အခေါင်းငှါးရန်ရှိသည်။ အပိုင်း ( ၄ )
lotaya.mpt.com.mm
|
2020-03-24

" ဝိသုန်ဓ... "

" ဘုရား ''

" ဥူးဇင်းသုံးပါးလောက်သွားခေါ်ချေ "

ဝိသုန္ဓကိုရင်ငယ်သည် ကျောင်းပေါ်မှအပြေးအလွှားဆင်းပြီး သွား

လိုက်၏။ ဥူးသောပိတမှာ ဘုရားရှေ့၌ ဆီမီးတိုင် ငါးတိုင်ကို စိုက်လှူ

ပူဇော်လိုက်သည်။ မကြာခင် ဥူးဇင်းသုံးပါးကြွရောက်လာသည့်အခါ

ဘုရားရှေ့၌ထိုင်စေပြီး ရွတ်ဖတ် သရဇ္ဈာယ် စေသည်။ ဥူးဇင်းတို့

စတင်ရွတ်ဆိုသည်နှင့် ဦးအိုက်စံမှာ လူးလွန့်လာတော့၏။

" ပူတယ်... မရွတ်ကြပါနဲ့... ပူလိုက်တာ...အား "

" ဒကာမ... ဒီဒကာဆီပူးကပ်နေတာခွာပေးမှာလား "

" မခွာပေးဘူး... မထွက်ပေးနိုင်ဘူး "

" ဒကာမ... ဘုန်းဘုန်းမေတ္တာရပ်ခံပါတယ်... ဒကာမနေထိုင်ဖို့

နေရာလည်းပေးပါ့မယ်... ဒကာအိုက်စံဆီပူးကပ်နေတာက ခွာပေး

လိုကျပါဒကာမ "

" ဟီး...ဟီး...ဟီး... ဒီမှာကြည့်... လက်ဝါးရာတွေ့လားဥူးဇင်း...

ဒီလက်ဝါးရာရှိတဲ့သူဆို...ငါ့အပိုင်ပဲ... အခုတော့ ခဏခွာပေးလိုက်

မယ်...နောက်မှပြန်ဝင်တော့မယ် "

ထိုသို့ပြောပြီး ဦးအိုက်စံသည် လဲကျသွားတော့၏။ တပြိုင်နက်တည်း

ပင် ဦးအိုက်စံဘေး၌ ရပ်နေသည့် အရိပ်မည်းမည်းကြီးကို ဥူးသော

ပိတမြင်နေရသည်။ ထိုအရိပ်မည်းကြီးသည် ပူလောင်လွန်းသဖြင့်

ကြမ်းခင်းပေါ်လှဲချကာ လူးလွန့်နေသည်။

" ပူတယ်... လွတ်ပေးပါတော့... ''

" ဒကာမ... ဘုန်းဘုန်းရဲ့ကိုရင်နှစ်ပါးကိုအန္တရာယ်မပြုပါဘူးလို့

ကတိပေးရင် ချည်မန်းကြိုးဖြည်ပေးမယ် "

" ဘာလဲ...ဥူးဇင်းက အပေးအယူလုပ်တာလား...အား...ပူတယ်..

ပူတယ် "

ဥူးသောပိတက မေ့လဲကျနေသည့်ဦးအိုက်စံဖက်သို့ကြည့်ကာ စကား

ပြောနေသဖြင့် ဒေါ်နန်းလောဝ်ဝိုး နှင့် လယ်စိုက်သည့်အဖွဲ့လည်း

ကြက်သေသေဖြင့်ကြည့်နေကြသည်။ ၎င်းတို့မမြင်ရသောကြောင့်

ဥူးသောပိတ မည်သည့်အရာနှင့် စကားပြောဆိုနေခြင်းကို သိရှိချင်

မိကြသည်။ ဥူးသောပိတ မည်သို့ပင်ပြောပြော ထိုမကောင်းဆိုးရွား

တဖြစ်လဲ စောနန်းဆိုင်က အလျော့မပေးချေ။

" ကိုယ်တော်... အနံ့တစ်ခုခုမရဘူးလား "

" ရနေတာကြာပြီကိုယ်တော်... တပည့်တော်လည်းစဉ်းစားနေတာ "

ရွာထိပ်မှ လှည်းကိုငှါးယူကာ တဖက်ရွာသို့ သွားနေကြသည့်ကိုရင်

နှစ်ပါးမှာ ဆိုးရွားလွန်းသည့်အနံ့အသက်များရနေသဖြင့် ပြောဆို

နေကြသည်။ ထိုကိုရင်နှစ်ပါးနှင့် လှည်းသမားကသာ မတွေ့မမြင်

သည်၊ လှည်းပေါ်တွင် အိုက်လျှံတို့တစ္ဆေ သုံးကောင်ကထိုင်လျှက်

လိုက်ပါလာနေ၏။ ထို့နောက် အိုက်လျှံတစ္ဆေက လှည်းမှောက်သွား

အောင် လှည်းပေါ်မှခုန်ချလိုက်ပြီး လှည်းအားလမ်းဘေးသို့ဆွဲချ

ပစ်သည်။ ကျန်တစ္ဆေနှစ်ကောင်မှာမူ အိုက်လျှံဆွဲချရာဖက်သို့၎င်းတို့

ကပါ လိုက်ဆွဲချကြသည်။ ရှေ့တွင်မောင်းနေသည့်လှည်းသမားက

နွားများကို နှင်တံဖြင့်ထိန်းသော်လည်း နွားနှစ်ကောင်ကကြောက်

လန့်တကြား ပြေးလေတော့၏။

လှည်းမောင်းကျွမ်းကျင်လှပါသည်ဆိုသော်ငြား ယခုကဲ့သို့ ချောချော

မွေ့မွေ့လှည်းလမ်းကြောင်းပေါ် ခလုတ်မရှိဘဲ နွားလှည်းတစ်ခြမ်း

တိမ်းစောင်းနေခြင်းကို နားမလည်နိုင်ခဲ့ပေ။ ကိုရင်နှစ်ပါးမှာ လှည်း

ပေါ်မှပြုတ်မကျသွားစေရန် မနည်းကိုင်ထားရ၏။

" ကိုရင်တို့... နွားတွေကဘာဖြစ်လဲမသိဘူး... ထိန်းမရဘူးဗျ "

" ဒကာကြီး... တစ္ဆေသရဲ များလှည်းပေါ်ပါလာသလားမသိဘူး "

" ဟုတ်မယ်ကိုရင်... ဒီနွားတွေတခါမှခုလိုမဖြစ်ဖူးဘူး... ကြံပါဦး

ကိုရင်ရယ် ''

ကိုရင်နှစ်ပါးမှာလည်း အတွေ့အကြုံနည်းပါးသေးသဖြင့် မည်သို့မှ

မတွေးတတ်အောင်ဖြစ်နေတော့သည်။

" ဒီလိုလုပ်ကိုယ်တော်... တပည့်တော်တို့လှည်းပေါ်ကဆင်းပြီး

လမ်းလျှောက်ကြမယ် "

" ပြောရက်လိုက်တာကိုယ်တော်.. နွားတွေကကြောက်အားလန့်

အားဇွတ်ပြေးနေကြတာ...လှည်းပေါ်ကဘယ်လိုဆင်းမလဲ "

" ခုန်ချကြတာပေါ့ကိုယ်တော် ''

ကိုရင်နှစ်ပါးမှာ တိုင်ပင်ရေပြီး တစ် နှစ် သုံး ဟူ၍ ပြိုင်တူခုန်ချပစ်ကြ

တော့သည်။ ကိုရင်နှစ်ပါးခုန်ချသွားသည်နှင့် နွားလှည်းသည်လည်း

ပုံမှန်အတိုင်းပြန်ဖြစ်သွားလေ၏။

" အမှောင့်ပရောဂ ကပ်ပါလာတာသေချာသွားပြီကိုရင်တို့...

ဘယ်လိုဆက်လုပ်ကြမလဲ... ''

" ကိုယ်တော်တို့ကတော့ ဆက်သွားရမှာပဲဒကာ... ဒကာပြန်ချင်

လည်း လှည့်ပြန်လိုက်ပါ "

လှည်းသမားက ခေတ္တစဉ်းစားနေသေးသည်။ ထို့နောက်မှ

" တပည့်တော် ဖြည်းဖြည်းလေးမောင်းရင်း အဖော်လိုက်လုပ်ပေး

မယ်ကိုရင်တို့... နှစ်ပါးတည်းသွားရတာထက် တပည့်တော်ပါတော့

ကူညီလို့ရတာပေါ့ "

" ကောင်းတယ်... ကိုယ်တော်တို့လမ်းလျှောက်မယ်...ဒကာက

နောက်ကလိုက်မောင်း "

" ကိုယ်တော်... တစ်ခုစဉ်းစားမိတာ..လမ်းလျှောက်နေရင်း ဘုန်း

ဘုန်းသင်ပေးထားတဲ့ ဘုရားစာရွတ်သွားတာပိုကောင်းမယ်ထင်

တယ် "

" ဟုတ်တယ်ကိုယ်တော်... ရွတ်သွားကြတာပေါ့ "

ထို့နောက် ကိုရင်နှစ်ပါးက ဘုရားစာရွတ်ကာရှေ့မှ သွားသည်။

လှည်းသမားကအနောက်မှ ဖြည်းဖြည်းချင်းလိုက်သည်။ လှည်းပေါ်

တွင်တော့ အိုက်လျှံတို့တစ္ဆေ သုံးကောင်မှာ မည်သို့မှဆက်လုပ်မရ

ဘဲဖြစ်နေကြလေတော့သည်။ ထိုအချင်းအရာကြောင့် ချည်မန်း

စက်ဝိုင်းထဲလူးလွန့်နေသည့် စောနန်းဆိုင်မှာ အလျော့ပေးသွားတော့

သည်။

" ကတိပေးပါတယ်ဥူးဇင်း... ကိုရင်နှစ်ပါးကိုမနှောင့်ယှက်တော့ပါ

ဘူး "

စောနန်းဆိုင်ထံမှ ကတိရပြီဖြစ်၍ ဥူးသောပိတလည်း ချည်မန်းကြိုး

ကို ဖြည်ပေးလိုက်လေသည်။ စက်ဝိုင်းပျက်သွားသည်နှင့် စောနန်း

ဆိုင်သည်လည်း လှစ်ကနဲပျောက်ကွယ်သွားသည်။ ဦးအိုက်စံကို

' မ ' ထူခိုင်းပြီး ရင်ဘတ်ပေါ်မှလက်ဝါးရာကို သေချာစွာပြန်ကြည့်

ရင်း ဥူးသောပိတမှာသက်ပြင်းချမိ၏။

" ဘုန်းဘုန်းဘုရား... အိုက်စံကိုကယ်ပါဦးဘုရား...ခုချိန်ထိသတိမရ

သေးတာ တပည့်တော်မစိတ်ပူမိတယ်ဘုရား ''

" သူသတိရလာမှာပါ... ဝိသုန္ဓ... အခန်းထဲကခေါင်းအုံးတစ်လုံး

သွားယူခဲ့ ''

ဦးအိုက်စံအားခေါင်းဦးခုပေးပြီး ရင်ဘတ်ပေါ်ရှိဒဏ်ရာကို ရေမန်းဖြင့်

ပက်ဖြန်းပေးလေသည်။

" ကျောင်းမှာခဏစောင့်လိုက်ဦးပေါ့... သတိရလာမှ ပြန်လိုက်

လောဝ်ဝိုး... ဗိုက်ဆာရင် ကျောင်းဆောင်အောက်မှာ ရှိတာယူ

စားကွ ''

" မဆာပါဘူးဘုရား...''

ထိုအချိန်တွင် သင်္ကန်းသွားဝယ်ပေးသည့်ရွာခံပြန်ရောက်လာသဖြင့်

ဒေါ်နန်းလောဝ်ဝိုး မှာ သားဖြစ်သူကိုရည်စူးပြီး လှူဒါန်းလိုက်သည်။

ဥူးဇင်းငယ်လေးက နှုတ်မှ ' ဒကာကြီးအိုက်လျှံ ' ဟုပြောလိုက်သည်

တွင် ကိုရင်နှစ်ပါးနောက်လိုက်သွားသည့် အိုက်လျှံတစ္ဆေမှာ ဂဃာ

မငြိမ်တော့ဘဲ ဖင်တကြွကြွဖြစ်လာတော့၏။

" သား...အိုက်လျှံ... အလှူဒါနအတွက် အမျှယူဖို့ လာခဲ့ပါသား

ရယ်... "

ဒေါ်နန်းလောဝ်ဝိုး ခေါ်လိုက်သည်တွင် လှည်းပေါ်ဆက်နေ၍မရ

တော့ဘဲ ဘုန်းကြီးကျောင်းပေါ်သို့ ချက်ချင်းရောက်လာလေတော့

သည်။ ကျောင်းပေါက်ဝမှ လက်အုပ်လေးချီပြီး ငိုက်စိုက်ငိုက်စိုက်

ဝင်လာသော အိုက်လျှံအား ဥူးသောပိတတစ်ပါးသာမြင်တွေ့နေ

၏။ သို့သော်အိုက်လျှံက ဆက်ဝင်မလာဘဲ ကျောင်းခန်းအပြင်သို့

ပြန်ပြေးထွက်သွားသည်။ တစ်ကိုယ်လုံးပူလောင်လွန်းသဖြင့် အရည်

ပြားပေါ်၌ မီးလောင်ဖုများကဲ့သို့ပေါ်လာတော့သည်။ နာကျင်လွန်း၍

မျက်ရည်များကျဆင်းလာချေပြီ။ အခြေအနေကိုရိပ်မိသည့်ဥူးသော

ပိတက ဘုရားစာရွတ်ဆိုနေသည့် ဥူးဇင်းသုံးပါးကို ရပ်နားစေသော

အခါမှ အိုက်လျှံလည်း သက်သာရာရသွားတော့သည်။

" ခုလိုလှူဒါန်းရသောကုသိုလ်အား ဒကာအိုက်လျှံအတွက်အမျှပေး

ဝေပါတယ်... ဒကာအိုက်လျှံအမျှခေါ်ယူပါ...

ကြားကြားသမျှ... အမျှ...အမျှ...အမျှ ယူတော်မူကြပါကုန်လော...

သာဓု...သာဓု...သာဓု ''

အိုက်လျှံမှာ ဒေါ်နန်းလောဝ်ဝိုးဘေးတွင် လက်အုပ်လေးချီကာထိုင်

ရင်း အမျှ ယူနေသည်။ အမျှယူပြီးသော်လည်း အိုက်လျှံမှာနဂိုအတိုင်း

မပြောင်းလဲချေ။ ဥူးသောပိတ လည်းစိတ်မကောင်းစွာဖြင့်ကြည့်နေ

ရသည်။ ထိုစဉ်အိုက်လျှံရင်ဘတ်ဆီမှ လက်ဝါးရာကြီးသည် နီရဲလာ

ခဲ့သည်။ အိုက်လျှံမှာ ထိုလက်ဝါးရာကိုငုံ့ကြည့်ပြီး ကျောင်းခန်းထဲမှ

အပြင်ဖက်သို့ပြေးထွက်ပျောက်ကွယ်လို့သွားပေသည်။

" ဘုန်းဘုန်းဘုရား... တပည့်တော်မရဲ့သားလေး...ခုဆိုကောင်း

ရာမွန်ရာဘုံဘဝကိုရောက်လောက်ပြီပေါ့နော်ဘုရား "

ဥူးသောပိတမှာ ဆိတ်ဆိတ်သာနေမိ၏။ ပြန်လည်မဖြေပေးခဲ့ချေ။

" ကဲ... ဒီမှာရှိကြတဲ့သူတွေလည်း သိချင်ကြမယ်ထင်တယ်... ဘုန်း

ဘုန်းအဖြစ်အပျက်အစအဆုံးပြောပြမယ်နားထောင်... ဘုန်းဘုန်း

ဒီရွာကိုစရောက်တုန်းက အသက် (၃၀) ကျော်အရွယ် ဝါအရဆို

ဝါထပ်နှစ်ပါ ( ၁၆ )ဝါ အချိန်ကပေါ့... လောဝ်ဝိုးတော့မှတ်မိမလား

မသိဘူး... ရွာလူကြီးတူမ စောနန်းဆိုင်လေ... ''

" သိပါတယ်ဘုရား... အဲ့အချိန်တုန်းကတပည့်တော်အသက် ( ၁၄)

နှစ်လောက်က သူဆုံးသွားတာကြာခဲ့ပြီဘုရား... အရမ်းချောလွန်း

လို့ လယ်စိုက်သွားလို့တွေ့တိုင်းငေးကြည့်ခဲ့ရတာ "

" အင်း... စောနန်းဆိုင်က စိုင်းလုံကျောက်ဆိုတဲ့ကောင်ကလေးနဲ့

မေတ္တာမျှတော့ သူ့ကိုတစ်ဖက်သတ်ကြိုက်တဲ့ အိုက်နွန်းက မကျေ

နပ်ဘူး... တစ်နေ့ ရွာအနောက်ဖက်မှာမီးသင့်ချိန် တစ်ရွာလုံးပျာယာ

ခတ်နေကြတာပေါ့...အဲ့အချိန်မှာ သူ့သူငယ်ချင်းနှစ်ယောက်အဖော်

ခေါ်လာပြီး စောနန်းဆိုင်ကို အတင်းဓမ္မဖမ်းခေါ်သွားကြတယ်...

မီးဘေးသင့်နေတော့ စောနန်းဆိုင်ကိုခေါ်သွားတာမသိလိုက်ဘူးပေါ့

လေ... အဲ့ဒါကိုသူ့ကိုရွာထဲလာဖမ်းခေါ်တာမြင်ရက်နဲ့မကူညီမကယ်

တင်ကြဘူးလို့ငြိုးတေးထားတော့တာ... စောနန်းဆိုင်ကလည်း အာဂ

မိန်းမ... ဖမ်းခံရလည်း ခပ်မာမာပဲ... ဘယ်လိုမှပြောမရတဲ့အဆုံး...

အဲ..ခုသုဿာန်နေရာကအရင်ကတောအုပ်ကြီးကိုး...မှတ်မိလား

လောဝ်ဝိုး ''

" တင်ပါ့...အဲ့တုန်းက ဒီဖက်သုဿာန်မရှိသေးဘူး...ရွာမြောက်ပိုင်း

မှာဘဲမြုပ်ကြတာ... "

" အင်း...ဟုတ်တယ်... အခုသုဿာန်နေရာက စောနန်းဆိုင်ကို

ဖမ်းထားတဲ့နေရာပဲ... သူ့ကိုကျောက်ဂူကြားမှာ ကြိုးချည်ပြီးဖမ်းထား

ခဲ့တာ... အိုက်နွန်းက နင်ငါ့ကိုမယူရင် အစာမကျွေးဘူးဆိုပြီးအငတ်

ထားခဲ့တယ်... စောနန်းဆိုင်ကလည်းမစာဘူး...အသေသာခံမယ့်

သူမျိုး...နောက်ဆုံး အစာပြတ်လပ်ပြီး မျော့မျော့လေးကျန်တဲ့အချိန်

အိုက်နွန်းက နောက်ဆုံးအခွင့်အရေးပေးမယ်ပေါ့... ဒီနေရာကနေ

ရွာအရောက်ပြန်နိုင်ရင်လွှတ်ပေးမယ်လို့ဆိုတယ်... စောနန်းဆိုင်က

လမ်းလျှောက်ဖို့မပြောနဲ့ မတ်မတ်တောင်မရပ်နိုင်တဲ့အနေအထား...

ဒါပေမယ့်အားတင်းပြီးပြန်ခဲ့တယ်... ကျောက်ဂူလည်းကျော်ရော..

အိုက်နွန်းက ပြန်စဉ်းစားတယ်...စောနန်းဆိုင်ကမလွယ်ဘူး...

သူပြန်ရင်ပြန်ရောက်သွားမယ်ပေါ့...ပြန်ရောက်လို့သူနှိပ်စက်ခဲ့သမျှ

ပြန်ပြောရင် သူ့ကိုရွာကအရှင်ထားမှာမဟုတ်ဘူးလို့တွေးမိတယ်...

သူဖမ်းခေါ်လာတာလည်းဘယ်သူမှမသိကြဘူးလေ... အဲ့လိုတွေးမိ

တာနဲ့... လက်ထဲကဓါးကိုမြှောက်ပြီး စောနန်းဆိုင်ရဲ့ကျောလယ်

တည့်တည့်ခုတ်ချလိုက်တာပဲ... စောနန်းဆိုင်ကသူအခုတ်ခံရပြီ

ဆိုတာသိတာနဲ့...လဲကျသွားတော့တာပေါ့... စီးကျလာတဲ့သွေးတွေကိုလက်နဲ့စမ်းယူပြီး ကျောက်ဂူပေါ် လက်ဝါးရာရိုက်နှိပ်ခဲ့တယ်..ပြီး

တော့ကျိန်ဆိုခဲ့တယ်... စိုင်းနွန်းဆိုတဲ့သူကဘာမှအယုံအကြည်

မရှိတဲ့သူဆိုတော့ အလောင်းဖျောက်ပြီး မသိသလိုရွာထဲနေမြဲနေခဲ့

တာပေါ့... ''

" ဒါတွေတပည့်တော်ကြားတော့ကြားဖူးတယ်ဘုရား... အကုန်အစင်

မသိခဲ့ဘူး ''

" မသိတာကဘယ်သူ့မှပြန်မပြောရဲကြတော့လို့လေ... ကဲဆက်ပြော

ရရင်... နောက်တစ်ပတ်လောက်နေတော့ဖမ်းခေါ်သွားတဲ့စိုင်းနွန်း

သူငယ်ချင်းနှစ်ယောက်ထဲကတစ်ယောက်ဟာ ရင်ဘတ်မှာလက်ဝါး

ရာအနီကြီးနဲ့ အိမ်အောက်မှာသေနေတာတွေ့ကြတော့တာပေါ့...

အဲ့ဒီအလောင်းကိုမြင်တော့ ကျန်တစ်ယောက်က ကြောက်ပြီးအကုန်

ဖော်ပြောတော့တာ... ဖော်ရမလားဆိုပြီးတော့စိုင်းနွန်းလည်းဒေါသ

တကြီး ဓါးနဲ့လိုက်ခုတ်လို့သေပါရော... စိုင်းနွန်းကိုလူသတ်မှု

အလောင်းဖျောက်မှုနဲ့ဖမ်းသွားကြပြီ... ဖမ်းခံရပြီးမကြာပါဘူး...

အချုပ်ထဲသေသွားတယ်...ရင်ဘတ်မှာလက်ဝါးရာအနီကြီးနဲ့ပဲပေါ့..."

ဥူးသောပိတပြောပြသည်များကိုလူအားလုံးကစိတ်ဝင်တစားနား

ထောင်နေကြသည်။ ဥူးသောပိတလည်း သက်ပြင်းရှည်ကြီးချကာ

ဆက်လက်ပြောပြလေ၏။

" စိုင်းနွန်းသေသွားပြီးတော့ တစ်ရွာလုံးကကြောက်နေကြပြီ...

စောနန်းဆိုင် သရဲဖြစ်နေတယ်တဲ့... တစ်လလောက်ကြာလာတဲ့

အခါ ရွာထဲက နန်းလှပန် ဆုံးသွားတယ်... ရင်ဘတ်မှာလက်ဝါးရာ

အနီနဲ့ပဲ... အဲ့ဒါလည်းပြီးရော တစ်ရွာလုံးညနေဆိုအိမ်အပြင်တောင်

မထွက်ရဲလာကြတော့ဘူး... နောက်ထပ် သုံးယောက်လောက်ဆက်

တိုက်သေလာတဲ့အခါ လောဝ်ဝိုးတို့အမေလက်ထက်ကပေါ့ လူကြီး

တွေအကုန်စုပြီး ဘုန်းဘုန်းဆီရောက်လာကြတော့တယ်...စောနန်း

ဆိုင်ကို ကျွတ်လွတ်အောင်ကယ်တင်ပေးဖို့... မကျွတ်နိုင်ရင်လည်း

ရွာထဲမဝင်လာအောင်မောင်းထုတ်ပေးဖို့ပေါ့...အဲ့အချိန်က ဘုန်း

ဘုန်းကကျောင်းထိုင်သာဖြစ်တာ... အသက်ငယ်သေးတယ်...

အတွေ့အကြုံလည်းမရှိခဲ့ဘူး... ဒီတော့ အရင်ကခင်မင်ခဲ့တဲ့ ကိုယ်

တော်တစ်ပါးကိုအကူအညီတောင်းပြီး စောနန်းဆိုင်ကို အစွဲချွတ်ပေး

ခဲ့တာပဲ... စောနန်းဆိုင်က သူ့အတွက်နေစရာပေးရင် သူရွာထဲမလာ

ဘူးလို့ကတိပေးတယ်... အဲ့ဒါနဲ့ တောထဲက သူနေလို့ရမယ့်နေရာ

ရှာပြီး နေစရာပေးခဲ့တယ်... အဲ့ကတည်းက စောနန်းဆိုင်က ပေါ်

မလာတော့ဘူး..ကြာခဲ့ပြီ... ဒကာမလောဝ်ဝိုးက လက်ဝါးရာပြတဲ့

အခါ သူ့ကိုတော့စဉ်းစားမိသေးတယ်...ပြီးမှ သူကတိပေးထားခဲ့

တော့ မထင်မိခဲ့ဘူး... ''

" ဒါဆို အခုက သူပဲလားဘုရား.."

ဥူးသောပိတက ခေါင်းအသာညိမ့်ပြ၏။

" အဲ့တုန်းကကူညီပေးခဲ့တဲ့ ဆရာတော်ကိုပြန်ခေါ် မလားဘုရား...

တပည့်တော်တို့သွားပင့်လျှောက်ပေးပါ့မယ်... "

" ကိုရင်နှစ်ပါးနဲ့လျှောက်ခိုင်းလိုက်ပြီ... မနက်ဖြန်အစောကြီးတော့

ရောက်လာတန်ကောင်းပါရဲ့ "

ထိုအချိန် သတိမေ့မျောနေသော ဦးအိုက်စံလည်းပြန်လည်သတိရ

လာလေတော့သည်။ သတိရလာသော်ငြား မည်သည့်အရာများ

ဖြစ်ခဲ့သည်ကို အလုံးစုံမှတ်မိဟန်မတူပေ။ မှတ်မိတလှည့် မေ့သွား

တလှည့်ဖြစ်နေခဲ့၏။

" ကဲ...လောဝ်ဝိုး... ခေါ်ပြန်သွားလို့ရပါပြီ... မနက်ကြရင်တော့

ကျောင်းကိုပြန်လာခဲ့ဦး... နောက်ပြီး အဲ့ဒီအခေါင်းထဲဘယ်သူ့

အလောင်းမှမထည့်သေးနဲ့... ကျောင်းမှာပဲထားခဲ့ "

" တင်ပါ့ဘုရား "

အကုန်လုံးဥူးသောပိတအားနှုတ်ဆက်ပြီး ပြန်လာကြလေတော့

သည်။

ရွာထဲမှလူတစ်စု၏ အုတ်ကျက်ကျက်အသံများက တစတစနီးကပ်

လာ၏။ ထိုလူစုမှာ ၇ယောက် ၈ယောက်ခန့်ရှိပေမည်။ ၎င်းတို့၏

လက်ထဲတွင် တုတ်များ၊ ဓါးများလည်းကိုင်ထားကြသည်။ ထိုလူစု

သည် ဦးအိုက်စံအိမ်ရှေ့သို့ရောက်သည်တွင် အော်ဟစ်လာလေသည်။

" အိုက်စံ... အခေါင်းထုတ်ပေးစမ်း "

" ခုချက်ချင်းအခေါင်းထုတ်ပေး "

" လောဝ်ဝိုး... လောဝ်ဝိုး "

တစ်ယောက်တစ်ပေါက်အော်ဟစ်သံများကြောင့် ဦးအိုက်စံနှင့် ဒေါ်

နန်းလောဝ်ဝိုးတို့မှာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားရလေသည်။ ၎င်းတို့

အော်ဟစ်ပြောဆိုနေသည်က အခေါင်းထုတ်ပေးရန်ဟူ၍ဖြစ်သဖြင့်

ပိုမိုထိတ်လန့်သွားမိသည်။ ဦးအိုက်စံက အခြေအနေကိုရိပ်မိသည့်

အလား ပျာယာခတ်နေသည်။ ဒေါ်နန်းလောဝ်ဝိုးမှာတော့ လူအုပ်

ကြီး စိတ်ကျေနပ်သွားစေရန်ဖျောင်းဖျပြောဆိုမည်ဆိုပြီး အိမ်တံခါး

သွားဖွင့်ပေးရန်လက်လှမ်းလိုက်စဉ်ပင် ဦးအိုက်စံမှာ နောက်ဖေး

ပေါက်မှ အပြင်သို့ထွက်ပြေးသွားလေတော့သည်။ ဒေါ်နန်းလောဝ်

ဝိုးသည်လည်း ဦးအိုက်စံနောက်လိုက်သွားချင်သော်ငြား အိမ်ရှေ့မှ

လူအုပ်ကြီးက အခြေအနေဆိုးနေသဖြင့် အိမ်တံခါးအရင်ဖွင့်ပေးလိုက်

ရလေ၏။

" လောဝ်ဝိုး... အခေါင်းဘယ်မှာလဲ... "

" ခဏနေကြပါဦး...ငါပြောပြပါ့မယ်..."

" အဲ့ဒီအခေါင်းမီးရှို့ပစ်မှရမှာ... ငါတို့ရွာမှာလူထပ်မသေပေးနိုင်ဘူး "

" နင်တို့မိသားစုကိုက နိမိတ်ကိုမကောင်းတာ...ဒီအခေါင်းကြီးလုပ်

ကတည်းက...ရွာကပ်ဆိုက်တာပဲ... "

ပြောပြောဆိုဆိုလအိမ်ထဲဝင်ပြီး အခေါင်းဝင်ရှာကြသည်။

" ဘယ်မှာလဲအခေါင်း "

" ဘုန်းဘုန်းကျောင်းမှာထားခဲ့တယ်... စိတ်မတိုကြပါနဲ့... ငါ...

ဘုန်းဘုန်းကိုလျှောက်ခဲ့ပြီးပါပြီ... ဘုန်းဘုန်းကအကုန်ကယ်တင်

ပေးမှာပါ..."

" ရှီး... နင်တို့တစ်မိသားစုလုံးကအမှိုက်ထုပ်တွေပဲ "

" ဘယ်လိုလုပ်မှာလဲ... ကျောင်းလိုက်သွားကြမလား "

" လိုက်ရမှာပေါ့ဟ... ဘုန်းဘုန်းကိုအကျိုးအကြောင်းပြောပြပြီး

မီးရှို့ပစ်ရမယ် "

" ကဲ...ကြာတယ်...သွားရအောင် "

" အေး...လောဝ်ဝိုး...နင်ပါလိုက်ခဲ့... နင်ရောလိမ်လို့ကတော့...

အရှင်မထားဘူး... အခေါင်းထဲထည့်ပြီးအတူမီးရှို့ပစ်မယ်...တောက် "

ရွာလူအုပ်ကြီးမှာ စိုးရိမ်ထိတ်လန့်မှုများကြောင့် ဒေါသဟုန်းဟုန်း

တောက်လောင်နေလေတော့သည်။

ဘုန်းကြီးကျောင်းအောက်ထပ်တွင် အရိပ်မည်းမည်းတစ်ခုပြေးဝင်

လာသည်။ ထိုအရိပ်မည်းကြီးသည် အခေါင်းကြီးအားမနိုင်မနင်း

' မ' ယူနေလေသည်။ အခေါင်းကြီးက ထိုသူနောက်လိုက်ပါလာ

သည့်အခါ ကျောင်းအောက်ထပ်တစ်ခုလုံး ဖျတ်ကနဲမီးလင်းသွား၏။

" ဒကာအိုက်စံ... အချိန်မတော်... ဘယ်လိုကြောင့်အခေါင်းကြီးကို

လာယူနရေတာလဲဒကာ "

ဦးအိုက်စံမှာ တစ်ကိုယ်လုံးချွေးစေးများနှင့်စိုရွှဲနေပြီး ထိတ်လန့်

တကြားပြန်ကြည့်နေခဲ့လေသည်။

ဆက်လက်ဖော်ပြပါမည်။

သော်တာလမင်းစန္ဒာ

#lotaya_shortstory

အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။




ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..