဲမှန်းထားတဲ့လူမရှိရင်တောင်မှပဲ ဘယ်လိုမျိုး နောက်ဆုံးနာမည်အစစာလုံးနဲ့လူက ကိုယ့်ဖူးစာရှင်ဖြစ်မယ်ဆိုတာ ခန့်မှန်းကြည့်ကြပါစို့လား။ သင်လုပ်ဆောင်ရမှာကတော့ မေးခွန်းတစ်ခုချင်းစီအတွက် အဖြေတစ်ခုကိုရွေးပြီး အဲဒီအဖြေရဲ့အမှတ်တွေကိုပေါင်းကာ နောက်ဆုံးမှာ ရလဒ်ကိုတိုက်ကြည့်ရမှာပါ။
(က) = ၁ မှတ်၊ (ခ) =၂ မှတ်၊ (ဂ) = ၃ မှတ်
မေးခွန်း (၁) အိမ်မှာတစ်ယောက်တည်းရှိနေတဲ့အချိန် ဘယ်နေရာတွေမှာ အချိန်ဖြုန်းရတာကြိုက်လဲ။
(က) ဧည့်ခန်းထဲအေးအေးလူလူနေရတာ
(ခ) ခြံထဲ သို့မဟုတ် ပန်းပင်လေးတွေထားထားတဲ့နေရာ
(ဂ) မီးဖိုချောင်ထဲ
မေးခွန်း (၂) အိမ်ထောင်ကျရင် ကလေးဘယ်နယောက်လိုချင်လဲ။
(က) တစ်ယောက်မှမယူဘူး
(ခ) ၁ ယောက် သို့မဟုတ် ၂ ယောက်
(ဂ) ၃ ယောက်နဲ့အထက်
မေးခွန်း (၃) ဘယ်လိုအိမ်မွေးတိရိစ္ဆာန်မွေးရတာကြိုက်လဲ။
(က) ဘာမှမမွေးချင်ဘူး
(ခ) ခွေး
(ဂ) ကြောင်
မေးခွန်း (၄) ခရီးသွားမယ်ဆိုရင် ဘယ်လိုနေရာမျိုးကို သွားချင်သလဲ။
(က) မြို့ကြီးတစ်ခုခု
(ခ) အေးချမ်းတဲ့နေရာ
(ဂ) ကမ်းခြေ
LikClick/Shutterstock
မေးခွန်း (၅) အကြိုက်ဆုံးအလုပ်ဆိုရင်..
(က) ရှေ့နေသို့မဟုတ် စီးပွားရေးလုပ်ငန်းရှင်
(ခ) အနုပညာရှင်
(ဂ) ကျောင်းဆရာ သို့မဟုတ် ဆရာဝန်
မေးခွန်း (၆) အိပ်မက်ထဲက အိမ်လေးက..
(က) ကွန်ဒိုသန့်သန့်လေး
(ခ) ခြံဝန်းအကြီးကြီးနဲ့လုံးချင်းအိမ်လေး
(ဂ) တစ်နိုင်တစ်ပိုင် လုံးချင်းအိမ်သီးသန့်လေး
မေးခွန်း (၇) ဒါတွေထဲက တစ်ခုပဲရွေးရမယ်ဆိုရင် ဘာကိုရွေးမလဲ။
(က) ဆိုင်ကယ်
(ခ) ဇိမ်ခံကားကြီး
(ဂ) ပြိုင်ကား
Mikhail_Kayl/Shutterstock
ကဲ.. ရမှတ်လေးတွေပေါင်းပြီး အဖြေတိုက်ကြည့်ရအောင်။
၇ မှတ်မှ ၁၁ မှတ် - ဖူးစာရှင်ရဲ့ ဖြစ်နိုင်ချေရှိတဲ့ နာမည်ရဲ့အစစာလုံးတွေကတော့ A-G-J-O-Y တို့ပဲဖြစ်ပါတယ်တဲ့။ ဒီလိုနာမည်အစ စကားလုံးရှိသူတွေဟာ အီစကလီရိုက်တာတွေ၊ ရည်းစားအများကြီးထားရတာမျိုးတွေ လုံးဝမကြိုက်ဘဲ ရည်းစားထားမယ်ဆိုရင်လည်း သေချာစဉ်းစားကာ ရေရှည်အတွက်ကြည့်ပြီး တကယ်ချစ်တဲ့သူကိုပဲ လက်တွဲလေ့ရှိကြသတဲ့။
၁၂ မှတ်မှ ၁၆ မှတ် - H-I-K-M-R စတဲ့စကားလုံးတွေပါတဲ့။ ဒီလိုလူမျိုးတွေဟာ စိတ်ရှည်တယ်၊ ဂရုစိုက်တတ်ပြီး ကိုယ့်ချစ်သူကိုဘယ်လိုဆက်ဆံရမယ်ဆိုတာ ကောင်းကောင်းနောကြေနေတဲ့အတွက် အချစ်ရေးမှာတော့ တကယ့်ပြီးပြည့်စုံတဲ့ လက်တွဲဖော်ကောင်းတွေပါပဲ။
၁၇ မှတ်မှ ၂၁ မှတ် - သူတို့တွေကတော့ C-E-P-V-X စာလုံးတွေပဲဖြစ်ပါတယ်။ သူတို့တွေကတော့ သစ္စာသိပ်ရှိပြီး သိပ်ချစ်တတ်တဲ့သူတွေဆိုတော့ ကံကောင်းမှာပါ။
၂၂ မှတ်မှ ၂၆ မှတ် - ဒီရမှတ်အတွင်းရတဲ့သူတွေကတော့ B-S-U-W-Z ပါတဲ့။ ပြုမူမှုတိုင်းမှာ မေတ္တာတရားတွေလွှမ်းခြုံထားတဲ့သူမျိုးတွေဖြစ်ပြီး စိတ်ထားနူးညံ့တဲ့အပြင် ရိုမန့်တစ်လည်းဆန်တတ်ပါတယ်။
၂၆ မှတ်နှင့်အထက်ဆိုရင်တော့ ရိုမန့်တစ်သိပ်ဆန်ပြီး ကြင်နာတတ်တဲ့နှလုံးသားပိုင်ရှင်လေးတွေဖြစ်တဲ့ D-F-L-N-O-T ထဲက တစ်ခုခုရှိတဲ့သူဖြစ်ပါလိမ့်မယ်။
အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။