လူငယ်တစ်ဦးမောင်းလာသည့်ကား ဓာတ်တိုင်ဝင်တိုက်၊ ကားမီးလောင်မှုဖြစ်ပွား
akonthi.com
|
2019-08-13


လူငယ်တစ်ဦးမောင်းလာသည့်ကားတစ်စီး ဓာတ်တိုင်ဝင်တိုက်၍ ကားမီးလောင်မှု ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ လားရှိုးမြို့တွင် ယနေ့(သြဂုတ်လ ၁၃ ရက်) ၊ နံနက် ၄ နာရီခွဲခန့်က ရပ်ကွက် (၈)၊ ပြည်ထောင်စု လမ်းမကြီး၊ ဝိပဿနာဓမ္မရိပ်သာအဝင်လမ်းထိပ်ရှိဓာတ်တိုင်ကို လူငယ်တစ်ဦး မောင်းနှင်လာသောအိမ်စီးကားက ဝင်တိုက်ခဲ့ပြီး ကားမီးလောင်ခဲ့ကြောင်း လားရှိုးလူငယ်လူမှုကူညီရေးအသင်းမှ သိရသည်။
“ ဒီနေ့မနက် ၄ နာရီခွဲလောက်မှာ ဖြစ်တာပါ။ ကားကဓာတ်တိုင်ကိုဝင်တိုက်ပြီး မီးထလောင်သွားတာပါ။ ကားမောင်းတဲ့လူကအထဲမှာအောက်စီဂျင်ပြတ်သွားတဲ့သဘောရှိတယ်။ နောက်ပြီး ဘယ်ဘက်ခြေသလုံးမှာ မီးလောင်ဒဏ်ရတယ်။ ကျွန်တော်တို့ဆေးရုံကိုသွားပို့တဲ့အချိန်မှာ သတိကကောင်းကောင်းမရသေးပါဘူး။ သူ့ကိုဘာမှမေးလို့မရဘူး။ ကယောင်ကတမ်းတွေဖြစ်နေတယ်။အသက်အန္တရာယ်ကတော့ မစိုးရိမ်ရပါဘူး။ ခန့်မှန်ချေသူ့အသက်က ၂၀ ကျော်လောက်ရှိမယ်”ဟု လားရှိုးလူငယ်လူမှုကူညီရေးအသင်းမှ ကိုစိုင်းဝသုန်ထွန်းက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ကားမီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသူ ယာဉ်မောင်းကို လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီး ခွဲစိတ်ဆောင်သို့ပို့ဆောင်ထားကြောင်း သိရသည်။


- ရဲကျော်ထက် (အကုန်သိ သတင်းဌာန ) | ဓာတ်ပုံ - လားရှိုးလူငယ်လူမှုကူညီရေးအသင်း


Unicode Version


လူငယ်တစ်ဦးမောင်းလာသည့်ကားတစ်စီး ဓာတ်တိုင်ဝင်တိုက်၍ ကားမီးလောင်မှု ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ လားရှိုးမြို့တွင် ယနေ့(သြဂုတ်လ ၁၃ ရက်) ၊ နံနက် ၄ နာရီခွဲခန့်က ရပ်ကွက် (၈)၊ ပြည်ထောင်စု လမ်းမကြီး၊ ဝိပဿနာဓမ္မရိပ်သာအဝင်လမ်းထိပ်ရှိဓာတ်တိုင်ကို လူငယ်တစ်ဦး မောင်းနှင်လာသော အိမ်စီးကားက ဝင်တိုက်ခဲ့ပြီး ကားမီးလောင်ခဲ့ကြောင်း လားရှိုးလူငယ်လူမှုကူညီရေးအသင်းမှ သိရသည်။
“ ဒီနေ့မနက် ၄ နာရီခွဲလောက်မှာ ဖြစ်တာပါ။ ကားကဓာတ်တိုင်ကိုဝင်တိုက်ပြီး မီးထလောင်သွားတာပါ။ ကားမောင်းတဲ့လူက အထဲမှာအောက်စီဂျင်ပြတ်သွားတဲ့သဘောရှိတယ်။ နောက်ပြီး ဘယ်ဘက်ခြေသလုံးမှာ မီးလောင်ဒဏ်ရတယ်။ ကျွန်တော်တို့ဆေးရုံကိုသွားပို့တဲ့အချိန်မှာ သတိကကောင်းကောင်းမရသေးပါဘူး။ သူ့ကိုဘာမှမေးလို့မရဘူး။ ကယောင်ကတမ်းတွေဖြစ်နေတယ်။ အသက်အန္တရာယ်ကတော့ မစိုးရိမ်ရပါဘူး။ ခန့်မှန်ချေသူ့အသက်က ၂၀ ကျော်လောက်ရှိမယ်”ဟု လားရှိုးလူငယ်လူမှုကူညီရေးအသင်းမှ ကိုစိုင်းဝသုန်ထွန်းက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ကားမီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသူ ယာဉ်မောင်းကို လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီး ခွဲစိတ်ဆောင်သို့ပို့ဆောင်ထားကြောင်း သိရသည်။


- ရဲကျော်ထက် ( အကုန်သိ သတင်းဌာန ) | ဓာတ်ပုံ - လားရှိုးလူငယ်လူမှုကူညီရေးအသင်း





ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..