သင့်အတွင်းစိတ်ရဲ့ အနက်ရှိုင်းဆုံးနေရာက အကြောင်းအရာတွေကို ဖော်ထုတ်ပေးနိုင်တဲ့ စမ်းသပ်ချက်
lotaya.mpt.com.mm
|
2019-11-30

jplenio/Pixabay

လူတွေက သူများအကြောင်းသာသိတာ၊ ကိုယ့်အကြောင်းဆိုရင် သိမလိုလိုနဲ့ သေသေချာချာမသိကြတာများပါတယ်။ ဒီလိုအခြေအနေမျိုးအတွက် အောက်ကမေးခွန်းလေးကို သင့်အနေနဲ့စိတ်ထဲမှာရှိတဲ့အတိုင်း ဖြေပေးလိုက်ပါ။ ကျွန်တော်တို့ကနေပြီး သင့်ရဲ့အနက်ရှိုင်းဆုံးနေရာမှာ ကိန်းအောင်းနေတဲ့ စစ်မှန်တဲ့စိတ်နေစိတ်ထားတွေကို ဖော်ထုတ်ပြသသွားမှာပဲဖြစ်ပါတယ်။

စလိုက်ကြရအောင်။




Alexas_Fotos/Pixabay

သင်ဟာနေရာတစ်ခုကိုရောက်သွားတယ်လို့ စိတ်ထဲမှာတွေးလိုက်ပါ။ ခြေထောက်စုံရပ်နေတဲ့နေရာဟာ အစိမ်းရောင်မြက်ပင် ခပ်ရှည်ရှည်တွေရှိနေတယ်၊ ဟော.. မျက်စိတစ်ဆုံးကြည့်လိုက်တော့လည်း အစိမ်းရောင်မြက်ပြင်တွေနဲ့ လွင်ပြင်ကျယ်ကြီးပဲ။ မျက်စိကစားပြီး ဟိုကြည့်၊ ဒီကြည့် ကြည့်လိုက်တဲ့အခါမှာတော့ တောင်ကုန်းလေးစိမ်စိမ်းလေးတစ်ခုကို တွေ့ရတယ်။ အဲဒီတောင်ကုန်းလေးဆီကို သင်လမ်းလျှောက်သွားနေပြီ။ ကဲ….မေးခွန်းလေးတွေ စပါပြီ။

မေးခွန်း (၁) လမ်းခုလတ်မှာ အိမ်လေးတစ်လုံးတွေ့လိုက်ရတယ်။ အဲဒီအိမ်က ဘယ်လိုပုံစံမျိုးရှိနေမလဲ။ အကြီးကြီးလား၊ သေးသေးလေးလား၊ ဘာနဲ့ဆောက်ထားတဲ့အိမ်လဲဆိုတာ သင်စဉ်းစားရမှာပါ။ ကန့်သတ်ချက်တွေမရှိတာကြောင့် စိတ်ထဲမှာရှိတဲ့အတိုင်း ပုံဖော်နိုင်ပါတယ်။




hschmider /Pixabay

အိမ်လေးထဲကို သင်ဝင်သွားခဲ့ပြီ။ ဘယ်သူမှတော့ မတွေ့ရသေးဘူး။ ဒါပေမဲ့ လှေကားတစ်ခုတွေ့တယ်။

မေးခွန်း (၂) အဲဒီလှေကားက ဘာနဲ့လုပ်ထားတာလဲ၊ အကြီးကြီးလား သေးသေးလေးလား၊ ဘယ်နေရာကိုသွားမယ့်လှေကားဖြစ်မလဲ ဥပမာ မြေအောက်ခန်း၊ ထပ်ခိုး၊ ဝရံတာ၊ ခေါင်မိုးပေါ် စသဖြင့်။




Peggychoucair/Pixabay

သင့်အနေနဲ့နောက်ထပ်တွေ့လိုက်ရတာတော့ ခွေးတစ်ကောင်ပါတဲ့။

မေးခွန်း (၃) အဲဒီခွေးဟာ ဘယ်နေရာမှာရှိနေတာလဲ၊ ဘာလုပ်နေတာလဲ။ ဒါမှမဟုတ် တစ်နေရာရာကိုသွားနေသလား။




jplenio/Pixabay

ပုံဖော်ခဲ့တဲ့မြင်ကွင်းထဲ သစ်ပင်လေးများ တစ်ပင်တစ်လေ ပါခဲ့သလား။

မေးခွန်း (၄) ပါခဲ့မယ်ဆိုရင် ဘယ်လိုသစ်ပင်အရွယ်အစားရိသလဲ၊ ဘယ်လောက်များလဲ။ ခွေး၊ အိမ်၊ လှေကား၊ အစိမ်းရောင်တောင်ကုန်း ဘယ်ဟာနဲ့နီးတယ်လို့ ခံစားရလဲ။




12019/Pixabay

မိုးကောင်းကင်ပေါ်ကြည့်လိုက်တဲ့အခါ မုန်တိုင်းအရိပ်အယောင်တွေကို မြင်တွေ့ခဲ့ရပါတော့တယ်။

မေးခွန်း (၅) မုန်တိုင်းက အဝေးကြီးမှာလား၊ နီးနီးလေးမှာလား၊ ဘယ်လောက်ကြီးမယ်လို့ထင်မိလဲ။ ဘယ်ကိုသွားမယ်လို့ရော ထင်လဲ။ နောက် ခွေး၊ သစ်ပင်၊ အိမ်၊ လှေကား ဘယ်ဟာကို သက်ရောက်မှုရှိနိုင်မလဲ။

မေးခွန်းအားလုံးတော့ ပြီးသွားပါပြီ။ ပုံဖော်ထားတဲ့အဖြေ မြင်ကွင်းလေးတွေကိုလည်း မှတ်မိမယ်လို့ ထင်မိပါတယ်။ ဒီတော့ စလိုက်ကြရအောင်လား။

မေးခွန်း (၁) မှာမေးခဲ့တဲ့ အိမ်ပုံစံကတော့ သင့်အနေနဲ့ သင့်ကိုယ်သင် ဒီလောကထဲ ဘယ်လိုမြင်လဲဆိုတဲ့ အမြင်ပါပဲ။ အိမ်ရဲ့အရွယ်အစားဟာ တစ်ကိုယ်ကောင်းဆန်မှုကို ရည်ညွှန်းတယ်၊ အိမ်က တောင်ကုန်းရဲ့ဘယ်နေရာမှာရှိနေသလဲ ထိပ်၊ အလယ်၊ အောက်ခြေစတာကတော့ သင့်ရဲ့စိတ်အဆင့်အတန်းကိုရည်ညွှန်းနေပြီး အိမ်ကို ဘယ်အရာတွေနဲကဆောက်ထားသလဲဆိုတာကတော့ သင့်ရဲ့လူတွေအပေါ်ထားရှိတဲ့ စိတ်နေစိတ်ထားပါတဲ့။ မှန်တွေအများကြီးပါနေခဲ့မယ်ဆိုရင် သင်ဟာ ဘဝမှာ လူတွေအများကြီး ပါဝင်ပတ်သတ်နေပြီး ပွင့်ပွင့်လင်းလင်း ဆက်ဆံတတ်တယ်ပေါ့။ ဒါမှမဟုတ် အိမ်က သစ်သားနဲ့ ပြူတင်းပေါက်သေးသေးလေးတွေနဲ့ဆိုရင်တော့ အယုံမလွယ်တတ်ဘူး ခံစားချက်တွေကို တော်ရုံဖွင့်မပြောဘူး။

မေးခွန်း (၂) လှေကားကတော့ သူငယ်ချင်းမိတ်ဆွေတွေကို ကိုယ်စားပြုနေပါတယ်။ ဒါကြောင့် အိမ်ထဲမှာရှိနေပြီဆိုတာနဲ့ သင့်အနားမှာရှိုနေတဲ့လူတွေဟာ သင်နဲ့တော်တော်လေးကို တရင်းတစ်နှီးရှိနေပါတယ်တဲ့။ လှေကားရဲ့အရှည်၊ အတိုကတော့ သူငယ်ချင်းသံယောဇဉ်ပေါ်မှာ မူတည်နေပါတယ်။ ဒီတော့ လှေကားက ပြိုလဲနေလား၊ ပျက်ဆီးနေလား ဘာလားဆိုတာ သိလောက်ပြီထင်ပါတယ်။

မေးခွန်း (၃) ခွေးကတော့ ကိုယ့်ရဲ့ ရည်းစား၊ ချစ်သူ၊ တိတ်တခိုးချစ်ရသူစတာတွေကို ကိုယ်စားပြုနေပါတယ်။ ခွေးလေးရဲ့ပုံစံက ဖော်ဖော်ရွေရွေရှိနေလား၊ ကိုယ့်ကို ဆိုးဆိုးရွားရွားဟောင်နေလားဆိုတဲ့ပုံစံကို အရင်ပြောပါမယ်။ အိမ်နဲ့နီးလား၊ ဒါမှမဟုတ် အိမ်နဲ့ဆန့်ကျင်ဖက်လားရာကို သွားနေသလား ဒါဆိုရင်တော့ သင်နဲ့နှလုံးသားချင်းဝေးနေခဲ့ပါပြီ ဆိုတဲ့အဓိပ္ပာယ်သက်ရောက်နေပါတယ်။

မေးခွန်း (၄) သစ်ပင်ကတော့ ကိုယ့်ရဲ့ရင်သွေးလေးတွေကိုကိုယ်စားပြုပါတယ်တဲ့။ ဆိုလိုတာ အိမ်နားမှာ ပုံဖော်လိုက်မိတဲ့သစ်ပင်အရေအတွက်ဟာ သင့်စိတ်ထဲမှာ တကယ်လိုချင်နေတဲ့ ကလေးအရေအတွက်ပါ။

မေးခွန်း (၅) မုန်တိုင်းကတော့ သင့်ဘဝရဲ့အခက်အခဲတွေပါပဲ။ နီးနေလား၊ ဝေးနေလား ဆိုတာကတော့ အချိန်ကာလကို ပြောတာဖြစ်ပြီး အိမ်ကို သက်ရောက်မယ်ဆိုရင် သင့်ကို၊ ခွေးကိုဆိုရင် လက်တွဲဖော်နဲ့ပတ်သက်ပြီး၊ သစ်ပင်ဆိုရင် ကလေးတွေနဲ့ပတ်သက်လို့ လှေကားဆိုရင်တော့ သူငယ်ချင်းတွေနဲ့ပတ်သက်ပြီး ကြုံတွေ့ရမှာပါ။

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။




ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..