Astrologer/Pixabay
ဟိုးအရင်ကတည်းကိုက တားရော့ကတ်လေးတွေဟာ လူတွေရဲ့ ကံကြမ္မာနဲ့နမိတ်တွေကို အမြဲတမ်း ဖော်ကျူးဟောပြောပြပေးနေကြပါတယ်။ အခုလည်း မကြာခင် သင့်အနေနဲ့ ဘယ်လိုအရာတွေ ကြုံတွေ့ရမယ်ဆိုတာကို တားရော့ကတ်လေး ၃ ကတ်ထဲက ၁ ကတ်ကိုရွေးချယ်ပြီး အဖြေရှာကြည့်လိုက်ရအောင်။
Astrologer/Pixabay
(၁) ငြိမ်းချမ်းခြင်းတွေကို တောင့်တနေမယ့်ကာလတစ်ခုပါ။ ကြမ်းတမ်းတဲ့ရိုက်ခတ်မှုတွေကို ကြုံတွေ့ပြီးနောက် သင့်အနေနဲ့ လွတ်လွတ်လပ်လပ်နေချင်ပြီ၊ တည်တည်ငြိမ်ငြိမ်နေချင်နေတော့မှာပါ။ ဒါပေမဲ့လည်း ပြီးပြတ်အောင်ဖြေရှင်းမယ့် ကိစ္စတွေရှိနေသေးတာကြောင့် အဲဒီကိစ္စတွေကို အရင်ဆုံးအချိန်ပေးပြီး ဖြေရှင်းလိုက်ပါ။ ပြီးရင်တော့ စိတ်လွတ်လပ်လွတ်အချိန်ပေးပြီး လောကရဲ့အရှုပ်အထွေးတွေကြားထဲကနေ ကာလတစ်ခုအထိ အနားယူလိုက်ပါ။ ခရီးတွေထွက်ပါ၊ ကခုန်ပါ၊ ဂီတတွေနဲ့ပျော်ရွှင်ပါ၊ အပေါင်းအသင်းနဲ့မိသားစုတွေနဲ့ အချိန်ပေးပြီး အမှတ်တရတွေဖန်တီးလိုက်ပါ။
Astrologer/Pixabay
(၂) အရာရာကိုအကောင်းမြင်တတ်တဲ့သင့်အတွက် ဒီတားရော့ကတ်လေးဟာ သင့်အခက်အခဲတွေအတွက် ကူညီပေးမှာပါ။ ဒါကြောင့် သင့်ရဲ့အနာဂတ်လေးဟာ မကြာခင်မှာ ပိုမိုကောင်းမွန်ခြင်းတွေနဲ့ ကြုံဆုံရတော့မယ်ဆိုတာ စိတ်ထဲမှာ မှတ်ထားလိုက်ပါတော့။ ကောင်းသောပြောင်းလဲခြင်းတွေ ကြုံတွေ့လာနိုင်ပေမယ့်လို့ အရမ်းကြီး ကြီးကြီးမားမားမဟုတ်တဲ့အတွက်ကြောင့် သင့်အနေနဲ့စစချင်းမှာတော့ သတိထားမိချင်မှ ထားမိပါလိမ့်မယ်။ ဒါပေမဲ့လည်း ဘယ်လိုပဲဖြစ်ဖြစ် ခြုံငုံကြည့်လိုက်မယ်ဆိုရင် ကောင်းခြင်းတွေဟာ သင့်အနာဂတ်မှာ စောင့်ကြိုနေတာမလို့ စိတ်ချလက်ချသာနေလိုက်ပါတော့တယ်။
Astrologer/Pixabay
(၃) သင်အရမ်းပင်ပမ်းနေပြီဆိုတာ သတိရောထားမိရဲ့လား။ အလုပ်တွေအလွန်အကျွံလုပ်နေတာမျိုးတွေ၊ ခေါင်းထဲမှာ မတန်မဆတွေးပြီးစိုးရိမ်ပူပန်နေတာမျိုးတွေ၊ စိတ်ဖိဆီးပြီး ပင်ပမ်းမယ့်အရာတွေ အဆက်မပြတ်လုပ်ဆောင်တွေးတောရင်း သင်ဟာ ကိုယ့်ဘဝကိုယ်နှိပ်စက်နေမိနေပါလိမ့်မယ်။ ဘဝဆိုတာတိုတိုလေးပါ။ ရခဲလှတဲ့လူ့ဘဝမှာ ပျော်ပျော်ရွှင်ရွှင် ကောင်းကောင်းမွန်မွန်နဲ့သာ ဘဝကို ဖြတ်သန်းလိုက်ပါလို့ပဲ အကြံပေးချင်ပါတယ်။ နောက် သိထားရမှာတစ်ခုက အနာဂတ်မှာ ဒီလိုစိတ်ဆင်းရဲမှုတွေ ဖြစ်လာဖို့အတွက် ပြဿနာက ကိုယ့်ကိုလာရှာတာမျိုးမဟုတ်ဘဲ ပြဿနာကို တမင်လိုက်ရှာသူက သင်ပဲဆိုတာပါပဲ။