geralt /Pixabay
ဒီမှာဖယောင်းတိုင်လေး ၆ တိုင်ပေးထားပါတယ်။ ဖယောင်းတိုင်လေးတစ်ခုချင်းဆီမှာ အဓိကမတူညီတာကတော့ အရောင်လေးတွေပါပဲ။ အဖြူရောင်၊ ခရမ်းရောင်၊ အနီရောင်၊ အမည်းရောင်၊ အစိမ်းရောင်နဲ့ အပြာရောင်တို့ပဲဖြစ်ပါတယ်။ အဲဒီအထဲကမှ သင့်စိတ်ကိုအဖမ်းစားနိုင်ဆုံး ဖယောင်းတိုင်လေး ၁ တိုင်ကိုရွေးချယ်ပြီး သင့်မှာ ဘယ်လိုစိတ်စွမ်းအားတွေရှိနေမလဲဆိုတာ ရှာဖွေကြည့်လိုက်ရအောင်။
အပြာနုရောင်
geralt /Pixabay
လရဲ့အလင်းရောင်ကိုကိုစားပြုနေတဲ့ အပြာနုရောင်ကတော့ ဖြူစင်ခြင်းနဲ့ရည်မှန်းချက်တို့ကို ကိုယ်စားပြုပါတယ်။ သင့်မှာဆိုရင်တော့ မွေးရာပါ ကြိုတင်သိမြင်နိုင်စွမ်းရှိတယ်လို့တောင် ဆိုရမှာပါ။ ဆိုလိုတာ ထူးထူးခြားခြားကိစ္စတစ်ခု သို့မဟုတ် စိတ်ထဲမှာ လိုလိုချင်ချင်တောင့်တနေတဲ့အဖြေတွေကိုဆို အမြဲတမ်းလိုလိုကြိုသိ၊ ကြိုခန့်မှန်းနိုင်နေမှာပါ။ နောက် သင့်မှာ ခေါင်းဆောင်နိုင်တဲ့စွမ်းရည်ရှိတယ်၊ သြဇာငြောင်းတယ် ဒါပေမဲ့ သင့်စိတ်ကတော့ တကယ့်ကို အဖြူထည်လေးပါပဲ။ စွမ်းအားတွေ ပိုမြင့်တက်လာစေဖို့ ညတိုင်း အချိန် ၅ မိနစ်လောက်ပေးပြီး တရားထိုင်ပေးပါ။
ခရမ်းရောင်
geralt /Pixabay
ကြာသပတေးဂြိုလ်ကို ကိုယ်စားပြုနေတဲ့ ခရမ်းရောင်ကတော့ သင့်အတွက်ဆိုရင် အမြဲတမ်း ကံကောင်းခြင်းတွေကို ဆွဲဆောင်နေတာပါပဲ။ ကံကောင်းတာမှ သင့်ဘဝထဲဝင်လာတဲ့လူတွေကအစ သင့်အတွက် ကောင်းခြင်းတွေသာ ပေးဆပ်မှာဖြစ်တဲ့အတွက် သင့်ကို လမ်းပြပေးမယ့်သူတွေ၊ အတတ်သင်ပေးမယ့်သူတွေ၊ ဆုံးမပဲ့ပြင်ပေးမယ့်သူတွေ၊ တိုးတက်အောင်တွန်းပို့ပေးမယ့်သူတွေကိုပဲ ကြုံဆုံရမှာဖြစ်ပါတယ်။ တစ်ခုရှိတာက သင်ဟာ တရားမှုတွေကိုကြုံဆုံရတဲ့အခါ ထိန်းမရအောင်ဒေါသထွက်တတ်တာပါပဲ။ ဒါကြောင့် သင်ဟာ တရားမျှတမှုကိုလိုလားတယ်၊ စိတ်ခွန်အားတက်ကြွပြီး ရက်ရောတဲ့လူစားမျိုးဖြစ်ပါတယ်တဲ့။
အနီရောင်
geralt /Pixabay
စိတ်ဆန္ဒပြည့်ဝမှုနဲ့ သတ္တိရှိမှုကိုကိုယ်စားပြုနေတဲ့ အနီရောင်ကတော့ ချစ်ခြင်းနဲ့မုန်းခြင်းတို့ကို ကိုယ်စားပြုနေပါတယ်။ သင်သာ ဒီအနီရောင်ဖယောင်းတိုင်ကို ရွေးချယ်လိုက်ပြီဆိုရင် သင့်အနေနဲ့ လူတစ်ယောက်ကို မေတ္တာရှိရင်လည်း သင့်အပေါ် ဘယ်လောက်ပဲ မကောင်းမကောင်း ပေးဆပ်ပြီးအရမ်းကောင်းပေးတတ်ကာ မုန်းပြီဟေ့ဆိုရင်လည်း လှည့်မကြည့်တဲ့အပြင် ကြုံတိုင်းဒုက္ခလိုက်ပေးမယ့်သဘောမှာရှိနေပါတယ်။ ဒါကြောင့် သင့်ရဲ့စိတ်စွမ်းအားကတော့ အမှတ်သည်းခြေကြီးခြင်းပါပဲ။
အဝါရောင်
geralt /Pixabay
တချို့တွေက အဝါရောင်ဆိုရင် မိစ္ဆာဓာတ်လွှမ်းတယ်လို့ ထင်မြင်ကြတယ်။ ဒါပေမဲ့ ဒီနေရာမှတော့ အဝါရောင်ဟာ ကာကွယ်ခြင်းနဲ့ အပြင်ပန်းထက် အတွင်းစိတ်ကို ကြည့်ရှုခြင်းဆိုရင် ပိုမှန်ပါလိမ့်မယ်။ သင့်ရဲ့မွေးရာပါစိမ်စွမ်းအားဆိုရင်တော့ သင်ဟာ အရေးကြီးတဲ့ဆုံးဖြတ်ချက်ချစရာရှိတိုင်း၊ ဝေခွဲမရဖြစ်နေတိုင်းမှာ သင့်ခေါင်းထဲမှာ လမ်းပြပေးမယ့်အတွေးခေါင်းထဲရောက်လာတတ်ပါတယ်။
အစိမ်းရောင်
geralt /Pixabay
နှလုံးစွမ်းအင်တွေနဲ့ချိတ်ဆက်နေတဲ့ အစိမ်းရောင်ကတော့ စိတ်နဲ့ခန္ဓာ အရာအရာမျှတနေတယ်လို့သဘေဆောင်နေပါတယ်။ ဒါကြောင့် ဒီဖယောင်းတိုင်ကိုရွေးချယ်လိုက်တဲ့ သင့်ဘဝမှာလည်း အရာရာ မျှမျှတတပဲ ရှိလို့နေမှာပါတဲ့။ နောက် ရိုးှရှင်းတယ်၊ အနေအေးတယ်။ သင့်ရဲ့စိတ်စွမ်းအားကတော့ အရာရာကို လွယ်လင့်တကူ ခွင့်လွှတ်တတ်တာပါပဲ။
အပြာရင့်ရောင်
geralt /Pixabay
ကုစားခြင်း၊ အကြားအမြင်၊ အိပ်မက်တွေနဲ့ လိမ္မာပါးနပ်ခြင်းကို ကိုယ်စားပြုနေပါတယ်။ သင့်မှာဆိုရင်တော့ သင်ဟာ စိတ်အပြောင်းအလဲ၊ အတက်အကျအရမ်းမြန်မယ်၊ နောက် မလိုအပ်ဘဲ ဘာမှဝမ်းနည်းစိတ်ပျက်စရာမရှိဘဲနဲ့လည်း စိတ်ပျက်အားငယ်နေတတ်မယ်။ ဒါပေမဲ့ သင့်မှာ ဆဌမအာရုံရှိနေတာကတော့ ထူးထူးဆန်းဆန်းပါပဲ။ တိတိကျကျမဟုတ်ပေမယ့် တစ်ခုခုထူးထူးခြားခြားဖြစ်တော့မယ်ဆိုရင် ရိပ်မိနေတာမျိုးတို့ပေါ့။