သိင်္ဂါရကြေးမုံ အပိုင်း ( ၂ )
lotaya.mpt.com.mm
|
2020-08-11

" ထွန်းတင်မိုး အတွက် ဒီလောကဘုံနဲ့သက်ဆိုင်တဲ့
အပြစ် ငါးမျိုးရှိတယ်လို့ ေတွ့ရပါတယ်... "


မင်းကြီးဘေး၌ရပ်နေသူက စာအုပ်ကြီးတစ်အုပ်ကို
ကိုင်ကာ ပြောနေသည်။

" ပထမစီရင်ချက်ကိုဖတ်"


" မှန်လှပါမင်းကြီး ... ပထမဆုံးစီရင်ချက်ဟာ ညာ
ဖက်အစွန်မှာထိုင်နေတဲ့ အနောက်နန်းဆောင်မိဖုရား
ရှင်မွန်နန်း လူ့ဘဝတုန်းကနဲ့သက်ဆိုင်ပါတယ်... "


ဦးထွန်းတင်မိုးသည် တအံ့တဩနားထောင်မိနေ
သည်။ ယခင်အတိတ်ဘဝကပြုလုပ်ခဲ့သောမကောင်း
မှုတခုခုများလားဟု တွေးကြည့်နေ၏။


" ရှင်မွန်နန်းဟာ သက္ကရာဇ် ၆၃၂ ခုက ရေစက်ချပြီး
လှူခဲ့တဲ့ ပတ္တမြားဆံထိုးတော်ကြီးကို ထွန်းတင်မိုးက
ကိုယ့်အကျိုးအတွက်အသုံးပြုခဲ့ပါတယ် ... မင်းကြီး
စီရင်ပေးတော်မူပါဘုရား "


ဦးထွန်းတင်မိုးသည် မျက်လုံးများပင်ပြာသွားခဲ့သည်။
မိဖုရားဆံထိုးတော်ဟုဆိုသဖြင့်အသည်းအသန်စဉ်း
စားကြည့်မိသည်။ ထိုအခါခပ်ရေးရေးပြန်မြင်ယောင်
လာလေ၏။ လွန်ခဲ့သော ဆယ်နှစ်ခန့်က ပတ္တမြားစီ
ခြယ်ထားသော ရှေးဆံထိုးတစ်ခုကို ထိုင်းသူဌေးထံ
သို့ သိန်း ( ၄၀၀ ) ဖြင့်ရောင်းချခဲ့ဖူးသည်။


ထိုပစ္စည်းကို ရေစက်ချထားသောပစ္စည်းမှန်းလည်း
မသိရှိခဲ့ပေ။ နယ်တစ်ခုတွင် ရေတွင်းတူးရာမှ ရှေး
ဟောင်းပစ္စည်းများတူးဖော်ရသည်ဟူသောသတင်း
ကြောင့် အားချင်းသွားပြီး ကြည့်ခဲ့သည်။ ကျန်ပစ္စည်း
များမှာ အလွန်အမင်းမက်လောက်စရာဟူ၍မတွေ့ဘဲ
ထိုဆံထိုးတစ်ခုသာ မျက်စိကျခဲ့မိသည်။


တူးဖော်ရရှိသူများက နိုင်ငံတော်သို့အပ်နှံပါမည်ဟု
ပြောသည့်ကြားမှ မသမာသောနည်းဖြင့်မက်လုံးပေး
ကာထိုဆံထိုးတစ်ခုကိုလက်စဖျောက်ထားခဲဖူးသည်။
ထိုကိစ္စကြောင့် အပြစ်ပေးခံရပြီး ယခုဘုံတွင်နေရမည်ကိုတွေးကြောက်မိနေချေပြီ။

" မောင်မင်း ထွန်းတင်စိုး ... "


မင်းကြီး၏ခေါ်သံက ဦးထွန်းတင်စိုးအတွက်မသာယာနိုင်ခဲ့ပေ။ မည်သို့လုပ်ရမည်ကိုလည်းရုတ်တရက်
တွေးမရ။

" ဟုတ် ... ဟုတ်ကဲ့ခင်ဗျ "


" ရေစက်ချထားတဲ့ဆံထိုးတော်ကို ကိုယ်ကျိုးအ
တွက်သုံးခဲ့တာမှန်သလား "


မင်းကြီး၏ ' မှန်သလား ' ဟူသောစကားသံသည်
အလွန်ပင် အေးစက်စက်နိုင်နေပြီး ချောက်ချားဖွယ်
ကောင်းနေသည်။


" မဟုတ်ပါဘူးမင်းကြီး ... ကျွန်တော်အဲ့ဒီဆံထိုးကို
တစ်ခါမှမမြင်ဖူးပါဘူး "


ဦးထွန်းတင်မိုး၏စကားဆုံးသည်နှင့် ' ဂျိမ်းခနဲ ' အသံ
ကျယ်ကြီးတစ်ချက်ကြားလိုက်ရသည်။ အားလုံးလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေ
ကွ၏။


" ဒီမှာ တရားစီရင်တဲ့အခါ လိမ်ညာပြီးမထွက်ဆိုရ
ဘူး... မောင်မင်း ... ဒီဘုံရောက်ရင် မုသားစကားလုံး
ဝမပြောရဘူး ... ပြောမိရင် ဒီဘုံဘဝကနေ မကျွတ်
လွတ်နိုင်ဘဲ နှစ်သက်တမ်းကထပ်တိုးသွားတယ် "


" ဗျာ.... ကျွန်တော်ကဘာလို့ဒီမှာနေရမှာလဲ ... သေ
သွားတာမှမဟုတ်တာ... မှန်ကနေဒီကိုရောက်လာ
တာပဲဗျ ... အံ့ဖွယ်လောကဆိုလို့ ခဏလာစူးစမ်းရုံ
ပါဗျာ ... ကျွန်တော့်ကိုပြန်ပို့ပေးကြပါ ... တောင်းပန်
ပါတယ်မင်းကြီး "


" မောင်မင်းပြန်လို့ရပါတယ်... ဒါပေမယ့် ခုနကဘာ
လို့မုသားသုံးသလဲ ... မောင်မင်းလိမ်ညာပြီးပြောဆို
တဲ့အတွက် သိင်္ဂါရကြေးမုံတံခါးကြီး ပိတ်သွားပြီ
မောင်မင်း "


" ဘယ် .. ဘယ်... ဘယ်...လို ... ကျွန်တော်ပြန်ရမှာ
ဗျ ... အခုပဲပြန်မယ် ... ''

'' မောင်မင်းပြန်လို့မရတော့ဘူး "


" မ... မဟုတ်ပါဘူးခင်ဗျာ... ကျွန်တော်ဘာမှမသိပါ
ဘူး ... ဒီဆံထိုးက ရေစက်ချထားမှန်းလည်းမသိဘူး..
ဒါမိဖုရားရဲ့အမှားပဲ... သူကကဗ္ဗည်းကျောက်စာတွေ
ရေးခဲ့သင့်တယ်မလားဗျ ... မသိလို့လုပ်မိတာအတွက်
ကျွန်တော်ကဘာလို့အပြစ်ပေးခံရမှာလဲ... အခုအမှန်
အတိုင်းပြောတာပါ ... တံခါးပြန်ဖွင့်ပေးကြပါဗျာ  "

ဦးထွန်းတင်မိုးမှာ အကြောက်လွန်နေချေပြီ။


" ဒီဆံထိုးတော်ဟာနောင်ပွင့်တော်မူမယ့် အရိမေတ္တယျ
မြတ်စွာဘုရားအတွက်ရည်မှန်းလှူဒါန်းထားတာဖြစ်ပြီးတော့ ရေစက်ချထားပြီးသားလည်းဖြစ်တဲ့အတွက် မောင်မင်းကအပြစ်ထိုက်နေပြီ... အမှန်ကိုဝန်မခံဘဲ
မုသားဖြေဆိုတယ်...မောင်မင်းရဲ့အပြစ်ကို ဝန်ခံတာ
လည်းနောက်ကျသွားပြီ ... တစ်ခုတော့ရှိတာပေါ့ ...
သက်တမ်းစေ့လို့ဒီဘုံကိုရောက်လာတာမဟုတ်လေ
တော့ ...သိင်္ဂါရကြေးမုံကနေ မောင်မင်းလိုတစုံတ
ယောက် ဝင်လာတဲ့အခါ သူကမုသားမသုံးဘဲ မှန်ရာ
ကိုသာ ပြောဆိုမယ်ဆို သူ့ဆီခွင့်တောင်းပြီး လိုက်ပြန်
လို့ရနိုင်တယ် ... ဒါပေမယ့် မောင်မင်းပြန်ရောက်တဲ့
အခါ မောင်မင်းရဲ့ ခန္ဓာက တည်ချင်မှတည်နေတော့
မယ် ... ခန္ဓာကိုယ်မရှိတော့ရင်တော့ ဒီကိုပဲပြန်လာရ
မှာပဲ ... "


" ဒါ... ဒါက ဘယ်လိုလွယ်မလဲဗျာ ... ခန္ဓာကိုယ်က
နှစ်ရက်... သုံးရက်ဆိုစပုပ်ပြီမလားဗျ ... ဒီအချိန်လေး
နဲ့ ဘယ်လိုဖြစ်နိုင်ပါတော့မလဲဗျာ ... အရှင်မင်းကြီး ကယ်ပါဦးဗျ... တောင်းပန်ပါတယ် ... ကယ်ပါဦး "


" လူ့ပြည် ၃ ရက်က ဒီဘုံမှာ ခဏလေးပဲမောင်မင်း...
မောင်မင်းအခုရောက်နေတာတောင် ၁ရက်ရှိနေပြီ "

" ဗျာ "


ဦးထွန်းတင်မိုးမှာ ရင်တစ်ခုလုံးမွန်းကြပ်ကြပ်ဖြစ်ပေါ်
လာပြီး အလွန်တရာမှ စိတ်ပူလာတော့သည်။


" ဒုက္ခပါပဲဗျာ... မှန်တံခါးပိတ်တယ်ဆိုတာ ဘယ်လို
သေချာမှာလဲ... ကျွန်တော်သေချာအောင်ကြည့်ပါရ
စေ  "


" ဟေ့... ခုနက ' ဂျိမ်းခနဲ ' အသံမကြားဘူးလား ...
အဲ့ဒါတံခါးပိတ်သံပဲ ... ဒီဘုံမှာဘယ်သူမှ မုသားမပြော
ဘူး "


ဦးထွန်းတင်မိုးအား လာခေါ်ကြသော လူနှစ်ယောက်
ထဲမှ တစ်ယောက်က မနေနိုင်သဖြင့် ဘေးမှလှမ်းပြော
နေသည်။


" မောင်မင်းသာ သေကံမရောက်သေးရင်တော့ အ
ကြောင်းတခုခုတိုက်ဆိုင်ပြီး ခန္ဓာကတည်နေပါလိမ့်
မယ်... ဒါကလည်းဖြစ်နိုင်ချေတော့သိပ်မရှိလှဘူး...
မောင်မင်းရဲ့ ကံတရားအတိုင်းပဲပေါ့ ... ကဲ ...နောက်တစ်မှု "


" အခုအမှုကတော့ သူဌေးကြီးဦးသာတလူ ဘဝက
ဆောက်လုပ်လှူဒါန်းခဲ့တဲ့ ဇရပ်ကြီးကိစ္စပဲဖြစ်ပါတယ်"


သူဌေးကြီးဦးသာတလူဟုညွှန်ပြလိုက်ရာသို့ဦးထွန်း
တင်မိုးလှည့်ကြည့်လိုက်သည်။ အလွန်ဆုံးရှိလှ အ
သက် ၃၅ နှစ်အရွယ်ခန့်သာရှိပုံရသော လူလတ်ပိုင်း
တစ်ယောက်ပင်။

" အဲ့ဒီဇရပ်ကို ထွန်းတင်မိုးကဖြိုချခဲ့ပါတယ်မင်းကြီး"


၎င်းတို့ပြောဆိုနေသည်များကို ငေးကြည့်ရင်း မိမိလုပ်
ခဲ့မိသည့်ကိစ္စများအားတရေးရေးမြင်ယောင်လာသည်။ ဇရပ်ပျက်ကြီးကိုဖြိုဖျက်ချကာ လူနေတိုက်
ခန်းများဆောက်ပြီး ရောင်းချခဲ့မိသည်။ မိမိကိုယ်မိမိ
မည်သည့်ကိစ္စများဖြစ်နေရသနည်းကို နားလည်းသလိုလိုနှင့် နားမလည်လာတော့ချေ။ သေချာသည်
မှာ ရှေးမှန်ကြီးအား စမ်းသပ်ခဲ့မိခြင်းအတွက်နောင်တ
ရမိသလိုလိုဖြစ်လာလေတော့သည်။


ဆုလာဘ်မျိုးသည် မနက်တိုင်းတွေ့မြင်နေကြဖခင်
ဖြစ်သူအား ယနေ့မနက်မတွေ့မိ၍ စိတ်ထဲထင့်ကနဲ
ဖြစ်သွားမိသည်။ သို့သော်အလုပ်နောက်ကျနေပြီဖြစ်
သဖြင့် အလုပ်ထဲသို့သာထွက်လာခဲ့လိုက်သည်။ နေ့
လည်အလုပ်အားချိန် အိမ်သို့ဖုန်းခေါ်ကြည့်သည့်အခါ
ကိုလှဆောင်ကဖုန်းလာကိုင်လေသည်။

" မမလေး ..ဆရာကခုထိအခန်းထဲကထွက်မလာလို့"

" ဟင်... တံခါးခေါက်ကြည့်ပါဦး "

" မခေါက်ရဲဘူးမမလေး ... ဆရာစိတ်ဆိုးမှာစိုးတယ်"

" နင်တို့နဲ့တော့ဒုက္ခပါပဲ ... ငါအခုပြန်လာမယ် "


ဆုလာဘ်မျိုးမှာ ရုံးခန်းမှကြိုးဖုန်းကို အမြန်ချလိုက်
ပြီး ကပျာကယာအိမ်ပြန်လာခဲ့တော့သည်။ အိမ်ရောက်သည့်အခါ ဦးထွန်းတင်မိုး၏အခန်းသို့သွား
ပြီး ခေါ်ကြည့်သော်လည်း ပြန်မထူးချေ။ အခန်းတံခါး
အား အထဲမှဂျက်ချထားလေသည်။

" တံခါးဖျက်ကြဟာ "


ဆုလာဘ်မျိုးမှာ စိတ်အလွန်ပူနေပြီး တံခါးအမြန်ဖျက်
ပြီးစေရန်သာဆန္ဒစောနေမိတော့သည်။ အခန်းတံခါး
ပွင့်သွားသည်နှင့် အခန်းတွင်းသို့အပြေးဝင်ကြည့်လိုက်သည်။ ကုတင်ပေါ်၌ တောင့်တောင့်ကြီးလဲနေ
သော ဦးထွန်းတင်မိုးအား မြင်တွေ့လိုက်သည်တွင်
အလွန်ပင်ထိတ်လန့်သွားလေတော့၏။

" ပါပါး ... ပါပါး "

ဦးထွန်းတင်မိုးမှာ မလှုပ်မယှက် ငြိမ်သက်နေသည်။

" ဆေးရုံကားခေါ်ပေး... ဘုရား ကယ်ပါဘုရား "


ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်ပြီး ပူလောင်နေတော့
သည်။ အိမ်အကူနှင့် ကိုတိုးကြီးတို့လည်း ပျာယာခတ်
စွာအလုပ်ရှုပ်သွားကြသည်။ နာရီဝက်ကျော်ခန့်ကြာ
သည့်အခါ ဆေးရုံကားရောက်လာပြီး ဦးထွန်းတင်မိုး
အားတင်ခေါ်သွားကြလေသည်။ ဆုလာဘ်မျိုးသည်
လည်းတပါတည်းလိုက်ပါသွားခဲ့သည်။


ဆေးရုံသို့ရောက်သောအခါ ဆေးရုံကားဆီသို့ အရေး
ပေါ်ဌာနမှ အကူသူနာပြုများက ခေါ်ဆောင်သွားကြ
လေသည်။

" ကျွန်မအဖေ အခြေအနေဘယ်လိုရှိလဲ ...ဒေါက်တာ"


" လူနာအခြေအနေက သေသေချာချာမပြောနိုင်သေး
ဘူး...စောင့်ကြည့်ရဦးမှာ...ဒါပေမယ့်ကျွန်တော်တို့အတတ်နိုင်ဆုံး ကုသပေးနေပါတယ် "


ဆရာဝန်ကထိုသို့သာပြောသွားသည်။ ဦးထွန်းတင်မိုး
ကတော့ သတိပြန်မရလာသေးချေ။ ဆုလာဘ်မျိုးမှာ
တော့ မည်သို့မည်ပုံဆက်လုပ်ရမည်ကို စဉ်းစား၍မရ
နိုင်ပဲစိတ်အပူကြီးပူနေလေတော့သည်။


" ပါပါးရေ .. သမီးကိုမထားခဲ့ပါနဲ့နော် ... ပါပါးမရှိရင်
သမီးဘယ်လိုနေရမှာလဲ... ဟီး အီး "


ဦးထွန်းတင်မိုး၏ဘယ်ဖက်လက်ကို ဆုပ်ကိုင်ရင်း
ငိုကျွေးလိုက်လေသည်။ သတိမေ့မျောနေသည့်ဖခင်
ဖြစ်သူကိုကြည့်လေ ပူလောင်လေဖြစ်နေရသည်။ ငုတ်
တုတ်ထိုင်နေရင်းမှ တစုံတရာကို ရုတ်တရက်သတိရ
သွားမိသည်။


" ဟိုမှန်ကြီးထဲမှာများလား ... ပါပါး... ဟုတ်တယ် ...
ဟုတ်တယ် ... အဲ့ဒါပဲနေမယ် "


ဆုလာဘ်မိုးမှာ ကမန်းကတန်းအိမ်သို့ပြေးပြန်လာသည်။ အိမ်ရောက်သည်နှင့် ဦးထွန်းတင်မိုးအိပ်ခန်းသို့
တန်းနေအောင်ဝင်သွားပြီး ရှေးမှန်ကြီး၏မျက်နှာပြင်
ပေါ် လက်ဖြင့်စမ်းသပ်ကိုင်တွယ်ကြည့်နေ၏။

" ပါပါးရေ ... ပါပါး "

မှန်ချပ်ကြီးပေါ်ပါးပြင်အပ်ပြီး အော်ခေါ်ကြည့်သည်။

" ပါပါးရေ ... ပါပါး "


အသူရကာယ်ဘုံ၏တရားစီရင်သည့် ပြဿာဒ်ကြီးထဲ
သို့ ဆုလာဘ်မျိုးအော်လိုက်သော အသံက ပဲ့တင်ထပ်
ကာဝင်လာခဲ့သည်။ ဆုလာဘ်မျိုးအသံကိုကြားလိုက်
သဖြင့် ဦးထွန်းတင်မိုးမှာ အားတက်လာသည်ကဆိုဖွယ်ရာမရှိတော့ချေ။ ဝမ်းသာအားရဖြင့် ပြန်အော်ထူး
မိလေသည်။

" သမီးလေး ... ပါပါး ဒီမှာ "


ပြန်ထူးရင်း ပြဿာဒ်ကြီးထဲမှ အပြင်သို့ပြေးထွက်ဟန်
ပြင်စဉ် ဦးထွန်းတင်မိုးအား လာရောက်ခေါ်ဆောင်ခဲ့
သည့် လူနှစ်ယောက်က တားဆီးလိုက်သည်။

" အပြင်ထွက်လို့ မရဘူး ... အမှုစီရင်လို့မပြီးသေးဘူး ... ထွန်းတင်မိုး "


" ကျွန်တော့်ကို ပြန်ဖို့ လာခေါ်တာ ... အဲ့ဒါကျွန်တော့်
သမီးဗျ "


" မောင်မင်းသမီးကိုယ်တိုင် ဒီထဲဝင်လာပြီးလာခေါ်မှ
သာ လိုက်ပြန်လို့ရတာကွဲ့ "


" သူလာခေါ်မှာပါ ... ကျွန်တော့်သမီး လာခေါ်မှာ ...
ကျွန်တော့်ကိုပစ်ထားမှာမဟုတ်ဘူး ... သမီးလေး ပါပါး ကဒီထဲမှာသမီးရဲ့ ... "


ဆုလာဘ်မျိုးသည် မှန်ချပ်ကြီးကို နားနားကပ်ကာ နား
ထောင်ကြည့်သော်လည်း အချည်းနှီးသာ။ မှန်ချပ်ကို
ကြည့်သော်လည်း သူမပုံရိပ်မှလွဲ၍ မည်သည်မှမပေါ်
နေပေ။


" မဟုတ်သေးဘူး ... ပါပါးပြောတာ အံ့ဖွယ်လောက
ကိုကြည့်ချင်တယ်ပြောတယ် .. ညဖက်အိပ်မှဒီမှန်ကြီး
ထဲဝင်လို့ရမှာ ... ပုရပိုက်လိုတယ် ... ပါပါးဘယ်မှာ
သိမျးထားလဲမသိဘူး "


ဦးထွန်းတင်မိုး၏ ဗီဒိုထဲအနှံ့ရှာကြည့်လိုက်သောအခါ
ပုရပိုက်အားတွေ့ရလေတော့သည်။

" ဟုတ်မဟုတ် ... စမ်းသပ်ရမှာပဲ "


ဆုလာဘ်မျိုးသည် ပုရပိုက်ကို ဖွင့်ကြည့်လိုက်သည်။
စာလုံးများက သူမနားမလည်သောစာလုံးများဖြစ်နေ
၍ စိတ်ရှုပ်သွားလေသည်။ ထို့နောက် အခန်းထောင့်
ရှိ တယ်လီဖုန်းတွင် နံပါတ်တစ်ခုကို နှိပ်လိုက်ပြီးခေါ်
ဆိုလိုကျ၏။

" ကိုကို ... ဆုလာဘ်ဆီလာမှဖြစ်မယ် ..."

" ဆုလာဘ်လေး... ဘာတွေဖြစ်လို့လဲ "


" ပါပါး ဆေးရုံတင်ထားရတယ်ကိုကို ... ခုထိသတိပြန်
မရလာသေးဘူး ... "

" ဟင် ... ဘယ်တုန်းကဖြစ်တာလဲ "

" ဒီမနက်ဖြစ်တာကိုကို ... "


" ဖြစ်ရလေဆုလာဘ်ရယ် ... ဒီညပဲထွက်လာခဲ့မယ်...
ကိုကိုလာခဲ့မယ်... အားမငယ်နဲ့နော် ... ကိုကိုရှိတယ်"

" ဟုတ်ကဲ့ ... ကိုကို "

ပြောသင့်မပြောသင့်ချိတုံချတုံဖြင့်ဖုန်းချမည်ပြုပြီးမှ မချဖြစ်ဘဲ ပြောပြလိုက်သည်။


" ကိုကို ... ဟိုလေ ... ဆုလာဘ်ထင်တာ ပါပါးက မှန်
ထဲရောက်နေတာများလားလို့ "

" ဘယ်လို ... ဘာကြီး "

" ဒီလိုကိုကိုရဲ့ ..."


ဆုလာဘ်မျိုးမှာ ထိန်ချန်မထားတော့ဘဲအလုံးစုံကို
ရှင်းပြလိုက်၏။ ယနေ့ညတွင် သူမကိုယ်တိုင်စမ်းသပ်
ကြည့်မည့်အကြောင်းတော့ လ်ျှု့ဝှက်ထားခဲ့သည်။ ထို
အရာအား ပြောပြ၍မဖြစ်ချေ။ ချစ်သူဖြစ်သူ မင်းသန့်
အောင် က မရ ရအောင်တားဆီးပေမည်။ ခွင့်ပြုလိမ့်
မည်မဟုတ်။


" ဆုလာဘ်လေး ... ကိုကိုပြောတာသေချာနားထောင်
... ဒါတွေကို မယုံပါနဲ့ ... ဒီလိုအဖြစ်မျိုးဆိုတာ ဝတ္ထု
ဇာတ်လမ်းတွေ... ရုပ်ရှင်တွေမှာပဲရှိတာ... မဟုတ်တာ
တွေလျှောက်မတွေးနဲ့ ... နော် ... စိတ်အေးအေးထား
ပါဆုလာဘ်ရာ ... အန်ကယ်လ်လည်း နေပြန်ကောင်း
လာမှာပါ ... ဟုတ်လား "


စိတ်နယ်လွန်အရာများအား အယုံအကြည်မရှိတတ်
သည့် မင်းသန့်အောင်ကို ထပ်မံပြောမနေတော့ပဲ၊ အေး
ရာအေးကြောင်းသာနေလိုက်လေတော့သည်။


လူခြေတိတ်သည့်အချိန်တွင် ဆုလာဘ်မျိုးတစ်
ယောက်တည်း ပုရပိုက်ကို ကိုင်ကာ မှန်ရှေ့ရပ်နေသည်။ ဦးထွန်းတင်မိုးထံ ကိုလှဆောင်ကို အစောင့်
ခိုင်းထားသဖြင့်လည်း စိတ်နည်းနည်း ချမိနေ၏။
သူမယုံကြည်နေသည်က ဖခင်ဖြစ်သူဝိဉာဉ်သည် ထို
မှန်ကြီး၏ အခြားကမ္ဘာတစ်ခုတွင် ရှိလိမ့်မည်ဟု မှတ်
ယူမိသောကြောင့် ယခုည စွန့်စားကြည့်ရန် ဆုံးဖြတ်
ထားလေသည်။


" ပါပါးရေ ... သမီး ပါပါးဆီလိုက်လာတော့မှာ ...
ပါပါးဘာတွေကြုံနေရလဲ မသိပေမယ့် ... သမီးရောက်
အောင်လာမယ် "


မှန်ကြီးရှေ့ တကိုယ်တည်းပြောဆိုရင်း ကုတင်ဖက်
သို့လျှောက်လှမ်းလာခဲ့၏။ ပုရပိုက်အား ခေါင်းရင်း
ဘေး၌ ချထားလိုက်သည်။ ထို့နောက် စာတစ်စောင်
ကိုလည်းရေးပြီးထားထားသည်။ အကယ်၍ သူမ
သည်လည်း ဖခင်ကဲ့သို့ ဖြစ်သွားခဲ့လျှင် မင်းသန့်
အောင် သိစေရန် ရည်ရွယ်ပြီး ထားခဲ့ခြင်းဖြစ်လေသည်။


မှန်ချပ်ကြီး၏ တည့်တည့်နေရာတွင် သူမလဲလျောင်း
ကာ မှန်ကြီးကိုသာစိုက်ကြည့်နေမိသည်။ မှန်ထဲတွင်
သူမအိပ်နေပုံကအထင်းသားပေါ်နေခဲ့၏။ ဖြူဖပ်ဖပ်
မျက်နှာနှင့် ကိုယ့်ရုပ်သွင်ပြင်ကို ပြန်မြင်နေရခြင်းအ
တွက် အနည်းငယ်ထိတ်လန့်မိနေသလိုရှိသော်လည်း
ဖခင်စိတ်က ထိတ်လန့်ကြောက်ရွံ့မှုကို တွန်းလှန်နေ
ခဲ့လေသည်။


အချိန် တစ်နာရီခန့်ကြာလာသည့်အခါ အိပ်ပျော်ခြင်း
သို့ ရောက်သွားလေတော့သည်။ မီးခိုးငွေ့လိုလို အငွေ့
များကြောင့် သူမ အိပ်နေရာမှထထိုင်မိလိုက်သည်။
ထိုအငွေ့များက မှန်ကြီးဆီမှ ထွက်နေ၏။ ထူးဆန်း
သော အချင်းအရာကြောင့် မှန်ကြီးဆီလျှောက်လှမ်း
သွားသောအခါ မှန်ထဲမှ ဝိုးတဝါးပုံရိပ်များအား တွေ့
မြင်လာခဲ့တော့သည်။


ထိုအခါမှ သတိရမိပြီး ကုတင်ဖက်သို့လှည့်ကြည့်မိ
၏။ သူမ၏ ခန္ဓာကိုယ်မှာ ကုတင်ပေါ်၌ အိပ်စက်ရင်း
ကျန်နေသည်ကိုတွေ့မြင်လိုက်ရသည့်အခါ ရင်ထဲထိတ်ခနဲ ဖြစ်သွားသလို မျှော်လင့်ချက်ပါတပါတည်း
ဖြစ်ပေါ်လာခဲ့လေသည်။ ဖခင်ဖြစ်သူသည် ဤမှန်ချပ်
ကြီးရှိ ကမ္ဘာတဖက်၌ ရောက်ရှိနေခြင်းမှာသေချာနေ
ပြီမှန်း သိရှိလိုက်တော့သည်။


မှန်ထဲမှ မိန်းကလေးတစ်ယောက်ပေါ်လာကာ သူမ
အား ပြုံးပြနေသည်။ ထို့နောက် အထဲသို့ လာပါရန်
ဖိတ်ခေါ်နေလေသည်။ တုံ့ဆိုင်းမနေဘဲ ဝင်သွားလိုက်
တော့သည်။ ဦးထွန်းတင်မိုးသည်လည်း သူမကဲ့သို့
ကြုံတွေ့ဟန်ရသည်ဟု စဉ်းစားမိရင်း ဟိုဟိုဒီဒီစူးစမ်း
ကာ လိုက်ကြည့်နေမိ၏။ မကြာမှီတွင် ခါးတောင်ကျိုက်ထားသည့် လူနှစ်ယောက်ရောက်လာပြီး သူမ
ကို ကြေးဖိနပ်တစ်ရံချပေးလာသည်။၎င်းတို့နှင့်လိုက်ခဲ့ရန် ပြောလေသည်။


" ကျွန်မတစ်ခုသိချင်တာလေ ... ရှင်တို့စကားပြောရင်
ဘာလို့များ ပါးစပ်လှုပ်တာတခြား... စကားသံတခြား
ဖြစ်နေတာလဲ ... ပြောပြပေးလို့ရမလားရှင့် "


သူမမေးသာ့်အခါ ထိုသူနှစ်ယောက်တည်းမှ တစ်
ယောက်ကပြန်ဖြေသည်။


" ဒီနေရာကို လူပေါင်းစုံလာကြတယ် ... ဘာသာစကား
မတူကြဘူး ... ဒါပေမယ့် ဒီဘုံမှာ ဘယ်ဘာသာစကား
ပဲပြောပြော လူအားလုံးနားလည်ကြတယ် ... မိန်းက
လေးခုပြောနေတာလည်း အသံတခြား ... ပါးစပ်လှုပ်
တာတခြားပဲလေ ... ကျွန်ုပ်တို့ ဘာသာစကားကိုပဲ
ကျွန်ုပ်တို့ကြားတယ် ... "

" အလိုအလျောက် ဘာသာပြန်ပေးတယ်ပေါ့ "

" အဲ့ဒီသဘောပါပဲ "


" အင်းလေ ... ထားပါတော့ ... ကျွန်မအဖေကိုလာ
ရှာတာပါ ... သူ့ကိုေတွ့မိကြလားရှင့် "


" တရားစီရင်နေတယ်... အဲ့ဒီနေရာကို ခုသွားနေတာ
ပါ "


" ဘာလို့တရားစီရင်တာလဲ ... ကျွန်မအဖေက အပြစ်
သားမှ မဟုတ်တာ "


" သူမုသားပြောမိလို့ သိင်္ဂါရကြေးမုံတံခါးပိတ်သွား
တယ် "

" ရှင် "

" ဒါတွေပြောခွင့်မရှိဘူးလေ ... "


ဘေးမှခါးတောင်းကျိုက်ထားသောလူကြီးတစ်ယောက်က လှမ်းဟန့်လာသည်။ ထိုအခါ စကားလွန်
မိသလိုဖြစ်သွားပုံရသော ခါးတောင်းကျိုက်လူကြီးက
နှုတ်ဆိတ်သွားခဲ့လေသည်။ ၎င်းတို့ကို စူးစမ်းနေသည့်
ဆုလာဘ်မျိုးမှာ အရိပ်အခြေကို အကဲခတ်ရင်း သတိ
ကြီးစွာထားနေ၏။


" မုသားပြောလို့ သိင်္ဂါရကြေးမုံတံခါးပိတ်တာဆိုပါ
လား "


ဆုလာဘ်မျိုးသည် တွေးရင်း သိင်္ဂါရကြေးမုံတံခါး
ဆိုသည့်အတွက် မှန်ချပ်ကြီးကို မြင်ယောင်လာခဲ့
တော့သည်။


" ငါသတိထားရမယ် ... ဒီနေရာမှာစကားအပိုမပြော
တာ အကောင်းဆုံးပဲ "


တစ်ယောက်တည်းစိတ်ထဲတွေးကာ ၎င်းတို့ခေါ်
ဆောင်ရာသို့ လိုက်သွားရင်း မကြာခင် တရားစီရင်
သည့်ပြဿာဒ်ကြီးရှိရာသို့ ရောက်လာခဲ့လေသည်။

ဆက်လက်ဖော်ပြပါမည်။

သော်တာလမင်းစန္ဒာ

#lotaya_shortstory

အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..