(၁၂) ရာသီခွင်ဖွားများအတွက် တစ်လစာဗေဒင်ဟောစာတမ်း (စက်တင်ဘာ ၊ ၂၀၂၀)
lotaya.mpt.com.mm
|
2020-09-01

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - ယခုလထဲတွင် အလုပ်အကိုင်၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အပြောင်းအလဲကြီးများ စတင် ဖြစ်တည်လာနိုင်သည်။ စက်တင်ဘာလဆန်းတွင် လူမှုကိစ္စ အရှုပ်အရှင်းများ၊ စပ်တူရှယ်ယာ အငြင်းပွားမှုများ၊ ငွေကြေး အပေးအယူ ပြဿနာများ ဖြစ်တတ်သော်လည်း နောက်ပိုင်းတွင် ပြန်ပြေလည်သွားမည်။ စက်တင်ဘာ ဒုတိယပတ်မှ စ၍ မိမိ လုပ်နေကျအလုပ်များတွင် အမှားအယွင်းများမည်။ စိတ်မြန်လက်မြန် ဒေါသထွက်လွယ်၊ ဆုံးဖြတ်လွယ်ခြင်းကို သတိထားဆင်ခြင်ရမည်။ လနှောင်းပိုင်းတွင် အခက်အခဲများ ပြေပျောက်သွားလိမ့်မည်။

မေတ္တာရေးရာ - တစ်လတာလုံးတွင် ချစ်ခင်စုံမက်ရသူများနှင့် ပျော်ရွှင်စရာများ ဖန်တီးနိုင်မည်။ စန်းပွင့်လာပြီး အပျော်အပါးလည်း များလာမည်။ လဆန်းရက်တွင် အဆင်မပြေ ဖြစ်နိုင်ပြီး လလယ်ပိုင်းတွင် နောက်ထပ်တစ်ခါ ပြဿနာ ဖြစ်တတ်သည်မှအပ တစ်လလုံးတွင် ပျော်ရွှင်ကျေနပ်စရာများ ပြည့်နှက်နေလိမ့်မည်။

အခြားကဏ္ဍများ - ကျန်းမာရေးပြဿနာ ကြီးကြီးမားမား မရှိနိုင်သော်လည်း လျစ်လျူရှု ပစ်ထားမိသော ရောဂါ ဝေဒနာများ ပြန်ထလာနိုင်သည်။ အလျင်စလို သုတ်သီးသုတ်ပြာ လုပ်တတ်သည့် စရိုက်ကို ခဏ ရှောင်ထားပါ။ သု့ိမဟုတ်ပါက လူသာ ပင်ပန်းသွားလိမ့်မည်။ ပတ်ဝန်းကျင်တွင် ယုံကြည်၍ မရသောသူ ရှိမည်။ နောက်ကျော ဓားနှင့်ထိုးခံရသည့် အဖြစ်မျိုး ရှိတတ်သည်။ ငွေကြေးကိစ္စတွင် စွန့်စွန့်စားစား ကြိုးပမ်း၍ ပွပေါက်တိုးလိမ့်မည်။

နေ့ကောင်းရက်သာ - စက်တင်ဘာလအတွင်း အင်္ဂလိပ်လို ၅ ၊ ၆ ၊ ၇ ၊ ၈ ၊ ၁၂ ၊ ၁၄ ၊ ၁၅ ၊ ၂၂ ၊ ၂၅ ၊ ၂၇ ၊ ၂၈ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - လဆန်းရက်များတွင် ကိုယ်ရေးကိုယ်တာ ပြဿနာများနှင့် လုံးထွေးနေ၍ အလုပ်အကိုင်ဘက် အာရုံ နည်းနေတတ်သည်။ သို့သော် ဒုတိယပတ်အစတွင် အခြေအနေကောင်းများ ဖြစ်ပေါ်လာပြီး စီးပွားရေးကံ အကောင်းဘက် ဦးတည်လာလိမ့်မည်။ လကုန်ပိုင်းရက်များတွင် လုပ်ငန်း အပြောင်းအလဲ ဖြစ်ပေါ်လာတတ်ပြီး အကြောင်းမျိုးစုံဖြင့် ရပ်နားထားသော၊ နှေးကွေးနေသော စီးပွားရေးများ တဖန် လှုပ်ရှားလည်ပတ်လာနိုင်မည်။

မေတ္တာရေးရာ - ဒုတိယပတ်မှ စတင်၍ နှလုံးသားရေး၊ လက်တွဲဖော်ကိစ္စများတွင် အချင်းချင်းကြား ပြဿနာများ ဖြစ်လွယ်လာနိုင်သည်။ သည်းမခံနိုင်စရာများ ပြန်ပေါ်လာပြီး တကျက်ကျက်နှင့် ဆူဆူပူပူ ဖြစ်တတ်သည်။ စိတ် လျှော့ ၊ သည်းညည်းခံ၍ ဆက်သွားသင့်ပြီး လကုန်ပိုင်းတွင်မူ ချစ်ရေးချစ်ရာများ တစ်စတစ်စ ပြန်ကောင်းမည်။

အခြားကဏ္ဍများ - ယခုလ ဝင်ဝင်ချင်းရက်များတွင် လူမှုဆက်ဆံရေး ပဋိပက္ခများ ဖြစ်တတ်သည်။ လူအများနှင့် ဆန့်ကျင်ကွဲလွဲပြီး တစ်ဦးတည်း အထီးကျန်သလို ဖြစ်နေမည်။ အများနှင့် ရောနှော ဆက်ဆံမိလျှင် ပြဿနာ ဖြစ်လွယ်တတ်သည်။ အထူးသဖြင့် စက်တင်ဘာ ၉ ရက်မှ စတင်၍ အများနှင့် သိပ်မရောဘဲ တစ်ကိုယ်တော် နေထိုင်သင့်သည်။ လလယ်ပိုင်းတွင် မိသားစုအတွင်း ပျော်ရွှင်စရာများ ပေါ်လာမည်။ ကျန်းမာရေး သင့်မည်။

နေ့ကောင်းရက်သာ - စက်တင်ဘာလအတွင်း အင်္ဂလိပ်လို ၄ ၊ ၆ ၊ ၇ ၊ ၈ ၊ ၁၀ ၊ ၁၂ ၊ ၁၃ ၊ ၁၆ ၊ ၁၇ ၊ ၂၆ ၊ ၂၇ ၊ ၃၀ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - စက်တင်ဘာလဆန်းရက်များတွင် အလုပ်အကိုင်အရေး၊ ငွေရေးကြေးရေးတို့နှင့် ပတ်သက်၍ စိတ်ပူပန် သောကများ ဖြစ်ပွားတတ်သည်။ ကြွေးမြီကိစ္စ၊ ငွေအပေးအယူကိစ္စများ ခက်ခဲကျပ်တည်းတတ်သည်။ မိသားစုအတွင်း ငွေကြေးအပူ များတတ်သည်။ သို့သော် ယင်းအခြေအနေများမှာ ဒုတိယပတ်ထဲတွင် ပြေလည် ရှင်းလင်းနိုင်လိမ့်မည်။ ယခုလလယ်မှ စ၍ လုပ်ငန်းစီးပွားကံဇာတာအကောင်းဘက် ဦးတည်လာရန်ရှိနေသည်။

မေတ္တာရေးရာ - ယေဘုယျအားဖြင့် ယခုလနှလုံးသားရေးရာ ကံဇာတာမှာ အဆိုးဘက်ကို အလေးသာနေသည်။ အထူးသဖြင့် ဒုတိယပတ်မှ စ၍ လူငယ်ကဏ္ဍ အပျော်အပါး၊ အချစ်ရေးကိစ္စများတွင် စကားမှား၊ ကတိပျက်ခြင်း၊ အလိမ်အညာများ ကြုံရခြင်းတို့ ဖြစ်တတ်သည်။ အိမ်ထောင်ရှင်များအတွက်မူ နားလည်မှုများ ပြန်ရလိမ့်မည်။

အခြားကဏ္ဍများ - ယခုလတွင် အကျိုးအမြတ်ရှိပြီး ပျော်စရာလည်း ကောင်းသော ခရီးများ သွားလာရနိုင်သည်။ မိတ်ဆွေအပေါင်းအသင်းကဏ္ဍတွင်မူ စိတ်အခန့်မသင့်စရာများ ဖြစ်လွယ်နေမည်။ မည်သို့ဆိုစေ လနှောင်းပိုင်း ရက်များတွင် အခြေအနေအရပ်ရပ် အကောင်းဘက် ရောက်လာမည်။ ပျော်ပွဲရွှင်ပွဲ အသွားအလာများလာမည်။

နေ့ကောင်းရက်သာ - စက်တင်ဘာလအတွင်း အင်္ဂလိပ်လို ၁ ၊ ၃ ၊ ၇ ၊ ၈ ၊ ၉ ၊ ၁၁ ၊ ၁၅ ၊ ၁၉ ၊ ၂၆ ၊ ၂၈ ၊ ၂၉ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - စက်တင်ဘာ ဒုတိယပတ်မှ စတင်၍ အလုပ်အကိုင်၊ စီးပွားရေးကိစ္စများအားလုံးကို သတိထား လုပ်ဆောင်ရမည်။ စိတ်သွားသလောက် ကိုယ်မပါနိုင်ဘဲ အလုပ်ခွင်ထဲတွင် စိတ်တိုဒေါသထွက်စရာများလည်း ပေါ်ပေါက်လာနိုင်သည်။ လုပ်နေသော စီးပွားကိစ္စများ ရှေ့မရောက်ဘဲ နောက်ပြန်ဆုတ်ရမည့် အခြေအနေနှင့် ရင်ဆိုင်ရတတ်သည်။ လုပ်ငန်းချဲ့ဖို့ထက် ရှိရင်းစွဲအလုပ်ကို အရှိန်လျှော့ကာ ပြန်လှန်သုံးသပ်လေ့လာရမည်။ အလုပ်ကံ အားနည်းသော်လည်း တစ်လလုံး ငွေကြေး၊ ဘဏ္ဍာရေးအခြေအနေမှာ သင့်တင့်ကောင်းမွန်မည်။

မေတ္တာရေးရာ - လစစချင်း ရက်များတွင် အချစ်ရေး၊ အိမ်ထောင်ရေး ပြဿနာများ ဖြစ်ပွားလာတတ်သည်။ အချင်းချင်း နားလည်မှု လွဲ၍ အကြီးအကျယ် အငြင်းပွားရမည်။ နောက်ပိုင်းတွင်မူ အေးချမ်းမှု ပြန်ရလိမ့်မည်။

အခြားကဏ္ဍများ - မိသားစုအိမ်တွင်းရေးကိစ္စများကို ဒုတိယပတ်အတွင်း စတင် အာရုံစိုက်အချိန်ပေးလာရမည်။ မိသားစုထဲတွင် အမြင်မတူ၊ ကွဲလွဲမှုကြောင့် အခြေအတင် ဖြစ်ရတတ်သည်။ ယခုလတွင် မိမိနှင့် ဆက်ဆံရသူ အားလုံးအပေါ် အပြန်အလှန် နားလည်မှု ထားနိုင်ရန်လိုသည်။ အရေးမပါသောကိစ္စကို ပြဿနာမဖြစ်မခံပါနှင့်။

နေ့ကောင်းရက်သာ - စက်တင်ဘာလအတွင်း အင်္ဂလိပ်လို ၁ ၊ ၃ ၊ ၇ ၊ ၈ ၊ ၉ ၊ ၁၂ ၊ ၁၃ ၊ ၁၄ ၊ ၂၀ ၊ ၂၁ ၊ ၃၀ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - တစ်လလုံးတွင် အများအားဖြင့် အလုပ်အကိုင်၊ အသက်မွေးဝမ်းကျောင်းကိစ္စများ ပုံမှန်အတိုင်း လည်ပတ်နိုင်မည်။ သာမန်ထက် ထူးသော အခြေအနေကောင်းတချို့လည်း ဖြစ်ပေါ်လာတတ်သည်။ သို့သော် ၁၀ ရက်နေ့ဝန်းကျင်တွင် ငွေကြေးကိစ္စ မပြေမလည် ဖြစ်တတ်သည်။ စိတ်ပျက်စရာများ ဖြစ်ပေါ်လာနိုင်သည်။ အသုံးအစွဲ ပိုများလာတတ်သလို ကြံဖန်ကုန်စရာလည်း ရှိလာလိမ့်မည်။ လနှောင်းပိုင်းတွင်မှ အဆင်ပြေမည်။

မေတ္တာရေးရာ - လလယ်ပိုင်းရက်များတွင် မထင်မှတ်သော ပြဿနာများ ဖြစ်တတ်သည်မှအပ တစ်လတာလုံး ချစ်ရေးချစ်ရာ၊ အိမ်ထောင်မှုကိစ္စများ အဆင်ပြေသာယာလိမ့်မည်။ စန်းပွင့်၊ မျက်နှာပွင့်သလိုလည်း ဖြစ်နေမည်။

အခြားကဏ္ဍများ - လအစရက်များတွင် ကိုယ်ကျိုးထက် အများအကျိုးချည်း လုပ်နေရမည်။ သူတပါးကိစ္စများ၌ ထဲထဲဝင်ဝင် ပတ်သက်ရတတ်ပြီး ကိုယ့်အကျိုးအတွက် မလုပ်နိုင်လောက်အောင် ဖြစ်မည်။ သူများကိစ္စအတွက် အချိန်ကုန်လူပန်း ဖြစ်မည်။ ပညာရေးလမ်း လိုက်နေဆဲသူများ ယခုလမှ စ၍ ဘေးကျပ်နံကျပ် ဖြစ်တတ်သည်။ လလယ်ပိုင်း၌ အပြောအဆို သတိထးရမည်။ မိသားစုရေးကိစ္စများ လနှောင်းပိုင်းတွင်မှ စိတ်ချလက်ချ ဖြစ်မည်။

နေ့ကောင်းရက်သာ - စက်တင်ဘာလအတွင်း အင်္ဂလိပ်လို ၁ ၊ ၃ ၊ ၈ ၊ ၉ ၊ ၁၃ ၊ ၁၄ ၊ ၁၅ ၊ ၁၆ ၊ ၂၂ ၊ ၂၃ ၊ ၂၅ ၊ ၂၆ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - အလုပ်အကိုင်၊ စီးပွားရေးကံ အားနည်းခက်ခဲနိုင်သောလ ဖြစ်သည်။ အလုပ်ထဲတွင် အငြင်းပွား ဖြေရှင်းရသည်များ၊အတိုက်အခိုက်များ၊ ပဋိပက္ခများ ခါတိုင်းထက် ထင်ရှားစွာ ပေါ်ပေါက်လာတတ်သည်။ ခေါင်း ပူ၊ စိတ်ရှုပ်စရာ၊ တာဝန်ခံဖြေရှင်းစရာများလည်း မကြာခဏ ဖြစ်လာနိုင်ပြီး လနှောင်းပိုင်းတွင်မှ အခြေအနေများ ပြန်ကောင်းလာလိမ့်မည်။ စာရင်းဇယား မှားယွင်းမှုနှင့် အလိမ်အညာ အလှည့်အပတ်များကို သတိထားရမည်။

မေတ္တာရေးရာ - လအတန်ကြာ ညှိနှိုင်းမရခဲ့သောကိစ္စများကို နှစ်ဦးသား နားလည်မှု ယူ၍ ဖြေရှင်းလာနိုင်မည်။ အဆင်မပြေ၊ ဝေ့လည်နေသော ပြဿနာတို့ အဆုံးသတ်သွားမည်။ ကိုယ့်အတ္တမာန်မာနကို လျှော့ချထားရမည်။

အခြားကဏ္ဍများ - လဆန်းရက်များတွင် မိမိကိုယ်ကို စိတ်တိုင်းမကျခြင်း၊ အလကားနေ စိတ်ရှုပ်စိတ်တိုနေခြင်း၊ အများနှင့် ဆက်ဆံရေး မပြေလည်ခြင်းတို့ ဖြစ်ပွားတတ်သည်။ ပထမပတ်ကုန်တော့မှ အခြေအနေအားလုံး ပြန် ကောင်းလာလိမ့်မည်။ ကျန်းမာရေးတွင် မတော်တဆ ထိခိုက်ဒဏ်ရာ ဖြစ်တတ်ပြီး အာရုံကြော အားနည်းခြင်း၊ ပင်ပန်းလွယ်စိတ်တိုလွယ်ခြင်းတို့ကို ခံစားရမည်။ အတွေးများလေ အပူများလေ ဖြစ်၍ ခပ်ရှင်းရှင်းနေကြည့်ပါ။

နေ့ကောင်းရက်သာ - စက်တင်ဘာလအတွင်း အင်္ဂလိပ်လို ၁ ၊ ၇ ၊ ၈ ၊ ၁၅ ၊ ၁၉ ၊ ၂၄ ၊ ၂၅ ၊ ၂၆ ၊ ၂၈ ၊ ၂၉ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - လဆန်းရက်များတွင် အလုပ်အကိုင်၊ စီးပွားရေး ခက်ခဲပင်ပန်းမှုတို့ ဖြစ်တတ်ပြီး ကြိုးစားမှုရလဒ် နှင့် ဝေးကွာတတ်သည်။ ကိုယ်တိုင်က တွေဝေလက်နှေးနေခြင်း၊ မလိုအပ်ဘဲ အသုံးအစွဲ များပြားခြင်းတို့ကြောင့် အမြတ်အစွန်း သိပ်မကျန်ဘဲ ဖြစ်တတ်သည်။ သို့သော် နောက်ပိုင်း တစ်လလုံးတွင် အေးနေသော စီးပွားရေးကံ ပြန်ဦးမော့လာရန် ရှိပြီး နားထားသော စီမံကိန်းများ၊ ရပ်ထားရသော အစီအစဉ်များ ပြန်လည်စတင်လာနိုင်မည်။

မေတ္တာရေးရာ - ဒုတိယပတ်မှ စတင်၍ အချစ်ရေး၊ အိမ်ထောင်ရေးတွင် ပြန်လည် ညှိနှိုင်းစရာများ ပေါ်လာမည်။ စိတ်လိုက်မာန်ပါ ဖြစ်ခြင်း၊ အလွန် မျှော်လင့်ထားခြင်းတို့ကို သတိထားရမည်။ နှစ်ဦးကြား နားလည်မှု ပြန်ယူကာ ရှင်းမရသော ကိစ္စများကို ပြန်ညှိနိုင်မည်။ လနှောင်းပိုင်းရက်များတွင် နားပူ၊ စိတ်ပူစရာများ ပြန်ဖြစ်တတ်သည်။

အခြားကဏ္ဍများ - လစစချင်း ရက်များတွင် အလကားနေ စိုးရိမ်သောက ဖြစ်လွယ်နေပြီး အကြောင်းအရာဟူ၍ မယ်မယ်ရရ မရှိဘဲ စိတ်လေ စိတ်ခြောက်ခြား ဖြစ်နေတတ်သည်။ လလယ်ပိုင်းတွင် စိတ်ချမ်းသာစရာကိစ္စများ ဖြစ်လာပြီး မမျှော်လင့်သောအံ့သြဝမ်းမြောက်စရာများလည်း ပေါ်ပေါက်လာနိုင်သည်။ မိတ်ဆွေအပေါင်းအသင်း အကျိုးပြု ကူညီပေးလာမည်။ လုပ်ငန်းမှ ငွေကြေးအမြတ်အစွန်း၊ ရပေါက်ရလမ်းသစ်များ ပေါ်လာတတ်သည်။

နေ့ကောင်းရက်သာ - စက်တင်ဘာလအတွင်း အင်္ဂလိပ်လို ၁၁ ၊ ၁၂ ၊ ၁၃ ၊ ၁၇ ၊ ၁၈ ၊ ၁၉ ၊ ၂၀ ၊ ၂၂ ၊ ၂၆ ၊ ၂၇ ၊ ၃၀ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

ဗြိစ္ဆာရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - လအစမှ ၂၀ ရက်ဝန်းကျင်အထ အလုပ်အကိုင် အခြေအနေကောင်းများ ဖြစ်ပေါ်လာလိမ့်မည်။ စီးပွားရေးကံဇာတာလည်း ဖြောင့်ဖြူးချောမွေ့နေပြီး စပ်တူရှယ်ယာအလုပ်များ အကျိုးပေးမည်။ လဆန်းရက်တွင် အခက်အခဲတချို့ ဖြစ်တတ်သော်လည်း နောက်ပိုင်း အဆင်ပြေ အောင်မြင်မှု ရရှိလာမည်။ အရေးမပါလှသော လူမှုကိစ္စများ၊ အတင်းအဖျင်းများကို ရှောင်ပါ။ သတင်းမှား၊ကောလာဟလများကြောင့် အလုပ်ပျက်တတ်သည်။ ငွေကြေးကိစ္စတွင် စိတ်ပူစရာတချို့ ဖြစ်တတ်သော်လည်း မထင်မှတ်သော ကံကောင်းမှုတို့ ကြုံရတတ်သည်။

မေတ္တာရေးရာ - လဆန်းရက်နှင့်လလယ်ပိုင်းရက်များတွင် အချစ်ရေး၊ အိမ်ထောင်ရေးကံ အားနည်းတတ်သည်။ ပြဿနာ ဖြစ်လွယ်သော ရက်ပိုင်းများ ဖြစ်၍ ကြိုတင် သတိပြုအပ်သည်။ နားလည်မှု ပိုမို ပေးထားရလိမ့်မည်။

အခြားကဏ္ဍများ - အတင်းအဖျင်းများ၊ ပေါက်ကရစကားများ၊ သတင်းမှားများကြောင့် စိတ်ရှုပ်ရ စိတ်ညစ်ရမည်။ ဖြစ်နိုင်သမျှ ထိုအရာများနှင့် ဝေးဝေးနေလိုက်ပါ။ မိတ်ဆွေများအကြား စကားရောင်းစကားဝယ် လုပ်တတ်သူတို့ ရှိပါက ခပ်ဝေးဝေးက ရှောင်ကျဉ်ပါ။ အဆိပ်သင့်စကားများကြောင့် အလုပ်ပျက်ရ၊ စိတ်ညစ်ရ ဖြစ်မည်။ ဒုတိယ ပတ်ထဲတွင် ကျန်းမာရေးကို စတင် သတိထားရမည်။ ရောဂါဟောင်း၊ အနာဟောင်းများ ပြန်ဖြစ်လာနိုင်သည်။

နေ့ကောင်းရက်သာ - စက်တင်ဘာလအတွင်း အင်္ဂလိပ်လို ၁ ၊ ၂ ၊ ၃ ၊ ၁၃ ၊ ၁၄ ၊ ၁၇ ၊ ၂၁ ၊ ၂၈ ၊ ၂၉ ၊ ၃၀ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - ယခုလထဲတွင် လောင်းကစားဆန်သော၊ စွန့်စားမှု များ၍ အရင်းအနှီး ကြီးလွန်းသော အလုပ်၊ စီးပွားကိစ္စများကို လုံးဝ ရှောင်ကျဉ်ရမည်။ ပုံမှန်လုပ်နေကျ အလုပ်များမှာပင် မထင်မှတ်သော အတားအဆီးနှင့် အခက်အခဲများ ပေါ်ပေါက်လာတတ်သည်။ လုပ်ငန်းစီးပွားနှင့် ပတ်သက်၍ ယခုလ ၁၇ ရက် ကျော်လွန်မှသာ ကြိုးစားကြည့်ပါ။ လုပ်ငန်းသစ် စတင်ခြင်း၊ ချဲ့ထွင်ခြင်း၊ ဈေးကွက်ရှာဖွေခြင်းတို့အတွက် ကောင်းမွန်လိမ့်မည်။ တစ်လတာ ငွေကြေးကံဇာတာမှာ အကောင်းဘက် ရှိနေသော်လည်း အခြေအတင် ဖြစ်ပြီးမှ အဆင်ပြေမည်။

မေတ္တာရေးရာ - ဒုတိယပတ်မှ စ၍ အချစ်ရေး၊ အိမ်ထောင်ရေးကံ အားနည်းလာနိုင်သည်။ အလုပ်အကိုင်နှင့် ဆက်စပ်၍ နှစ်ယောက်ကြား အချင်းများရတတ်သည်။ စိတ်လိုက်မာန်ပါ မဖြစ်အောင် သတိထားရလိမ့်မည်။

အခြားကဏ္ဍများ - လဆန်းရက်များတွင် မိသားစုအရေး၊ ငွေရေးကြေးရေးအတွက် ပူပန်ရ သောကရောက်ရနှင့် ဖြစ်နေလိမ့်မည်။ ကြိုးစားမှုများ အရာမထင်သလို ခံစားရတတ်ပြီး ထိုနောက်ပိုင်းရက်များတွင်မှ အတော်အတန် ပြေလည်မှု ရသွားလိမ့်မည်။ ကျန်းမာရေးအရ အားနည်းနိုင်သော လဖြစ်၍ အသွားအလာ၊ အစားအသောက်များ သတိထားရမည်။ မိတ်ဆွေရင်းချာများ၊ မိသားစုဝင် ညီအစ်ကိုမောင်နှမများအကြား ပဋိပက္ခ ဖြစ်တတ်သည်။

နေ့ကောင်းရက်သာ - စက်တင်ဘာလအတွင်း အင်္ဂလိပ်လို ၄ ၊ ၅ ၊ ၈ ၊ ၉ ၊ ၂၂ ၊ ၂၃ ၊ ၂၄ ၊ ၂၅ ၊ ၂၆ ၊ ၂၇ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - အလုပ်၊ စီးပွားကိစ္စများတွင် အကောင်းနှင့် အဆိုးများ ရောယှက်နေတတ်သည်။ အလုပ်ထဲတွင် ပြိုင်ဆိုင်မှု ပြင်းထန်လာနိုင်ပြီး အလုပ်တာဝန်လည်း ခါတိုင်းထက် ပိုရှုပ်ထွေးများပြားလာတတ်သည်။ စီးပွားရေး အဆက်အသွယ်များနှင့် ချိတ်ဆက်မိပြီး ကိုယ့်အတွက် အကျိုးရှိသော သတင်းများ၊ အချက်အလက်များလည်း ရရှိလိမ့်မည်။ သို့သော် လုပ်ငန်းခွင်အတွင်း အငြင်းပွားစရာများ၊ ပြဿနာဟောင်းများ ပြန်ပေါ်လာတတ်သော ကာလ ဖြစ်၍ ကိုယ့်ဘက်က သေချာအောင် လုပ်ထားရမည်။ ငွေကြေးရလမ်းများ ပွင့်လန်းလာရန် ရှိပါသည်။

မေတ္တာရေးရာ - ယခုလတွင်း အချစ်ရေး၊ အိမ်ထောင်ရေးနှင့် ဆက်စပ်သော ပြဿနာ နှစ်ကြိမ် ပေါ်နိုင်သည်။ လဆန်းနှင့် လနှောင်းပိုင်းရက်တို့တွင် စိတ်အခန့်မသင့်စရာများ ဖြစ်လာနိုင်၍ နားလည်မှု ပိုပေးရလိမ့်မည်။

အခြားကဏ္ဍများ - လူအများနှင့် ဆက်ဆံရေးတွင်သာမက မိသားစုအိမ်တွင်းရေးမှာပါ စိတ်ညစ် စိတ်ပျက်စရာ ကိစ္စရပ်များ ပေါ်လာတတ်သည်။ ကိုယ်တိုင်ကလည်း မွန်းကြပ်မှုများ၍ စိတ်ရှုပ်ထွေးနေလိမ့်မည်။ လကုန်ပိုင်း ရက်များတွင်မှ စိတ်ခံစားချက်များ သက်သာပြေလျော့သွားမည်။ ခရီးတို၊ ခရီးဝေးများတွင် စိတ်တိုင်းမကျဘဲ ဖြစ်လိမ့်မည်။ ကျန်းမာရေးတွင် ရုတ်တရက်အစားမှား၊ဆေးမှားခြင်း၊ ဗိုက်နာဗိုက်အောင့်ခြင်း ဖြစ်တတ်သည်။

နေ့ကောင်းရက်သာ - စက်တင်ဘာလအတွင်း အင်္ဂလိပ်လို ၇ ၊ ၈ ၊ ၁၇ ၊ ၂၄ ၊ ၂၅ ၊ ၂၆ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - ယခုလအတွင်း ငွေရေးကြေးရေးဆိုင်ရာ အခက်အခဲ၊ ပြဿနာများ အနည်းဆုံးပင် သုံးကြိမ်ခန့် ဖြစ်ပွားလာနိုင်သည်။ အလုပ်ကိစ္စများတွင်လည်း ဒုတိယပတ်မှ စတင်ကာ နောက်ဆုတ်ရသည်များ၊ ကြန့်ကြာမှု စောင့်ဆိုင်းရမှုများ ဖြစ်လာတတ်သည်။ အလုပ်များသလောက် ကိုယ့်အတွက်မကျန်ဘဲ ဖြစ်မည်။ အလုပ်ထဲတွင် အတိုက်အခံ ပြောဆိုလုပ်ကိုင်ရသည်များ ဖြစ်လာလိမ့်မည်။ လနှောင်းပိုင်းတွင်မှ အခြေအနေ ပြန်ကောင်းမည်။

မေတ္တာရေးရာ - တစ်လလုံးတွင် အချစ်ရေး၊ အိမ်ထောင်ရေးကံ ကောင်းမွန်လိမ့်မည်။ လဆန်းပိုင်းရက်မှ စကာ စိတ်ချမ်းသာစရာများ ဖြစ်လာပြီး လလယ်ပိုင်းတွင် ချစ်သူစုံတွဲများအကြား Surprise များ တွေ့ကြုံခံစားရမည်။ စုံတွဲများအတွက် နှစ်ဦးသား နားလည်မှု ပိုရလာသလို တစ်ကိုယ်ရေသမားများလည်း အချစ်နှင့် ကြုံရမည်။

အခြားကဏ္ဍများ - ပညာရေးကိစ္စများ၊ သင်တန်းကိစ္စများ ယခုလထဲတွင် ထူးခြားစွာ ကံကောင်းလာနိုင်သည်။ မိမိ၏ အတွေးအမြင်၊ အယူအဆတချို့လည်း အပြောင်းလဲကြီး ပြောင်းလဲသွားတတ်သည်။ ယခုလအတွင်း၌ ခရီးကိစ္စများ အဆင်မပြေ ဖြစ်တတ်သည်။ ခရီးလမ်း အခက်အခဲ၊ အန္တရာယ် ရှိတတ်သည်။ သတိထား သွားပါ။ မိသားစုအရေးကိစ္စများတွင် အနစ်နာခံ အပြောဆိုခံ ဖြစ်တတ်သည်။ လလယ်ပိုင်းတွင် ပိုခံစားရတတ်သည်။

နေ့ကောင်းရက်သာ - စက်တင်ဘာလအတွင်း အင်္ဂလိပ်လို ၁ ၊ ၃ ၊ ၇ ၊ ၈ ၊ ၉ ၊ ၁၀ ၊ ၂၀ ၊ ၂၁ ၊ ၂၅ ၊ ၂၆ ၊ ၂၇ ၊ ၂၈ ၊ ၃၀ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - လတန်အကြာ အခြေအနေ မဟန်ခဲ့သော အလုပ်အကိုင်၊ စီးပွားရေးရာများ အကောင်းဘက် တဖန် ပြန်ဦးတည်လာမည်။ အကျပ်အတည်းများ ကြားထဲက ရုန်းကန်ဖောက်ထွက်နိုင်မည်။ ရပ်နားထားသော ဆိုင်းငံ့ထားရသော လုပ်ငန်းစီမံကိန်းများ ပြန်အရှိန်ယူ စတင်နိုင်လိမ့်မည်။ ရေတိုထက် ရေရှည်မျှော်ကြည့်သော စီးပွားစီမံကိန်းများ ပြင်ဆင်ထားရန် အချိန်ကောင်း ဖြစ်သည်။ လုပ်ဖော်ကိုင်ဖက်၊ ပါတနာများ၏ အကျိုးကျေးဇူး ခံစားရမည်။ အကူအညီများ ရရှိမည်။ ငွေကြေးကိစ္စတွင်မူ ဆန္ဒစော ၊ ဆုံးဖြတ်ချက် မြန်ခြင်းကို သတိပြုရမည်။

မေတ္တာရေးရာ - ချစ်သူ၊ အိမ်ထောင်ဖက်နှင့် စကားများ၊ ရန်များတတ်သော လဖြစ်သည်။ သို့သော် လလယ်ပိုင်း ရက်များတွင် ပြေလည်မှု ရမည်။ နှစ်ဦးနှစ်ဖက် အပြန်အလှန် နားလည်မှု ပေးနိုင်မည်။ စိတ်ချမ်းသာရလိမ့်မည်။

အခြားကဏ္ဍများ - လဆန်းပိုင်းရက်များတွင် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင် လမ်းစပျောက်သလို ခံစား ဝေဝါးနေတတ်ပြီး နောက်ပိုင်းတွင်မှ မိမိ သွားရမည့် လမ်းစဉ် ပန်းတိုင်ကို ချမှတ်နိုင်မည်။ ကာလအတန်ကြာထိ မဖြေရှင်းနိုင်ခဲ့သော ကိုယ်ရေးကိုယ်တာ ပြဿနာများကို ဖြေရှင်းရန် လမ်းစပေါ်မည်။ ပညာရေး၊ သင်တန်းကိစ္စ လကုန်ပိုင်းမှ အဆင်ပြေလိမ့်မည်။ ယခုလထဲတွင် ငွေအသုံးအစွဲနှင့် အပေးအယူ အချေးအငှားများ ဂရုစိုက်ပါ။

နေ့ကောင်းရက်သာ - စက်တင်ဘာလအတွင်း အင်္ဂလိပ်လို ၂ ၊ ၃ ၊ ၄ ၊ ၁၂ ၊ ၁၇ ၊ ၂၂ ၊ ၂၈ ၊ ၂၉ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

#lotaya_horoscope

ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။



Some text some message..