
ကိုဗစ်ကာလမှာ ဖူးဖူးတို့ မောင်နှမတွေ လမ်းမထွက်ရပဲ ငြိမ်ချက်သားကောင်းနေကြပါ တယ်။ နဂိုကတည်းက အစိုးရိမ်လွန်တတ်တဲ့ မိဘတွေက ဒီရောဂါကြီးဖြစ်မြန်မာနိုင်ငံ မှာ စဖြစ်ပြီဆိုကတည်းက အပြင်လောကနဲ့ကို အဆက်သွယ်ဖြတ်ထားလိုက်တော့တာ ပါပဲ။
အခုနောက်ပိုင်းမှာတော့ အိမ်ထဲမှာနေတာလည်းကြာလာ…ပိုးတွေ့သူတွေကလည်း ကိုယ့်ပြည်တွင်းအချင်းချင်းမှာ ကူးစက်နေတာမဟုတ်တော့ အပြင်ကို နီးနီးနား နားဆို ပေးသွားပေး လာလေးတွေ စလုပ်ပါတယ်။ ဖူးဖူးက သရုပ်ဆောင်ဝါသနာပါသလို ကိုကို ဖြိုးက ဒါရိုက် တာပေါက်စတစ်ယောက်မို့ တကယ်တမ်းဆိုရင် ဖူးဖူးတို့မောင်နှမက အိမ်ကပ် လေ့မရှိပါဘူး။ ရိုက်ကူးရေးအကြောင်းပြပြီး အမြဲပဲ အပြင်ထွက်နေခဲ့ကြတာပါ။
ကိုဗစ်ကာလမှာ အိမ်တွင်းပုန်းနေလာကြရင်း တစ်နေ့မှာတော့ ကိုဖြိုးသူငယ်ချင်းတစ် ယောက်က သူ့သီချင်းလေးကို အွန်လိုင်းမှာဖြန့်ဖို့ MTV တစ်ပုဒ်လောက်ရိုက်ဖို့ အပ် လာပါတယ်။ မေမေနဲ့ဖေဖေကို အဲဒီသီချင်းလေးကို ကျိုက်ထို မှာရိုက်ဖို့ ဖူးဖူးတို့မောင် နှမ အတင်းကာရောခွင့်တောင်း ကြရတော့တာပါပဲ။ နောက်ဆုံးမတော့ သေချာစနစ် တကျရောဂါကာကွယ်ပြီး သွားပါမယ်ဆိုတဲ့ ကတိတွေ အထပ်ထပ်တောင်းပြီး မေမေက ခွင့်ပြုပေးလိုက်ပါတယ်။
ကိုဖြိုးက ဒါရိုက်တာ အဖြစ်ဒီသီချင်းကို ပုံဖော်မယ်၊ ဖူးဖူးနဲ့ ကိုဖြိုးရဲ့ သူငယ်ချင်းအဆို တော်က သရုပ်ဆောင်မယ်။ ကိုဖြိုးရဲ့လက်ထောက်ကင်မရာမင်းရယ်။ ဖူးဖူးရဲ့ သူငယ် ချင်းမနှစ်ယောက်ရယ် အားလုံးမိန်းကလေး သုံးယောက်၊ ယောကျာ်းလေး သုံးယောက် ကျိုက်ထိုကို နှစ်ညအိပ်သုံးရက် ခရီးထွက်ခဲ့ပါတော့တယ်။
ပထမတစ်ရက်မှာ လိုကေးရှင်းကြည့်ဖို့ဆိုတော့ ဟိုတယ်တွေလည်းကြိုမချိတ်ထား တော့ပဲနဲ့ အဆင်ပြေသလိုသွားကြမယ်ဆိုပြီးလူငယ်တွေအားလုံးစိတ်တူ၊ ကိုယ်တူနဲ့ သွားလိုက်ကြပါတော့တယ်။ တကယ်တမ်း လိုကေးရှင်းရွေးပြီးလို့ နားမယ်ဆိုပြီး ဟိုတယ် တွေကို ဝင်မေးတော့ ဟိုတယ်တွေကလည်းကိုဗစ်ကာလမို့ ဧည့်သည် သိပ်လက် ခံချင် တဲ့ ပုံမရှိပါဘူး။ ဒါနဲ့ပဲ မေမေတို့ရဲ့ အသိဥယျာဉ်ခြံမှာပဲ ခဏတာ တည်းဖို့ ဆုံးဖြတ်လိုက် ကြပါတယ်။
ဥယျာဉ်ခြံဆိုပေမယ့်လည်း လက်ရှိအချိန်မှာတော့လူမနေပါဘူး။ အဲဒီခြံကြီးထဲမှာ ကိုဗစ်ကာလမို့ ခြံစောင့် လင်မယားရယ်၊ အိမ် ကို သန့်ရှင်းရေးလုပ်ပေးတဲ့ ဦးလေး ကြီးတစ်ယောက် ရယ်ပဲရှိနေပါတယ်။
ရန်ကုန်- မော်လမြိုင် လမ်းမကြီးပေါ်မှာပဲ တည်ရှိတဲ့ အဲဒီအိမ်ကြီးက တိုက်ခံအိမ်ကြီး ဖြစ်ပြီး အပေါ်ပိုင်းသစ်သားတွေကို ရေနံချေးသုတ်ထားပါတယ်။ ခြံကြီးက နောက်ပိုင်းမှာ အပန်းဖြေတဲ့နေရာအဖြစ် လုပ်မှာမို့ ပန်းပင်တွေ၊ ရေကန်လေး တွေ၊ ရေတံခွန်ငယ်တွေ၊ လူသွားလမ်းလှလှလေးတွေ၊ ကျောက်ရုပ်လှလှလေးတွေ၊ ကျောက် တုံးတွေနဲ့ တန်ဆာ ဆင်ထားပါတယ်။
ဧကပေါင်းများစွာကို ဥယျာဉ်တစ်ခုအဖြစ်ပြင်ဆင်ထားပြီး အိမ်ကြီးထဲမှာ ဘားပုံစံလေး တွေ၊ အခန်းတွေကို နောက်ပိုင်းမှာ ဟိုတယ်စတိုင်အတိုင်းလုပ်တော့မှာလို့လည်း ပြော ပါတယ်။ ဒါပေမယ့် ကိုဗစ်ကာလမို့ ပြင်ဆင်နေမှုတွေကိုနားထားတယ်လို့ ခြံစောင့်ကြီးက ပြောပြပါတယ်။ သူတို့တွေကလည်း အိမ်ကြီးထဲမှာ မနေပဲ ခြံထဲက ပျဉ်ထောင်အိမ်လေး တစ်လုံးမှာ နေကြတာပါ။ ဒီတော့ အိမ်ကြီးထဲက ကြိုက်တဲ့ အခန်းနှစ်ခန်း မှာ ဖူးဖူးတို့ ခဏတည်းခိုကြ လေသတည်းပေါ့လေ။ နေတာက နေနိုင်ပေမယ့် ဒီလောက် ကြီး တဲ့ အခန်းတွေများတဲ့ အိမ်ကြီးထဲမှာ ကိုယ်တွေ နှစ်ခန်းထဲ လူရှိတာပါ လားဆိုတဲ့ အသိက ဖူးဖူးတို့ကိုကျောချမ်းစေပါတယ်။ ဒါကိုရိပ်မိတဲ့ကိုကိုက…..
“ဖူးဖူးရေ နင်တို့မိန်းကလေးတွေက ငါတို့နဲ့ကပ်လျှက်အခန်းမှာပဲနေလိုက်..ကိုကိုတို့ လည်း အပေါ်မှာမနေပဲ အောက်ထပ်မှာပဲ အခန်းချင်းကပ်လျှက်တူတူနေမယ်နော်။ ဘာ မှမကြောက်နဲ့။ ဟိုတယ်မှာလိုမဟုတ်တော့လဲ ဘာဖြစ်လဲဟာ။ ဒီဥယျာဉ်ခြံက အကျယ် ကြီးဆိုတော့ ငါတို့ ဒီထဲမှာလည်းရိုက်လို့ရတာပဲ။ ညဖက်ကြမှ အပြင်မှာ ထမင်းထွက် စားကြမယ်။ အခုခဏနားပြီး ဒီခြံထဲမှာ ရိုက်လို့ကောင်းရင်လဲ ရိုက်လိုက်ကြမယ်”
ကိုကို့ အပြောကြောင့်ပဲဖူးဖူးလည်း နည်းနည်းကြောက်စိတ်ကို ဘေးဖယ်ထားပြီး သူငယ် ချင်း မနှစ်ယောက်နဲ့ တူတူခြံထဲကို ဆင်းပြီး ဟိုဟိုဒီဒီလျှောက်သွားကြည့်ကြပါတယ်။ ခြံထဲက နေရာတော်တော်များများက အရမ်းကိုလှပပြီး ဓာတ်ပုံရိုက်လို့ အင်မတန် ကောင်း တာကြောင့် ဖူးဖူးတို့ မိန်းကလေးအုပ်စု အလှပြင်လိုက်၊ အင်္ကျ ီလဲလိုက်၊ ဓာတ် ပုံရိုက်လိုက်နဲ့ အလုပ်ရှုပ်နေပါတော့တယ်။
တဖြေးဖြေးနဲ့ သွားရင်းသွားရင်း ရေကန်လေးတစ်ခုကိုဖြတ်ကျော်လာပါတယ်။ ပြီးတော့ တံတားဖြူဖြူလေးတစ်ခုကို တွေ့လိုက်ရပြီး အဲဒီနေရာလေးမှာ ဓာတ်ပုံရိုက်ကြပြန်ပါ တယ်။ ဒီနေရာလေးမှာ ထူးခြားတာတစ်ခုကို ဖူးဖူးသူငယ်ချင်းသက်စုက သတိထားမိ သွားပါတယ်။
“ငဖူး…ဒီတံတားဟိုဖက်က မြေကွက်လပ်ကလဲ ပြောင်ရှင်းနေတာပဲနော်။ အဲဒီဖက်မှာ ကြတော့ ဘာမှ မစိုက်ဘူးလားမသိဘူး။ ပြီးတော့ လှမ်းကြည့်လိုက်ရတာကိုက ရှင်းရှင်း လင်းလင်းကြီးဖြစ်ပြီး ရင်ထဲ ဘယ်လိုကြီးမှန်းမသိဘူး”
သက်စုအပြောကြောင့် ဖူးဖူးနဲ့ မိုမိုတို့ နှစ်ယောက်တံတားလေးကိုကျော်ပြီး ကြည့်လိုက် ကြပါတယ်။ သူပြောတဲ့အတိုင်းပါပဲ..ဘယ်လိုခံစားရလဲဆိုရင် အဲဒီနေရာလေးပဲ ကွက် ပြီး တိတ်ဆိတ်နေတဲ့ ခံစားချက်မျိုးပါ။ သုံးယောက်သား ပြူးပြဲပြီး စိတ်ဝင်တစားကြည့် နေတုန်း..
“ဘာကြည့်နေတာလဲ ကလေးတို့” နောက်နားဆီက မေးလိုက်တဲ့အသံကြောင့် ကြည့် လိုက်တော့ အိမ်ကြီးရဲ့ သန့်ရှင်းရေးကိုတာဝန်ယူပေးထားတယ်ဆိုတဲ့ ခြံရှင်ရဲ့ အမျိုး ဖြစ်သူ ဦးလေးကြီးကို တွေ့လိုက်ရပါတယ်…။
“အော်..ဘာရယ်မဟုတ်ပါဘူး။ အဲဒီနေရာမှာ ဘာပင်မှမရှိပဲ ရှင်းလင်းနေလို့ ကြည့်ကြည့် တာပါ”
“အေးအေး…ဒီနားက ခြံနယ်နိမိတ်ဆုံးပြီးကလေးတို့။ တတ်နိုင်ရင် အဲဒီဖက်ခြမ်းကို ကျော်ပြီးမသွားပါနဲ့။ မြေကြမ်းလို့ပါ။ ဦးလေးတို့ခြံရဲ့ နယ်နိမိတ်ထဲမှာ ပါတာတောင် ဘာမှထည့်ပြီး ဆောက်လို့ ပြုပြင်ပေးလို့မရပါဘူး။ ဒါကြောင့် တံတားလေးပေါ်မှာ ဓာတ်ပုံရိုက်ပြီးရင် ပြန်ကြနော်။ ပြီးတော့ ဒီခြံထဲက နှင်းဆီနီတွေကို ခူးပြီး အိမ်ကြီးထဲကို လည်း မယူသွားမိစေနဲ့နော်.. ခဏပဲ နေမယ်ဆိုတော့ ဦးလေးလည်း သတိမပေးမိဘူး ဖြစ်သွားလို့ပါ”
ဖူးဖူးတို့ သုံးယောက်သားဦးလေးကြီးရဲ့ သတိပေးသံအဆုံးမှာ အိမ်ကြီးဖက်ကို လုံး နေအောင်ပြေးကြပါတော့တယ်။ ခြေသံတဖုန်းဖုန်းမြည်အောင်ပြေးလာတဲ့ဖူးဖူးတို့ သုံးယောက်ကို ကိုကိုက ဆီးပြီး မေးပါရော။ “ဘာတွေဖြစ်လာတာလဲ..မိန်းကလေးတွေ ဖြစ်ပြီးပြာယာကို ခပ်နေတာပဲ’’
“ကိုကို ဒီခြံနောက်မှာလေ တံတားဖြူလေးရှိတယ်..အဲဒီဖက်ကို ကျော်ပြီးမသွားနဲ့တဲ့။ မြေကြမ်းတယ်လို့ ပြောလို့ ကြောက်ပြီးပြေးလာတာကိုကို”
နောက်တော့ ရိုက်ကူးရေးကိုခြံထဲမှာပဲ လုပ်လိုက်ကြပါတယ်။ အပြင်ထွက်စရာမလို အောင်ကို လှလို့ အားလုံးကျေနပ်နေကြပြီး ခြံထဲက ပန်းခင်းကြီးကို အပေါ်စီးကရိုက် မယ်ဆိုပြီး ကိုကိုက ဒရုန်းလွှတ်ဖို့ပြင်ပါတယ်။
ကိုကိုဖြိုးနဲ့ အဆိုတော်အစ်ကိုတို့က သူငယ်ချင်းတွေဖြစ်ကြသလို ဝါသနာလည်း အင် မတန်တူတယ်လို့ပြောရမှာပါ။ ကင်မရာပါတဲ့ ဒရုန်းတွေလွှတ်တာ ဝါသနာပါသလို ကင် မရာမပါတဲ့ ဒရုန်းတွေ၊ ရီမုကွန်ထရိုးလ်နဲ့ လွှတ်တဲ့ လေယာဉ်ပျံငယ်လေးတွေကို ဘယ် သွားသွား သယ်သွားလေ့ရှိကြပြီး ခြံကျယ်ကျယ်..မြေနေရေကျယ်ကျယ်တွေဆို သူတို့ အလုပ်ပြီးတာနဲ့ ဒရုန်းလွှတ်ကြလေ့ရှိပါတယ်။
ဖူးဖူးတို့ရိုက်ကူးရေးပြီးတာနဲ့ ရေမိုးထပ်ချိုးပြီး ကျိုက်ထိုဖက်ကို ကားပြန်မောင်းကာ ညစာ ထွက်စားကြပါတယ်။ ပြန်လာတော့ ည၇နာရီလောက်ရှိပါပြီ။ ကိုကိုနဲ့ သူ့သူငယ် ချင်းနှစ်ယောက်က ဘီယာသောက်ပြီး ခပ်ထွေထွေလေးဖြစ်လာတော့ ဒရုန်းလွှတ်ကြ မယ်ဖြစ်လာပါရော။ ဒါနဲ့ပဲ ခြံထဲကိုပြန်ရောက်တော့ မီးတွေကလည်း ထိန်လင်းနေ အောင် ထွန်းထားတာတွေ့ရပါတယ်။ ဒီမီးရောင်လောက်နဲ့ဆို ဒရုန်းလွှတ်လို့ ရလောက် တယ်ဆိုပြီးသဘောတွေကျနေကြပါတော့တယ်။
ဖူးဖူးတို့လည်း အခန်းထဲပြန်ညအိပ်ဝတ်စုံတွေ လဲပြီးတာနဲ့ ကိုကို တို့ ဒရုန်းလွှတ်နေ တဲ့နားမှာ အာလူးကြော်တွေစားပြီးထိုင်စကားပြောနေပါတယ်။ ဒရုန်းကလွှတ်နေရင်းနဲ့ လေတအားတိုက်လာပြီး ပြုတ်ကျသွားပါတယ်။ ပြုတ်ကျသွားတဲ့နေရာက နေ့လည်က ခြံစောင့်ဦးလေးကြီး သတိပေးထားတဲ့ တံတားဖြူလေးရဲ့ ဟိုဖက်ခြမ်းကိုပြုတ်ကျသွား တာပဲဖြစ်ပါတယ်။
“ဟာဘယ်လိုဖြစ်တာလဲ..လေကလဲ ရုတ်တရက်ကြီး ဘယ်လိုမှထိန်းမရဘူးရယ်”
“အေး ဒါဆိုငါသွားကောက်မယ်..အဲဒီနားက နည်းနည်းမှောင်နေတယ်။ မင်းမီးလိုက်ပြ”
ပြောပြောဆိုဆိုနဲ့ ကိုကိုဖြိုးက တံတားလေးကိုဖြတ်ပြေးပြီး ဒရုန်းကို သွားကောက်ဖို့ပြင် ပါတယ်။
ဒီအချိန်မှာပဲ ကျန်ခဲ့တဲ့ အဆိုတော်က “ကိုဖြိုးမကောက်နဲ့ တော့..မနက်မှကောက်..အခု ပြန်လာခဲ့” ဆိုပြီး အသံကုန်အော်ပြောလိုက်ပါတယ်။
ကိုဖြိုးကလည်း ရှေ့ဆက်မသွားပဲ တောင့်တောင့်ကြီးရပ်နေပါတယ်။ အချိန်ခဏလေးမှ တကယ့်ခဏလေးမှာ ဖူးဖူးတို့လည်း တံတားလေးပေါ်ရောက်လာပြီး ဝိုင်းကြည့်လိုက် တော့ ကိုဖြိုးက လှုပ်ကိုမလှုပ်ပဲ တောင့်တောင့်ကြီးရပ်နေပါတယ်။
ပြီးတော့ တဖြေးဖြေးချင်း လှည့်ကြည့်လိုက်ပါတယ်။ မျက်လုံးတွေကကြောက်စရာ ကောင်း အောင်နီရဲနေပြီး “ဟီး ဟီး ဟီး” ဆိုတဲ့အသံနဲ့ အတူ ဖူးဖူးတို့ဖက်ကို လက်ညှိုး ထိုးပြီးရီပြနေပါတယ်။ အားလုံးကြက်သီးဖြန်းဖြန်းထပြီး ဘာလုပ်လို့ဘာကိုင် ရမှန်းမသိဖြစ်နေတဲ့ အချိန်မှာပဲ မြေပြင်မှာ ပြုတ်ကျတဲ့ဒရုန်းလေးက မီးတွေ တလက် လက်လင်းလာပြီး မြေပြင်မှာ ဟိုဖက်ဒီဖက် လူးလားခေါက်ပြန်ဖြစ်နေပါတယ်။
မြင်အောင်ပြောပြရမယ်ဆိုရင် ဒရုန်းကို လူတွေ ဟိုဖက်ဒီဖက်ဝိုင်းလုနေတဲ့ပုံစံပါ။ ဖူးဖူးတို့ကလည်း ကြောင်ပြီး ကိုကိုဖြိုးနားလည်းမသွား…ဒရုန်းကို ဟိုဖက်ဒီဖက် ဝိုင်းဆွဲ နေတဲ့ ပုံရိပ်တွေကိုမြင်ပြီး ကြက်သေသေနေပါတော့တယ်။
လက်ထောက်ကင်မရာမန်း အစ်ကိုက ချက်ချင်းသတိဝင်လာပြီး “ ကိုဖြိုး ကိုဖြိုး လာ လာ.. သတိထားဦး ကျွန်တော်ပြောတာကြားလား” ဆိုပြီး ကိုဖြိုးကို သွားဆွဲပါ တယ်။ ဒီအခါမှာ ငယ်ငယ်တုန်းက ကျောက်ဖြတ်ကျောက်ရုပ်အော်ပြီး ပုတ်ပြေးသလိုပါပဲ ကိုဖြိုးက သတိရသွားပြီး ကင်မရာမန်းအစ်ကိုက ကိုဖြိုးလို တောင့်တောင့်ကြီးပြန်ဖြစ်လို့ သူကမျက်လုံးပါတန်းနီရုံမက သွားရည်တွေပါကျပြီး ဖူးဖူးတို့ဖက်ကို လှည့်ပြီးရယ်ပြ ပြန် ပါတယ်။
သတိဝင်လာတဲ့ကိုဖြိုးက မြေပြင်ပေါ်မှာ ဟိုဖက်ဒီဖက်ရမ်းနေတဲ့ ဒရုန်းကို ပြေးဆွဲပါ တယ်။ အဲဒီအချိန်မှာပဲ အဆိုတော်အစ်ကိုကလည်း သူ့လက်ထဲက ဒရုန်းရီမုကွန် ထရိုးလ်ကို ပါဝါပါ အသေပိတ်ချလိုက်ပြီး ဖူးဖူးတို့ကိုပေးလို့ ကိုဖြိုးတို့ဆီပြေးပါတော့ တယ်။
ကိုဖြိုးက အားနဲ့မာန်နဲ့ ဒရုန်းကိုပြန်ဆွဲ..မမြင်ရတဲ့ဖက်ကလည်း ဒရုန်းကိုအလျော့မ ပေးပဲပြန်ဆွဲနဲ့ ဖြစ်နေသလို တောင့်တောင့်ကြီးဖြစ်နေတဲ့ ကင်မရာမန်းကို အဆိုတော် အစ်ကိုက အတင်းပြန်ဆွဲပြီး တံတားပေါ်ခေါ်လာပါတယ်။
“ဟဲ့ဘာကြောင်ကြည့်နေကြတာလဲ အမြန်ဝိုင်းဆွဲ..ဒီတံတားကျော်ရင်ရပြီလာ လာ..ကောင်မလေးတွေ မြန်မြန်လာကူ”
ဒါနဲ့ဖူးဖူးတို့လည်းကြောက်တာခဏမေ့ထားပြီး အဆိုတော်ကိုကူပြီး ကင်မရာမန်းကိုဆွဲပါ တယ်။ ကင်မရာမန်းက သတိမရသလိုလို ရသလိုလိုနဲ့ ကြောင်တောင်တောင် နီနီရဲရဲ မျက်လုံးတွေနဲ့ခေါင်းကြီးကလည်ပြီး ဖူးဖူးတို့နောက်ကိုပါလာပါတယ်။ သူ့ကိုဘာမေး မေးလဲ ဘာမှမပြောပဲ ခေါင်းကြီးကငိုက်စိုက်နဲ့ပါ။ သူ့ကို ပါးတွေကို ဝိုင်းပုတ်လည်း သူသတိမလည်လာပါဘူး။
အဆိုတော်ခင်ဗျာ.တစ်ယောက်ကိုကယ်ပြီးတာနဲ့ နောက်တစ်ယောက်ကို ကယ်ရမယ် ဆိုပြီး ဖူးဖူးတို့ဆီကင်မရာမန်းအစ်ကိုကို အပ်ပြီးတာကိုဖြိုးကိုပြန် သွားဆွဲပါတယ်။ အဲဒီအခါမှာ အဆိုတော်ရယ် ကိုဖြိုးတို့နှစ်ယောက်ကတစ်ဖက်.. မမြင်ရတဲ့ဖက်ကတစ် ဖက် အပြိုင်ဒရုန်း ကိုဆွဲကြပါတယ်။
“ကိုကို လွှတ်ပေးလိုက်လေ..ဘာလို့ပြိုင်ဆွဲနေတာလဲ..မနက်ကျမှပြန်ကောက်လဲရတယ် လေ။ လွှတ်လိုက်..လွှတ်ချခဲ့ပြီး ထားခဲ့လိုက်တော့ ဒီဖက်ကိုပြန်လာခဲ့”
ဖူးဖူးတို့ ဝိုင်းအော်ပေမယ့်လည်း ကိုဖြိုးနဲ့ အဆိုတော်တို့က ဒီဖက်တံတားကိုပြန်တက် မလာပဲ ဒရုန်းကို အသေအကြေကိုဆွဲနေပါတယ်။
“ဟဲ့လွှတ်ပေးနေတာပဲ..ဒရုန်းကိုက ငါတို့လက်မှာကပ်နေတာ..တစ်ခုခုလုပ်ဦး..ငါတို့ သေတော့မယ်။ ဒီလိုလုမနေနိုင်ဘူး။ လွှတ်ချလို့လည်းမရဘူး..အကူအညီသွားခေါ် မြန်မြန်သွား မောလို့သေတော့မယ်”
ဒီအချိန်မှာပဲ မိုမိုနဲ့သက်စုကပြေးပြီး ခြံစောင့်ကြီးအိမ်ကိုပြေးပြီး လူတွေသွားခေါ်ပါတယ်။ ဖူးဖူးနဲ့ သရဲပူးသလိုဖြစ်နေတဲ့ ကင်မရာမန်းအစ်ကိုက တံတားဒီဖက်ခြမ်း မီးတိုင် အောက်မှာ..ကိုဖြိုးနဲ့ အဆိုတော်က ဒရုန်းတစ်ခုကို အပြိုင်လုပြီး အလင်းရောင် နည်းတဲ့ တံတားဟိုဖက်ခြမ်းမှာ..။
ဖူးဖူးမှာ ကြောက်လွန်းလို့ အသံမထွက်နိုင်တဲ့အချိန်
“အဲဒါဘာလဲဟင်”
သရဲပူးသလိုဖြစ်နေတဲ့ ကင်မရာမန်းအစ်ကိုဆီကနေ မိန်းကလေး ကလေးပိစိလေးအသံ ညောင်နာနာနဲ့ ဖူးဖူးကိုမေးပါတယ်။အရမ်းလန့်သွားတဲ့ ဖူးဖူးက
“ဘာမေးတာလဲဟင်” လို့ပြန်ပြောလိုက်တော့ ဒရုန်းလုနေတဲ့ဖက်ကို လက်ညှိုးထိုးပြပြီး တောင့်တောင့်ကြီးထပ်မေးလာပါတယ်။
“ဟို ဟို အဲဒါ ဒရုန်း”
“ဒရုန်းဆိုတာ ဘာ လဲ” အသံခပ်အက်အက်နဲ့ မေးလာပြန်တော့
“ကိုကိုရေ ကယ်ပါဦး..ဒီမှာ ဒရုန်းဆိုတာဘာလဲတဲ့…ဖူးဖူးမရှင်းပြတတ် ဘူး..ကြောက် တယ်။ ကြောက်တယ်။ ဒရုန်းကို ပြစ်ချပြီး ဖူးဖူးဆီကို လာပါ အီးဟီးဟီး”
“အော် နင်ကလဲဟာ မိုးပေါ်ပျံတဲ့ကစားစရာ မိုးပေါ်ပျံတက်နေတဲ့ ကစားစရာဟာ မောရတဲ့ကြားထဲ” ကိုကို့ခင်မျာ လက်ထဲလှုပ်ရမ်းနေတဲ့ ဒရုန်းကို လုနေရရင်းအမော ဆို့နေ တဲ့ အသံကြီးနဲ့ အော်ဟစ်ပြီးပြန်ဖြေပေးပါတယ်။
ဖူးဖူးက သရဲပူးနေပုံရတဲ့ ကင်မရာမန်းကို “ကြားလားအဲဒါကစားစရာ နင်တို့လိုချင်ယူ လိုက်တော့..ငါတို့ကို လွတ်မြောက်ခွင့်ပေးပါ” လို့ပြောလိုက်ပါတော့တယ်။ ဒီအချိန်မှာ ပဲကင်မရာမန်းဆီကနေ ဖြတ်ကနဲ ဂါဝန်နဲ့မိန်းကလေးငယ်ငယ်ရုပ်ပုံလေးက ကိုယ်ထဲက ထွက်သွားတာကို လမ်းမီးတိုင်အရိပ်ထဲမှာ မြင်လိုက်ရပြီး သူသတိရလာပါတယ်။
“ငါဘာဖြစ်တာလဲ..ငါဘာဖြစ်သွားတာလဲ”
“သရဲပူးခံရတာလားမသိဘူး..အစ်ကိုသတိရပြီလား” အဲဒီကောင်မလေးအရိပ် တံတား ပေါ် ကဖြတ်ပြီးကိုဖြိုးတို့ဖက်ကို ရောက်သွားတဲ့အချိန်မှာ ဒရုန်းကိုင်ထားတဲ့ကိုဖြိုးတို့ ကို တစ်ယောက်ယောက်က ဆောင့်တွန်းလိုက်သလို နှစ်ယောက်လုံးပက်လက်လန်လဲ ကြလို့ ဒရုန်းကလည်း လွတ်ကျပြီးငြိမ်သွားပါတယ်။
အဲဒီတော့မှ နှစ်ယောက်သားအတင်းပြေးပြီး တံတားဒီဖက်ခြမ်းကိုလာပါတယ်။ ခြံစောင့် လင်မယားလဲ လက်ထဲကရေမန်းဗူးတွေဘာတွေနဲ့ လိုက်လာပါတယ်။ ဒရုန်းကိုနှမျောပေ မယ့် အဲဒီဖက်ခြမ်းမှာပဲ ထားခဲ့လိုက်ပါတယ်။ အားလုံးအမြန်ခြံရှေ့ကို ပြန်လှည့်ထွက် လိုက်တဲ့ အချိန်မှာပဲဖုန်းဆိုတဲ့ အသံနဲ့အတူ ကိုဖြိုးဆီက “အောင်မလေး သေပါပြီဗျ” ဆိုတဲ့ အသံကြားပြီး ရှေ့ကို ဟပ်ထိုးလဲမတတ်ဖြစ်သွားပါတယ်။
ဘာဖြစ်တာလဲ အရင်းစစ်လိုက်တော့ ဒရုန်းကို အရှိန်ပြင်းပြင်းနဲ့ပြန်ပစ်ပေါက်ပေးလိုက် တာပဲဖြစ်ပါတယ်။ ဘယ်သူကပြန်ပစ်ပေးလဲ ဘာလဲတွေးမနေနိုင်ပဲ ပြန်လည်းမကောက် ရဲလို့ အားလုံးက ဒီတိုင်းထားလိုက်မယ်ဆိုပြီးတွေးနေတုန်း ခြံစောင့်ကြီးကပြောပါတယ်။
သူတို့မလိုချင်လို့ပြန်ပေးတာ အန္တရယ်မရှိတော့ဘူး ယူလိုက်လို့ဆိုပါတယ်။ ဒီတော့မှ အမြန်ကောက်ပြီး သူ့သေတ္တာထဲအသေထည့်ပိတ်လိုက်ပါတယ်။ ဖူးဖူးတို့အားလုံး ညမအိပ်တော့ပဲ ကျိုက်ထိုမြို့ထဲက တည်းခိုခန်းတစ်ခုကို အမြန်ပြောင်းအိပ်လိုက်ကြပါ တော့တယ်။
ဒီမမြင်ရတဲ့လောကသားတွေအကြောင်းကို ခြံစောင့်ကိုမေးတော့လည်း သူတို့လည်း မသိကြောင်း အဲဒီဖက်ကို မသွားဖို့တားမြစ်ထားလို့ မသွားရင်ဘာမှမဖြစ်ဘူးလို့လည်း ပြောပါတယ်။ သေချာတာကတော့ဖူးဖူးတို့လည်း သွားစမ်းသပ်တာမဟုတ်ပဲ မတော်တ ဆ ဒရုန်းပျက်ကျသွားလို့သာ သွားကောက်မိတာပါလို့ ရှင်းပြခဲ့ပါတယ်။
ကားပေါ်မှာပြန်ပြောပြတာကတော့ ကိုဖြိုးဒရုန်းသွားကောက်တဲ့အချိန်မှာ အဆိုတော်ရဲ့ မျက်လုံးထဲမှာ ကိုဖြိုးဘေးနားမှာ လူတွေဝိုင်းနေတယ်လို့ မြင်လိုက်ပြီးကလေးတွေ များတယ်လို့ သူမြင်လိုက်တယ်လို့ ပြောပါတယ်။
ကိုဖြိုးပြောတာကကြတော့လဲ သူဒရုန်းကုန်းကောက်မလို့လုပ်တုန်းနောက်ဖက်ကနေ လူတွေလိုက်လာတဲ့ခြေသံကြားလို့ ဖူးဖူးတို့ထင်ပြီလှည့်ကြည့်လိုက်တာ လူတစ် ယောက် က နောက်ကနေဖြတ်ရိုက်လိုက်ကြောင်း ပြီးတော့ဘာမှမသိတော့ ကြောင်းပြောပါတယ်။ ဒရုန်းကိုပျက်ကျသွားတဲ့အချိန်ကတည်းက ရီမုကွန်ထရိုးလ် ကို ပါဝါပိတ်ချထားတာမို့လို့ ဒရုန်းကမီးလင်းပြီးလျှောက်ပြေးနေစရာမလိုဘူးလို့လည်း ထပ် ပြောပြကြပါတယ်။ ကင်မရာမန်းကတော့ ကိုဖြိုးကိုဆွဲလိုက်ကတည်းက ဘာမှမသိတော့ ပဲ တည်းခိုခန်းရောက်တဲ့အထိမူးနောက်နေတုန်းလို့ ပြောပြပါတယ်။
ကိုဖြိုးကလည်း ဒရုန်းကိုသူလွှတ်ချထားခဲ့ပြီး ဒီဖက်ကိုပြန်လာမယ်ဆိုတာ စိတ်ထဲမှာသာ ရှိနေပေမယ့် တကယ်တမ်းမှာတော့ သူ့လက်က မလွှတ်ချနိုင်ပဲ လုခိုင်းထားသလို စေ ခိုင်းခံနေရကြောင်း၊ အဆိုတော်သွားဆွဲတော့လည်း သူလည်းအာ့လိုခံစားရပြီး လူတွေ အများကြီးနဲ့ ဝိုင်းလုကြလို့ သူတို့ခင်မျာ တည်းခိုခန်းရောက်တဲ့အထိအမောဆို့နေကြ ပါတော့တယ်။
အပြင်မသွားရလို့စိတ်ညစ်နေတဲ့ ဖူးဖူးတို့မောင်နှမ ဒီတစ်ခေါက်အဖြစ်အပျက်ကိုကြုံ တွေ့ပြီးတဲ့အချိန်မှာ ကိုယ့်ရဲ့ အိမ်ဟာအလုံခြုံဆုံးဆိုတာကို နားလည်သဘောပေါက် သွားပါတော့တယ်။ ပြီးတော့ လမ်းမများတော့ဘူးလို့လည်း ဆုံးဖြတ်လိုက်ပါတယ်။ ဒီ အကြောင်းတွေကိုသူငယ်ချင်းတွေကို ပြန်ပြောပြ ကြတော့အားလုံးကမယုံပါဘူးတဲ့လေ။ တစ်ချို့အဖြစ်အပျက်တွေက ယုံတာ မယုံတာကို ဦးစားပေးနေရမှာမဟုတ်ပဲ ကိုယ်တိုင် မကြုံဖူးကြဖို့ပဲလိုပါတယ်လို့ မောင်နှမနှစ်ယောက်စဉ်းစားလိုက်ပြီး ယုံတဲ့လူတွေသတိ ထားနိုင်ဖို့ ဖောက်သည်ချလိုက်တာပဲဖြစ်ပါတယ်။
https://web.facebook.com/permalink.php?story_fbid=557720374858574&id=336517150312232&__tn__=K-R
#lotaya_shortstory
အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။