
Q59-i01
congerdesign/Pixabay
မေပယ်ရွက်ကလေးတွေကတော့ ဆောင်းဦးနဲ့ဆောင်းရာသီတို့မှာ ကြွေလွင့်လေ့ရှိကြတဲ့ အထင်ကရ အရွက်ကလေးတွေပါပဲ။ အရွက်ကြွေကြတယ်ဆိုပေမယ့်လို့ တကယ်လှပပြီး အသက်ဝင်ရောင်စုံလှတဲ့ သဘာဝပန်းချီကားလေးတွေကို ဖန်တီးပေးနေတတ်ပါတယ်။ အပြင်မှာမမြင်ဖူးရင်တောင်မှ လိမ္မော်ဝါရောင်ရှုမျှော်ခင်းတွေနဲ့ မေပယ်ရွက်ကြွေနေပုံတွေကို ဓာတ်ပုံတွေ၊ ဗီဒီယိုတွေထဲ ရင်းရင်းနှီးနှီး သိနေမှာပါ။ ဒီတစ်ခေါက်မှာတော့ သင့်ကို မေပယ်ရွက်ကလေး ၈ ရွက်ပေးထားပါတယ်။ အရွက်လေးတွေ တစ်ခုစီတိုင်းမှာ မတူညီတဲ့ အရောင်အသွေးတွေကိုယ်စီရှိလျက်ပါပဲ။ ဒီအရွက်လေး ၇ ရွက်ထဲက ၁ ရွက်ကို ၅ စက္ကန့်အတွင်း ရွေးချယ်ပြီး သင်ဟာ ဘယ်လိုလူလဲဆိုတာ ရှာဖွေလိုက်ကြရအောင်လား။
HeungSoon/Pixabay
အနီရောင်မေပယ်ရွက် - ရဲစွမ်းသတ္တိနဲ့ ယုံကြည်မှုကို ကိုယ်စားပြုနေတဲ့အနီရော့င်လေးကိုရွေးချယ်လိုက်ပြီဆိုရင်တော့ သင်ဟာ အကောင်းမြင်စိတ်ရှိမယ်၊ ဘယ်အရာကိုမဆို တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်လေ့ရှိကာ လူအများရဲ့ အာရုံစူးစိုက်ခံရတာကို နှစ်ခြိုက်သူတစ်ဦးပါ။ နောက် အမြဲတမ်း ခြေလှမ်းတိုင်းကို ရှေ့ကိုပဲဦးတည်ပြီး လျှောက်လှမ်းနေသူလည်းဖြစ်ပါသေးတယ်။ သင့်မှာရှိနေတဲ့ အဲဒီအရည်အချင်းတွေကြောင့်ပဲ သင်ဟာ ဘယ်လိုအုပ်စုမျိုးကိုမဆို ဦးဆောင်ဦးရွက်ပြုနိုင်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဆိုတာ အသေအချာပါပဲ။
jcomp/Pixabay
လိမ္မော်ရောင်မေပယ်ရွက် - ကောင်းမွန်ခြင်းအငွေ့အသက်တွေနဲ့ ပြည့်နှက်နေတဲ့ လိမ္မော်ရောင်လေးကတော့ သင်ဟာ ဘယ်တော့မဆို ကောင်းတဲ့ဖက်၊ မှန်တဲ့ဖက်မှာပဲ ရပ်တည်တတ်သူဖြစ်ကြောင်း သက်သေပြနေသလိုပါပဲ။ သိသာတာတစ်ခုကတော့ သင်ဟာ အပေါင်းအသင်းမက်တဲ့သူတစ်ယောက်ဖြစ်ပြီး အမြဲတမ်းလိုလိုအပြင်သွားနေရတာကြိုက်တယ်၊ တစ်ယောက်တည်းထက် လူစုလူဝေးနဲ့ တပျော်တပါးကြီးနေရာတာမျိုး နှစ်ခြိုက်သူတစ်ယောက်ဆိုတာပါပဲ။ ဒါဟာလည်း သင့်ရဲ့လူချစ်လူခင်ပေါများတဲ့ စန်းနဲ့လည်း ဆိုင်ပါလိမ့်မယ်။ သင်က ဘယ်နေရာသွားသွား အရေးတယူလုပ်ခြင်း ခံရတတ်တာကိုး။
PublicDomainPictures/Pixabay
အဝါရောင်မေပယ်ရွက် - ညီမျှခြင်းကို ကိုယ်စားပြုနေတာ အဝါရောင်ပါ။ ဒါကြောင့် အဝါရောင်မေပယ်ရွက်လေးကို ရွေးချယ်လိုက်ပြီဆိုရင်တော့ သင်ဟာ ဘဝရဲ့ဘယ်လိုအရာမျိုးကိုမဆို ညီမျှအောင်လုပ်ဆောင်တယ်၊ ညီတူညီမျှတွေးတောဆင်ခြင်တယ်၊ ဖက်မျှအောင် လိုက်ငြှိတတ်သူတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုအကျင့်နဲ့အညီ သင်ဟာ စိတ်သဘောကောင်းပြီး ယက်ရောတဲ့သူတစ်ယောက်လည်း ဖြစ်ပါသေးတယ်။ ကူညီတတ်လွန်းလို့ သင့်ရဲ့အကူအညီယူရသူတွေတောင် ပြန်အားနာရတဲ့အဆင့်ပါပဲ။
anaterate/Pixabay
အညိုရောင်မေပယ်ရွက် - အညိုရောင်ဆိုတာ ရိုးစင်းခြင်း၊ ရိုးသားခြင်းကို ကိုယ်စားပြုနေပါတယ်။ ဒါကြောင့် သင်ဟာ ရိုးသားပြီး ပွင့်လင်းတဲ့ လူတစ်ယောက်ဆိုတာ အမှန်ပါပဲ။ စိတ်ထားဖြူစင်တဲ့အပြင်ကိုမှ တာဝန်ယူစိတ်ရှိတယ်၊ လူအားလုံးနဲ့ တည့်အောင်နေနိုင်ပါသေးတယ်တဲ့လေ။ ကတိတည်ပြီး မိတ်ဆွေတွေအတွက်ဆိုရင် ကိုယ်ကျိုးစွန့်ရစွန့်ရ ကူညီတတ်တဲ့သူတစ်ယောက်ပါ။ တကယ့်ကို ရှားမှရှားလူမျိုးပါပဲ။
Sweetaholic/Pixabay
အစိမ်းရောင်မေပယ်ရွက် - အစိမ်းရောင်ဖြစ်နေပြီဖြစ်တဲ့ မေပယ်ရွက်လေးကိုရွေးချယ်လိုက်ပြီဆိုရင်တော့ သင်ဟာ အစိမ်းရောင်ရဲ့အဓိပ္ပာယ်လိုပဲ တစ်စုံတစ်ရာအသစ်အဆန်းတစ်ခုကို လောလောလတ်လတ်စတင်နေသူတစ်ယောက်မဟုတ်လား။ ဥပမာ အလုပ်သစ်တို့၊ ချစ်သူသစ်၊ ပတ်ဝန်းကျင်သစ်၊ စိတ်သစ် စသဖြင့်ပေ့ါ။ စိတ်နေစိတ်ထားအရဆိုရင်တော့ သင်ဟာ တွေးခေါ်ဆင်ခြင်နိုင်စွမ်းရှိပြီး သင့်ဘဝကို ထွန်းလင်းနိုင်မယ့် အရာတွေအပေါ်မှာပဲ ဦးစားပေးအာရုံထားလေ့ရှိပါတယ်တဲ့။ ဒါပေမဲ့ တစ်ခါတစ်ရံ ကိုယ့်ဘဝလမ်းကြောင်းအတွက်ပဲ အာရုံရောက်နေတတ်လို့ ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်မိတာကိုတော့ သတိထားပေးပါနော်။
JillWellington/Pixabay
ခရမ်းရောင်မေပယ်ရွက် - ခရမ်းရောင်ကတော့ စွမ်းအား၊ လွှမ်းမိုးချယ်လှယ်နိုင်စွမ်းစသည်တို့ကို ကိုယ်စားပြုနေပါတယ်။ ဒါကြောင့်သင်ဟာ အမှီအခိုကင်းတယ်၊ ယုံကြည်ချက်ရှိတယ်၊ ဘယ်လိုအခြေအနေမျိုးမဆို ရင်ဆိုင်ဖြေရှင်းဖို့ဆိုတာလည်း စိတ်ဓာတ်ခွန်အားခိုင်ခိုင်ခံ့ခံ့ရှိနေပြီး တစ်ခါတစ်ရံမှာ လူတွေကိုလည်း အမိန့်ပေးပုံဆန်ဆန်နဲ့ ဆက်ဆံလေ့ရှိပါတယ်။ နောက် လိုချင်တာကိုလည်း တိုက်ယူရရင်တောင် မရရအောင်တိုက်ယူမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့သူတွေပါပဲ။