
#မိုင်တိုင် ( ၁၂၈ )
အပိုင်း ( ၃ )
" သိန်းကြွယ်... သိန်းကြွယ်... ရှိကြလားဟေ့ ''
နတ်ဝင်သည်၏တပည့်မှာအိမ်တံခါးကိုအပြေးအလွှားသွားဖွင့်ရင်း
ပြန်ဖြေလိုက်သည်။
" ရှိတယ်...ဆရာမကြီး... ''
ထိုအမျိုးသမီးကြီးမှာ မျက်နှာတစ်ခြမ်းအမာရွတ်နှင့်ဖြစ်၍ မြယွန်းသွယ်
စိတ်ဝင်တစားဖြင့်လိုက်ကြည့်နေမိသည်။ ထိုမိန်းမကြီးက မြယွန်းသွယ်
ထံအကြည့်ရောက်လာပြီး မေး၏။
" ဒီကလေးမလေးလား "
နတ်ဝင်သည်မှာ ခေါင်းညိမ့်ပြလိုက်သည်။
" နင်ကတော့ ငါ့ကိုဘာမှမတိုင်ပင်ပါလား... အဲ့နေရာအကြောင်းသိ
ရဲ့သားနဲ့ ဘာလို့ပျားအုံတုတ်နဲ့သွားထိုးရတာလဲဟဲ့ "
ဒေါ်သိန်းကြွယ်မှာ မျက်နှာအနည်းငယ်ညိုးနွမ်း သွား၏။
" မတတ်သာတဲ့အဆုံး လုပ်မိတာပါ မကြီးရဲ့...ဒီလောက်ထိမထင်
လို့... ''
" ထားတော့... ဒါနောက်မှပြော...အမဲနှလုံးလိုချင်တယ်... ရနိုင်
မလား "
" ဒီအချိန်ဘယ်လိုရနိုင်မလဲဆရာမကြီးရယ်... ကြိုမှာမှရတာလေ "
" မပါလို့တော့မဖြစ်ဘူး... နင်ဈေးတစ်ပတ်ပတ်ပြီးသွားရှာကြည့်စမ်း
ပါ..."
နတ်ဝင်သည်၏တပည့်က ခေါင်းကိုကုတ်ကာ ထွက်သွားလေသည်။
" ကဲ...သိန်းကြွယ်... သလင်းတုံးကြီးဘယ်မှာလဲ "
ဒေါ်သိန်းကြွယ်က မြယွန်းသွယ်ထံတိုးကာ အိတ်ထဲမှထုတ်ယူပြလိုက်
ပြီးပြန်ထည့်လိုက်သည်။
" သူ့ကိုပေးထားတယ်... အန္တရာယ် ရှိလို့ မကြီး "
ဒေါ်သိန်းကြွယ်စကားကြောင့် ဒေါ်ငြိမ်းမယ်မှာ မျက်လုံးပြူးကျယ်သွား
လေသည်။
" ဒီကလေးမကိုဘာလို့ပေးထားတာလဲ... ဒါအသုံးမတတ်ရင်ဘာဖြစ်
မယ်ဆိုတာဘယ်သူမှမသိနိုင်ဘူး... သူ့မှာဆိုးကျိုးရှိတယ်ဆိုတာနင်
သိရကျနဲ့..."
" နေ့လည်ကတောင်သုံးပြီးပြီ...ဘာမှမဖြစ်လောက်ပါဘူး "
" ဟင်း... ဘာပဲဖြစ်ဖြစ်သတိထားရမယ်...ကဲငါတို့စည်းချရမယ်..
ဝါးခြမ်းတွေရှိသေးလား ''
" ရှိတယ်... "
ဒေါ်သိန်းကြွယ်မှာ အိမ်နောက်ဖေးဆီမှ ၂ပေအရှည်ခန့်ပိုင်းထားသော
ဝါးခြမ်းအစည်းကြီးကိုယူလာတော့သည်။ ဒေါ်သိန်းကြွယ်၏အစ်မဖြစ်
သူ နတ်ဝင်သည်ဒေါ်ငြိမ်းမယ် မှာဝါးခြမ်းပြားများအားကြမ်းပေါ်ဖြန့်ချ
ရင်း ဆေးအနီအရည်များကို ဝါးခြမ်းပြားအတွင်းဖက်အသားပေါ်သို့
သုတ်လိမ်းလိုက်သည်။
" ရပ်ကြည့်မနေကြနဲ့...လာကူဦး "
ထိုအခါမှ ဒေါ်သိန်းကြွယ်နှင့် မြယွန်းသွယ်တို့လည်း ဆေးအနီရည်
ကိုစုတ်တံဖြင့်ယူပြီးဝိုင်းသုတ်ကူကြလေသည်။
" ငါတွေးမိတာတစ်ခုရှိတယ်သိန်းကြွယ်...ဒီအကောင်ကသူအထိနာ
တာနဲ့ သူ့တပည့်တွေခေါ်ဝင်လာမှာပဲ... "
" ငါလည်းတွေးမိတယ် မကြီး...အုပ်စုလိုက်ကြီးကိုဘယ်လိုတားကြ
မလဲ... နောက်ပြီး မြယွန်းသွယ်ကိစ္စလည်းအဆင်ပြေအောင်လုပ်ပေး
ရဦးမယ် "
" သူလာတဲ့အချိန် ကလေးမကိုဝိဉာဉ်လွင့်စေပြီး သူ့ယောကျာ်းကို
သွားခေါ်ခိုင်းရမှာပေါ့... ဒီလိုလုပ်မယ်... "
ဒေါ်ငြိမ်းမယ်က လေသံခပ်တိုးတိုးဖြင့် သူ၏အစီအစဉ်အားပြောပြ
လိုက်တော့သည်။
" ဂျလောက် '' ဟူသောအသံနှင့်အတူ အိမ်ရှေ့တံခါးမှ ဒေါ်သိန်းကြွယ်
၏တပည့်ဝင်လာသည်။ သူ၏လက်ထဲ၌အထုပ်တစ်ထုပ်ပါ ပါလာလေ
၏။
" နှလုံးရလာတယ် ဆရာမကြီး... ကျောက်ကပ်ပါအဆစ်ပေးလာသေး
တယ် ''
" ကျောက်ကပ်မလိုပါဘူး... ခွေးကျွေးလိုက်စမ်းပါ... ပေး နှလုံး "
ဒေါ်ငြိမ်းမယ်သည် အမဲနှလုံးအား အင်ဖက်ပေါ်သို့တင်ကာ နှလုံးအ
လယ်တည့်တည့်သို့ ဓါးဖြင့်ထိုးစိုက်ချလိုက်၏။ ထို့နောက် နှလုံးထဲသို့
စက္ကူအနီဖြင့်ရေးဆွဲထားသောအင်းစာရွက်အား လိတ်ပြီးထည့်ထား
သည်။
" ဆိုင်ရာ ပိုင်ရာများစောင့်ရှောက်တော်မူပါ... ''
ဒေါ်ငြိမ်းမယ်သည် ဂါထာများရွတ်ဆိုပြီး ပေါက်နေသည့်နှလုံးကို အပ်
ချည်ဖြင့်ချုပ်လိုက်သည်။
" ဘယ်အချိန်စမလဲ "
ဒေါ်သိန်းကြွယ်၏အမေးကို ပြန်မဖြေသေးဘဲ ဂါထာသာဆက်ရွတ်
နေ၏။ ဂါထာရွတ်ဆိုပြီးမှ လှည့်လာကာဖြေသည်။
" ညနေ ၅နာရီ "
ဒေါ်သိန်းကြွယ်တို့မှာ နာရီကိုလှမ်းကြည့်လိုက်သည့်အခါ ၄နာရီကျော်
နေချေပြီ။
" အချိန်နီးနေပြီ... မကြီး "
" အင်း... လှကြည်မြင့်... ဝါးခြမ်းတွေစည်းချ... ''
ဒေါ်ငြိမ်းမယ်ကလုပ်ငန်းစရန်စတင်နေပြီဖြစ်သဖြင့် ဒေါ်သိန်းကြွယ် နှင့်
သူ၏တပည့်မသည် ဝါးခြမ်းများကိုစည်းဝိုင်းချလိုက်လေသည်။ ဝါးခြမ်း
ချောင်းများအား သွပ်နန်းကြိုးဖြင့်ပူးချည်ပြီး ခြံခတ်သကဲ့သို့ရစ်ဝိုင်း
လိုက်ရာ ထိုစည်းဝိုင်းထဲလူ ၅ယောက်ခန့်ဝင်ထိုင်၍ရသွားသည်။ ထို့
နောက် ဒေါ်ငြိမ်းမယ်က ငှက်ပျောဖက်ပေါ်တွင်ထမင်းပူပူတစ်ပုံပုံလိုက်
ပြီး ထိုအပေါ်၌ အမဲနှလုံးကိုတင်လိုက်သည်။ ပြီးနောက် စည်းဝိုင်းချ
ထားရာအပြင်ဖက်ရှိ ခွေးခြေခုံပုလေးပေါ်သို့တင်ကာ ဖယောင်းတိုင်
တစ်တိုင်အားအဆင်သင့်ချထားလေသည်။
" ကျွန်မဘာကူပေးရမလဲ "
ပညာရပ်များကိုနားမလည်သော်ငြား အလုပ်ရှုပ်နေကြဟန်ရှိသဖြင့်
ဘေး၌ရပ်ကြည့်နေသည့်မြယွန်းသွယ်က မေးလိုက်သည်။
" စည်းဝိုင်းထဲပဲ ဝင်ထိုင်နေ...ဘာမှမလုပ်နဲ့ "
ဒေါ်သိန်းကြွယ်ကပြန်လည်ဖြေရင်း ညွှန်ကြားလိုက်၏။ မြယွန်းသွယ်
လည်းစည်းဝိုင်းတွင်းသို့ဝင်ထိုင်ကာ ၎င်းတို့ပြုလုပ်နေသည်များအား
ငေးမောကြည့်နေတော့သည်။
" ကဲ...အားလုံးပြင်ဆင်ပြီးပြီ... ငါတို့လည်းစည်းဝိုင်းထဲဝင်မယ်...
ငြိမ်းမယ်နဲ့သိန်းကြွယ် တဲ့ဟေ့... ''
ဒေါ်ငြိမ်းမယ်မှာ ညာသံပေးနေသကဲ့သို့ အော်ပြောလိုက်ပြီး စည်းဝိုင်း
ထဲမှနေ၍ နာရီကိုလှမ်းကြည့်လိုက်သည့်အခါ ၅နာရီထိုးနေပြီဖြစ်သည်။
ဒေါ်သိန်းကြွယ်က မြယွန်းသွယ်၏ ဘယ်ဖက်လက်တွင် ချည်ကြိုးအနီ
လေးအားချည်ပေးရင်း စည်းဝိုင်းထောင့်ရှိတိုင်အားမှီထားစေကာ
စလင်းကျောက်လေးကိုအသင့်ကိုင်ထားခိုင်းလေသည်။ အားလုံး
အဆင်သင့်ဖြစ်နေရန်စီမံပြီးကြောင်း ဒေါ်ငြိမ်းမယ်ကိုပြောလိုက်သည်။
ထို့ကြောင့် စည်းဝိုင်းအပြင်ရှိ ခွေးခြေခုံလေးသို့လက်နှစ်ဖက်ထုတ်ကာ
ဖယောင်းတိုင်ကိုထွန်းညှိလိုက်၏။ နှုတ်မှလည်းဂါထာရွတ်ဆိုနေသည်။
ထိုအခါ အခန်းထဲရှိ အမွှေးတိုင်အငွေ့များသာမက အခြားအငွေ့များပါ
တိုးဝင်လာပြီး ခွေးခြေခုံဘေးတွင် ဂျိုနှစ်ချောင်းနှင့်မကောင်းဆိုးရွားမှာ
ရုတ်တရက်ပေါ်လာတော့သည်။ ပေါ်လာသည်နှင့် ဒေါ်ငြိမ်းမယ်၏လက်
နှစ်ဖက်အားဖမ်းဆုပ်ကိုင်ထားသည်မှာမလွတ်ပေးချေ။
" နင်တို့ကငါ့ကို စမ်းတာလား "
ကြောက်မက်ဖွယ်အဆင်းသဏ္ဍာန်နှင့်အတူ အသံနက်ကြီးဖြင့်ပေါ်
လာသောကြောင့် အားလုံးကြောက်အားလန့်အားအော်ဟစ်ပစ်လိုက်
မိကွ၏။
" သိန်းကြွယ်...ကလေးမလေးကို လွှတ်ပေးလိုက်တော့ "
ဒေါ်ငြိမ်းမယ်ကပြောပြောဆိုဆိုဖြင့် ဂါထာကိုရွတ်ဆိုလိုက်သည့်အခါ
အမဲနှလုံးဆီမှ အငွေ့များထွက်လာခဲ့လေသည်။ ထိုအခါ ဂျိုနှစ်ချောင်း
မကောင်းဆိုးရွားသည် အနံ့ကြောင့်မခံနိုင်တော့ဘဲ ဆွဲကိုင်ထားသည့်
လက်ကိုလွှတ်ချကာ အမဲနှလုံးကိုလှမ်းယူစားသောက်ပစ်လေ၏။
ဒေါ်ငြိမ်းမယ်ကလည်းလက်ကိုအထဲသို့အမြန်သွင်းပြီး မြယွန်းသွယ်ကို
လှမ်းကြည့်လိုက်သည်။ မြယွန်းသွယ်မှာ ဝိဉာဉ်လွင့်နေပြီဖြစ်၍ ငြိမ်
သကျနလေ၏။
" သိန်းကြွယ်... စမယ်ဟေ့ "
ဒေါ်ငြိမ်းမယ်ကထိုသို့ပြောသည့်အခါ ဒေါ်သိန်းကြွယ်လည်း ခေါင်းငြိမ့်
ပြပြီး ဂါထာကြီးတစ်ပုဒ်ကို ၂ယောက်သံပြိုင်ရွတ်ဆိုလိုက်သည်။ ထို
အခါ အမဲနှလုံးတွင်းထိုးထည့်ထားသည့် အင်းစက္ကူမှာအစွမ်းပြလာခဲ့
ချေသည်။ ဂျိုနှစ်ချောင်းမကောင်းဆိုးရွားကြီးမှာ အသံနက်ကြီးဖြင့်
အော်ဟစ်ရင်း ဗိုက်ကိုဖိထားသည်။ ဒေါသကြောင့်သူ၏မျက်လုံးနှစ်
ဖက်ကရဲရဲတောက်နေ၏။
" နင်ဖမ်းထားတဲ့ ကောင်လေးကိုလွတ်ပေးရမယ်... သူကနင့်ဘုံမှာ
နေရမယ့်သူမဟုတ်ဘူး "
" မလွတ်ဘူး... ငါခေါ်ချင်လို့ခေါ်ထားတာ "
" ဒီလောက်ပြောရခက်နေတာ... ငြိမ်းမယ်နဲ့သိန်းကြွယ် အကြောင်း
သိရစေ့မယ်ဟဲ့ ''
၎င်းတို့နှစ်ယောက်သည် ဂါထာအားဆက်လက်ရွတ်ဆိုလိုက်သည့်
အခါ ဂျိုနှစ်ချောင်းမကောင်းဆိုးရွားကြီးမှာ မခံနိုင်တော့ဘဲ ကြမ်းပေါ်
၌လူးလှိမ့်နေတော့သည်။ တစ်ဖက်တွင် မိုင်တိုင် ( ၁၂၈ )သို့ရောက်
နေသည့် မြယွန်းသွယ်မှာ ခင်ပွန်းဖြစ်သူကို တစာစာအော်ခေါ်ရင်း
ရှာဖွေနေသည်။ သို့သော်မည်သို့ပင်ရှာရှာ မတွေ့ချေ။ သူမ၌အချိန်
သိပ်မရ။ ထို့ကြောင့်ရင်တစ်ခုလုံးပူလောင်လာသည်။ အချိန်မှီရှာ
တွေ့မှသာ ကယ်တင်နိုင်မည်မဟုတ်ပေလော။ တနေရာသို့အရောက်
တွင် သစ်ပင်ကြီးခြေရင်း၌ ခင်ပွန်းသည်ဝတ်ဆင်နေကြ ရှပ် အင်္ကျီ
အစိမ်းလေးနှင့်သတ္တဝါတစ်ကောင်အားတွေ့လိုက်သည်။
ထိတ်လန့်စွာဖြင့် ချဉ်းကပ်သွားသည့်အခါ ထိုမကောင်းဆိုးရွားပုံသတ္တဝါတစ်ပိုင်းလူတစ်ပိုင်းသည် မြယွန်းသွယ်ဖက်သို့လှည့်ကြည့်လာ၏။
သူမစိတ်ထဲဇဝေဇဝါဖြစ်ကာ ကြောင်ကြည့်နေမိသည်။ ဝတ်ပုံစားပုံက
သူရထက်ဝင်းနှင့်တပုံစံတည်းပင်။ ဘုရားတမိလိုက်၏။ သူရထက်ဝင်း
မှာမကောင်းဆိုးရွားပုံသဏ္ဍာန်ပြောင်းနေချေပြီ။
" ယွန်း... ဘာလို့ထပ်လာတာလဲ "
သူရထက်ဝင်းက အသိစိတ်ပျောက်နေပုံမရဘဲ မှတ်မိနေသေးသည်။
" ဘယ်လိုဖြစ်ရတာလဲ... မောင်ရယ်...နေ့လည်က ဒီပုံစံမဟုတ်ပါ
ဘူး "
" ဟိုအကောင်ကြီးလုပ်သွားတာ...မောင့်ရုပ်သွင်ပြင်ကိုသူပြောင်း
ပစ်တာယွန်း... ''
" ဘုရား...ဘုရား... သူကဘယ်လိုအစွမ်းရှိတာလဲ ''
သူရထက်ဝင်းမှာ ဝမ်းနည်းစွာရှိုက်ငိုလာသည်။
" မောင်ဘာမှမသိဘူး... သူကမကောင်းဆိုးရွားကောင်ကြီးပဲ...
မောင်တို့အားလုံးကိုသူထိန်းချုပ်နေတာ...ကားတစ်စီး ဆိုင်ကယ်
တစ်စီးဖြတ်သွားလို့သူခေါ်ချင်တဲ့သူဆို မောင်တို့က ကားမှောက်
အောင် ဆိုင်ကယ်မှောက်အောင်လုပ်ပေးရတယ်... ''
" ဒါတွေနောက်မှပြောတော့မောင်... ယွန်းတို့မှာအချိန်မရဘူး...
ဒီကနေမြန်မြန်ထွက်ရအောင်... နော် ''
" မောင် သွားလို့မရတော့ဘူး... ခုယွန်းနဲ့လိုက်ရင်လည်း နောက်ရက်
ကူးတာနဲ့မောင့်စိတ်တွေခုလိုမဖြစ်ဘဲ မကောင်းဆိုးရွား စိတ်ဝင်လာ
တော့မှာ...ကိုယ့်ကိုကိုယ်တောင်မှတ်မိတော့မှာမဟုတ်ဘူး...အဲ့ဒီစိတ်
နဲ့ဘာတွေလုပ်မိမလဲမပြောနိုင်ဘူး...ယွန်းပြန်ပါတော့နော်... မောင့်
ကိုထားခဲ့ပါ...ခုလိုတွေ့ရတာပဲမောင်ကျေနပ်ပါပြီ "
" ဟင့်အင်း...မထားခဲ့နိုင်ဘူးမောင်...လိုက်ခဲ့ရမယ် "
မြယွန်းသွယ်မှာ မကောင်းဆိုးရွား တစ်ပိုင်းဖြစ်နေသည့်သူရထက်ဝင်း
၏လက်ကိုအတင်းဆွဲကာ ချည်ကြိုးအနီလေးအတိုင်းပြန်လာခဲ့သည်။
၎င်းတို့နှစ်ယောက်ဘေးတွင် ပုံဆိုးပန်းဆိုးမကောင်းဆိုးရွားများက
တအုံတမကြီးလိုက်ပါလာနေသဖြင့် မြယွန်းသွယ်ကြံရာမရဖြစ်ကာ
ဇောချွေးများပင်ပျံလာရ၏။
" ပါးစပ်ပိတ်ထားကြစမ်း "
ဒေါ်သိန်းကြွယ်နှင့် ဒေါ်ငြိမ်းမယ်တို့အား ဂျိုနှစ်ချောင်းမကောင်းဆိုးရွား
ကြီးသည်အော်ဟစ်ကာပြောနေသည်။
" ငါတို့လူကိုလွှတ်ပေးရင် နင့်ကိုဘာမှဒုက္ခမပေးဘူးလို့ကတိပေး
တယ် "
" နင်တို့ကိုပါငါခေါ်သွားရမလား... အခုရပ်စမ်း "
ဂျိုနှစ်ချောင်းမကောင်းဆိုးရွားကြီးမှာ အလွန်ဒေါသထွက်နေဟန်ရပြီး
သူ့ဗိုက်ကိုနှိပ်ကာနှိပ်ကာဖြင့်လုပ်လာသည်။ ထို့နောက် ' ဝေါ့ကန'
အန်ချလိုက်သည့်အခါ အမဲနှလုံးကြီးက မည်းပုပ်ကာပြန်ထွက်လာ
လေသည်။ နတ်ဝင်သည်တို့မှာ မျက်စိမျက်နှာပျက်ယွင်းသွားပြီး
တစ်ယောပ်မျက်နှာတစ်ယောက်ကြည့်မိလိုက်ကြ၏။
" လုပ်လေ... ဆက်ရွတ်ပါဦး "
ဂျိုနှစ်ချောင်းမကောင်းဆိုးရွားက ပြောရင်းဒေါသတကြီးဖြင့် စည်းဝိုင်း
ကြီးအား အားဖြင့်ဆောင့်တွန်းလိုက်သည်။ ဝါးခြမ်းစည်းကြီးမှာသူတခါ
တွန်းလိုက်တိုင်း ယိုင်နဲ့နဲ့ ဖြစ်သွားရချေပြီ။ ထပ်ခါထပ်ခါဆောင့်တွန်း
နေသည့်အခါ ဝါးခြမ်းအချို့မှာ ဂျွတ်ကနဲ အသံမြည်လာသည်။ ကြာ
ရှည်စွာတောင့်ခံထားနိုင်တော့မည်မဟုတ်ချေ။
" သိန်းကြွယ်... သလင်းကျောက်ပေးစမ်း "
ဒေါ်သိန်းကြွယ်မှာလည်းအထိတ်ထိတ်အလန့်လန့်ဖြင့် သလင်းကျောက်
ကိုယူမည့်ဟန်ပြင်စဉ် မြယွန်းသွယ်ရင်ဘတ်ပေါ်မှကျောက်သည်စိမ်း
ဖန့်ဖန့်အရောင်သန်းလာနေသဖြင့် မယူဖြစ်တော့။
" မြယွန်းသွယ်ပြန်လာပြီထင်တယ် "
ဒေါ်ငြိမ်းမယ်က သလင်းကျောက်ကိုလှည့်ကြည့်လိုက်သလို ဂျိုနှစ်
ချောင်းမကောင်းဆိုးရွားကလည်း လှမ်းကြည့်လာသည်။ ဒေါ်သိန်း
ကြွယ်တို့မှာ အလွန်ထိတ်လန့်သွားပြီး စည်းဝိုင်းကိုပြန်တွန်းထား
တော့၏။
" ဟီး...ဟီး...ဟီး...ဟီး...ဟီး "
ဂျိုနှစ်ချောင်းမကောင်းဆိုးရွား၏ရယ်သံမှာ ကျောချမ်းဖွယ်အတိဖြစ်
သဖြင့် နတ်ဝင်သည်၂ယောက်နှင့် တပည့်ဖြစ်သူတို့မှာ ကြက်သီး
တဖြန်းဖြန်းထလာရသည်။
" မြယွန်းသွယ် ရောက်ပြီလား "
ဒေါ်ငြိမ်းမယ် ကစိတ်လှုပ်ရှားစွာမေးနေသည်။ နတ်ဝင်သည်တပည့်
က မြယွန်းသွယ်ထံကြည့်လိုက်သည့်အခါ လူးလွန့်နေသကဲ့သို့တွေ့
ရသဖြင့် အနားသို့တိုးကပ်ကြည့်လိုက်သည်။
" မောင်...ဒီအငွေ့အစိမ်းတွေနောက်လိုက်မျောပါသွားလိုက်... ယွန်း
ကချည်ကြိုးနောက်လိုက်မယ်... "
မြယွန်းသွယ်သည် တုန်ယင်နေသောအသံဖြင့်ပြောနေ၏။ သူမတို့
ဘေး၌ထပ်ချပ်မကွာလိုက်ပါလာကြသည့် မကောင်းဆိုးရွားများက
ကြောက်မက်ဖွယ်ကောင်းနေ၍ဖြစ်သည်။ သူရထက်ဝင်းလည်း ပြော
သည့်အတိုင်း အစိမ်းငွေ့များထံမျောလွှင့်ပါသွားလေ၏။ မြယွန်းသွယ်
မှာ ချည်ကြိုးအားတင်းတင်းဆုပ်ကိုင်ရင်း အမြန်ပြေးလိုက်သည်။
ချည်ကြိုးအဆုံးသို့ရောက်လာ၏။ သို့သော် သူ၏မူလခန္ဓာကိုယ်ကို
မတွေ့ရှိဘဲဖြစ်နေပြီး မိုင်တိုင် ၁၂၈ အနီးတွင်သာ တဝဲလည်လည်ပြန်
ရောက်လာနေတော့သည်။
" နင်ကလူစားလာလဲတော့လည်း ခေါ်ထားရတော့မှာပေါ့ "
မြယွန်းသွယ်၏ ဘေးမှမကောင်းဆိုးရွားများက အေးစက်စက်အသံ
ဖြင့်ပြောလာသည့်အခါ မြယွန်းသွယ်အတော်ထိတ်လန့်သွားရတော့
သည်။ သူရထက်ဝင်း၏ဝိဉာဉ်လွတ်မြောက်စေရန် သူမဝိဉာဉ်အား
စတေးရခြင်းလားဟု တွေးမိပြီး ယခုကဲ့သို့ဘုံဘဝတွင်နေရမည်ကို
တုန်လှုပ်သွားမိလေတော့သည်။
" ဆရာမ...သမီးကိုကယ်ပါဦး ''
ငိုမဲ့မဲ့ဖြင့် နတ်ဝင်သည်ကိုတောင့်တမိလိုက်တော့သည်။
" မြယွန်းသွယ်... မြန်မြန်ပြန်လာတော့ ''
စည်းဝိုင်းထဲမှ ဒေါ်ငြိမ်းမယ်နှင့် ဒေါ်သိန်းကြွယ်တို့ကအော်ခေါ်နေ
သည်။ သူတို့ကြာကြာတောင့်မခံနိုင်တော့။ နတ်ဝင်သည်၏တပည့်
က သလင်းကျောက်ကိုထိကိုင်ထားပြီး ဂါထာရွတ်ဆိုလိုက်သည့်အခါ
သလင်းကျောက်မှာပို၍လင်းလာတော့သည်။ဂျိုနှစ်ချောင်းမကောင်းဆိုးရွား သည်အားအလွန်ကြီးလာပြီး ဒေါသတကြီးဖြင့်ဝါးခြမ်းများကို
အားကုန်ဆောင့်တွန်းပစ်လိုက်၏။ထိုစဉ် ဖြောင်းကနဲအသံနှင့်အတူ
ဝါးခြမ်းအချို့ကျိုးသွားကာ စည်းဝိုင်းကြီးမှာ စည်းပျက်သွားလေတော့
သည်။ စည်းကျိုးကျသွားသည်နှင့် ဂျိုနှစ်ချောင်းမကောင်းဆိုးရွား မှာ
စည်းဝိုင်းအတွင်းသို့ခုန်ဝင်လာ၏။ အော်သံများဖြင့် ဆူညံသွားသည့်
အချိန် ဒေါ်ငြိမ်းမယ်သည် မြယွန်းသွယ်၏ရင်ဘတ်ပေါ်မှ စလင်းကျောက် ကိုအမြန်လှမ်းယူပြီး ဂျိုနှစ်ချောင်းမကောင်းဆိုးရွား၏ နဖူးပေါ်သို့
ကပ်ပစ်လိုက်တော့သည်။
ထိုအခါ အသံနက်ကြီးက ကျယ်လောင်စွာထွက်ပေါ်လာပြီး ဂျိူနှစ်
ချောင်းမကောင်းဆိုးရွားကလည်း စလင်းကျောက်တွင်းသို့ဝင်ရောက်
သွားသည်နှင့် ဒေါ်ငြိမ်းမယ်လည်း မေ့မျောသွားလေသည်။ ဒေါ်သိန်း
ကြွယ်မှာအလွန်တုန်လှုပ်စွာနှင့်ကြည့်နေစဉ် မြယွန်းသွယ်၏ဝိဉာဉ်
လည်းရောက်နေပြီဖြစ်ရာ ထထိုင်ရင်းမေးသည်။
" ကျွန်မယောကျာ်းရောက်လာပြီလား...မောင့်ကိုတွေ့မိလားဆရာမ"
ဒေါ်သိန်းကြွယ်ကကြောင်တောင်တောင်နှင့်ပြန်ကြည့်လိုက်သည့်
အခါ သူမ၏တပည့်ဖြစ်သူမှာ တဟီးဟီးရယ်မောရင်း ထရပ်လိုက်
သဖြင့် ထိတ်လန့်သွားကြလေတော့၏။
ဆက်လက်ဖော်ပြပါမည်။
သော်တာလမင်းစန္ဒာ
#lotaya_shortstory
အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။