ကိုရင်နန္ဒိယနဲ့ အနောက်အင်းတစ္ဆေ
lotaya.mpt.com.mm
|
2021-04-26

ကိုရင်နန္ဒိယနဲ့ အနောက်အင်းတစ္ဆေ

၁။

ပြတင်းပေါက်တံခါးများကို ဖွင့်ထားခြင်းကြောင့် သုတ်ဖြူးလာတဲ့ ညလေအေးလေးက အပူကို သက်သာ လျော့ပါးစေသော်လည်း ကိုရင်နန္ဒိယခမျာ အိပ်မပျော်သေးချေ။ကျောင်းအောက်ထပ် သစ်သားကွပ်ပျစ်ကြီးပေါ် တလူးလူး တလိမ့်လိမ့်။ဘေးနားက ကိုရင်ဒုံးပေကို စွေစောင်းကြည့်တော့ တခူးခူးနဲ့ အသံများထွက်ကာ နှစ်ခြိုက်စွာ အိပ်မောကျနေပြီ။

ကျောင်းရောက်တာ ၅လကျော်ကြာပြီ၊ ကိုရင်ငယ် နန္ဒိယအတွက်တော့ အသားမကျနိုင်သေး။ ဆရာတော့်ကျောင်းသည် သူ့အတွက် စိမ်းသက်နေတုန်းဟု ခံစားနေရရှာဆဲပင်။

အပြင်မှာ ပိုးမွှားအော်သံနဲ့အတူ တစ်ချက်တစ်ချက် ခပ်ဝေးဝေးကနေ ထွက်ပေါ်လာတဲ့ ခွေးဟောင်သံ ပါးလျလျက လွဲရင် အခုညဟာ သိသိသာသာ တိတ်ဆိတ်ငြိမ်သက်လွန်းနေတယ်လို့ ကိုရင်ငယ် သံခဲ ခေါ် နန္ဒိယ တွေးထင်မိနေရှာတယ်။

ဒီညမှာတော့ ကိုရင် နန္ဒိယရဲ့ စိတ်ထဲဝယ် ခံစားချက်မကောင်း။အမေနဲ့ ညီအစ်ကိုတွေကို လွမ်းနေလို့ အိပ်မပျော် ဖြစ်နေရှာပါတယ်။

နောက်တစ်ခုက ဒီအချိန်ကြီး ကုဋီသွားရမှာကို စိုးရွံနေတာပဲ ဖြစ်၏။

ဒါကလည်း ညဦးက ကိုရင်ဒုံးပေ ပြောပြခဲ့သော ကြောက်စရာ လန့်စရာ တစ္ဆေဇာတ်လမ်းကြောင့် ဖြစ်လိမ့်မယ်။

နားထောင်မိသည်က ကိုယ့်အမှား။ နဂိုကမှ ကြောက်တတ်ပါသည်ဆို၊ အခုတော့ ခက်ပြီ။

" မျက်လုံးက လင်းကွင်းလောက်ကြီး ၊ ခေါင်းကြီးကဆို ပုတ်တောင်းကြီးလိုပဲ၊ ကြည့်ရင်း ကြည့်ရင်းနဲ့ တစ္ဆေကြီးရဲ့ အရပ်က ကျောင်းရှေ့က အုန်းပင်လောက် ရှည်လာသတဲ့ ။ ပါးစပ်က သရေတွေ တမြားမြားနဲ့ ငေါထွက်နေတဲ့ အစွယ်ကြီး နှစ်ချောင်းကဆို ... "

တစ်ခါ တစ်ခါ ဘာရယ်ကြောင့်မသိ၊ ကြက်သီးမွေးညင်းများ စိမ့်ခနဲ ထလာသလိုလို၊ တစ်စုံတစ်ရာကို ကြိုတွေးထိတ်ပူနေမိသလိုလိုနဲ့ ခံစားရတာ သက်သောင့်သက်သာ မရှိလှဘူး။

" တစ္ဆေဆိုတာက အညှီအဟောက် သိပ်ကြိုက်တာကလား ။ မင်းတို့လည်း အသိသား အနောက်အင်းထဲက တစ်တောင်လောက်ရှိမယ့် ငါးကြင်းမျက်ဆံနီတွေကို လက်နှ်ဖက်နဲ့ကိုင်ပြီး အရှင်လတ်လတ် ဗိုက်ဖောက်ပြီး အစိမ်းစားနေတာများဆို ... "

သေချာတာက တစ္ဆေအကြောင်း ပြန်တွေးမိရင် သူ၏ အာရုံမှာတော့ မကောင်းတဲ့ အငွေ့အသက်တွေ ထင်ဟပ်နေပါတယ်။

" ငါ့ကိုလည်း မြင်ရော ၊ ဖျတ်ခနဲ့ အင်းထဲ ခုန်ဆင်းသွားတာ မျက်စိတမှိတ်အတွင်း ဘယ်ရောက်သွားမှန်းကို မသိဘူး၊ မြန်ချက် မြန်ချက် ။ ဒီကောင်ကြီးက ကိုယ်ယောင်ဖျောက်နိုင်တာပဲ ဖြစ်မယ် ၊ အဲ့ဒါ အင်းစောင့်ကြီးလို့ခေါ်တဲ့ သရဲကြီးပေါ့ "

ကျောင်း၏ တိုင်လုံးကြီးမှာ ချိတ်ဆွဲထားတဲ့ တိုင်ကပ်နာရီကြီးကို ကြည့်လိုက်တော့ တစ်နာရီထိုးလုပြီ။

ဦးဇင်း ဦးသောဘိတ ကျွေးတဲ့ သင်္ဘောသီးမှည့်တွေက အခုမှ အစွမ်းပြပြီထင်ပါရဲ့။ သူ့ဗိုက်ထဲ တရစ်ရစ်နာလာတယ်။

ဒီအချိန်ကြီး သူ အနောက်ကုဋီကို တစ်ယောက်တည်း မသွားရဲ။ကျောင်း၏ အနောက်ဖျား အင်းစောင်းအထိ သွားရမှာကို ကြောက်ရွံနေမိတယ်။

ကိုရင်ဒုံးပေ ပြောပြထားတဲ့ အင်းစောင့်ကြီးနဲ့ ပက်ပင်းတိုးနေရင်အခက်။

တကယ်တော့ ကိုရင် နန္ဒိယအတွက် ဒီကနေ့ တစ်နေ့ခင်းလုံး အဆင်မပြေ။ မနက်ကတည်းက အမေနဲ့အိမ်ကို လွမ်းဆွတ်နေမိတယ်။ ဆွမ်းခံကြွတုန်းက မြင်တွေ့ခဲ့ရသော နွေးထွေးတဲ့ မိသားစုတွေ မြင်ကွင်းက သူ့ကို အိမ်အလွမ်း ပိုစေခဲ့တယ်မဟုတ်လား။

ကျောင်းရောက်တော့ လုပ်စရာရှိတဲ့ ဝေယျာဝစ္စတွေကို လုပ်နေရပေမယ့် စိတ်က မပါ။ 'သံခဲရေ' ဆိုတဲ့ အမေ့အသံ ပြာစူးစူးလေးကို သတိရမိသလို ၊သူ့ကို အလိုလိုက် ကြင်နာရှာသည့် အစ်ကိုကြီးသံလုံးနှင့် ခြေတစ်ဖက် ဆာနေသော သနားစရာညီလေး ဖိုးစိန်၊ တီတီတာတာ စကားပြောတတ်ခါစ ချစ်စရာအငယ်ဆုံး ညီမလေး စံပယ်ထွေးကိုလည်း လွမ်းဆွတ်မိနေတာတော့ အမှန်ပင်။။

အမေ့အရွယ် မိန်းမကြီး တစ်ဦးဦးများ ကျောင်းဝင်းထဲကို ဖျင်တဘက် ခေါင်းပေါင်းပြီး ဝင်လာလျင် - ငါ့ကို အမေ ပြန်လာခေါ်ပြီလားလို့ မျှော်လင့်တကြီး ထကြည့်ရတာ အမော။ ဒါပေမယ့် အခုထိ သူ့အား ထားသွားသည့်နေ့မှစ၍ ယနေ့တိုင် အမေသည် တစ်ကြိမ်တစ်ခါမှ ပြန်လာ မတွေ့သေး။

" သိပ်မကြာပါဘူး ...သားရယ် ။ အမေ မင်းကို ပြန်လာခေါ်မှာပါ ။ အလွန်ကြာလှ လေးငါးလပေါ့ ။ မင်း အစ်ကိုကြီး သံလုံးလည်း လယ်ထဲ ဆင်းနိုင်နေပြီပဲ၊ ငွေလေး စုပြီးရင် အမေလာခေါ်မှာပေါ့"

အမေက ခေါင်းက တဘက်ကို ချွတ်ပြီး

ရစ်ဝဲလာတဲ့ မျက်ရည်အချို့ကို ကျမလာခင် ခပ်ကြမ်းကြမ်းလေး သုတ်ပစ်လိုက်တယ်။

တကယ်တော့ အမေ လာခေါ်မည်မှာ မသေချာကြောင်း အဲ့ဒီအချိန်ကတည်း သူ ရိပ်မိခဲ့ရမှာ ။ သူသာ အဲ့တုန်းက ရိပ်မိခဲ့ရင် ... ' အမေ ... ကျုပ်ကို မကျွေးနိုင်တော့ဘူးဆိုရင် ၊ ကျုပ် ထမင်းတစ်နပ်ပဲ စားပါ့မယ်၊ အရင်လို အများကြီး မစားတော့ပါဘူး ။ ဒီမှာတော့ တစ်ယောက်တည်း မထားခဲ့ပါနဲ့နော် ' လို့ ပြောမိမှာ အမှန်ပင်။

အခုတော့ သူ နားလည်စပြုပြီ။ အစ်ကိုကြီး သံလုံးက လယ်ယာခွင် ဝင်နိုင်ပြီ။အမေ့အတွက် အထောက်အကူ ရပြီ။ နို့ညှာကောင်က ခြေတစ်ဖက် မွေးရာပါ မသန်။ အငယ်ဆုံးလေးက အခုမှ ၄နှစ်။

အဲ့ဒီတော့ သူပဲ အောင်ဘာလေမဲ ကျခဲ့ခြင်း ဖြစ်မည်။ စီးပွားရေး ကျပ်တည်းလှတဲ့အမေဟာ မတတ်သာသည့်အဆုံး အမေ့ရဲ့ ဘကြီးဝမ်းကွဲတော်စပ်သော ဆရာတော်၏ ကျောင်း၌ သူ့အား သင်္ကန်းစည်းပေးပါရန် လျှောက်ထားပြီး လာပို့ထားခြင်းပင်။

ရှိရင်းစွဲ အရွယ်ထက် အိုစာနေသော အမေ့မျက်နှာနွမ်းနွမ်းလေးကို သူ လွမ်းတယ်။စိတ်လက်ကြည်သာတဲ့အခါ သူ့ပါးပြင်ပေါ် လိမ်းပေးတတ်တဲ့ အမေ့သနပ်ခါးရနံ့လေးကို သတိရတယ်။

ငါ့သားလေးက စားနိုင်တယ်ဟုဆိုကာ သူ့ပန်းကန်ထဲက ထမင်းကို ခွဲထည့်ပေးတတ်တဲ့ အမေ့ကို တကယ်ပဲ လွမ်းဆွတ်နေမိတယ်။

နေ့ဆွမ်းစားသည့်အခါ ထိုလွမ်းနာကြောင့် ကိုရင်နန္ဒိယသည် ခါတိုင်းလို မစားနိုင်။ နည်းနည်းသာ ဘုန်းပေးနိုင်ရှာတယ်။ ဒီတော့ ညနေ လေးနာရီသာသာလောက်မှာ ကိုရင်ငယ်ခမျာ ဝမ်းထဲက တကြုတ်ကြုတ် မြည်လာပါလေရော။ ဆာပြီလေ။ ဆာတော့ ရေသောက်ပေါ့။ နေ့လွဲညစာမှ မစားရတာ။

မကြာခဏ သောက်ရေအိုးစင်ရှိရာကို သွားခပ်သောက်နေတာကို စားဖိုဆောင်က ဦးဇင်း ဦးသောဘိတက မြင်သွားတော့ ကိုရင်ငယ်ရဲ့ ဝေဒနာကို စာနာ သနားမိပုံရတယ်။ လှမ်းခေါ်တယ်။

" ဟဲ့ ကိုရင် သံခဲ ၊ ဒီကို ခဏ လာဦး "

ဦးဇင်း ဦးသောဘိတ ခေါ်သည်ဆိုတော့၊ အပြေသွားကာ လက်အုပ်ချီရင်း၊

"တင့်ပါဘုရား ၊ တပည့်တော် ဘာလုပ်ပေးရမလဲ ဦးဇင်း "

ဦးဇင်းက ကျောင်းပေါ်ကို လှမ်းကြည့်တယ်။ပြတင်းပေါက်မှာ ဆရာတော်ကြီး စာဖတ်နေတာ တွေ့တော့ ၊

" လာ လာ ကိုရင် ၊ ငါ့နောက် လိုက်ခဲ့"

ကိုရင်နန္ဒိယဟာ ဦးဇင်း ခေါ်ဆောင်ရာ စားဖိုဆောင်ကို လိုက်ပါသွားတယ်။စားဖိုဆောင်ထဲက ခုံတန်းလျားရှည်ပေါ်မှာ ဦးသူတော်က လဲလျောင်းပြီး စာအုပ်တစ်အုပ်ကို သည်းကြီးမည်းကြီး ဖတ်နေတာကို တွေ့ရတယ်။

သူတို့ဝင်လာတာ သိပေမယ့် ဦးသူတော်က ခေါင်းတောင် ထူမကြည့်ပါဘူး။ သူ့စာပဲ သည်းမည်း ဖတ်နေလေရဲ့။ ဦးဇင်းက ကြောင်အိမ်ပေါ်က မှည့်ဝင်းနေတဲ့ သင်္ဘောသီးကို ယူပြီး ...၊

" ခွဲတတ်တယ်မို့လား ၊ ရေဆေးပြီး ခွဲစားလိုက် ကိုရင် ၊ အဆာပြေသွားလိမ့်မယ် "

ကိုရင်နန္ဒိယ ဝမ်းသာလိုက်တဲ့ ဖြစ်ခြင်း၊ လူ့ဘဝတုန်းကဆို အိမ်အနောက်က သင်္ဘောသီးမှည့်ဟာ သူ့အတွက်ပဲလေ။ ယခု သူ သိပ်ကြိုက်တဲ့ သင်္ဘောသီးမှည့်ကို စားခွင့်ကြုံလေပြီ ။ မုတ်ဆိတ်ပျားစွဲကိန်းကြုံတယ် ပြောရမလား။

သင်္ဘောသီးက နည်းနည်းတောင် အမှည့်လွန်နေလေပြီ။ အခွံပင် အိနေလေရဲ့။ ဆာဆာနဲ့ဆိုတော့ သင်္ဘောသီးတစ်လုံးက ခွဲစိတ်ပြီး ပြိုက်ခနဲ့ စားကုန်သွား၏။ ဒီတော့မှလည်း သူ့ ဗိုက်ကလည်း ငြိမ်သက်သွားတယ်။ သူစားနေတာကို ဦးဇင်းက ကြည့်ပြီး သဘောကျနေတာပေါ့။ ဦးဇင်း ဦးသောဘိတက ခပ်ပြုံးပြုံးနဲ့ ...

" ကဲ အခု ဘယ့်နှယ် နေသေးလဲ ၊ အဆာပြေသွားရော မဟုတ်လား ၊ ကိုရင် ရေ ခဏခဏ သောက်နေတာ ဦးဇင်း အတွေ့သား "

" တင်ပါ့ဘုရား ၊ အခု တပည့်တော် အဆာပြေသွားပါပြီ ၊ တပည့်တော် နေ့လည်က ဆွမ်း ကောင်းကောင်း မစားနိုင်လို့ ခုလို ဖြစ်သွားတာပါ ၊ ဦးဇင်းကို ကျေးဇူး အများကြီးတင်ပါတယ်ဘုရား "

" အေး အေး ၊ အော် ဒါနဲ့ အခု ကိုရင် ၂၄ပစ္စည်း အကျယ်နဲ့အနက်ကို အလွတ်ရပြီလား ၊ ကိုရင်က ဉာဏ်တော့ အကောင်းသား "

" တင်ပါ့ဘုရား ၊ ရပါပြီဘုရား ၊ တပည့်တော် အခု ဆိုပြရမလားဘုရား "

" ရရင်လည်း ပြီးပါရောကွာ ၊ မဆိုပြပါနဲ့တော့ ။ မနက်ဖြန် စာအံချိန်ကျမှ ဦးဇင်း ထောက်မပေးရစေနဲ့ ။ ကဲ သွား သွား စာပြန်နွှေးချေ "

ကိုရင်ငယ် ပြန်ထွက်မယ် လုပ်တော့ ၊ ဦးသူတော် ခေါင်းထောင်ထလာတယ်။ လက်ထဲက ဖတ်လက်စ စာအုပ်ကို ဝါးခြမ်းပြားလေးနဲ့ အမှတ်အသားပြု ညှပ်ထားလိုက်ပြီး ...။

" ကိုရင် ... လာပါဦး ၊ တပည့်တော်ဆီက ထန်းလျက်ခဲလေးတွေ ယူသွား "

ကိုရင်ငယ် ဝမ်းသာအားရနဲ့ ဦးသူတော်ဆီ လျှောက်သွားတယ်။ ဦးသူတော်က ဖွေးဆွတ်နေတဲ့ လက်တစ်ဆစ်စာလောက် ထန်းလျက်ခဲလေးတွေကို သူ့ အိတ်ထဲက ၄/၅ခဲ နှိုက်ပြီး ၊ သတင်းစာ စက္ကူပိုင်း အဟောင်းနဲ့ အသေအချာ ထုပ်ပေးလိုက်တယ် ။

" ဆာတဲ့အချိန် စား "

"ဟုတ် ...ဦးသူတော် "

ဦးသူတော်ဆီက ရခဲလှတဲ့ ထန်းလျက်ခဲလေးတွေကို သင်းပိုင်ခါးထဲ မိမိရရလိပ်ထည့်ထားလိုက်တယ် ။ ဘာလို့လဲ တော့မသိဘူး။ ဦးသူတော် ပေးတဲ့ ထန်းလျက်ခဲဟာ တခြား ထန်းလျက်ခဲနဲ့ မတူဘူး ။

မတူဘူးဆိုတာက အရောင်အသွေး နဲ့ အရသာကို ပြောတာ မဟုတ်ပါဘူး။ ဦးသူတော်ရဲ့ ထန်းလျက်ခဲက တစ်ခဲလောက် စားလိုက်ရရင်ကို လူက ခွန်အားတွေ ပြည့်ဝသွားသလိုပဲ ။ မဆာတော့ဘူး။ တော်တော်စွမ်းတာ။

သူ ထွက်သွားတော့ ၊ ဦးသူတော်က သူ့အား ချီးမွှမ်းစကား ပြောနေသံ ခပ်သဲ့သဲ့ ကြားလိုက်ရသေးတယ်။

" ဒီကိုရင်လေးက ညဘက် တရားထိုင်ရင် လုံးဝ မငိုက်ဘူး ၊ အသေအချာကို ဝင်သက်ထွက်သက် မှတ်တယ်။ ဒီအတိုင်း ဆက်သွားရင် သူ့စရဏအားက အတော်ကောင်းလာမှာ ဦးသောရ "

" ဟုတ်ပါ့ သင်းလေးက စာဝါလိုက်လည်း မပျင်းဘူး ၊ မှတ်ဉာဏ်ကလည်း ကောင်းသဗျ "

ဒီလို ချီးကျုးကြတော့ ကိုရင်နန္ဒိယ ရင်ထဲက ပျော်တာပေါ့ ။ နောက်ကို ဒီထက်လည်း ပိုကြိုးစားလိုစိတ် တဖွားဖွား ပေါ်လာစေတယ်လေ။

ဒီလိုအကြောင်းတွေ ပြန်တွေးတော့ ၊ ငါလည်း တစ်နေ့ကျရင် စာချကိုယ်တော်ကြီး ဖြစ်ရမယ်လို့ ...။

" အား ကျွတ် ကျွတ် "

မရတော့။ သူ ဆက်ပြီး မအောင့်နိုင်လောက်တော့ဘူး ။ ဗိုက်ထဲက အစာဟောင်းတွေက ဆန္ဒပြနေပြီလေ။

" ကိုရင်ဒုံးပေ ... ကိုရင်ဒုံးပေ "

အိပ်မောကျနေသည့် ကိုရင်ဒုံးပေကို ခပ်ကြိတ်ကြိတ်လေး နိုးကြည့်တယ်။ ကိုရင်ဒုံးပေက တုပ်တုပ်မျှ မလှုပ် ။ အသေကောင်လို အိပ်မောကျနေ၏။

ခေါင်းရင်းက ဒုတ်မီး (လက်နှိပ်ဓာတ်မီး)ကို စမ်းယူလိုက်ပြီး ၊ ကိုရင်ဒုံးပေကို လှုပ်နှိုးပြန်တယ်။ မနိုးပါဘူး ။ ဟိုဘက်တောင် လှည့်သွားသေးတယ်။

ဗိုက်ကလည်း မတရား နာလာပြီ။ ကျွဲနွား သင်းပျက် အကွပ်မဲ့ ဆိုသလို ထိမ်းမရချင်တော့ ။ မဖြစ်ချေတော့ဘူး။

ခေါ်မရတဲ့အတူတူ ဆက် မနှိုးတော့ပါဘူး ။ ဒုတ်မီးကို လက်က ကိုင်ကာ ထွက်လာခဲ့တယ်။ စားဖိုဆောင်ရောက်ရင်တော့ ဦးသူတော်ကို ဝင်နှိုူးမယ် ... နှိုးရကောင်းပါရဲ့လို့လည်း တွေးလာမိတယ်။

ခပ်သုတ်သုတ်လေး ကျောင်းအောက်က ထွက်လာခဲ့တယ်။ တစ်ပါးဆောင် ရောက်တော့ အားကိုးရှာ မော့ကြည့်မိသေးတယ်။ ဦးဇင်း ဦးသောဘိတများ ရှိနေမလားပေါ့ ။ မီးတွေမှိတ်ထားကုန်ပြီ။ မနက် အာရုံဆွမ်းအတွက် ကျိန်းရှာပြီနေမှာ။

ဆွမ်စားဆောင်ဘက်ကို တန်းပြေးလာခဲ့တယ်။ ဆွမ်းစားဆောင်ရောက်တော့ တံခါးက ပွင့်လျက်သား။ ဒါဆို ဦးသူတော်တော့ မအိပ်လောက်သေးဘူးဆိုပြီး ဝမ်းသာအားရ အထဲ ဝင်ကြည့်လိုက်တယ် ။ ရေနံဆီမီးခွက်လေး ထွန်းထားတော့ တစ်ခန်းလုံးကို ခြုံငုံ မြင်နေရတယ် ။ ခုံတန်းလျားရှည်ပေါ်မှာ ဦးသူတော် မရှိဘူး ။

ခပ်အုပ်အုပ်လေသံနဲ့ ...

" ဦးသူတော် ... ဦးသူတော် ... "

ပြန်ထူးသံ မကြားရဘူး။ ဦးသူတော် အပြင်ထွက်သွားပုံရတယ်။ စိတ်အလို မပြည့်တော့ ဟင်းခနဲ့ သက်ပြင်းချလိုက်တယ်။ ပြီးမှ သတိရသွားတယ်။ ဦးသူတော်လည်း ရေအိမ် သွားတာ ဖြစ်မယ်ပေါ့ ။ ဒါနဲ့ပဲ ကိုရင့် ခမျာ အားတက်သွားဟန်တူရဲ့ ၊ ဒုတ်မီး ခလုပ်ကို တွန်းဖွင့်ကာ ကုဋီ ရှိရာသို့ ထွက်လာခဲ့တယ်။

ဒုတ်မီးကလည်း ဓာတ်ခဲအားနည်းနေပြီ၊ ခပ်မှိန်မှိန်သာ လင်း၏။ကိုရင် ၄ပါးမှ ဒီဒုတ်မီး တစ်လက်ရှိပဲတာ။ ဓာတ်ခဲ ဝယ်ဖို့ ပိုက်ဆံစုတာက မပြည့်သေး။

အကြီးဆုံး၂ပါးဖြစ်တဲ့ ကိုရင်ဒုံးပေနဲ့ ကိုရင်နို့ဆီ ၂ပါးစလုံး တပြားမှ မထည့်ကြသေးဘူး ။ ' လင်းပါသေးတယ်ကွာ ၊ ဖြေးဖြေးပေါ့ ' ဟု ဖင့်နွှဲနေကြတယ်။ နေရှင်နယ် ဓာတ်ခဲဆို တစ်ခဲကို ၁ကျပ်ခွဲ။ ၃ခဲထိုးဆိုတော့ ၄ကျပ်ခွဲ ပြည့်မှ။ အကြီး ၂ပါးက တစ်ပါးကို ၅မတ်ဆီ ထည့်မယ်သာ ပြောတာ။ ခုထိ မထည့်သေး။

ပြာစင်သော ကောင်းကင်မှာ ငွေရောင် ကြယ်တို့ ဝန်းရံခကာ ဆန်းစ လကွေးကွေးက မလင်းသာ လင်းသာ ခပ်မှေးမှေးလေး လင်းနေလို့ တော်သေးတယ် ပြောရမယ်။ ကြည်လင်သော အလင်းရောင် မရှိသော်လည်း ဝန်းကျင်ကို မြင်သာ၏။

ကုဋီ မရောက်ခင်ကတည်းက ကြိုမြင်နေရသည်က ကောင်းကင်ကို လက်တံကြီးများသဖွယ် ထိုးထွက်နေကြသည့် လက်ပံညီနောင်၏ အကိုင်းများ။ ကိုင်းများက အရပ်ရှစ်မျက်နှာကို ဆန့်တန်းလျက် ။ ကြီးမားသော ပါးပျဉ်းမြစ်ဆုံများကို ကြည့်ရသည်က ချောက်ချားစရာ။

လရောင်ကြောင့် လက်ပံကိုင်းတံများက မြေပေါ်သို့ အရိပ်ကျနေလိုက်တာများ၊ ကြည့်ပြီး ကြက်သီးထချင်စရာ။

ရွက်ခြောက်အချို့ကို အမှတ်တမဲ့ သူ တက်နင်းမိသည့်အခါ ခြိုးခြိုးချွတ်ချွတ် အသံမြည်သွားလို့ ထင်ပါရဲ့ ။

ညမှ ထွက်တတ်သော ညဉ့်ငှက်အချို့ လက်ပံပင်ကြီးပေါ်မှ ရုတ်ခြည်း ထပျံသွားကြတယ်။ သူတို့ရဲ့ အတောင်ခတ်သံ တဖျန်းဖျန်းက တိတ်ဆိတ်သော ညဉ့်အလယ်မှာ ထိတ်လန့်စဖွယ်ပင်။

မရဲတရဲနဲ့ အင်းစပ်ကို သူ လှမ်းကြည့်သေးတယ်။ ဗေဒါတွေ ၊ မှော်ဖတ်စိမ်းစိမ်းတွေ ၊ ဒိုက်သရိုက်တွေနဲ့ အနောက်အင်းကြီးက ငြိမ်သက်နေပါတယ်။ တစ်ခါတစ်ခါ ငါးပွက်သည့်အသံတော့ ကြားနေရတာပေါ့ ။

ဟင် ! ငါးမျှားတံတစ်ချောင်းနဲ့ ပလိုင်းတစ်လုံးပါလား ။ ဘယ်သူများပါလိမ့် ။

လူမရှိပဲ ၊ ငါးမျှားတံ တစ်ချောင်းက ရေစပ်မှာ ပလိုင်းနဲ့အတူ ချထားတာ မြင်လိုက်ရတော့ သူ အံဩသွားတယ်။ ဒုတ်မီးနဲ့ ရေစပ်ကို လှမ်းထိုးကြည့်လိုက်တယ်။ ကြိုးနဲ့ငါးမျှားချိတ်က ရေထဲမှာ၊ ဖော့ဆံက ရေပေါ် ထောင်နေဆဲ။

ဦးသူတော်တစ်ယောက် ဆရာတော် မသိအောင် ငါးလာမျှားနေသည်လား မသိ။ ငါးမျှားရင်း သူလည်း ဗိုက်နာလို့ အိမ်သာ တက်နေခြင်း ဖြစ်မယ်လို့ တွေးပြီး အိမ်သာရှိရာဘက်ကို ဒုတ်မီးနဲ့ ထိုးကြည့်ပြန်တယ်။

၄လုံးတွဲ ရေလောင်းအိမ်သာမှာ တစ်ခုသော အိမ်သာတံခါးက ပိတ်လျက်သား ရှိနေတာကို မြင်လိုက်ရတော့ ဦးသူတော်ပဲလို့ အတတ်တွေးလိုက်မိတယ်။အဖော်ရှိတာ သိရလို့ သူလည်း အားရှိသွားတယ်။

ကပ်လျက်က ရေအိမ်ထဲကို အမြန်ဝင်လိုက်ပြီး သူ့ကိစ္စကို အလောသုံးဆယ် ရှင်းချလိုက်တယ်။ ဒီတော့မှ အတော်လေးကို နေသာထိုင်သာ ရှိသွားတာပေါ့ ။ ဒါပေမယ့် ဗိုက်ထဲက ရစ်နေတုန်းဆိုတော့ ကိစ္စပြီးအောင် ဆက်ထိုင်နေရတယ်။

အဲ့ဒီအချိန် ဟိုဘက်က အိမ်သာက ရေလောင်းသံ တဖန်းဖန်း ကြားလိုက်ရတယ်။ သိပ်မကြာဘူး ။ ဂျလောက်ခနဲ ဂလန့်ဆွဲသံ ၊ တဆက်တည်း ကျွီခနဲ့ တံခါးဖွင့်သံ ကြားလိုက်ရတော့ ၊ သူက ခပ်မြန်မြန် အသံပေးလိုက်တယ်။

" ဦးသူတော် ... ကျနော့်ကို တအောင့်လောက် စောင့်ပါအုံး ၊ ပြီးတော့မှာပါ"

အပြင်က ရော်ဘာဖိနပ်သံ တဖတ်ဖတ်ဟာ သူ့အသံကြောင့် တုန့်ဆိုင်းသွားတယ်။ စကားပြန်ဖြေသံ မကြားရပေမယ့် ရပ်စောင့်နေဟန်တူတယ် ။ သူလည်း ကျန်နေတာကို အမြန် ကိစ္စဝိစ္စ ရှင်းထုတ်ပြီး ၊ ရေလောင်းချလိုက်တယ်။

သူ ထွက်လာတော့ အံအားသင့်ဖွယ်။

အပြင်မှာ သူထင်ထားသည့် ဦးသူတော်ကို မတွေ့ရ။ ဦးသူတော်ကတော့ သူ့ကို ထားပြီး သွားလိမ့်မည်မဟုတ်။

- ဟင်... ဒါဆို ခုနက ရေအိမ်ထဲက ဘယ်သူလဲ ။ ဧည့်သည်တော့ မဖြစ်နိုင်။ညက ဘုရားဝတ်တက်၊ တရားထိုင်ပြီး သူ ဆရာတော်ဘုရားအား ဝတ်ကြီးဝတ်ငယ် ဖြည့်ဆည်းပေးနေရသေးသည်။ ဆရာတော်ကြီး ကျိန်းစက်ခါနီးမှ သူ အောက်ဆင်းလာခဲ့တာ မဟုတ်လား။ ဧည့်သည်လာတာ သူ မတွေ့မိပါ။

အတွေးရခက်ကြီးပါလား ။ ကဲလေ ကျောင်းက ဦိးဇင်း တစ်ပါးပါး နေမှာပေါ့ဟု ဖြေတွေး တွေးလိုက်တယ်။ ဒါဆိုရင်လည်း ဦးသူတော်က ဘယ်ကို ထွက်သွားတာပါလိမ့် ။ဆွမ်းစားဆောင်မှာ ရေနံဆီမီးခွက်က ထွန်းထားခဲ့တယ်ဆိုတော့ ဝေးဝေးလံလံတော့ မဖြစ်နိုင်ဘူး ။

ဦးသူတော် ဆရာတော်ကြီး မသိအောင် ငါးမျှားနေတာ ဖြစ်မယ်လို့လည်း သူ တွေးလိုက်မိတယ်။ဘာကြောင့်လဲဆိုတော့ ဦးသူတော်ကြီးဟာ ငါးဟင်းတို့ ငါးကြော်တို့ဆို အတော်ကြိုက်တာကို သူ သတိထားမိတယ်။ ငါးဟင်းနဲ့ဆို မြိန်ယှက်စွာ စားလေ့ရှိတယ်။

ကိုရင်နန္ဒိယဟာ ဒုတ်မီးခလုပ်ဖွင့်လိုက်ပြီး ကျောင်းဘက်သို့ ပြန်ရန် ခြေဦးပြင်လိုက်တယ်။

" ဂျွတ် ... ဂျွတ် ... "

ဒါပေမယ့် သူ့အနောက်က ဂျိုးဂျိုးဂျွတ်ဂျွတ်နဲ့ ကိုက်ဝါးသံတွေ ကြားလိုက်ရတာကြောင့် အလန့်တကြား လှည့်ကြည့်လိုက်တယ်။

ခပ်မှိန်မှိန် ဒုတ်မီး အလင်းရောင်က အသံထွက်ပေါ်သည့်နေရာကို ဒက်ထိ ထိုးမိသွားတယ် ပြောရမယ်။လက်ပံညီနောင် အခြေမှာ။

ကလေးတစ်ထိုင်စာလောက် ရှိမယ့် လက်ပံ ပါးပျဉ်းမြစ်ဆုံကြီးအနောက်မှာ လူကြီးတစ်ယောက်ဟာ သူ့အား ကျောပေးပြီး တဂျွတ်ဂျွတ် ဝါးနေသည်ကို တွေ့လိုက်ရတယ်။ဒါကြောင့် မျက်နှာကို မမြင်ရဘူး။

သူ့နှာခေါင်းထဲကိုလည်း ငါးညှီနံ့ ညှီစို့စို့ကြီးနဲ့ ရွံ့နွံပုပ်နံ့က ဟောင်ခနဲ ဝင်လာလိုက်တာ ပျို့အန်ထွက်လုမတတ်ပါပဲ ။

" ဟင် ! ဘာကြီးလဲ "

ဦးသူတော် မဟုတ်တာ သေချာတယ်။ ဦးသူတော်က လက်စကစွပ်ကျယ် နဲ့ ပုဆိုးအကွက်တုံးကြီးတွေ ဝတ်တတ်တာ သူ သိထားတယ်လေ။

ယခုဟာက အရောင် ကောင်းစွာ မပေါ်သော ခပ်နွမ်းနွမ်း အဝတ်တို့ကို ဝတ်ထား၏။ အဝတ်တွေက ဟောင်းနွမ်းတဲ့အပြင် ရိရွဲ စုပ်ပြတ်နေပြီ။

ခေါင်းမှာ စုပ်ဖွာဖွာ ဆံပင်ရှည်ကြီး။ ထိုဆံပင်ပေါ်တွင် အစိမ်းရောင် ရေမှော်များဖြင့် ပွစာခတ်နေတယ် ၊ ခါးရိုးက ရှည်လျားပြီး ကိုင်းနေ၏။ သိသာထင်ရှားသည်က ထိုလူ၏ခန္ဓာကိုယ်က ရေများရွှဲနစ်နေပြီး မြေပေါ်သို့ ရေများ စက်လက်ကျနေတာကို သူ မြင်တွေ့လိုက်ရတယ်လေ။။

ကျောမပေါ်မှာလည်း မှော်ဖတ်များ ၊ ဒိုက်များ ပေပွတင်ကျန်နေသလို ၎င်းကို ကြည့်ရသည်မှာ မကြာသေးခင်ကမှ ရေထဲကနေ တက်လာသည့်သဏ္ဍာန်ပင်။

ကိုရင်နန္ဒိယ ကြည့်နေရင်းမှာ ထိုသတ္တဝါကြီးသည် သူ့ဘက်ကို လှည့်လာ၏။

" ဟာ ! ... "

ခေါင်းမွှေးတွေ ထောင်ထကာ အသည်းတွေ အူတွေ ပြောင်းပြန်လန်ကုန်သလား အောက်မေ့ရတယ်။ လူတစ်ကိုယ်လုံးက ကြောက်စိတ် တက်ပြီး ကတုန်ကရင်နဲ့ ၊ ဘာလုပ်ရမှန်း မသိတော့ချေ။ သူ မြင်ရတာက ...

အသားအရေတွေ ရိတွဲ ပြတ်ကျနေသည့် မျက်နှာ မည်းခြောက်ခြောက်ကြီး ၊ အတွင်းဘက်ကို ချိုင့်ဝင်နေသော မျက်တွင်းဟောက်ပက်ထဲက အဖြူရောင် မျက်လုံး ဖွေးဖွေးကြီး ၊ အရိုးပေါ် အရေတင်ရုံမျှ လက်တံရှည်ကြီးနှစ်ချောင်း က လှုပ်ခတ်နေသော ငါးတစ်ကောင်ကို မိမိရရ ကိုင်ထားပြီး ပယ်ပယ်နယ်နယ် ဝါးစားနေခြင်းကြောင့် တဂျွတ်ဂျွတ် အသံ ထွက်ပေါ်နေတာ ဖြစ်တယ်။

သူ့ကို တွေ့တော့ အဲ့ဒီအကောင်ကြီးက မတ်တတ် ထရပ်လာတယ်။ မတ်တတ်ရပ်လိုက်မှ ပိန်ညော်နေတဲ့ ခြေတံရှည်နှစ်ချောင်းက ဘေးနှစ်ဘက်ကို ကားကာ ခပ်ခွင်ခွင် ဖြစ်နေတာကို မြင်လိုက်ရတယ်။

ကိုရင် နန္ဒိယ နောက်ကို တဖြေးဖြေး ဆုတ်သွားမိတယ်။ သူ့ဟာသူ ဘာလုပ်နေမိမှန်းလည်း သတိကပ်ပုံ မရဘူး။ အရမ်းကို ထိတ်လန့် ချောက်ချားနေတာ သိသာတယ်။ နဖူးက ချွေးသီးတွေက ပါးပြင်ပေါ်ထိ စီးကျနေတယ်။ ခြေဖဝါး လက်ဖဝါးတွေက အေးစက်နေကြပြီ။ သူ့တစ်ကိုယ်လုံးက တုန်ရင်နေတော့ နတ်ပူးနေသလိုပဲ။

ဝါးနှစ်ရိုက်လောက်က ငါး အစိမ်းစား တစ္ဆေဟာ ကိုရင် နန္ဒိယ ကြောက်နေတာကို သိပြီး ထပ်မံ ခြောက်လှန့်လိုပုံရတယ်။ ဖတ်ခနဲ့ ဖတ်ခနဲ့ ရှေ့သို့ ခုန်ကာ တိုးလာတယ်။ တစ်ခါခုန်လျင် ၆ပေအကွာလောက် အသာလေး ရောက်တယ် ။ မြန်လွန်းလို့ ခုန်လိုက်တဲ့အခါ ပျောက်သွားလိုက် ပေါ်လာလိုက် ဖြစ်နေတယ်။

ဒီလိုနဲ့ တစ္ဆေဟာ ကိုရင်နန္ဒိယရဲ့ ရှေ့တည့်တည့်ကို ရောက်ချလာတော့တာပေါ့။ တစ္ဆေကြီးကို အနီးကပ် မြင်လိုက်ရမှ အော်ဂလီဆန်စရာ ရွံရှာ ထိတ်လန့်ဖွယ်ရာ ဟောင်းလောင်းပေါက် မျက်နှာကြီးနဲ့ပါလားလို့ တွေ့လိုက်ရတယ်လေ။ ဘာပြောကောင်းမတုန်း ။ ကိုရင် နန္ဒိယခမျာ အော်တောင် မအော်နိုင်ပါဘူး ။ အကြောတွေ ဆိုင်းကာ မေ့လဲကျသွားတော့တာပေါ့ ။

တစ္ဆေဟာ ကိုရင်ငယ်အနီးကို တိုးကပ်သွားဖို့ ကြိုးစားသေးတယ် ။ ဒါပေမယ့် ...၊

" ဟိတ် ! ရပ်လိုက်စမ်း ..." ဆိုတဲ့ ဩဇာသံ အပြည်နဲ့ အသံတစ်ခုက တစ္ဆေကို တွန့်သွားစေတယ်။

အသံရှင်က တခြားသူ မဟုတ်ဘူး ။ ကပ္ပိယကြီး ဦးသူတော် ဖြစ်နေတယ်။ ဦးသူတော်ဟာ သူ့လက်ထဲက ပစ္စည်းတစ်ခုနဲ့ တစ္ဆေကို ပစ်ပေါက်လိုက်တယ် ။ တည့်တည့် ထိမှန်ခံရတဲ့ တစ္ဆေဟာ မီးကွင်းအထိခံရသလိုပဲ ပူလောင်ပြီး အဝေးကို လွင့်သွားတယ်။

ဦးသူတော်က ပါးစပ်ကနေ ဂါထာ ရွတ်တယ်။ တစ္ဆေဆီကို သူ့အိပ်ထောင်ထဲက ကလေးလက်သီးဆုပ်လောက် ရှိမယ့် ခဲလုံးလိုလိုဟာနဲ့ ထပ်ထုလိုက်ပြန်တယ်။

တစ္ဆေကိုယ်နဲ့ ထိတဲ့အခါ မီးပန်းတွေ ပေါက်ကွဲသလို ဖန်းခနဲ့ ဖန်းကနဲ့ ထလောင်ကုန်တယ်။

" အောင်မယ်လေး ... ကြောက်ပါပြီ ၊ နောက် မလုပ်တော့ပါဘူး ၊ ထပ်မပစ်ပါနဲ့တော့ "

ဒီတစ်ခါ ထိမှန်ခံရတဲ့ တစ္ဆေဟာ ဦးသူတော်ကို အလွန်တရာ ကြောက်လန့် သွားပုံရတယ် ။ ဒူးထောက် တောင်းပန်ရှာတယ်။ ဦးသူတော်ဟာ အဲ့ဒီတစ္ဆေဆီကို လှမ်းသွားပြီး ၊ ဆံပင်ဦးစွန်းမုတ်ကို ဆွဲကိုင်ထားပြီး ၊ စီးထားတဲ့ ရော်ဘာဖိနပ်နဲ့ ပါးတွေနားတွေကြည့် ရိုက်ပစ်တယ် ။ ရိုက်တာမှ ရက်ရက်စက်စက်ကို ရိုက်တာ။

ပါးစပ်ကလည်း ...

" နင့်ကို ငါ သတိပေးတာ ဘယ်နှစ်ခါ ရှိပြီလဲ ၊ နင်က ငါ့ကို မခန့်လေးစားနဲ့ ကိုရင်ငယ်တွေကို ခြောက်လှန့်ပြန်ပြီ ၊ လာခဲ့ ဒီတစ်ခါတော့ နင့်ကို နောင်ကြဉ်အောင် ဆုံးမရမယ် "

ပြောပြီးတာနဲ့ ဦးသူတော်ဟာ တစ္ဆေကို လက်ပံပင် ခြေရင်း ဒရွတ်တိုက် ဆွဲခေါ်သွားတယ်။ ရောက်တာနဲ့ ခုနက ကိုင်ထားတဲ့ ဆံစကနေ အဝတ်စတစ်ခုလို ကိုင်မြှောက်ပြီး တစ္ဆေရဲ့ကိုယ်ကို လက်ပံပင်ကြီးရဲ့ ပင်စည်နဲ့ တဖုန်းဖုန်း ဆော်ပါလေရော။

" ဖုန်း ... ဖုန်း "

အံမယ်လေး အဘလေး နဲ့ တစ္ဆေဟာ နာကြင်စွာ အော်ဟစ်ရင်း ကြောက်ပါပြီ နောက်မလုပ်တော့ပါဘူးလို့ တောင်းပန်ကတိပေးရတယ် ။

ဦးသူတော်က စိတ်ကျေနပ်လောက်အောင် ရိုက်နှက်ပြီးမှ " သွားစမ်း "ဆို လွှင့်ပစ်လိုက်တယ်။ တစ္ဆေဟာ ဦးသူတော်ရဲ့ လက်က လွတ်မြောက်တာနဲ့ သွေးရူးသွေးတမ်း အင်းထဲ ဆင်းပြေးသွားရှာတယ် ။ သေချာတယ် ။ နောက်တစ်ခါ ကိုရင်ငယ်တွေကို ခြောက်လှန့်ရဲမှာ မဟုတ်တော့ဘူး ။

အဲ့ဒီတော့မှ ဦးသူတော်က မေ့မြောနေတဲ့ ကိုရင် နန္ဒိယကို ပွေ့ချီပြီး ဆွမ်းစားဆောင်ကို ခေါ်သွားတယ်။ သူ့ အိပ်ရာဖြစ်တဲ့ ခုံတန်းလျားရှည်ပေါ်မှာ ကိုရင် နန္ဒိယကို သတိ ပြန်လည်လာအောင် ပြုစုပေးတယ်။

မကြာပါဘူး ။ ရှုဆေးဘူးနဲ့ နှာဝတေ့ပေးလိုက်တာ ကိုရင်နန္ဒိယ သတိ ပြန်ရလာတော့တာပေါ့ ။

သတိလည်လာတဲ့ ကိုရင်လေးဟာ အလွန်အမင်း ကြောက်လန့်နေပုံပါပဲ ။ ဝူးဝူးဝါးဝါးနဲ့ ငိုတယ် ။ ဒီကျောင်းမှာ ဆက်မနေချင်တော့ဘူးလို့လည်း ငိုရှိုက်ရင်း ပြောရှာတယ်။ တကယ်ဆို ကိုရင်နန္ဒိယ အသက်က ၁၀နှစ်တောင် မပြည့်သေးဘူးလေ။ ကလေးပဲပေါ့ ။

တစ္ဆေကို မြင်တွေ့ခဲ့တဲ့ အရပ်မှာ သူ ဘယ်လို ဆက်နေနိုင်မှာလဲ ။ အခန့်မသင့်ရင် အသက်တောင်ပါသွားနိုင်တယ်လေ။ အသက် မပါရင် သေချာပေါက် ရူးသွားနိုင်တယ်မဟုတ်လား ။

ဦးသူတော်က ကိုရင်လေးကို ချော့ပြီး ဆေးနက်လုံးတစ်လုံး တိုက်လိုက်တယ်။ ပြီးတော့ သူ့အိပ်ရာပေါ်မှာ လဲလျောင်းစေပြီး ၊ သူကပဲ စောင်ခြုံပေးတယ်။

ဆေးက သောက်ပြီးပြီချင်း ဖိန်းကနဲ ရှိန်းကနဲ တစ်ကိုယ်လုံးက သွေးတွေ နွေးလာတယ်။ အားရှိသလို ၊ လုံခြုံလာသလို ခံစားလာရတယ်။

ဦးသူတော်က ကိုရင်လေးကို တစ်ခွန်းပဲ မေးတယ်။

" သရဲကို နိုင်ချင်သလား " တဲ့ ။

ကိုရင်လေးက ဦးသူတော်ကို ကြောင်စီစီ ပြန်ကြည့်တယ် ။ ပြီးတော့ ခေါင်းငြိမ့်ပြတယ် ။

ဟုတ်တယ်လေ ။ ကြောက်ရင် ရှုံးတယ်မဟုတ်လား။ အဲ့ဒီတော့ နိုင်ချင်တာပေါ့ ။ ဒါမှ သရဲကို မကြောက်မှာ။

ဦးသူတော်က ပြုံးတယ်။

" တစ္ဆေ သရဲတွေကို နိုင်တဲ့ ဂါထာ ပေးလိုက်မယ် ကိုရင် ။ ဉာဏ်ရှိသလို သုံးပေါ့။ အဓိကကတော့ သူတို့နဲ့တွေ့ရင် ကိုယ့်ဘက်က တည်ငြိမ်ဖို့လိုတယ် ။ ကိုယ်က သူတို့ကို မကြောက်ဘူးဆိုတာ ပြရဲရမယ် ။ ဒါဆိုရင် ကိုရင်လေးကို ဘယ်သရဲ တစ္ဆေကမှ ခြောက်လှန့်ရဲမှာ မဟုတ်တော့ဘူး ၊ ဟုတ်ပြီလားကိုရင်လေး "

ကိုရင်လေး နန္ဒိယက ခေါင်း ထပ်ငြိမ့်ပြတယ်။ ဦးသူတော်က ...

" ကဲ ... ကဲ ... ကိုရင် အိပ်ချင်ရော့မယ် ။ ဒီတန်းလျားမှာ တရေးအိပ်လိုက်ပါ ။ ကျုပ် ဘေးနားက စောင့်ပေးမယ် ။ စိတ်ချလက်ချသာ အိပ်ပေရော့ "

ကိုရင်လေးဟာ ဦးသူတော် ပေးတဲ့ဆေးကြောင့် မကြာခင် အိပ်ပျော်သွားရှာတယ်။ ဦးသူတော်ကတော့ အင်းစပ်မှာ ကျန်ရစ်ခဲ့တဲ့ သူ့ ငါးမျှားတံနဲ့ ငါးထည့်တဲ့ ပလိုင်းကို တစ်ခေါက်ပြန်ယူတယ်။

ဒီ အင်းစောင့်သရဲကို နှိမ်ချင်လို့ စောင့်နေတာကြာပြီလေ။ ဒီညကျမှ မိတော့တယ်။ ဒါကြောင့် မှတ်လောက်သားလောက်အောင်ကို ဆုံးမလွှတ်လိုက်တာ။

သေချာပါတယ် ။ အင်းစောင့်ကြီးလို့ ခေါ်တဲ့ အနောက်အင်းသရဲဟာ နောက်တစ်ခါ ဘယ်ကိုရင်လေးကိုမှ ခြောက်ရဲ လှန့်ရဲတော့မှာ မဟုတ်ပါဘူး။

ပြီးတော့ တစ္ဆေ သရဲ ဆိုတာက သူတို့ကို ကြောက်ရင်သာ ဖြဲ ခြောက်တာ ။ မကြောက်တတ်တဲ့သူကိုကျတော့ သူတို့က ခပ်ဝေးဝေးက ရှောင်လေ့ရှိတယ်။ အထူးသဖြင့် စရဏအားကောင်းသူ ၊ သူတို့ကို နိုင်စားမယ့်သူကို တွေ့ရင် အမြီးကုပ်ပြီး ပြေးလေ့ရှိတယ်။ ဂါထာတွေ ၊ မန္တာန်တွေ ဆိုတာကလည်း ပင်ကိုယ်က စရဏအားကောင်းတဲ့သူမှ အစွမ်းထက်တာဆိုလေတော့ ၊

ကိုရင်နန္ဒိယဟာ နောက်တစ်နှစ်မှာ တစ္ဆေ သရဲတွေကို သူကိုယ်တိုင်က မကြောက်တော့တဲ့အပြင် ၊ သူများကို ဝင်ပူးကပ်နှောက်ယှက်တာကိုပင် ဖယ်ရှား ရှင်းလင်း ပေးနိုင်လို့ ၊ ရွာထဲမှာ " တစ္ဆေနိုင် ကိုရင်လေး "လို့ နာမည်ကျော်လာပါလိမ့်မယ်။

ကိုရင် နန္ဒိယရဲ့ အပြင်ပွဲတွေ့ အတွေ့အကြုံများကိုတော့ နောက်များကျရင် ထပ်မံ ရေးသားပါဦးမယ် ။ အခုတော့ စာကြောင်းရေ မလုံလောက်တော့ပါသဖြင့် ဇာတ်သိမ်းခွင့်ပြုပါလို့ ...။

ပြီးပါပြီ

ပီပီ(မန္တလေး)

#lotaya_shortstory

MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။

Some text some message..