သင့်ရဲ့အနာဂတ်ကိုမီးမောင်းထိုးပြပေးမယ့်ပစ္စည်းလေး (၄) မျိုးအကြောင်း
lotaya.mpt.com.mm
|
2020-02-13



Vera Petruk/Shutterstock

ဘယ်သူမဆို ကိုယ့်အနာဂတ်ကိုတော့ သိချင်ကြမှာချည်းပါပဲ။ ဒီတစ်ခေါက်မှာတော့ သင့်ရဲ့အနာဂတ်ကိုသိရဖို့အတွက် ပေးထားတဲ့ ပစ္စည်း ၄ မျိုးထဲကတစ်ခုကိုရွေးချယ်လိုက်ပြီး ဆန်းစစ်ကြည့်လိုက်ရအောင်လား။




Vera Petruk/Shutterstock

(၁) ပထမဆုံးတစ်ပစ္စည်းကိုရွေးချယ်လိုက်ပြီဆိုရင်တော့ သင့်အနေနဲ့ အနာဂတ်မှာ အောင်မြင်မှုတွေကို မြင်တွေ့ရမှာမလွဲဧကန်ပါပဲ။ အဓိကကတော့ ဖြစ်ပေါ်လာတဲ့ အခွင့်အရေးပေါ်လိုက်ကာ သင့်လုပ်ရပ်တစ်ခုပေါ်မှာမူတည်ပြီး ရလဒ်ကတော့ ပြောင်းသွားမှာပါပဲ။ ဒါပေမဲ့လည်း အရာအားလုံးကောင်းသောပြောင်းလဲခြင်းဖြစ်လာစေဖို့ လမ်းစကိုတော့ တက်ကြီးရှာတွေ့တော့မှာပါနော်။




Vera Petruk/Shutterstock

(၂) ဒုတိယမြောက်ပစ္စည်းလေးကိုရွေးချယ်လိုက်ပြီဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်ဖို့ကို ကိုယ်စားပြုနေပါတယ်။ စိတ်ဖိဆီးမှုတွေကို အေးဆေးကျော်ဖြတ်လာနိုင်တော့မှာပါ။ နောက်ပြီး ဖြစ်နေတဲ့ပြဿနာအားလုံးဟာ အခက်အခဲတစ်ခုကို ကျော်လွှားလိုက်တာနဲ့တင် ပြေလည်သွားမှာပဲဖြစ်ပါတယ်။




Vera Petruk/Shutterstock

(၃) တတိယမြောက်ပစ္စည်းလေးကိုရွေးချယ်လိုက်ပြီဆိုရင်တော့ ဆုံးဖြတ်ချက်တစ်ခုမချမှတ်ခင်မှာ စိတ်ရှည်သည်းခံဖို့ပဲ အကြံပေးချင်ပါတယ်။ စိတ်ရှည်ပါ၊ ကြိုးစားပါ။ ဒါဆိုရင်တော့ အောင်မြင်မှုကြီးရမယ်ဆိုတာ အသေအချာပါပဲ။




Vera Petruk/Shutterstock

(၄) ဥစ္စာဒနတွေပေါကြွယ်ဝမယ့် ကံကောင်းခြင်းလာဘ်လာဘတွေကို သင့်အနာဂတ်မှာတွေ့နေရပါတယ်။ ဒါကြောင့် စိတ်ကောင်းစေတနာထားပါ၊ ကောင်းမှုကုသိုလ်များများလုပ်ပေးပါ။

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..