
pathdoc/ Shutterstock
ခေါင်းစားတယ်လို့တော့မထင်လိုက်ပါနဲ့ဦး။ တစ်ခါတစ်လေလည်း ဦးနှောက်ကို ဒီလိုလေးတွေဖြေပြီး အလုပ်ပေးမှလေနော်။ လူသုံးယောက်မှာ နှစ်ယောက်တောင်မဖြေနိုင်ဘူးဆိုတော့ ဘယ်လိုမေးခွန်းတွေများလဲဆိုတာ မသိချင်ကြဘူးလား။ သင်ရော ဘယ်နှခုဖြေနိုင်မှာလဲ။
GJvV/Shutterstock
မေးခွန်း (၁) လယ်သမားကြီးမှာ သိုး ၁၇ ကောင်ရှိတယ်။ ဒါပေမဲ့ အဲဒီအထဲက ၈ ကောင်သေသွားမယ်ဆိုရင် သိုးဘယ်နကောင်က မတ်တပ်ရပ်လျက်သားကျန်နေသေးလဲ။
(က) ၈ ကောင် (ခ) ၉ ကောင် (ဂ) ၂၅ ကောင် (ဃ) ၃၅ ကောင်
မေးခွန်း (၂) သင်ကအပြေးပြိုင်ပွဲတစ်ပွဲမှာ လက်ရှိပြေးနေတာ တတိယနေရာရောက်နေပြီ။ ဒါဆို ဒုတိယနေရာကလူကို ကျော်တက်သွားမယ်ဆိုရင် သင့်နေရာက ဘယ်နေရာဖြစ်သွားမှာလဲ။
(က) ပထမနေရာ (ခ) ဒုတိယနေရာ (ဂ) တတိယနေရာ (ဃ) စတုတ္တနေရာ
Shwemom
မေးခွန်း (၃) အောက်ပါ စာကြောင်းရဲ့ အဖြေကိုရှာပါ။
“ဒီအဖြေကအရမ်းကြီးတယ်။”
(က) အဖြေ (ခ) အရမ်းကြီးတယ် (ဂ) ဆင် (ဃ) စကြာဝဠာ
မေးခွန်း (၄) သင့်မှာ မီးခြစ်ဆံ တစ်ခုပဲကျန်တော့တယ်။ ဒါလေးနဲ့ မှောင်မည်းပြီးအေးစက်နေတဲ့ အခန်းတစ်ခန်းထဲ ရောက်သွားတယ်ဆိုပါစို့။ အဲဒီမှာ ရေနံဆီမီးအိမ်ရယ်၊ မီးဖိုရယ်၊ ဖယောင်းတိုင်ရယ်တွေ့တယ်။ သင်ဘယ်ဟာကို အရင်ဆုံးမီးရှို့လိုက်မလဲ။ အေးလည်းအေးနေသေးတယ်နော်။
(က) ရေနံဆီမီးအိမ် (ခ) မီးဖို (ဂ) ဖယောင်းတိုင် (ဃ) ပေးထားတဲ့အဖြေထဲက ဘာတစ်ခုမှမဟုတ်ဘူး
Video_Creative/ Shutterstock
မေးခွန်း (၅) ဆရာဝန်ကသင့်ကို ဆေး ၅ ပြားပေးတယ်။ နာရီဝက်နေတိုင်း ဆေး ၁ လုံးသောက်ရမယ်ဆိုရင် ဆေး ၅ လုံးလုံး ကုန်ဖို့အတွက် အချိန်ဘယ်လောက်ကြာမှာလဲ။ နာရီနဲ့ဖြေပါ။
(က) ၀ နာရီ (ခ) ၂ နာရီ (ဂ) ၂.၅ နာရီ (ဃ) ၃ နာရီ
မေးခွန်း (၆) လေအရမ်းတိုက်နေတဲ့ နေ့တစ်နေ့။ တိုက်ကြက်ဖတစ်ကောင်ဟာ ခေါင်မိုးပေါ်ကိုတက်ပြီး ဥဥသတဲ့။ လေကလည်းတိုက်နေတော့ အဲဒီဥလေးက ခေါင်မိုးရဲ့ဘယ်နေရာကို လိမ့်ကျသွားမှာလဲ။
(က) ဘယ်ဖက် (ခ) ညာဖက် (ဂ) လေတိုက်တဲ့အရပ်ပေါ်မူတည်ပြီးလိမ့်သွားမယ် (ဃ) ဥမရှိဘူး
Schira/ Shutterstock
မေးခွန်း (၇) တစ်နှစ်အတွင်းမှာ ၂၈ ရက် အတိအကျရှိတဲ့လ ဘယ်နှလရှိလဲ။
(က) ၁ လ (ခ) ၁၂ လ (ဂ) ဘယ်လမှာမှမရှိဘူး (ဃ) ၄ လ
မေးခွန်း (၈) ၃၀ ကို ၂ နဲ့စား၊ ၁၀ ထပ်ပေါင်းလိုက်ရင်
(က) ၄၀.၅ (ခ) ၅၀ (ဂ) ၇၀ (ဃ) ဘာမှမဟုတ်ဘူး
Africa Studio/ Shutterstock
မေးခွန်း (၉) အဲဒီမှာ ပန်းသီး ၄၅ လုံးရှိတယ်၊ သင်က ပန်းသီး ၃ လုံးကို ကောက်ယူလိုက်မယ်ဆိုရင် အဲဒီနေရာမှာ ပန်းသီးဘယ်နလုံးရှိနေမလဲ။
(က) ၃ လုံး (ခ) ၄၂ လုံး (ဂ) ၄၅ လုံး (ဃ) ၁၂၅ လုံး
မေးခွန်း (၁၀) ပေါင်မုန့်တစ်ခုလုံးက ၂၅ စင်တီမီတာရှိတယ်။ ဒါကို တစ်ခါလှီးရင် ဝ.၅ စင်တီမီတာစီ လှီးမယ်ဆိုရင် ပေါင်မုန့်ဘယ်နှချပ်ရမလဲ။
(က) ၁ ချပ် (ခ) ၂၅ ချပ် (ဂ) ၃၉ ချပ် (ဃ) ပေးထားတဲ့အဖြေထဲ အမှန်မပါဘူး
အဖြေလေးတွေတိုက်စစ်ကြည့်ရအောင်။
မေးခွန်း (၁) မတ်တပ်ရပ်တယ်ဆိုတာလည်း အသက်ရှင်နေလို့ပဲဆိုတော့ စုစုပေါင်း ၉ ကောင်ကျန်မှာပေါ့။
မေးခွန်း (၂) (ခ) ဒုတိယနေရာ ပါ။
မေးခွန်း (၃) ဒီအဖြေကအရမ်းကြီးပါတယ်ဆို၊ မေးခွန်းအတွက် အဖြေက “(ခ) အရမ်းကြီးတယ်” ပေါ့ကွယ်။
မေးခွန်း (၄) အဲဒီ ၃ ခုထဲက ဘယ်ဟာကိုပဲ အရင်ထွန်းထွန်း၊ အရင်ဆုံးတော့ မီးခြစ်ဆံကိုမီးတောက်အောင် လုပ်ရမှာပဲလေ။ အဲဒီတော့ အဖြေမှန်က (ဃ)။
မေးခွန်း (၅) အဖြေက “(က) ၀ နာရီ” ပါပဲ။ ဆရာဝန်ပေးလိုက်တာက ဆေးပြား။ သောက်ခိုင်းတာက ဆေးအလုံးလေ။ ကဲပြော..
မေးခွန်း (၆) ကြက်ဖပါဆို ဥဥလို့လားလို့။ (ဃ) ဥမရှိဘူး
မေးခွန်း (၇) အဖြေကတော့ “(က) ၁ လ” ပါ။
မေးခွန်း (၈) ဒါကြောင့် အဖြေမှန်က “(ဃ) ဘာမှမဟုတ်ဘူး”။
မေးခွန်း (၉) (ဂ) ၄၅ လုံးပါပဲ။ ကိုယ်က အဲဒီနေရာကနေ ယူပြီး ထွက်သွားသေးတာမှမဟုတ်တာ။ ဒီတော့ ကိုယ့်လက်ထဲမှာက ၃ လုံး၊ အောက်မှာက ၄၂ လုံး၊ အဲဒီနေရာမှာ စုစုပေါင်းရှိနေဆဲပန်းသီးက ၄၅ လုံးပဲပေါ့။
မေးခွန်း (၁၀) အချပ် ၅၀ ရမယ်ဆိုတော့ အဖြေမှန်က “(ဃ) ပေးထားတဲ့အဖြေထဲ အမှန်မပါဘူး” ပေ့ါ။
အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။