(၁၂) ရာသီခွင်ဖွားများအတွက် တစ်လစာဗေဒင်ဟောစာတမ်း ( ဖေဖော်ဝါရီ ၊ ၂၀၂၁ )
lotaya.mpt.com.mm
|
2021-02-01

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - တစ်လလုံးတွင် အလုပ်အကိုင်ကိစ္စများ ထူးခြားလာနိုင်ပြီး အဘက်ဘက်က တိုးတက်ပြည့်စုံမှု ဖြစ်လာလိမ့်မည်။ လုပ်ငန်းခွင်အတွင်း လုပ်ဖော်ကိုင်ဖက်နှင့် အကြီးအကဲများကလည်း ကူညီဖေးမလာကြမည်။ လနှောင်းပိုင်းတွင် အခွင့်အလမ်းကောင်းများ ကြုံရတတ်သဖြင့် အမိအရ ဖမ်းဆုပ်အသုံးပြုရမည်။ လဆန်းပိုင်း ရက်များတွင် ငွေကြေးအကုန်အကျ များတတ်သည်။ တစ်လလုံးတွင်မူ ငွေကြေးကံဇာတာ ကောင်းမွန်နေမည်။

မေတ္တာရေးရာ - လူငယ်လူရွယ်များ အပေါင်းအသင်းကဏ္ဍမှတစ်ဆင့် ချစ်သူရည်းစားအထိ ကူးပြောင်းသွားမည့် အခြေအနေမျိုး ကြုံရတတ်သည်။ ချစ်သူစုံတွဲများ ရင်ခုန်စိတ်လှုပ်ရှားဖွယ်နေ့ရက်များကို အတူ ဖြတ်သန်းရမည်။ အိမ်ထောင်ရေးတွင်လည်း စိတ်အားထက်သန်စရာများ ကြုံရမည်။ နှစ်ဦးကြား အပြန်အလှန် ဖေးမပေးနိုင်မည်။

အခြားကဏ္ဍများ - ယခုလတွင် လှုမှုရေးကိစ္စများ ကြီးစိုးလာနိုင်သည်။ မိတ်ဆွေရောင်းရင်းများနှင့် ပြန်ဆုံရခြင်း ၊ မိတ်သစ်မိတ်ဟောင်းများနှင့် ကူးလူးဆက်ဆံမှု ပြန်များလာခြင်း၊ မတွေ့တာ ကြာပြီ ဖြစ်သော မိတ်ဆွေရင်းများ နှင့် ပြန်ဆုံရခြင်းတို့ ရှိမည်။ လူမှုပွဲလမ်းအသွားအလာများလည်း ပိုများလာနိုင်သည်။ မိသားစုရေး အေးချမ်းမည်။

နေ့ကောင်းရက်သာ - ဖေဖော်ဝါရီလအတွင်း အင်္ဂလိပ်လို ၆ ၊ ၈ ၊ ၁၁ ၊ ၁၂ ၊ ၁၃ ၊ ၁၄ ၊ ၁၅ ၊ ၂၃ ၊ ၂၄ ၊ ၂၅ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - အလုပ်အကိုင်ကိစ္စများတွင် အပြောင်းအလဲ၊ အနိမ့်အမြင့်၊ အတက်အကျ အလွန်များလာမည့် လတစ်လ ဖြစ်သည်။ ကိုယ့်ဘက်က ကြိုးစားလုပ်ကိုင်သလောက် ရလဒ်ပိုင်းတွင် ကျေနပ်စရာ မရှိဘဲ ဖြစ်မည်။ နေ့စဉ် လုပ်ငန်းဆောင်တာများအပေါ် စိတ်ကုန်ပျင်းရိလာတတ်ပြီး အပြောင်းအလဲသစ်များကို ရှာဖွေလာမည်။ အလုပ်ကံဇာတာ သိပ်မကောင်းလှသော်လည်း ငွေကြေးကံ ထူးခြားသည်။ လကုန်ပိုင်း၌ ဝင်ငွေ တိုးတက်မည်။

မေတ္တာရေးရာ - အလုပ်နှင့် မေတ္တာရေးကြားတွင် လွန်ဆွဲစရာများ ဖြစ်လာမည်။ ကိုယ်တိုင်က စိတ်မြန်လက်မြန် ဆုံးဖြတ်လွယ်နေ၍ နှလုံးသားရေး၊ အိမ်ထောင်ရေးတွင် စိတ်အခန့်မသင့်စရာများ ဖြစ်တတ်သည်။ ခံစားချက်ဖြင့် လက်တွဲခြင်း မဟုတ်ဘဲ အလုပ်သဘောဆန်သောဆက်ဆံရေးမျိုး ဖြစ်သွားတတ်သည်။ သည်းခံဖို့ လိုအပ်မည်။

အခြားကဏ္ဍများ - ယခုလတွင် အလွန် အပင်ပန်းခံခြင်း၊ စိတ်မြန်လွန်းခြင်းကို သတိပြုပါ။ ကျန်းမာရေး ထိခိုက် အားနည်းနိုင်၍ ဖြည်းဖြည်းချင်းသာ လုပ်ကိုင်ရမည်။ ပညာရေး၊ သင်တန်းကိစ္စများတွင် အထူး အောင်မြင်မည်။ ခရီးကိစ္စများမှလည်း အကျိုးစီးပွား ဖြစ်ထွန်းမည်။ လဆန်းပိုင်း၌ ခက်ခဲတတ်ပြီး ထိုနောက်ပိုင်း အဆင်ပြေမည်။

နေ့ကောင်းရက်သာ - ဖေဖော်ဝါရီလအတွင်း အင်္ဂလိပ်လို ၅ ၊ ၁၀ ၊ ၁၁ ၊ ၁၂ ၊ ၁၄ ၊ ၁၇ ၊ ၂၀ ၊ ၂၁ ၊ ၂၇ ၊ ၂၈ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - ယခုလတွင် အရည်အချင်း ရှိသလောက် ထုတ်ပြခွင့် မရဘဲ ကြံစည်လုပ်ဆောင်သမျှကလည်း အလွဲအချော် များနေတတ်သည်။ လုပ်ငန်းစီးပွားအခြေအနေ ထူးခြားလာခြင်း မရှိဘဲ ပုံမှန်အတိုင်းသာ လုပ်ကိုင် ဖြတ်သန်းရမည်။ လလယ်ပိုင်းတွင် အလှည့်အပတ်၊ အလိမ်အညာများ ကြုံရတတ်သဖြင့် သတိထား လုပ်ရမည်။ စိတ်ဖိစိးရှုပ်ထွေးမှုများ ဖြစ်လာတတ်သည်။ ဝင်ငွေထက် ထွက်ငွေသာ ပိုများလာ၍ စုဆောင်းမှုပါ လျော့ပါးမည်။

မေတ္တာရေးရာ - မေတ္တာရေးနှင့် ပတ်သက်၍ ပျော်ရွှင်ကြည်နူးစရာများ ပြည့်နှက်လာလိမ့်မည်။ ချစ်သူများ ခရီး အနီး၊ အဝေးများ အတူ သွားလာခွင့် ရတတ်သည်။ နှစ်ဦးကြား အဆင်မပြေမှုများကို ပြန်လည် တည့်မတ်နိုင်ပြီး နားလည်မှု ရရှိလိမ့်မည်။ လူလွတ်များအနေဖြင့် နီးစပ်ရာအသိုင်းအဝိုင်းထဲတွင် ဖူးစာဖက် ရှာဖွေတွေ့ရှိလိမ့်မည်။

အခြားကဏ္ဍများ - ယခုလအတွင်း ကျန်းမာရေး အားနည်းချူချာမှု ဖြစ်လာနိုင်သည်။ အစားအသောက်နေထိုင်ပုံ စသည်တို့ကို ပြင်ဆင်မှ ကောင်းလိမ့်မည်။ စိတ်ရောလူပါ အပင်ပန်းခံခြင်းကို ရှောင်ရမည်။ မိသားစုအိမ်တွင်းရေး စိတ်ညစ်စရာကိစ္စများ ဖြစ်ပေါ်လာနိုင်သည်။ မိသားစုထဲတွင် မကြာခဏ စကားများ၍ အငြင်းပွားရတတ်သည်။

နေ့ကောင်းရက်သာ - ဖေဖော်ဝါရီလအတွင်း အင်္ဂလိပ်လို ၁ ၊ ၂ ၊ ၃ ၊ ၈ ၊ ၁၁ ၊ ၁၂ ၊ ၁၃ ၊ ၁၄ ၊ ၁၉ ၊ ၂၀ ၊ ၂၁ ၊ ၂၃ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - ဝန်ထမ်းများအဖို့ အဆင်ပြေသော လတစ်လ ဖြစ်သော်လည်း ကုန်သည်၊ စီးပွားရေးသမားများ ခက်ခဲတတ်သော ကာလ ဖြစ်မည်။ ကြိုးစားအားထုတ်နေသည့်ကြားက အဆင်မပြေမှုများကိုသာ ကြုံနေရမည်။ လုပ်ငန်းသစ် စခြင်း၊ ပြောင်းလဲခြင်းမျိုး မလုပ်သေးဘဲ ဆိုင်းထားသင့်သည်။ ငွေအရင်းအနှီး ရှာဖွေရာတွင်လည်း မျှော်လင့်သလို မဖြစ်ဘဲ စိတ်ပျက်ရမည်။ ငွေကြေး အဝင်အထွက် များတတ်သောလတစ်လလည်း ဖြစ်သည်။

မေတ္တာရေးရာ - ချစ်သူစုံတွဲများ၊ အိမ်ထောင်ရှင်များအကြား ရန်ဖြစ်လိုက်၊ ပြန်တည့်လိုက်နှင့် တစ်လတာလုံး၌ ကောင်းဆိုးအခြေအနေများ ဒွန်တွဲနေမည်။ လူငယ်များ၏ နှလုံးသားရေးတွင် စိတ်အားထက်သန် ကျေနပ်စရာ စွန့်စားရူးမိုက်စရာ အဖြစ်အပျက်များ ရှိလာတတ်သည်။ လက်တွဲဖော် ရှာနေသူများ အဆင်ပြေတာ များမည်။

အခြားကဏ္ဍများ - လဆန်းရက်နှင့် လလယ်ပိုင်းရက်များတွင် အတိတ်က ပြဿနာဟောင်းများ၊ ပဋိပက္ခများက တဖန် ပြန်ပေါ်လာတတ်သည်။ စိတ်ထဲ မကျေနပ်စရာများကို မထိန်းနိုင်မသိမ်းနိုင် ပေါက်ကွဲပွင့်အန်မိလိမ့်မည်။ ထိုအချက်ကို သတိထားရမည်။ မိသားစုအရေးတွင်မူ စိတ်ချမ်းသာစရာများသာ ကြုံရမည်။ ကျန်းမာရေးလည်း အများအားဖြင့် ကောင်းမွန်နေလိမ့်မည်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စများတွင် ခက်ခက်ခဲခဲ ကြိးစားယူရမည်။

နေ့ကောင်းရက်သာ - ဖေဖော်ဝါရီလအတွင်း အင်္ဂလိပ်လို ၁ ၊ ၅ ၊ ၁၃ ၊ ၁၅ ၊ ၂၀ ၊ ၂၂ ၊ ၂၃ ၊ ၂၄ ၊ ၂၅ ၊ ၂၆ ၊ ၂၈ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - လူမှုရေးနှင့် နှလုံးသားရေးကိစ္စများက အလုပ်အကိုင်အပေါ် လွှမ်းမိုးခြယ်လှယ်လာတတ်သည်။ လုပ်ငန်းခွင်ထဲတွင် အတိုက်အခိုက်၊အပြိုင်အဆိုင်များ အလွန်များလာနိုင်သည်။ အလုပ်တာဝန်များစွာကိုလည်း တပြိုင်တည်း ထမ်းဆောင်ရသဖြင့် အလုပ်နှင့်လက် မပြတ်နိုင်အောင် ဖြစ်လာမည်။ သို့သော် ဖိအားများကြားက အလုပ်ကို အောင်မြင်အောင် လုပ်ပြနိုင်မည်။ ငွေကြေးကိစ္စများတွင်မူ မရေမရာ၊ အရှုပ်အရှင်းများ ရှိတတ်သည်။

မေတ္တာရေးရာ - ချစ်သူရည်းစား၊အိမ်ထောင်ဖက်များတွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ကူညီဖေးမမှု ရရှိမည်။ လူငယ်လူရွယ်များ၏ နှလုံးသားရေးတွင် ထင်ရှားသည့်အဖြစ်အပျက်များကို ကြုံတွေ့ရမည်။ အလုပ်ကိစ္စများနှင့် ချစ်သူကြားတွင် ရွေးရခက်သောပြဿနာများ ရှိလာနိုင်သည်။ လူပျိုလူလွတ်များ စန်းပွင့်၍ ချစ်သူ ရနိုင်သည်။

အခြားကဏ္ဍများ - လဆန်းနှင့် လလယ်ကာလများတွင် စိတ်အနှောင့်အယှက်ဖြစ်စရာကိစ္စများ ကြုံတွေ့ရမည်။ ပညာရေး၊ သင်တန်းကိစ္စများတွင် အသည်းအသန် ရုန်းကန်ရမည့်လ ဖြစ်သည်။ မိသားစုအိမ်တွင်းရေးကိစ္စများ ဆူဆူပူပူ အဖြစ်များမည်။ သို့သော် အချင်းချင်းကူညီပံ့ပိုးမှု ပေးလိမ့်မည်။ ခရီးကိစ္စများ စိတ်တိုင်းမကျ ဖြစ်မည်။

နေ့ကောင်းရက်သာ - ဖေဖော်ဝါရီလအတွင်း အင်္ဂလိပ်လို ၆ ၊ ၇ ၊ ၈ ၊ ၁၂ ၊ ၁၃ ၊ ၁၇ ၊ ၂၄ ၊ ၂၅ ၊ ၂၆ ၊ ၂၇ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - တစ်လလုံးတွင် အလုပ်အကိုင်ရေးရာ အခက်အခဲ၊စိန်ခေါ်မှုများ ဝန်းရံနေလိမ့်မည်။ အလုပ်ထဲ၌ ရှေ့မတိုး၊ နောက်မဆုတ်နိုင်သော ဘေးကျပ်နံကျပ် အခြေအနေများ၊ ကောင်းမလိုဆိုးမလို ဝေခွဲရခက်စရာများ၊ လုပ်လိုက်ပျက်လိုက်နှင့် မပြီးနိုင်မစီးနိုင်ကိစ္စများ ကြုံတွေ့ရမည်။ လုပ်နေကျ ပုံစံများ၊ အလုပ်နေရာဌာနပိုင်းများ ပြောင်းလဲရတတ်သည်။ ငွေကြေး အဝင်ခက်သော ကာလ ဖြစ်ပြီး ငွေအတွက် ပြောဆိုငြင်းခုံရသည်များ ရှိမည်။

မေတ္တာရေးရာ - လူငယ်များ၏ နှလုံးသားရေးကံဇာတာ အဆင်ပြေချောမွေ့နေလိမ့်မည်။ သို့သော် မိမိကိုယ်တိုင် ဂဏှာမငြိမ် ဖြစ်နေ၍ အချစ်ရေးကဏ္ဍလည်း အကောင်း၊ အဆိုးများ ရောနေမည်။ မေတ္တာရေးတွင် ပုံမှန်အတိုင်း ဖြတ်သန်းသင့်ပြီး အဆန်းထွင်ပေါက်ကရ လုပ်မိပါက စိတ်ညစ်ရတတ်သည်။ လကုန်ပိုင်း၌ စိတ်ချမ်းသာရမည်။

အခြားကဏ္ဍများ - ခရီးဝေးများ မသွားလာသင့်သော ကာလ ဖြစ်သည်။ ခရီးသွားလာဖြစ်ပါက အကျိုးမဲ့တတ်ပြီး လမ်းခရီး အဆင်မပြေမှုများပါ ကြုံတွေ့ရတတ်သည်။ ပညာရေး၊ သင်တန်းကိစ္စများတွင်မူ အောင်မြင်မှု ရရှိမည်။ မိသားစုအရေးတွင် မိမိကြောင့် စိတ်ညစ်ရတတ်သဖြင့် အပြောအဆို၊ အနေအထိုင်များကို သတိထားရလိမ့်မည်။

နေ့ကောင်းရက်သာ - ဖေဖော်ဝါရီလအတွင်း အင်္ဂလိပ်လို ၃ ၊ ၈ ၊ ၁၁ ၊ ၁၂ ၊ ၁၄ ၊ ၁၉ ၊ ၂၀ ၊ ၂၁ ၊ ၂၇ ၊ ၂၈ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - အလုပ်အကိုင်အခြေအနေ တိုးတက်ပြည့်စုံမှုများ ရရှိလာမည်။ လနှောင်းပိုင်းတွင် အခက်အခဲ ပြဿနာအချို့ ရင်ဆိုင်ရတတ်သော်လည်း ကူညီဖြေရှင်းပေးမည်သူများ ရှိလာလိမ့်မည်။ လုပ်ဖော်ကိုင်ဖက်များ အကြီးအကဲများက မိမိဘက်က ရပ်တည်ကူညီပေးမည်။ ငွေကြေးကိစ္စတွင် အခြေအတင်ပြောဆိုရသည်များနှင့် အငြင်းအခုံများ ကြုံလာရမည်။ ယခုလတွင် ငွေရင်းထည့်ဝင်ခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းများ မလုပ်ရန် သတိပြုရမည်။

မေတ္တာရေးရာ - ယခုလတွင် အချစ်ရေးကိစ္စများက အဓိက လွှမ်းမိုးလာနိုင်ပြီး အပျော်အပါး၊ အသွားအလာကိစ္စ အလည်အပတ်၊ ပျော်ပွဲစားကိစ္စများတွင်လည်း ပါဝင်ဆင်နွှဲရတတ်သည်။ လူပျိုလူလွတ်များ ရည်မှန်းထားသည့် အချစ်ရေး ဆန္ဒများ ပြည့်ဝလိမ့်မည်။ စုံတွဲနှင့် အိမ်ထောင်ရှင်များလည်း ပျော်ရွှင်စရာကာလကို ဖြတ်သန်းရမည်။

အခြားကဏ္ဍများ - မိသားစုနှင့် မိတ်ဆွေများသည် ယခုလအတွင်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာမည်။ မိတ်ဆွေအပေါင်းအသင်းများနှင့်အတူ အချိန်ဖြုန်းရခြင်း၊ မိသားစုထဲတွင် သတင်းကောင်းများ ကြားသိရခြင်းနှင့် ကိုယ့်ထက်ကြီးကဲသူများက အကူအညီပေးခြင်းတို့ တွေ့ကြုံရမည်။ ကျန်းမာရေးပိုင်းကိုမူ သတိထားဖို့ လိုမည်။

နေ့ကောင်းရက်သာ - ဖေဖော်ဝါရီလအတွင်း အင်္ဂလိပ်လို ၁ ၊ ၂ ၊ ၃ ၊ ၅ ၊ ၁၀ ၊ ၁၁ ၊ ၁၂ ၊ ၁၄ ၊ ၂၁ ၊ ၂၂ ၊ ၂၃ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - ယခုလတွင် လုပ်ငန်းကိစ္စ အကောင်းအဆိုး၊ လှုပ်ရှားမှုများစွာ ဖြစ်ပေါ်လာမည်။ အလုပ်ထဲတွင် မျှော်လင့်ထားသလို မဖြစ်ဘဲ အခက်အခဲများ ရှိလာနိုင်၍ ကိုယ့်ဘက်က သေချာအောင် ကြိုပြင်ထားသင့်သည်။ အလျင်စလို လုပ်ခြင်း၊ စိတ်မြန်လက်မြန် လျှောက်လုပ်ခြင်းမျိုးကို ကျပ်ကျပ် ရှောင်ကျဉ်ပါ။ တဇွတ်ထိုး လုပ်မိ၍ အမှားအယွင်း များတတ်သည်။ ငွေကြေးကိစ္စတွင်လည်း အကျိုးအမြတ် မကောင်းဘဲ ကြန့်ကြာနှောင့်နှေးမည်။

မေတ္တာရေးရာ - လဆန်းရက်များနှင့် လလယ်ဝန်းကျင်ရက်များတွင် နှလုံးသားရေးရာ ပြဿနာများ ကြုံရမည်။ ချစ်သူစုံတွဲများအကြား အငြင်းပွား၍ ပဋိပက္ခများပါ ဖြစ်လာတတ်သည်။ စိတ်ရှည်သည်းခံနိုင်မှသာ အဆင်ပြေရုံ ရှိလိမ့်မည်။ တစ်ဖက်သားအပေါ် ဖိအားပေးခြင်း၊ ကိုယ်ကိုတိုင်က သည်းညည်းမခံနိုင်ခြင်းကို ရှောင်ကျဉ်ရမည်။

အခြားကဏ္ဍများ - မိသားစုထဲတွင် ယာယီပြဿနာတချို့ ဖြစ်တတ်သည်မှအပ တစ်လတာလုံးတွင် အေးချမ်းမှု အဆင်ပြေမှုများ ရှိနေလိမ့်မည်။ ပထမပတ်နှင့် တတိယပတ်တွင် အိမ်တွင်းရေး မပြေလည်မှုများ ပွင့်ကန်လာပြီး အလုပ်နှင့် မေတ္တာရေးကိစ္စအပေါ် အနှောင့်အယှက် ဖြစ်စေတတ်သည်။ ပညာရေးနှင့် သင်တန်းကိစ္စများ ခက်ခဲ ကြန့်ကြာတတ်သည်။ ကျန်းမာရေးတွင် အာရုံကြော အားနည်းခြင်း၊ ကိုယ်ခံအား မကောင်းခြင်းမျိုး ကြုံရမည်။

နေ့ကောင်းရက်သာ - ဖေဖော်ဝါရီလအတွင်း အင်္ဂလိပ်လို ၅ ၊ ၆ ၊ ၇ ၊ ၈ ၊ ၁၂ ၊ ၁၃ ၊ ၂၄ ၊ ၂၅ ၊ ၂၆ ၊ ၂၇ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - အလုပ်အကိုင်အခြေအနေ တိုးတက်မှု မရှိဘဲ ရပ်တန့်သွားတတ်သည်။ ကိုယ့်ဘက်က ကြိုးစား ရုန်းကန်နေသည့်တိုင် ထူးခြားမလာဘဲ ဖြစ်နေမည်။ အလုပ်ထဲတွင် အပြောင်းအလဲများစွာလည်း ဖြစ်လာနိုင်ပြီး လုပ်ပြီးကာမှ ပြန်ပြင်ရခြင်း၊ အဆက်အသွယ်များ ပြတ်ကုန်ခြင်း၊ စကားမှား၍ ဖြေရှင်းရခြင်းများ ကြုံတွေ့ရမည်။ အလုပ်သိပ်မကောင်းသော်လည်း ငွေရေးကြေးရေးကံဇာတာ ကောင်းနေသည်။ နည်းပေါင်းစုံမှ ရှာဖွေနိုင်မည်။

မေတ္တာရေးရာ - တခါတရံ စကားခွန်းကြီးငယ်များတတ်သည်မှအပ ချစ်သူစုံတွဲ၊အိမ်ထောင်ရှင်များအဖို့ ပျော်ရွှင် သာယာဖွယ်ကောင်းသောကာလကို ဖြတ်သန်းရမည်။ နှစ်ဦးကြား နားလည်မှု လွဲမှားခဲ့သည်များကို ယခုလတွင် ဖြေရှင်းသွားနိုင်မည်။ လူပျိုလူလွတ်များအဖို့ နှလုံးသားရေးရာ မျှော်လင့်ချက်များ လွဲချော် ကံခေတတ်သည်။

အခြားကဏ္ဍများ - ယခုလတွင် ဖုန်းဖြင့် ပြောဆိုခြင်း၊ လူမှုကွန်ရက် အသုံးပြုခြင်း စသည့်ကိစ္စများတွင် စိတ်ရှုပ် အာရုံနောက်စရာများ ခံစားရမည်။ အပြောအဆို၊ အရေးအသားကြောင့် ပြဿနာ ဖြစ်တတ်သည်။ မိသားစုရေး အိမ်တွင်းရေးတွင်မူ ပျော်ရွှင်ဝမ်းမြောက်စရာများ ကြုံရမည်။ ယခုလတွင် ခရီးသွားလာ၍ အကျိုးမရှိဘဲ ဖြစ်မည်။

နေ့ကောင်းရက်သာ - ဖေဖော်ဝါရီလအတွင်း အင်္ဂလိပ်လို ၆ ၊ ၇ ၊ ၉ ၊ ၁၀ ၊ ၁၁ ၊ ၁၂ ၊ ၁၃ ၊ ၁၄ ၊ ၁၅ ၊ ၁၆ ၊ ၂၇ ၊ ၂၈ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - အလုပ်အကိုင်၊ စီးပွားရေးကံဇာတာ အကောင်းဘက်တွင် တည်ရှိနေမည့်လ ဖြစ်သည်။ အလုပ် စီးပွားကိစ္စများတွင် ပုံမှန်မဟုတ်သော စွန့်စားခြင်း၊ ဈေးကစားရောင်းဝယ်ခြင်းများကို ရှောင်ရမည်။ အမြတ်ထက် အရှုံးက ပိုများသွားတတ်သည်။ လုပ်ငန်းသစ် စတင်ခြင်း၊ အကျိုးတူ ပူးပေါင်းခြင်းများကိုလည်း ဆိုင်းထားရမည်။ နေ့စဉ်ပုံမှန်အလုပ်များတွင်မူ အခြေအနေကောင်းများ ကြုံရမည်။ ငွေကြေး အဝင်အထွက် မြန်ဆန်နေလိမ့်မည်။

မေတ္တာရေးရာ - ပထမလဝက်အတွင်း အချစ်ရေးကိစ္စများ အဆင်မပြေ ဖြစ်မည်။ လဆန်းရက်မှာပင် အချစ်ရေး အိမ်ထောင်ရေးရာ ပြဿနာများ ဖြစ်ပွားတတ်သည်။ နှစ်ဦးကြား မမျှော်လင့်သော အရှုပ်အရှင်းများ ပေါ်ပေါက် ဖြစ်တည်လာနိုင်သည်။ လလယ်ပိုင်းတွင် ကံဇာတာများ ပြန်ကောင်းလာပြီး လကုန်ရက်တွင် စိတ်ချမ်းသာမည်။

အခြားကဏ္ဍများ - မိသားစုထဲတွင် စကားအခြေအတင် အငြင်းပွားစရာများ ဖြစ်လာမည်။ အိမ်တွင်းသောကများ ကြီးမားလာတတ်ပြီး အချင်းချင်း မသင့်မမြတ် ဖြစ်ကာ စိတ်ဝမ်းကွဲတတ်သည်။ ပညာရေးကံ ပုံမှန် ရှိသော်လည်း အပြိုင်အဆိုင်၊ စာမေးပွဲကိစ္စများတွင် ခက်ခဲတတ်သည်။ ခရီးကိစ္စများ လနှောင်းပိုင်းတွင်မှ အဆင်ပြေလိမ့်မည်။

နေ့ကောင်းရက်သာ - ဖေဖော်ဝါရီလအတွင်း အင်္ဂလိပ်လို ၅ ၊ ၈ ၊ ၉ ၊ ၁၁ ၊ ၁၈ ၊ ၂၆ ၊ ၂၇ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - ကိုယ်ရေးကိုယ်တာနှင့် မိသားစုပြဿနာများက အလုပ်အကိုင်၊ စီးပွားရေးအပေါ် ရိုက်ခတ်ပြီး စိတ်ပျက်ဒေါသထွက်စရာများ ကြုံရတတ်သည်။ လုပ်ငန်းခွင် နေရာတည်မြဲရေးအတွက်လည်း အသည်းအသန် ရုန်းကန်ကြိုးစားရလိမ့်မည်။ အလုပ်ထဲမှာလည်း စိတ်အနှောင့်အယှက် ဖြစ်စရာများ ရှိလာပြီး လုပ်သလောက် အကျိုးအမြတ် ပြန်မရဘဲ ဖြစ်နေမည်။ ငွေကုန်ကြေးကျ များတတ်ပြီး ငွေကြေးအတွက်နှင့် ခေါင်းခဲရတတ်သည်။

မေတ္တာရေးရာ - ယခုလတွင် နှစ်ဦးသားဆက်ဆံရေး အဖုအထစ်များ ရှိနေသည့်ကြားက ပျော်ရွှင်စရာများလည်း ရှိလာလိမ့်မည်။ ရည်ရွယ်တာနှင့် ဖြစ်လာတာ ခြားနားသော်လည်း ခံစားချက်ချင်း နားလည်နိုင်ပြီး ပြေလည်မှုကို ဖန်တီးနိုင်မည်။ အိမ်ထောင်ရေးတွင် အခက်အခဲများကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်မည်။ အချစ်ရေးကံ သင့်သည်။

အခြားကဏ္ဍများ - လဆန်းနှင့် လလယ်ပိုင်းရက်များတွင် ကိုယ်ရေးကိုယ်တာပြဿနာများ၊ မိသားစုအိမ်တွင်းက ပဋိပက္ခများကို အနည်းနှင့်အများ ရင်ဆိုင်ရလိမ့်မည်။ ကိုယ့်အတွေးနှင့်ကိုယ် နာကျင်ခံစားရသလို လူအများနှင့် နားလည်မှု လွဲ၍ ကိုယ့်အပေါ် မကောင်းမြင်မှုများကိုပါ ခံစားရတတ်သည်။ လကုန်ပိုင်းတွင်မှ အေးချမ်းမှုရမည်။

နေ့ကောင်းရက်သာ - ဖေဖော်ဝါရီလအတွင်း အင်္ဂလိပ်လို ၃ ၊ ၄ ၊ ၅ ၊ ၁၀ ၊ ၁၁ ၊ ၁၉ ၊ ၂၀ ၊ ၂၁ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - ယခုလတွင် အလုပ် အလွန် များလာတတ်သော်လည်း ပေါ်လာသမျှ တာဝန်များကို အောင်မြင် ပြီးမြောက်လိမ့်မည်။ ဘေးပတ်ဝန်းကျင်မှ အထောက်အကူများလည်း ရရှိမည်။ အလုပ်တိုင်းတွင် စိတ်သောက ၊ အာရုံနောက်စရာကိစ္စများကိုလည်း ကြုံတွေ့ ဖြတ်သန်းရမည်။ နိုင်ငံရပ်ခြားနှင့်ဆက်စပ်လုပ်ကိုင်သူများ လွယ်ကူ အောင်မြင်လိမ့်မည်။ ဝင်ငွေရလမ်းသစ်များ ပေါ်လာတတ်သည်။ နည်းပေါင်းစုံဖြင့် ကြံဖန်၍ ငွေရှာနိုင်လိမ့်မည်။

မေတ္တာရေးရာ - လူငယ်များ၏ နှလုံးသားရေးတွင် ရွေးရခက်ခြင်း၊အပြိုင်ပေါ်ခြင်း၊ စဉ်းစားရခက်ခြင်းတို့ ဖြစ်မည်။ လူပျိုလူလွတ်များအဖို့ မျှော်လင့်မထားသော ဖူးစာမျိုးနှင့် ဆုံဆည်းရတတ်သည်။ ယခုလတွင် ကိုယ်ခံစားရသမျှ ရင်ဖွင့်ရာ၌ လိုရင်းမရောက်ခြင်း၊အထင်လွဲခံရခြင်းတို့လည်း ကြုံရလိမ့်မည်။ နားလည်မှုရအောင် ကြိုးစားရမည်။

အခြားကဏ္ဍများ - ပညာရေးကိစ္စ၊ သင်တန်းကျောင်းကိစ္စများတွင် လိုရင်း မရောက်ဘဲ ဝေ့လည်နေတတ်သည်။ မိသားစုရေးရာကိစ္စများ၌ အပြောအဆို မတတ်၍ အချင်းချင်း အမုန်းပွားရတတ်သည်။ ဘေးစကားများကြောင့်ပါ မိသားစုချင်း ပြဿနာ ဖြစ်တတ်သည်။ ခရီးကိစ္စများတွင် အခက်အခဲကြားက စိတ်တိုင်းကျ အောင်မြင်လိမ့်မည်။

နေ့ကောင်းရက်သာ - ဖေဖော်ဝါရီလအတွင်း အင်္ဂလိပ်လို ၁၂ ၊ ၁၃ ၊ ၁၄ ၊ ၁၅ ၊ ၂၂ ၊ ၂၃ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

#lotaya_horoscope


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..