တစ်ပွင့်စိန် အပိုင်း ( ၄ ) ဇာတ်သိမ်းပိုင်း
lotaya.mpt.com.mm
|
2021-09-14

ကျွန်တော်တို့ကိုလုပ်ကြံတာ မန်နေဂျာကိုသန်းဇော်ဝင်း

နဲ့ ကိုကျော်နိုင်တို့ပဲ ... တိုးကြီးသေတာလည်း သူတို့ပဲလုပ်

ခဲ့တာ ... တိုးကြီးမဆင်းခင် ကိုကျော်နိုင်ရဲလူတွေက ဝန်ချီ

ကြိုးကို ကြိုးအဟောင်းနဲ့လဲလိုက်တာ တွေ့တဲ့သူရှိတယ်

ဗျ ... နောက်ပြီး သူ့လုံခြုံရေးကြောင့် ဘယ်သူဆိုတာ မပြောပြတော့ဘူးဗျာ ... ကျွန်တော်အစ်ကို့ဆီလာတာ သက်သေတစ်ခုသိရလို့ လာပြောပြတာ

ဘကြီးစိုးမှာပါးစပ်အဟောင်းသားဖြင့် ဖိုးထူးအားကြည့်

နေလေတော့သည်။ ဝင်းမင်းထွန်းမှာမူ ဘကြီးစိုးနှင့် ဖိုး

ထူးတို့ပြောနေသည်များကို နားမလည်နိုင်ဖြစ်နေသော်

လည်း ဖခင်အားလုပ်ကြံသတ်ဖြတ်ခဲ့သည်ဆိုခြင်းကြောင့်

ခန္ဓာကိုယ်ရှိသွေးကြောများပွက်ပွက်ဆူမတတ် ဖြစ်နေ

လေတော့၏။

သူတို့လုပ်ကြံတာသေချာရင် အမှုဖွင့်ရမှာပေါ့

ခဏတော့စောင့်ဦးအစ်ကို ... သက်သေကခုမှ တစ်ခုပဲ

ရသေးတာ ... ကျွန်တော်ထပ်ရှာဦးမယ် ...

ဟို ... မနေ့ညက တိုးကြီးအလောင်းကိုပြန်သွားဖော်

သေးတယ် ... သန်းဇော်ဝင်းတပည့်ကျော်နိုင် နဲ့ သူ့လူ|တွေရောက်လာပြီးတော့ အလောင်းကိုမီးရှို့သွားကြ

တယ်

ဗျာ ... ဘယ်အချိန်ကလဲ ...

ဘကြီးစိုး ...

ဝင်းမင်းထွန်းက စိုးရိမ်တကြီးသတိပေးဟန်ပြုလိုက်

သည်။ ဘကြီးစိုးက ဝင်းမင်းထွန်းအား လက်ကာပြ

ကာဆက်ပြောလေ၏။

မနေ့ည ၇နာရီ ၈နာရီလောက်ထင်တယ် ... မြိုင်ကလေး

သုဿာန်မှာဖြစ်ခဲ့တာ ... အစ်ကိုတို့ကိုလည်းချုပ်ထား

ကြတာ ... အဲ့ဒါသက်သေဖြစ်နိုင်လား

ဖြစ်တာပေါ့အစ်ကိုရ ... ဒါရမ်းကားမှု.. အလောင်း

ဖျောက်မှုပဲဗျ

ဒီလောက်ဆိုအမှုဖွင့်လို့ရပြီထင်တယ်

ရတော့ရပေမယ့် ... သူတို့ငြင်းမရတဲ့သက်သေကြီးကြီး

မားမားတစ်ခုလောက်လိုနေတယ်အစ်ကို ... ဒီလိုလုပ်

လေ ... ဒီ တစ်ရက် နှစ်ရက် ကျွန်တော် စုံစမ်းကြည့်ဦး

မယ်... မတွေ့တော့ဘူးဆိုရင်တော့ ခုရထားတဲ့သက်သေ

နဲ့ပဲ အမှုဖွင့်လိုက်တာပေါ့

ဖိုးထူးနှင့်ဘကြီးစိုးလည်း မည်သို့မည်ပုံလုပ်မည်တိုင်ပင်

ဖြစ်ကြသည်။ ပြောကြဆိုကြပြီး ဖိုးထူးပြန်သွားသည့်အ

ခါမှ ဝင်းမင်းထွန်းမှာ ဘကြီးစိုးအားအပြစ်တင်တော့

ဒီလောက်ဆိုအမှုဖွင့်လို့ရပြီထင်တယ်

ရတော့ရပေမယ့် ... သူတို့ငြင်းမရတဲ့သက်သေကြီးကြီး

မားမားတစ်ခုလောက်လိုနေတယ်အစ်ကို ... ဒီလိုလုပ်

လေ ... ဒီ တစ်ရက် နှစ်ရက် ကျွန်တော် စုံစမ်းကြည့်ဦး

မယ်... မတွေ့တော့ဘူးဆိုရင်တော့ ခုရထားတဲ့သက်သေ

နဲ့ပဲ အမှုဖွင့်လိုက်တာပေါ့

ဖိုးထူးနှင့်ဘကြီးစိုးလည်း မည်သို့မည်ပုံလုပ်မည်တိုင်ပင်

ဖြစ်ကြသည်။ ပြောကြဆိုကြပြီး ဖိုးထူးပြန်သွားသည့်အ

ခါမှ ဝင်းမင်းထွန်းမှာ ဘကြီးစိုးအားအပြစ်တင်တော့

သည်။

အဖေက သူ့ကိုမယုံဖို့ပြောထားတာကို ဘကြီးရာ

ဘကြီးထင်တာ သားအဖေ တခုခုလွဲနေတာဖြစ်မယ်...

ဖိုးထူးကဒါတွေဘာလို့လာပြောမှာလဲသားရ ... သူသာ

ကြံရာပါဆို မနေ့ကကျော်နိုင်တို့လုပ်သလို လက်စဖျောက်

ဖို့ လုပ်မှာပေါ့ ...

ဘကြီးစိုးစကားကြောင့် ဝင်းမင်းထွန်းတိတ်ဆိတ်သွား

လေသည်။ ထိုညမအိပ်ခင် ဖခင်၏အရိုးပြာကိုလက်

ဖြင့်ကိုင်ကြည့်ပြီး ...

အဖေ ... သားကိုအကုန်လာပြောပြပေးပါ ... သား

ဘာဆက်လုပ်ရမလဲ ... ဘကြီးကဖိုးထူးကိုယုံနေပြီ

အဖေ

ထိုသို့ပြောလိုက်၍လားမဆိုသာပေ၊ ဝင်းမင်းထွန်းအိပ်

မက်ထဲ ကိုတိုးကြီးရောက်လာလေသည်။

ဖိုးထူးပြောတာဟုတ်တယ်သား ... အဖေလည်းသိခဲ့

ရပြီ ... အစက သန်းဇော်ဝင်းတို့ပြောတာအမှန်ထင်ခဲ့

တာ ... အဲ့ညက အဖေတို့သုံးယောက်သောက်နေတုန်း

သူတို့လာခေါ်လို့အဖေလိုက်သွားခဲ့တယ်... ဟိုရောက်

တော့ သန်းဇော်ဝင်းက မကြာခင် ရွှေကြောကြီးတွေ့

တော့မှာတဲ့ ... နောက်ပြီးသူပြောရမှာစိတ်မကောင်းပေ

မယ့် အဖေ့ကိုညီအစ်ကိုလိုခင်မင်လို့ ပြောပြပါရစေလို့

ပြောတယ် ... သူပြောတာက ဖိုးထူးက ရလာမယ့် ရာခိုင်

နှုန်းကို လိမ်ပေးဖို့ သူနဲ့လာညှိတယ်တဲ့ ... ပြောရရင်

သားရာ ... သိန်း ၁၀၀ ရမယ်ဆို အဖေ့ကို သိန်း ၅၀

လောက်ပဲပြောဖို့ပေါ့ ... သားနားလည်လား ... ကိုသန်း

ဇော်ဝင်းက သူအဲ့လိုမလုပ်ချင်တဲ့အကြောင်းနဲ့dဖိုးထူးက

မယုံကြည်ရလို့ အင်းဆရာမခန့်ချင်တော့တဲ့အကြောင်း

ပြောလာတယ်... အဖေကတော့ ဖိုးထူးကအဲ့လိုမဟုတ်

တဲ့အကြောင်းပြောပေးပါသေးတယ် ... သူတို့က အဖေ့

ကို အခုသားရှာတွေ့တဲ့ တစ်ပွင့်စိန်လေးတစ်လုံးပေး

လာတယ် ... အဲ့ဒီစိန်က သိန်း ၂၀ တန်တယ်လို့လည်း

ပြောတယ် ... အဖေသာ ဖိုးထူးကိုရှင်းပေးရင် ဒီလိုစိန်

မျိုး အပွင့် ( ၃၀ ) ပေးမယ်တဲ့ ...ဒီစိန်အစစ်ဟုတ်မဟုတ်နဲ့ ... ဘယ်လောက်တန်တယ်ဆိုတာ သိရအောင် နမူနာ

တစ်ပွင့်အရင်ယူပြီး သွားရောင်းကြည့်လိုက်ဆိုပြီးပေး

လာတာ ...

အဖေအိမ်ရောက်တော့ ဖိုးထူးကိုမကြည်တော့ဘူး...

သူကမရိုးသားဘူးလို့အဖေထင်မိတယ်... ဒီအလုပ်ဖြစ်

သွားဖို့ သူအင်းဆရာဖြစ်ဖို့ အဖေကြားခံဆက်ပေးခဲ့တာ

... ခုတော့သူ ပြောထားတဲ့အတိုင်း ရာခိုင်နှုန်းရရင်မခွဲ

ပေးချင်လို့ အဖေ့ကိုလိမ်ဖို့ကြံနေတယ်ဆိုပြီး စကား

မပြောချင်တော့ဘူး ...သူမူးပြီးအိပ်ပျော်သွားပေမယ့်

အဖေကအိပ်မရဘူးလေ ... အဲ့ဒါနဲ့အူငဲကိုအကြောင်းစုံ

ပြောပြမိတယ် ... အူငဲကတော့ ဖြစ်နိုင်ပါ့မလားလို့ သ

တိပေးပါသေးတယ် ... အဖေအဲ့တုန်းက သန်းဇော်ဝင်း

တို့ကိုယုံခဲ့မိတာ မှားတာပဲ ...မနက်ရောက်တဲ့အခါ ညကများသွားလို့ သူမထနိုင်ဘူး ... သူရောအူငဲရော အိပ်ပျော်

နေကြတယ် ... အဲ့ဒီအချိန်အဖေ့ဆီကျော်နိုင်နဲ့ အရင်အင်း

ဆရာဟောင်း မိုးမြင့်တို့အုပ်စုရောက်လာပြီး လုပ်ငန်းစဖို့ပြောတယ်... ဖိုးထူးကို ရှင်းပစ်ဖို့ပေါ့ ... အိပ်ပျော်နေတုန်း ခေါင်းအုံးနဲ့ဖိသတ်ဖို့ခိုင်းတယ် ...

အဖေက ဖိုးထူးကိုမကျေနပ်ပေမယ့် သတ်ဖို့အထိ

မလုပ်နိုင်ဘူး ... အဖေမလုပ်ရဲဘူးဆိုတော့ ... မလုပ်ရဲ

ရင် ... အဖေ့ကိုလိုက်ခဲ့ဆိုပြီး ခေါ်သွားကြတယ် ... သန်း

ဇော်ဝင်းဆီရောက်တာနဲ့ အဖေ့ကိုရိုက်ကြတယ်...ပြီးတာ

နဲ့ သူတို့စိန်ပြန်တောင်းတယ်...အဖေကသက်သေဖြစ်အောင်ပြန်မပေးဘဲ သူတို့အလစ်မှာ လည်ချောင်းထဲမြိုထားခဲ့တာ ... သူတို့ကအဖေ့တကိုယ်လုံးအနှံ့စိန်လိုက်ရှာကြလို့ ... အဖေက အိမ်မှာကျန်ခဲ့တယ်ဆိုပြီးညာပြောခဲ့တာပဲ... စိန်ရှာမတွေ့တော့တဲ့အခါ အဖေ့ကို ပြန်ချော့တယ် ... သူတို့ခုလိုလုပ်တာကိုဘယ်သူ့ကိုမှပြန်မပြောဖို့

နဲ့ စိန်ကိုလည်းပြန်မယူတော့တဲ့အကြောင်းပေါ့ ... ပြီး

တော့ အလုပ်ဆက်ဆင်းပေးဖို့ခေါ်သွားကြတယ်... ဘာ

မှမဖြစ်လောက်တော့ဘူးဆိုပြီး လည်ချောင်းထဲကစိန်ကို

အန်ထုတ်ကြည့်ပေးမယ့် ပြန်ထွက်မလာဘဲ အထဲမှာခံ

နေတာ ထုတ်မရနေဘူး ... သူတို့မရှိမှဖြည်းဖြည်းချင်း

ထုတ်မယ်ဆိုပြီး အလုပ်ဆင်းပေးလိုက်ရတယ် ... အဲ့ဒီ

မှာ သူတို့ဝန်ချီကြိုးအဟောင်းနဲ့လဲထားမှန်း မသိခဲ့လိုက်ဘူး ... အဖေ့ကိုသူတို့လုပ်ကြံခဲ့ကြတာ ... အစကတော့

ဖိုးထူးရောပါတယ်ထင်မိတာသားရယ် ... သူလည်းမကြာတော့ဘူး အဖေ့နောက်လိုက်ရတော့မယ် ... မနေ့ညက သန်းဇော်ဝင်းတို့ပြောနေတာ အဖေကြားလာတာ ဖိုးထူးသားတို့ဆီလာတာသူတို့သိသွားကြပြီ ... ဖိုးထူးနေတဲ့နေ

ရာကိုလည်း သိသွားပြီ ... အဖေတို့အချိန်မရှိတော့ဘူးသား ...

အဖေသူတို့အနား ကပ်မရလို့ဘာမှမလုပ်နိုင်ဘဲ ကြည့်

နေရတယ်... ဒါကြောင့်စိန်ထဲအရိုးပြာထည့်ခိုင်းရတာပဲ...

ထည့်ပြီးတာနဲ့ သားတို့ဆီစိန်ရှိကြောင်းသူတို့သိအောင်

စကားစလိုက် ... သူတို့လာတောင်းလိမ့်မယ် ... အဲ့ဒီအခါ

သူတို့လက်ထဲထည့်ပေးလိုက်တော့ ... အဖေကလဲ့စား

ချေရမယ် ... သားဘကြီးနဲ့ဖိုးထူး အမှုဖွင့်လည်း သူတို့

ပြန်လွတ်လာရင် ဒုက္ခပေးဦးမှာပဲ ... အဖေ့အစီအစဉ်အတိုင်းပဲလုပ် ...

ထိုသို့မက်ခဲ့ပြီး လန့်နိုးလာသည့်အခါ ဝင်းမင်းထွန်း

တကိုယ်လုံးချွေးများစိုနစ်နေလေသည်။ ဖခင်ဖြစ်သူ

ကလဲ့စားချေမည်ဆိုသဖြင့်လည်း စိတ်လှုပ်ရှားနေမိ၏။<

ထိုအိပ်မက်ကို ဘကြီးစိုးအား နိုးပြီးပြောပြသည့်အခါ

ဘကြီးစိုးလည်း စိတ်ဝင်စားနေပုံရ၏။ ကိုတိုးကြီးမည်

ကဲ့သို့ ကလဲ့စားချေမည်ကို သိချင်နေလေသည်။

မနက်လင်းသည့်အခါ ရေမိုးချိုးစားသောက်ကြပြီး

ချိန်းဆိုထားရာပန်းထိမ်အိမ်သို့ ထွက်လာလိုက်တော့

သည်။ ပန်းထိမ်သို့ရောက်သောအခါ ရခါနီးပြီဟုဆို

သဖြင့် ထိုင်စောင့်နေကြရသည်။

မီးအရှိန်တော်တော်ပြင်းပြင်းပေးနေရတယ်ဦးလေး...

လက်ရာတော့မသပ်ရပ်ဘူးပေါ့ ... ရတာတော့ရပါတယ်

( ၂ ) နာရီခန့်ထိုင်စောင့်ပြီးသော် ရပြီဆိုသဖြင့် ထိုစိန်ကို

ကြည့်လိုက်ကြသည်။ စိန်ပွင့်ပေါ် အပေါက်ဖောက်ရာက

ဖျောက်မရချေ။ ယခုအတိုင်းဆို ကိုသန်းဇော်ဝင်းတို့

မယုံသင်္ကာဖြစ်နိုင်ပေသည်။ ထို့ကြောင့် ထိုစိန်အား အ

ပေါက်ရာမမြင်စေရန် လက်စွပ်ကွင်းခိုင်းလိုက်ရတော့

သည်။

စိန်ထည်ဆိုရင် ၁၂ ပဲရည်နဲ့ လုပ်ရင်ရပြီ ... ဘယ်သူ့

လက်တိုင်းနဲ့လုပ်မလဲဗျ

ဘကြီးစိုးက ဝင်းမင်းထွန်းကိုညွှန်ပြလိုက်ပြီး

သူ့လက်တိုင်းနဲ့ပဲလုပ်လိုက်ပါ ... ကျွန်တော့်လက်က

ကြီးတော့ ရွှေပိုကုန်နေမယ် ...

လက်စွပ်အတိုင်းကို ဝင်းမင်းထွန်းလက်နှင့်တိုင်းပြီး

( ၃ ) ရက်စောင့်ရန် ရက်ချိန်းပြန်သည်။ ထိုထက်မြန်မြန်

ရအောင်လုပ်ပေးရန် ပြောသည့်အခါ ( ၂ ) ရက်ထက်

ပိုမမြန်နိုင်ဟု ဆိုသဖြင့် စောင့်ဆိုင်းရန်သာရှိတော့၏။

ပါလာသည့်ငွေလည်း ကုန်သလောက်ရှိနေပြီး လက်စွပ်

အတွက် လိုအပ်သည့်ပိုက်ဆံကို အိမ်ကိုလှမ်းမှာမှဖြစ်

ပေတော့မည်။ ထိုပန်းထိမ်မှပြန်လာပြီး မကြည်နွဲ့ထံ

ဖုန်းဆက်ကာ ငွေလှမ်းတောင်းရလေသည်။

မကြည်နွဲ့မှာမူ နာရေးကူငွေမှရသည့် ပိုက်ဆံသာရှိ

ကြောင်း၊ ကိစ္စဝိစ္စပြီးပြတ်သည်နှင့်ပြန်လာကြစေချင်

ကြောင်း၊ လက်စွပ်လုပ်ရန်သဘောမတူကြောင်းပြော

လာ၏။ တောင်း၍မရသည့်အခါ ဘကြီးစိုးကသူပြန်

ရောက်ပါက ထိုငွေကိုပြန်ပေးပါမည့်အကြောင်း ပြော

လိုက်မှ လွှဲပေးမည်ဟုသဘောတူလာတော့သည်။

ဘကြီးမေ့နေတာလား ... နစ်နာကြေးသွားထုတ်

ရဦးမယ်လေ

ဟုတ်သားပဲကွ ... အူငဲနဲ့တွေ့ပြီးမှသွားကြတာပေါ့ ...

ရလာရင်သားအမေကို လွှဲခိုင်းမနေတော့ဘူး

ပိုက်ဆံကိစ္စအဆင်ပြေနေပြီဖြစ်၍နေ့လည်စာကြုံရာဆိုင်

ဝင်စားကာ အူငဲနှင့်ချိန်းဆိုထားရာ ကိုချစ်ဆွေဆိုင်သို့

ဦးတည်လိုက်ကြချေသည်။ ဘကြီးစိုးတို့မှာအရင်ရောက်နှင့်နေသဖြင့် လက်ဖက်ရည်မှာကာ ထိုင်စောင့်နေခဲ့၏။

မကြာခင်မှာပင် အူငဲမှာ တရုတ်ဖြစ်ဆိုင်ကယ်လေးနှင့်

ရောက်လာလေတော့သည်။

စောင့်ရတာကြာသွားပြီလားဗျ

သိပ်တော့မကြာသေးပါဘူးငါ့ညီ ... ဘာသောက်မလဲ

ကျဆိမ့်တစ်ခွက်

အူငဲက စားပွဲထိုးတစ်ယောက်ကိုလှမ်းမှာပြီး ဘကြီးစိုး

ကို ပြောပြတော့သည်။

အဲ့ဒီညက ကိုတိုးကြီးကို ကိုသန်းဇော်ဝင်းတို့လာခေါ်

သွားကြတာ ... သူပြန်လာတော့ မျက်နှာသိပ်မကောင်း

ဘူးဗျ ... ကျွန်တော်လည်းမေးမနေတော့ဘူးပေါ့ ... တစ်

ခုခုအဆင်မပြေတာဖြစ်မယ်လို့ပဲ ထင်လိုက်မိတယ် ...

သူတို့နှစ်ယောက် အဲ့ဒီအလုပ်အသစ်မှာ စလုပ်ပြီးမှ

ကျွန်တော်နဲ့အတူ သုံးယောက်ပေါင်းပြီး ခုအိမ်ကိုငှား

နေဖြစ်ခဲ့တာ ... အဲ့ဒီတော့ အရင်ကသူတို့မှာဘာကိစ္စ

ရှိမှန်း ကျွန်တော် မသိဘူးလေ ... ဒီလိုနဲ့ ဖိုးထူးမူးပြီး

အိပ်သွားတဲ့အခါ ကိုတိုးကြီးက ကျွန်တော့်ကို တိုးတိုး

ပြောပြလာတယ် ... ကိုသန်းဇော်ဝင်းတို့က ဖိုးထူးကို

ရှင်းခိုင်းတယ်တဲ့ဗျ ... ဒါပေမယ့် နောက်ရက်ရောက်

တော့ ကိုတိုးကြီးဆုံးသွားတာအံ့ဩမဆုံးဘူး ... ညကပဲ

သူ့ကိုခိုင်းတဲ့အကြောင်းပြောပြနေသေးတာလေ ... ကျွန်

တော့်အထင် ကိုတိုးကြီးလုပ်ကြံခံရတာဖြစ်မယ်ဗျ ...

နောက်ပြီး ကိုတိုးကြီးမြေချတဲ့ညက စိတ်ညစ်ညစ်နဲ့သောက်ကြမယ်ဆိုပြီး ကျွန်တော်အရက်ထွက်ဝယ်တာ...

ပြန်လာတော့ ဖိုးထူးကအိမ်ထဲကပြေးထွက်သွားပြီး ...

သူ့အနောက်ကနေ လူ လေး ငါး ယောက်ပြေးလိုက်သွား

တာမြင်လိုက်ရတာပဲ ... ဖိုးထူးကိုမမီတော့ အိမ်ရှေ့ပြန်

လာပြီးတော့ သူတို့ရပ်ထားတဲ့ဆိုင်ကယ်ကိုလာယူပြီး

မောင်းထွက်သွားကြတယ် ... အဲ့ညကစပြီး ဖိုးထူးကို

မတွေ့တော့တာပဲ ...

အူငဲပြောပြသည်များမှာ အိပ်မက်ထဲတွင် ကိုတိုးကြီး

ပြောပြသည့်အကြောင်းများ၊ ဖိုးထူးပြောပြသည်များနှင့်

အတော်တူနေသဖြင့် ဝင်းမင်းထွန်းရော၊ ဘကြီးစိုးပါ တအံ့တဩဖြစ်နေကြသည်။

နောက်တစ်ခုရှိသေးတယ်ဗျ ... သူတို့တွေ ကျွန်တော့်

ကိုလည်း စောင့်ကြည့်နေကြတယ် ... အပြင်သွားပြီဆို

လူစိမ်းတစ်ယောက်မဟုတ်တစ်ယောက် ကျွန်တော့်နား

ရစ်သီရစ်သီနဲ့ တွေ့တွေ့နေတယ်အစ်ကို ... ခုတော့

ရှောင်ရင်းရှားရင်းအစ်ကို့ဆီအရဲစွန့်လာခဲ့တာပဲ ... သူတို့

အနောက်ကလိုက် မလိုက်မပြောနိုင်ဘူး ... တကယ်လို့

တခုခုလာမေးခဲ့ရင် ကိုတိုးကြီးနာရေးအတွက် ကူငွေ

လာထည့်တာလို့သာ ပြောပါအစ်ကို ... ဒါက ကျွန်တော့်

ကူငွေပါ ... လက်ခံပေးပါဗျ

ဟုဆိုပြီး ပိုက်ဆံ သုံးသောင်း ထုတ်ပေးလာသည်။

ဖြစ်နိုင်ရင် သေချာစုံစမ်းကြည့်စေချင်တယ် ... ကိုတိုး

ကြီး ခုလိုဖြစ်တာ ဘယ်လိုမှ လက်ခံလို့မရဘူး

ဘကြီးစိုးလည်း ယခုကဲ့သို့ ပြောပြပေးခြင်းနှင့် ကူငွေ

အတွက်အလွန်ကျေးဇူးတင်မိပါကြောင်းပြောနေစဉ်

မှာပင် ၎င်းတို့စားပွဲသို့ လူစိမ်းနှစ်ယောက် ဝင်ထိုင်လာ

လေ၏။ ထိုသူများကိုကြည့်လိုက်ရာ ကိုတိုးကြီးအ

လောင်းမီးရှို့ခဲ့သူများဖြစ်နေသည်ကို သိလိုက်ရတော့

သည်။

ဘကြီးစိုးလည်း လူကြားသူကြားဖြစ်သဖြင့် စိုးရွံ့မနေ

တော့ပေ။ မျက်နှာခပ်တင်းတင်းဖြင့် ကြည့်ကာမေးလိုက်

သည်။

ဘာကိစ္စလဲကွ

ဘာမှမဟုတ်ပါဘူး ... လက်ဖက်ရည်လာသောက်

တာပါ

ဘကြီးစိုးကိုပြန်ဖြေပြီး ခပ်စိမ်းစိမ်းကြည့်နေကြ၏။

အူငဲမှာတော့အနည်းငယ်ထိတ်လန့်နေဟန်ရသည်။

ကိုတိုးကြီးအတွက်ကူငွေကို ပေးချင်နေတာကြာပြီ

အစ်ကိုရ ... ဟိုနေ့ကပေးချင်တာလည်း လက်ထဲမပါ

လို့ ခုရွှေသာယာရောက်တုန်း အစ်ကိုနဲ့ မထင်မှတ်ဘဲ

ဆုံတာ ကံကောင်းသွားတယ်ဗျာ ...

အူငဲကစကားအကြောင်းအရာကို လွှဲပြီး မသိဟန်ပြု

ကာ ပြောနေ၏။ ဘကြီးစိုးတို့မှာလည်း အလိုက်အထိုက်

ဟန်ဆောင်ကာ လိုက်ပြောလိုက်ကြသည်။အစ်ကို... အဖေမဆုံးခင်က ကျွန်တော့်အမေကိုဖုန်း

ဆက်လာတယ် ... အဖေဆက်လာတာညကြီးဗျ ...အဖေကစိန်တွေရတော့မယ့်အကြောင်းနဲ့dရတာနဲ့ပြန်

လာပြီး အိမ်အသစ်ဆောက်မယ်လို့ပြောတယ်

ဝင်းမင်းထွန်းစကားကြောင့် ဘကြီးစိုးရင်ထဲထိတ်ခနဲ

ဖြစ်သွားလေသည်။ အဘယ်ကြောင့် ရန်သူ၏ရှေ့မှောက်

တွင် ထိုသို့ပြောရသနည်းကိုတွေးမရနေပေ။ ဘကြီးစိုး

ကဲ့သို့ပင် အူငဲအပါအဝင် လူစိမ်းများလည်း မျက်လုံး

များပြူးလျက် ဝင်းမင်းထွန်းအား ကြည့်နေကြ၏။

အဖေဘယ်ကစိန်ရတာလဲဆိုတာ အစ်ကိုကကြားမိ

သေးလား

အူငဲက တအံ့တဩပြန်ကြည့်ပြီး ခေါင်းခါပြလိုက်၏။

စိန် ... ဟုတ်လား ... တခါမှမကြားမိပါဘူးညီလေးရ ...

ဟုတ်ရောဟုတ်ပါ့မလား

အဟုတ်ပဲအစ်ကို ... စိန်တွေရမယ်လို့ကိုသေချာပြော

ခဲ့တာ ... နောက်ပြီး လောလောဆည် တစ်ပွင့်စိန်တစ်လုံး

ရထားတယ်တဲ့ ... ပထမဆုံးရတာမလို့ ကျွန်တော့်အတွက်

လက်စွပ်လုပ်ပေးမယ်လို့ပြောတယ် ... သူချန်ထားခဲ့တဲ့နေရာပြောပြခဲ့လို့တော်သေးတာပေါ့... အဲ့ဒီစိန်သွားယူပြီးလက်စွပ်သွားအပ်ထားလိုက်တယ် ...နောက်နှစ်ရက်ဆို

ရပြီတဲ့... ကိစ္စတွေလည်းပြီးပြီဆိုတော့ အဲ့ဒီလက်စွပ်ယူ

ပြီး ပြန်ရတော့မှာပေါ့အစ်ကိုရာ ... အဖေပေးခဲ့တဲ့နောက်ဆုံးလက်ဆောင်မဟုတ်လားဗျ ဝင်းမင်းထွန်းတမင်ပြောနေမှန်း ဘကြီးစိုးသဘောပေါက်

သွားသည်။ ထို့ကြောင့်မည်သည်မှဝင်မပြောတော့ဘဲ

လူစိမ်းနှစ်ယောက်ကိုသာ မသိမသာအကဲခတ်နေလိုက်

၏။ လူစိမ်းနှစ်ယောက်မှာတော့ ရှုးရှုးရှဲရှဲဖြစ်သွားသည်

ကို အမြန်ဟန်ဆောင်လိုက်ကြကြောင်း ဘကြီးစိုးတွေ့

မြင်လိုက်သည်။အူငဲကတော့ မည်သည်မျှသိပုံမရချေ။ တအံ့တဩသာ

ဖြစ်နေလေသည်။ သိချင်သည်များသိသွားရသည်ထင်

၏၊ လူစိမ်းနှစ်ယောက်မှာ လက်ဖက်ရည်အမြန်မော့

သောက်ပြီး ပြန်ထွက်သွားကြလေတော့သည်။

တွေ့လားအစ်ကို ... အဲ့လူတွေအမြဲအနောက်ကလိုက်

နေကြတာ ... ဒီကငါ့ညီလေး ... သူတို့ရှေ့မှာ မပြောသင့်

ဘူးကွ ... အန္တရာယ်များတယ် ... ရှေ့လျှောက်သတိထား

တော့ ... ဖြစ်နိုင်ရင် အစ်ကိုတို့ ဒီကမြန်မြန်ပြန်ကြတာ

အကောင်းဆုံးပဲ ... သူတို့တွေဘာတွေကြံစည်ဦးမလဲ

မသိနိုင်ဘူး

နောက်နှစ်ရက်လောက်နေပြီးရင် ပြန်တော့မှာပါညီရ..

မပြန်ခင် သတိထားအစ်ကို ... သေချာဂရုစိုက်ကြဗျာ ...

ကဲ ... ကျွန်တော်ကြာနေရင် သံသယဝင်နေလိမ့်မယ် ...

သွားပြီအစ်ကို ...

ဟုတ်ပြီ ငါ့ညီရေ

အူငဲပြန်သွားသည့်အခါ ဝင်းမင်းထွန်းကိုမေးကြည့်ရ

တော့သည်။

သားဘာလို့ပြောလဲဆို အဲ့ဒီလက်စွပ်ကိုသူတို့လာယူ

အောင်လို့ ... နောက်ပြီးတော့ ကိုအူငဲ ဘာမှမသိကြောင်း

သူတို့သိသွားတော့ ကိုအူငဲလည်း အန္တရာယ်ကင်းသွား

တာပေါ့ဘကြီးရ

တစ်ချက်ခုတ် နှစ်ချက်ပြတ် လုပ်လိုက်နိုင်သော ဝင်းမင်း

ထွန်းကြောင့် ဘကြီးစိုး စိတ်ထဲချီးကျူးမိနေလေသည်။

လက်စွပ်ရရန်နောက် ( ၂ ) ရက်ထပ်စောင့်ရမည်ဖြစ်၍

ထို ရက်ပြီးလျှင်တော့ ပြန်တော့မည်ဟု ဆုံးဖြတ်လိုက်

လေသည်။ လကုန်ရက်မှ မကြည်နွဲ့တို့မိသားစုလိုက်

ခေါ်လာပြီး နစ်နာကြေးပြန်လာထုတ်မည်ဟု စဉ်းစားထားသည်။

ကိုသန်းဇော်ဝင်းတို့အကြောင်းကို အခြေအနေထူးပါက

ဖုန်းဆက်ပြောပြပေးရန် ကယ်ရီသမားကိုအောင်ဟိန်း

ထံကြိုမှာထားပြီးဖြစ်၍တော်သေးသည်ဟု ဘကြီးစိုး

တွေးနေသည်။ ကိုတိုးကြီးက ကလဲ့စားချေမည်ဟု အိပ်မက်ပေးထားသည်မဟုတ်လော။ ယခုအချိန်

အထိ အိပ်မက်ထဲမှအကြောင်းအရာအတော်များများ

မှာ အပြင်၌ဖြစ်နေသည်နှင့် ထပ်တူကျနေသဖြင့် စိတ်

ဝင်စားနေမိသည်တော့ အမှန်ပင်။ညနေရောက်၍ ညစာထွက်စားချိန်တွင် ဘကြီးစိုးတို့

အနီးအနား၌ လူစိမ်းအချို့ကိုတွေ့မြင်လာရသည်။

၎င်းတို့မှာ စိန်ကြောင့်လိုက်လာဟန်ရသည်။ ထိုစိန်တစ်

ပွင့်အတွက် အဘယ်ကြောင့်လိုက်ရသနည်းဟုတွေးကြည့်

သည့်အခါ ကိုတိုးကြီးဆုံးပါးမှုအတွက် သက်သေကျန်

နေ၍ သက်သေဖျောက်ရန် လိုက်နေခြင်းသာဖြစ်ရပေ

လိမ့်မည်။ဘကြီးစိုးနှင့် ဝင်းမင်းထွန်းတို့လည်း အစီအစဉ်တကျ

ပြုလုပ်ပြီးဖြစ်၍ ရင်တထိတ်ထိတ်ဖြင့်သာ စောင့်ဆိုင်း

နေကြလေတော့သည်။ နောက်တနေ့တွင် မြိုင်သာယာ

သို့သွားမည့်ကားအဆင်သင့်တွေ့သဖြင့် နစ်နာကြေး

ယူရန် တဖန်ထပ်သွားရပြန်သည်။

ကုမ္ပဏီသို့ရောက်သည့်အခါ ကိုသန်းဇော်ဝင်းတို့က

မောက်မာစွာစောင့်ကြိုနေကြသည်။ နစ်နာကြေးငွေ

( ၁၅ ) သိန်းအား ထုတ်ယူ၍မရနိုင်သေးကြောင်း၊

CEO ၏လက်မှတ်လိုသေးကြောင်း၊ ထို့ကြောင့် နောက်

တစ်ပတ်မှလာရန် ထပ်မံချိန်းဆိုပြန်သည်။ထိုကုမ္ပဏီ၏ရင့်သီးမှုများကို မခံနိုင်သော်လည်း ရသင့်

ရထိုက်သည်တော့ ရအောင်ယူရမည်ဟု ဘကြီးစိုး တေး

ထားလိုက်၏။ ဟန်ဆောင်ပန်ဆောင် ဖော်ရွေစွာပြော

နေရသော်လည်း စိတ်ထဲအတော်မကျေနပ်နေချေ။ ထို

နေရာမှ စိတ်ပျက်လက်ပျက်ဖြင့် ရွှေသာယာသို့ဆိုင်

ကယ် ကယ်ရီငှားပြီး ပြန်လာခဲ့ကြလေတော့သည်။သားအမေ လွှဲလာမှာနဲ့ အဆင်ပြေပါတယ်ကွာ ...

လက်စွပ်ရသည့်နေ့သို့ရောက်လာသောအခါ ခေတ်သစ်

ရွှေပန်းထိမ်တွင်သွားယူလိုက်ကြသည်။ တစ်ပွင့်စိန်လက်

စွပ်လေးမှာ ကိုတိုးကြီး၏အရိုးပြာပါ၍လားမဆိုသာ

ယခင်ထက်တောက်ပနေလေသည်။d ဝင်းမင်းထွန်းမှာတော့ စမ်းဝတ်ကြည့်ရင်း မျက်ရည်လည်နေရှာ၏။ဒါဝတ်လိုက်တာ အဖေသားကိုဖက်ထားသလိုခံစား

ရတယ် ဘကြီးရာ

မျက်ရည်လေးလည်လည်ဖြင့် ပြောနေရှာသော ဝင်းမင်း

ထွန်းကိုကြည့်ပြီး ဘကြီးစိုးရင်ထဲ ဆို့တက်လာခဲ့ရသည်။

ကျသင့်ငွေနှင့် လက်ခကို ရှင်းပေးလိုက်ပြီးသောအခါ

ဝင်းမင်းထွန်းက လက်စွပ်ကို မချွတ်ချင်ချွတ်ချင်ဖြင့်ချွတ်ကာ ဗူးထဲပြန်ထည့်လိုက်လေ၏။

ဝတ်ထားလေ သား

ဝင်းမင်းထွန်းက ခေါင်းခါပြလာသည်။ခဏနေဆို ပေးလိုက်ရတော့မှာပဲ ဘကြီးရာ ...

စိတ်မကောင်းမဖြစ်ပါနဲ့သားရယ် ... ဘကြီးပိုက်ဆံစု

ပြီး ပြန်လုပ်ပေးပါ့မယ် ... အရိုးပြာတွေက အိတ်နှစ်လုံး

အပြည့်ရှိတာပဲမဟုတ်လား

ထိုပန်းထိမ်အိမ်မှာပြန်ထွက်သည်နှင့် ကားတစ်စီးသည်

၎င်းတို့ရှေ့လာရပ်လာလေသည်။ ထိုကားပေါ်မှ လူစိမ်း

များဆင်းလာပြီး ဘကြီးစိုးတို့အနားတိုးကပ်လာကာ

ကျောနောက်သို့ ဓားဖြင့်ထောက်ထား၏။ ထို့နောက်ကားပေါ်တက်ခိုင်းသဖြင့်dတက်လိုက်ကြရတော့သည်။ ကားပေါ်ရောက်သည်နှင့် အမြန်မောင်းထွက်သွားပြီး လူပြတ်သည့်နေရာ၌ ကားရပ်လိုက်လေသည်။

ပါတာအကုန်ထုတ်စမ်း

ထိုလူစိမ်းများကို မည်သူခိုင်းစေမှန်းဘကြီးစိုးတို့သိနေ

ကြပြီဖြစ်၍ လက်စွပ်ဗူးလေးအား ထုတ်ပေးလိုက်လေ

သည်။ ထိုလူတို့မှာ ဗူးကိုဖွင့်ကြည့်ပြီး တစ်ပွင့်စိန်လက်

စွပ်လေးကိုတွေ့သည်နှင့် ဘကြီးစိုးတို့ကို ကားပေါ်မှ

ဆင်းခိုင်းကာ ပြန်မောင်းထွက်သွားကြသည်။ ဝင်းမင်းထွန်းလည်း ဘကြီးစိုးလက်မောင်းအား တွဲရင်း ကား

ထွက်သွားရာသို့ ငေးကြည့်နေရှာနေလေသည်။

အဖေ ... အဖေခိုင်းတဲ့အတိုင်း သားလုပ်ပြီးပြီ ...

သားတို့မနက်ဖြန်ပြန်တော့မယ်အဖေ

ဝင်းမင်းထွန်းက အရိုးပြာလေးကိုစမ်းရင်းပြောနေ၏။

ပစ္စည်းများသိမ်းဆည်းပြီးပြီဖြစ်၍ စိတ်လက်ပေါ့ပါး

စွာ အနားယူလိုက်ကြတော့သည်။နောက်နေ့မနက် ရွှေသာယာမှပြန်လာလိုက်ကြတော့၏။

အိမ်သို့ရောက်သောအခါမှ ဖြစ်ကြောင်းကုန်စင်ကို

မကြည်နွဲ့တို့အား ဇာတ်စုံခင်းပြလိုက်သည်။

မကြည်နွဲ့တို့မှာတော့ အသည်းတထိတ်ထိတ်ဖြင့်နား

ထောင်ရင်း ဟင်ခနဲ ဟာခနဲ ဖြစ်ကုန်ကြလေသည်။

ကံကြီးပေလို့ပဲ ကိုကြီးစိုးထွန်းရယ် ... မသေကောင်း

မပျောက်ကောင်း ... အဲ့လူတွေက စိတ်မထင်ရင် သတ်

ပစ်ကြမှာတော့် ... အမလေး ငါ့သားလေး ဘေးကင်းလို့

တော်ပါသေးတယ်

မကြည်နွဲ့မှာ ဘုရားတရင်း တတွတ်တွတ်ပြောဆိုနေ

တော့သည်။သူတို့ပေးမယ့်နစ်နာကြေးလည်း မယူချင်တော့ပါဘူး

ရှင် ... ကိုတိုးကြီးကံပဲပေါ့ ... နောက်ဘဝ ကိုတိုးကြီးဆီ

အသွေးရော အသားရော ပေးဆပ်ကြပလေ့စေ

အရာအားလုံးပြီးဆုံးသလောက်ရှိပြီဖြစ်၍ ယူပြန်လာ

သောကိုတိုးကြီးအရိုးပြာကို အုတ်ဂူတည်ပေးလိုက်ကြ

လေသည်။နှစ်ပတ်ခန့်ကြာသည့်အခါ ဘကြီးစိုးတို့ထံ ကိုအောင်

ဟိန်း ဖုန်းဆက်လာလေ၏။ ထူးထူးဆန်းဆန်းဆက်လာ

သဖြင့် ဘကြီးစိုးလည်း အံ့ဩမိသော်ငြား တစုံတရာထူး

ပြီဖြစ်ကြောင်း နားလည်လိုက်သည်။ဘာအရေးကြီးကိစ္စဖြစ်လို့လဲ ညီ

ကြီးတယ်ဗျ ... ကျွန်တော်လည်း ကြားကြားချင်း အစ်

ကို့ကိုဆက်လိုက်တာ ...d

အေးကွ .. ဘာထူးသေးလဲ

ထူးတာမှ ရှယ်ထူးတာအစ်ကို ... ဒီမနက် မြိုင်ကလေး

မှာ ပွက်လောရိုက်နေချက်ဗျာ ... ဟိုလူတွေလေ ... မန်

နေဂျာလေ ...

သန်းဇော်ဝင်းဆိုတာလား

ဟုတ်ပါ့အစ်ကိုရေ ... အဲ့ဒီသန်းဇော်ဝင်းဆိုတဲ့လူ

ရော သူ့တပည့် အလောင်းလာရှို့တဲ့လူ ... အဲ့လူနာ

မည်ဘယ်သူ

ကျော်နိုင်

ဟုတ်တယ်ဗျာ ... သူတို့နှစ်ယောက်နဲ့တခြားလူ ခြောက်

ယောက် တွင်းထဲ ပြုတ်ကျသေကုန်လို့ဗျို့

ဟာ

မထင်မှတ်ထားသော အချင်းအရာကြောင့် ဘကြီးစိုး

တို့မျက်လုံးပြူးသွားကြလေသည်။ဒါဆို အကုန် ရှစ်ယောက်ပေါ့

တွင်းထဲ သေတာ ရှစ်ယောက် ... အင်းဆရာဆိုတဲ့

လူက ရုံးခန်းမှာ နှလုံးရပ်ပြီးသေနေတယ်တဲ့ဗျာ ...

အားလုံး ကိုးယောက်သေတာအစ်ကိုရေ

ဟေ

သူတို့အကုသိုလ်နဲ့သူတို့ပြန်ခံရတာနေမယ်အစ်ကို...

ကျွန်တော်လည်း အံ့ဩလိုက်တာ ... အစုလိုက်အပြုံ

လိုက်သေတာထူးဆန်းတာပဲဗျ ... ကျွန်တော်မနက်( ၆ )

နာရီထတော့ ( ၇ ) နာရီလောက်လက်ဖက်ရည်ဆိုင်ကို

ရောက်သွားတယ်... အဲ့ဒီမှာ အုတ်အုတ်ကျက်ကျက်

ဖြစ်နေကြပြီ ... အဲ့ဒါနဲ့တွင်းကိုသွားကြည့်တော့ သူ

တို့အလောင်းဆယ်နေကြပြီအစ်ကို ... ဘယ်လိုလုပ်

ပြီး တွင်းထဲကျသေတယ် မသိဘူးဗျ ... အဲ့ဒါထူးဆန်း

နေတာ ... နောက်ပြီး အဲ့ဒီတွင်းကိုလည်း ပိတ်လိုက်ပြီ

အစ်ကို ... ဘယ်သူ့မှပေးမတူးတော့ဘူးကြားတယ်

အေးပေါ့ကွာ ... ကံကံ၏အကျိုးလို့ဆိုရမလိုပါပဲ

ထိုအကြောင်းများကို ဝင်းမင်းထွန်းတို့အိမ်သွားပြီး

ပြောပြလိုက်သည့်အခါ ဝင်းမင်းထွန်းမှာ မထူးဆန်း

သလို နေနေလေသည်။သား ... အံ့ဩစရာမကောင်းဘူးလားကွ

ညကအဖေ့ကိုအိပ်မက်မက်တယ်ဘကြီး ... သန်းဇော်

ဝင်းတို့သေသွားပြီလို့လာပြောတယ်... သူလုပ်စရာရှိတာလုပ်ပြီးပြီမလို့ သွားတော့မယ်ဆိုပြီး ... သားကိုလာနှုတ်ဆက်သွားတယ်

ဘကြီးစိုးလည်း ဝင်းမင်းထွန်း၏ ခေါင်းကို အသာပွတ်

ပေးလိုက်လေသည်။

နောက်ပြီးရှိသေးတယ်ဘကြီး ... နစ်နာကြေးကို ယူ

ဖြစ်အောင်ယူပါတဲ့ ... ရလာရင် အဖေ့အတွက်ရည်စူး

ပြီး အမျှပေးပါတဲ့ဘကြီး

အေးပေါ့ကွာ ... ရသင့်ရထိုက်တာတော့ ယူရမှာပေါ့

မကြည်နွဲ့မှာတော့ မိန်းမသားပီပီ ထိုအချင်းအရာကို

ပါးစပ်အမြုပ်ထွက်မတတ်ပြောနေသော်လည်း ဘကြီး

စိုးနှင့် ဝင်းမင်းထွန်းမှာမူ ခပ်ဆိတ်ဆိတ်သာနေနေကြ

ပြီး အတွေးနွံထဲ မျောလွင့်နေကြလေတော့လေတည်း။

ပြီးပါပြီ။

သော်တာလမင်းစန္ဒာ

#lotaya_shortstory

MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..