အခေါင်းငှါးရန်ရှိသည်။ အပိုင်း ( ၃ )
lotaya.mpt.com.mm
|
2020-03-17

ရွာလမ်းအတိုင်းလျှောက်လာကြသည့် ခြေသံများကို ဦးအိုက်စံ ကြား

လိုက်သည်။ ထိုလူများက အခေါင်းလာငှါးခြင်းဖြစ်မည်ဟုလည်း အလို

လိုစိတ်ထဲသိနေ၏။ မကြာပါ။ ဦးအိုက်စံ၏အိမ်ရှေ့သို့ လူနှစ်ယောက်

ရောက်လာချေပြီ။

" ဝေ့...အိုက်စံ... လောဝ်ဝိုး "

" ဘယ်သူတုန်းဝေ့ ''

ဦးအိုက်စံမှာ ကတုန်ကယင်ဖြင့် အိမ်တံခါးကိုအမြန်သွားဖွင့်၏။

" ကောင်ခမ်းတို့ပါလား... ဘာကိစ္စ ''

" စိုင်းအွန်ဖ ဆုံးသွားလို့... ခဏနေအခေါင်းလာပို့ပေးဦး... "

" ဟင်... ဘယ်အချိန်ကဆုံးတာလဲ "

" ငါလည်းမသိဘူး... လေးနာရီလောက်သူ့အဖေအိမ်တံခါးလာ

ခေါက်နိုးမှသိတာ... ငါဟိုဖက်ရွာသွားဖိတ်လိုက်ဦးမယ်... သေချာ

ပို့ပေးလိုက်ဦး...အိုက်စံ ''

" အေ...အေ..."

ဦးစိုင်းကောင်ခမ်းတို့ထွက်သွားပြီးမှ အိမ်ထဲအမြန်ပြေးဝင်လာမိသည်။

ဒေါ်နန်းလောဝ်ဝိုးမှာတော့ အခေါင်းဘေး၌ရပ်နေရင်း ထိတ်လန့်စွာ

အပြင်သို့ကြည့်နေ၏။

" ငါမပြောဘူးလား...အိုက်လျှံကငါတို့ကိုလုပ်ကျွေးနေတာလို့ "

" အိုက်စံ... ငါကြောက်လာပြီ... ဒီအခေါင်းကိုမီးရှို့ပစ်ရအောင်...

အခေါင်းငှါးပြီးပြန်ရောက်လာရင်လည်း နောက်တစ်ယောက်ထပ်

သေဦးမယ်... ငါ့သားကိုမကောင်းဆိုးရွားလို့မထင်စေချင်ဘူး..."

" ဘာလို့ရှို့ရမှာတုန်း... နင်အရှည်ကိုတွေးကြည့်စမ်းပါလောဝ်ဝိုး

ရာ... ဒီကိစ္စကိုဘယ်သူ့မှလည်းသိတာမဟုတ်ဘူး... သူတို့လည်း

သေနေ့စေ့လို့သေတာပဲ... ငါတို့အေးအေးဆေးဆေးအခေါင်းငှါးစား

တယ်...ဒါပဲပေါ့... နင်ဘာမှစိုးရိမ်မနေနဲ့ "

" ဟဲ့အိုက်စံ... နင်ရူးသွားပြီလား... ဒီလိုကိစ္စမျိုးဆိုတာ အနှေးနဲ့

အမြန်ပေါ်မှာပဲ... ရွာကလူတွေသိကုန်ရင် ငါ့သားကိုမကောင်းဆိုး

ရွားလို့ပြောကြမယ်... ငါတို့ကိုနဂိုကမှ နိမိတ်မကောင်းတဲ့သူတွေ

ဆိုပြီး... လူရာမသွင်းရတဲ့ကြားထဲ... ခုလိုသာသိရင် မီးရှို့သတ်ခံ

ရမလားတောင်မပြောနိုင်ဘူး... "

" သူတို့စွပ်စွဲရအောင် ဘယ်မှာလဲသက်သေ... "

" အိုက်စံ... ငါပြောစကားနားမထောင်ဘူးလား... နင်ဒီလိုဇွတ်လုပ်

မယ်ဆိုရင်...ဒီအခေါင်းကိုငါမီးရှို့ပစ်မယ် ''

" နင်မရှို့ရဲပါဘူးလောဝ်ဝိုး... ဒီအခေါင်းကိုမီးရှို့တာနဲ့ အိုက်လျှံနေဖို့

နေရာမရှိတော့ဘူးဆိုတာ နင်ကောင်းကောင်းသိပါတယ်... အဲ့ဒါမှ

သူဒုက္ခရောက်မှာ "

ဦးအိုက်စံနှင့်ဒေါ်နန်းလောဝ်ဝိုးတို့သည် တစ်ယောက်တစ်ခွန်းစကား

များရင်း စိတ်မရှည်သည့် ဒေါ်နန်းလောဝ်ဝိုးမှာ အခေါင်းကြီးကို စင်ပေါ်

မှ တွန်းချပစ်လိုက်၏။ အခေါင်းမှာ ဝုန်းကနဲပြုတ်ကျသွားသော်လည်း

ပွန်းပဲ့ရာပင်မရှိချေ။

" ဒီအခေါင်းကိုနင်ထိစရာမလိုဘူးလောဝ်ဝိုး...ဒါငါနဲ့အိုက်လျှံနဲ့ ချွေး

သံရွှဲရွှဲစိုပြီးလုပ်ထားရတာ... အခေါင်းငှါးလို့ရတာကြတော့ နင်စား

သောက်တယ်မလား... နင်ကကျေးဇူးကန်းတဲ့မိန်းမပဲလောဝ်ဝိုး "

" အေ...ငါကကျေးဇူးကန်းချင်ကန်းမယ်... မလုပ်သင့်တာတော့

ဘယ်တော့မှမလုပ်ဘူး... ဒီအခေါင်းကိုလည်းနင်သွားပို့စရာမလိုဘူး...

ငါခုပဲမီးရှို့ပစ်မယ် "

ဒေါသအလွန်ထွက်ကာ တုန်ယင်နေသောဒေါ်နန်းလောဝ်ဝိုးမှာ

အခေါင်းကြီးအား မနိုင်တနိုင်ဆွဲထုတ်နေလေ၏။ ဒေါ်နန်းလောဝ်ဝိုး

ကို နားချ၍ရမည်မဟုတ်မှန်းသိသည့်ဦးအိုက်စံသည် အခေါင်းအား

လုယူပြီး ဇနီးဖြစ်သူကို တွန်းပစ်သည်။ ထို့နောက် အခေါင်းကို

' မ ' ကာ အိမ်ရှေ့ရှိတွန်းလှည်းပေါ်တင်လိုက်၏။ ဒေါ်နန်းလောဝ်ဝိုး

ကအတင်းပြန်လိုက်ဆွဲသော်လည်း ဦးအိုက်စံမှာသရဲသဘက်ပူးကပ်

နေသည့်အလား ဒေါသတကြီးဖြင့် ထပ်မံဆောင့်တွန်းလိုက်ပြန်၏။

" ငါ့အခေါင်းကိုနင်ထိစရာမလိုဘူး "

ဦးအိုက်စံ၏အသံမှာ ပုံမှန်မဟုတ်ပေ။ ထိုအခေါင်းအတွက် မည်သည့်

အရာဖြစ်ဖြစ် ရင်ဆိုင်မည့်ပုံရသည်။ ၂ခါဆက်တိုက်မြေကြီးပေါ်ပစ်

လဲကျသွားရသည့် ဒေါ်နန်းလောဝ်ဝိုးမှာ တော်တော်နှင့်မထလာနိုင်

ဘဲဖြစ်နေရတော့သည်။ ဦးအိုက်စံမှာတော့ အခေါင်းကြီးအားပြုတ်

မကျစေရန် ကြိုးများဖြင့်အထပ်ထပ်ချည်နှောင်ပြီးတွန်းထွက်သွား

လေပြီ။ အခေါင်းအားလှည်းပေါ်တင်ပြီးတွန်းသွားသည့်ဦးအိုက်စံ၏

ကျောပြင်ကိုကြည့်ကာ ဒေါ်နန်းလောဝ်ဝိုးသည် စိတ်ထိခိုက်စွာဖြင့်

ငိုကြွေးကာ ကန်ရစ်နေလေတော့၏။

" မဖြစ်တော့ဘူး...ဒီအကြောင်းကို ဘဘုန်းကိုသွားလျှောက်တင်မှ

ဖြစ်မယ် ''

ဒေါ်နန်းလောဝ်ဝိုးမှာ အားတင်းကာကုန်းရုန်းထပြီး တစ်ရွာလုံးကိုး

ကွယ်နေသော ဘုန်းကြီးကျောင်းသို့ သွားလိုက်တော့သည်။ နေက

လည်းပူ၊ လူကလည်းနာနေသဖြင့် တော်တော်နှင့်ခရီးမပေါက်ဘဲ

ဖြစ်နေရ၏။ သွားနိုင်သလောက်ဖြည်းဖြည်းချင်းသွားကာ ယခု

ပြဿနာမှ အဆင်ပြေလွတ်မြောက်ပါစေဟု စိတ်ထဲ၌ အကြိမ်ကြိမ်

ဆုတောင်းမိနေသည်။ တဖြည်းဖြည်းသွားရင်း မကြာခင်မှာပင်

အုတ်ခံပျဉ်ထောင်ဘုန်းကြီးကျောင်းလေးသို့ဆိုက်ရောက်လာတော့

သည်။ ကျောင်းလှေကားပေါ်သို့ဖြည်းဖြည်းချင်းတက်နေစဉ် လှေကား

မှဆင်းလာသည့်ကိုရင်ငယ်တစ်ပါးနှင့်တွေ့၍ ကျောင်းထိုင်ဘုန်းကြီး

ထံတွေ့ခွင့်တောင်းလိုက်၏။

ဘုန်းကြီးကျောင်းပေါ်ရောက်သည်တွင် ဘုရားရှေ့မှောက် ဦးသုံး

ကြိမ်ချပြီး ရှစ်ခိုးကန့်တော့လေသည့်အခါ ရင်ထဲမှအပူမီးများက ခေတ္တ

ချုပ်ငြိမ်းသွားသလိုခံစားလိုက်ရသည်။

" ဒကာမလောဝ်ဝိုး... နေကောင်းရဲ့လား "

ကျောင်းထိုင်ဘုန်းဘုန်း ဥူးသောပိတ က အခန်းဆောင်မှထွက်လာ

၏။ ဆရာတော်၏မျက်နှာတော်မှာ ကြည်လင်ပြီး အေးမြနေ သ

ယောင်ဖြစ်ပေါ်နေပြီး မိမိတို့ဘဝများနှင့်အကွာကြီးကွာခြားလွန်းလှ

သည်ဟု ဒေါ်နန်းလောဝ်ဝိုးတွေးနေမိသည်။

" တင်ပါ့ဘုရား... နေကောင်းပါတယ်ဘုရား... ပြဿနာတစ်ခုဖြစ်

နေလို့စိတ်မချမ်းသာရပါဘူးဘုရား "

" ဘာတွေဖြစ်သလဲ...လျှောက်ပါဦး...လောဝ်ဝိုးရဲ့ "

" တပည့်တော်ရဲ့ခင်ပွန်းအိုက်စံက အခေါင်းမှာအိုက်လျှံမကျွတ်ဘဲ

စွဲကပ်နေတယ်ဆိုပြီး မနေ့ညသန်းခေါင်မှာ ထကြည့်ခိုင်းပါတယ်ဘုရား

တပည့်တော်လည်း ထကြည့်လိုက်တော့ အမှန်ပဲ အိုက်လျှံရဲ့ဝိဉာဉ်

ကို တွေ့လိုက်ရပါတယ်... သူတစ်ယောက်ထဲမဟုတ်ဘူးဘုရား...

တခြားဝိဉာဉ်တစ်ခုလည်းပါတယ်... "

" ဒကာမကိုယ်တိုင်တွေ့ရတော့ ကြောက်လန့်သွားမှာပေါ့ "

" အမှန်ပါပဲဘုရား... ကြောက်လည်းကြောက်မိပါတယ်... နောက်

ပြီးဝမ်းနည်းတယ်ဘုရား... တပည့်တော်မသားလေး မကျွတ်လွတ်

ဘဲ ခုလိုဘဝမျိုးမှာ မနေစေချင်ပါဘူးဘုရား... ကယ်တင်ပေးတော်

မူပါဘုရား "

ပါးပြင်ပေါ်သို့စီးကျလာသည့်မျက်ရည်စများကို ပုခုံးပေါ်ကသဘက်

ဖြင့်သုတ်ရင်း ဒေါ်နန်းလောဝ်ဝိုး ငိုကြွေးနေတော့သည်။ ထို့နောက်

ဖြစ်ကြောင်းကုန်စင်ကိုလည်း လျှောက်တင်လိုက်လေသည်။

" ဒကာမ... ဘုန်းဘုန်းဒီကျောင်းမှာကျောင်းထိုင်ဖြစ်နေတာ ဝါ ၃၀

ရှိပြီ... ရွာကလူတွေရဲ့အယူသည်းမှုအစွဲကိုလည်း အကုန်စင်အောင်

သိပြီးပါပြီ... အခုဒကာမပြောသလိုဆို ဒကာအိုက်လျှံကမကျွတ်ဘဲ

သရဲတစ္ဆေ ဖြစ်နေတယ်လို့ဆိုလိုချင်ပုံရတယ်... ဒါကအသူရကာယ်ဘုံ

ပဲဒကာမလောဝ်ဝိုးရဲ့... ဒီဘုံဘဝကလွတ်မြောက်ရာလမ်းကတစ်

နည်းဘဲရှိတယ်... ဒါကတော့ ဒကာအိုက်လျှံအတွက်ရည်စူးပြီး ...

အလှူဒါနပြုလုပ်ပေး...အမျှဝေပေးတဲ့နည်းပဲ... ''

" အလှူလုပ်ပြီးအမျှပေးရင် သားလေးကျွတ်တန်းဝင်မှာလားဘုန်း

ဘုန်းဘုရား..."

" ဒါကလည်းတိတိကျကျမပြောနိုင်ဘူးဒကာမ... ကျွတ်ရင်လည်း

ကျွတ်သွားနိုင်သလို... သူနေရမယ့်ကံမကုန်သေးရင်လည်းအစွဲ

မချွတ်နိုင်ဘူး ''

" ဘယ်လိုလုပ်မှ ဘဝကူးကောင်းမှာလဲဘုရား... သားလေးကို

ဒီလိုမြင်ရတာ...တပည့်တော်စိတ်မချမ်းသာပါဘူးဘုရား...''

ဥူးသောပိတလည်းနှုတ်ဆိတ်သွားကာ စဉ်းစားနေသည်။ ထို့နောက်

" အခေါင်းကိုခေါက်ရင် လူသေတယ်ဆိုတာ တိုက်ဆိုင်မှုလည်းဖြစ်

ရင်ဖြစ်မယ်... ဘုန်းဘုန်းလည်းသေချာမပြောနိုင်သေးဘူး...ဆိုတော့

ဒီလိုလုပ်ဒကာမ... သင်္ကန်းတစ်စုံဝယ်ပြီး ဘုန်းဘုန်းကျောင်းက

ကိုယ်တော်တွေထဲမှာ သင်္ကန်းမလုံလောက်တဲ့ကိုယ်တော်တွေရှိတယ်

သူတို့ထဲက ဒကာမ လှူဒါန်းချင်တဲ့ကိုယ်တော်တစ်ပါးပါးကို ဒကာ

အိုက်လျှံအတွက်ရည်စူးပြီး ကပ်လှူလိုက်ပါ... ပြီးရင် အလှူခံကိုယ်

တော်က ဒကာအိုက်လျှံအတွက် အမျှပေးဝေလိမ့်မယ်... ''

" တင်ပါ့ဘုရား "

" ဘုန်းဘုန်းငယ်ဖြူကတည်းကခင်တဲ့ ဆရာတော်တစ်ပါးကတော့

ရေဆန်မျောတဲ့ကျွန်းနက်အကြောင်းကိုကျွမ်းကျွမ်းကျင်ကျင်သိ

တယ်... ဆရာတော်ဆီအကူအညီတောင်းပြီး ကျွန်းနက်သားရှာရ

မှာပဲ.... အဲ့ဒီကျွန်းနက်အသားနဲ့အခေါင်းမှာ စတိလောက်ရိုက်ထား

ရင်ဘယ်လိုမကောင်းဆိုးရွားဖြစ်ဖြစ် ငြိမ်သွားလိမ့်မယ်ဒကာမ... "

" ဒါဆိုကူညီကယ်တင်ပေးပါဦးဘုရား... ဒီအခေါင်းကြီးကြောင့်

ရွာကလူတွေသေရတယ်လို့တပည့်တော်တော့ ထင်မိပါတယ်''

" ဒကာမလောဝ်ဝိုး... ဒကာမထင်သလိုဟုတ်ချင်မှလည်းဟုတ်

မယ်... အရမ်းကြီးအစွဲအလန်းမထားသင့်ဘူး... အခုဘုန်းဘုန်း

လုပ်ပေးတဲ့နည်းလမ်းက အသင့်တော်ဆုံးနည်းပဲ... ဖြစ်လာမယ့်

အခြေအနေကိုစောင့်ကြည့်ရုံပေါ့ဒကာမ "

" တင်ပါ့ဘုရား... ဘုန်းဘုန်းကယ်တင်နိုင်မယ်လို့ယုံကြည်ပါတယ်

ဘုရား "

ဒေါ်နန်းလောဝ်ဝိုး လည်း ဥူးသောပိတကိုနှုတ်ဆက်ကာ အိမ်သို့ပြန်

လာခဲ့တော့သည်။ စုဆောင်းထားသည့်ငွေထဲမှ သင်္ကန်းတစ်စုံဝယ်

ယူပြီး သင်္ကန်းလှူကာအမျှဝေပေးရန်သာ စိတ်အားထက်သန်နေခဲ့

၏။

" လောဝ်ဝိုး... အိုက်စံ "

အိမ်ရှေ့မှ ခေါ်သံကြောင့် ပိုက်ဆံကိုရင်ဘတ်ထဲထိုးထည့်ကာအမြန်

ထွက်ကြည့်လိုက်၏။ အိမ်ရှေ့တွင် စိုင်းကောင်ခမ်းနှင့် ရွာခံ ၂ယောက်

လည်းတွေ့လိုက်ရသည်။

" ဘာကိစ္စတုန်း...ကောင်ခမ်း... အွန်ဖအသုဘကိုညမှလာကူပေး

မလို့...ငါလည်းမအားသေးလို့လေ "

" နင်တို့ဘယ်လိုလုပ်တာလဲ... ခုထိအခေါင်းလာမပို့လို့ လာလိုက်

ယူတာ ''

" ဟမ်... အိုက်စံယူထွက်သွားပြီလေ ''

" ဘယ်တုန်းကလဲ...လမ်းမှာလည်းမတွေ့ဘူး... အခေါင်းလည်း

ရောက်မလာသေးဘူးဟ "

" ဒုက္ခပါပဲ... အိုက်စံဘယ်တွေလျှောက်သွားနေလဲမသိဘူး "

" ညနေမှအခေါင်းမရောက်လာရင် ကုတင်ပေါ်စံထားရတော့မှာ...

မင့်ယောကျာ်းကိုလိုက်ရှာကြည့်ဦး "

" အေးပါ... ငါသွားရှာပြီး လာပို့ပေးမယ် ''

" အေး... နောက်ပြီးတော့လောဝ်ဝိုး... ငါတစ်ခုပြောပြထားချင်

တယ်... အသုဘအိမ်မှာတုန်းက ပြောသံကြားမိတယ်... နင့်သား

ကမကျွတ်ဘဲအခေါင်းမှာစွဲနေတယ်တဲ့... ငါလည်းမယုံပါဘူး..

နင်သတိထားရအောင် ပြောပြတာ... "

" ဘယ်သူတွေကပြောနေတာတုန်း... မဟုတ်ရပါဘူးဟယ် "

" အဲ့လိုပြောနေကြတာပဲ... အွန်ဖမသေခင်က အိုက်လျှံအခေါင်းကြီး

ထမ်းလာပြီးလာငှါးနေတယ်လို့ ကယောင်ကတမ်းပြောတယ်တဲ့...

နန်းစိန်လည်းပြောနေတယ်... သူ့အမေတုန်းကလည်း အခေါင်းထမ်း

လာတာမျိုးပြောတယ်ဆိုပြီးစကားတွေဖွနေကြတာ... အခေါင်းရှိတာ

ဆိုလို့ နင်တို့ပဲရှိတာမလား... အိုက်လျှံမကျွတ်ဘူးလို့လျှောက်ပြော

နေကြတာပေါ့.. လူတွေပါးစပ်ကတော့ဖွကြတာပဲ... နင်သိထားရ

အောင် သတိပေးတာ... ညနေသေချာလာပို့ပေးလိုက်ဦး... အိုက်စံ

ကိုလည်း မြေကျင်းနောက် လေးပေထပ်ချဲ့ဖို့ပြောလိုက်... အွန်ဖ

နွားတစ်ကောင်ပါထည့်မြုပ်ဖို့ "

" အေး...အေး...ပြောလိုက်မယ် "

စိုင်းကောင်ခမ်းပြောသမျှကို ရင်တထိတ်ထိတ်နှင့်နားထောင်ရင်း

ဒေါ်နန်းလောဝ်ဝိုး တုန်လှုပ်နေမိသည်။ စကားကို ပြန်မဖာထေးနိုင်

အောင်ဖြစ်နေရ၏။ လူအချို့ရိပ်မိနေပြီဆိုလျှင် အခေါင်းကိစ္စအား

အမြန်ဆုံးဖြေရှင်းနိုင်မှ ဖြစ်ပေတော့မည်။ သူမအချိန်မဆိုင်းတော့

ပေ။ ဦးအိုက်စံကို အမြန်လိုက်ရှာရန် ထွက်လာခဲ့တော့သည်။ မြေ

သားလမ်းပေါ်၌ ပေါ်နေသည့် လှည်းဘီးရာအတိုင်း လိုက်သွားလိုက်

သည်။ ဦးအိုက်စံသွားသည့်နေရာကို သူမခန့်မှန်းမိလာသလိုလိုပင်။

ရွာပြင်သုဿာန်၏ အစွန်ဆုံး အိုက်လျှံကိုမြုပ်နှံထားသည့်နေရာသာ

ဖြစ်ပေမည်။

ထိုနေရာသို့ တဖြည်းဖြည်းလျှောက်သွားလိုက်သည်။ ခပ်လှမ်းလှမ်း

တွင် အခေါင်းကြီးကို ခပ်ဝါးဝါးလှမ်းမြင်လာရလေပြီ။ ဦးအိုက်စံကို

ရှာကြည့်သော်လည်း မတွေ့ပေ။ အခေါင်းကြီးထားခဲ့ပြီး မည်သည့်

နေရာသို့ထွက်သွားသည်မသိ။ အခေါင်းကြီးမှာ လှည်းပေါ်၌ထီးထီး

ကြီးရှိနေသည်။ ဒေါ်နန်းလောဝ်ဝိုးလည်း ဘေးပတ်ဝန်းကျင်အနှံ့

လိုက်ရှာကြည့်သည်။ သုဿာန်အစပ်နားတွင် လဲကျနေသော

ဦးအိုက်စံကိုတွေ့လိုက်သည့်အခါ ဒေါ်နန်းလောဝ်ဝိုး ထိတ်လန့်တကြား

ဖြင့်အော်ဟစ်ပြေးသွားလိုက်တော့၏။ ဦးအိုက်စံမှာ ခေါ်၍မရဘဲ

ရှိနေသည်။

အသက်ခပ်မျှင်းမျှင်းရှုနေသေးသဖြင့်မသေသေးမှန်းသိသော်လည်း

သတိပြန်မလည်လာသဖြင့် စိတ်အပူကြီးပူမိနေတော့၏။ ထူးဆန်း

သည်မှာ ဦးအိုက်စံ၏ အင်္ကျီ က ဟပြဲနေပြီးရင်ဘတ်ပေါ်၌ လက်

ဝါးရာ ခပ်နီနီ ထင်ကျန်နေခြင်းပင်ဖြစ်သည်။ ဒေါ်နန်းလောဝ်ဝိုး လည်း

သူမတစ်ယောက်တည်းလာမိသည်မှာ မှားသွားပြီမှန်းနောင်တရနေ

၏။ မထူနိုင် မ 'မ' နိုင် ဖြစ်နေသဖြင့် ထူပူကာ မိမိကိုယ်ခန္ဓာနာကျင်နေသည်ကိုပင်မေ့လျော့ပြီး အကူအညီတောင်းရန် ထိုနေရာမှပြေးထွက်

ခဲ့သည်။ သူမကံကောင်းသည်ဆိုရမည်လားမဆိုသာပေ။ ရွာပြင်ဖက်

တွင် လယ်စိုက်ပြန်လာသည့် အဖွဲ့ကိုလှမ်းမြင်လိုက်တော့သည်။

" ဟေ့.... ပီစိုင်းတို့...ပီနောင့်တို့... ကယ်ကြပါဦး... "

သူမအသံကြောင့် လယ်စိုက်ပြန်လာသည့်အဖွဲ့လည်းအမြန်လှည့်

ပြေးလာကြ၏။ ဖြစ်ကြောင်းကုန်စင်အားပြောပြပြီး သုဿာန်ဆီသို့

ခေါ်လာခဲ့လေသည်။ ထို့နောက် သူမရုတ်တရက်အကြံရသွားပြီး

ဘုန်းကြီးကျောင်းသို့ ခေါ်ဆောင်သွားခိုင်းတော့သည်။

" ဘုန်းဘုန်းဘုရား... အိုက်စံသုဿာန်မှာမေ့လဲနေလို့ဘုရား...

ရင်ဘတ်မှာလည်းလက်ဝါးရာကြီးနဲ့ ကြည့်ပေးပါဦးဘုရား "

ဥူးသောပိတလည်း ဦးအိုက်စံ၏ ရင်ဘတ်ဒဏ်ရာကိုသေချာစွာ

ကြည့်လိုက်၏။ ဆရာတော်မှာ တစုံတရာအားတွေးတောနေပြီး

" ဒကာမ... အိုက်စံနဲ့အိုက်လျှံက သုဿာန်မှာတစ်ခုခုလုပ်ခဲ့သ

လား... ပြောရရင်... ဒီလိုဒဏ်ရာမျိုးကို ဘုန်းဘုန်းဒီရွာကို စရောက်

တုန်းက မြင်ဖူးတယ်... ဒါမျိုးမဖြစ်တာကြာလှပြီပဲ "

" တပည့်တော်မ မသိပါဘူးဘုရား... သူတို့ကဘာမှမပြောပြကြ

ဘူး... ''

" ဒကာအိုက်စံ မကြာခင်သတိရလာမှာပါ... ဒဏ်ရာကြီးကြီး

မားမားမရှိဘူး... ''

" တင်ပါ့ဘုရား "

" ဒကာမ... သင်္ကန်းယူလာပြီလား "

" အခုပဲသွားဝယ်ပါမယ်ဘုရား..."

လယ်စိုက်ပြန်လာသူထဲမှ လူတစ်ယောက်ကသူသွားဝယ်ပေးမည်

ဆိုကာ ဒေါ်နန်းလောဝ်ဝိုး ထံပိုက်ဆံယူကာထွက်သွားလေသည်။

ထိုနောက် ဆရာတော်က ကျောင်းခန်းထောင့်နေရာ၌ ချည်မန်းများ

ကို ချည်ခိုင်းလိုက်သည်။ ကိုယ်ရင်ငယ်လေးများက ချည်မန်းကြိုး

များအား ကျောင်းတိုင်များ၌ချည်နှောင်လိုက်၏။ ထို့နောက် ထို

ချည်မန်းစက်ဝိုင်းထဲ ဦးအိုက်စံအားချထားခိုင်းလေသည်။ ချည်မန်း

စက်ဝိုင်းထဲရောက်သည်နှင့် ဦးအိုက်စံက ငေါက်ကနဲထထိုင်လာ

သည်။ သူ၏မျက်နှာမှာ အသက်မဲ့နေသည့်အလား သွေးဆုပ်ဖြူ

လျော့ပြီး မျက်နှာသေကြီးနှင့်ကြည့်နေ၏။

ကိုရင်ငယ်များကလည်း အမြန်ပြေးထွက်လာကြပြီး ချည်မန်းဖြင့်

ဝင်ပေါက်နေရာအားအမြန်ချည်နှောင်လိုက်ကြလေတော့သည်။

ထိုအခါ ဦးအိုက်စံက ယိုင်တိုင်တိုင်ဖြင့် မတ်တပ်ထရပ်လာပြီး ချည်

မန်းစက်ဝိုင်းတွင်းမှ ထွက်ရန်ကြိုးစားလာချေပြီ။ သို့သော် ချည်မန်း

ကြိုးမျှင်မျှင်လေးကို ရုန်းမထွက်နိုင်ဘဲရှိနေ၏။

" ဒကာအိုက်စံ.... စည်းဝိုင်းထဲငြိမ်ငြိမ်လေးထိုင်ပါ "

ဦးအိုက်စံမှာ မနာခံဘဲ ဒေါသအမျက်ချောင်းချောင်းထွက်ကာ

အော်ဟစ်လိုက်သည်။

" ငါ့ကိုအခုလွှတ်.... ဒါတွေဖြုတ်ပေး... "

" ဒကာကြီး... ဘုန်းဘုန်းပြောနေတယ်... စည်းဝိုင်းထဲပြန်ထိုင်

ပါ "

" မထိုင်ဘူး... ငါ့ကိုအခုလွှတ်... "

ဦးအိုက်စံ၏အသံက မိန်းမတစ်ယောက်အသံကဲ့သို့ထွက်နေပြီး

အော်လိုက်တိုင်း ကြားလိုက်ရသူအဖို့ ကျောချမ်းသွားစေသည်။

" ဒကာအိုက်စံ မဟုတ်ဘူးထင်တယ်... ဒကာအိုက်စံဆီပူးကပ်နေ

တာ...ဘယ်သူများလဲ... ဘုန်းဘုန်းကိုပြောပါဦး "

" ဘယ်သူလဲဆိုတာ ဥူးဇင်းသိပါတယ်...ဟင်း...ဟင်း ''

ဥူးသောပိတမှာ ခေါင်းတညိမ့်ညိမ့်ဖြင့် သိရှိကြောင်းအရိပ်အမြွက်

ပွလိုကျ၏။

" ဒကာမ ကိုနေစရာပေးထားပြီမလား... ဘာလို့နောက်ယှက်နေတာ

လဲ ''

" နေစရာပေးပြီး ဖျက်ပစ်ကြတယ်လေ... ''

" ဘယ်သူတွေကဖျက်ပစ်တာလဲ ဒကာမ "

" ငါ့ဘုံနဲ့ငါနေနေတာ... ငါ့ဘုံကိုလာခုတ်ပစ်တယ်... ငါမသွားချင်

လို့ တခြားဘုံပေါ် ခိုကပ်နေတာကို အတင်းခေါ်လာကြတာပဲ..."

" ဘုန်းဘုန်းဘုရား... တပည့်တော် သိပြီဘုရား... ဒီအခေါင်းလုပ်

တဲ့သစ်က အိမ်ဆောက်ဖို့သွားခုတ်လှဲရာက လူကောင်တင်သစ်

ဖြစ်သွားလို့ မသုံးတော့ဘဲပစ်ထားတာပါဘုရား... အိုက်စံက နှမြော

ပြီး တောင်းလို့ပေးလာတာပါ... သူနဲ့ အိုက်လျှံနဲ့နှစ်ယောက် အလဟ

သဖြစ်မှာစိုးလို့ အခေါင်းလုပ်လိုက်ကြတာပါဘုရား ''

" အော်... အဲ့လိုကိုး... ဒါဆို ဒီအခေါင်းတလားမှာ နေနေတာလား

ဒကာမ "

" ဟုတ်တယ်... ငါ့ဘာသာအေးအေးဆေးဆေးနေတာ...ဒါကို

ဟိုအကောင်က ငါ့ကိုအစာလာလာကျွေးတယ်....ကျွေးတလှည့်

မကျွေးတလှည့်နဲ့ နောက်တော့ မကျွေးတော့ဘူး... သူမကျွေးလို့

တောင်ပေါ်ကတွန်းချပစ်တာ "

" ဘုရား...ဘုရား... အိုက်လျှံရယ်...ဖြစ်မှဖြစ်ရလေ..."

" ဒကာမလောဝ်ဝိုးသားက... ဒီအခေါင်းကြီးမှာ ဒီဒကာမရှိတာ

ဘယျလိုသိတာလဲ "

ဒေါ်နန်းလောဝ်ဝိုးမှာ မည်သည်မှနားမလည်နိုင်သေးသဖြင့် အတော်

ကြာစဉ်းစားတွေးတောနေလေသည်။

" ဒီလိုဖြစ်ပါလိမ့်မယ်ဘုရား... အိုက်လျှံကသူ့ကိုအစာကျွေးတာ

မဟုတ်ပါဘူး.. သူကတောလည်ပြီးပြန်လာရင် သားကောင်ပါလာ

တတ်တယ်ဘုရား... ရလာတဲ့သားကောင်ကို အခေါင်းပေါ်တင်တင်

ထားလေ့ရှိတယ်... ပြီးရင် မောမောနဲ့ ခဏနားပြီး ရလာတဲ့သား

ကောင်ကို အမဲဖျက်ပေးနေကြပါဘုရား... ဒါကိုသူ့ကိုအစာကျွေး

တယ်ထင်တာဖြစ်လိမ့်မယ်... တပည့်တော်မတော့ဒီလိုပဲ ထင်မိ

ပါတယ် "

" ဒကာမကိုအစာကျွေးတာမဟုတ်ဘူး... သူရလာတာကိုခဏတင်

ထားတာ... ဒကာမကဘာလို့မကောင်းမှုကိုကျူးလွန်သလဲ "

" လာတင်တာဖြစ်ဖြစ်.. ဘာဖြစ်ဖြစ်... ငါ့ကိုအစာကျွေးတာပဲ...

ငါကသူတို့ကိုပြန်တောင်စောင့်ရှောက်ပေးသေးတယ်... သား

ကောင်လိုက်ရင်ရဖို့ ငါကူညီပေးခဲ့တယ်...သူက နောက်တော့အစာ

ကျွေးနေကြကိုပျက်ကွက်လာတယ်... အဲ့ဒါကြောင့်တွန်းချလိုက်တာ

... ဒါပေမယ့် အခုအဲ့ကောင်လေး ငါ့ဆီမှာနေနေကတာပဲ... "

" ပေးနေထားတာလား "

" သူကနေချင်တယ်ပြောတာ... ငါ့ဆီနေရင် ငါခိုင်းတာလုပ်ရမယ်..."

" ဒကာမကဘာခိုင်းသလဲ "

" အခေါင်းကိုသုံးချက်လာခေါက်ခိုင်းတယ်... ဒါဆို အခွင့်ရသလို

နင်တို့လူ့စည်းလည်းကျိုးရပြီလေ... တစ်ယောက်ပြီးတစ်ယောက်

သေလေလေ... ငါ့ဆီခစားတဲ့သူများလေလေပေါ့... ဟား...ဟား...

ဟား... "

ဥူးသောပိတမှာ ဦးအိုက်စံထံမှအကြည့်လွှဲပြီး ကျောင်းအပြင်ဖက်

ရှိ အခေါင်းအားလှမ်းကြည့်လိုက်သည့်အခါ အခေါင်းပေါ်တွင်

အိုက်လျှံ၊ ဒေါ်နန်းမြမေနှင့် စိုင်းအွန်ဖ တို့ဝိဉာဉ်သုံးခု တက်ထိုင်နေ

ကြသည်ကို တွေ့မြင်လိုက်ရတော့သည်။ ယခင်နှင့်မတူဘဲ စွမ်း

အားကြီးလာနေသည့် မကောင်းဆိုးရွားအကြောင်းကို ပြန်တွေးမိ

သဖြင့် ဥူးသောပိတမှာ မျက်နှာညိုးငယ်သွားလေတော့၏။ ယခု

ကိစ္စရပ်ကြီးအား မိမိတစ်ပါးတည်းဖြေရှင်းနိုင်လိမ့်မည် မဟုတ်မှန်း

ရိပ်မိသည့်အခါ ငယ်ဖြူဘဝက ခင်မင်ရင်းနှီးခဲ့ဖူးသော ဆရာတော်

ကို အမြန်ပင့်ဖိတ်ရန် စာတစ်စောင်အမြန်ရေးလိုက်လေတော့သည်။

" ဆရာတော်ဘုရား...

အရေးကြုံနေတဲ့အတွက် အမြန်ကြွရောက်ပေးစေလိုပါတယ်။

လွန်ခဲ့တဲ့ နှစ်များက အလွန်ဆိုးဝါးပြီးကြမ်းကြုတ်တဲ့ အသူရကယ်ဘုံ

က စောနန်းဆိုင် ပြန်ပေါ်လာပြီဘုရား။ အခေါင်းမှာစွဲကပ်နေလို့

ဆန်ရေကျွန်းနက်လေးများရှာလို့ရရင် တပါတည်းယူဆောင်လာပေး

ပါဘုရား။

ဥူးသောပိတ ''

ထိုစာခေါက်ကလေးကို ကိုရင်နှစ်ပါးအား လက်ယက်ခေါ်ပြီး အမြန်

ပို့ဆောင်စေလွှတ်လိုက်လေတော့သည်။ ထိုအခါ ဦးအိုက်စံသည်

တဟီးဟီးရယ်မောရင်း ကိုရင်နှစ်ပါးကို လိုက်ကြည့်နေ၏။ ကိုရင်

နှစ်ပါးကျောင်းမှထွက်သွားသည်နှင့် အခေါင်းပေါ်တက်ထိုင်နေကြ

သော ဝိဉာဉ်သုံးခုသည် အနောက်မှ တပါတည်းလိုက်သွားသည်

ကို ဥူးသောပိတတွေ့မြင်လိုက်ရသည့်အခါ ထိတ်ကနဲဖြစ်ပြီး ကျောင်း

ဝသို့ အမြန်လိုက်ကြည့်မိလိုက်သည်။ ကိုရင်နှစ်ပါးနောက်တွင် လေ

ပေါ် ပျံဝဲပြီးလိုက်ကပ်ပါသွားသည်အားမြင်လျှင် စိုးထိတ်သွားကာ

အရံအတားအမြန်ဆုံးပြုလုပ်ရန် ကျောင်းခန်းထဲသို့ အမြန်ပြန်ဝင်

လာခဲ့လေသည်။ ကိုရင်နှစ်ပါး အန္တရာယ်အသွယ်သွယ်မှ ကျော်

လွှားနိုင်ပါစေဟု ဥူးသောပိတမှာ အဆက်မပြတ် ဆုတောင်းနေရ

ချေခဲ့ပြီ။

ဆက်လက်ဖော်ပြပါမည်။

သော်တာလမင်းစန္ဒာ

#lotaya_funny

နေ့စဉ် အသစ်သစ်သော ဟာသ လေးတွေကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..