ကပ်ပါး အပိုင်း ( ၁ )
lotaya.mpt.com.mm
|
2021-01-19

မြန်မာပြည်အလယ်ပိုင်းနယ်မြို့လေးတစ်မြို့တွင်ဝတ်လုံတော်ရဦးသင်းအောင်ဟုဆိုလျှင်မသိသူခပ်ရှားရှားပင်။စည်းစနစ်ကျပြီးဥပဒေအတိုင်းစီရင်တတ်သဖြင့်လူအများကလေးစားရသောသူဖြစ်သည်။ဥစ္စာဓနကြွယ်ဝကာအမြဲတမ်းမျက်နှာထားတည်နေတတ်ပြီးဘာသာတရားလည်းကိုင်းရှိုင်းသူဖြစ်သည့်အပြင်အမှုကိစ္စများနှင့်ပတ်

သက်လာသော်မိမိတို့လူမျိုးများ၊လူမျိုးခြားများဟုမခွဲခြားဘဲတရားသဖြင့်သာစီရင်တတ်လေသည်။

၄င်း၏ဇနီးဖြစ်သူဒေါ်မေတင်သည်အနည်းငယ်ဂုဏ်

မောက်တတ်သော်လည်းခင်ပွန်းဖြစ်သူကိုချစ်ကြောက်

ရိုသေရသည်။သားသမီးရတနာလည်းများစွာမထွန်းကားပဲမောင်အောင်ကျော်ဟုခေါ်သောသားတစ်ယောက်သာရှိလေသည်။

ကိုအောင်ကျော်မှာမိဘ၏အရှိန်အဝါဖြင့်ဟိုယောင်

ယောင်၊ဒီယောင်ယောင်နှင့်အလုပ်အကိုင်မယ်မယ်ရရ

မလုပ်ပေ။ထို့အပြင်ဟိတ်ကြီးဟန်ကြီးလည်းနေထိုင်

တတ်လွန်းသည်။ကိုအောင်ကျော်၏ပုံသဏ္ဍာန်မှာအရပ်မြင့်မြင့်၊အသားလတ်လတ်နှင့်ကိုယ်ကာယကြံ့ခိုင်သော

သူလည်းဖြစ်သည်။ရုပ်ရည်အားဖြင့်မချောမောလှသော်လည်းအလွန်ကြည့်ကောင်းသောသူဟုပြောရပေ

မည်။

သူ၏မျက်လုံးများကလည်းမိန်းကလေးများတွင်တင်စားပြောတတ်သောညို့မျက်ဝန်းပိုင်ရှင်ကဲ့သို့ဆွဲဆောင်အားကောင်းလှသည်။ BAအောင်ကာလူလွတ်ဖြစ်ပြီး

စကားပြောရာတွင်လည်းလူတစ်ဖက်သားကျလောက်အောင်စီကာပတ်ကုံးဖွဲ့နွဲ့ပြောတတ်သဖြင့်ကိုအောင်ကျော်ကိုနီးစပ်ရာသမီးရှင်များကမျက်စိကျကြသည်မှာအဆန်းမဟုတ်တော့ချေ။

ထိုသို့သောကြောင့်ကိုအောင်ကျော်သည်မိဘအရှိန်အဝါဖြင့်အထက်တန်းကျကျနေနိုင်သောကြောင့်ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင်ဟုဆိုရပေတာ့မည်။ ဦးသင်းအောင်နှင့်ဒေါ်မေတင်ထံသို့စက်ရှင်သူဌေးများ၊ပဲကုန်

သည်သူဌေးများ၊ရတနာကုန်သည်၊ဆန်စက်ပိုင်ရှင်သူဌေးများ၏သမီးကလေးများကိုလာရောက်စေ့စပ်ဆော်ဩ

ကြသော်လည်းကိုအောင်ကျော်ကမူထိုမိန်းကလေးများ

ကိုမနှစ်သက်ပေ။

ကိုအောင်ကျော်နှစ်သက်သဘောကျနေသည်မှာမုဆိုးဖို

ဦးသာလွန်၏သမီးမမြကလေးကိုသာဖြစ်သည်။မမြကလေးမှာချောမောလှပပြီးအသားလေးဖွေးဖွေးဖြူနေ၏။ ဆင်းရဲသော်လည်းသန့်သန့်ပြန့်ပြန့်နေထိုင်တတ်

သည်။ လိမ္မာရေးခြားရှိပြီးစိတ်သဘောကောင်းသူလည်းဖြစ်သောကြောင့်မမြကလေး၏သတင်းမှာမွှေးပျံ့နေပြီးလူချစ်လူခင်ပေါသောသူလည်းဖြစ်လေသည်။

မိမိနှင့်အလှမ်းကွာလွန်းပြီးကိုအောင်ကျော်ကဲ့သို့လက်ကြောမတင်းသောလူမျိုးကိုသဘောမကျဘဲခပ်ရှောင်ရှောင်သာနေလေ၏။ကိုအောင်ကျော်ကမူအခါအခွင့်

သင့်တိုင်းမမြကလေးအိမ်သို့အလည်အပတ်ရောက်လာတတ်ပြီးမမြကလေးနှင့်ဆုံတိုင်းစကားလမ်းကြောင်းတတ်လေသည်။ထိုသို့စကားလမ်းကြောင်းလာတိုင်းလည်းမမြကလေးကအခြားအကြောင်းအရာများနှင့်စကားလွဲပစ်လိုက်တတ်စမြဲ။

မမြကလေးမှာငယ်စဉ်ကပင်ခင်မင်ခဲ့ရပြီးအိမ်ချင်းလည်းကပ်ကာယခုထက်တိုင်တရင်းတနှီးရှိသောကိုသစ်လွင်ကိုသာမျက်စိကျနေလေ၏။ကိုသစ်လွင်လာလျှင်အရေးပေးကာရေလာမြောင်းပေးလုပ်သော်လည်းကိုသစ်လွင်သည်တုံဏိဘာဝေတုတ်တုတ်မျှမလှုပ်ချေ။

ကိုသစ်လွင်နှုတ်ဆိတ်နေသည့်အကြောင်းအရင်းကလည်းရှိပေသည်။ဝတ်လုံတော်ရဦးသင်းအောင်၏ရုံးတွင်စာရေးကလေးဝင်လုပ်နေရသဖြင့်မိဘအရှိန်အဝါနှင့်ထင်ရာစိုင်းတတ်သောကိုအောင်ကျော်အားရှိန်နေမိခြင်းပင်။မိမိ၏

အလုပ်အားထိခိုက်မည်စိုးသောကြောင့်လည်းကောင်း၊

မိမိအားမှီခိုနေရသောမိဘများစိတ်ဆင်းရဲရမည်စိုးသောကြောင့်လည်းကောင်းမမြကလေးအားမေတ္တာရှိသော်

လည်းဖွင့်ဟမပြာရဲခဲ့ချေ။

ကိုသစ်လွင်မှာအသားဖြူကာရုပ်ရည်သန့်ပြန့်ချောမောသူလည်းဖြစ်သည်။လူကောင်မှာကိုအောင်ကျော်ကဲ့သို့ကိုယ်

ကာယမထွားကြိုင်း။ ကိုအောင်ကျော်ကလည်းမမြက

လေးမှာကိုသစ်လွင်ကိုမျက်နှာသာပေးသဖြင့်လမ်းတွေ့

လျှင်ပင်ကိုသစ်လွင်အားအနည်းငယ်စောင်းမြောင်းကာရန်ထောင်နေတတ်သည်။

၄င်းတို့သုံးယောက်သည်တစ်ယောက်နှင့်တစ်ယောက်မျက်နှာရိပ်မျက်နှာကဲကြည့်ကာဖြင့်သုံးပွင့်ဆိုင်အဖြစ်ဇာတ်လမ်းရှိနေကြလေတော့သည်။ကိုအောင်ကျော်သည်အလုပ်ကိုကျနစွာမလုပ်လိုသော်လည်းဝါသနာအရင်းခံတစ်ခုရှိလေသည်။ထိုဝါသနာမှာရှေးဟောင်းပစ္စည်းများစုဆောင်းတတ်ခြင်းပင်ဖြစ်သည်။

ရှင်နှစ်ပါးခေတ်ကနန်းစဉ်သုံးရတနာများအပြင်ထူးထူး

ဆန်းဆန်းပစ္စည်းများလည်းစုဆောင်းတတ်သည်။ထို

ပစ္စည်းများကိုဧည့်ခန်းတွင်အလှပြထားတတ်ပြီးအိမ်သို့လာသမျှသူများကိုပြကာကြွားဝါတတ်သောကြောင့်အင်္ဂလိပ်ဗိုလ်များကပင်ကိုအောင်ကျော်အားနောက်ကွယ်တွင်မောင်လေဝါးဟုအမည်ပြောင်ပေးကာလှောင်ပြောင်ခြင်းခံရသူဖြစ်သည်။

တစ်နေ့သောအခါကိုအောင်ကျော်၏မိတ်ဆွေဖြစ်သူကိုလှကြီးဆိုသူရောက်ရှိလာပြီးထူးဆန်းသောပစ္စည်းတစ်ခုကိုတွေ့ရှိထားကြောင်းသတင်းကိုဆောင်ယူလာချိန်မှစကာကိုအောင်ကျော်၏ဘဝကိုအပြောင်းလဲကြီးပြောင်းလဲစေ

ခဲ့တော့သည်။

" ကိုအောင်ကျော်ရေ...ခင်ဗျားဝါသနာနဲ့တော့အကိုက်ပဲဗျ"

"ဒါပေါ့ဗျာ..စိတ်ဝင်စားတယ်ကိုလှကြီး..လိုက်ကြည့်မယ်ဗျာ"

" ခရီးကဝေးတယ်နော်..ခင်ဗျားအဆင်ပြေပါ့မလား "

" ဖြစ်ပါတယ်ဗျာ..ခင်ဗျားသာအဆင်သင့်ပြင်ထားပေတော့ "

ထိုသို့ဖြင့်ခရီးစထွက်ရန်ပြင်ဆင်လိုက်ကြသည်။

ကိုအောင်ကျော်သည်ခရီးမထွက်ခင်ရှေ့တစ်ရက်တွင်လိုအပ်သည်များဝယ်ယူရန်အော်စတင်ကားလေးဖြင့်ဈေးဖက်သို့မောင်းနှင်လာကာဈေးအနီးတွင်ကားရပ်နေစဉ်

ကိုသစ်လွင်ကိုမမြကလေးနှင့်သူ၏အဖော်မိန်းကလေးတစ်ယောက်တို့နှင့်အတူဈေးထဲမှဈေးသုံးပြီးရယ်မော

ကာထွက်လာသည်ကိုတွေ့လိုက်ရလေသည်။

ထိုအခါကြည်လင်နေသောစိတ်များပျောက်ကွယ်သွားကာကိုသစ်လွင်အပေါ်မိမိနှစ်သက်နေသောမိန်းကလေး၏

အရေးပေးမှုကြောင့်နဂိုကမလိုသောစိတ်များသည်ပိုမို

ပြင်းထန်လာကာငြိုးထားလေတော့သည်။စိတ်အလိုလိုက်ကာရန်စောင်လိုသော်လည်းခရီးဝေးသွားရန်ရှိနေသေးသဖြင့်မြိုသိပ်ကာမျက်နှာလွဲခဲ့ရလေသည်။

နောက်နေ့ကိုလှကြီးနှင့်အတူခရီးထွက်ခဲ့သော်လည်းကိုအောင်ကျော်၏စိတ်ထဲတွင်မနေ့ကတွေ့ခဲ့ရသောကိုသစ်လွင်နှင့်မမြကလေးတို့၏ရယ်ပြုံးနေသောမျက်နှာကတဝဲလည်လည်ရစ်ဝဲကာမျက်နှာမသာမယာဖြင့်ခရီးတလျှောက်လုံးအတွေးထဲမှရုန်းမထွက်နိုင်ခဲ့ချေ။ကိုလှကြီးမှာလည်းကိုအောင်ကျော်မျက်နှာပျက်နေသည်ကိုသတိပြုမိသောကြောင့်စကားပင်များများမဟရဲခဲ့။

ကိုအောင်ကျော်၏ဆိုးသွမ်းတတ်သောစရိုက်ကိုသိထားသဖြင့်လိုက်လျောညီထွေစွာနေရလေသည်။ရထားသည်တစ်ဘူတာပြီးတစ်ဘူတာဆိုက်ရောက်လာကာနောက်ဆုံးတွင်ထူးဆန်းသောပစ္စည်းရှိရာရွာငယ်လေးနှင့်အနီးဆုံးဖြစ်သောခွေးရုပ်ဘူတာအားဆိုက်ရောက်လာခဲ့တော့

သည်။ရထားဆိုက်သည်နှင့်ကိုလှကြီးကကိုအောင်ကျော်

၏ခရီးဆောင်အိတ်ကိုသယ်ယူကာနှစ်ယောက်သားရထားပေါ်မှဆင်းလိုက်သည်။

ကိုလှကြီးကလည်းအနီးအနားတွင်လာကြိုမည့်သူအား

ဘေးဘီဝဲယာကြည့်ကာလိုက်ရှာနေလေသည်။ဆင်းလာသောရထားလည်းတဂျုံးဂျုံးဖြင့်ထွက်ခွါသွားလေပြီ။ဘူတာနဘေးတွင်ဈေးသည်အနည်းငယ်နှင့်နှစ်ယောက်တည်းသာရှိနေလေတော့သည်။ကိုအောင်ကျော်လည်း

ကိုလှကြီးအနားတွင်ရပ်စောင့်နေစဉ်မြင်းဟီသံကြားရ

သဖြင့်လှည့်ကြည့်ရာလူနှစ်ယောက်သည်မြင်းတစ်ယောက်တစ်ကောင်စီးလာကာနောက်မြင်းတစ်ကောင်

အားကြိုးဖြင့်အလွတ်ဆွဲလာသည်ကိုတွေ့လိုက်ရ

သည်။

" ဟော..လာကြပြီထင်ပ "

ကိုအောင်ကျော်လည်းကိုလှကြီးပြောသဖြင့်ထိုသူနှစ်ယောက်ကိုစေ့စေ့ကြည့်လိုက်သည်။

" လာမှလာပါ့မလားလို့စိတ်ပူနေတာ..လာဗျာမိတ်ဆက်ပေးပါရစေ..ဒါကကျွန်တော်ပြောထားတဲ့ကိုအောင်ကျော်ပါတဲ့..ကိုအောင်ကျော်ရေ..ဒါကတော့ကိုစိုင်းနွန်ဖတဲ့ဗျ "

" ဟုတ်ကဲ့..သိရတာဝမ်းမြောက်လှပါတယ် "

" ဟုတ်ကဲ့ခင်ဗျ..ဝမ်းမြောက်ပါတယ်ဗျာ"

ထိုသို့ဖြင့်၄င်းတို့ကမြင်းအလွတ်တွင်ကိုအောင်ကျော်အားစီးခိုင်းပြီးစိုင်းနွန်ဖ၏မြင်းပေါ်တွင်ကိုလှကြီးကစီးကာကိုအောင်ကျော်၏မြင်းကိုပါလာသူကျန်တစ်ယောက်ကနဘေးမှထိန်းပေးရင်းဖြင့်ခရီးဆက်ကြလေတော့သည်။

မြင်းများကိုစီးကာအတန်ကြာသွားပြီးသော်စိမ်းစိုစိုစိုက်ခင်းများနှင့်ရိုးသားလှသောတောင်သူများကိုတစ်ယောက်စ၊နှစ်ယောက်စတွေ့လာရသည်။ထို့နောက်ဆက်သွားကြရာရွာငယ်လေးတစ်ရွာကိုမှိုင်းပျပျတွေ့လာရလေသည်။ကိုအောင်ကျော်လည်းသာယာလှပသောရှုခင်းများ၊အေးမြနေသောလေနုအေးလေးများကိုတွေ့ရ၊ရူရှိုက်ရသောတဒင်္ဂတွင်မိမိ၏စိတ်သည်အနည်းငယ်ပြန်

လည်လန်းဆန်းလာခဲ့ရတော့သည်။

လမ်းနံဘေးတွင်အလေ့ကျပေါက်နေသောတောပန်းလေးများကလည်းလှချင်တိုင်းလှနေပေတော့သည်။တရွေ့ရွေ့ဆက်သွားလေရာအဝေးမှလှမ်းမြင်ခဲ့ရသောရွာသို့ရောက်သော်လူနေအိမ်ခြေမများဘဲအိမ်ခြေနှစ်ဆယ်ခန့်သာရှိသည်ကိုတွေ့ရလေသည်။ရွာအတွင်းမှလူများကလည်း

မိမိတို့ထံရောက်လာသောဧည့်သည်ကိုအထူးအဆန်းသဖွယ်ဝိုင်းဝန်းကြည့်ရှုရန်အိမ်အတွင်းမှထွက်လာကြသည်။

ကိုအောင်ကျော်မှာမြင်းပေါ်မှနေကာလူအများ၏ကြည့်ရှု့မှုကိုခံရသောကြောင့်မိမိကိုယ်ကိုလူစွမ်းကောင်းကြီးတစ်ဦးပမာခံစားနေမိပြီးသဘောအကျကြီးကျနေလေ၏။

မကြာမီပျဉ်ထောင်အိမ်ကြီးအားရေနံချေးထူထပ်စွာသုတ်ထားသောအိမ်ရှေ့သို့ရောက်သော်ခေါင်းပေါင်းနှင့်လူတစ်ယောက်ထွက်လာပြီးကိုစိုင်းနွန်ဖအားရှမ်းဘာသာဖြင့်တစ်စုံတစ်ရာပြောလိုက်လေသည်။

ကိုစိုင်းနွန်ဖလည်းရှမ်းဘာသာဖြင့်ပြန်လည်ပြောရင်းဆက်လက်ထွက်ခွါလာပြီးကိုအောင်ကျော်အားထိုသူမှာရွာသူကြီးဖြစ်ကြောင်းပြောပြနေလေ၏။ထိုမှတဖန်အိမ်ခြေများကုန်ဆုံးသောရွာစွန်အနီးအနားသို့ရောက်သော်အိမ်တစ်အိမ်တည်းသာကျန်ရှိလေတော့သည်။

ကိုစိုင်းနွန်ဖတို့သည်ထိုအိမ်ရှေ့တွင်ရပ်ကာမြင်းပေါ်မှ

ဆင်းကြလေရာအမျိုးသမီးတစ်ယောက်သည်ခရီးဦးကြိုလင့်နေသည်ကိုတွေ့ရသည်။ထိုအမျိုးသမီးမှာကိုစိုင်းနွန်ဖ၏ဇနီးဟုကိုလှကြီးကကိုအောင်ကျော်အားပြောပြ၏။

ကိုစိုင်းနွန်ဖကကိုအောင်ကျော်တို့အားအိမ်ထဲသို့ဝင်ပါရန်၊ကိုယ့်အိမ်ကိုယ့်ယာဟုသာသဘောထားကာနေပါရန်ဖိတ်ခေါ်လေသည်။ကိုအောင်ကျော်နှင့်ကိုလှကြီးတို့နှစ်ယောက်သည်အိမ်ရှေ့တွင်ထားရှိသောရေအင်တုံကိုတွေ့သော

အခါလန်းဆန်းသွားရန်ခြေလက်မျက်နှာဆေးကြောကြပြီးမှအိမ်ထဲသို့ဝင်ကြလေသည်။

ကိုအောင်ကျော်တို့အိမ်ထဲတွင်ထိုင်နေစဉ်အိမ်ခန်း

အတွင်းမှရှမ်းအဖိုအိုတစ်ယောက်ထွက်လာလေ၏။

ထိုအဖိုးအိုအားကိုစိုင်းနွန်ဖကရှမ်းဘာသာဖြင့်စကားအနည်းငယ်ပြောလိုက်ရာ အဖိုးအိုကခေါင်းတစ်ညိမ့်

ညိမ့်ဖြင့်အိမ်ခန်းအတွင်းသို့ပြန်ဝင်သွားလေသည်။

ကိုစိုင်းနွန်ဖ၏ဇနီးဖြစ်သူကရေနွေးကြမ်းအိုးနှင့်

လက်ဖက်ညွှန့်နုနုလေးကိုဆီစိမ်းဆမ်းကာနှမ်းလေးဖြူး၍လာချပေးလေသည်။ကိုအောင်ကျော်နှင့်ကိုလှကြီးတို့သည်မောမောဖြင့်အခါးရည်မွှေးမွှေးကိုတဖူးဖူးမှုတ်သောက်ပြီးလက်ဖက်လေးစားလိုက်ရသဖြင့်ပန်းသမျှအနည်းငယ်ပြေသွားကြတော့သည်။

ခဏအကြာတွင်ရှမ်းအဖိုးအိုသည်အခန်းတွင်းမှပြန်ထွက်လာကာလက်ထဲတွင် ပိတ်စအနီဖြင့်ထုပ်ပိုးထားသောပစ္စည်းတစ်ခုကိုယူထွက်လာလေသည်။ထိုပစ္စည်းအား

ကိုစိုင်းနွန်ဖထံကမ်းပေးရာကိုစိုင်းနွန်ဖကအထပ်ထပ်

ထုတ်ပိုးထားသောပိတ်စအနီကိုဖြည်ချလိုက်သည်။ထိုပိတ်စအနီထဲတွင်မည်းနက်နေသောသေတ္တာလေးတစ်လုံးထွက်လာတော့သည်။

ကိုအောင်ကျော်လည်းထိုသေတ္တာလေးကိုထူးဆန်းသောပစ္စည်းဟုသိပ်မယုံကြည်လှပေ။စိတ်ထဲတွင်လည်းလာမိသည်မှာမှားလေစွဟုတွေးတောရင်းမမြကလေးနှင့်ကိုသစ်လွင်တို့၏မျက်နှာကိုတစ်လှည့်စီမြင်ယောင်လာမိနေသည်။ထိုစဉ် ...........။

" ကိုအောင်ကျော်ဒီသေတ္တာလေးပါခင်ဗျ"

ဟုဆိုကာစိုင်းနွန်ဖကလှမ်းပေးလာလေသည်။ကိုအောင်ကျော်လည်းစိတ်မပါလှပဲလှမ်းယူကာကြည့်လိုက်သည်။

သေတ္တာလေးမှာအလျားခြောက်လက်မ၊အနံသုံးလက်မ

ခန့်သာရှိပြီးသစ်နက်တစ်မျိုးဖြင့်ထွင်းထုထားသည်ကို

ဂရုတစိုက်ကြည့်မိလိုက်၏။

အပြင်ဖက်တွင်မိမိတို့နားမလည်သော ရုပ်ပုံများကိုဗျည်း

အက္ခရာဆန်ဆန်ကွေးကွေးကောက်ကောက်ဖြင့်ထွင်းထားလေသည်။ထိုသေတ္တာ၏ထူးခြားချက်မှာသော့မပါရှိပေ။သော့ခတ်ရန်ပတ္တာလည်းမပါချေ။ထိုသို့မပါရှိပါဘဲပိတ်ထားသောသေတ္တာကိုဖွင့်၍မရခြင်းဖြစ်သည်။

ကိုအောင်ကျော်သည်အားသန်သောသူဖြစ်၍ထိုသေတ္တာအဖုံးကိုအားဖြင့်ဆွဲဖွင့်သော်လည်း သေတ္တာမှာမည်သို့မျှ ဖွင့်မရဘဲရှိနေလေတော့သည်။ထိုအခါကိုစိုင်းနွန်ဖက ခပ်

တိုးတိုးလှမ်းပြောလေ၏။

"အောင်ကျော်ဒီသေတ္တာလေးကဘယ်လိုဖွင့်ဖွင့်မရဘူးဗျ..ကျွန်တော်တို့လည်းအမျိုးမျိုးစမ်းဖွင့်ပြီးပါပြီ..တစ်ခါတစ်ခါသေတ္တာကထားတဲ့နေရာမရှိဘဲနေရာလည်းရွေ့သွားတတ်သေးတယ်..သူ့ကိုမရွေ့စေချင်ရင်ပိတ်စအနီနဲ့ထုတ်ပိုးထားမှရတယ်ဗျ"

ကိုစိုင်းနွန်ဖ၏စကားကိုကြားသော်ကိုအောင်ကျော်သည်စိတ်ဝင်စားသွားပြီးထိုသေတ္တာလေးကိုဒီညလက်တွေ့စမ်းသပ်ကာ ဟုတ်မှန်သည်ဆိုလျှင်ဝယ်ယူလိုက်ရန်ဆုံးဖြတ်လိုက်လေတော့သည်။

" ကျွန်တော်ဒီညစမ်းသပ်လို့ရမလားဗျ "

" ဟာ..ရတာပေါ့ဗျာ.. စိတ်ကြိုက်စမ်းသပ်ပါခင်ဗျ.. "

ဤသို့ဖြင့်သဘောတူညီမှုရရှိသွားပြီးထိုညတွင်စမ်းသပ်ရန်ဆုံးဖြတ်လိုက်ကြတော့၏။ခဏကြာသော်ကိုစိုင်းနွန်ဖ၏ဇနီးကထမင်းပွဲပြင်ဆင်ပေးကာဧည့်ခံသဖြင့်ဗိုက်

ဆာဆာနှင့်မစားဖူးသောရှမ်းထမင်းဝိုင်းကိုစားကြလေသည်။ရှမ်းဆန်ဖြင့်ချက်ထားသောထမင်းပူပူကိုဝက်သားနှင့်မျှစ်ချဉ်ဟင်းရည်ချက်ကာငရုတ်သီးစပ်စပ်ပဲပုတ်ကြော်နှင့်မွှေးကြိုင်နေသည်တွင်ချောင်းငါးလတ်လတ်ကိုဆားနယ်ပြီးကြွပ်ကြွပ်ကြော်ထားသေးသည်။

ကိုအောင်ကျော်နှင့်ကိုလှကြီးလည်းထမင်းမြိန်သော

ကြောင့်ခေါင်းပင်မဖော်နိုင်ဘဲစားလေတော့သည်။ထမင်းစားပြီးအချိုတည်းရန်လိမ္မော်သီးများလည်းလာချပေးလေသည်။ညရောက်သောအခါသေတ္တာလေးနဘေးတွင်ဝိုင်းထိုင်ကာစောင့်ကြည့်ကြသည်။ည ၁၂ နာရီ

ခန့်အချိန်တွင်လူအများကြီးစောင့်ကြည့်နေစဉ်သေတ္တာလေးသည်တရွေ့ရွေ့၊ရွေ့လျားလာနေသည်ကိုမျက်မြင်တွေ့လိုက်ရသဖြင့် အနည်းငယ်အံ့ဩသွားတော့၏။

ကိုအောင်ကျော်လည်းအံ့ဩစွာကြည့်နေစဉ်ထိုသေတ္တာလေးသည်ဟိုဖက်ရွေ့လိုက်ဒီဖက်ရွေ့လိုက်ဖြင့်ရွေ့သွားပြီးတံခါးဖက်ဆီသို့သွားနေသည်ကိုတွေ့ရလေသည်။

ကိုစိုင်းနွန်ဖလည်းပိတ်စအနီကိုယူကာလျှင်မြန်စွာအုပ်လိုက်ပြီးပြန်ထုတ်ပိုးထားလိုက်သည်။ကိုအောင်ကျော်

သည်မျက်မြင်တွေ့ရပြီမို့ကျေနပ်ကာထိုသေတ္တာအားဝယ်ရန်ဆုံးဖြတ်လိုက်လေတော့သည်။

၀ယ်ယူရန်ဈေးမေးမြန်းကြည့်ရာကိုစိုင်းနွန်ဖကငွေစင်

တစ်ရာ့ငါးဆယ်ဟုတောင်းလေ၏။ကိုအောင်ကျော်မှာငွေ

တစ်ရာ့ငါးဆယ်ဆိုသည်ကိုတတ်နိုင်သော်လည်းရောင်းသူတစ်ဆယ်ဝယ်သူငါးကျပ်ဟူသောစကားအတိုင်းငွေစင်

ငါးဆယ်ဈေးဆစ်လေသည်။ထိုအခါကိုစိုင်းနွန်ဖကမနက်မှအဖိုးကိုမေးပေးမည်ဟုဆိုကာအိပ်ယာဝင်ကြလေတော့သည်။

မနက်သို့ရောက်သော်မနက်စာထမင်းကြော်နှင့်ရေနွေး

ကြမ်းကိုသောက်ကာညကဈေးစကားကိုဆက်ပြောကြလေသည်။ကိုစိုင်းနွန်ဖကရှမ်းဘာသာဖြင့်အဖိုးကိုပြန်

လည်ပြောပြရာအဖိုးအိုမှခေါင်းခါပြီးမရဟုဆိုသော

ကြောင့်တစ်ဆင့်ချင်းတိုးပေးရင်းဖြင့်ငွေစင်တစ်ရာနှင့်ဈေးတည့်သွားရသည်။

ကိုအောင်ကျော်လည်းငွေတစ်ရာအားအဖိုးထံပေးစဉ်အဖိုးအိုမှရှမ်းဘာသာဖြင့်တစ်စုံတစ်ရာကိုပြောလေသော်

ကိုစိုင်းနွန်ဖကမျက်နှာအနည်းငယ်ပျက်သွားပြီးချက်ချင်းမျက်နှာပြန်ပြင်ကာအဖိုးမှလမ်းခရီးတွင်ဖြောင့်ဖြူးပါစေကြောင်းဆုမွန်ကောင်းတောင်းပေးခြင်းဖြစ်သည်ဟုပြန်

လည်ကာပြောလေသည်။ကိုအောင်ကျော်လည်းအဖိုးသည်လည်းအသက်ရာကျော်ရှည်ပါစေဟုပြန်လည်ဆုတောင်းပေးကာအိတ်ထဲသို့သေတ္တာအားထည့်လိုက်

တော့သည်။

ထိုသေတ္တာလေးအားအိမ်ရောက်လျှင်ရအောင်ဖွင့်မည်ဟုကို အောင်ကျော် စိတ်ကူးထား၏။ကိုစိုင်းနွန်ဖတို့လည်းကိုအောင်ကျော်နှင့်ကိုလှကြီးအားလာကြိုစဉ်အခါကကဲ့သို့ပင်မြင်းများဖြင့်ဘူတာရုံသို့လိုက်ပို့ပေးကြသည်။

ဘူတာရုံတွင်အနည်းငယ်စောင့်ပြီးရထားဆိုက်သဖြင့်အဆင်သင့်ကာကိုစိုင်းနွန်ဖတို့အားနှုတ်ဆက်၍ပြန်ခဲ့ကြလေ၏။လမ်းခရီးတွင်ကိုအောင်ကျော်သည်လာစဉ်အခါ

ကကဲ့သို့မဟုတ်ပဲတက်ကြွနေလေသည်။မိမိ၏နေရပ်သို့အမြန်ပြန်ရောက်ချင်နေကာစကားများလည်းရွှန်းရွှန်းဝေပြောနေတော့သည်။ဤသို့ဖြင့်ရထားဆိုက်ရောက်ကာ၄င်းတို့၏မြို့သို့ပြန်ရောက်လာလေတော့သည်။

" ဒါကိုလှကြီးအတွက် "

ကိုအောင်ကျော်မှ ကိုလှကြီးအား ငွေ ၂၀ကျပ်ကို ကမ်း

ပေးလိုက်သည်။ ကိုလှကြီးလည်း အလျှင်အမြန်ယူပြီး

အိတ်ကပ်ထဲထည့်ကာသဘောကျပြီးပြုံးဖြီးနေတော့၏။

" ကိုအောင်ကျော်ခင်ဗျားသေတ္တာကြီးဟာရတနာသေတ္တာများဖြစ်ခဲ့ရင်ကျွန်တော့ကိုလည်းမေ့မသွားနဲ့ဦးဗျ ဟား...ဟား ...."

" ဘယ်မေ့လို့ဖြစ်မလဲကိုလှကြီးရာ..စိတ်သာချပြီးဖြစ်ပါစေလို့သာဆုတောင်းပေတော့ဗျို့"

ထိုသို့ဖြင့်ဘူတာရုံမှလန်ချားနှစ်စီးငှားကာတစ်ယောက်တစ်စီးဖြင့်ထိုနေရာ၌ပင်နှစ်ယောက်သားလမ်းခွဲပြီးကိုယ်စီကိုယ်ငှမိမိတို့အိမ်သို့ပြန်လာကြလေသည်။

အိမ်သို့ရောက်သော်ကိုအောင်ကျော်၏ဖခင်ဦးသင်းအောင်ကရုံးမှနေ့လည်စာပြန်စားချိန်နှင့်ဆုံသော်

ကိုအောင်ကျော်အားနှုတ်မဆက်ဘဲနေလေသည်။

သားဖြစ်သူ၏အရည်မရအဖတ်မရအလုပ်အတွက်စိတ်

အနည်းငယ်ဆိုးနေသော်လည်းမည်သို့မျှတားမရသဖြင့်လွှတ်ပေးထားဟန်တူသည်။ကိုအောင်ကျော်၏မိခင်ဒေါ်မေတင်ကမူခဏတာခွဲရသည်ကိုတစ်ဘဝဝေးနေရသကဲ့သို့ထင်မှတ်ကာသည်းသည်းလှုပ်နေလေတော့သည်။

ကိုအောင်ကျော်လည်းအနားယူရင်းမိခင်ပြင်ဆင်ပေးသောထမင်းပွဲကိုအားပါးတရစားရင်းဖြင့်ရှမ်းပြည်ခရီး

စဉ်အားမမောနိုင်မပန်းနိုင်စီကာပတ်ကုံးပြောပြနေ

လေ၏။

ဒေါ်မေတင်ကလည်းသားပြောသမျှခေါင်းတညိမ့်ညိမ့်ဖြင့်တအံ့တဩနားထောင်ကာသားအမိနှစ်ယောက်အတိုင်

အဖောက်ညီနေလေတော့သည်။ဦးသင်းအောင်လည်းစိတ်တိုင်းကျမဖြစ်ခဲ့ရသောသားကိုသက်ပြင်းသာတွင်

တွင်ချကာတစ်ချက်ကြည့်ရင်းရုံးသို့ထွက်လာခဲ့ချေ

သည်။ကိုအောင်ကျော်တို့သားအမိလည်းအိမ်ရှေ့မှကားစက်သံကြားမှဦးသင်းအောင်ထွက်သွားမှန်းသိလိုက်ကြ

ပြီးဒေါ်မေတင်မှာမျက်နှာမဲ့ကာဖြင့်မေးငေါ့ပြနေ

တော့သညျ။

သားဖြစ်သူအပေါ်မနွေးထွေးသောဦးသင်းအောင်ကိုအလိုမကျသော်လည်းကြောက်ရသဖြင့်ပေါ်ပေါ်တင်တင်မပြောရဲပေ။ဦးသင်းအောင်ကလည်းခပ်တင်းတင်းပင်။ထို့သို့သောကြောင့်ဦးသင်းအောင်သည်မိသားစုအပေါ်မပျော်ရွှင်တော့ပဲအလုပ်ထဲတွင်သာစိတ်နှစ်ထားလေတော့သည်။

ညအချိန်သို့ရောက်လာသောအခါကိုအောင်ကျော်သည်သေတ္တာလေးကိုအိပ်ခန်းအတွင်းသို့ယူဆောင်လာကာဖွင့်ကြည့်လေသည်။စမ်းသပ်စဉ်ကအတိုင်းပင်သေတ္တာအား

ဖွင့်မရဘဲရှိနေပြန်၏။ကြိုးစားပမ်းစားဖြင့်ဖွင့်လိုက်၊မည်သို့ဖွင့်ရမည်ကိုစဉ်းစားလိုက်ဖြင့်မှန်အိမ်မှရေနံဆီလည်းကုန်ခမ်းစပြုလာလေပြီ။

ကိုအောင်ကျော်လည်းအိမ်အောက်ထပ်သို့ဆင်းကာရေနံဆီအနည်းငယ်ကိုယူလာပြီးဓါးအသေးတစ်ချောင်း

ပါယူလာလိုက်လေသည်။ထိုဓါးအချွန်ဖြင့်ဖွင့်လျှင်ရကောင်းရလိမ့်မည်ဟုတွေးတောကာအခန်းတွင်းသို့

ရောက်သော်ရေနံဆီအားဖြည့်လိုက်သည်။ရေနံဆီမီးအိမ်

မှမီးစာကိုလှည့်တင်လိုက်ပြီးသေတ္တာအားပိုမိုမြင်သာရန်အနီးအနားတွင်ထားလိုက်လေသည်။

မီးအလင်းရောင်ဖြင့်သေတ္တာအဖုံးအားထင်ရှားစွာမြင်လာရပြီးဓါးဦးချွန်ဖြင့်ထိုးဖွင့်လေ၏။တစ်ကြိမ်ပြီးတစ်ကြိမ်ထိုးဖွင့်လေသော်ဖွင့်မရရှိလေရာစိတ်ဆတ်လှသောကိုအောင်ကျော်သည်စိတ်အနည်းငယ်တိုလာပြီးဒေါသဖြင့်သေတ္တာအဖုံးအားဓါးဦးချွန်နှင့်ပင့်ထိုးလိုက်တော့သည်။

" အား.....သကှော"

ကိုအောင်ကျော်၏ဘယ်လက်ကိုဓါးကရှမိသွားသဖြင့်သွေးများအလိမ်းလိမ်းထွက်ပြီးထိုသေတ္တာပေါ်သို့ပေကျံသွားခဲ့သည်။ကိုအောင်ကျော်လည်းပေကျံသွားသောသွေးများကိုငုံ့ကြည့်နေစဉ်ထူးဆန်းသောအဖြစ်သနစ်ကြောင့်တအံ့တဩဖြစ်သွားရတော့သည်။ကိုအောင်ကျော်၏သွေးများသည်သေတ္တာပေါ်သို့ကျသော်လည်းသေတ္တာပေါ်မှ၄င်း၏သွေးများသည်တဖြည်းဖြည်းပျောက်ကွယ်ကာထိုသေတ္တာမှစုပ်ယူသကဲ့သို့ရှာမတွေ့တော့ချေ။

ကိုအောင်ကျော်လည်းစူးစိုက်ကြည့်နေမိစဉ်ထိုသေတ္တာလေးသည်တဖြည်းဖြည်းလှုပ်ခတ်လာကသေတ္တာ၏အဖုံးလေးသည်တရွေ့ရွေ့ပွင့်လာပြီးမီးခိုးငွေ့များနှင့်အတူ

အနီရောင်အလင်းရောင်လေးလည်းတဖျပ်ဖျပ်လင်းလင်းလာနေသည်ကိုတွေ့လိုက်ရလေတော့သည်။

တပြိုင်နက်တည်းပင်ကိုအောင်ကျော်သည်ဆံပင်မွှေးများလည်းထောင်၊ ကြက်သီးများလည်းထ၊ ချမ်းအေးလာပြီးကျောရိုးထဲစိမ့်လာခြင်းအသိကိုခံစားမိလိုက်ေလသည်။

ထို့နောက်သေတ္တာအဖုံးလေးသည်လျှပ်တပြက်ဖျတ်ခနဲပွင့်သွားပြီးအမျိုးအမည်မသိသောကြောက်ရွံ့မှုတစ်ခုကိုပါ သိရှိခံစားမိလိုက်ေတာ့၏။

ကိုအောင်ကျော်သည်မိမိ၏စိတ်ကိုတည်ငြိမ်အောင်ထိန်းကာလက်မှဓါးရှထားသောဒဏ်ရာအားမျက်နှာသုတ်ပုဝါဖြင့်သုတ်လိုက်ပြီးသေတ္တာတွင်းသို့ကြည့်လေသော်သေတ္တာတွင်းတွင်ခပ်နွမ်းနွမ်းစာအုပ်တစ်အုပ်မှလွဲ၍

မည်သည်မျှမတွေ့ရပေ။ကိုအောင်ကျော်လည်းထိုစာအုပ်ကိုယူကာဖတ်ကြည့်ရန်မီးအိမ်ကိုအနားသို့တိုးကပ်လိုက်

သည်။

စာအုပ်လေးသည်အတော်နွမ်းနေပြီမို့ကြေမွသွားမည်ကိုပင်စိုးထိတ်လိုက်မိသေးသည်။စာအုပ်အတွင်းသို့ဖွင့်ကြည့်သော်မိမိနားမလည်သောရုပ်ပုံများဖြင့်ရေးသားထားသည်ကိုထပ်မံတွေ့ရှိရပြန်သည်။ထိုအခါမှကိုအောင်ကျော်လည်းစိတ်ပျက်လက်ပျက်ဖြစ်သွားကာကုလားထိုင်

နောက်မှီကိုမှီလိုက်ရင်းမျက်နှာအပေါ်သို့မော့၍သက်ပြင်းရှည်ကြီးကိုမှုတ်ထုတ်လိုက်ေလသည်။

ထိုသေတ္တာလေးသည်ယခုကဲ့သို့ပွင့်သွားပြီးနေရာမှရွေ့သွားခြင်းရှိနေဦးမည်လားဟုစောင့်ကြည့်ရန်နေပြီး ရွေ့

သွားပါက ပိတ်စအနီဖြင့်ဖမ်းမည်ဟုတေးထား၏။ ထို့

နောက်စာအုပ်တွင်းမှစာများကမည်သည်ကိုညွှန်းဆို

သည်ကိုလေ့လာကြည့်နေလိုက်သည်။ ကိုအောင်ကျော်

သည်သေတ္တာအားဆက်လက်စောင့်ကြည့်နေလေရာည (၁၂ )နာရီထိုးလာခဲ့သည်။

မမှိတ်မသုန်စူးစိုက်ကာကြည့်နေသော်လည်းသေတ္တာသည်မည်သို့မျှရွေ့လျားလာခြင်းမရှိတော့ပေ။ကိုအောင်ကျော်လည်းစိတ်ပျက်လက်ပျက်ဖြစ်ကာသေတ္တာအားပြန်လည်ပိတ်လိုက်သည့်အခါထိုသေတ္တာသည်ထူးဆန်းစွာပိတ်၍

မရပြန်ချေ။ထိုသို့မိမိစိတ်တိုင်းကျဖွင့်၍ပိတ်၍မရသော

၄င်းသေတ္တာအားဒေါသထွက်လာကာစိတ်မရှည်ချင်

တော့။

အခကြေးငွေသုံး၍ဝယ်ယူလာခဲ့သော်လည်းစိတ်တိုလာကာထိုသေတ္တာအားနံရံသိုပစ်ပေါက်ရန်ကိုင်မြှောက်လိုက်

သည့်အခါတစ်နေရာသို့အကြည့်ရောက်သွားလေတော့

သည်။ထိုနေရာသည်ကိုအောင်ကျော်၏အရိပ်ရှိရာနေရာပင်ဖြစ်သည်။မီးအိမ်မှအလင်းကြောင့်အရိပ်ထင်သည်မှာမှန်သော်လည်းယခုကိုအောင်ကျော်၏အရိပ်သည်

ကိုအောင်ကျော်ဖြစ်မနေပေ။

အရိပ်ထဲမှလူသည်ဦးထုပ်ချွန်ချွန်ဆောင်းထားပြီး

နှာယောင်ကောက်ကောက်ဖြင့်အတော်အရုပ်ဆိုးမည့်

သဏ္ဍာန်ရှိလေသည်။သူ၏လက်များကလည်းလက်သည်းရှည်ကြီးများဖြင့်မကောင်းဆိုးဝါးတစ်ကောင်နှယ်ေချာက်

ချားဖွယ်အတိပင်။အရိပ်တွင်းမှာပင်အလွန်ရုပ်ဆိုးမည့်ပုံ

ပေါ်နေသောထိုသူအားမိမိအခန်းအတွင်းမည်သို့မည်ပုံရောက်နေသည်ကို တွေးတောမရနိုင်ဘဲရုတ်တရက်တွေဝေသွားကာအခန်းတွင်း၌သူခိုးကပ်နေသည်ဟုယူဆမိပြီးလိုက်လံရှာဖွေကြည့်နေတော့သည်။သို့သော်လည်းထိုအရိပ်သည်မိမိ၏အနားမှာသာပေါ်နေပြီးသူစိမ်းတရံမည်သူမျှလည်းအခန်းတွင်းရှိမနေချေ။

ထိုအခါမှကိုအောင်ကျော်သည်အလွန်ထိတ်လန့်လာပြီးမိမိ၏လက်ကိုမြှောက်ကြည့်ရာထိုအရိပ်သည်လည်းလိုက်လံမြှောက်လာသည်။ခြေထောက်မြှောက်ကြည့်ရာတွင်လည်းမိမိ၏အရိပ်ကဲ့သို့ပင်လှုပ်ရှားနေသည်ကိုတွေ့လိုက်ရသော်တစ်ခုခုကိုစဉ်းစားမိပြီးခေါင်းနဘန်းကြီးသွားရလေတော့သည်။

လျှင်မြန်စွာဖြင့်ကြည့်မှန်သို့သွားကာမိမိ၏မျက်နှာကို

ကြည့်လိုက်သည်။မိမိ၏မျက်နှာသည်အရိပ်ထဲမှသူပုံသဏ္ဍာန်ဖြစ်ပေါ်နေမည်လားဟုထိတ်လန့်မိသည်တော့

အမှန်။ သို့သော်နဂိုမူလအတိုင်းမည်သို့မျှမပြောင်းလဲ

သဖြင့်အနည်းငယ်စိတ်အေးသွားခဲ့ရသော်လည်း

ကိုအောင်ကျော်၏အရိပ်အစစ်အမှန်သည်ပျောက်ဆုံးသွားရလေပြီ။

ဆက်လက်ဖော်ပြပါမည်။

သော်တာလမင်းစန္ဒာ

#lotaya_shortstory


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..