
                                                                                                        " အဖေရာ... သူ့ခြံထဲမှာ မြုပ်ထားတာပါဆိုမှ... သူမခိုး 
လို့ဘယ်သူရှိဦးမလဲ "  
" မဟုတ်သေးဘူး... သူ့ခြံထဲတွေ့တိုင်းသူကခိုးပါတယ် 
လို့တထစ်ချမှတ်ယူလို့မရဘူးကွ ... သူခိုးက ပစ္စည်းခိုး 
ပြီး လူရိပ်လူရောင်တွေ့လို့နေရာမှတ်ပြီးမြုပ်ခဲ့တာလည်း 
ဖြစ်နိုင်သေးတယ်...ဒါမှမဟုတ် ချောက်ချချင်တဲ့သူ 
တစ်ယောက်ယောက်ကလုပ်ကြံတာလည်းဖြစ်နိုင်တာ 
ပဲ..."  
ဦးသင်းအောင်စကားကြောင့် ကိုအောင်ကျော်မျက်နှာ 
တစ်ချက်ပျက်သွားရသည်။ သို့သော်ချက်ချင်းပြန် 
ထိန်းလိုက်နိုင်ခဲ့၏။  
" မိသွားပြီဆိုဟုတ်လားသား... "  
ဒေါ်သိန်းတင်ကအိမ်အပေါ်ထပ်မှဆင်းလာကာမေးလိုက် 
သဖြင့် ကိုအောင်ကျော်လည်းအနည်းငယ်အားတက်လာ 
လေသည်။  
" မိသွားပြီအမေ... ကိုသစ်လွင်ခြံထဲတွေ့တာ "  
" အလိုလေး... ဘယ်လိုမှထင်ရက်စရာမရှိတဲ့သူဖြစ်နေ 
ပါပကောလား ... "  
" တိတ်တိတ်နေကြစမ်းပါဦး ... ဘယ်လိုပဲတွေးတွေး 
ဒီကိစ္စကမဖြစ်နိုင်တာချည်းပဲ "  
" ဘာကိုမဖြစ်နိုင်တာလဲအဖေကြီးရဲ့ "  
" စဉ်းစားကြည့်ကွာ ... ပထမဆုံးတစ်ချက်က မောင် 
သစ်လွင်က ငါ့ရုံးမှာအလုပ်ဝင်နေတာကြာလှနေပြီ... 
သူ့အကြောင်းကိုငါအသိဆုံး... သူများပစ္စည်းခိုးဖို့ 
မပြောနဲ့ ရုံးမှာအမှုသည်တွေက မုန့်ဖိုးပဲဖိုးလေးပေး 
တာတောင် ယူရဲတဲ့သူမဟုတ်ဘူး "  
" အဖေကလည်း ဒါကအပေါ်ယံအခြေအနေမှတ်လား... 
သူအခုမိန်းမတောင်းဖို့ ငွေလိုနေတာအဖေမှမသိတာ"  
" ဟ ... မိန်းမတောင်းဖို့ဆိုရအောင် သူတောင်းမှာက 
ဘယ်သူမလို့တုန်း "  
" ဦးသာလွန်သမီး မမြကလေးပေါ့ "  
" အော် ဦးသာလွန်သမီးလေးလား... ကလေးမလေးက 
ရိုးပုံရသား...အဖေကြီးမြင်ဖူးတယ်မလား "  
" တခါလားတွေ့ဖူးတယ်... နေပါဦး... အဲ့ဒီကလေးမ 
ဆိုရင် ပိုလို့မဖြစ်နိုင်သေးဘူး... သာမာန်မိန်းကလေးကို 
တောင်းရမ်းတာ ငွေဘယ်လောက်ကုန်မှာမလို့လဲ ... သူ့လ 
ခ တစ်လစာသုံးရင်တောင် ဧည့်ခံပွဲလုပ်လို့ရနေတာပဲ 
ဘာမှခိုးနေစရာမလိုဘူး "  
ဦးသင်းအောင်မှာသူ့တပည့်အတွက် ယခုအမှုကိစ္စအား 
ပို၍စိတ်ဝင်စားနေပုံရလေသည်။  
" နောက်တစ်ချက်က မောင်သစ်လွင်ဟာ လူရိုးလူအေး... 
ဘာမှ မလှည့်ပတ် မလိမ်တတ်ဘူး ... နောက်ဆုံးအချက် 
ကတော့ အရေးအကြီးဆုံးပဲ ... ဦးသောင်းကတော်ဘယက် 
ကိုခိုးယူရအောင် ဒေါ်သိန်းတင်ဆီမှာ ဒီစိန်ဘယက်ရှိတာ 
ဘယ်သူ့မှမသိသေးဘူး ... "  
" ဗျာ ... မဟုတ်လောက်ပါဘူးအဖေရာ "  
ကိုအောင်ကျော်မှာရင်ထဲထိတ်သွားမိသည်။  
" ဟ... သူတို့အမှုဖွင့်တာ ငါကိုယ်တိုင်လုပ်ပေးခဲ့တာ... 
ဒီဘယက်ကို ရှေ့တစ်ရက်ကမှပန်းထိမ်ကယူလာတာ... 
ဦးသောင်းတို့လင်မယားနဲ့ ပန်းထိမ်အိမ်နဲ့ကလွဲပြီးဘယ်သူ 
မှသိကြသေးတာမဟုတ်ဘူး... ဒေါ်သိန်းတင်ကလည်း 
ဘယက်ကလေးကို သိမ်ရေစက်ချပွဲဝတ်ဖို့ ခတ်ခိုင်းထား 
ခဲ့တာ ... ဒီဘယက်ရှိမှန်းမောင်သစ်လွင်ကဘယ်နှယ့်သိ 
လိမ့်မတုန်း "  
" အလို ... အဖေကြီးပြောပုံအရဆိုရင် သူခိုးကလွတ် 
နေပြီပေါ့ ... မောင်သစ်လွင်လေးသနားစရာပါလား... 
တတ်နိုင်သမျှအမှုကလွတ်အောင်ကယ်ပေးလိုက်ပါ 
အဖေကြီးရယ် "  
မိဘများအတိုင်အဖောက်ညီညီ ကိုသစ်လွင်ဘက်မှ 
ကာဆီးပြောပေးနေကြသဖြင့် ကိုအောင်ကျော်စိတ်ညိုး 
နွမ်းလာခဲ့သည်။  
" အဲ့ဒါတွေမသိဘူး... သူ့အိမ်မှာတွေ့တာ သူပဲခိုးထား 
လို့ပေါ့... ဒီထက်ရှင်းတာဘာမှမရှိတော့ဘူး "  
ကိုအောင်ကျော်လည်းစကားပြတ်ပြတ်ပြောပြီး အိမ်ပေါ်တက်လာခဲ့တော့သည်။ အိမ်ပြန်စဉ်ကကြည်လင်နေသော 
စိတ်လည်း ဖခင်နှင့်တွေ့မှ နောက်ကျိသွားရလေသည်။  
" အဖေကတော်ရုံယုံမှာမဟုတ်ဘူး... ဘယ်နှယ့်လုပ်ရ 
ပါ့မလဲ... သက်သေမခိုင်လို့ ပြန်လွှတ်ပေးရင်ခက်ပြီ "  
ထိုသို့တွေးရင်း စိတ်အပူကြီးပူလာမိလေသည်။  
" မဖြစ်ဘူး.. ကြံစမ်း .. ဒီကောင်ပြန်လွတ်လာလို့မဖြစ် 
ဘူး... "  
အခန်းထဲ တောင်လျှောက်လိုက်၊ မြောက်လျှောက်လိုက် 
နှင့် ဂဏှာမငြိမ်ဖြစ်နေ၏။ တစ်ညလုံးမအိပ်နိုင်ဘဲ အကြံ 
သာထုတ်နေမိသည်။  
ည ၁၂ နာရီအချိန်သို့ရောက်လာသောအခါ ကိုအောင် 
ကျော်တစ်ကိုယ်လုံး လှုပ်၍မရသလိုဖြစ်လာပြီး ဦး 
ခေါင်းထဲတူဖြင့်ထုထားသလို ထိုးကိုက်လာလေတော့ 
သည်။  
" အား "  
ခေါင်းကိုလက်နှင့်ဖိထားရင်း ကုတင်ပေါ်လူးလှိမ့်နေ 
မိ၏။ သူ၏မျက်လုံးများမှာတဖြည်းဖြည်းနီရဲလာပြီး 
နှာယောင်ကောက်ကောက်ကြီးက ပေါ်ထွက်လာခဲ့တော့ 
သည်။  
" ငါ့ကိုယ်ထဲကထွက်သွားစမ်း "  
ကိုအောင်ကျော်မည်သို့ပင်အော်ဟစ်ပါစေ၊ ပါးစပ်မှ 
အသံမထွက်လာပေ။ မိနစ်ပိုင်းလေးအတွင်းမှာပင် သူ၏ 
ပုံသဏ္ဍာန်က အခြားသူတစ်ယောက်နှယ်ပြောင်းလဲသွား 
ခဲ့လေပြီ။  
ကိုအောင်ကျော်မှာ မိမိကိုယ်ကို အံ့ဩမဆုံးနိုင်ချေ။ 
သူခံစားမိနသေညျက အခွားသူ၏ခန်ဓာကိုယျထဲ သူ 
ရောက်နေသကဲ့သို့ခံစားနေရသည်။ ယခုခန္ဓာကိုယ်မှာသူ 
မဟုတ်နေတော့ချေ။  
" ဘုရားကယ်ပါ ... ဘာတွေဖြစ်ကုန်ပါလိမ့် "  
ရင်ထဲတဒိန်းဒိန်းတုန်လှုပ်ရင်း အလွန်ပင်ထိတ်လန့်မိ 
နေသည်။ ကိုအောင်ကျော်၏ခန္ဓာကိုယ်ကြီးသည် ကု 
တင်ပေါ်မှ လှုပ်ကာရမ်းကာဖြင့် အခန်းထောင့်နံရံရှိ ကြည့် 
မှန်ရှေ့သို့တရွေ့ရွေ့ ရွေ့လျားသွားနေသည်။ ကြည့်မှန် 
ရှေ့တည့်တည့်ရောက်လျှင် ကိုအောင်ကျော်မှာသူ၏မျက် 
လုံးကိုပင်မယုံနိုင်သကဲ့သို့ဖြစ်သွားတော့သည်။  
မှန်ထဲပေါ်နေသောသူ၏ပုံမှာ ကိုအောင်ကျော်မဟုတ် 
တော့ချေ။ သေတ္တာပွင့်သွားစဉ်က ေတွ့လိုက်ရသော 
အရိပ်မည်း၊ တနည်းဆိုရလျှင် မျက်လုံးခပ်ပြူးပြူး၊ 
နှာယောင်ကောက်ကောက်နှင့် အသားညိုညို လူတစ်ယောက်အဖြစ်ပြောင်းလဲသွားခဲ့ချေပြီ။  
ထိုသူက မှန်ကိုကြည့်ကာ ပြုံးလိုက်သည့်ပုံမှာ ကိုအောင် 
ကျော်တစ်သက်မေ့နိုင်ဖွယ်ရာမရှိ၊ အေးစက်စက်နှင့် 
ကြောက်မက်ဖွယ်အတိပင်။ ထိုသူသည် အခန်းတံခါး 
ကို ခပ်အေးအေးပင်ဆွဲဖွင့်လိုက်သည်။  
ထို့နောက် လှေကားအောက်သို့ဆင်းလာသည်။ တစ်အိမ် 
လုံးအိပ်မောကျနေကြသဖြင့်လည်း ထိုသို့ပြုမူနေသည် 
လားမပြောနိုင်ပေ။ ခြံအပြင်ဖက်သို့ထွက်လာပြီး လျှင်မြန် 
သောအဟုန်ဖြင့်လမ်းလျှောက်သွားနေ၏။  
" ဟေ့အကောင် ... ခုရပ်စမ်း ... ငါ့ခန္ဓာကိုယ်ကငါ့ 
အပိုင်... ငါ့ကိုအသုံးချနေတာခုရပ် "  
ကိုအောင်ကျော် အော်ဟစ်ရသည်ကသာမောပေမည်။ 
ကပ်ပါးကောင်မှာ စိုးစဉ်းမျှဂရုမစိုက်ချေ။ မကြာမီ 
ကိုသစ်လွင်ကိုချုပ်ထားသော ဂါတ်ရှေ့သို့ရောက်လာ 
ခဲ့တော့သည်။  
ဂါတ်ရှေ့တွင် အစောင့်ပုလိပ်နှစ်ယောက်မှာ ဆေးလိပ် 
သောက်ရင်းစကားပြောနေကြသည်။ လူရိပ်မြင်သည့် 
အခါ လှမ်းအော်လိုက်၏။ သို့သော် အော်သံပင်မဆုံး 
လိုက်ပေ။ ထိုကပ်ပါးကောင်သည် ပုလိပ်နှစ်ယောက် 
ကို တစ်ချက်စီရိုက်နှက်ပစ်သည့်အခါ ပုလိပ်နှစ်ယောက် 
လည်း ကင်းတဲရှေ့၌ မေ့မျောသွားလေသည်။  
ထို့နောက် ဂါတ်ထဲသို့အေးအေးဆေးဆေးပင် ဝင်သွား 
ခေသည်။ အခြားပုလိပ်အစောင့်များကိုလည်း ထိုနည်း 
အတိုင်းရိုက်နှက်ခဲ့ပြန်၏။ ပြီးနောက် သက်သေခံပစ္စည်း 
များထားရာအခန်းမှသော့ကိုလက်နှင့်အသာလေးဆွဲ 
ဖြုတ်လိုက်ပြီး အခန်းထဲဝင်ကာ စိန်ဘယက်၊ မမြကလေး 
လက်ဝတ်လက်စားများအပြင်အခြားသော ရတနာများပါ 
ယူလိုက်တော့သည်။  
ကပ်ပါးကောင်လှုပ်ရှားသမျှမြင်တွေ့နေရသော ကို 
အောင်ကျော်မှာ အားအင်ပင်ကုန်ခမ်းလာခဲ့၏။ ယခု 
ကိစ္စကိုမည်သို့ဖြေရှင်းရမည်ကိုပင် စဉ်းစားမရနိုင်တော့ 
ချေ။ ကပ်ပါးကောင်မှာတော့ ရတနာများယူပြီး 
ကိုအောင်ကျော်၏အိမ်သို့ပြန်လာခဲ့လေသည်။  
ထို့နောက် အခန်းထဲရှိစားပွဲခုံပေါ်သို့ ယူလာသမျှပစ္စည်း 
များကိုတင်ကာ ကုတင်ပေါ်လှဲပြီးအိပ်စက်လိုက်သည်။ 
ကိုအောင်ကျော်သည်လည်း မျက်လုံးစင်းလာပြီး အိပ် 
ပျော်သွားလေတော့၏။  
နားထဲအသံဆူဆူညံညံကြားနေရသဖြင့် ကိုအောင် 
ကျော်လန့်နိုးလာခဲ့သည်။ အိမ်အောက်ထပ်တွင် လူ 
အချို့၏စကားသံများကနားထဲတိုးဝင်လာသည်။  
" သူခိုးက ဂါတ်ထဲအထိဝင်ခိုးသွားတာတော့ အတော် 
အတင့်ရဲသွားပြီဆရာကြီး... ပုလိပ်တွေကိုပါရိုက်သွား 
တာတော်တော်လေးကိုဆိုးတယ်ခင်ဗျ "  
" ဒီသတင်းအပြင်မပေါက်ကြားစေနဲ့ဦး ... ငါအခုပဲ 
လိုက်ခဲ့မယ် ... မောင်ရင်တို့သွားနှင့်ကြ "  
" အော် ... အဖေကြီး ... မနက်စာလေးတော့စားသွား 
ပါဦး "  
" မစားတော့ဘူး ... အရေးကြီးတယ် ... "  
" ခက်ပါဘိတော် "  
ဒေါ်မေတင်ကတပျစ်တောက်တောက်ရွတ်ရင်းကျန်ခဲ့ 
လေသည်။ ကိုအောင်ကျော်လည်း အလန့်တကြားထကာ 
စားပွဲခုံပေါ်သို့ကြည့်လိုက်၏။  
ရတနာများမှာ ညကတင်ထားသည့်အတိုင်းရှိနေဆဲပင်။ 
မှန်ရှိရာသို့အပြေးသွားကြည့်ပြန်သည်။ ညကပြောင်း 
လဲသွားသော ကပ်ပါးကောင်၏သွင်ပြင်များမရှိတော့ 
ဘဲ နဂိုမူလကိုအောင်ကျော်၏ရုပ်သွင်ပြင်ဖြစ်နေသ 
ဖြင့် ရင်ထဲအလုံးကြီးကျသွားရ၏။  
" သားငယ်ရေ "  
ဒေါ်မေတင်ကမပြောမဆို အခန်းတံခါးဆွဲဖွင့်လိုက်သ 
ဖြင့် ကိုအောင်ကျော်တကိုယ်လုံးတုန်လှုပ်သွားကာ တံ 
ခါးကိုအထဲမှအမြန်ပြန်ဆွဲထားရသည်။  
" ဘာလဲအမေရ... ဒီမှာသားအဝတ်လဲနေတာ ... မပြော 
မဆိုအခန်းထဲမဝင်ပါနဲ့ဆိုဗျာ "  
" အမလေးတော် ... ကိုယ့်အမေဝင်တာပဲ သူစိမ်းဝင်တာ 
ကျလို့ "  
" ကျွန်တော်ကလူပျိုဖြစ်နေပြီဗျ ... အခန်းထဲဇွတ်ဇတ် 
ဝင်တာမကောင်းပါဘူး "  
" အေးပါကိုလူပျိုရယ်... မနက်စာစားမယ် ဆင်းလာ 
ခဲ့ချေတော့ ... ပင့်ဖိတ်ပါရဲ့ "  
ထိုသို့ပြောပြီးပြန်ဆင်းသွားမှ ကိုအောင်ကျော်သက်ပြင်း 
ချနိုင်တော့သည်။ တံခါးမင်းတုံးကိုအမြန်ပိတ်ပြီး ရတနာ 
များအားပုဆိုးတစ်ထည်ဖြင့်ထုပ်ပိုးလိုက်၏။  
" ဒါတွေဘယ်နားထားရမလဲ ... "  
ကိုအောင်ကျော်မှာမကြံတတ်အောင်ဖြစ်နေချေပြီ။ ထို့ 
အပြင် ညကကိစ္စအတွက် စနည်းနာရန် အရေးကြီးနေပြီဖြစ်၍ ခြေလက်မျက်နှာဆေး၊ အဝတ်လဲကာ 
မနက်စာပင်မစားတော့ဘဲ ရတနာထုပ်ကိုယူပြီးအမြန်ထွက်လာခဲ့တော့၏။ ထို့နောက် ထိုအထုပ်အား မြို့အစွန်ရှိရေကန် 
ဆီသို့ယူလာခဲ့သည်။ ပြီးမှ ရတနာများတခုချင်းစီကို 
ရေကန်ထဲသို့ပစ်ချခဲ့လိုက်တော့သည်။  
ပြီးနောက်ထိုရေကန်ဆီမှအမြန်လှည့်ပြန်လာပြီး 
ဂါတ်အနီးသို့ မယောင်မလည်ဖြင့်ချဉ်းကပ်လိုက်ကာ 
မာမွတ်ဟုခေါ်သော ပုလိပ်တစ်ယောက်ထံ မေးမြန်း 
ကြည့်လိုက်လေသည်။  
" ညသန်းခေါင်လောက်က လူတစ်ယောက်ဂါတ်ထဲဝင် 
လာပြီး သက်သေခံအခန်းထဲဝင်မွှေသွားတာပဲ... ရတနာတချို့ကလွဲလို့ဘာမှမယူသွားဘူးအစ်ကိုအောင်ကျော် "  
မာမွတ်ကခေါင်းလေးတခါခါဖြင့်ခပ်တိုးတိုးပြောပြ 
နေသည်။ ထိုစဉ်မှာပင် ကိုသစ်လွင်မိဘများနှင့် မမြ 
ကလေးတို့လာနေသည်ကိုတွေ့လိုက်သဖြင့် သစ်ပင် 
အကွယ်၌ ကွယ်ရင်းစောင့်ကြည့်နေလိုက်သည်။ 
နာရီဝက်ခန့်ကြာသည့်အခါ ကိုသစ်လွင်ပါ ပါလာပြီး 
အတူပြန်သွားကြသည်ကိုတွေ့လိုက်ရတော့သည်။   
" မာမွတ်... ကိုသစ်လွင်ကတရားခံလေ ... ဘာလို့လွှတ် 
ပေးလိုက်တာလဲ "  
" ညကသူခိုးကို တွေ့လိုက်ကြတယ်လေ... ကိုသစ်လွင် 
ခိုးတာမဟုတ်လို့ လွတ်ပေးဖို့ အစ်ကို့အဖေလာပြောသွားတာပဲ... ကိုသစ်လွင်အတွက်သူတာဝန်ယူပါတယ်လို့ပါ 
ပြောသွားသေးတယ် "  
မာမွတ်စကားကြောင့် ကိုအောင်ကျော်၏မျက်နှာမှာ 
တင်းမာလာခဲ့သည်။ ထို့နောက် အိမ်သို့ပြန်လာပြီး 
အကြံထုတ်ကြည့်သော်လည်း မည်သို့လုပ်ရမည်ကို 
မတွေးတတ်နေချေ။ ထို့ကြောင့် ကပ်ပါးကောင်၏ သေတ္တာကိုထုတ်ကြည့်ပြီး စားပွဲခုံအံဆွဲမှဓါးကိုထုတ် 
ကာ သေတ္တာအားဆင့်ကာဆင့်ကာထိုးစိုက်ပစ်သည်။ 
သတေ်တာ၏အသားစမြားက ပဲ့ထှကျလာ၏။  
" ငါ့ကိုအတော်ဒုက္ခပေးတဲ့အကောင်... ဒင်းပြန်စရာလမ်း 
မရှိစေရဘူး ... တစ်စစီဖျက်ဆီးပြီး မီးပုံရှို့ပစ်မယ် "  
နှုတ်မှလည်းပြောရင်း အဆက်မပြတ်ထိုးစိုက်နေသည်။ 
သို့သော် သေတ္တာလေးမှာ ပုံအနည်းငယ်ပျက်သွားသည် 
ကလွဲ၍မည်သည်မျှထူးမလာပေ။ ကိုအောင်ကျော်လည်း 
စိတ်ပျက်လက်ပျက်ဖြင့် မောမောနှင့်ကုတင်ကိုမှီနေ 
လိုက်၏။ ထို့နောက် သူ၏မျက်နှာက ဝင်းခနဲ ဝင်းလက် 
သွားချေသည်။  
" ငါကတော့မရ ရတဲ့နည်းနဲ့စမ်းရမှာပဲ "  
ထိုသို့ရေရွတ်ပြီး ဈေးသို့သွားကာ မိမိတစ်ကိုယ်လုံးလုံ 
စေမည့် ပိတ်စအနီကို ဝယ်ယူလာခဲ့၏။  
" ဒါတော့ ခင်ဗျားကြီးကြောက်ရပြီမလား "  
ကိုအောင်ကျော်မှာ ပြောရင်း ပိတ်စအနီကို ကိုယ်ပေါ်ရုံ 
ထားကြည့်နေသည်။  
" ဆရာကြီး ... ဆရာကြီးရှိပါသလားခင်ဗျာ "  
" ဘယ်သူလဲကွဲ့ ... အလို ... အရေးပိုင်မင်းတို့ပါလား ... 
လာပါရှင်... ထိုင်ပါ ... ဘာအကြောင်းကိစ္စများရှိလို့ 
ပါလဲ ... ဆရာကြီးခမျာ ပြန်မရောက်သေးဘူးရှင် "  
ထိုအသံကြောင့် ကိုအောင်ကျော်သည်လည်း နားစွင့် 
လိုက်မိသည်။ အရေးပိုင်မင်းကိုယ်တိုင်ရောက်လာရ 
သည်ဆိုပါက တခုခုထူးခြားသည့်ကိစ္စကြောင့်သာဖြစ် 
ပေမည်။ မဟုတ်မှလွဲရော သူခိုးကိစ္စပင်လောဟု တွေးမိ 
သဖြင့် ပိတ်စရုံထားရာမှဖယ်ကာ အောက်ထပ်သို့ဆင်း 
လာကြည့်လိုက်၏။  
" အင်း ... မောင်အောင်ကျော် ... တွေ့တာနဲ့အဆင်သင့် 
ပဲ ... မောင်ရင့်ကိုလည်းတွေ့ချင်လို့လာခဲ့တာ "  
" ဟုတ်ကဲ့ခင်ဗျ ... ဘာများကူညီပေးရမလဲမသိဘူး 
ခင်ဗျာ "  
" မနေ့ညက ဂါတ်ထဲသူခိုးဝင်တာတော့ သိပြီးလောက် 
ပြီထင်ရဲ့ "  
" ဟုတ်ကဲ့ ... မနက်ကတော့အသံသဲ့သဲ့ကြားမိပါတယ်"  
" အင်း ... ဟုတ်ပြီ ... ညက ကျွန်တော့်တပည့်လေးတွေ 
သူတို့ကိုရိုက်နှက်သွားတဲ့သူကို မှတ်မိသလောက်ပြောပြ 
ကြတယ်... သူတို့တွေ့တာကတော့ မျက်လုံးပြူးပြူး၊ 
နှာယောင်ကောက်ကောက်၊ အသားညိုညိုနဲ့လူတစ် 
ယောက်ကိုတွေ့ကြတာတော့အားလုံးအဖြေတူတူပဲ ... "  
" ဟုတ်ကဲ့ခင်ဗျ "  
ကိုအောင်ကျော်မှာ နားထောင်နေရင်း စိတ်လှုပ်ရှားလာ 
လေသည်။  
" သို့ပေမယ့် အဲ့ဒီလူဝတ်စားထားပုံက ကိုအောင်ကျော် 
ဝတ်စားပုံနဲ့အတော်လေးဆင်တူတယ်လို့သိရတယ်... "  
" ဗျာ ... ဒါ ဒါကတော့အရေးပိုင်မင်းရယ် ဝတ်စားပုံတူ 
တာကဘာဆန်းသလဲဗျာ ... လူတိုင်းဝတ်နိုင်စားနိုင်တာပဲ 
မဟုတ်လား "  
" သာမာန်ဝတ်စားထားရင်တော့မဆန်းဘူးပေါ့ကွာ... 
ဆန်းတာက ခါးပတ်ပဲ "  
" ခါးပတ် ... အဲ့ဒါကဘာဆန်းလို့လဲအရေးပိုင်မင်းကြီး "  
" ခါးပတ်ရဲ့ပုံစံကိုအကုန်လုံးတညီတညွတ်တည်းပြော 
ပြကြတဲ့အပြင် မမြကလေးဆိုတဲ့ကလေးမကလည်း 
မောင်ရင့်ဆီမှာအဲ့ဒီခါးပတ် ရှိတယ်လို့ ထွက်ဆိုထား 
တယ် "  
" ကျွန်တော်မရှင်းလို့ပါ ... ဘယ်ခါးပတ်ကိုပြောနေတာ 
လဲခင်ဗျ "  
" လည်သာခါးပတ်မှာ ခါးပတ်ခေါင်းကိုငွေအစစ်နဲ့သွန်းလုပ်ထားတာ ... မောင်ရင့်ဆီမှာအဲ့ဒီခါးပတ်ရှိတယ် 
လိုပြောကြတယ် ... နောက်ပြီး မနေ့ညကသူခိုးဝတ်ထား 
တဲ့အဝတ်အစားက နေ့လည်ဘက်မောင်ရင်ဝတ်ထား 
တာနဲ့ ချွတ်စွပ်တူနေသတဲ့ ... ဒါကြောင့် မနေ့ကမောင် 
ရင်ဝတ်ခဲ့တဲ့ အဝတ်တစ်စုံရယ် ခါးပတ်လေးရယ်ကို ကြည့်ချင်တာနဲ့ ရောက်လာရတာပါပဲ "  
ရာဇဝတ်အုပ်နှင့်ပုလိပ်များမှာ ဦးသင်းအောင်အရှိန် 
ကြောင့် မပြောရဲ မဆိုရဲ ဖြစ်နေရသဖြင့် အရေးပိုင်မင်း 
ကိုအကူအညီတောင်းခဲ့ဟန်တူလေသည်။  
" သားငယ်လေး... သွားယူပြီးပြပေးလိုက်လေ ... ဒီလို 
ပုံစံတူလိုက်တုပဝတ်တာဆို သူခိုးကသာမာန်တော့ 
မဟုတ်လောက်ဘူးထင်ရဲ့ အရေးပိုင်ကြီးရယ် ... 
ကဲ သွား သွား ... သွားယူပြချေ "  
အောင်ကျော်မှာအင်တင်တင်ဖြင့်အိမ်အပေါ်ထပ်သို့ 
တက်လာခဲ့၏။ အခန်းထောင့်တွင် ပုံထားသည့်အဝတ် 
ကိုသေချာစွာယူကြည့်လိုက်သည်။ တစုံတရာပေကျံ 
နေခြင်းမရှိစေရန် ဖုတ်ဖတ်ခါပြီး သေသေသပ်သပ် 
ခေါက်လိုက်၏။ ခါးပတ်ကိုလှမ်းယူသည့်အခါမှ သတိရ 
သွားမိသည်။  
ထိုခါးပတ်သည် မြန်မာပြည်၌တွေ့ရဖို့မလွယ်၊ သူ့ကို 
အင်္ဂလိပ်ဗိုလ်တစ်ယောက်က အင်္ဂလန်သို့ပြန်ခါနီးလက် 
ဆောင်ပေးခဲ့သည့်ခါးပတ်ဖြစ်သည်။ သားရည်အစစ် 
တွင် ခါးပတ်ခေါင်းကိုငွေအစစ်ဖြင့်ပြုလုပ်ထားပြီး 
အပြင်တွင်ပုံစံတူလိုက်လံရှာဝယ်ရန်မဖြစ်နိုင်ချေ။  
ကိုအောင်ကျော်အလွန်ပင် စိတ်သောကရောက်မိနေ 
တော့သည်။ သို့သော်လည်း ဘူးခံငြင်းဖို့သာအကောင်း 
ဆုံးဖြစ်ပေမည်။ တွေ့ခဲ့ကြသူများကလည်း သူ၏ရုပ် 
သွင်ပြင်ကိုတွေ့မြင်ခဲ့သည်မဟုတ်။ ကပ်ပါးကောင်ကို 
တွေ့မြင်ခဲ့ကြသဖြင့် သူ့အားတရားခံအဖြစ်ဖမ်းဆီး၍ 
မရနိုင်ပေ။  
စိုးတထိတ်ထိတ်ဖြင့် အောက်ထပ်သို့ယူဆင်းလာခဲ့တော့ 
သည်။ လှေကားနားရောက်သည့်အခါ ဖခင်ဖြစ်သူလည်း 
ရောက်ရှိနေပြီးစကားပြောနေသံကိုကြားလိုက်ရသဖြင့် 
ရင်မောသွားမိပြန်သည်။ အခြားသူများကိုသာလှည့်ပတ် 
ရန်လွယ်ကူကောင်းလွယ်ပေမည်၊ ဖခင်ဦးသင်းအောင် 
ကတော့သူ့မျက်နှာတစ်ချက်ကြည့်ရုံနှင့် အကဲခတ်တတ် 
ပေရာ အခက်ကြီးခက်နေတော့၏။  
" ဒီမှာပါခင်ဗျ "  
အရေးပိုင်မင်းက ခါးပတ်ကိုလှမ်းယူပြီး သေချာစွာကြည့် 
နေလေပြီ။  
" ဒီအဝတ်အစားတွေကို အရိုက်ခံရတဲ့တပည့်လေးတွေ 
ဆီပြကြည့်လိုက်မယ်... ခါးပတ်ကဒီဟာသေချာရင်တော့ 
မကြာခင်သူခိုးကိုမိမှာပဲဗျ "  
" အရေးပိုင်မင်းတို့ကောင်းသလိုစီမံကြပါ... သူခိုးမိဖို့ 
သာအရေးကြီးတယ်မဟုတ်လား ... "  
ဦးသင်းအောင်က စကားအလိုက်အထိုက်ပြန်ပြောရင်း 
ဧည့်ခံနေ၏။ ကိုအောင်ကျော်မှာသာ ရင်ထဲ ကုလားဘုရား 
လှည့်သလို တဒိန်းဒိန်းတုန်လှုပ်နေရှာတော့သည်။  
၎င်းတို့ပြန်သွားပြီးသည့်အခါတွင် ဦးသင်းအောင်မှာ 
စကားတခွန်းတလေမျှ မမေးမြန်းဘဲ အခန်းထဲသို့ဝင် 
သွားသဖြင့် ကိုအောင်ကျော်အလုံးကြီးကျသွားရ၏။ 
ကိုအောင်ကျော်လည်း အခန်းထဲသို့ပြန်ဝင်လာပြီး စိတ် 
ပျက်လက်ပျက်ဖြင့် ကုတင်ပေါ်လှဲချလိုက်လေသည်။  
" ငါဘာလုပ်ရမလဲ ... ဒီပုံအတိုင်းဆို မကြာခင် 
လူမိတော့မယ်... "  
ထိုသို့တွေးနေရင်း မနက်က ဂါတ်ထဲမှကိုသစ်လွင်လွတ် 
လာပြီး မမြကလေးလာကြိုသည်ကို ပြန်မြင်ယောင်လာ 
သဖြင့် ဒေါသမီးဟုန်းဟုန်းတောက်လောင်လာပြန်သည်။  
" တောက် ..."  
ကိုသစ်လွင်ကိုချောက်ချသော်လည်းမအောင်မြင်ဘဲ 
မိမိသာအမှုပတ်ရတော့မည့်အဖြစ်ကြောင့် အလွန်ခံပြင်း 
နေမိပြန်သည်။ ထို့နောက်အသားစိမ်းစားချင်စိတ်က 
တဖန်ပြန်ဖြစ်လာသည်မှာ ထိန်းထား၍မရနေတော့ချေ။ 
အောင်ကျော်လည်းတွန်းလှန်နိုင်စွမ်းမရှိလာသည့်အ 
တွက် ဈေးသို့ပြေးကာ အမဲသားတစ်ပိဿာကိုဝယ်ယူ 
ခဲ့ပြီး ကွယ်ကာဝှက်ကာဖြင့်အခန်းထဲပြန်လာခဲ့ရသည်။  
အခန်းတံခါးကိုလုံအောင်ပိတ်ကာ အသားစိမ်းကိုမြိန်ရည် 
ယှက်ရည်စားသောက်လိုက်၏။ စားပြီးသည်နှင့် နဂိုစိတ် 
များပြန်ဝင်လာသည့်အခါမှ ပျို့အန်ထွက်မတတ်ရွံ့ရှာ 
မိတော့သည်။ လူရိပ်လူခြေကြည့်ပြီးအောက်ထပ် 
အမြန်ဆင်းကာ ကိုယ်လက်ဆေးလိုက်ရသည်။  
" ကပ်ပါးကောင် ... ငါ့ကိုအတော်ဒုက္ခပေးတဲ့အကောင် "  
နှုတ်မှရေရွတ်ပြီး သေတ္တာဆီသို့အကြည့်ရောက်သွားပြန် 
သည်။ ဒေါသထွက်လာပြီး သေတ္တာကိုဓါးဖြင့်ထိုးစိုက် 
လိုက်ပြန်၏။ ဤသို့ဖြင့် တစ်ညနေခင်းကုန်ဆုံးသွားပြန် 
လေသည်။  
ည ( ၁၂ ) နာရီခန့်ရောက်သည့်အခါ ကိုအောင်ကျော် 
တစ်ကိုယ်လုံးလှုပ်၍မရသလို ဖြစ်လာပြန်သဖြင့်ကြမ်း 
ပြင်ကိုလက်နှင့်ကုတ်ခြစ်ရင်း လူးလှိမ့်နေသည်။  
" ငါ့ဆီကထွက်သွား "  
ကိုအောင်ကျော်အသံအနည်းငယ်ကျယ်သွား၏။ ကပ်ပါး 
ကောင်မှာ တစ်ကိုယ်လုံးချုပ်ထားနိုင်ပုံမရသေးချေ။ သူ့ 
အချိန်မရောက်သေးသဖြင့်လည်း ပုံသဏ္ဍာန်ပြောင်း၍ 
မရသေးခြင်းဖြစ်ပေမည်ဟုကိုအောင်ကျော်တွေးလိုက်မိ 
သည်။  
" လုပ်ထားဦးပေါ့ကွာ ... "  
ကြမ်းပြင်ကိုကုတ်ခြစ်ရင်းရုန်းနေသည်မှာ ကြမ်းခင်းမှ 
ပျဉ်စများပင်ထွက်လာနေချေပြီ။ ကိုအောင်ကျော် 
မျက်လုံးများကတဖြည်းဖြည်းအနီရောင်သမ်းလာ၏။ 
ထိုစဉ်မှာပင် ကိုအောင်ကျော်၏အခန်းတံခါးက ဝုန်းခနဲ 
ပွင့်သွားတော့သည်။  
ထို့နောက်အခန်းဝတွင် ဦးသင်းအောင်ရပ်နေသည်ကို 
ဝိုးတဝါးလှမ်းမြင်လိုက်လေသည်။  
" မောင်အောင်ကျော် ... ဘာလိုတွေဖြစ်နေတာလဲ ... 
ဘာလို့ပျဉ်ကိုလက်နဲ့ကုတ်ထားတာလဲရစရာမရှိဘူး"  
" အဖေကြီး ... ဘာဖြစ်တာတုန်း "  
" အရေးပိုင်မင်းလာကတည်းကဒီကောင့်ကိုသိပ်မသင်္ကာ 
တာနဲ့စောင့်ကြည့်နေတာ .. ဒီကောင်နဲ့သူခိုးတခုခုဆက် 
စပ်နေမှာအသေအချာပဲ ...ဒေါ်သိန်းတင်အိမ်ကိုသူနေ့ 
လည်သွားပြီး အဲ့ဒီညမှာပဲဘယက်ပျောက်တာ ... အခု 
လည်းခါးပတ်ကသူ့ဆီမှာဘာလို့ရှိနေရသလဲ"  
" အော် အဖေကြီးရယ် ကိုယ့်သားကိုယ်သူခိုးများထင် 
ရတယ်ရယ်လို့ရှင် "  
ကိုအောင်ကျော်မှာတော့ မိဘနှစ်ပါးကိုမြင်ရလိုက် 
မမြင်ရလိုက်၊ မိဘနှစ်ပါးပြောနေသည်များကို ကြား 
တစ်ချက်၊ မကြားတစ်ချက် ဖြစ်နေသည်။ ခေါင်းကလည်း 
အလွန်ပင်ထိုးကိုက်နေပြီး မျက်လုံးထဲအနီရောင်သာမြင်နေရသလိုပင်။  
" အမလေး .. လုပ်ကြပါဦး ... သားငယ်လေး ... 
အပမှီနေသလားမသိဘူး "  
" ထွက်သွားကြစမ်း "  
ထိုအသံမှာကိုအောင်ကျော်၏နှုတ်မှထွက်လာခြင်းဖြစ် 
ပြီး ကိုအောင်ကျော်ပြောလိုက်ခြင်းတော့မဟုတ်ပေ။ 
စိတ်ကိုအတတ်နိုင်ဆုံးထိန်းထားသော်လည်း ကိုအောင် 
ကျော်၏လက်သည် ဖခင်ဦးသင်းအောင်ကို ဆောင့်တွန်း 
ပစ်လိုက်နှင့်ပြီဖြစ်သည်။  
ဦးသင်းအောင်မှာအခန်းထောင့်သို့ လွင့်ကျသွား၏။ 
ဒေါ်မေတင်ကလည်း ဦးသင်းအောင်ကိုပြေးထူပြီး 
ကိုအောင်ကျော်ကိုအလန့်တကြားကြည့်ကာ တုန်လှုပ် 
နေတော့သည်။  
" နင်တို့သားမဟုတ်တော့ဘူး ... သူ့ကိုငါပိုင်သွားပြီ ... 
မကြာတော့ဘူး သူက ငါဖြစ်သွားတော့မှာ ... ဟက် 
ဟက် ဟက် "  
" သားငယ်ဘာတွေပြောနေတာလဲ ... အမေ့ကိုသနား 
ပါဦးသားရယ်... စိတ်ကိုထိန်းမှပေါ့ကွယ် ... အဟင့် ဟီး 
ဟီး "  
ကိုအောင်ကျော်လည်းမည်သို့မှမတတ်နိုင်သည့်အဆုံး၊ 
မကြာခင်ကပ်ပါးကောင်အဖြစ်သို့မပြောင်းလဲခင်မှာပင် 
မိမိကလက်ဦးမှုရယူနိုင်ဖို့အရေးကြီးနေပြီ။ မိနစ်ပိုင်း 
လေးသာအချိန်ရပေတော့မည်။ ထို့ကြောင့်အားကုန် 
အော်ဟစ်ကာပြောလိုက်၏။  
" ပိတ်စအနီ "   
ထိုစကားသာပြောထွက်မိပြီး ကျန်စကားလုံးများက 
ထွက်မလာချေ။ ကိုအောင်ကျော်ပြောသည့်စကားများ 
အား ဦးသင်းအောင်တို့က နားမလည်ဘဲဖြစ်နေတော့ 
သည်။ ကိုအောင်ကျော်ကလည်း ရသလောက်အား 
အင်ညှစ်ထုတ်ပြီး ပိတ်စအနီရှိရာသို့ညွှန်ပြပြန်သည်။ 
ထိုအခါဦးသင်းအောင်သည်လည်း အမြန်ထကာပိတ်စ 
အနီအားလှမ်းယူလိုက်တော့သည်။  
" ပိတ်စအနီကဘာလဲ ... သူလိုချင်တာလား "  
" ထွက်သွားကြစမ်း "  
ကိုအောင်ကျော်၏နှုတ်မှ အသံနက်ကြီးထွက်လာပြန် 
သည်။ ပိတ်စအနီကို မုန်းတီးသည့်အကြည့်ဖြင့် ကြည့် 
နေသည်ကို ဦးသင်းအောင်ဂရုပြုမိလိုက်သည်။ ထို့ 
နောက် ကိုအောင်ကျော်အား ပိတ်စအနီဖြင့် လှမ်းအုပ် 
လိုက်လေ၏။  
" အား "  
အော်သံနက်ကြီးနှင့်အတူ ကိုအောင်ကျော်၏ရုပ်သွင် 
ပြင်မှာ ကပ်ပါးကောင်ရုပ်တစ်ချက်ပြောင်းသွားပြီး 
ငြိမ်ကျသွားလေသည်။  
ကိုအောင်ကျော်သတိရလာသည့်အခါ မနက် ၅ နာရီခန့် 
ရှိနေပြီဖြစ်သည်။ သူ၏အခန်းထဲတွင် ဖခင်ဦးသင်း 
အောင်နှင့်အတူ ရာဇဝတ်အုပ်နှင့် ပုလိပ်တစ်ယောက် 
လည်းရောက်နေကြသည်။  
" အဖေ "  
ကိုအောင်ကျော်က ခပ်တိုးတိုးခေါ်လိုက်ပြီး ထလိုက်၏။  
" ဘာတွေဖြစ်လဲဆိုတာ အစအဆုံး ပြောစမ်းပါဦး"  
ကိုအောင်ကျော်သည်လည်း ညိုးငယ်စွာဖြင့် ဖြစ်ကြောင်း 
ကုန်စင်ကိုပြောပြလိုက်လေသည်။  
" ဘာပဲဖြစ်ဖြစ် မင့်က ပစ္စည်းခိုးယူတာဖြစ်လို့ ဖမ်းရ 
မှာပဲမောင်အောင်ကျော် "  
" အဖေ ကျွန်တော်ခိုးတာမဟုတ်ဘူးလေဗျာ ... ဒါတွေ 
ကကပ်ပါးကောင်လုပ်သွားတာ ... ကျွန်တော်ကမတရား 
ခံရတာပါအဖရော "  
" ဒါဆိုဘာအတွက် မောင်သစ်လွင်ကိုချောက်ချရ 
သလဲ ... ဖြေစမ်းပါဦး "  
" အဲ့ဒါကတော့ ကျွန်တော်လုပ်မိပါတယ် "  
" အေ အဲ့ဒါလည်းပြစ်မှုပဲ ... သူ့ကိုဂါတ်ကိုသာခေါ် 
သွားကြပါတော့ဗျာ ... ကျွန်တော့်သားပေမယ့် အပြစ် 
လုပ်ရင်တော့ အပြစ်ပေးခံရမှာပဲ "  
ဦးသင်းအောင်၏ခပ်ပြတ်ပြတ်စကားကြောင့် ကိုအောင် 
ကျော်မှာ အလွန်ပင်ဝမ်းနည်းမိနေတော့သည်။ သူ့တွင် 
ကူကယ်ရာမဲ့နေသကဲ့သို့ခံစားနေရ၏။  
" အဖေကြီး ... ကျွန်မသားကိုတော့မရက်စက်ပါနဲ့ရှင်... 
သားလေးပြောပြတာအဖေကြီးလည်းကြားသားပဲ ... 
သူမခိုးတာလည်းသက်သေရှိနေပြီပဲမလား... ကိုချစ်ဖေရယ် ကယ်ပါဦး အီး ဟီး ဟီး "  
ဒေါ်မေတင်မှာ သားဖြစ်သူကိုဖမ်းဆီးမည်ဆိုသဖြင့် 
ငိုကြွေးရင်းတားဆီးနေတော့သည်။  
" ဆရာကြီး ... ကျွန်တော့်သဘောအရဆိုရင်တော့ ဒီ 
ကိစ္စကို တိုးတိုးတိတ်တိတ်ဖြေရှင်းတာပိုနည်းလမ်းကျ 
မယ်ထင်သဗျ ... အဖြစ်မှန်က မောင်အောင်ကျော်ကိုယ် 
တိုင်ခိုးယူတာမဟုတ်ဘူးဆိုတာသိနေပြီပဲ...မောင်အောင် 
ကျော်ခိုးတယ်ဆိုပြီးဖမ်းရင်လည်း မမှန်သေးဘူးမလား 
ခင်ဗျ "  
" သူမခိုးပေမယ့် သူလည်းကြံရာပါပဲ ကိုချစ်ဖေ ... ကနဦး 
ကတည်းက သူဖွင့်ပြောရမယ့်ကိစ္စ... မပြောတဲ့အပြင် 
အပြစ်မရှိဘာမှမသိရှာတဲ့ မောင်သစ်လွင်ကိုချောက်ချ 
လိုက်သေးတယ် ... မိဘကိုအရှက်ခွဲတဲ့သားမိုက်ပဲဗျ "  
" အို ဒါကလည်း သားလေးက ဖွင့်ပြောပြရင်တောင် 
ဘယ်သူကယုံကြည်ကြမတုန်း ... အဖေကြီးတောင် 
သားစကားကို ဂရုတစိုက်နားထောင်ပေးဖူးလို့လား ... 
ကျွန်မသားမှာအပြစ်မရှိတာကို အပြစ်ပေးရင်တော့ 
ရှင်နဲ့မပေါင်းနိုင်တော့ဘူး ဟီး အီး အီး "  
" ဒီလိုရှိပါတယ်ခင်ဗျ ... မောင်အောင်ကျော်ကိုအပြစ် 
ပေးရင် သေတ္တာကိစ္စပါထုတ်ဖော်ရတော့မယ်မလား 
ဆရာကြီးရ... ဒါကယုတ္တိမတန်တော့ ဘယ်လိုသက်သေ 
ပြကြမလဲ ... သက်သေပြနိုင်တယ်ထားဦး ... မျက်နှာဖြူ 
တွေက လက်ခံလိမ့်မယ်မထင်ဘူး... အမှုလည်းကြာရှည် 
မယ့်အပြင်... ဆရာကြီးတို့မိသားစုလည်းထိခိုက်နိုင် 
သဗျ ... "  
ဦးသင်းအောင်မှာ သူ၏ခေါင်းကိုသာဖိထားပြီး နံရံကို 
မှီကာ ဆိတ်ဆိတ်နေလေတော့သည်။  
ထိုည၌ ဦးသင်းအောင်၏အိမ်တွင် အရေးပိုင်မင်း၊ ရာဇ 
ဝတ်အုပ်ကိုချစ်ဖေ၊ သစ်တောဝန်ထောက်ဦးသောင်းနှင့် 
သူ၏ဇနီးဒေါ်သိန်းတင် တို့အပြင် ပုလိပ် နှစ်ယောက်၊ 
ကိုးကွယ်ဆည်းကပ်နေကြကျောင်းထိုင်ဘုန်းကြီးနှင့် ဥူး 
ဇင်းတစ်ပါးပါရောက်ရှိနေကြ၏။  
" မောင်အောင်ကျော်လေးကိုစိတ်မကောင်းဖြစ်မိတယ်... 
ခမျာလည်း ဘယ်လောက်လန့်နေရှာလိမ့်မလဲ ... ကျွန်မ 
ဘယက်လေးပြန်ရရင်လည်းရ၊ မရလည်းနေပါစေတော့.. 
ကိုသင်းအောင်တို့အရေးလည်း ကိုယ့်အိမ်တွင်းရေးလိုပဲ 
သဘောပိုက်ပါတယ် "  
" ရတနာတွေကို ရေကန်ကြီးထဲပစ်ချလိုက်မိတယ်... ဒါမှ 
သူသွားယူလို့မရတော့မှာဆိုပြီးတွေးမိလို့ပါခင်ဗျ... အခု 
သူညဖက်တွေပူးကပ်နေတာ အဲ့ဒီရတနာသွားယူဖို့ဖြစ် 
ပုံရတယ် "  
ဒေါ်သိန်းတင်ကတော့ စိန်ဘယက်ကအရေးမကြီးကြောင်း 
ပြောဆိုလာသည်။ ဦးသင်းအောင်မှာတော့ ဒေါ်သိန်းတင် 
၏ဘယက်အားပြန်လည်အလျော်ပေးမည့်အကြောင်း 
ပြောဆိုကတိပေးနေလေ၏။ယခုကဲ့သို့ မိမိအပေါ်ကာကွယ်ပေးနေကြခြင်းမှာ ဖခင်ဖြစ်သူ၏ ဂုဏ်ပုဒ်ကြောင့်သာဖြစ်သည်ဟူ၍ ကိုအောင်ကျော်သဘောပေါက်မိ 
သည်။  
ထိုညက အားလုံးဝိုင်းဖွဲ့ကာ ကပ်ပါးကောင်ကိုစောင့်ကြ 
သည်။ ည ( ၁၂ ) ထိုးခါနီးတွင် ကိုအောင်ကျော်မှာခါ 
တိုင်းကဲ့သို့ပင် လူးလှိမ့်လာတော့၏။ ကပ်ပါးကောင် 
အသွင်ပြောင်းလဲခါနီးချိန်တွင် ကျောင်းထိုင်ဘုန်းကြီး 
နှင့်ဉူးဇင်းတို့ မည်ကဲ့သို့ရွတ်ဖတ်ကြစေ မရသဖြင့် 
ပိတ်စအနီဖြင့်အုပ်ကာထိန်းထားလိုက်ကြရသည်။  
" ခက်တော့ခက်နေပြီ ... ဘယ်လိုဖြေရှင်းရမယ်မသိ 
တော့ဘူး "  
အားလုံးစဉ်းစားရကြပ်ကုန်သည်။ ထိုသို့ဖြင့် တစ်ရက် 
ပြီးတစ်ရက် ထိုကပ်ပါးကောင်ကြီးမရောက်ခင် ပိတ်စ 
အနီဖြင့်သာထိန်းထိန်းထားနေကြရသည်။ နောက်ဆုံး 
ပိတ်စအနီကို ဝတ်ရုံချုပ်၍ ညရောက်တိုင်း ဝတ်အိပ်နေ 
ရသည့်အဖြစ်သို့ရောက်ရှိလာ၏။  
ဦးသင်းအောင်မှာတော့ နဂိုကမှသမာသမတ်ကျသူဖြစ် 
သည့်အခါ သားဖြစ်သူအရေးကြောင့် စိတ်မသက်မသာ 
ဖြစ်နေမိသဖြင့် အလုပ်မှထွက်လိုက်တော့သည်။ ကိုအောင်ကျော်အားလည်း ဒေါ်သိန်းတင်၊ 
မမြကလေးနှင့် 
ကိုသစ်လွင်တို့အားဝန်ချတောင်းပန်စေသော်လည်း 
ကိုအောင်ကျော်မှာ ဒေါ်သိန်းတင်တစ်ယောက်ကိုသာ 
တောင်းပန်ခဲ့သည်။  
သေတ္တာအကြောင်းကိုစုံစမ်းကြသော်ငြား တိတိပပ 
မသိကြရပေ။ ရက်သတ္တပတ်ခန့်ကြာသောအခါ ကို 
အောင်ကျော်ထံသို့ စာတစ်စောင်ရောက်ရှိလာခဲ့သည်။ 
ဂျက်ဖရီ (Jeffery)ထံမှပြန်စာဖြစ်၏။  
" သူငယ်ချင်းကိုအောင်ကျော် ... ခင်ဗျားပြောပြတာကို 
ကျွန်တော်စုံစမ်းကြည့်ပေမယ့် သိရှိတဲ့သူတစ်ဦးတစ်လေ 
မှမတွေ့ခဲ့ဘူး...သမိုင်းပါမောက္ခတစ်ယောက်ကတော့ဒီလို 
သေတ္တာတွေအကြောင်းစာတမ်းပြုစုဖူးတယ်လို့ကြား 
တော့ ကျွန်တော်လည်းနောက်ဆုံးတစ်ခေါက်အနေနဲ့မေး 
မြန်းကြည့်မယ်ဆိုပြီး သွားတွေ့ခဲ့ပါတယ်...သူစုံစမ်းပေး 
မှုနဲ့ တချို့တလေအကြောင်းအရာလေးတွေကိုသိခွင့်ရခဲ့တယ်... သိရသလောက်တော့ ဒီသေတ္တာဟာ မာယာ ( Maya ) လူမျိုးတို့ ပြုလုပ်ခဲ့တာလို့သတ်မှတ်ရတယ်... 
အဓိကအကြောင်းအရင်းက ရုပ်ပုံစာတွေကြောင့်ပဲ... 
သူတို့ဟာမှော်ပညာမှာလည်းအတော်လေးကျွမ်းကျင် 
ကြတယ်... ကိုအောင်ကျော်ရေးထားချက်အရ လူတစ် 
ယောက်ယောက်ကို ယစ်ပူဇော်ပြီး ဒီသေတ္တာထဲထည့်ထား 
တာဖြစ်နိုင်တယ်လို့သုံးသပ်ရတယ်ဆိုပြီးပြောပါတယ်... 
နောက်ပြီး ညအခါ ပစ္စည်းခိုးတယ်ဆိုတာ မာယာလူမျိုးအချို့အသုံးချလေ့ရှိတဲ့ 
ကြောက်စရာမှော်ပညာထဲကအ 
တော်လေးဆိုးရွားတာမျိုးမဟုတ်တဲ့အတွက် အရမ်းကြီးမစိုးရိမ်ဖို့လည်းစကားပါးလိုက်ပါတယ်...ပိတ်စအနီနဲ့ထုပ်ပိုးထားရင်ငြိမ်သွားတတ်တယ်ဆိုတာကြောင့် ယစ်ပူဇော်ခံရသူဟာ အနီရောင်ကိုကြောက်လန့်ပုံရလို့သေတ္တာကို မီးရှို့လိုက်ဖို့အကြံပေးလာပါတယ်... ကျွန်တော်စုံစမ်းရသလောက်တော့ ဒါအကုန်ပါပဲ...သူငယ်ချင်းကိုအောင်ကျော်လည်း အဆင်ပြေပါစေ။ 
သတိရလျှက် 
ဂျက်ဖရီ (Jeffery) "  
ဟူ၍ဖြစ်၏။ ထိုစာဖတ်ပြီး ကိုအောင်ကျော်နှင့်တကွ တစ် 
မိသားစုလုံးဝမ်းသာပျော်ရွှင်သွားကြသည်။ သေတ္တာလေး 
အားမီးရှို့ဖျက်ဆီးရုံကိုယခုမှသိရှိရသဖြင့် အားမလိုအား 
မရပင်ဖြစ်လိုက်သေးသည်။  
ထို့နောက် ချက်ချင်းပင် သေတ္တာကိုထုတ်ယူပြီး မီးရှို့ 
ဖျက်ဆီးပစ်လိုက်ကြလေ၏။ အချိန်တော်တော်ကြာကြာ 
ဒုက္ခပေးနေသောကိစ္စရပ်ကြီးပြီးဆုံးသွားလေပြီဟူ၍ 
စိတ်အေးသွားကြရသည်။  
ထိုည ( ၁၂ ) နာရီအချိန်ခန့်တွင် ကိုအောင်ကျော်တစ် 
ယောက် အိပ်နေရာမှလန့်နိုးလာခဲ့၏။ အဘယ်ကြောင့် 
ရယ်မသိ ကျောရိုးထဲစိမ့်ကာ ကြောက်ရွံ့မိနေသလိုဖြစ် 
နေသည်။ အိပ်ရာမှလူးလဲထကာ မိမိအခန်းအားလှည့် 
ပတ်ကြည့်ရှုလိုက်၏။ မည်သည်မျှမထူးခြားချေ။  
ရက်ပေါင်းများစွာခြောက်လှန့်ခံလာရသဖြင့် ထိုသို့စိုး 
ရိမ်စိတ်ဝင်ခဲ့ဟန်တူသည်ဟုတွေးမိပြီးပြန်အိပ်ရန်ပြင် 
စဉ် သူ၏ခြေထောက်များမှာကုတင်ဖက်သို့မသွားဘဲ 
ကြည့်မှန်ရှိရာသို့လှမ်းသွားလေသည်။  
ခေါင်းနဘမ်းကြီးလာသကဲ့သို့ဖြစ်လာပြီး မှန်ထဲသို့မဝံ့ 
မရဲကြည့်လိုက်သည့်အခါ မှန်ထဲပေါ်နေသောသူသည် 
ကပ်ပါးကောင်ကြီးပင်။ ထိုသူမှာမျက်လုံးကြီးနီပြီး 
ပြောနေသည်။  
" ဒီခနွာကိုယ်ကို ငါပိုင်သွားပြီ "  
ထိုသို့ပြောပြီးကပ်ပါးကောင်ကြီးက အနောက်သို့တဖြည်း 
ဖြည်းဆုတ်ခွာသွားသည်။ မှန်ရှေ့၌ ကိုအောင်ကျော်၏ 
ဝိဉာဉ်ကကျန်ခဲ့ပြီး ဆုတ်ခွာသွားသော ကိုအောင်ကျော် 
၏ခန္ဓာကိုယ်ကြီးမှာ ကပ်ပါးကောင်၏ရုပ်ရည်သွင်ပြင် 
လုံးလုံးဖြစ်နေချေပြီ။  
မထင်မှတ်ထားသည့်အချင်းအရာကြောင့် ကိုအောင် 
ကျော်ထိတ်လန့်တကြားအော်ဟစ်ပစ်သလို ကပ်ပါး 
ကောင်ကြီးမှာလည်း ကိုအောင်ကျော်၏ခန္ဓာကိုယ်ဖြင့် 
တဟားဟားအော်ရယ်ရင်း အခန်းပြူတင်းတံခါးဖွင့် 
ကာ အိမ်အပေါ်ထပ်မှခုန်ဆင်းသွားလေတော့လေ 
တည်း။ 
ပြီးပါပြီ။ 
သော်တာလမင်း စန္ဒာ 
#lotaya_shortstory 
                                                                                                
MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။ 
                                                                                                                            
ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။