ဂိမ်းဆိုင်ထဲက ဘေးချက် ကောင်လေး
lotaya.mpt.com.mm
|
2020-07-10

၁။

ဂိမ်းဆိုင်ခန်းလေးထဲမှာ တိတ်ဆိပ်နေ၏။

ရှည်မျောမျော အခန်းကျဉ်းလေးထဲမှာ နံရံတစ်ဖက်ကပ်လျက် မော်နီတာများ ကီးဘုတ်များ တန်းစီထားသည်။

ကွန်ပျူတာ တစ်လုံးနှင့်တစ်လုံးက ၃ပေ

လောက်သာ ခြားလိမ့်မည်။

ကီးဘုတ်လေးများပေါ် ဖုန်မကပ်စေရန်

အဝတ်လေးများ ကိုယ်စီအုပ်ထား၏။

နံရံတွင် ဂိမ်းကစားရာတွင် အသုံးပြုသော လက်ခလုပ်လေးများ သံဖြင့်ရိုက်၍

ချိတ်ဆွဲထားသည်။

စက္ကူသေတ္တာပုံးထဲတွင် ပြင်လက်စ ကီးဘုတ်အဟောင်းများ၊မောက်စ်များ၊ကွန်ပျူတာနှင့်ဆက်စပ်သော အပိုင်းအစများ

စုပြုံထည့်ထားသည်မှာ ထိုးထောင်လျံကျ

နေလျက် ရှိသည်။

ဆိုင်ခန်းလေးကို ခြုံငုံမြင်သာမည့် ခပ်မြင့်မြင့် နံရံထောင့် နှစ်ဖက်၌ စီစီတီဗွီ ကင်မရာ နှစ်လုံး ရှိသည်။

ဆိုင်ခန်းလေးသည် တိတ်ဆိပ်နေလေ၏။ အရင်နေ့များဆီက ဆူညံနေတတ်သော ဂိမ်းဆိုင်လေးသည် ငြိမ်သက်

နေပါသည်။

နေ့ခင်းဘက် ကလေးများ ကျောင်းပိတ်ရက်ဆိုလျင် ဂိမ်းဆိုင်လေးသည်

သက်ဝင်လှုပ်ရှားတတ်စမြဲ။

ကလေးများသည် ရလာသည့်မုန့်ဘိုးကို ဂိမ်းဆိုင်သို့ လာ၍ ဖြုန်းတီးကြစမြဲ။

ကလေးတစ်သိုက်သည် ဝင်လိုက်ကြ

ထွက်လိုက်ကြ၊အော်ဟစ်ငြင်းခုံလိုက်ကြနဲ့ ဆူညံပွက်လောရိုက်နေတတ်ကြ၏။

ဘောလုံးဂိမ်း ကစားကြသည့်ကလေးများက ဘောလုံးကန်ကြ၏။

စနှိုက်ပါပစ်မည့်ကလေးများက စနှိုက်ပါ

ပဈကွ၏။

ဒေါ့်တာခုတ်သည့်ကလေးများက အချင်း

ချင်း ချိတ်ဆက်၍ ဒေါ့်တာခုတ်ကြ၏။

မိမိတို့အကြိုက် ဂိမ်းများကို တစ်ဦးချင်း

သော်၎င်း၊ အဖွဲ့လိုက်သော်၎င်း နာရီမှတ်၍ ဆော့ကစားကြသည်။

တစ်နာရီပြည့်တိုင်း ၃၀၀ကျပ် ပေး

ကြရ၏။ကလေးတွေတင်မဟုတ်။တက္ကသိုလ်တက်နေသော ကျောင်းသားများလည်း လာ၍ ဆော့ကြသည်။

ထိုသို့ဆော့ရာတွင် ( ဘေးချက် )ဆို

သော ဝေါဟာရသစ်တစ်ခု ပေါ်လာ၏။

ဘေးချက် (ဘေးဂျက်)ဆိုတာက ပိုက်ဆံမပါပဲ ဘေးကနေ ပါးစပ်ဖြင့် ဂိမ်းကစားသူကို ခေါ်ဆိုခြင်း ဖြစ်၏။

ပါးစပ်ဖြင့် ဂိမ်းကစားသည်ဆိုလျင်

နားရှုပ်သွားလိမ့်မည်။

ဘေးချက်သည် တစ်ခါတလေ၌ အရေးပါသူ ဖြစ်၏။

ကီးဘုတ်နှိပ် မောက်စ်ကို ရွေ့ ကစားနေသူ မမြင်နိုင်သည့် ရန်သူကို ဘေးချက်က နောက်က ပြောပြပေးရခြင်း ဖြစ်၏။

စ၍ ကစားတတ်သူကို နောက်ကနေ နည်းပြ ပေးခြင်းလည်း ဖြစ်၏။

" နောက်မှာ ရန်သူ လာနေပြီ "

" အဲ့ဒီ ပန်းပွင့်ကို စားစား ၊ အဲတာ သွေးအိတ် "

" ကျည်ကုန်နေပြီ ကျည်ဖြည့် ကျည်ဖြည့် "

" ဒီအခန်းပြီးရင် နောက်ခန်းကျ လူဆိုးဗိုလ်ကြီးနဲ့တွေ့ပြီ ..."

ဘေးချက်သည် ကျွမ်းကျင်သော ဂိမ်းမာ တစ်ယောက်လည်း ဖြစ်၏။အခန်းများကို ကြိုသိနေပါ၏။

ဂိမ်းဆိုင်ပိုင်ရှင်က လာဘ်မြင်၏။

ဂိမ်းဆိုင်ထဲမှာ ဆော့ကစားရင်း အဆာပြေ စားနိုင်ရန်၊ မားမား သို့မဟုတ် ယမ်ယမ် အစရှိသော ခေါက်ဆွဲပြုပ်တို့၊ ကော်ဖီမစ်တို့လည်း ရောင်းပေး၏။

နာရီကြာမြင့်အောင် ဆော့ကစားတတ်သော ဂိမ်းမာ(ဂိမ်းကစားသူ)က

ဗိုက်ဆာ၍ တစ်ခုခု စားနေလျင် ဘေးချက်က အစားထိုး ဝင်ကစားပေးလေ့ရှိသည်။

များသောအားဖြင့် ဘေးချက်များသည်

အသက်၁၀နှစ်နှင့်၁၂နှစ်ကြား ကလေးငယ်များ ဖြစ်ကြသည်။

ဘေးချက်ကလေးများသည် ဆိုင်ရှင်

ခိုင်းတာလည်း လုပ်ပေးကြရသည်။

လ္ဘက်ရည် ဝယ်၊ ကွမ်းယာဝယ် စသည့် တောက်တို အလုပ်လေးများ လုပ်ပေးကြရသည်။

လူကျဲပါးသည့် ကြားရက်မျိုးမှာ ဆိုင်ရှင်က ဘေးချက်ကို ဂိမ်း အလကား ကစားခွင့် ပေးတတ်သည်။

ကစားမည့်သူ မရှိခင်မှာ နာရီဝက် သို့မဟုတ် ၁၅မိနစ်ခန့် အလကား ကစားခွင့်ရတတ်သည်။

အရင်က ဂိမ်းကစားသူများနှင့် ပြည့်ညပ်နေသော ကိုအောင်ကြီး၏ " Aung

Gyi " ကွန်ပျူတာဂိမ်းဆိုင်လေးသည်

ယခု အခါ တိတ်ဆိပ်ငြိမ်သက်နေ၏။

ကစားမည့်သူ မရှိ။ ဂိမ်းဆိုင်လေးသည် ခြောက်ကပ်နေ၏။

ထိုသို့ ဖြစ်ရခြင်းမှာ ကိုအောင်ကြီး၏

ဂိမ်းဆိုင်ထဲ၌ သရဲခြောက်၍ ကလေးများ

ကြောက်ရွံကာ မလာတော့ခြင်း ဖြစ်သည်။

သရဲက လတ်တလော သေထားသော ဘေးချက် ညီပု ဖြစ်နေ၏။

ညီပု သေတာကလည်း ကိုအောင်ကြီးတို့ ဆိုင်ထဲမှာပဲ ဓာတ်လိုက် သေခြင်း ဖြစ်သည်။

ကိုအောင်ကြီးခမျာ ရဲစခန်းက သေမှုသေခင်း ဖွင့်တော့ စခန်းမှာ သွားရှင်းရသေးသည်။

ညီပုဆိုတာက ၁၁နှစ်အရွယ် ကလေးငယ် ဖြစ်သည်။

ဂိမ်းဆိုင်မှာ တစ်နေကုန်အောင် နေတတ်သည်။

ကိုအောင်ကြီးရဲ့ တောက်တိုလည်း

ဖြစ်ပါ၏။ ခိုင်းသမျှ အကုန်လုပ်ပေး၏။

ဂိမ်းဆိုင်လာသည့် ကလေးများက

ညီပုကို ညီပုဟု မခေါ်။

ဘေးဂျက်(ဘေးချက်)ဟုသာ ခေါ်ကြသည်။

ညီပုကလည်း ထိုအခေါ်အဝေါ်ကို

သဘောကျခဲ့ပါ၏။

" ဟေ့ယောင် ဘေးချက် ဒီအခန်းကို

ဘယ်လို ဆော့ရလဲ"

"ဘေးချက် ငါ့ကို သွေးခိုးပေးစမ်းပါ"

"ဘေးချက် သေနတ်ဝယ်ရင် ဘာနဲ့

ဘာခလုပ်ကို တွဲနှိပ်ရတာလဲ "

"ဘေးချက် ကိုကြီးကို ကွမ်းယာဝယ်ပေးစမ်း "

" ဘေးချက်ရေ ငါ့စက် လာကစား

ထားပေးအုံး၊ ငါ ရှုးပေါက်သွားလိုက်အုံးမယ်.."

ညီပုဆိုတဲ့ ဘေးချက်က ဂိမ်းဆိုင်မှာ

အဲသလို အသုံးတည့်နေတာပေါ့။

သူက ကိုအောင်ကြီးတို့အရပ်ထဲက ဆိုက္ကားဆရာ ကိုတင်ထွန်းနှင့် အဝတ်လျော်စားသူ မမြင့်တို့၏ စတုတ္ထမြောက်

သား ဖြစ်သည်။

ညီပု ဓာတ်လိုက်သေရခြင်းက ကိုအောင်ကြီး၏ ပယောဂမပါချေ။

အဲ့ဒီနေ့ ညီပု ဓာတ်လိုက်သေမည့်နေ့က ကိုအောင်ကြီးက မင်္ဂလာဆောင်တစ်ခု

မှာရောက်နေခြင်း ဖြစ်သည်။

ဖြစ်ပုံက ဘယ်လိုလဲဆိုတော့ အဲဒီနေ့က ကိုအောင်ကြီးက သူ့ သူငယ်ချင်းရဲ့ မင်္ဂလာဆောင်ကို သွားရမယ်။

မင်္ဂလာဆောင်က တနင်္ဂနွေနေ့။

ကျောင်းပိတ်ရက်ဆိုတော့ ဂိမ်းဆိုင် လူကျမယ့်နေ့ပဲ။

ဘေးချက် ညီပုက ထုံးစံအတိုင်း ကိုအောင်ကြီး၏ဂိမ်းဆိုင်ကို စောစီးစွာ ရောက်လာသည်။

ကိုအောင်ကြီးက မင်္ဂလာဆောင်ကို သွားတော့မည့်ဆဲဆဲ။

ညီပု ရောက်လာတော့ ကိုအောင်ကြီးက အသေအချာ မှာခဲ့သည်။

"ဟာ ညီပု အတော်ပဲကွာ၊ ငါ မင်္ဂလာဆောင် သွားမှာ ၊ နည်းနည်း ကြာမယ်။

မင်း ငါ့ဆိုင်ကို စောင့်ထားပေး ၊ခုံတွေကို

ကြက်မွှေးနဲ့ ဖုန်တွေ သန့်ရှင်းထားလိုက်

ဘယ်သူလာလာ စက်တွေ ဖွင့်မပေးနဲ့ဦး

ငါ ပြန်လာမှ ဖွင့်ပေးမယ်။

ငါသွားနေတုန်း စက်တွေ မကလိနဲ့နော်။

ဓာတ်ကြိုးတွေက သိပ်မကောင်းတော့ဘူး။

အသစ်လဲဖို့ ကွန်ပျုတာဆားဗစ် ခေါ်ထားတာ မနက်ဖြန်မှ လာမယ်တဲ့။

ကဲ ငါသွားပြီ ညီပု ၊ စိတ်ချမယ်နော် "

ထိုသို့ ပြောပြီး ကိုအောင်ကြီးက

သူ့ ဆိုင်ကယ်ကို စက်နှိုး၊ ဝေါဆို မောင်းထွက်သွား၏။

ညီပုလည်း ဆိုင်ထဲဝင်ပြီး ကြက်မွှေးနဲ့

သန့်ရှင်းရေး လုပ်တာပေါ့။

ညီပုက မြင်ရုံနဲ့ တတ်၏။ မောက်စ်တွေ၊ ကီးဘုတ်တွေကို ကွန်ပျုတာမှာ

တွဲ၏။

လက်ခလုပ်ကောင်းတာလေးတွေ ရွေးပြီး တပ်ဆင်၏။

အားလုံး တပ်ပြီးသွားတော့ သူ မော်နီတာ တစ်လုံးရှေ့မှာ ဝင်ထိုင်သည်။

လူကြီးလေးတစ်ယောက်လို ကီးဘုတ်ပေါ်က ခလုပ်တွေကို နှိပ်သည်။

မောက်စ်ကို ဘယ်ညာရွေ့ရင်း၊ ကလစ်ကို တဖျောက်ဖျောက် ဆော့ကြည့်သည်။

တစ်ယောက်တည်း ကျေနပ်နေ၏။

ပျော်ရွှင်နေ၏။လွတ်လပ်နေ၏။

ဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ်လောက်

ကြာလာတော့ ညီပု မော်နီတာက ပါဝါခလုပ်ကို ဖွင့်ချင်လာပြီ။

လက်ယားနေပြီလေ။ ကလေးဆိုတော့ ရှေ့မှာမြင်နေရတဲ့ ခလုပ်တွေကို

အသက်ဝင် လှုပ်ရှားစေချင်ပြီ။

သူ တအားဆော့ချင်တဲ့ ဒေါ့တာကို

တစ်ယောက်တည်း လွတ်လပ်စွာ နှိပ်ချင်နေပြီပေါ့။

အရင်ဦးစွာ ညီပု မော်နီတာက ပါဝါခလုပ်ကို ဖွင့်လိုက်တယ်။

ဖွင့်ပြီး သူ အပြင်ကို ကြည့်၏။သူ ဖွင့်နေတုန်း ကိုအောင်ကြီးများ ပြန်လာမလားလို့ပေါ့။

မော်နီတာမှာ အပြာရောင် ကာလာလေးပေါ်လာတော့ တစ်ဆင့်တက်ပြီး

CPU စစ်စတမ်ပုံးက ပါဝါခလုပ်ကို ထပ်နှိပ်လိုက်တယ်။

Window တက်လာပြီ။ သူဆော့မည့်

Dotta 2 ကို ကလစ်တစ်ချက် နှိပ်လိုက်၏။ အိုကေ အားလုံး အဆင်ပြေသွားပြီ။

သူ့အကြိုက် ဒေါ့နင်ဂျာတို့ စနိုက်ပုတို့

အန်နီးမိတ်တို့ ရွေးချယ်၏။

ညီပု..ကိုအောင်ကြီး မရှိခိုက် စိတ်ကြိုက် ဒေါ့တာ ခုတ်နေသည်။

ညီပု စိတ်ပါလက်ပါ ဒေါ့တာခုတ်နေတုန်း ဆိုင်အဝင်ဝမှာ အရိပ်တစ်ခု ဖြတ်ကနဲ ဝင်လာ၍ အလန့်တကြား

ထ၍ ကြည့်လိုက်သည်။

ကိုအောင်ကြီး မဟုတ်။ သူ့လိုပဲ ဂိမ်းကစားရန် လာသည့် ရွယ်တူ ကလေး

၂ယောက်။

ညီပုက ခပ်တည်တည်နဲ့..

" ဟေ့ယောင်တွေ ကိုအောင်ကြီး

မင်္ဂလာဆောင်သွားတယ်။ သူလာမှ

မင်းတို့ ပြန်လာခဲ့ .."

ညီပုက သူကစားနေတာ အရှိန်ပျက်

သွားလို့ ကလေးနှစ်ယောက်ကို ပထုတ်လိုက်တယ်။

ကလေး၂ယောက်က ပေစောင်းစောင်းနဲ့ ပြန်ကြည့်ပြီး..

" မင်းကျ ဘာလို့ နှိပ်နေတာလဲ၊

ငါတို့က ပိုက်ဆံပေး ကစားမှာပါကွ၊

မင်းပဲ စက်၂လုံး ဖွင့်ပေးပေါ့ "

ညီပုက အလုပ်ရှုပ်ရန်ကောဟူသော

အကြည့်ဖြင့် ကြည့်ကာ..

"ငါက ဆိုင်စောင့်ရင်း ဆော့နေတာကွ၊

ကိုအောင်ကြီးက သူလာမှ ဖွင့်မယ်

ပြောသွားတာ ၊ ခဏနေမှ ပြန်လာကြကွာ ၊ သူလာရင် ဖွင့်ပေးလိမ့်မယ် "

ကလေး၂ယောက်က ဇွဲမလျော့။ ဆော့ချင်စိတ် ထက်သန်နေ၏။

ညီပုကို အဖော် ညှိကြည့်ကြသည်။

" ညီပု ငါတို့က တစ်နာရီပဲ အချိန်ရတာ၊

ဂိမ်းဆော့ပြီးရင် ကျူရှင်သွားရဦးမှာ၊

ပြီးတော့ ငါတို့က ဒေါ့တာခုတ်မှာကွ

မင်းလည်း ပါချင်ပါပေါ့ .."

ညီပု စိတ်ဝင်စားသွား၏။ ဒေါ့တာက

အဖွဲ့လိုက် ကစားရတာ ပိုကောင်းသည်လေ။

ဒီကောင်၂ယောက်နဲ့ဆို သူတို့ ၃ယောက်တစ်ဖွဲ့ ဖြစ်သွားပြီ။

ညီပုက အဖွဲ့လိုက် ကစားရမည်ဆိုတော့ စိတ်ပြောင်းသွားတယ်။

သူတို့ကို စက်ဖွင့်ပေးထားရင် ပိုက်ဆံရမှာမို့ ကိုအောင်ကြီးက အပြစ်တင်လိမ့်မည်မဟုတ်လို့ တွေးလိုက်ပြီး..

" အေး အဲဒါဆိုလည်း ခဏစောင့်။

ငါ စက်တွေ ဖွင့်ပေးမယ်။ ၃ယောက်

အတူတူ ခုတ်မှာနော် ဟေ့ယောင်တွေ

"

ညီပုက သေချာအောင် ထပ်မေးလိုက်တော့ ကောင်းလေးတွေ ပြိုင်တူ

ခေါင်းငြိမ့်လိုက်ကြပြီး...

" အေးပါကွ .."

ညီပု သူထိုင်နေတဲ့ ခုံပေါ်က ဆင်းပြီး

ဟို၂ယောက်အတွက် စက်တွေ ဖွင့်ပေးလိုက်တယ်။

သူ ကိုအောင်ကြီးရဲ့ အမှာစကားကို

သတိမရတော့ဘူး။

ညီပုအဖို့က ဒေါ့တာ အဖွဲ့လိုက်ခုတ်ဖို့ဆိုတာက မဟာ့မဟာ အခွင့်အရေးပဲဆိုတော့၊ ကိုအောင်ကြီး လာမှ အဆူခံတော့မယ်ဆိုတဲ့သဘော။

စက်တွေ ဖွင့်ပြီး ၃ယောက်သား တက်ညီလက်ညီ ဒေါ့်တာ ခုတ်နေကြ၏။

ဘာပြသနာမှ မရှိသေး။ ဒါပေမယ့်

အလယ်ကောင်က ကွန်ပျုတာက ကစားရင်း ထစ် ထစ် နေ၏။

ထိုအခါ ထစ်နေတဲ့ ကွန်ပျုတာကို

ကိုင်သည့် ကောင်လေးက ...

"ညီပု ..ငါ့စက်က ထစ်ထစ်နေတယ်ကွ၊

ဘယ်လိုလုပ်မလဲ .."

ညီပု မီးအားမြင့်စက် ထရန်စဖော်မာကို လှမ်းကြည့်သည်။ မီးအားလည်း

မကပြါ။

သူ ကိုအောင်ကြီး လုပ်တာကို အသေအချာ ကြည့်ထားသည်။ CPU

ထဲက memory ကြေးချောင်းလေးကို

ဖြုတ်ပြီး အဝတ်စနဲ့ ပွတ်တာ မြင်ဖူး၏။

အဝတ်စနဲ့ အသေအချာ ပွတ်ပြီး ပြန်ထည့်လိုက်လျင် စက်က မထစ်တော့။

ညီပု အလယ်က ကွန်ပျုတာဆီ ထလာ၏။မားသားဘုတ်ဘေးက ကြေး

ချောင်းလေးကို ရှာကြည့်သည်။

တွေ့ပါပြီ။ ဒေါင်လိုက် ကြေးချောင်းလေး။ ညီပုက ဆရာကြီး စတိုင်နဲ့..

" ဒါလေး ဖြုတ်ပြီး အဝတ်နဲ့ သုတ်လိုက်ရင် မထစ်တော့ဘူးကွ၊ ကိုအောင်ကြီး လုပ်တာ ငါ အသေအချာ လိုက်ကြည့်ထားတာ .."

ကိုအောင်ကြီးက ကြေးချောင်းလေး

ဖြုတ်ရင် ပါဝါခလုပ်တွေ ပိတ်ပြီးမှ ဖြုတ်တာ။

ဒါကို ညီပုက မသိဘူး။ မီးမပိတ်ပဲ

ကြေးချောင်းလေးကို လက်သန်း လက်မနဲ့ဖိညှစ်လိုက်တယ်ဆိုရင်ပဲ ...

" ဖျောင်း ဖျစ် ဖျစ် ..."

" အား....."

ညီပုဆီက အားကနဲ အော်သံကြားရပြီး

ဓာတ်လိုက်နေတာကို ကလေး၂ယောက် မြင်တာနဲ့ ဆိုင်အပြင်ကို ပြေးတော့တာပဲ။

ကလေးဆိုတော့ ကြောက်ကြတာပေါ့။

ဓာတ်လိုက်ခံရတဲ့ ညီပုရဲ့ မျက်နှာကလည်း ကြောက်စရာကြီးလေ။

ကလေးတွေက ဆိုင်အပြင်ကနေ

အနီးနားကလူတွေကို အော်ဟစ် အကူ

အညီတောင်းတယ်။

အိမ်နီးချင်းတွေ ပြေးလာပြီး၊ ဆိုင်ထဲ

ဝင် မိန်းခလုပ်ကို ချပစ်လိုက်တယ်။

ညီပုက သတိမရတော့ဘူး။ ဆိုင်ကြမ်းပြင်မှာ ခွေခေါက်လဲနေပြီ။

နီးစပ်ရာ ဆေးခန်းပို့ပေးပေမယ့်၊ ညီပု အသက်မရှိတော့ဘူး။

ကိုအောင်ကြီးလည်း ပြန်ရောက်ပြီ။

ညီပု မိဘတွေလည်း ရောက်ကြပြီ။

ငိုကြယိုကြ အပြစ်ပြောကြပေါ့။ကိုအောင်ကြီးခမျာ မျက်နှာငယ်လေးနဲ့။

ရဲစခန်းကလည်း ဆိုင်ရှင်ကိုအောင်ကြီးကိုပဲ ခေါ်သွားကြတယ်။

ဒါပေမယ့် အမှုတော့ မဖြစ်လိုက်ပါဘူး။

Cctv က မှတ်တမ်းကို ပြလိုက်တယ်။

ကိုအောင်ကြီးက ညီပုမိဘတွေဆီ အကျိုးအကြောင်း ရှင်းပြတောင်းပန်ရှာ၏။

ညီပု မိဘတွေကလည်း ဆင်းသာ ဆင်းရဲတာ သဘောထားပြည့်ဝကြတယ်။

သူ့သား အမှားဆိုတာလည်း အတူတူ

ဆော့တဲ့ ကလေးတွေက ပြောပြထားတော့ အမှုမလုပ်တော့ပါဘူး။

ကိုအောင်ကြီး သူ့ဂိမ်းဆိုင်လေးကို

ဆယ်ရက်လောက် ပိတ်ထားလိုက်၏။

သံဃာတော်များပင့်ပြီး အန္တရာယ်ကင်း ပရိတ်တွေ ရွတ်၏။

ဓာတ်ကြိုးတွေ အသစ်လဲ၊ မလိုတာတွေ ရှင်းထုတ်၊ ဆိုင်ကိုလည်း ဆေးအသစ်ပြန်သုတ်တယ်။

ဆိုင်အသစ်ဖွင့်ပွဲ ပြန်လုပ်တယ်။ မုန့်

ဟင်းခါး ကျွေး၏။

ဖွင့်ပွဲရက် တစ်ရက်လုံး ဂိမ်းလာနှိပ်သူမှန်သမျှကို အလကား နှိပ်ခွင့်ပေးထား၏။

ဒါပေမယ့် ပလပ်စတစ်လောင်းထားတဲ့ စက္ကူပေါ်မှာ ကြေငြာချက် တစ်ခု

ထုတ်ပြန်ပြီး ဆိုင်ထဲက နံရံမှာ ကပ်ထားတယ်။

တစ်နေရာတည်း မဟုတ်ဘူး။ သုံး လေး နေရာလောက် ပတ်လည် ကပ်ထားတာ။

ဆိုင်ထဲ ဝင်လာတဲ့ ကလေးမှန်သမျှ

ဆိုင်းဘုတ်ကို ဖတ်ပြီး ပြုံးကြတယ်။

" ဘေးချက် မဝင်ရ" တဲ့

............................

၂။

ဂိမ်းဆိုင်လေး ဖွင့်စ ၃ရက်လောက်မှာ

ဘာ ပြသနာမှ မရှိသေးဘူး။

လူတော့ အရင်လောက် မစည်တော့ဘူး။

ဒါပေမယ့် လူသန့်သွားတယ် ပြောရမယ်။ ကလေးတွေ မလာပဲ၊ လူပျိုပေါက်

အရွယ်တွေပဲ လာနှိပ်ကြ၏။

အချို့ကလေးတွေက လူသေထားတယ်ဆိုတော့ ကြောက်ကြတယ်လေ။

မိဘတွေက မလွှတ်တာလည်း ပါမှာပေါ့။

ဒါပေမယ့် စက်ကောင်းတာနဲ့ အဲကွန်းပါတာကြောင့် ကိုအောင်ကြီးရဲ့ ဂိမ်းဆိုင်က စက်ပြည့်လူပြည့်ပါပဲ။

ကျောင်းဖွင့်ပြီ။ နွေကျောင်းပိတ်ရက်

ကုန်ပြီဆိုရင်တော့ နေ့ခင်းဘက် လူကျဲ

သွားပြီ။

ကျောင်းဆင်းချိန်ဆို ပြန်ပြီး စည်ကားလာရော။

တစ်ရက် လူကျဲပါးနေချိန်၊ နေ့လယ်

ဘက်မှာ ထူးဆန်းတာလေးတွေ စတင်လာတယ်။

မှတ်မှတ်ရရ ဂိမ်းဆိုင် ပြန်ဖွင့်ပြီး ၁၂ရက်လောက် အကြာ၊ နေ့လယ်ဘက်။

ဂိမ်းဆိုင်ထဲမှာ ဂိမ်းကစားနေသူ လူငယ်တစ်ဦးရယ်၊ ဆိုင်ရှင်ကိုအောင်ကြီးရယ် နှစ်ယောက်တည်း ရှိနေချိန်။

ကိုအောင်ကြီးက Desktop တစ်လုံးကို တစစီ ဖြုတ်ဆေးနေ၏။

လူငယ်တစ်ဦးကတော့ စက်တစ်လုံးမှာ ဂိမ်းကစားနေသည်။

အဲ့ဒီအချိန် ဖျတ်ကနဲ မီးပျက်သွား၏။

မီးပျက်ပေမယ့် စက်တွေက run နေတုန်းပါပဲ။

ဘက်ထရီနဲ့ ယူပီအက်စ်နဲ့ ဆိုတော့

ဂိမ်းကစား မပျက်ဘူး။

အဲကွန်းကတော့ မလာတော့ဘူး။

တဖြေးဖြေး အိုက်စပ်စပ် ဖြစ်လာ၏။

အဲ့ဒီအချိန် ပိတ်ထားတဲ့ မော်နီတာတစ်လုံးက သူ့အလိုလို ပါဝါပွင့်လာတယ်။

ကိုအောင်ကြီးက ဘက်ထရီစားမှာစိုးလို့ ထပိတ်လိုက်ပြီး သူ့အလုပ် သူဆက်လုပ်နေလိုက်၏။

ကိုအောင်ကြီး စိတ်ထဲမှာ နည်းနည်း

တော့ စနိုးစနှောက် ဖြစ်သွား၏။

ဘာလို့လဲဆိုတော့ ပါဝါပွင့်လာတဲ့

မော်နီတာက သေသွားတဲ့ ညီပု နောက်

ဆုံး ကစားသွားတဲ့စက်လေ။

ဒါပေမယ့် စက်တွေက နည်းနည်း

ကျနေပြီဆိုတော့ ဒီလို ထကြောင်တတ်

တာပါပဲလို့ ကိုအောင်ကြီး ဖြေသိမ့်လိုက်၏။

ကိုအောင်ကြီး မှ ထိုင်ကာ ရှိသေးတယ်။ ခုနက မော်နီတာ ပါဝါပြန်ပွင့်ကာ

လင်းလာပြန်၏။

ဂိမ်းနှိပ်နေတဲ့ ကောင်လေးတောင်

ယောင်ပြီ မတ်တတ်ထရပ်မိလေ၏။

ကိုအောင်ကြီး နည်းနည်းတော့ လန့်သွားတာပေါ့။

သူ အသေအချာ ပါဝါခလုပ်ကို ပိတ်ထားခဲ့သည်လေ။

ဒီလို ဖြစ်စရာ အကြောင်းမရှိဘူးမဟုတ်လား။

ကိုအောင်ကြီး ထိုစက်ရှေ့ မတ်တတ်ရပ်ကာ ပါဝါကို ပိတ်လိုက်ပြန်သည်။

ဒီတစ်ခါ ပါဝါကို ဘယ်လိုပိတ်ပိတ်၊

မော်နီတာ စခရင်က လင်းနေ၏။

ကိုအောင်ကြီး ခေါင်းကုတ်လိုက်၏။

ဘာကြောင်တာပါလိမ့်ဟုလည်း တွေးမိသည်။

ဒါနဲ့ အဲဒီစက်က မီးပလပ်ကြိုးကို

ဗျပ်ကနဲ ဆွဲဖြုတ်လိုက်သည်။

အဲဒါဆို မီးဖြတ်ပြီးသား ဖြစ်ပြီလေ။

မော်နီတာ တီဗွီက လင်းစရာ အကြောင်း မရှိတော့။

" ရှဲ .........."

မော်နီတာက ပိတ်သွားပေမယ့် ရှဲဆိုတဲ့ အသံရှည်ကြီး ထူးဆန်းစွာ မြည်သွားသည်။

ကိုအောင်ကြီး ကြောက်လန့်ကာ နောက်ကို ခုန်ဆုတ်လိုက်သည်။

ဂိမ်းနှိပ်နေတဲ့ ကောင်လေးကလည်း

ကိုအောင်ကြီးကို ကြည့်နေတာဆိုတော့

ကိုအောင်ကြီးရဲ့အမူအရာကို ကြည့်ပြီး

သူလည်း ဂိမ်းစက်ရှေ့က ထ၍ နောက်ဆုတ်နေလိုက်သည်။

စပါပြီ။ ထူးဆန်းမှုတွေ။ ဂိမ်းဆိုင်ထဲ

ရှိသမျှ တီဗွီ မော်နီတာတွေ အကုန်ပွင့်

လာ၏။

ကိုအောင်ကြီးအနီးကို ကောင်လေးက

ကြောက်လန့်စွာ တိုးကပ်လာ၏။

တီဗွီမော်နီတာတွေက ဖွင့်လိုက် ပိတ်လိုက် လှုပ်ခတ် ကစားနေသည်။

လြှပျစဈမီးက မလာသေး။ ဘကျထရီက ဝပျ မနိုငျ၍ အငျဗာတာက တဂြီဂြီ

အော်မြည်လာသည်။

၃မိနစ်လောက် ကြာမြင့်မည်ထင်သည်။ တီဗွီအားလုံး ပိတ်သွားသည်။

" ကို...ကို ..ကို အောင်..ကြီး ဟို မှာ "

ဂိမ်းလာကစားတဲ့ကောင်လေးက မျက်လုံးကြီး ပြူးပြီး လက်ညှိုးထိုးပြ၏။

ကိုအောင်ကြီး ကောင်လေး လက်ညှိုး

ညွှန်ပြရာကို ကြည့်လိုက်သည်။

ဟင်!

အံသြထိတ်လန့်စရာ။ ခုနက ကိုအောင်ကြီး ဖြုတ်လိုက်တဲ့ မီးပလပ်ကြိုးက

သူ့အလိုလို တရွေ့ရွေ့ ဖြင့် ပလပ်ခွက်

ဆီကို ဖြေးညှင်းစွာ သွားနေ၏။

ဂွပ် ...

ပလပ်က ပလပ်ပေါက်ထဲကို ဂွပ်ကနဲ

တပ်မိသွားလေပြီ။

တီဗွီ မော်နီတာတင်မဟုတ်၊ ဒီတစ်ခါ

CPUစစ်စတမ်ပုံးက ပါဝါပါ ပွင့်သွားလေပြီ။ သူ့အလိုလို ပွင့်ခြင်းသာ။

မော်နီတာပေါ် Window တက်လာပြီ။

ကီးဘုတ်ပေါ်က ခလုပ်အချို့ လူမရှိပဲ

အောက်သို့ နိမ့်ဝင်သွားသည်။

Dotta 2 ကစားရန် လူရွေးနေခြင်းသာ။ သေသွားတဲ့ ညီပု အကြိုက်တွေ။

ပြီးတော့ ထိုမော်နီတာပေါ်၌

အရုပ်ကလေးတွေ လူကထိမ်းချုပ် ကစားနေသကဲ့သို့ လှုပ်ရှားနေတော့သည်။

ကစားဟန်က ညီပု၏ ကစားဟန်။

ကိုအောင်ကြီး သိနေပါ၏။

သေချာပြီ။ ဒါ ညီပု မကျွတ်ပဲ ခြောက်နေခြင်းသာ။ ညီပုက သရဲဖြစ်နေပြီပေါ့။

ကိုအောင်ကြီးရဲ့ပါးစပ်က ခပ်တိုးတိုးလေး အသံထွက်သွားသည်။

" ညီ.. ပု ...."

" ဗျာ...."

ညီပုက ထူးခြင်းမဟုတ်ပါ။

ဘေးနားက ကြောက်နေတဲ့ ကောင်လေးက ဗျာ ကနဲ ဖြစ်သွား၏။

ကောင်လေး စီးထားသော သူ့ဖိနပ်ကို

ချွတ်၍ ကောက်ယူလိုက်ပြီး...

" ကျ ကျ ကျွန်တော်တော့ ပြေး ပြီ အစ်ကို..."

အတူ ရှိနေသော ကောင်လေးကတော့ ဆိုင်အပြင်သို့ ဝရုန်းသုန်းကား

ပြေးထွက်သွားလေပြီ။

ကိုအောင်ကြီးရဲ့မျက်လုံးက ဘက်ထရီအိုးဆီ ရောက်သွားသည်။

ကိုအောင်ကြီး ဘက်ထရီအိုး ရှိရာသို့ ပြေးသွားပြီး၊ ဘက်ထရီခေါင်းတစ်ခုကို ပလာယာဖြင့် တုန်တုန်ရင်ရင် ဖြုတ်ပစ်လိုက်သည်။

ဘက်ထရီခေါင်း ပြုတ်သွား၏။

ထိုအခါမှ တီဗွီတွေအားလုံး ပိတ်

သွားကြလေတော့သည်။

သို့ပေမယ့် ညီပုသရဲက မပြန်သေးပါ။

စားပွဲပေါ်က ကီးဘုတ်ကို တဗျန်းဗျန်း

မြည်အောင် ပုတ်ခတ်နေပြန်သည်။

ဗျန်း...ဗျန်း...

ညီပုရဲ့ဝိဉာဉ် ဒေါသထွက်နေသည်ထင်ပါရဲ့။

တခဏနေတော့ ငြိမ်သွားပြန်၏။

သို့ပေမယ့် ဆိုင်ထဲက ထိုင်ခုံတွေ လှုပ်

ခတ်ကုန်ပြန်၏။

ကိုအောင်ကြီး ဆိုင်ထဲက ထိုင်ခုံတွေ လူတစ်ယောက် တိုးတိုက်သွားသလို လှုပ်ခတ်ပြီး ရွဲ့စောင်းကုန်သည်။

ပြီးနောက်မှာတော့...

" ဗြုတ် ဗြုတ် ဗြုတ်..."

ကိုအောင်ကြီး ပါးစပ်ဟောင်းလောင်း

ဖြင့် ငေးကြောင်သွားသည်။

သူ့အကြည့်က နံရံမှာ ကပ်ထားသော

စည်းကမ်းကြေငြာ စာရွက်တွေအပေါ်

ရောက်သွား၏။

နံရံမှာ စတပ်ပလာနဲ့ ရိုက်ကပ်ထားတဲ့ ကြေငြာစာရွက်တွေ ပြုတ်ထွက်ကာ

လေထဲ လွင့်ပျံကုန်သည်။

" ဘေးချက် မဝင်ရ "ဟူသော

ကြေငြာစာရွက်လေးတွေ ဖြစ်ပါ၏။

စာရွက်တွေက ကိုအောင်ကြီး၏ မျက်နှာအနီး ဝဲပျံလာသည့်အခါ ...

ကိုင်ထားသည့် ပလာယာကို ပစ်ချ၍

ကိုအောင်ကြီး ဆိုင်အပြင်သို့ ထွက်ပြေးလေတော့သည်။

တအောင့်ခန့်အကြာ ဆိုင်ကလေးသည် တိတ်ဆိပ်ငြိမ်သက်သွားပြန်သည်။

ပလပ်စတစ်လောင်းထားသော စာရွက်လေးတွေကတော့ ဆိုင်အပြင်မှာ

ကျဲပြန့်လို့နေပါသည်။

အမှတ်တမဲ့ ဖတ်ကြည့်လိုက်ပါ။

" ဘေးချက် မဝင်ရ "ဟူသော သတိပေးစာတမ်းလေးကို တွေ့ရပါလိမ့်မည်။

ညီပုသည် ဘေးချက် ဖြစ်ပါ၏။

( ပြီးပါပြီ )

#PePe

ပီပီ(မန္တလေး)

#lotaya_shortstory

အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..