သိုက်နန်းရှင်မလေးမြသင်းနွယ်နှင့် နဂါးသိုက်ကျိန်စာ အပိုင်း ( ၅ ) ဇာတ်သိမ်းပိုင်း
lotaya.mpt.com.mm
|
2020-09-29

ကိုတင်ထွန်းတို့အိမ်တံခါးကြီးတဖြည်းဖြည်းပွင့်လာသည့်

နည်းတူ လေပြင်းများပါတိုက်ခတ်လာခဲ့သည်။ အိမ်ရှေ့၌

စုရုံးနေကြသူများမှာ ပြင်းထန်သောလေကြောင့် မျက်လုံး

များပုတ်ခတ်ခတ်ပြုရင်း မြသင်းနွယ်ရှိရာသို့ အကြည့်

ရောက်လာကြ၏။ မြသင်းနွယ်မှာ ခါးသို့ထိလုနီးပါးဆံပင်

ကိုဖြန့်ချထားပြီး စိမ်းစိမ်းကြီးစိုက်ကြည့်နေလေသည်။

သူမနည်းတူ ခြံထောင့်တွင်ပုန်းလျှိုးနေသော မြွေနက်ကြီး

သည်လည်း သူမအားမျက်လုံးဝါကြီးဖြင့်စိုက်ကြည့်နေ

၏။ ဦးသာဇံမှာ မြသင်းနွယ်ကိုမြင်တွေ့သည်နှင့် သူ၏

တစ်လုံးတည်းသောမျက်လုံးဖြင့်စူးစမ်းသလိုပြန်ကြည့်နေသည်။ ထို့နောက် သူ၏မျက်နှာက တဖြည်းဖြည်းချင်း ပြုံးယောင်သန်းလာတော့သည်။ မြသင်းနွယ်အား ခြေဆုံးခေါင်းဆုံးကြည့်ပြီးသည်နှင့် လူစုလူဝေးကြီးဖက်သို့ လှည့်

လိုက်သည်။

" ဒီရွာမှာ မြွေမရှိတယ်ဆိုတာ ကျုပ်အခုပဲသက်သေပြ

မယ် "

ထိုကဲ့သို့ပြောပြီး မြသင်းနွယ်ဖက်သို့ပြန်လှည့်သည့်အခါ

မြသင်းနွယ်မှာထိုနေရာ၌မရှိတော့ချေ။ ဦးသာဇံလည်း

ဟိုဟိုဒီဒီလိုက်ရှာကြည့်သောအခါ မြသင်းနွယ်မှာ သူ၏

ဘေးနားတွင်ရပ်နေချေပြီ။

" ဒီငမိုက်သားအဖွဲ့ကလွဲလို့ အားလုံးအိမ်ထဲဝင်ကြ "

မြသင်းနွယ်၏အသံသည် ပတ်ဝန်းကျင်တွင်ဟိန်းထွက်

လာသည်။ ရွာခံများက မသိရှိကြသေးဘဲ မြသင်းနွယ်ကို

အိမ်ထဲဝင်နေရန်သာပြောနေကြသည်။ ထိုအခါ မြသင်းနွယ်သည် ခန္ဓာကိုယ်ပေါ် အကြေးခွံများထွက်ပေါ်လာနေရင်းမျက်လုံးနှစ်လုံးမှာ နီရဲတောက်လာတော့သည်။ ပြီး

နောက်သုမပါးစပ်ဟလိုက်တိုင်း ပြူတစ်ပြူတစ်ထွက်

လာသည့်လျှာနှစ်ခွကြီးကို ရွာခံများမှာ တအံ့တဩကြည့်ရင်း ထွက်ပြေးကြကုန်လေပြီ။

" အမှတ်မရှိတဲ့လူတွေ ... ဘုရားရှင်ကိုရည်စူးပြီးလှူဒါန်း

ထားတာကို အလကားရချင်တဲ့ ငမိုက်သားတွေ နင်တို့ကို

အခုပဲငရဲပြည်ပို့မယ် "

မြသင်းနွယ်မှာအသံဩကြီးဖြင့် ဆိုလာလေလျှင် ကြားရ

သူတိုင်း ကျောရိုးတွင်းမှစိမ့်လာသလိုမျိုးခံစားသွားရပြီး

အသည်းထဲထိတိုင်အေးစက်လာကြေတာ့သည်။ မည်သူ

မှထင်မှတ်မထားကြသည့်အချင်းအရာကြောင့် အသည်း

ခိုက်အောင်ကြောက်ရွံ့နေကြသည်။ ဦးသာဇံမှာတော့ ခက်

ထန်သောမျက်နှာဖြင့်ကြည့်ကာ နှုတ်မှဂါထာကိုမန်းမှုတ်လိုက်သည်။ ဂါထာရွတ်နေစဉ် ထွန်းညှိထားသည့်မီးတုတ်

များက နဂိုထက်သာ၍ ဟုန်းခနဲ ထတောက်သွား၏။ မြ

သင်းနွယ်သည်အာခေါင်ခြစ်သံကြီးဖြင့်ခေါင်းကို ကောင်း

ကင်ယံသို့မော့ပြီးအော်ဟစ်ပစ်သည်။

တလောကလုံး မိုးထစ်ချုံးသံများနှင့်အတူ အော်သံနက်

ကြီးဖုံးလွှမ်းသွားသကဲ့သို့ရှိလေသည်။ လူအများမှာ စူးရှ

ပြင်းထန်လှသောအသံကြောင့်နားစည်ကွဲမတတ်ခံစားလိုက်ရသဖြင့် နားနှစ်ဖက်ကိုလက်ဖြင့်ပိတ်ထားကြရသည်။ မြသင်းနွယ်၏အော်သံကို နဂါးပြည်မှဆင်းလာ

သော သုဒဘောဃမှာကြားသိနေပြီး အလွန်ပင်စိုးတထိတ်ထိတ်ဖြစ်ပေါ်လာကာ မြန်သည်ထက်ပိုမြန်အောင်လာနေ

လေပြီ။ မြသင်းနွယ်မှာ အသံရှည်ကြီးဖြင့်အော်ပြီးသည်

နှင့် သူမတစ်ကိုယ်လုံးအကြေးခွံများအကွက်အကွက်

ဖောင်းထွက်လာသလို ကျောရိုးမှ ဆူးတောင်များကဲ့သို့ပါ

ထွက်ပေါ်လာခဲ့သည်။ မျက်လုံးနှစ်လုံးမှာမူ မီးကျီခဲတမျှ

နီရဲနေ၏။

" မြွေမ ... ဒီနေ့ကနင်သေတဲ့နေပဲ "

ဦးသာဇံမှာပြောပြောဆိုဆိုနှင့် တောင်ဝှေးကြီးကိုလေပေါ်

မြှောက်ပစ်လိုက်သည်။ တောင်ဝှေးက ယိမ်းကာနွဲ့ကာဖြင့်

ကြိုးတစ်ချောင်းပမာ ပျော့ပျောင်းလာပြီး မြသင်းနွယ်ကို

ရစ်ပစ်ထားလေသည်။ မြသင်းနွယ်လည်း တရှူးရှူးမြည်

သံပေးကာ သူမ၏တစ်ကိုယ်လုံးမီးကျီခဲကဲ့သို့ပူပြင်းနီရဲ

လာတော့သည်။ ထို့နောက် တောင်ဝှေးကြီးမှာ မီးအပူဒဏ်

မခံနိုင်တော့ဘဲလောင်ကျွမ်းကုန်လေသည်။ ထိုအဖြစ်ကို

စောင့်ကြည့်နေသည့် မြွေနက်ကြီးက ဒေါသတဟုန်းဟုန်း

ထွက်နေတော့သည်။

" မြစက်ရည်ဆေးကြောင့် နဂါးအစွမ်းတွေရနေပြီပေါ့

ဇမုခီဏာ ... ဆူးတောင်တွေထွက်ပြီး မီးပါမှုတ်တတ်နေ

ပြီပဲ "

မြွေနက်ကြီးကမြသင်းနွယ်ကိုသာစူးစိုက်ကြည့်နေသဖြင့်

အနောက်တွင်ရောက်ရှိနေသော သုဒဘောဃအားမမြင်ခဲ့

ပေ။

" ကုမ်မာရ "

သုဒဘောဃသည် ကြောက်မက်ဖွယ်ရာအသံဖြင့်ခေါ်လိုက်သည်။ မြွေနက်ကြီးလည်းတစ်ချက်တွန့်သွားကာ

အမြန်လှည့်ကြည့်လာသည်။

" ငါ့သမီးတော်ကို ဒုက္ခပေးဖို့အတွက်နဲ့ ဘုရားရှင်ကိုလှူ

ဒါန်းထားတာတွေခိုးယူတဲ့သူကိုမှ ကူညီပေးဝံ့သလား "

မြွေနက်ကြီးမှာ ပြေးပေါက်ပိတ်သည့်နှယ် ရန်ပြုရန်ပါးပြင်းကြီးထောင်လာသည်။

" ငါ့အပြစ်က ဇမုခီဏာအပြစ်လောက်မကြီးဘူး သုဒ

ဘောဃ "

" သယ် ... နဂါးအစေအပါးကများ ငါလိုမိဖုရားကို နာ

မည်ခေါ်ဝံ့သေးတယ်... သင့်ကိုငါကိုယ်တိုင် အပြစ်ပေး

မယ်ဟဲ့ "

" အသင်မိဖုရားကရော အပြစ်မလုပ်ခဲ့ဘူးလား မြစက်

ရည်ဆေးကို မျိုးမစစ်တော့တဲ့ ဇမုခီဏာအတွက်ခိုးယူ

တိုက်ခဲ့တာ အပြစ်မရှိဘူးလား ... ကျွန်ုပ်ကိုအပြစ်ပေး

မယ်ဆိုရင် မိဖုရားလည်းအပြစ်အရင်ခံယူပါ ... ဒီလိုမှ

မဟုတ်ရင် နဂါးတစ်ပြည်လုံး သိသွားအောင် ဖော်ထုတ်

ပစ်မယ် "

သုဒဘောဃကဲ့သို့ မာန်မာနကြီးသည့်မိဖုရားကိုမှစိန်ခေါ်

ဝံ့လေခြင်းဟု နဂါးမကြီးကတွေးရင်း မြွေနက်ကြီးကို သူ

၏ကိုယ်လုံးဖြင့်ရစ်ပစ်ကာ မိုးပေါ်ပျံတက်လေသည်။ ရစ်

ပတ်ထားရာမှ ထိုမြွေနက်ကြီးအား ညှစ်ချလိမ်ချိုးနေ၏။

မွှနေကျကွီးလညျး မူလရုပျသှငျနဂါးနကျကွီး၏ပုံသဏ်ဍာန်

ပေါ်လာပြီး ရုန်းကန်ရင်း သုဒဘောဃအား ပြန်တိုက်ခိုက်

လေတော့သည်။ လေးအိမ်တန်းရွာလေး၏ကောင်းကင်

ယံတွင်လေများမိုးများပြင်းထန်စွာကျဆင်းနေသလို နဂါး

နှစ်ကောင်လည်းကောင်းကင်ထက်၌လုံးထွေးသတ်ပုတ်

နေချေပြီ။

ဦးသာဇံတို့နှင့် မြသင်းနွယ်မှာ ကောင်းကင်သို့မော့ကြည့်

နေသည်။ နဂါးနှစ်ကောင်၏သူတစ်ပြန်ငါတစ်ပြန်လုံးထွေး

နေသည်ကိုတွေ့မြင်သည့်အခါ မြသင်းနွယ်မှာအမျက်ပြင်းစွာထွက်နေသော်လည်း ဦးသာဇံကဝမ်းမြောက်သော

အမူအရာဖြစ်ပေါ်နေခဲ့သည်။

" ဟဲ့ မြွေမ ... နင့်ကိုလာကူတဲ့နဂါးမကို ငါ့တပည့် မြွေနက်

ကြီးက အနိုင်တိုက်တော့မယ် တွေ့သလား ... အေ ... နင့်

ကိုလည်းငါက အသေသတ်ဦးမှာ "

ဦးသာဇံကပြောဆိုပြီးသည်နှင့် ဆေးမှုန့်များအား မြသင်း

နွယ်၏မျက်နှာတည့်တည့်သို့ပက်ဖြန်းပစ်သည်။ မျက်လုံး

ထဲဝင်လာသောပူစပ်စပ်အမှုန်များကြောင့် မြသင်းနွယ်မှာ

မျက်လုံးများဝေဝါးကာ စပ်ဖျင်းဖျင်းခံစားလိုက်ရလေ

၏။ အခွင့်အရေးကိုစောင့်နေသူ ဦးသာဇံမှာ ကြေးဓါး

အရှည်ကြီးဆွဲထုတ်ယူလာပြီး ခုတ်ပိုင်းရန် လက်ကိုအပေါ်

သို့မြှောက်လိုက်တော့သည်။

" မလုပ်ပါနဲ့ ကျွန်တော်တောင်းပန်ပါတယ်ဗျာ ... ကျွန်တော့်သမီးလေးကိုမသတ်ပါနဲ့ဗျာ "

ကိုတင်ထွန်းသည် အိမ်ထဲမှအပြေးထွက်လာကာ မြသင်း

နွယ်ရှေ့ဆီးကာရင်း တားဆီးနေ၏။ ဦးသာဇံသဘောအ

တိုင်းဆိုလျှင် ကိုတင်ထွန်းကိုပါခုတ်ပိုင်းပစ်ပေမည်။ သို့

သော် ရွာခံလူကိုသတ်၍မဖြစ်ပေ။ လူရှေ့သူရှေ့သတ်ပစ်

လျှင် အမှုကြီးပေလိမ့်မည်။ မြသင်းနွယ်လို သမန်းနွယ်အားသတ်မိခြင်းကဖြေရှင်း၍ရသေးသည်။ ထို့ကြောင့်

လက်ကိုအသာပြန်ချကာ ကိုတင်ထွန်းအား တွန်းဖယ်ပစ်

သည်။ ကိုတင်ထွန်းကလည်းကျောက်တုံးကြီးကဲ့သို့မရွေ့

ချေ။ မြသင်းနွယ်အားကာဆီးထားတော့သည်။

" သိန်းအောင်တို့ ဒီဘိုးတော်ကိုဆွဲဖယ်ကြစမ်း "

ဦးသာဇံတပည့်များလည်း ထိတ်ထိတ်လန့်လန့်ဖြင့် ကိုတင်

ထွန်းကိုဝိုင်းဆွဲကြသည့်အခါမှ ဖယ်၍ရသွားသည်။

" ကျွန်တော့်သမီးလေးကိုမသတ်ကြပါနဲ့ဗျာ ... ကျွန်တော်တို့သားအဖ ဒီရွာကနေအပြီးထွက်သွားပါ့မယ် မသတ်ကြပါနဲ့ ရှိခိုးတောင်းပန်ပါတယ်ဗျာ "

ငိုသံကြီးဖြင့်ခယတောင်းပန်နေသောဖခင်ကိုကြည့်ကာ

ဒေါသအလွန်ထွက်လာသည့် မြသင်းနွယ်မှာ ရုတ်တရက်

ပြင်းထန်စွာအော်ဟစ်ပစ်ပြီး ကောင်းကင်သို့မြှောက်တက်

လာလေသည်။ ထို့အတူ သူမ၏ခေါင်းပေါ်မှ အမောက်များထိုးထွက်လာသည်။ လူအဆင်းသဏ္ဍာန်တဖြည်း

ဖြည်းကွယ်ပျောက်ကာ နဂါးတစ်ကောင်ကဲ့သို့ပြောင်းလဲ

လာတော့သည်။ ထို့နောက် သူမ၏အမြီးဖြင့်ဦးသာဇံတို့

အားရိုက်ချပစ်လိုက်သည့်အခါ လူစုကွဲပြီး လွှင့်ထွက်ကုန်

ကြလေသည်။ ဒေါသအလွန်ကြီးနေသော မြသင်းနွယ်အား

ကိုတင်ထွန်းအလန့်တကြားကြောင်ကြည့်နေမိသည်။

မြသင်းနွယ်သည် ဒေါသစိတ်ကြောင့် လူစိတ်ပျောက်နခဲ့ပြီ။ မြင်သမျှပတ်ရမ်းတော့၏။ ပြေးလွှားနေကြသည့်လူ

များအား ပါးစပ်မှမီးဖြင့်မှုတ်ထုတ်ပစ်သည်။ သူမ၏မီး

များကြောင့် လေးအိမ်တန်းရွာမှာ မီးဟုန်းဟုန်းတောက်

လောင်သွားတော့သည်။ ရွာရှိလူများလည်း မိုးထဲလေထဲ

လောင်နေသည့်မီးတောက်ကြီးကြောင့် ပြေးလွှားကုန်ကြ

သလို၊ ဦးသာဇံသွားရာနောက် အမဲလိုက်နေသကဲ့သို့လိုက်

နေသော မြသင်းနွယ်အားလည်းရှောင်ကွင်းနေကြရလေ

သည်။

ဦးသာဇံမှာ မြသင်းနွယ်လက်မှလွတ်မြောက်ရန် ချောင်

ဂျိုချောင်ကြားပတ်ပြေးနေသည်။ လူနေအိမ်များဆီသာ

ဦးတည်ပြေးနေသဖြင့် မြသင်းနွယ်၏ပါးစပ်မှမှုတ်ထုတ်

လိုက်သောမီးများသည် ဦးသာဇံကိုမထိဘဲ အိမ်ခြေများ

ကိုသာလောင်မြိုက်စေလေသည်။ ဦးသာဇံမှာပြေးလွှား

ရင်းချက်ကောင်းကိုစောင့်နေခဲ့၏။ မြသင်းနွယ်၏မာန်

ဟုန်ပြင်းပြင်းတိုက်ခိုက်မှုကိုသေချာလေ့လာနေသည်။

လှုပ်ရှားမှုမှန်သမျှအားအလွတ်ကျက်မှတ်နေခဲ့သည်။

" ကုမ္မာရ အသင့်ကိုငဲ့ငှာမနေတော့ဘူး မောက်မာတဲ့အသင့်

မာန်ကို အခုပင် ငါဦးချိုးပြမယ် "

သုဒဘောဃလည်း မြွေနက်ကြီးကိုအသာဖြည်လျော့လွတ်

ပေးလိုက်ပြီး မြွေနက်ကြီး၏ဦးခေါင်းထက်မှ အမောက်ကို

ရစ်ပတ်ကာချိုးပစ်လိုက်တော့သည်။ ကုမ္မာရနဂါးမှာဦး

ခေါင်းထက်အမောက်ကြီးကျိုးကျသည်နှင့် နာကျင်လွန်း

သဖြင့် ထွက်ပြေးသွားလေသည်။ သုဒဘောဃမှာ အ

နောက်မှလိုက်ရန်ပြင်စဉ် မြသင်းနွယ်၏စူးရှသောအော်သံ

ကြောင့် ကမန်းကတန်းလှည့်ကြည့်လိုက်၏။

" ဇမုခီဏာ "

သုဒဘောဃ၏ယူကြုံးမရသောအသံသည် နဂါးပြည်သို့

တိုင်ပျံ့လွှင့်သွားသည်။ မိုးရေထဲတစ်ကိုယ်လုံးစိုရွှဲနေရင်း

မှ မြသင်းနွယ်၏အဖြစ်ကြောင့် မြေကြီးပေါ် ဒူးညွှန့်ကသွားသော ကိုတင်ထွန်းမှာလည်း အာခေါင်ခြစ်သံနှင့်

အော်ဟစ်ငိုကြွေးနေသည်။ မြသင်းနွယ်တဖြစ်လည်း

ဇမုခီဏာသည် နဂါးကိုယ်ထည်နှစ်ပိုင်းပြတ်ကာမြေ

ပြင်ပေါ် အပိုင်းပြတ်ကြီးပြုတ်ကျလာ၏။ မြေကြီးပေါ်

ကျလာသောကိုယ်ထည်ကြီးအသံက ဝုန်းခနဲ။ မြေကြီးပင်

တုန်ဟီးသွားသလိုပင်။

" ဟား ဟား ဟား "

ဦးသာဇံ၏အောင်နိုင်သောရယ်မောသံကြီးက ပြန်လည်ဖုံး

လွှမ်းလာခဲ့သည်။

" တွေ့လားမြွေမတွေ နဂါးမတွေ ... လူရဲ့ဉာဏ်ကိုဘယ်

သတ္တဝါမှမယှဉ်နိုင်ဘူးဆိုတာတွေ့ကြပြီလား ... ဟား

ဟား ဟား ဟား "

သုဒဘောဃမှာ ငိုကြွေးနေရင်းမှ တစ်ကိုယ်လုံးဆူးတောင်

များထွက်ပေါ်လာကာ ကောင်းကင်ယံသို့ပျံတက်သွားပြီး

ဦးသာဇံရှိရာတည့်တည့်သို့ဒုန်းစိုင်းပျံချလာတော့သည်။

သူမ၏ပါးစပ်မှ မီးတောက်မီးလျှံများသည် နီရဲတောက်ပ

လျှက်ရှိသည်။ ဦးသာဇံလည်း လက်ထဲမှကြေးဓါးရှည်ကြီး

အား မြဲမြံစွာဆုပ်ကိုင်ရင်း လွတ်နိုင်မည့်နေရာသို့ပြေးပုန်း

လေသည်။

" သုဒဘောဃ ... သမီးတော် ရပ်ပါ "

သုဒဘောဃ ဆင်းသက်မည့်မြေပြင်တွင် သူမ၏ဖခင်နဂါး

မင်းနှင့် ခင်ပွန်းသည် နဂါးဘုရင်သည် လူအသွင်ဖြင့်ကြို

ရပ်ကာတားဆီးလိုက်သည်။ နဂါးမသည်လည်း အရှိန်

လျော့ကာ မြေပြင်ေပါ်သက်ဆင်းလာ၏။

" သူတို့တွေ ဇမုခီဏာကိုသတ်ပစ်ကြတယ် ကမ္ဘာမကျေ

ဘူး အကုန်လုံးကိုသတ်ရမှကျေနပ်နိုင်မယ် ခမည်းတော်"

" သုဒဘောဃ ခမည်းတော်အားလုံးသိပြီးပြီ ... ဇမုခီဏာ

အပြစ်ပေးခံရတာလည်း ကြားသိပြီးပြီ ... နဂါးဘုံနဲ့လူ့ဘုံ

ဟာ ဆက်သွယ်ဖို့သင့်လှတာမဟုတ်ဘူး သုဒဘောဃ ..."

ဖခင်နဂါးကြီးစကားကြောင့် သုဒဘောဃမှာ ခေတ္တငြိမ်သက်သွား၏။

" ဒီပြဿနာကို ခမည်းတော်ဖြေရှင်းပေးပါ့မယ် ... "

နဂါးမင်းကြီးသည် သူ၏လက်မှ အစိမ်းရောင်အမျှင်တန်း

များထွက်ပေါ်လာပြီး ဦးသာဇံအားချုပ်နှောင်လိုက်လေ

သည်။ ဦးသာဇံမှာလက်ထဲမှ ကြေးဓါးဖြင့်ခုတ်ပိုင်းသော်

လည်း နွယ်ရှင်များကဲ့သို့အမျှင်များမှာပြတ်ကျမသွား

သည့်အပြင်ပို၍ တင်းကြပ်စွာချုပ်နှောင်နေသည်။

" ဇမုခီဏာ "

နဂါးကြီးကနာမည်ခေါ်လိုက်လေလျှင် မြသင်းနွယ်၏ဝိဉာဉ်မှိန်ပျပျလေးသည် ဝပ်တွားကာပေါ်ပေါက်လာတော့

သည်။

" ဥတ္တရစေတီတော်မှာရှိတဲ့ နဂါးသိုက်ကိုကာကွယ်ဖို့

မြေးတော်လေးက အစွမ်းကုန်ကြိုးစားခဲ့တယ်ဆိုတာကြားသိရတယ် ... အဲ့ဒီအတွက် မြေးတော်လေးရဲ့ပြစ်ဒဏ်

တစ်ဝက်ကို ကျေပေးလိုက်ပါပြီ ... "

နဂါးကြီးစကားကြောင့် သုဒဘောဃနှင့် ဇမုခီဏာမှာ ဝမ်း

မြောက်သွားတော့သည်။

" ကျန်တဲ့ပြစ်ဒဏ်တစ်ဝက်အတွက် ပေးဆပ်ရဦးမယ်

ဇမုခီဏာ ... ပေးမယ့်အပြစ်ကတော့ ဥတ္တရစေတီတော်ကြီးမှာ သိုက်နန်းရှင်မြသင်းနွယ်အဖြစ် စောင့်ရှောက်ပေး

ရမယ်... ပြစ်ဒဏ်ကြေတဲ့အထိ အလုပ်အကြွေးပြုစေ...

နဂါးမင်းလည်း သမီးတော်နဲ့မြေးတော်ကို ခွင့်လွှတ်ပေးစေ

ချင်တယ်... "

" ခွင့်လွှတ်ပါတယ်ခမည်းတော် ... သုဒဘောဃသာ ယခု

လိုအပြစ်မျိုးထပ်မလုပ်ဖို့သာ မျှော်လင့်ပါတယ် "

" ကဲ သုဒဘောဃလည်းကတိပေးလိုက် "

" ဇမုခီဏာကိုသာပြန်ခေါ်ရမယ်ဆိုရင် မည်သည့်ကတိမဆို

ပေးပါတယ်ဘုရား "

" သမီးတော်အပြစ်ကြွေးဆပ်ပြီးရင် ပြန်ခေါ်မယ်လို့ ငါ

ကတိပေးတယ်သုဒဘောဃ "

" အရှင်နဂါးမင်းစကားကြောင့် ကျွန်တော်မျိုးမလည်း

ကတိပေးပါတယ် "

" အခုဆိုရင် ဇမုခီဏာမင်းသမီးဟာ သိုက်နန်းရှင်မြသင်း

နွယ်ဖြစ်သွားပြီ ... သိုက်နန်းရှင်မလေး ... ဒီငမိုက်သား

ကို အသင်သာပြစ်ဒဏ်စီရင်ပေလော့ "

နဂါးမင်းကြီးမှာသိုက်ဆရာဦးသာဇံအား မြသင်းနွယ်ရှေ့သို့တွန်းပို့ပေးလိုက်ပြီးသည်နှင့် နဂါးပြည်သို့ပြန်တက်သွား

ခဲ့လေသည်။

" အသင်သည် ဘုရားရှင်အားရည်းမှန်းလှူဒါန်းထားသော

ပစ္စည်းဥစ္စာများကို တပ်မက်သောစိတ်ဖြင့် မကောင်းအမှု

များပြုခဲ့သည်...ထို့ကြောင့်အသင့်အား ကျွန်ုပ်တို့နဂါး

သိုက်နန်းမှ ကျိန်စာဆိုသည်... နဂါးများအားရန်ပြုခဲ့သဖြင့်

သင်တို့သည် ရုပ်အဆင်းပျက်ယွင်းပြီး စကားသံတိတ်ရ

စေသား...သင်နှင့်တကွ သင့်တပည့်များသည် ဥတ္တရမြေသို့ခြေမချစေရ... ခြေချမိသည်နှင့်ကြောက်မက်ဖွယ်အ

ဆင်းသဏ္ဍာန်ဖြစ်ပေါ်ကာညှီနံ့ထောင်းထောင်းထလျှက် ပုပ်ပွပြီးရွံ့ရှာစက်ဆုပ်ဖွယ်အတိဖြင့်သေစေအံ့... မသေခင်လည်း သွေးအန်စေအံ့ ... ဤသည်ကား နဂါးသိုက်အားစော်ကားခဲ့သော အသင်တို့အတွက်ကျိန်စာဖြစ်လေသည်။ ထိုကျိန်စာနည်းတူ ကျွန်ုပ်စောင့်ရှောက်ပေးအပ်သည့်နဂါးသိုက်နန်းနှင့် သိုက်ပစ္စည်းများအား မတရားနည်းဖြင့်ရယူသူမည်သူမဆို ထိုကျိန်စာသည်စူးပါစေသား "

မြသင်းနွယ်၏မာန်ပါပါပြောလိုက်သော ကျိန်စာရွတ်သံ

အဆုံးကောင်းကင်တစ်ခုလုံး မိုးထစ်ချုံးသွားလေတော့

သည်။ ထို့နောက် ဦးသာဇံနှင့် သူ၏တပည့်များသည် တစ်

ကိုယ်လုံးအဖုအဖိန့်များထွက်လာကာ စကားမပီသတော့ဘဲ ဝူးဝူးဝါးဝါးအသံသာထွက်ေပါ်လာတော့၏။ သူတို့ကိုယ်သူတို့ မသိလိုက်ခင်မှာပင် နဂါးမင်းသည် ဦးသာဇံ

တို့အုပ်စုအား တောထဲတစ်နေရာသို့ပို့ဆောင်ပစ်လိုက်လေ

သည်။

" သမီးလေး "

ကိုတင်ထွန်းမှာ ထိတွေ့၍မရတော့သော မြသင်းနွယ်ကို

ကြည့်ကာ ရှိုက်ကြီးတငင်ငိုကြွေးလေ၏။

" ဇမုခီဏာကိုစောင့်ရှောက်ပေးခဲ့တာ ကျေးဇူးတင်ပါတယ်

ဒါကိုလက်ခံပေးပါ... ဇမုခီဏာမရှိတဲ့နောက် အေးအေး

ဆေးဆေး စားသောက်နေထိုင်နိုင်ဖို့ ကျေးဇူးဆပ်တာပါ"

ကိုတင်ထွန်းသည် နဂါးမလှမ်းပေးသည့် ရတနာဗူးကိုမယူ

ချေ။

" ကျေးဇူးတွေမလိုပါဘူးဗျာ ... ကျွန်တော့်သမီးလေးကိသာပြန်ပေးကြပါ "

ကိုတင်ထွန်းသည်မြသင်းနွယ်ကိုအဆုံးရှုံးမခံနိုင်ဘဲဖြစ်

နေသည်။

" အဖေ သမီးက ဥတ္တရစေတီမှာရှိနေမှာ ... သမီးကိုသတိ

ရရင်လာခဲ့နော် ... အခုတော့ဘဝခြားနေပြီမလို့ အဖေ့နား

နေလို့မရတော့ပါဘူး မယ်မယ်ပေးတဲ့ရတနာဗူးလေးယူ

ထားပါအဖေရယ်... "

ကိုတင်ထွန်းကမည်သို့ပြောပြော မယူချေ။

" သမီးလေးကို ဘယ်လိုရတနာနဲ့မှမလဲနိုင်ပါဘူးသမီးရယ်"

မြသင်းနွယ်သည်လည်း ဖခင်ဖြစ်သူအားစိတ်မကောင်း

ခြင်းကြီးစွာဖြင့်ကြည့်လိုက်သည်။

" သမီးသွားရတော့မယ် အဖေ ... အဖေတစ်ခုခုအရေး

ကြုံလာရင် သမီးနာမည်ကိုသာ ခေါ်လိုက်ပါအဖေ..."

ဖခင်ကိုစိတ်မချလှသော်လည်း သူမ၏ပြစ်ဒဏ်အတွက်

ဆပ်ရပေဦးမည်။ မြသင်းနွယ်၏ပုံရိပ်များသည် တဖြည်း

ဖြည်းဝေဝါးကာပျောက်ကွယ်သွားချေပြီ။

" သမီး မြသင်းနွယ် "

ကိုတင်ထွန်းမှာသာ ယူကြုံးမရစွာဖြင့် ငိုကြွေးကာကျန်ရစ်

ခဲ့ပေတော့သည်။ နဂါးမင်းကြီးနှင့်သုဒဘောဃသည် ခေါင်းတငြိမ့်ငြိမ့်ဖြင့်ကြည့်ရင်း နဂါးမင်းသည်ကိုတင်

ထွန်းကို အနီရောင်ဆေးလုံးလေးတစ်လုံးအားပေးလေ

သည်။

" ဒါကိုယခုပင်သောက်လိုက်ပါ အသင်လူသား "

ကိုတင်ထွန်းကနားမလည်စွာပြန်ကြည့်နေသဖြင့်

" ဒီမှာဖြစ်သွားတဲ့ကိစ္စတွေကို လူတွေအမှတ်ရနေဖို့မသင့်

ဘူး။ အကုန်မေ့သွားအောင် တန်ခိုးနဲ့ပြုလုပ်ရမှာဖြစ်လို့

အသင့်သမီးကိုမမေ့လိုပါက ဒီဆေးကိုယခုပင်သောက်

လိုကျပါ "

နဂါးမင်းစကားကြောင့် ကိုတင်ထွန်းလည်း ဆေးလုံးကို

ပါးစပ်ထဲသွတ်သွင်းပြီး အမြန်မြိုချပစ်လိုက်လေသည်။

ထို့နောက်နဂါးမင်းနှင့်သုဒဘောဃမှာ ကောင်းကင်သို့

ပျံတက်သွားသည့်နည်းတူ အစိမ်းရောင်အလင်းတန်းစက်

ဝိုင်းကြီးလည်း လေးအိမ်တန်းပတ်ဝန်းကျင်တစ်ခုလုံးသို့

လွှမ်းခြုံသွားခဲ့သည်။ ထိုအလင်းတန်းနှင့်အတူ မြသင်း

နွယ်၏ နဂါး ခန္ဓာကိုယ်အပိုင်းပြတ်ကြီးလည်းမရှိတော့၊

မီးဟုန်းဟုန်းတောက်လောင်နေသော မီးလောင်တန်းကြီး

လည်းမရှိတော့၊ ကောင်းကင်ယံကြီးမှာမိုးသက်လေပြင်း

များငြိမ်သက်နေခဲ့ပြီ။

မကြာခင်မိုးလင်းတော့မည်ဖြစ်ပြီး အိမ်ရှေ့တွင် ကိုတင်ထွန်းတစ်ယောက်တည်း ငူငူငေါင်ငေါင်ရှိနေလေသည်။

သူ့ကိုသူ အရူးတစ်ယောက်ကဲ့သို့ဖြစ်နေမိ၏။ ပြောင်း

လဲသွားသောပတ်ဝန်းကျင်ကြောင့် အိမ်ထဲအမြန်ပြန်

ကာ မြသင်းနွယ်အခန်းသို့ပြေးကြည့်လိုက်မိသည်။

သို့သော် မြသင်းနွယ်နှင့်သက်ဆိုင်သည့်အရာမည်သည်

မှမရှိတော့သည်ကို ထူးဆန်းစွာတွေ့မြင်လိုက်ရလေတော့

သည်။

မနက်လင်းသည့်အခါ ရွာမှလူများက ခါတိုင်းကဲ့သို့ပုံမှန်

လှုပ်ရှားနေကြ၏။ မြသင်းနွယ်အကြောင်းမေးမြန်းကြည့်

သော်လည်း မြသင်းနွယ်နာမည်ပင်မကြားဖူးကြချေ။

ကိုတင်ထွန်းမှာပို၍အံ့အားသင့်မိပြန်သည်။

" ကျွန်တော့်သမီးလေဗျာ ... မမှတ်မိကြဘူးလားဗျာ "

" ဟဲ့တင်ထွန်း ... အေးလှမီးတွင်းထဲဆုံးတာဖြင့်ကြာလှ

ပြီ ... ဘာတွေအရူးထနေတာတုန်း "

လေးအိမ်တန်းတစ်ရွာလုံး ကိုတင်ထွန်းနှင့်မအေးလှ မှ

မြသင်းနွယ်ကိုမွေးဖွားခဲ့သည်ကို မသိရှိကြတော့ချေ။

မြသင်းနွယ်အားမွေးဖွားပေးကြသော ကိုညိမ်းမောင်နှင့်

လက်သည်မစိန်ကြည်ပင် ထိုဖြစ်ရပ်ကြီးအား မသိရှိနေ

ပေ။ ကိုတင်ထွန်းနားလည်လိုက်သည်။ နဂါးမင်းပြောသွား

သည့်စကားများ ကိုယခုမှပင်နားလည်သိရှိလိုက်တော့

၏။

ကိုတင်ထွန်းလည်း လေးအိမ်တန်းရွာမှအပြီးထွက်လာပြီး

ဥတ္တရစေတီဘေးတွင် ကျောင်းသင်္ခန်းငယ်လေးဆောက်

ကာ ဥူးဇင်းဝတ်ဖြင့်နေထိုင်သွားခဲ့လေသည်။ တခါတရံ

တွင်တော့ မြသင်းနွယ်ကို အိပ်မက်မက်တတ်သည်။ ဤ

သို့ဖြင့် ကိုတင်ထွန်းမှာ သာသနာ့ဘောင်၌အရိုးထုတ်သွား

ခဲ့လေတော့သည်။

သိုက်ဆရာဦးသာဇံတို့မှာ လူစုတကွဲတပြားဖြစ်ပြီး လူ

ကြားမတိုးဝံ့အောင် အဆင်းသဏ္ဍာန်ဆိုးဝါးကြသည်။

၎င်းတို့မှာ သူတောင်းစားသာသာအခြေအနေမျိုးဖြင့်

နေနေကြရပြီး စကားမပြောနိုင်ကြပေ။ ဦးသာဇံကတော့

မြင်ရသည့်မျက်လုံးတစ်လုံးကိုအားစိုက်ကြည့်ပြီးစာရေး

ပြောပြနေသည်။

" သိုက်နန်းရှင်မလေးမြသင်းနွယ်ရဲ့ နဂါးသိုက်ကျိန်စာ

ပြယ်စေရန် ကူညီပေးကြပါ လမ်းညွှန်ပေးကြပါ "

ဟူသောစာကို သစ်သားပြားပေါ်တွင်ရေးပြီးလည်ပင်း၌

ချိတ်ဆွဲကာ တစ်မြို့ဝင်တစ်မြို့ထွက် လိုက်ပြနေချေ

တော့လေတည်း။

ပြီးပါပြီ။

သော်တာလမင်းစန္ဒာ

#lotaya_shortstory


အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်



Some text some message..