
ပဲခူးရိုးမတောကြီးရဲ့ တောင်ခြေတစ်နေရာ….မှိုင်းညို့ညို့ တောင်တန်းကြီးရဲ့ အောက် ခြေမှာ စိမ်းစိုနေတဲ့ စပါးစိုက်ခင်းလေးတွေက ကြည့်လိုက်ရင် မျက်စိတစ်ဆုံး မြကျောက် ဖျာတို့ ခင်းထားသည့်နှယ်..။ ပြီးရင်တော့ လယ်ကွင်းတွေရဲ့ အစွန်မှာ ချစ်စရာကောင်း လှတဲ့ ရွာလေးတစ်ရွာကို မြင်ရမှာပဲဖြစ်ပါတယ်။
အဲဒီရွာလေးမှာ နေထိုင်ကြတဲ့ သူတွေက ဗုဒ္ဓဘာသာကို အများစုကိုးကွယ်ကြ ပါတယ်။ ဝမ်းရေးကို ဦးစားပေးနေရတဲ့သူတို့အဖို့မှာတော့ တစ်ရွာလုံးရာသီပေါ်ချိန် လေးတွေကို တွက်ချက်ပြီးလုပ်ရတာ အလုပ်နဲ့လက်ပြတ်ရတယ်လို့မှ မရှိတာကြောင့် ဘုရားသွား ကျောင်းတက်ဆိုတဲ့ အခါမျိုးတော့ရှားလှတယ်လို့ ရွာခံတွေက ပြောပြကြပါတယ်။
ဘောက်အလုပ်တွေ မရှိတဲ့အခါ စိုက်ပျိုးရေးလုပ်ကိုင်ပြီး စိုက်ပျိုးရေးတွေ နားတဲ့အခါမှာ တော့ ပဲခူးရိုးမကြီးပေါ်တက် ဝါးခုတ်၊ မျှစ်ချိုးလုပ်ရတာကိုး..။ အားလုံးပဲ သူ့ရာသီနဲ့ သူ လည်ပတ်နေတော့ ဝမ်းရေးမှန်ဖို့ အလုပ်နဲ့လက်ပြတ်ရတယ်မရှိပဲ နေနေရတာကိုပဲ သူတို့အားလုံးက အသားတကျဖြစ်နေပြီလို့ ဆိုကြပါတယ်။
ဒီလိုအေးချမ်းပြီး ချစ်ဖို့ကောင်းတဲ့ ရွာလေးမှာ သတင်းတစ်ခုက တစ်မနက်စောစောမှာ ပျံ့လွင့်လို့လာပါတယ်။ ဒီသတင်းကိုသယ်ဆောင်လာသူကတော့ ဒေါ်ဝိုင်းစိန်ပဲဖြစ် ပါတယ်။
“အေးဖြူမရေ..အေးဖြူမ..အိမ်ထဲမှာရှိသလား”
“ရှိတယ်..ဒေါ်လေးရေ..။ ဘာတွေများသတင်းထူးလာလို့ ကျုပ်တို့ဝိုင်းဖက်လှည့်လာ ရသလဲတော့”
ရွာထဲမှာတော့ ကိုယ့်ထမင်းကိုယ်စားပြီး တစ်ရွာလုံးက သတင်းတွေ အခမဲ့ဖြန့် တတ်တဲ့ ဒေါ်ဝိုင်းစိန်ကိုတော့ အားလုံးက သိကြသလို ချစ်လဲချစ်ကြပါတယ်။ သနပ် ခါးပါး ကွက်ကြားနဲ့ မျက်မှန်ကြီးကြီးတပ်ထားတဲ့ ဒေါ်ဝိုင်းစိန်ကလည်း နာမည်နဲ့လိုက် အောင် ဝိုင်းဝိုင်းစက်စက်ကြီးဖြစ်နေတာကိုး။
“အိုအေ..ညီးကလည်း သတင်းပြောစရာရှိမှလာရမှာလား။ ဒါပေမယ့် အခုလာတာ ငါလာမေးတာ။ ညီးတို့နဲ့ ဝါးခုတ်သွားပြီးပြန်လာတဲ့ မြင့်မြင့်လေ သိတယ်မှတ်လား။ အေး သူတောထဲမှာ ဘာဖြစ်ခဲ့သေးလဲ”
“ဘာကိုမေးတာလဲ ဒေါ်လေးရဲ့။ အခု မြင့်မြင့်က ဘာဖြစ်နေလို့လဲ”
“ဘာဖြစ်ရမလဲ..အမြင့်က အခုကြောင်တောင်တောင်ဖြစ်နေတယ်။ သူ့ကိုယ်သူမင်းသ မီးလေးလို့ ပြောလိုပြော၊ ကုလားသိုက်က ကုလားမလေးပါလို့ ပြောလိုပြော၊ သီချင်း တွေအော်ဆိုနဲ့ ဖြစ်နေတာ”
“ဟယ် ဟုတ်ရဲ့လား။ ကျွန်မတောင်မနေ့က တွေ့ခဲ့သေးတယ်လေ။ နှုတ်တောင်နှုတ် ဆက်ခဲ့သေးတယ်။ အကောင်းကြီးပါတော့..။”
“အေးညီးတို့ပြန်လာတာ သုံးရက်လောက်ပဲရှိသေးတယ်မှတ်လား။ အဲဒါမနေ့ က လောက် ကမှ ဖြစ်တာတဲ့။ သူကောင်းချင်ရင်ကောင်းနေပြီးတော့ ဖောက်ချင်ရင်တော့ ထထဖောက်တာပဲတဲ့” ဒေါ်လေးဝိုင်းစိန်က ပြောပြောဆိုဆိုနဲ့ ထွက်သွားပေမယ့် အေးဖြူ မရဲ့ စိတ်ထဲမှာ တော့ တွေးစရာတွေတစ်ပုံတစ်ပင်နဲ့ဖြစ်ကျန်ခဲ့ပါတယ်။
“အင်း…ဒါဟိုကိစ္စနဲ့များဆိုင်မလားမသိဘူး”
ဟုတ်ပါတယ်။ အေးဖြူမတို့ ဒီတစ်ခါတောခုတ်တဲ့ အကွက်ကျတဲ့နေရာက သူတို့ အရင် ခုတ်ဖူးတဲ့ ရွာတွေနဲ့နီးတဲ့ အခြမ်းမှာ မဟုတ်ပါဘူး။ ရွာကနေ တစ်ရက်လောက်ကို သွားရတဲ့ ခရီးမှာ တစ်လကြာစခန်းချပြီး ဝါးခုတ်ကြတာပါ။ အဲဒီမှာ မိန်းကလေး ခြောက် ယောက်၊ ယောက်ျားလေဆယ်ယောက်လောက် တူတူသွားကြပြီး အေးဖြူမကလည်း အဲဒီတစ်ခေါက်မှ ပထမဆုံးဝါးခုတ်လိုက်ဖူးတာပါ။
အမေ့ အစ်မ အန်တီဝင်းလည်းပါလို့ အမေက စိတ်ချပြီးထည့်လွှတ်လိုက်တာပါ။ ပုံမှန် အတိုင်းဝါးခုတ်ပြီးရင် ဖြစ်သလို ထိုးထားတဲ့ ကိုယ့်အစုနဲ့ကိုယ်တဲလေးတွေထဲမှာ နား ကျ၊ ချက်ပြုတ်စားသောက်ကြနဲ့ အရာရာက အသစ်အဆန်းဖြစ်နေလို့ အေးဖြူမက တော့ ပင်ပန်းပေမယ့် တော်တော်လေးကို ပျော်ရွှင်နေပါတယ်။
အေးဖြူမတို့ရွာကထွက်လာတာ တစ်လကျော်လာတဲ့အချိန်မှာတော့ လုပ်ကွက်သိမ်း ပြီး ပြန်ကြမှာပဲ။ ဒါကြောင့်တဲအနီးအနားလေးမှာ သစ်ခွရှာတဲ့သူတွေရှာ၊ မှိုကျင်းရှာတဲ့ သူရှာနဲ့ ရွာအပြန်လက်ဆောင်တွေကို ရှာကြပါတယ်။
အေးဖြူမရယ်၊ အမြင့်ရယ်၊ အန်တီဝင်းရယ်၊ မိပေါက်ရယ်က စမ်းချောင် ဖက်တက်ပြီး ရှာကြပါတယ်။ အေးဖြူမကတော့ ဘာရှာမယ်မှမဟုတ် တဲထဲမနေချင်တာနဲ့ လိုက်လာ ခဲ့တဲ့ သဘောပါပဲ။
သွားရင်းလာရင်းနဲ့ တောထဲမှာ စမ်းချောင်းပေါက်ကလေးတစ်ခုတွေ့ရပြီးရေညှိတက် နေတဲ့ ကုန်းဂမူလေးတစ်ခုလည်း တွေ့လိုက်ရပါတယ်။ စမ်းချောင်းမှာကိုယ်လက်သုတ် သင်ကြနားနေကြလုပ်နေတုန်းမှာပဲ အမြင့်က တစ်ခုခုကိုတွေ့လိုက်ပုံနဲ့ လှမ်းခေါ်ပါ တယ်။
“ဟယ် ဒီမှာကြည့်စမ်း ဘုန်းကြီးရုပ်တုတစ်ခုပါလား..ကန်တော့ကြမယ်ဟေ့”
တောင်ကျစမ်းချောင်းလေးရဲ့ အထက်နားဆီမှာ ကုန်းဂမူလေးတစ်ခုရှိနေပြီး အဲဒီ ကျောက်ဆောင်ပေါ်မှာ ရဟန်းတစ်ပါးရုပ်တုရှိနေပါတယ်။ ပြီးတော့ စမ်းချောင်း လေးစီးထွက်လာတဲ့ ဂူပေါက်လေးတစ်ခုရှိပါတယ်။
အေးဖြူမတို့ ကန်တော့လိုက်ကြပြီး ထိုင်နားနေတုန်း အမြင့်နဲ့ မိပေါက်က ဂူပေါက် လေးထဲကို ဝင်ကြည့်မယ်လို့ ပြောလာပါတယ်။ အေးဖြူမနဲ့ အန်တီဝင်းကတော့ မဝင်ချင်ဘူးလို့ပြောပြီး သူတို့ကိုလည်း တားပေမယ့် မရပါဘူး။
ခဏကြာတော့ အမြင့်တစ်ယောက် ပြန်ပြေးထွက်လာပါတယ်။
“ဒီမှာကြည့်စမ်း…ငါလှလား…”
ဂူထဲကို ဝင်သွားတုန်းက အင်္ကျ ီမျိုးနဲ့ မဟုတ်တော့ပဲ ကုလားမလေးတွေ ဝတ်တဲ့ ဆာရီလိုမျိုးပျိုးပျိုးပျက်ပျက် လင်းလက်နေတဲ့ ဝတ်စုံကို ဝတ်ထားပြီး လက်ထဲမှာလည်း လက်ကောက်တွေက တံဆောင်ဆစ်နဲ့ အပြည့်ဝတ်ထားပါတယ်။
“ဟဲ့ ကောင်မလေး ဘယ်လိုဖြစ်တာလဲ…ဘယ်သူ့ဟာတွေလဲ.. မြန်မြန်ပြန်ချွတ်စမ်း”
“ဂူထဲမှာ တွေ့တာတော့ အန်တီဝင်းရယ်..လှလိုက်တာ။ အဝတ်အစားတွေကော၊ ပန်းကန်ခွက်ယောက်တွေကော၊ ကုတင်လည်းရှိတယ်။ သနပ်ခါးကျောက်ပျဉ်ကြီးက လည်း ဟီးလို့တော့ …”
“ဟဲ့ ဒါမျိုးတွေက ခွင့်မတောင်းပဲ ယူမလုပ်ကောင်းဘူး အမြင့်ရဲ့။ ထားခဲ့လိုက်ပါ။ သွား သွားအဝတ်ပြန်လဲခဲ့..ပြန်ကြမယ်..နေစောင်းသွားရင်မကောင်းဘူး”
အမြင့်တစ်ယောက် အဲဒီလိုပြောတော့လဲ စကားကိုနားထောင်ရှာပြီးတော့ ဂူထဲကို အ မြန်ပြန်ဝင်လို့ အဝတ်အစားတွေ လဲရှာပါတယ်။ ပြီးတော့ အဲဒီနေရာကနေ သူတို့ ခပ် သုတ်သုတ်ပြန်လာခဲ့ပါတယ်။
ရွာပြန်ရောက်ပြီးနောက်နေ့မှာ အမြင့်ဒီလိုဖြစ်တယ်ဆိုတဲ့ သတင်းကိုကြားလိုက်ရတော့ တာပဲ ဖြစ်ပါတယ်။ ဒါနဲ့ အမြင့်ရဲ့ အိမ်ကိုသွားကြည့်တဲ့ အခါမှာတော့ အမှန်တကယ်ပဲ အမြင့်ဟာ မင်းသမီးရူး ရူးနေတာကို စိတ်မကောင်းဖြစ်ဖွယ် သိလိုက်ရပါတော့တယ်။
သူငယ်ချင်းတွေ နဲ့ အမျိုးအဆွေတွေ အကုန်လုံးကိုလည်း မှတ်မိနေပေမယ့် သူဟာ ကုလားသိုက်က မင်းသမီးလေးဖြစ်တယ်ဆိုပြီး ကြောင်တောင်တောင်တွေပြောလို့ ထမင်း မစား၊ ဟင်းမစားတဲ့ အထိဖြစ်လာပါတယ်။ တစ်လလောက်အကြာမှာတော့ အစာရေစာ ပြတ်လပ်လာတဲ့ အမြင့်ဟာ ပိန်ချုံးကပ်နေပါပြီ။
နားလည်တတ်ကျွမ်းတဲ့ ဆရာတွေနဲ့ကုလည်းမပျောက်တော့ပဲ တစ်နေ့မှာတော့ အမြင့်က သတိလစ်သွားရာကနေ ကွယ်လွန်သွားပါတော့တယ်။ ရွာထဲမှာနာရေးဖြစ် ရင် ထုံးစံအတိုင်း တစ်ရွာလုံးအပျိုခေါင်း၊ လူပျိုခေါင်းတွေက နာရေးအိမ်မှာနေပြီးတော့ လုပ်ကူကြရပါတယ်။
အေးဖြူမတို့ မိပေါက်တို့ သူငယ်ချင်းတစ်စုလည်း အမြင့်ရဲ့နာရေးမှာ ဝိုင်းကူကြပါ တယ်။ အမြင့်ကို အခေါင်းထဲထည့်ပြီး ခြံဝန်းထဲမှာပဲ ပြင်ထားပါတယ်။ နှစ်ရက်မြောက် နေ့မှာတော့ နောက်နေ့ အသုဘချဖို့ ပြင်ဆင်နေတဲ့အချိန်….။
“ဝုန်း..ဘာတွေလဲ..ရေပေးပါ..ရေပေးပါ”
အမြင့်အလောင်းထည့်ထားပြီး တစ်ဝက်ကိုဖုံးထားတဲ့ အခေါင်းကြီးက ပြုတ်ကျပြီး အထဲ ကနေ အမြင့်က ကုန်းအော်ပါတယ်။ ချက်ချင်းပဲ လူစုပြီးသွားကြည့်တော့ အမြင့်က ထိတ် လန့် ကြောက်ရွံ့နေတဲ့ ပုံစံနဲ့ ကြည့်နေပါတယ်။
ဒါနဲ့ “အမြင့်မသေဘူးဟေ့..မျောနေတာ..အခုသတိပြန်ရလာပြီ..လာလာ မြန်မြန် ဆွဲထုတ် ကြ၊ ဆရာတော်ပင့်ပါဟ.. ပန်းရိပ်တွေ ဆင်ထားတာ အကုန်ဖြုတ်ဟေ့” ဆိုပြီး တက်ညီလက်ညီ အသုဘ အသုံးအဆောင်တွေကို ချက်ချင်းဖျက်စီးလိုက်ကြပါတယ်။
အမြင့်ကိုရေတိုက်ပြီးတဲ့ အချိန်မှာပဲ အမြင့်က “ဟဲ့ဟဲ့ နေကြဦး…အခေါင်းထဲမှာ ငါ့ဆန် ထုပ်၊ ခဏနေဦးအခေါင်းထဲမှာ ငါ့ဆန်ထုပ်” ဆိုပြီး ထပြေးပါတယ်။ အခေါင်းကိုဖျက် ဆီး ဖို့လုပ်နေတဲ့ လူတွေ ကြားထဲကို ခုန်ဝင်သွားပြီး အထဲကိုနှိုက်ရှာလိုက်တော့ အမြင့်လက် ထဲမှာ တကယ်ကို ဆန်းလေးလုံးလောက်ရှိမယ့် အထုပ်ကိုတွေ့လိုက်ရပါတယ်။
အဝတ်စလေးတစ်ခုနဲ့ ထုပ်ထားတဲ့ ဆန်အိတ်လေးပဲ ဖြစ်ပါတယ်။ “ဟဲ့ အခေါင်းထဲကို ဘယ်သူကဆန်အိတ်ထည့်ထားတာလဲဟဲ့..အဲဒါကို အမြင့်ကရော ဘယ်လိုသိလဲ”
“ဟာ အမေကလဲ ဒါဘယ်သူမှထည့်ထားတာ မဟုတ်ဘူး။ သမီးယူလာတာ။ သမီးကို ငရဲပြည်ပ သူငယ်ချင်းက လက်ဆောင်ပေးလိုက်တာ”
“ဟေ ဘယ်လို” အမြင့်စကားကြောင့် အနားမှာ ဝိုင်းနေတဲ့ လူတွေကလည်း အံ့အားတ သင့်တွေ ဖြစ်ကုန်ကြပါတယ်။ အမြင့်ကလည်း အားတွေပိုရှိလာသလို ဖြစ်ပြီး ရွာဦး ကျောင်းက ဘုန်းဘုန်းလည်းရောက်လာတာမို့ အားလုံးရှေ့မှာ ဇာတ်စုံခင်းပြပါတော့ တယ်။
အမြင့်က သူသတိလစ်ပြီး မျောသွားစဉ်မှာ ရွာလမ်းမကြီးကဖြူးနေလို့ အဲ ဒီအတိုင်း လျှောက်သွားကြောင်း၊ သွားရင်းနဲ့ တစ်ခါမှ မမြင်ဖူးတဲ့အိမ်ပုံစံလေးမျိုးတွေ တစ်ပုံစံ တည်း ဆောက်ထားတဲ့ ရွာလေးကို အရင်ဦးဆုံးရောက်သွားတယ်လို့ ဆိုပါတယ်။
အဲဒီအချိန်မှာ တော်တော်လေးကို ရေငတ်လာတာမို့ သူက လူတွေကို လှမ်းပြီး ရေ တောင်းတယ်လို့ ဆိုပါတယ်။ အိမ်တစ်အိမ်ရှေ့မှာ နွားစာစဉ်းနေတဲ့ လူတစ်ယောက် ကိုတွေ့တော့ …
.
“အစ်ကိုကြီး …အစ်ကိုကြီးကျွန်မကို ရေလေးတစ်ပေါက်လောက် တိုက်ပါလားရှင်။”
အဲဒီလူက အမြင့်စကားကိုကြားလည်းကြားသလို မြင်လဲ မြင်ရဲ့သားနဲ့ လုံးဝပြန်ပြီး စကားပြောဆိုခြင်းမရှိပဲ သူလုပ်စရာရှိတာကိုသာဆက်လုပ်နေပါတယ်။ ဒါနဲ့ အမြင့် လည်း နည်းနည်းဒေါသထွက်ပြီး ရွာလမ်းအတိုင်းဘောက်ဆတ် ဘောက်ဆတ် လျှောက်လာလိုက်တာ ရွာအစွန်နေရာကိုရောက်လာပါတယ်။
အဲဒီအချိန်မှာ နှီးဖျာနေတဲ့ အဘိုးတစ်ဦးက “ကလေးမ လမ်းမှားလာတယ်ထင်တယ်။ ကလေးမ ပြန်မယ့်လမ်းကို အဖိုးတော့မသိဘူး။ ကလေးမက လောလောဆယ် တို့ လို မျိုးလည်း မဟုတ်သေးတော့ ဒီရွာမှာကလေးမကို ဘယ်သူမှ လက်ခံစကားပြောနေ မှာ မဟုတ်ကြဘူး။ ဒီတော့ သေပြီးတဲ့လူတွေ အစစ်ခံရတဲ့ နေရာ ငရဲပြည်ကို လမ်းပြ လိုက်မယ်..အဲဒီအတိုင်းသာသွားပေတော့” ဆိုပြီး အမြင့်ကို ငရဲပြည်သွားတဲ့ လမ်းဆို ပြီး လျှိုတစ်ခုထဲကို လမ်းပြလိုက်ပါတယ်။
ရေကလည်းဆာ..သူသေပြီဆိုတာလည်း သိတာနဲ့ အမြင့်လည်း မထူးတော့ဘူး..ငါ အကုသိုလ်ကြီးကြီးမားမားဘာမှမလုပ်တဲ့ အတွက် ငရဲရောက်လည်းဘာမှမဖြစ်ဘူး ဆိုပြီး အားတင်းလို့ သူပြတဲ့အတိုင်းပဲ ဆင်းသွားခဲ့ပါတယ်။
အောက်ဆုံးလည်းရောက်ရော မီးပုံတွေ..လူတွေမီးစွဲပြီးလျှောက်ပြေးနေတာ မြင်နေရ ပေမယ့်လည်း အမြင့်ကိုတော့ အဲဒီအပူတွေက မကူးခဲ့ပါဘူး။ ရေဆာတဲ့ စိတ်ကသာ ဦးဆောင်နေတာမို့ မေးလို့ရတဲ့သူမေး အစစ်ခံပြီးရင် ရေတောင်းသောက်မယ်လို့ စိတ်ထဲ တေးမှတ်ထားလိုက်ပါတယ်။
ဒီအချိန်မှာပဲ ရွာက သေသွားတာ ရှစ်နှစ်လောက်ရှိပြီဖြစ်တဲ့ သူဌေးတစ်ဦးကိုတွေ့ ပါတယ်။ သူကလူ့ပြည်မှာတုန်းကလည်း အမြင့်ကလေး အရွယ်မှာ အမြင့်ကိုတော် တော်ချစ်ခဲ့တဲ့ သူတစ်ဦးဖြစ်တယ်ဆိုတာ မှတ်မိနေပါတယ်။
“ဟာ ဘဘကြီး..သမီးကိုကယ်ပါဦး..ရေသောက်ချင်လို့ပါ”
“အေးသမီးဘဘကြီးက ဒီမှာ တာဝန်ထမ်းဆောင်နေတာကွဲ့။ ကုသိုလ်တွေလုပ်ခဲ့လို့ သမီးကို ကူခွင့်ရတာ..ဒီမှာတော့ ရေမရှိဘူး။ သမီးကလည်း မသေသေးဘူး။ သမီး တို့ရွာမှာ ဘဘကြီးတို့ဆီလာရမယ့် လူသုံးယောက်()()() ကိုခေါ်ရမှာ။ သမီးလာ ရမှာ မဟုတ်သေးဘူး။ ဒီတော့ ဘဘကြီးပေးလိုက်တဲ့ လက်ဆောင်လေးယူပြီး ပြန်တော့ နော်”
အမြင့် အတော်စိတ်ပျက်သွားပါတယ်။ ရေဆာပါတယ်ဆိုမှ ရေမတိုက်ပဲ လက်ဆောင် ပေးပြီး ပြန်လွှတ်တယ်ဆိုတော့ နှုတ်ဆက်ပြီး နောက်ကြောင်းပြန်လာခဲ့ပါတယ်။ ဘာ ထုပ်လေးပါလိမ့်လို့ ဖွင့်ကြည့်လိုက်တော့ ဆန်ထုတ်လေးဖြစ်နေပါတယ်။ နို့ဆီဗူး လေး လုံးလောက်ရှိမယ့် အထုပ်လေးပါ။
ဒါနဲ့ ဘယ်တွေ ရောက်နေမှန်းမသိ တဖြေးဖြေးနဲ့ လျှောက်လာနေတုန်းမှာပဲ စမ်းချောင်း တစ်ခုကိုတွေ့လိုက်ပါတယ်။ “ဟာ ရေတွေ့ပြီ..သောက်မယ်..အဝကိုသောက်မယ်” ဆိုပြီးစမ်းချောင်းနားကိုပြေးလိုက်တဲ့ အချိန်မှာပဲ..
“ရပ်လိုက်..လုံးဝမသောက်နဲ့” အရမ်အရှည်ကြီးနဲ့ အင်္ကျ ီ အဝါ ထမီအဝါကို အေပါ် အောက် ဆင်တူဝတ်ထားတဲ့ အစ်မကြီးတစ်ယောက်ကို တွေ့လိုက်ရပါတယ်။
“မကြီးရယ် သမီးရေဆာလွန်းလို့တိုက်ပါနော်”
အဲဒီအစ်မကြီးက မျက်နှာကချောမောပေမယ့် တင်းမာခက်ထန်နေပါတယ်။ ဒါပေမယ့် သူက ကြင်ကြင်နာနာနဲ့ ပြောလိုက်ပါတယ်။
“သမီး အဲဒီရေကိုသောက်ရင် ရွာကိုတစ်သက်လုံးပြန်ရောက်တော့မှာ မဟုတ်ပဲ ဝိဉာဉ် ဘဝနဲ့ ဝဋ်ကြွေးကုန်ဆုံးတဲ့ အထိနေရတော့မှာ။ ဒီတော့ အစ်မ မဖဲဝါက လမ်းပြပေး မယ်။ ပြီးတော့ မဖဲဝါဆိုတိုင်း လူတွေကြောက်နေစရာမလိုဘူး။ လိုအပ်ရင် အကူညီ ပေးတယ်ဆိုတာ သမီးတို့ နေရာကို ရောက်ရင် ပြန်ပြောလိုက်စမ်းဟေ့” ဆိုပြီး ရွာ အထိလိုက်ပို့ပါတယ်။
အဲဒီလို လိုက်ပို့တဲ့အချိန်မှာ မဖဲဝါကိုလည်း ကြောက်စိတ်တစ်စိမှ မဖြစ်မိသလိုရေ ငတ် ကလည်း မပြေဘူးလို့ သိရပါတယ်။ အိမ်ဝိုင်းထဲကိုရောက်တော့ သွားတော့ဆိုပြီး ဆောင့် တွန်းလိုက်တာကြောင့် အခေါင်းထဲကို ပြုတ်ကျပြီး နိုးလာကြောင်း ဇာတ်စုံ ခင်း ပြပါတော့တယ်။
အမြင့်ရဲ့ ဇာတ်လမ်းကိုနားထောင်ပြီး တစ်ရွာလုံး ဘုရားတရားကို ပိုလုပ်ဖို့ သတိပေး ခေါင်းလောင်းသံ အဖြစ်ယူဆပြီး ပိုပြီးတော့ လုပ်လာကြတာက အမြတ်တစ်ခုဖြစ်တယ် လို့ အမြင့်က ဝမ်းသာနေပါတယ်။
အမြင့်ကိုပြောလိုက်တဲ့ အတိုင်း သူတို့ရွာထဲက လူသုံးယောက်ကလည်း တစ်ပတ်ဆီ လောက်ခြားပြီးသေဆုံးခဲ့ပါတယ်။ အမြင့်အမေက ဘာဆန်မှန်းမသိ မချက်နဲ့လို့ ပြော ပေမယ့် အမြင့်က တော့ ငရဲပြည်က ဆန်ကို ချက်စားဖူးတယ်ရှိအောင် ချက်စားမယ် လို့ ဆိုပြီး ထင်းမီးအိုးထိုးပြီး တည်လိုက်ပါတယ်။
အမေက အတင်းတားပေမယ့်လည်း နောက်ပိုင်းမှာ သူလည်း သိချင်တဲ့ အတွက်ချက် ကြည့်ကြရာမှာတော့ သုံးရက်တိတိချက်မှ ကျက်သွားတယ်လို့ ပြောပါတယ်။ ပထမနေ့ မှာ ရေဆူပေမယ့် ဆန်စိတွေက ထမင်းအဖြစ်မရောက်ပဲ ဆန်အတိုင်းပဲရှိနေတာပါ။ ဒုတိယေနေ့မှာလည်း မာဆဲဖြစ်ပြီး တတိယနေ့ရောက်မှ ကျက်သွားပါတယ်။
အဲဒီဆန်ကို စားဖူးချင်သူတွေကိုလည်းကျွေးပြီး သူလည်း စားကြည့်တဲ့ အခါမှာတော့ ဆန်လေးတွေက ရှမ်းဆန်လေးလို ထွေးအိပြီး မွှေးမွှေးလေးစားလို့ ကောင်းတယ်လို့ ပြောပြပါတယ်။
အခုတော့ အဲဒီအမြင့်လေးဟာ အခု ဒေါ်မြင့်အဖြစ် ပဲခူးရိုးမတောင်ခြေက ရွာလေး မှာ အခုထိ အသက်ရှည်ရှည် အနာကင်းကင်းနဲ့ ဘုရားတရားအလုပ်ကို လုပ်ပြီးနေထိုင် နေဆဲ ပဲ ဖြစ်ပါတယ်။
#lotaya_shortstory
အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။