အသည်းပုံတစ်ခုရွေးချယ်ပြီး သင်ဟာ ဘယ်လိုချစ်သူမျိုးလဲဆိုတာ ဆန်းစစ်ကြည့်ကြမယ်
lotaya.mpt.com.mm
|
2019-12-19



Mooshny/Shutterstock

သင်ဟာ တစ်ဖက်သားအတွက် ဘယ်လိုချစ်သူမျိုးလဲဆိုတာ မသိချင်ကြဘူးလား။ ဒီလိုသိထားခဲ့ရင် ချစ်သူရှာတဲ့အခါ သင်နဲ့ကိုက်ညီမယ့်ပုံစံမျိုးကို ရွေးချယ်ရာမှာ အကျိုးရှိစေမှာပါနော်။ ကိုက်ညီတဲ့ချစ်သူဖြစ်ကာမှလည်း စကားတွေအများကြီးပြောပြီး ငြှိနှိုင်းစရာမလိုမှာပေါ့။ ဥပမာ ကိုယ်ကအချစ်ကြီးတဲ့ပုံစံ ဒါပေမဲ့ ကိုယ့်ချစ်သူက အချစ်ခံရတာကိုမကြိုက်ဘဲ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးအချစ်ရေးကိုပဲ လိုချင်သူဆို သွားပြီလေနော်။ ဒါဆို သင်ဟာ ဘယ်လိုချစ်သူမျိုးဖြစ်မယ်ဆိုတာ အဖြေရှာကြည့်လိုက်ရအောင်။

သင့်အနေနဲ့ ဒီအသည်းပုံလေး ၄ ခုထဲက ငါးစက္ကန့်အတွင်း သင့်စိတ်ကိုအဖမ်းစားနိုင်ဆုံး အသည်းပုံလေးတစ်ခုကိုရွေးချယ်ပြီး အောက်မှာ ရလဒ်ကိုကြည့်နိုင်ပါတယ်။

အသည်းလေး (၁)




Rasica/Shutterstock

ပထမဆုံးအသည်းပုံလေးကို ရွေးချယ်လိုက်ပြီဆိုရင်တော့ သင်ဟာ တည်ငြိမ်တဲ့ချစ်သူမျိုးပါတဲ့လေ။ ယုံကြည်မှုနဲ့ သစ္စာတရားကိုလက်ကိုင်ထားပြီး ချစ်သူအပေါ် အေးအေးဆေးဆေးလေးနဲ့ ကြင်နာယုယချင်တဲ့သူမျိုးပါ။ တကယ်ချစ်မှ ချစ်သူထားတတ်သလို အဲဒီလူတစ်ယောက်ကို ချစ်ပြီဟေ့ဆိုရင်လည်း တစ်ဖက်က ဘယ်လောက်ပဲ ဆိုးနေပါစေ သည်းခံကာချစ်ပေးမယ့်လူမျိုးပါ။

အသည်းလေး (၂)




E. O./Shutterstock

သင်က နက်နဲတယ်၊ သိမ်မွေ့တယ်။ ပြင်းရှရှပုံစံမျိုးနဲ့ တစ်ဖက်သားကို ဆွဲဆောင်နိုင်စွမ်းရှိတယ်။ ဒါပေမဲ့ သင့်ရဲ့ပုံစံအစစ်အမှန်ကိုတော့ ဘွင်းဘွင်းထင်းထင်းပြသတယ်ဆိုတာ ဖြစ်ခဲပါတယ်။ ဆိုလိုတာ အမြဲတမ်း တစ်ဖက်လူစိတ်ကြိုက် ပါးပါးလေးဟန်ဆောင်ထားနိုင်သူလေးပေါ့။ တကယ်ချစ်ရင်တောင် ကိုယ့်ဖက်က ခံစားချက်တွေ အပြည့်အဝမပေးတတ်တာဟာ သင်နာကြင်မှာဆိုးလို့ပါတဲ့။ ဒါပေမဲ့လည်း လူတွေကတော့ သင့်ရဲ့အဲဒီလို ခပ်လျှိုလျှို ခပ်ပြင်းပြင်းပုံစံလေးက ဆွဲဆောင်မှုရှိနေလွန်းတယ်လို့ ထင်နေကြတာပါပဲ။

အသည်းလေး (၃)




musicman/Shutterstock

ချစ်ပြီဟေ့ဆိုရင် အထိန်းကွပ်မရှိတဲ့ပုံစံမျိုးပေါ့။ နတ်သမီးပုံပြင်ထဲက အချစ်ဇာတ်လမ်းလေးတွေကို သဘောကျသူဖြစ်ပြီး ချစ်သူထားမယ်ဆိုရင်လည်း ဖယောင်းတိုင်လေးထွန်း၊ ပန်းလေးတွေပတ်လည်ဝိုင်းကာ တစ်ယောက်ကို တစ်ယောက် တစိမ့်စိမ့်ကြည့်ရင်း ညစာစားရတာကို သဘောကျသူတစ်ယောက်ပါ။ ဆိုလိုတာ ဒရာမာဆန်ပြီး ချစ်ဖို့ကောင်းတဲ့အချစ်ဇာတ်လမ်းတွေကို သဘောကျတယ်ပေါ့။ သင့်မှာရှိနေတဲ့အချစ်စိတ်အကုန်လုံးကို ပေးတတ်သူဖြစ်တဲ့အတွက် တစ်ဖက်ချစ်သူကလည်း သူ့ရဲ့အချစ်တွေ အကုန်လုံးပေးမှ ကျေနပ်နိုင်မယ့်လူမျိုးပါ။

အသည်းလေး (၄)




Pablo Scapinachis/Shutterstock

သင်ဟာ တကယ်တော့ ပြင်းရှရှအချစ်တွေကို တပ်မက်သူတစ်ယောက်ပါ။ သာမန်ရိုးရိုးရှင်းရှင်းဇာတ်လမ်းထက် ဟုန်းဟုန်တောက်အချစ်ရေးကို ပိုင်ဆိုင်ချင်တာပါတဲ့လေ။ ဒါကြောင့် သင်ရွေးချယ်လိုက်တဲ့ချစ်သူဟာလည်း သင်နဲ့စိတ်တူကိုယ်တူဆို ပိုအဆင်ပြေတာပေါ့။

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..