Wisdom Hill မူကြိုကျောင်းဝင်းအတွင်း ကိုအောင်ကြီး၏ ၂၈ မိနစ် လှုပ်ရှားမှု CCTV ထွက်ပေါ်
popolay.com
|
2019-07-10

နေပြည်တော် Wisdom Hill မူကြိုကျောင်းမှာ ဖြစ်ခဲ့တဲ့အသက် ၃ နှစ်အရွယ် မိန်းကလေးငယ် ဗစ်တိုးရီးယား ကို မဒိန်းမှုကျူးလွန်ခံသူလို့ စွပ်ဆွဲခံထားရတဲ့ ကိုအောင်ကြီးရဲ့၂၈ မိနစ်တာ လှုပ်ရှားမှုတို့ကို နေပြည်တော် Wisdom Hill မူကြိုကျောင်းဝင်းအနီးနားက လုံခြုံရေးကင်မရာ စီစီတီဗီ မှတ်တမ်းတစ်ခုကို ဘီဘီစီ လက်ခံထားရှိထားပါတယ်။

အဆိုပါ မှတ်တမ်းမှာ ကိုအောင်ကျော်မျိုး ခေါ် ကိုအောင်ကြီးလို့ယူဆရတဲ့ လူတယောက်ရဲ့ လှုပ်ရှားသွားလာမှုပုံရိပ် တချို့ကို ထင်ထင်ရှားရှား ပြတ်ပြတ်သားသား တွေ့ခဲ့ရပါတယ်။ ဒီ စီစီတီဗီ မှတ်တမ်းအရ မေလ ၁၆ ရက်နေ့ ညနေ ၃ နာရီ ၁၂ မိနစ်မှာအကျီအဖြူ၊ ပုဆိုးအပြာဝတ်ဆင်ထားတဲ့ လူ တစ်ယောက် Wisdom Hill မူကြိုကျောင်းအဆောက်အအုံ ထဲကို လမ်းလျှောက်ပြီး ဝင်သွားတာ တွေ့ရပါတယ်။




ကိုအောင်ကြီးရဲ့ ညီဖြစ်သူက ဒီပုံဟာ သူ့အစ်ကို ဖြစ်တယ်လို့အတည်ပြုခဲ့ပြီး ကိုအောင်ကြီးဟာအဲဒီနေ့မှာအင်္ကျီအဖြူ၊ ပုဆိုးအပြာဝတ်ပြီး ဦးထုပ်ဆောင်းထားတယ်လို့ နေပြည်တော် သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ ဒုတိယ ရဲချုပ်အောင်နိုင်သူကလည်း ပြောခဲ့ပါတယ်။

ကျောင်းက ဆရာမတွေကို ဘီဘီစီကအင်တာဗျူး တဲ့အခါမှာ ကိုအောင်ကြီးဟာ တံခါးအနီးက ခုံမှာ တချိန်လုံး ထိုင်နေခဲ့တယ်လို့ ဆိုခဲ့ပြီးအခု မှတ်တမ်းဗီဒီယိုမှာ မြင်နိုင်သမျှကတော့ ကိုအောင်ကြီးလို့ ယူဆရတဲ့အင်္ကျီဖြူဝတ်ဆင်ထားသူဟာ ကျောင်းထဲ ရောက်နေတဲ့ ၂၈ မိနစ် တာအတွင်း တံခါးအနီးက ခုံမှာအချိန်အတော်များများ ထိုင်နေခဲ့တာကို မြင်တွေ့ရပါတယ်။




ရဲတပ်ဖွဲ့ကတော့ ကိုအောင်ကြီးဟာအဲဒီနေ့က ကျောင်းထဲကို ရောက်ခဲ့တဲ့ တစ်ဦးတည်းသောအမျိုးသားတဦး ဖြစ်ခဲ့ပြီးတော့ ဒီအမှုအတွက် သံသယ ရှိသူအဖြစ် စွဲချက် တင်ထားခံရပြီး သူရောက်ရှိနေတဲ့အချိန်အတွင်းမှာ ဒီလိုအမှုမျိုး ကျူးလွန်နိုင်ဖို့အတွက်အချိန်နဲ့အခွင့်အလမ်း ရခဲ့သလား၊ ရဲဘက်မှာ ခိုင်မာတဲ့ သက်သေအထောက်အထားတွေရော ရှိထားပြီလား ဆိုတာကို လာမယ့် ၁၅ ရက်နေ့ မှာ တရားခွင်စတင် စစ်ဆေးသွားမှာ ဖြစ်ပါတယ်။





Ref; BBC Burmese





ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..