" ဘာလို့အခေါင်းကြီးကို ခိုးကြောင်ခိုးဝှက်သယ်နေတာလဲဒကာ...
ဘုန်းဘုန်းကိုလာလျှောက်ရောပေါ့ "
ဦးအိုက်စံမှာ မည်သို့မျှပြန်မဖြေဘဲ အခေါင်းကြီးကိုသာပိုက်ထားလေ
သည်။
" ဘုန်းဘုန်းဘုရား... ဘုန်းဘုန်း "
ကျောင်းရှေ့တွင် ဆူညံဆူညံအော်ဟစ်နေကြသည့် လူအုပ်အသံ
ကြောင့် ဥူးသောပိတထွက်ကြည့်လိုက်သည်။
" အခေါင်းတလားကြီးကို ဘုန်းဘုန်းကျောင်းမှာ ထားထားတယ်ဆို
တာ...ဟုတျပါသလားဘုရား "
" အေး... ဘုန်းဘုန်းထိန်းသိမ်းထားပါတယ် "
" တပည့်တော်တို့ကိုစွန့်ပါဘုရား... ဒီအခေါင်းကြီးကမကောင်းဆိုးရွား
စွဲကပ်နေတာပါ... ညသန်းခေါင်ရောက်ရင် အိုက်လျှံကအခေါင်းကြီး
ထမ်းလာပြီး အခေါင်းငှါးပါလို့ပြောတယ်ဘုရား... လက်ခံမိတဲ့သူက
သေတာချည်းပဲ... ဒီအခေါင်းက ဝိဉာဉ်နှုတ်နေတယ်ဘုရား "
" ဘုန်းဘုန်းသိပါတယ်...ဒကာမလောဝ်ဝိုးလာလျှောက်လို့အားလုံး
သိပြီးပါပြီ "
ဥူးသောပိတစကားကြောင့် ရွာလူအုပ်ကြီးမှာခေတ္တငြိမ်သွားကြသည်။
" ဒီကိစ္စကို ဒီအတိုင်းထားလို့မဖြစ်ပါဘူးဘုရား... အခေါင်းကိုမီးရှို့ပစ်
မှ အေးမှာပါ "
" ဒကာတို့ရှို့ချင်လှချည်ရဲ့ဆိုရင် ကျောင်းအောက်မှာရှိတယ်...
ယူပြီးရှို့လိုက်ပေါ့ "
ထိုအခါ ရွာလူအုပ်ကြီးလည်းကျောင်းအောက်ဖက်သို့ပြေးဝင်သွား
ကြလေသည်။ အခေါင်းကြီးပိုက်ပြီး ကြောင်တောင်တောင်ကြည့်နေ
သည့် ဦးအိုက်စံအားဆွဲဖယ်ကာ အခေါင်းကို 'မ' ယူလာကြသည်။
ထို့နောက် ကျောင်းနောက်ဖက်ကွင်းပြင်ကြီးတွင်ချကာ ထင်းများပုံ
ပြီး မီးရှို့ကြတော့၏။ ထူးခြားသည်က ထင်းများသာကုန်သွားသည်၊
အခေါင်းကြီးမှာ မီးပင်မဟပ်ချေ။ အားလုံးကြောက်လန့်တကြားဖြင့်
ကမူးရူးတူး ဖြစ်ကုန်ကြလေသည်။
" ဘုန်းဘုန်းကယ်ပါဦး... မီးမလောင်ဘဲဖြစ်နေတယ်ဘုရား "
" ဒီခေါင်းတလားဟာ မီးလောင်မှာမဟုတ်ဘူးဒကာတို့..."
" ဘာကြောင်ပါလဲဘုရား "
" သူ့မှာ စွဲကပ်နေတဲ့ဝိဉာဉ်ရှိနေလို့ပဲ "
" ဘယ်လိုလုပ်ရင်ရမလဲဘုရား... အချိန်ကြာရင်တစ်ရွာလုံးလူကုန်
ရပါလိမ့်မယ် "
" ဘုန်းဘုန်း...ဆရာတော်တစ်ပါးကိုပင့်ဖိတ်ထားပါတယ်...
ဆရာတော်ကြွလာရင် သင့်သလိုစီမံပေးပါလိမ့်မယ်ဒကာတို့..."
" ဘယ်တော့လာမှာလဲဘုရား "
" မနက်ရောက်မယ်ထင်တာပဲဒကာ... ကိုရင်နှစ်ပါးနဲ့ သွားလျှောက်
ခိုင်းထားပါတယ်... ဘုန်းဘုန်းလည်းစာတစ်စောင်ရေးပေးလိုက်
တယ်... "
" ဒါဆို တပည့်တော်တို့ ဒီည ဒီအခေါင်းနားမှာပဲစောင့်အိပ်ပါရစေ...
မကောင်းဆိုးရွားထလာမှာစိုးလို့ပါဘုရား "
" ဒကာတို့ ဆန္ဒရှိရင်စောင့်ကြပါ... ကဲ....ဘုန်းဘုန်းလည်း ခဏ
ကျိန်းဦးမယ် "
" တင်ပါ့ "
ရွာလူအုပ်ကြီးက စိတ်မချစွာဖြင့် အခေါင်းကြီးကို ကျောင်းအောက်
ပြန်သယ်လာကာ စောင့်ကြသည်။ ဦးအိုက်စံမှာတော့ ကျောင်း
ထောင့်၌ ငြိမ်သက်စွာထိုင်ကာ အခေါင်းကိုမျက်ခြေမပြတ်စောင့်
ကြည့်နေ၏။ ဒေါ်နန်းလောဝ်ဝိုး ဘေးတွင်လာထိုင်နေသည်ကိုပင်
ဂရုမစိုက်ချေ။ ဉာဉ့်သန်းခေါင်ယံရောက်လာသည့်အခါ လူအများ
ကြီးရှိနေသော်လည်း အခေါင်းအဖုံးက တစ်ဒုန်းဒုန်းလှုပ်ရမ်းပြီး
ပွင့်လာချေပြီ။
" ဟ...ဘာကွီးလဲ "
ညအိပ်စောင့်နေကြသည့်ရွာသားအုပ်ကြီးလည်း ထိတ်ထိတ်လန့်
လန့်ဖြစ်ကုန်ကာ တစုတဝေးတည်း ပူးကပ်ကုန်ကြသည်။ အားလုံး
ကကြောက်လန့်နေကြသော်လည်း ဦးအိုက်စံကမူ တုပ်တုပ်မလှုပ်
ပေ။ ဒေါ်နန်းလောဝ်ဝိုးမှာတော့ ကြုံတွေ့ဖူးသဖြင့် မထိတ်လန့်တော့
သော်လည်း သားဖြစ်သူမကျွတ်လွတ်သေးသည်များလား ဟူ၍
စိုးရိမ်မကင်းဖြစ်ပြီး အခေါင်းကြီးအား ကြည့်နေတော့သည်။ အခေါင်း
ကြီးက တဖြည်းဖြည်းပိုမိုလှုပ်ရမ်းလာပြီး မြေပေါ် ကြွတက်လာ၏။
ရွာသားတချို့က ကြောက်လန့်တကြား ကျောင်းပေါ်တက်ပြေးသွား
ကြသည်။
" အရှင်ဘုရား...ကယ်ပါဦး...အခေါင်းကြီးလေပေါ်ပျံနေပြီ "
ဆူဆူညံညံအသံများကြောင့် ဥူးသောပိတလည်း ကျိန်းနေရာမှ
အမြန်ထွက်လာတော့သည်။ ကျောင်းအောက်သို့ဆင်းကြည့်သည့်
အခါ အမှန်ပင်လေပေါ်ပျံဝဲနေသည်ကို တွေ့မြင်ရသဖြင့် အလွန်ပင်
စိုးထိတ်သွားတော့၏။ ကျောင်းထဲရှိ ဥူးဇင်းများ ကိုရင်များပါမကျန်
အကုန်လုံး ကျောင်းအောက်သို့ရောက်လာကြလေသည်။
" ပရိတ်ချည်မန်းတွေ သွားယူကိုရင် "
ကိုရင်ငယ်အချို့လည်း လျှင်လျှင်မြန်မြန်ပင်ကျောင်းပေါ်ပြေးတက်
သွားကာ ချည်မန်းကြိုးများယူလာပေးသည်။ ထိုချည်မန်းဖြင့်
အခေါင်းပတ်ပတ်လည်ကို ချည်နှောင်ပြီး ဥူးသောပိတလည်း ပရိတ်
ရွတ်ဖတ်လိုက်၏။ ထိုအခါ ခေတ္တငြိမ်သက်သွားသလိုဖြစ်ပေါ်လာ
သည်။ သို့သော် ၂မိနစ်ခန့်အကြာတွင် ချည်နှောင်ထားသည့်ချည်
မန်းကြိုးများအားလုံးပြတ်ထွက်သွားကုန်လေသည်။ ရွာလူအုပ်ကြီး
နှင့် ဥူးဇင်းများ၊ ကိုရင်များသည်လည်း ထိတ်လန့်စွာ အနောက်သို့
ဆုတ်သွားကုန်ကြပြီ။
" ဆရာတော်မြန်မြန်ရောက်မှတော်မယ် "
ဥူးသောပိတစိတ်ထဲ တောင့်တမိနေ၏။ အခြေအနေအရ တစ်ပါး
တည်းမနိုင်လာတော့ချေ။ တတ်သိနားလည်သည့်ဆရာတော်တစ်ပါး
ပါးကူမှ ဖြစ်တော့မည့်အခြေအနေဖြစ်၏။
" ဟား...ဟား...ဟား...ဟား... "
လေပေါ်ပျံဝဲနေသောအခေါင်းပေါ်တွင် ဆံပင်ကျောလည်ခန့်ကိုဖြန့်ချ
ထားသည့် မိန်းမတစ်ယောက်ထိုင်ရယ်နေသည်က ရုတ်တရက်ထွက်
ပေါ်လာသည့်အခါ ကျောင်းအောက်ထပ်ရှိလူအကုန်ကျောင်းပြင်ဖက်
သို့ထွက်ပြေးကြလေတော့သည်။
" ဒကာမ... စောနန်းဆိုင်... အမုန်းတရားတွေစွန့်လွှတ်လိုက်ပါ
တော့... ဘုန်းဘုန်းမေတ္တာရပ်ခံပါတယ်... "
" ဟင်း...ဟင်း... လူတွေ...လူတွေ... ငါဒုက္ခရောက်နေတုန်းက
ဘယ်သူလာကယ်ခဲ့လဲ... ငါဘယ်လောက်နာနာကျင်ကျင်ခံစားခဲ့ပြီး
သေရသလဲဆိုတာ...ဘယ်သူကကိုယ်ချင်းစာခဲ့လဲ... ဒီလိုလူတွေကို
ညှာတာရမတဲ့လားဥူးဇင်း...ဟင်း...ဟင်း ''
" အဲ့ဒီအချိန်ကမီးဘေးသင့်နေလို့ ဒကာမကိုသတိမထားမိကြတာ
ပါ...ဒကာမလည်းသိပါတယ်... "
" မီးဘေးသင့်တာကအဝေးကြီးမှာ... ငါ့ကိုဖမ်းခေါ်သွားကြတုန်းက...
သူတို့ပစ္စည်းဥစ္စာတွေကိုပဲသယ်နေကြတာပဲ... ဘယ်သူကငါ့ကို
ဂရုစိုက်ခဲ့လဲ... ဘာမှလာမပြောနဲ့တော့ဥူးဇင်း... အခုငါ့အလှည့်...
ဒင်းတို့တွေပြေးစမ်း... ဟား...ဟား...ဟား...''
မည်သို့မျှနားချ၍ရနိုင်တော့မည်မဟုတ်မှန်း ဥူးသောပိတသိရှိလိုက်
ပြီ။ အယူသည်းကြသည့်အရပ်ဒေသမှယခုလိုအဖြစ်မျိုးကြုံရသည့်
အတွက်လည်း စိတ်မကောင်းဖြစ်သွား၏။ ရွာခံလူများပိုမိုအယူသည်း
သွားကြမည်ကို မဖြစ်စေလိုပေ။ ယခုပြဿနာအားအမြန်ဖြေရှင်းနိုင်
ဖို့သာ နည်းလမ်းရှာဖွေမိနေတော့သည်။ ထိုစဉ် ဥူးဇင်းအနားသို့ဝဲကျ
လာသည့် ဆန်စေ့များကိုမြင်သည့်အခါ အမြန်လှည့်ကြည့်လိုက်မိ
တော့သည်။ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် အားလည်းတက်လာ
လေ၏။
" ကိုယ်တော်... စာရရချင်းအမြန်လိုက်လာခဲ့တာ...အချိန်မှီလေးပဲ "
" ကူညီပေးပါဦးကိုယ်တော်... တပည့်တော်လည်းမကြံတတ်တော့
ဘူး "
လာရောက်ကူညီပေးသည့်ဆရာတော်ပက်လိုက်သည့်ဆန်မန်းစေ့
များသည် စောနန်းဆိုင်ပေါ်စိုက်ဝင်ကုန်၏။
" အား "
စောနန်းဆိုင်မှာအသံနက်ကြီးဖြင့်အော်ဟစ်ပစ်သည့်အခါ စိုက်ဝင်
နေသည့်ဆန်မန်းများက သူမ၏ကိုယ်ပေါ်မှ ပြန်လည်လွှင့်စင်ထွက်
ကုန်တော့၏။
ဆရာတော်မှာ နှုတ်မှ ဘုရားစာများကိုရွတ်ဆိုပြီး သိမ်ဝင်သပိတ်ကွဲ
ထဲရေမန်းလောင်းထည့်လိုက်၏။ ထိုရေမန်းဖြင့် အခေါင်းကိုလှမ်း
ပက်လိုက်သည့်အခါ အခေါင်းကြီးက လေပေါ်ရှိနေရာမှ မြေပေါ်သို့
ဝုန်းကနဲပြုတ်ကျလာတော့သည်။ စောနန်းဆိုင်သည်လည်းပျောက်
ချင်းမလှပျောက်သွားလေပြီ။ ထို့နောက်တပြိုက်နက်တည်းပင် အ
ခေါင်းမှာ အနက်ရောင်သို့ လုံးလုံးလျားလျားပြောင်းလဲသွား၏။
ဆရာတော်က လျှင်မြန်စွာဖြင့် လွယ်ထားသည့်လွယ်အိတ်ထဲမှ ရေ
ဆန်ကျွန်းနက်ကြီးကိုထုတ်ယူပြီး အခေါင်းပေါ်သို့ အမြန်ရိုက်ထည့်
လိုက်သော်လည်း သံချွန်ကအခေါင်းကိုမပေါက်နိုင်ဘဲကောက်သွား
သည်။
" ကိုယ်တော်... ရိုးရိုးသံနဲ့တော့ရိုက်လို့ရမှာမဟုတ်ဘူး..."
" ဘယ်လိုလုပ်ကြမလဲကိုယ်တော် ''
" ကိုယ်တော်ဆီမှာသိမ်းထားတဲ့ ငွေဆူးကြီးရှိသေးလား "
ထိုအခါမှဥူးသောပိတသတိရသွား၏။ ငယ်ဘဝတုန်းက သင်္ကန်း
များမကြာမကြာ စုတ်ပြဲသဖြင့် ဒကာမတစ်ယောက်က ငွေဆူးနှင့်
ငွေအပ်ကို ဥူးဇင်းတစ်ပါးလျှင်တစ်စုံကျလှူဒါန်းထားဖူးသည်။ ၎င်း
တို့အရပ်ဒေသသည်ထိုစဉ်အခါက သွားရေးလာရေးခက်ခဲသဖြင့်
သင်္ကန်းများလုံလောက်စွာမရှိချေ။ သင်္ကန်းအဟောင်းများပေါက်ပြဲ
ပါက ကိုယ်တိုင်ပြန်လည်ဖာထေးရသည်။ ယခုအခါ သင်္ကန်းများ
လည်းပေါများလာသဖြင့် ထိုငွေဆူးနှင့်ငွေအပ်မှာအသုံးမပြုတော့
သောကြောင့် သိမ်းထားသည်က ကာလကြာပြီဖြစ်သည်။
" သွားယူလိုက်မယ်ကိုယ်တော်... ဘယ်နားသိမ်းမိလဲမသိဘူး "
" မြန်မြန်ယူလာဖို့လိုတယ် "
ဥူးသောပိတမှာ ကျောင်းပေါ်သို့အမြန်တက်သွားပြီး ငွေဆူးကို
အသည်းအသန်ရှာဖွေနေတော့၏။ ထိုအချိန်တွင် အခေါင်းကြီးမှာ
ဘေးသို့လှိမ့်သွားကာ မှောက်သွား၏။
" ဒကာတို့... အခေါင်းကို...လာလှန်ကူကြဦး... ငွေဆူးနဲ့ရိုက်မရ
အောင် မှောက်ပစ်ပြီ "
ရွာလူအုပ်ကြီးက ကြောက်ရွံ့နေသဖြင့် အနားသို့ မချဉ်းကပ်ရဲဘဲ
ဖြစ်နေသည်။
" ဥူးဇင်းရှိတယ်...မကြောက်ကြနဲ့...အမြန်လာ ' မ ' ကြ "
ထိုအခါမှ မဝံ့မရဲဖြင့်ရှေ့တိုးလာကြလေသည်။ လူဆယ်ယောက်ခန့်
ဝိုင်း ' မ ' ကြသော်လည်းအခေါင်းကြီးက နေရာမှမရွေ့ပေ။ မည်သို့ပင်
အားအင်ထည့်ကြသော်လည်း မလှုပ်မယှက်ဖြစ်နေသည်။ ဆရာ
တော်လည်း သိမ်ဝင်သပိတ်ကွဲ ထဲပရိတ်ရေမန်းထပ်မံလောင်းထည့်
ကာ အခေါင်းပေါ်သို့ ပက်ဖြန်းလိုက်သည်။ ရေမန်းထိသည်နှင့်
အခေါင်းကြီးက မီးကိုရေဖြင့်ငြိမ်းလိုက်သလို ရှဲကနဲ မြည်သွား
သည်။ ထိုအခါမှ အခေါင်းကြီးကိုလှန်၍ရသွားလေသည်။ ဥူး
သောပိတလည်း ငွေဆူးကြီးကိုရှာတွေ့ပြီဖြစ်၍ ယူလာပေး၏။
ငွေဆူး၏လုံးပတ်မှာ မီးခြစ်ဆံလောက်သာရှိပြီး အရှည်က ခြောက်
လက်မခန့်ရှည်သည်။ ဆရာတော်လည်း ရေဆန်ကျွန်းနက်သား
လက်တစ်ထွာခန့်ကို အခေါင်းပေါ်သို့ တင်လိုက်ပြီး ငွေဆူးအား
ရိုက်ထည့်လိုက်၏။ ထိုအခါ လွယ်လွယ်ကူကူပင် ရသွားတော့သည်။
ထို့နောက်တွင်မှ ကျွန်းနက်သားပြုတ်မထွက်စေရန် အခြားသံချွန်
သုံးချောင်းကို ရိုက်ထည့်လိုက်သည်။ ငွေဆူးဝင်သွားပြီးမှ သံရိုက်၍
ရသည်။ ငြိမ်သက်သွားသည့်အခေါင်းကိုကြည့်ပြီး
" စိတ်တော့မချရသေးဘူး... စောနန်းဆိုင်က ဒီမှာစွဲနေတာ...
သူကကျွတ်ချိန်မတန်သေးတော့ ရှိနေဦးမှာပဲ "
" ဘယ်လိုလုပ်သင့်လဲကိုယ်တော် "
" ဒီခေါင်းတလားကြီးကို နောက်ထပ်အသုံးမပြုကြတော့နဲ့...
စောနန်းဆိုင်နေဖို့နေရာစီစဉ်ပြီး အဲ့နေရာမှာမြုပ်လိုက်တာကောင်း
မယ် "
" နေစရာအပင်ပေးတုန်းကလည်း ခုတ်ပစ်လို့ခုလိုဖြစ်ရတာကိုယ်
တော်... နောင်တစ်ချိန်ကြအခေါင်းကြီးပြန်လည်တူးမိကြရင်မခက်
လား "
" အင်း...ဒါလည်းစဉ်းစားရမယ်...လောလောဆည်တော့...
သူဘာမှမလုပ်နိုင်တော့ပါဘူး "
" ကိုယ်တော်လည်းခရီးပန်းလာရောပေါ့...ခဏကျိန်းလိုက်ပါဦး
မနက်ရောက်မှ...တစ်မျိုးမျိုးစီစဉ်ကြတာပေါ့ "
" နားမှလည်းဖြစ်မယ်... ခရီးပန်းတာထက်... ခုလိုဝိဉာဉ်ဆိုးကို
နှိမ်နှင်းရရင် အားတွေကုန်ခမ်းသွားတယ်ကိုယ်တော် ''
" ကျောင်းပေါ်တက်ပြီးကျိန်းလိုက်ဦး...ကိုယ်တော်နားဖို့ အသင့်
ပြင်ဆင်ပေးထားပါတယ် "
ဆရာတော်နှစ်ပါးသည်လည်း ထိုအခေါင်းကြီးအား မည်သို့မည်ပုံ
စီစဉ်ရမည်ကို တိုင်ပင်ဦးမည်ဖြစ်၍ ကျောင်းပေါ်သို့တက်သွားကြ
လေသည်။ ရွာသားအုပ်စုလည်းစိတ်ချရပြီဆိုသဖြင့်အသီးသီးပြန်
ကုန်ကြပြီ။ အချို့ကစောင့်ကြည့်ချင်သေးသဖြင့် ကျန်နေရစ်၏။
သို့သော် လူကနည်းလွန်းသဖြင့် အခေါင်းနားကြာကြာမနေရဲကြပေ။
ထို့ကြောင့် ကျောင်းပေါ်သို့တက်ကာ စောင့်အိပ်လိုက်ကြသည်။
" အိုက်စံ... ငါတို့လည်းပြန်ရအောင်... "
ဦးအိုက်စံမှာမတုပ်မလှုပ် ထိုင်မြဲထိုင်နေသည်။
" မနက်ကြမှထပ်လာကြမယ်လေ... "
ဒေါ်နန်းလောဝ်ဝိုး ပြောလည်း အင်းမလှုပ်အဲမလှုပ် သာနေနေသည်။
ယခုအခါ အခေါင်းကြီးအကြောင်းတွေ့မြင်ရပြီဖြစ်၍ ဦးအိုက်စံလည်း
ကြောက်ရွံ့သွားပေမည်ဟု တဆက်တည်းတွေးလိုက်မိလေသည်။
စိတ်မရှည်လာသဖြင့် ဦးအိုက်စံကိုထားခဲ့ကာ ဘုန်းကြီးကျောင်းညာ
ဖက်၌ရှိသော သီလရှင်အဆောင်၌ တောင်းအိပ်ရန်ထွက်လာတော့
၏။ ကျောင်းအောက်ထပ်အပြင်ဖက်တွင် ရွာသား ငါးယောက်စကား
ပြောရင်းအပေါက်ဝ၌ထိုင်စောင့်နေသဖြင့်လည်း စိတ်ချကာထားခဲ့
ခြင်းဖြစ်သည်။
အခေါင်းရှိရာကျောင်းအောက်တွင် မည်သူမှမကျန်တော့ပေ။ ထိုအခါ
ဦးအိုကျစံနားထဲ အသံတဈသံကိုကွားလိုကျ၏။
" ပေါ့ပေါ့... ''
သားဖြစ်သူအိုက်လျှံအသံကြောင့် ဦးအိုက်စံလည်းလှုပ်လှုပ်ရွရွဖြစ်
လာ၏။
" ပေါ့ပေါ့တို့ကိုလုပ်ကျွေးမလို့ဟာ... အခုပိတ်မိနေပြီ...ကယ်ပါဦး
ပေါ့ရယ် "
အိုက်လျှံ၏အသံက အလွန်ဝမ်းနည်းနေဟန်ရှိသည်။
" အိုက်လျှံ... ပေါ့လည်းမကယ်နိုင်တော့ဘူး... "
ဦးအိုက်စံလည်း ရင်ထဲနွမ်းလျသံဖြင့်ပြန်လည်ဖြေနေ၏။
" ပေါ့ကယ်လို့ရပါတယ်... အခေါင်းပေါ်က သစ်သားပြားကြီးကို
ခွာပစ်လိုက်လေ... အဲ့ဒါမရှိရင် ရပြီ... ''
ထိုအခါ ဦးအိုက်စံမှာမျက်လုံးအရောင်တောက်ပလာသလိုဖြစ်လာ
သည်။ ထို့အတူ ရင်ဘတ်ပေါ်မှ လက်ဝါးရာအနီကြီးကလည်းတောက်
ပလာသလိုရှိသည်။ ဦးအိုက်စံ မည်သည်မှမတွေးနိုင်တော့။ အခေါင်း
ပေါ်က ကျွန်းနက်ကြီးကိုခွာဖို့သာစိတ်ဆန္ဒဖြစ်နေချေပြီ။ အခေါင်းနား
သို့ဖြည်းဖြည်းချင်းတိုးကပ်သွားပြီး ကျွန်းနက်ကြီးကိုခွာရန်ကြိုးစား
လိုက်သည်။ သို့သော်ခွာမရချေ။ ကျောင်းအောက်မှ တဖန်ပြန်ထွက်
လာပြီး ဆောက်လက်စကျောင်းဆောင်ထဲသို့ဝင်ကြည့်လိုက်၏။
အခန်းထောင့်မြေကြီးပေါ်တွင်ကျနေသော တူတစ်လက်ကိုရှာတွေ့
သွားလေသည်။
" ကိုယ်တော်... စောနန်းဆိုင်ထားခဲ့တဲ့သူ့လက်ရာအမှတ်ကို
ဖျက်နိုင်ရင် ကျိန်စာလည်းပျယ်သွားမယ် "
" မနက်ဖြန်သွားရှာရမှာပဲ... ကိုယ်တော်လည်း အနားယူတော့..
မနက်ကြရင်ကိစ္စဝိစ္စတွေက လုပ်ရဦးမယ်မလား "
ဆရာတော်နှစ်ပါးမှာ ခေါင်းချင်းဆိုင်ဆွေးနွေးနေရာမှ အခန်းထဲသို့
အသီးသီးဝင်ကာ ကျိန်းလိုက်ကြတော့သည်။
" ဆရာတော်ဘုရား... အခေါင်းကြီးပျောက်သွားပြန်ပြီဘုရား "
ကျောင်းအောက်အပြင်ဖက်၌ စောင့်နေကြသည့်ရွာသားများက
အပြေးတစ်ပိုင်းလာပြောကြသည့်အချိန်မှာ မနက် လေးနာရီပင်
ရောက်နေချေပြီ။ ဆရာတော်တို့လည်းအမြန်သွားကြည့်ကြ၏။
အခေါင်းကမရှိတော့ချေ။ အခေါင်းထားခဲ့ရာဘေးတွင် ကျနေသည့်
ရေဆန်ကျွန်းနက်ကိုမြင်သည့်အခါ
" တစ်ယောက်ယောက်ခွာပေးလိုက်တာပဲကိုယ်တော် "
" အိုက်စံပဲဖြစ်မယ်...တပည့်တော်သူ့ကိုမေ့သွားတယ်ကိုယ်တော်...
သူကဒီအခေါင်းမှာသူ့သားစွဲကပ်နေလို့ အခေါင်းနားမခွာနိုင်ဖြစ်နေ
တာ ''
" စောနန်းဆိုင်ချန်ထားတဲ့လက်ဝါးရာကိုအမြန်တွေ့မှဖြစ်မယ် "
ထို့နောက်အချို့လူများကလည်း ဦးအိုက်စံနှင့်အခေါင်းကြီးအား
ရှာဖွေကြပြီး အချို့က စောနန်းဆိုင်သေဆုံးခဲ့သည့်နေရာကိုရှာဖွေ
ကြသည်။ ၂ရက်ခန့်ရှာသောအခါ သုဿာန်အစပ်နားရှိ ကျောက်
တုံးကြီးအောက်ခြေတွင် လက်ဝါးရာခပ်မည်းမည်းအားရှာတွေ့
သွားကြလေသည်။ ထိုလက်ဝါးရာအား ရေဖြင့်ဖျက်သော်လည်း
မပျက်ဘဲဖြစ်နေလေ၏။ ထိုအခါ ဆရာတော်မှ တောစောင့်နတ်၊
တောင်စောင့်နတ်၊ မြေစောင့်နတ်များကိုပင့်ဖိတ်ကာ ရေမန်း၊ဆန်
မန်းများဖြင့်ပက်ဖြန်းပြီး သင်္ကန်းအဟောင်းဖြင့်ဖျက်သည့်အခါမှ
လက်ဝါးရာပျက်သွားတော့သည်။ လက်ဝါးရာပျောက်ကွယ်သွား
သဖြင့် စိတ်ချလက်ချဖြစ်သွားရသည်။ အခေါင်းကြီးနှင့် ဦးအိုက်စံ
အားရှာတော့ရှာကြသေးသည်။ သို့သော် အခေါင်းကြီးက ကျိန်စာ
ပျက်ပြယ်သွားပြီဟုယူဆ၍လည်းကောင်း ဦးအိုက်စံသည်လည်း
သားဖြစ်သူကြောင့်စိတ်နောက်သွားသည်ဟုထင်မြင်မိကြ၍လည်း
ကောင်း အလွန်အမင်းစိတ်မပူကြတော့ချေ။
ကျောက်ဆောင်အောက်ခြေ၌ လက်ဝါးရာကြီးပျက်သွားသည်နှင့်
အခေါင်းခိုးယူသွားသည့် ဦးအိုက်စံ၏ရင်ဘတ်ပေါ်ရှိလက်ဝါးရာသည်
လည်းပျောက်ကွယ်သွား၏။ ထို့အတူ အခေါင်း၌ပိတ်မိနေသော
ဝိဉာဉ်များလည်းလွတ်မြောက်သွားကြလေသည်။ ဦးအိုက်စံမှာ
လက်ဝါးရာပျက်သွားသည့်တိုင်ရွာသို့ပြန်မလာချေ။ ၎င်းသည်
လက်တွန်းလှည်းပေါ်အခေါင်းကြီးတင်ပြီးမိုင်ပေါင်းများစွာဝေးသည့်
ခရီးကိုနှင်လာသည်။ ဆိုက်ရောက်သည့်ရွာများစွာ၌လည်း စတည်း
မချ။ တောင်းရမ်းစားသောက်ပြီးဆက်တွန်းလာ၏။ ဒေါ်နန်းလောဝ်ဝိုး
မှာ နေ့နေ့ညည လိုက်လံရှာဖွေသော်လည်းသတင်းအစအနမရ
တော့ပေ။ စိတ်ဓါတ်လည်းကျလာကာ သီလရှင်အပြီးဝတ်လိုက်လေ
သည်။ ရွာမှလူများသည်နဂိုကတည်းမှအယူသည်းတတ်လေသည့်
အခါ ယခုကိစ္စကြီးဖြစ်ခဲ့ပြီးနောက်ပိုင်းပိုမိုဆိုးသွားတော့သည်။ လူ
သေဆုံးလျှင် ဖျာလိပ်ဖြင့်ပိုလျှင်ပို့၊ မပို့လျှင်စောင်ဖြင့်ထုပ်ကာပို့ဆောင်
မြုပ်နှံဖြစ်လေသည်။ ဥူးသောပိတမှာလည်း အယူသည်းကြသည့်
ရွာခံများ၏အစွဲကို ချွတ်နိုင်မည့်နည်းလမ်းအားစဉ်ဆက်မပြတ်ရှာ
ဖွေသော်လည်းအချည်းနှီးသာဖြစ်၍ စိတ်လျော့လိုက်ရတော့သည်။
ထိုဒေသသည် ခေါင်းတလားအားလုံးဝအသုံးမပြုတော့သလို၊ ပြုလုပ်
ဖို့ပင်စိတ်မကူးကြတော့ချေ။
ရှမ်းရွာပေါင်းမြောက်မြားစွာကိုဖြတ်ကျော်လာပြီး နယ်မြို့လေး
တစ်မြို့ရှိ သုဿာန်တစ်ခုတွင် ဦးအိုက်စံစခန်းချလိုက်သည်။
သုဿာန်၌ ခိုးကြောင်ခိုးဝှက်နေထိုင်ရင်း ယခင်သုဘရာဇာလည်း
ရောဂါမယ်မယ်ရရမရှိဘဲသေဆုံးသွားသောအခါ ဦးအိုက်စံနေခွင့်
ရသွားသည်။ ထိုသုဿာန်၏သုဘရာဇာအဖြစ်နေထိုင်ခွင့်ရပြီး
သုဿာန်အပြင်ဖက်နေရာလွတ်တွင် တဲအိမ်လေးတစ်လုံးပါ
ဆောက်လုပ်ပေးခဲ့ကြ၏။ ထိုတဲအိမ်လေးရှေ့တွင် စာရေးကပ်
ထားသည်။ ရေးထားသည့်စာမှာ " အခေါင်းငှါးရန်ရှိသည် '' ဟူ၏။
ဖြတ်သွားသည့်လူအများက အထူးအဆန်းသဖွယ်ကြည့်နေကြ
သော်လည်း ဦးအိုက်စံကဂရုမစိုက်ချေ။ ၎င်းမှာ အခေါင်းငှါး၍ရလာ
သမျှအကုန် ခေါင်းအုံးထဲထည့်ချုပ်ထား၏။
ထိုသူများမသိကြသည်ကဉာဉ့်သန်းခေါင်ချိန်ရောက်လျှင် ဦးအိုက်စံကအခေါင်းအားသုံးချက်ထခေါက်တတ်ခြင်းကိုမသိရှိကြသလို၊ အခေါင်း
ကြီးခေါင်းပေါ်ရွက်ပြီးတဲထဲမှထွက်လာတတ်သည့် စောနန်းဆိုင်ရှိ
ကြောင်းလည်းမသိကြပေ။
ထို့အတူ ဦးအိုက်စံသည် အဘယ်ကြောင့် စောနန်းဆိုင်ခိုင်းသမျှ နာခံမိနေခြင်းကိုလည်းနားမလည်နိုင်ဖြစ်နေ၏။ နှိမ့်ချဆက်ဆံကြသည့်
လူတွေကိုစိတ်နာ၍ပင်လော၊ သားဖြစ်သူကြောင့်အခေါင်းကိုသံယော
ဇဉ်တွယ်၍ပင်လော၊ စောနန်းဆိုင်က ပြုစားထား၍ပင်လော၊ သို့တည်း
မဟုတ် ငွေရှာဖွေရခက်ခဲသဖြင့် လွယ်လွယ်ရသည့်နည်းကြောင့်ပင်
လော၊ သူကိုယ်တိုင်ဝေခွဲမရနိုင်နေပေ။ တခါတခါလည်း မြို့ငယ်လေး
မှလူများသိရှိသွားမည်လည်း စိုးထိတ်မိသလိုခံစားရသည်။
ထိုမြို့ငယ်လေးရှိလူများ သိရှိသွားမည့်နေ့သည် '' အခေါင်းငှါး
ရန်ရှိသည် " ဟူသော ကြော်ငြာစာရွက်သည်လည်း ပျောက်ကွယ်
သွားမည်လား...ဟု ဦးအိုက်စံတခါတခါတွေးနေမိလေတော့၏။
ပြီးပါပြီ။
သော်တာလမင်းစန္ဒာ
#lotaya_shortstory
အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။