တစ္ဆေလိုက်သူနှင့်ပျောက်ဆုံးနေသောအလောင်း - အပိုင်း ( ၄ )( ဇာတ်သိမ်းပိုင်း)
lotaya.mpt.com.mm
|
2020-02-25

အပိုင်း ( ၄ )( ဇာတ်သိမ်းပိုင်း)

" ဟက်...ဟက်...ဟက်... ငါ့အကြောင်းပြောနေကြတာလား "

မတင်ထွေး၏ ပုံစံမှာ ဟိုးယခင်ကမိစ္ဆာ၏ပုံစံနှင့်အလွန်ပင်တူနေသည်

ဟု နိုင်မင်းထွေးတွေးနေမိသည်။

" သမီးတင်ထွေး... စိတ်ထိန်းပါသမီးရယ်... ''

" ငါနင်တို့သမီးမဟုတ်ဘူး... ဒီဟာမက ငါနေတဲ့နေရာကိုကျူးကျော်

ပြီးဝင်လာလို့ ပြုစားလိုက်တာ... ငါဘယ်သူလဲဆိုတာ နင်တို့နှစ်

ကောင် ကောင်းကောင်းကြီးသိပါတယ်... "

" ခင်ဗျားဒီအထိနယ်ကျော်လာတာ...ခင်ဗျားအမှားပဲ "

" ဟက်..ဟက်... ဘာလဲ...ငါက ဟိုသင်္ချိုင်းမှာပဲနေရမတဲ့လား...

နင်တို့တွေ ငါ့ကိုအမြဲလိုက်ရှုပ်တယ်...နင်တို့ကြောင့် ငါ့အကြံအကုန်

ပျက်ရတာ... ဘယ်တော့မှမကျေဘူး...ခုတွေ့ပြီပေါ့..ဟက်...

ဟကျ "

နိုင်မင်းထွေးက မတင်ထွေးကိုကြောက်ရွံ့စွာကြည့်ရင်း

" တင်...တင်...ထွန်းလတ်... ငါအိပ်မက်တွေမက်နေတယ်လို့

ပြောတယ်နော်... မင်း...မင်းဂရုမစိုက်ဘူး...ငါ့ကိုဒီနေရာခေါ်လာ

တယ် ''

" ခုမှကြောက်နေကြတာလား... ဟီး...ဟီး...ဟီး ''

မတင်ထွေးသည် အားရဝမ်းသာစွာအော်ရယ်နေသည်။ သူမ ၏

ရယ်သံမှာ ယခင်ကအတိုင်းကြောက်မက်ဖွယ်ကောင်းနေဆဲပင်။

ဒေါက်တာတင်ထွန်းလတ်သည် ယခင်ကလည်း ထိုမိစ္ဆာမနှင့် ရင်

ဆိုင်ခဲ့ဖူးသဖြင့် အလွန်အမင်းမကြောက်မိစေဘဲ ဖြေရှင်းနိုင်ရန်သာ

အစီအစဉ်ဆွဲနေ၏။ မတင်ထွေးခြေတစ်လှမ်းတိုးလာတိုင်း သေရွာ

ပြန်များလည်းလိုက်တိုးလာသည်။

" မစန်းမြင့်...ခင်ဗျား...ခင်ဗျား...မစန်းမြင့်လား ''

" ငါဘယ်သူလဲသိပြီလား... နင်တို့ကအမြဲဝင်ရှုပ်တယ်...

နင်တို့ကိုအရင်တစ်စစီလုပ်ပစ်ရမယ်..."

" ဟေ့ရောင်... မစန်းမြင့်အစစ်ပဲ "

မတင်ထွေးသည်တရွေ့ရွေ့တိုးကပ်လာပြီး ဒေါက်တာတင်ထွန်းလတ်

လက်ကို ဆွဲလိုက်သည်။ ဒေါက်တာမှာ မတင်ထွေးလက်တွင်းသို့

ရောက်သွားသည်နှင့် အိတ်ထဲ၌ ဆေးထိုးအပ်ကိုထုတ်ကာ အဖုံးအား

ဆွဲဖြုတ်ပြီး မတင်ထွေး၏ လည်ပင်းသို့ထိုးစိုက်ချလိုက်လေသည်။

မတင်ထွေးမှာ မတ်တပ်အရပ်လိုက်ဖြင့် လှုပ်ရှား၍မရနိုင်ဘဲရှိသည်။

ဒေါက်တာတင်ထွန်းလတ်က နောက်ထပ်ဆေးထိုးအပ်တစ်ချောင်းကို

ထပ်မံထုတ်ယူလာပြီး မတင်ထွေး၏ ခါးနေရာသို့ထပ်မံထိုးပစ်လိုက်

သောအခါ မတင်ထွေးမှ တကိုယ်လုံးလှုပ်၍မရနိုင်တော့ဘဲဖြစ်သွား

ရတော့သည်။

" နင့်မှာဘယ်လိုအစွမ်းပဲရှိရှိ...လူရဲ့ခန္ဓာကို ကပ်ပြီးနေရတာပဲ...

ငါကလည်း လူရဲ့ခန္ဓာကို ကုသပေးနေရတဲ့သူ... နင်ကပူးကပ်တာ

ကို ရချင်ရမယ်... ငါက လူ့ခန္ဓာအကြောင်းနင့်ထက်ပိုသိတယ်...

နင်အခုဘာတတ်နိုင်သေးလဲ "

" တင်ထွန်းလတ်... ဘာလုပ်လိုက်တာလဲ "

" ထုံဆေးထိုးပေးလိုက်တာ... ၃နာရီလောက်တော့သူလှုပ်လို့ရမှာ

မဟုတ်ဘူး... "

" ဟ...ဟ... ပိုင်တယ်ကွာဟေ့ရောင်... "

" ဝမ်းသာမနေနဲ့... ဟိုမှာမင်းအဖေတွေလာနေပြီ "

သေရွာပြန်များမှာ အိမ်ထဲသို့ခုန်ဝင်လာကြသည်။ ထို့နောက်

မည်းမည်းမြင်ရာအကုန်ဆွဲတော့၏။ အားလုံးလွတ်ရာသို့ ပြေးကြ

သော်လည်း သေရွာပြန်တို့၏ လျှင်မြန်မှုကိုမယှဉ်နိုင်ကြပေ။

"နိုင်မင်းထွေး... ထည့်စရာယူထား... "

" ယူဖို့မပြောနဲ့ ဒီမှာလွတ်အောင်မနဲပြေးနေရတာ "

နိုင်မင်းထွေးပြောသည်ကလည်းဟုတ်သည်။ သေရွာပြန်များက

ထပ်ချပ်မကွာလိုက်နေသည်။ ဒေါက်တာမှာ သူ့ထံပြေးလာနေသော

သေရွာပြန်များကိုရှောင်တိမ်းရင်း မတင်ထွေးအနီးတိုးကပ်လာ၏။

မတင်ထွေးမှာ လူ၏ခန္ဓာကိုယ်ထဲဝင်ရောက်ပူးကပ်နေရသဖြင့် ထုံဆေး

ကိုတွန်းလှန်နိုင်ပုံမရချေ။ သို့သော် ဒေါသမာန်ဟုန်းဟုန်းထလျှက်

အတင်းရုန်းကန်နေသည်။ သူမ၏မျက်လုံးများက ပို၍ပြူးကျယ်လာ

ပြီး ခန္ဓာကိုယ်လှုပ်ရှားနိုင်ရန် အားကုန်ထုတ်ပစ်၏။ ထုံဆေးမှာ သူမ

တစ်ချက်လှုပ်လိုက်တိုင်း ဆေးအရှိန်ပိုတက်လာဟန်ရသည်။

ခန္ဓာကိုယ်အား လှုပ်ရှား၍မရနိုင်မှန်းရိပ်မိသွားသည့်အခါ သူမသည်

သေရွာပြန်များကို မျက်လုံးဝေ့ကြည့်လိုက်သည်။ သူမ၏အကြည့်ကို

သိသည့်အလား သေရွာပြန်များသည် ဒေါက်တာတင်ထွန်းလတ်ထံ

စုပြုံချဉ်းကပ်လာကြပြီး ဒေါက်တာကိုအတင်းကုတ်ဆွဲကြတော့သည်။

သေရွာပြန်များကြားထဲ ပြေးပေါက်ပိတ်မိနေသောဒေါက်တာကို ကယ်

တင်ခြင်းငှါ နိုင်မင်းထွေးလည်းမစွမ်းသာပေ။ သေရွာပြန်များအားလုံး

မတင်ထွေးပုံစံ ဒေါသအမျက်ချောင်းချောင်းထနေကြသည်။ ဒေါက်

တာကို ကုတ်ဆွဲကြသဖြင့် ဒေါက်တာတင်ထွန်းလတ်တကိုယ်လုံးတွင်

ကုတ်ရာခြစ်ရာများဖြစ်ကုန်ပြီး သွေးများစီးကျနေခဲ့ပြီ။

" နိုင်မင်းထွေး... ရပ်ကြည့်မနေနဲ့...ငါ့ကိုကယ်ဦး ''

ကြောင်ပြီးရပ်ကြည့်နေသောနိုင်မင်းထွေးလည်း ယခုမှသတိပြန်ဝင်

လာလေ၏။ နိုင်မင်းထွေးကမှ နှေးနေသေးသည်။ ကိုမြင့်အောင်မှာ

ဒေါက်တာအော်သံကြားပြီး သတိပြန်ကပ်သွားကာ သေရွာပြန်များ

ကြားတိုးဝင်သွားချေပြီ။ ဒေါက်တာတင်ထွန်းလတ်ဘေးအုံခဲနေကြ

သော သေရွာပြန်များကို နိုင်သလောက်အားဖြင့် လိုက်ဆွဲနေ၏။

သေရွာပြန်များမှာ မည်သို့ဆွဲဆွဲ ကျန်လူများကို စိတ်မဝင်စားချေ။

ဒေါက်တာတင်ထွန်းလတ်ကိုသာမဲနေကြလေပြီ။

ဦးသန်းအောင်တို့ဇနီးမောင်နှံနှစ်ယောက်မှာတော့ အလွန်ပင်ထိတ်

လန့်သွားကြပုံရ၏။ အိမ်ထောင့်သို့ ပြေးကပ်ပြီး တုန်ယင်နေရှာသည်။

ကိုမြင့်အောင်က သေရွာပြန်များကြားဇွတ်တိုးဝင်ပြီး ဒေါက်တာတင်

ထွန်းလတ်ကိုယ်ပေါ်သို့အုပ်မိုးပေးထား၍သာ ဒေါက်တာမှာအနည်း

ငယ်ခံသာပေသည်။ သို့မဟုတ်လျှင် တစစီစုတ်ပြတ်သွားနိုင်၏။

" နိုင်မင်းထွေး ''

ဒေါက်တာက အသံကုန်အော်ဟစ်သည်။ နိုင်မင်းထွေးကအော်သံ

ကြားသော်လည်း ချက်ချင်းပြန်မထူးနိုင်။ သေရွာပြန်များကို အသေ

အလဲ ဆွဲထုတ်နေရ၏။ ဒေါက်တာမှာစိတ်မရှည်စွာဖြင့် ကိုမြင့်အောင်၏

ပုခုံးကြားမှ ကျော်ကြည့်ကာ နိုင်မင်းထွေးကိုလိုက်ရှာကြည့်သည်။

" ဟေ့ရောင်... နိုင်မင်းထွေး... အိတ်ထဲက ဓါးယူပြီး ဟိုမိန်းမရဲ့

ဘယ်ဘတ်ရင်ဘတ်ကိုခွဲလိုက်... နှလုံးကိုဆွဲထုတ်ပစ် "

ဒေါက်တာတင်ထွန်းလတ်က အာခေါင်ခြစ်သံကြီးဖြင့်အော်ပြောလိုက်

၏။ နိုင်မင်းထွေးလည်း ကြားသည်နှင့် သေရွာပြန်တစ်ယောက်ကို

လက်လွတ်ချကာ ဒေါက်တာတင်ထွန်းလတ်ထံတိုးဝင်လာပြီး လွယ်

ထားသည့်ဆေးအိတ်ကို စမ်းတဝါးဝါးယူလိုက်သည်။ သေရွာပြန်များ

ကဟိုမှဒီ ဒေါက်တာတင်ထွန်းလတ်ကိုမှီရာကုတ်ဆွဲနေကြသဖြင့်

ဆေးအိတ်မှာ တော်တော်နှင့် စမ်းမရချေ။ ဒေါက်တာလည်း ရနိုင်

သလောက် ကိုယ်ခန္ဓာကိုရွေ့ပေးနေစဉ် ဒေါက်တာ၏ခြေထောက်အား

သေရွာပြန်များက ဝိုင်းဆွဲပစ်လိုက်လေတော့သည်။

ဒေါက်တာတင်ထွန်းလတ်သည်လည်း ၎င်းတို့ဆွဲရာသို့ တရွတ်တိုက်

ပါသွားရ၏။ ကိုမြင့်အောင်မှာ အနောက်မှအတင်းပြန်လိုက်ပြီး ဆေး

အိတ်ကို ဆွဲယူလိုက်သည့်အခါ မတင်ထွေးသည် မျက်လုံးကြီးနီလာ

ပြီး ကိုမြင့်အောင်ကိုစိုက်ကြည့်လာလေတော့သည်။ သူမစိုက်ကြည့်

လိုက်သည်နှင့် သေရွာပြန်များလည်း ဒေါက်တာတင်ထွန်းလတ်ထံ

ဦးတည်နေရာမှ ကိုမြင့်အောင်ဖက်သို့ ပြောင်းလာသည်။ ကိုမြင့်

အောင်က ၎င်းထံစုပြုံပြေးဝင်လာကြသော သေရွာပြန်များကို ကြောက်

လန့်တကြားကြည့်ရင်း နိုင်မင်းထွေးထံဆေးအိတ်ကို ပစ်ပေးလိုက်

တော့သည်။

နိုင်မင်းထွေးကလည်း လက်ထဲရောက်လာသည့်ဆေးအိတ်ဇစ်ကို

အမြန်ဖွင့်ပြီး ဓါးကိုရှာဖွေကြည့်သော်လည်း ရှာမတွေ့နေချေ။ မတင်

ထွေး၏မျက်လုံးများက နိုင်မင်းထွေးထံသို့ရောက်လာပြန်ပြီ။ သေရွာ

ပြန်များလည်း ကိုမြင့်အောင်ကိုလွတ်ချပြီး နိုင်မင်းထွေးထံခုန်ဝင်လာ

ကြသည်မှာ အမဲဖျက်ကြမည့်အတိုင်းပင်။ ကြောက်မက်ဖွယ်မြင်ကွင်း

ကြောင့် နိုင်မင်းထွေးသည်လည်း ကြောင်ငေးကာကြည့်နေမိတော့၏။

ဒေါက်တာတင်ထွန်းလတ်နှင့် ကိုမြင့်အောင်တို့မှာ တကိုယ်လုံး ကုတ်

ရာခြစ်ရာများဖြင့်သွေးအလိမ်းလိမ်းစီးကျနေရာက လာကူရန်နေရာအသီးသီးမှ အားတင်းကာပြေးလာနေကြသော်လည်း သေရွာပြန်များ

သည် နိုင်မင်းထွေးကို ခုန်အုပ်ထားပစ်လိုက်ကြချေခဲ့ပြီ။ ထိုစဉ်

" ဇှပျကနဲ '' အသံကိုကွားလိုကျကွရ၏။

အသံကြားလိုက်သည်နှင့်သေရွာပြန်အားလုံးတို့သည် ငြိမ်သက်ကာ

သွားပေသည်။ ဒေါက်တာတို့လည်း လှည့်ကြည့်လိုက်သည့်အခါ

မတင်ထွေး၏ဖခင် ဦးသန်းအောင်က မတင်ထွေး၏ဝဲဘက်ရင်ဘတ်

ထဲသို့ ဓါးမြောင်ကြီးစိုက်ချလိုက်သည်ကို တွေ့လိုက်ကြရတော့သည်။

ဦးသန်းအောင်မှာ အသွားခြောက်လက်မခန့်ရှိသည့် ဓါးမြောင်ကို

လက်နှစ်ဖက်ဖြင့်ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားရင်း မတင်ထွေး

၏ ဝဲဘက်ရင်ဘတ်အပေါ်မှအောက်သို့ ခွဲချပစ်သည်။ လက်နှစ်ဖက်

လုံးတုန်ယင်နေသည်မှာလည်း အတိုင်းသားမြင်နေရလေ၏။

ဦးသန်းအောင်၏မျက်လုံးများထဲမှ စီးကျလာသောမျက်ရည်များ

ကြောင့် မတင်ထွေးကိုပင် ဝါးတားတားသာမြင်ရတော့သည်။ ထို့

နောက် ရှိုက်သံများနှင့်ပြောနေသည့်စကားများက ပလုံးပထွေး။

မတင်ထွေး၏ရင်ဘတ်ခွဲကြောင်းမှ သွေးမည်းမည်းများကစီးကျလာ

လေ၏။ မထင်မှတ်ထားသည့်အဖြစ်ကြောင့် မတင်ထွေးသည် မျက်လုံး

ပြူးကြောင်ပြီး ဦးသန်းအောင်ကိုကြည့်နေသည်။

" အ...အဖေ "

မတင်ထွေး၏အသံက လူသားတစ်ယောက်ပုံမှန်အသံဖြင့်ခေါ်လိုက်

သည့်အခါ ဦးသန်းအောင်လည်း ဓါးမြောင်ကိုအမြန်ဆွဲထုတ်ပြီး

မတင်ထွေးကိုကြည့်လိုက်မိလေသည်။

" ရက်...ရက်စက်လိုက်တာ..အ...အဖေ...ရယ် "

" မဟုတ်ဘူး... အဖေမဟုတ်ဘူး... တင်ထွေး... သမီးလေး...

အဖေမဟုတ်ပါဘူးကွယ်... သ...သမီး..ကို...အဖေမသတ်ရပါဘူး "

အခြေအနေကိုရိပ်စားမိသွားသည့်ဒေါက်တာတင်ထွန်းလတ်မှာ

အချိန်ဆိုင်းမနေတော့ဘဲ မတင်ထွေးအနားပြေးဝင်ပြီး ရှေ့၌ပိတ်ရပ်

နေသောဦးသန်းအောင်ကိုတွန်းကာ ဝဲဘက်ရင်အုံထဲရှိ နှလုံးကို ဆွဲ

ထုတ်ယူပစ်လိုက်လေတော့သည်။

" အား.... ''

မတင်ထွေးထံမှ အော်သံနက်ကြီးမှာ တစ်ရွာလုံးသို့ ပျံ့နှံ့သွားချေပြီ။

" သမီးတင်ထွေး... အီး...ဟီး...ဟီး "

မတင်ထွေး၏မိခင်ကထိုအဖြစ်ကိုကြည့်ပြီးယူကျုံးမရစွာအော်ဟစ်ငို

ကြွေးလာ၏။ ဒေါက်တာတင်ထွန်းလတ်၏လက်ထဲတွင်တော့ တ

လှုပ်လှုပ်ခုန်နေပြီးမည်းနက်နေသောနှလုံးကြီးပါလာခဲ့သည်။ဒေါက်တာလည်း ဦးသန်းအောင်လက်ထဲမှ ဓါးမြောင်ကိုဆတ်ကနဲ လှမ်းယူပြီး

နှလုံးကိုထိုးစိုက်ပစ်လိုက်သည့်အခါ မတင်ထွေးမှာ ပါးစပ်ဟကာလဲကျသွားလေသည်။ဓါးမြောင်ဖြင့်ထိုးလိုက်သည့်နှလုံးဆီမှ မည်းညစ်ညစ်

သွေးမည်းများထွက်လာပြီး နှလုံးသည်ခြောက်ကပ်သွား၏။ နှလုံးခြောက်ကပ်သွားသည့်အခါ မတင်ထွေးလည်း မျက်လုံးအပွင့်လိုက်၊ ပါးစပ်

အဟလိုက်ဖြင့် လဲကျသွားခဲ့သည်။ သေရွာပြန်များသည်လည်း တဝုန်းဝုန်းလဲကျကုန်ကြ၏။ မတင်ထွေး၏ ရုပ်ခန္ဓာသည် တဖြည်းဖြည်းခြောက်ခမ်းလာခဲ့သည်။ ထို့နောက် အရေပြားများခြောက်သွေ့သွားကာ

အရိုးပေါ်အရေတင်နေသည့်အလောင်းကောင်ကြီးအဖြစ်သို့ကူးပြောင်း

သွားလေတော့သည်။ သေရွာပြန်တို့လည်း ထိုနည်းလည်းကောင်းပင်

အသားများခြောက်ကပ်ကုန်ပြီး အလောင်းကောင်အဖြစ်သို့ကူးပြောင်းသွားချေခဲ့ပြီ။

" ကျွန်တော်စိတ်မကောင်းပါဘူး ဦးလေး ''

ဒေါက်တာတင်ထွန်းလတ်မှာ ဦးသန်းအောင်ကိုနှစ်သိမ့်စကားဆို

လိုက်သော်လည်း ဦးသန်းအောင်တစ်ယောက်မှာမူ ကြားသိမည့်ပုံ

မရပေ။ မတင်ထွေးအလောင်းဘေး၌ ဒူးထောက်ချလိုက်ပြီး အလောင်း

အား ပွေ့ချီကာ ရှိုက်ကြီးတငင်ငိုကြွေးနေတော့သည်။ မတင်ထွေး

မိခင်မှာလည်း တုန်တုန်ယင်ယင်ဖြင့် တိုးကပ်လာပြီး အလောင်း၏

မျက်နှာကို လက်ဖြင့်အသာကိုင်ရင်း ဝမ်းနည်းစွာငိုနေချေပြီ။ ၎င်းတို့

နှစ်ယောက်ကိုကြည့်ပြီး ဒေါက်တာတင်ထွန်းလတ်တို့မှာ စိတ်မ

ကောင်းခြင်းများစွာဖြင့် ခံစားနေမိ၏။

" အရီးတို့... ဘကြီးတို့...စိတ်ထိန်းကြပါဗျာ... ကျုပ်လည်း...

ငိုချင်တယ်ဗျ... "

ကိုမြင့်အောင်၏သွေးအလိမ်းလိမ်းမျက်နှာပေါ်တွင် မျက်ရည်များက

စီးကြ၍နေ၏။

" ဘာတွေဖြစ်ကုန်ကြပြီလဲ... ဟဲ့...လာကြပါဦး... "

အိမ်ပေါ်သို့ပြေးတက်လာသောမမွန်လေးက အိမ်အပြင်ဖက်သို့

အော်ပြောလိုက်သည့်အခါ ရွာခံလူများလည်း ရောက်လာကြတော့

သည်။

နောက်တစ်ရက်မနက်တွင် ရွာပြင်သုဿာန်၌ ထင်းပုံကြီးချကာ

အလောင်းများကို ထင်းပုံပေါ်သို့စီချနေကြသည်။ သက်ဆိုင်သော

အလောင်းပိုင်ရှင်များသည်လည်း ငိုကြွေးကြကုန်သည်။ ဝမ်းနည်း

ဖွယ်မြင်ကွင်းကြောင့် ဒေါက်တာတို့လည်း ရင်ထဲမကောင်းနေကြပေ။

မကြည့်ရက်နိုင်သဖြင့် မျက်နှာလွဲလိုက်ကြရသည်။ မကြာခင် ထင်းပုံ

ကြီးမှာ မီးတောက်မီးလျှံများထိုးတက်လာချေပြီ။ မီးတောက်ကြီးမြင်

လေ သက်ဆိုင်သူမိသားစုဝင်များက ပို၌ငိုကြလေပင်။

" မမွန်လေး... လည်ပင်းကဒဏ်ရာသက်သာရဲ့လား "

" ဟုတ်ကဲ့...ဆရာ... သက်သာသွားပါပြီ... "

မမွန်လေးက သူမ၏လည်ပင်းကိုစောင်းငဲ့ပြရင်း မျက်ရည်များကြားမှ

ပြန်ဖြေလေသည်။

" ကိုမြင့်အောင်လည်း မကြာခင်သက်သာသွားမှာပါ... ကျွန်တော်

ပေးတဲ့ဆေးတော့မှန်မှန်သောက်ပေး... လည်ပင်းကအနာကိုလည်း

တစ်နေ့ နှစ်ကြိမ်ဖန်ရည်ဆေးပေးဖို့မမေ့နဲ့ဗျ "

" သောက်ပါ့မယ်ဆရာ... ဖန်ရည်လည်းသေချာဆေးပါ့မယ် "

" ကိစ္စတွေရှင်းသွားပြီဆိုတော့ ကျွန်တော်တို့လည်း ပြန်မှဖြစ်တော့

မယ်... "

" ဆရာတို့ ဒီမှာပျော်သလောက်နေသွားကြပါဦးလားဗျာ... အခုမှ

ရင်းနှီးရုံရှိသေး... မပြန်သေးပါနဲ့ဆရာတို့ရယ် "

" ကျွန်တော်မပြန်လို့မဖြစ်လို့ပါ...ကျွန်တော့သမီးလေးကိုလည်း သတိ

ရနေပြီ... ငယ်သေးတော့ အဖေကိုမျှော်နေမှာမလို့ပါ... နေလို့ရရင်

နေချင်တာပေါ့ ကိုမြင့်အောင်ရာ... "

" ကျုပ်တော့ သတိရနေမှာဗျ... "

ကိုမြင့်အောင်ကမျက်ရည်များအား သူ၏လက်မှ အင်္ကျီစဖြင့်သုတ်ရင်း

ပြောနေသည်ကို ဒေါက်တာနှင့်နိုင်မင်းထွေးမှာ ကြည့်ရင်းစိတ်မ

ကောင်းနေပေ။ တစ်ရွာလုံးကလည်း ကျေးဇူးလည်းတင် ဝမ်းလည်း

နည်းဖြစ်နေကြ၏။

" တွေ့ဆုံပြီးရင် ခွဲခွါကြရတာတော့ ဓမ္မတာပါပဲလေ... ကောင်း

သောတွေ့ဆုံခြင်း ကောင်းသောခွဲခွါခြင်းနဲ့ ကြုံရတာ မင်္ဂလာပဲ

မဟုတ်လား... အခါအခွင့်သင့်ရင် ကျွန်တော်လာလည်ပါ့မယ် "

" ဆရာပြောမှ ငိုချင်လာတယ်ဗျာ....အီး...ဟီး...ဟီး ..ကိုနိုင်မင်းထွေး

လည်း အခြေအနေပေးရင် လာလာလည်ပါဗျာ.. ကျုပ်တော့မျှော်နေ

မိမှာပဲဗျ "

" စိတ်ချပါကိုမြင့်အောင်... ဒီရွာလေးကို ကျွန်တော်သဘောကျပါ

တယ်...ရွာကလူတွေကိုလည်းခင်တယ်...လာမယ်မယ်ဗျာ...

စိတ်ချ ''

" ကျွန်တော်တို့ကိုသွားခွင့်ပြုပါဦး... ကျန်းမာရေးကိစ္စလိုအပ်ရင်

ဖုန်းဆက်လိုက်ပါနော်... အားလုံးပဲနှုတ်ဆက်ပါတယ် "

ရွာခံများမှာ မျက်ရည်ကလေး တလည်လည်ဖြင့် ရွာထိပ်အထိလိုက်

ပို့ပေးကြရှာလေသည်။ ဒေါက်တာတို့သည်လည်း လက်ဝေ့ရမ်းပြ

နှုတ်ဆက်ကာ ပြန်လည်ထွက်ခွါလာခဲ့ကြသည်။ တစ်လမ်းလုံး နှစ်

ယောက်သား စကားမပြောဖြစ်ကြပေ။ အတွေးကိုယ်စီဖြင့် ငြိမ်သက်

နေကြ၏။ ကလေးမြို့အနီးသို့ရောက်သည့်အခါ ဒေါက်တာတင်ထွန်း

လတ်၏ဖုန်းသို့ မတ်ဆေ့ဝင်လာခဲ့သည်။

" ပါပါး ဖုန်းပြန်ခေါ်ပေးပါ "

ဒေါတ်တာလည်း ဖုန်းပြန်ခေါ်ရင်း...

" ဖုန်းလိုင်းကဒီရောက်မှမိတယ်ကွ... "

" ရွာကို ဖုန်းတိုင်လေးတွေမြန်မြန်ရောက်ပါစေလို့... စိတ်မကောင်း

ဘူးသူတို့ကိုတွေ့ရင် ''

" ဟဲလို... သမီးလေး... နေကောင်းလား "

" ဟုတ်ပါပါး...ဖုန်းလည်းဆက်လို့မရဘူး "

" ပါပါးကိစ္စလေးတစ်ခုရှိနေလို့ပါသမီးရယ်...ခုပြန်လာနေပြီ...

မုန့်ဝယ်လာမယ်နော်... "

" ဟုတ်...ဟုတ်... ပါပါး... သမီးသူငယ်ချင်းအသစ်ရပြီ "

" ဟုတ်လား... ပျော်စရာကြီးပေါ့သမီးရဲ့...''

" သူက သမီးကိုလက်စွပ်လေးလက်ဆောင်ပေးတယ်သိလား...

အဲ့ဒါဝတ်ထားရင် ညဆို အိပ်မက်ထဲသွားလည်လို့ရတယ်ပါပါးရဲ့ "

" သမီးကတော့ ပါပါးကိုပြန်နောက်နေပြီ... ဟား...ဟား...

ကောင်းပါပြီခင်ဗျာ... အိပ်မက်လှလှလေးတွေမက်ပါစေသမီးလေး

ရေ... ''

" သမီးသူငယ်ချင်းကခေါ်နေပြီ ဒါပဲနော်ပါပါး "

" အိုကေ သမီးလေး... ပါပါးလာခဲ့မယ်နော်... "

ဒေါက်တာလည်းဖုန်းချပြီး ကားဆက်မောင်းလာ၏။

" တင်ထွန်းလတ်... ဟိုမိစ္ဆာကြီးက သေသွားတာလား...

ငါမသဲကွဲလို့ "

" အင်း...သေပြီထင်တာပဲ... နှလုံးကိုဓါးနဲ့ထိုးပစ်တော့ မင်းမြင်တဲ့

အတိုင်းပဲလေ "

" ငါတော့ ထပ်လာမှာတော်တော်ကိုကြောက်နေပြီ "

" မင်းကလဲသတ္တိနည်းလိုက်တာကွာ... "

" ဒီနေရာမှာငါမလို့ပေါ့ကွ... တခြားလူဆို လန့်ပြီးသေတာကြာ

ပေါ့ ''

" ဟုတ်ပါပြီကွာ... ''

" ဒါနဲ့ငါတို့လည်း တစ္ဆေလိုက်မုဆိုးတွေဖြစ်နေရပြီ... သတင်းတစ်ခု

ကြားရင် သွားရတာဒါနဲ့ဆို ၂ခါရှိနေပြီ... နောက်ဆိုသွားချင်ရင်

မင်းဘာသာမင်းသွား...ငါမလိုက်ဘူးနော်ဟေ့ရောင်... "

ဒေါက်တာတင်ထွန်းလတ်ကပြန်မဖြေ။ နှုတ်ခမ်းလေးကွေးရုံပြုံးနေ

လေသည်။ ၎င်းတို့မသိသေးသည်မှာ ဒေါက်တာတင်ထွန်းလတ်၏

သမီးဖြစ်သူ ချောစုလတ်သည် ကြောက်မက်ဖွယ်ရာအချို့နှင့်ရင်

ဆိုင်နေရခြင်းပင်။ ၎င်းပြောသည့် သူငယ်ချင်းဖြစ်သူက အပြင်လော

ကတွင် အမှန်တကယ်မရှိသူမှန်းသာ သိရှိသွားခဲ့ပါမူ။

ပြီးပါပြီ။

သော်တာလမင်းစန္ဒာ

#lotaya_shortstory

အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..