ကျိန်စာသင့် အချစ်ပုံပြင် (ဇာတ်သိမ်းပိုင်း)
lotaya.mpt.com.mm
|
2021-10-01

စုန်းမကြီး သြိရဏံဂိက ဇော်မိုးကို ဓားမြှောင်ကြီးနှင့် ပြေးထိုးလိုက်ချိန်တွင် စိမ်းလဲ့ခင်သည် သူမ၏ လက်ကိုင်ဖုန်းမီးကို ဖျတ်ကနဲဖွင့်ပြီး ဇော်မိုးရှေ့တွင် ခုန်၀င်ကာ ကာကွယ်ပေးခဲ့သည်။ ဓားမြှောင်သွားသည် စိမ်းလဲ့ခင်၏ ၀မ်းဗိုက်တွင်းသို့ နက်ရှိုင်းစွာ ဖောက်၀င်သွား၏။

‘ဟာ မစိမ်းလဲ့….’

သူမ လက်ထဲမှ ဖုန်းလွတ်ကျသွားသည်။ အမှောင်အတိကျနေသော မြေတိုက်ခန်းထဲတွင် ဖုန်းမီးရောင်မှ အလင်းရောင်ဖျော့ဖျော့သာ ရှိနေသည်။ ဇော်မိုးသည် စိမ်းလဲ့ခင်၏ ကိုယ်လုံးလေးကို လဲမကျသွားအောင် ပွေ့ဖက်လိုက်သည်။ သူမ ၀မ်းဗိုက်ဒဏ်ရာဆီမှ သွေးများက တပွက်ပွက်ထွက်ကျလာလေတော့သည်။

‘မောင်.. မောင်တော်.. ဘာမှ မဖြစ်ဘူးနော်….။ တော်သေးတာပေါ့ မောင်တော်ရယ်...’

သူမသည် ဇော်မိုးကို မော့ကြည့်ရင်း နှုတ်မှ အသာအယာ ရေရွတ်နေလေတော့သည်။

ဇော်မိုးသည် စိမ်းလဲ့ခင်ကို ကြေကွဲစွာ ငုံ့ကြည့်နေရာမှ သူမကို ဓားနှင့် ထိုးသတ်ခဲ့သော စုန်းမကြီးရှိရာဆီသို့ ရွံရှာမုန်းတီးစွာ ‌မော့ကြည့်ပြီး လက်ထဲရှိ ဓားရှည်ကြီးနှင့် ခုတ်သတ်ရန် ကြံရွယ်လိုက်သည်။ သို့သော် ဇော်မိုး စိတ်ကူးကို လက်တွေ့အကိုင်အထည်မဖော်နိုင်မီ စိမ်းလဲ့ခင်သည် ဇော်မိုး၏ လက်မောင်းကို လှမ်းဆွဲလိုက်၏။

‘မောင်တော်… ။ သူ့ကို အခုသတ်လည်း နှမတော်တို့ ဘယ်ဘ၀ရောက်ရောက် ဘ၀ဆက်တိုင်းဆက်တိုင်း ရှင်ကွဲကွဲရင်ကွဲ မကွဲရင် သေကွဲပဲ ကွဲရတော့မှာ။ ဒီတော့ ဒီကျိန်စာကို အခုဒီမှာတင် အဆုံးသတ်ကြရအောင်လား မောင်တော်ရယ်’

ဇော်မိုး တောက်တစ်ချက်ခေါက်ကာ စိတ်ကို ပြန်ထိန်းလိုက်သည်။ သူ့ဓားသွားကြီးကို ကြမ်းပေါ်ရှိ ဖုန်းအနားတွင် ထောက်ထားလိုက်၏။ စုန်းမကြီး ဖုန်းမီးရောင်ကို မငြိမ်းသတ်လိုက်နိုင်စေရန်ပင်။

‘မစိမ်းလဲ့။ ကျွန်တော်တို့ အခု ဆေးရုံ အမြန်ဆုံးသွားရမယ်။’

စိမ်းလဲ့ခင်၏ မျက်နှာ သွေးဆုတ်ပြီး ဖြူလျော်လာသည်။

‘မောင်တော်၊ နှမတော်ကို စကားနည်းနည်းလောက် ပြောခွင့်ပြုပါ’ ဟု‌ ခွင့်တောင်းပြီး စိမ်းလဲ့ခင်သည် စုန်းမကြီးကို လှမ်းကြည့်ကာ အောက်ပါစကားများကို ပြောလိုက်လေသည်။

‘ဒီမှာ သြိရဏံဂိ။ ဘုရင်ကြီး ရာဇဒဿကို အကြောင်းကြောင်းကြောင့် ကျွန်ုပ်တို့ သတ်မိတဲ့အတွက် စိတ်မကောင်းပါဘူး။ အခု အသင့်ဘုရင်ကြီးရဲ့ ရုပ်ခန္ဓာကို အသက်ပြန်သွင်းဖို့ နှလုံးသွေးလိုတယ်လို့လည်း သိရပါတယ်။ သြိရဏံဂိ - ကျွန်ုပ်ရဲ့ နှလုံးသွေးကို ဖောက်ယူပါ။ ဘုရင်ကြီး ရာဇဒဿကို ကျွန်ုပ်ရဲ့ နှလုံးသွေးနဲ့ အသက်ပြန်သွင်းပေးလိုက်ပါ။ သင့်ကို ဒီလိုကူညီရတဲ့ကျေးဇူးကိုထောက်ပြီး ကျွန်ုပ်တို့နှစ်ဦးအပေါ် အသင်တိုက်ခဲ့တဲ့ ကျိန်စာကို ပြန်ရုပ်သိမ်းပေးလိုက်ပါတော့။’

စိမ်းလဲ့ခင်၏ ပြတ်သားသော စကားကို ကြားလျှင် သြိရဏံဂိ သည် စိတ်လှုပ်ရှား အံ့သြလှသဖြင့် အနောက်သို့ပင် အနည်းငယ် ယိုင်ထွက်သွားပြီး မယုံကြည်နိုင်စွာ ပြန်ကြည့်နေသည်။ သူမ၏ တင်းမာနေသော မျက်နှာကြီးသည် ရုတ်ခြည်းပြေလျော့ကျသွားသည်။ အကြီးမားဆုံး ရန်သူတစ်ယောက်ဖြစ်စေကာမူ စိမ်းလဲ့ခင်သည် ယခုအခါ သူ့အသက်ကိုစွန့်ပြီး ရာဇဒဿ ပြန်လည်ရှင်သန်စေရန် သူမ၏ နှလုံးသွေးကို ပေးလှူနေလေပြီ။ ထိုမေတ္တာဓာတ် စွန့်လွှတ်အနစ်နာခံသော စိတ်ဓာတ်တို့၏ အစွမ်းကြောင့် သြိရဏံဂိ၏ ရင်ထဲတွင် နှစ်ထောင်ချီပြီး ကျိတ်ခဲထားခဲ့သော အာဃာတ အမုန်းမီးများသည် တမဟုတ်ချင်း ပျောက်ကွယ်သွားလေတော့သည်။

ထိုသို့ ပျောက်ကွယ်သွားသော အမုန်းမီးများနှင့် အတူ စုန်းမကြီး၏ သန္တာန်တွင် ဖုံးလွှမ်းနေခဲ့သော မောဟအမိုက်မှောင်များသည်လည်း ပါးလျားကျကာ အမြင်မှန်များက ထင်လင်းလာခဲ့သည်။ အမှန်တော့ သြိရဏံဂိ သည် ဘုရင်ကြီး ရာဇဒဿ အပေါ်တွင် သံယောဇဥ်မပြတ်နိုင်သဖြင့် ရာဇဒဿကို အသက်ပြန်သွင်းရမည်၊ ထိုသို့ အသက်ပြန်သွင်းရန် နှစ်ထောင်နှင့်ချီပြီး စောင့်ရမည်ဟု မသိစိတ်က ကိုယ့်ကိုယ်ကို ပြန်လည်လှည့်စားခဲ့ခြင်းဖြစ်လေသည်။

သြိရဏံဂိသည် စိမ်းလဲ့ခင်၏ နံဘေးခပ်လှမ်းလှမ်းတွင် ဒူးထောက်ထိုင်ချလိုက်ပြီး -

‘သီရိနန္ဒာဒေ၀ီ။ သင့်ရဲ့ မြင့်မြတ်တဲ့ စိတ်ထား မေတ္တာတရားကြောင့် အကျွန်ုပ်လည်း အမြန်မှန်ရသွားခဲ့ပါပြီ။ ဘုရင်ကြီး ရာဇဒဿကို အသက်ပြန်သွင်းရမယ်။ နှလုံးသွေးနဲ့ ယာဇ်ပူဇော်ရမယ် ဆိုတာတွေဟာ လင်သည်သေဆုံးပြီး ပူဆွေးသောကရောက်နေတဲ့အချိန်မှာ ဆောက်တည်ရာမရတဲ့ က‌ေ၀မတစ်ယောက် သူ့ကိုယ်သူ ပြန်လည်လှည့်စားခဲ့တဲ့ ပုံပြင်တစ်ပုဒ်ပါပဲ။ အသင့်ရဲ့ နှလုံးသွေးကို အသင့်နှလုံးသားထဲမှာပဲ ထားလိုက်ပါတော့။ အသင်တို့ နှစ်ယောက်အပေါ် ထားခဲ့တဲ့ ကျိန်စာဆိုးကြီးကိုလည်း အခုချက်ချင်းပဲ အကျွန်ုပ် ပယ်ဖျက်ပေးပါတယ်။ သီရိနန္ဒာဒေ၀ီနဲ့ မင်းအဂ္ဂတို့ ရောက်လေရာဘ၀တိုင်းမှာ ဘာကျိန်စာ အနှောင့်အယှက် ပယောဂမျှ မရှိဘဲ မှန်ကန်တဲ့ ဖူးစာအတိုင်း ဆုံတွေ့ပေါင်းစည်းနိုင်ကြပါစေ’

စုန်းမကြီး၏ ဆုတောင်းအဆုံးတွင် လေပေါက်တစ်ပေါက်မျှ မရှိသော မြေတိုက်ခန်းထဲတွင် လေပြင်းတစ်ချက် ရုတ်တရက် လှုပ်ကနဲ တိုက်ခတ်သွားခဲ့သည်။

‘၀ုန်း ၀ုန်း ၀ုန်း ….’

ကျယ်လောင်သော အသံကြီးနှင့် အတူ ကျောက်လှေကား ထိပ်မှ တံခါး၀ှက်သည် ရုတ်တရက် ပွင့်သွားသည်။ အပေါ်မှ ထိန်လင်းသော ဓာတ်မီးရောင်နှင့် အတူ ယောကျ်ားသံတစ်သံက ထွက်ပေါ်လာသည်။

‘ဟေ့ အောက်မှာ ဘယ်သူတွေရှိသလဲ - မစိမ်းလဲ့ ရှိလား။ ကျုပ်လက်ထဲမှာ သေနတ်ပါတယ်နော်’

‘… တိုင်းကျော်.. မောင်လေး...’

စိမ်းလဲ့ခင်သည် လေးရက်ကြာ အစာရေစာ ပြတ်လပ်ခဲ့သည်ကြားမှ ယခုအခါ ၀မ်းဗိုက်ကို ဓားနှင့် အထိုးခံရသဖြင့် သတိမရတချက် ရတချက် ဖြစ်နေရာမှ အပေါ်ထပ်ဆီမှ တိုင်းကျော် အသံကို ကြားလိုက်ရသဖြင့် ၀မ်းသာအားရ လှမ်းခေါ်လိုက်သည်။

‘အစ်မ.. မစိမ်းလဲ့ ဖြစ်မှ ဖြစ်ရလေဗျာ...။ အစ်မကို ဘယ်သူလုပ်တာလဲ။ ဘယ်သူဓားနဲ့ထိုးတာလဲ’

တိုင်းကျော်၏ မျက်လုံးများက ကြမ်းပေါ်ရှိ ဓားမြှောင်နှင့် ထိုဓားမြှောင်နှင့် မလှမ်းမကမ်းတွင် ရပ်နေသော လက်တွင် သွေးများစွန်းနေသည့် စုန်းမကြီး သြိရဏံဂိ ထံသို့ ချက်ချင်းရောက်ရှိသွားသည်။

‘ခင်.. ခင်ဗျားကြီး။ ဘယ်သူလဲ။ ကျုပ်အစ်မကို ခင်ဗျားကြီးသတ်တာ။ ခင်ဗျားကိုလည်း ပြန်သတ်မယ်’

ဟု ပြောကာ လက်ထဲရှိ ပစ္စတိုသေနတ်နှင့် သြိရဏံဂိ ၏ နဖူးတည့်တည့်ကို ချိန်ရွယ်လိုက်သည်။ စုန်းမကြီးက ကြောက်ရွံ့ခြင်းကင်းစွာနှင့် သေနတ်ပြောင်း၀ကို ပြန်လည် စိုက်ကြည့်နေလေသည်။ ထိုစဥ်မှာပင် တိုင်း‌ကျော်၏ နောက်မှ လိုက်လာသော နန်းထက်က အသံစူးစူးလေးနှင့်

‘တိုင်း‌ကျော်။ စိတ်ထိန်း။ မှားမယ် - မလုပ်နဲ့’ ဟု အော်ဟစ် သတိပေးလိုက်သည်။

‘ဟင် နန်းထက်...’

ဇော်မိုးသည် စိမ်းလဲ့ခင်ကို ပွေ့ဖက်ထားရာမှ နန်းထက်ကို ၀မ်းသာအားရလှမ်းခေါ်လိုက်သည်။ မိန်းကလေးသည် ဇော်မိုး၏ အသံကိုကြားလျှင် ပထမ၌ ရန်တွေ့ရန် ဆုံးဖြတ်ထားသော်လည်း လက်တွေ့တွင်မူ ဟန်မဆောင်နိုင်ဘဲ ဇော်မိုးရှိရာဆီသို့ အပြေးသွားမိလေသည်။ အနီးရောက်လျှင် ချစ်သူကို ပြေးဖက်ချင်သော်လည်း သွေးသံရဲရဲနှင့် စိမ်းလဲ့ခင်က ဇော်မိုးလက်ထဲတွင် ရှိနေသဖြင့် အနားတွင်သာ ဒူးထောက်ပြီး ကပ်ထိုင်လိုက်ရသည်။ သို့သော် အကင်းပါးသော စိမ်းလဲ့ခင်က ဇော်မိုးနှင့် နန်းထက်တို့သည် ချစ်သူရည်းစားများဖြစ်ကြောင်း ချက်ချင်းပင် ရိပ်မိသွားလေတော့သည်။ စိမ်းလဲ့ခင်သည် တင်းထားသော စိတ်ကို လျှော့ချလိုက်သည်။ သူမ၏ အမြင်အာရုံများ တဖြည်းဖြည်း မဲမှောင်သွားလေတော့သည်။

တိုင်းကျော်သည် သတိလစ်သွားသော စိမ်းလဲ့ခင်ကို တလှည့်။ စိမ်းလဲ့ခင်ကို သတ်လိုက်သော စုန်းမကြီးကို တလှည့် သေနတ်နှင့် ချိန်ထားလျက်က ဘာလုပ်ရမှန်းမသိ ချီတုံချတုံ ဖြစ်နေတော့သည်။ ယင်းကို ရိပ်မိသော ဇော်မိုးက -

‘ကိုတိုင်းကျော်။ ဒီအချိန်မှာ အရေးအကြီးဆုံးက မစိမ်းလဲ့ပဲ။ ကိုတိုင်းကျော် ဒီမိန်းမကြီးကို သတ်ချင်နေတာ ကျွန်တော် နားလည်တယ်။ ကျွန်တော်လည်း သူ့ကို သတ်ချင်ရုံတင်မကဘူး ဓားဆွဲပြီးတော့ကို သတ်ဖို့ ကြိုးစားပြီးပြီ။ ဒါပေမဲ့ လောလောဆယ်မှာ လက်ထဲက သေနတ်ကို ချပြီး ကျွန်တော်ပြောတာကို နားထောင်ပေးပါ။’

ဇော်မိုး၏ အကြံပေးချက်အရ တိုင်းကျော်သည် စိတ်လျှော့ပြီး လက်ထဲမှ သေနတ်ကို ခါးကြားထဲ ပြန်ထည့်လိုက်သည်။ ထိုအခါမှ ဇော်မိုးက ဆက်ပြီး -

‘ကဲ သြိရဏံဂိ။ ခင်ဗျား အသိတရားရတာလည်း ဟုတ်ပါပြီ။ ဒါပေမဲ့ ခင်ဗျားလုပ်ရပ်ကို ခင်ဗျား ပြန်တာ၀န်ယူပေးပါ။ မစိမ်းလဲ့ကို ခင်ဗျားရဲ့ မှော်အစွမ်းတွေနဲ့ ဆေးပြန်ကုပေးပါ’

ထိုစကားကို ကြားလျှင် တိုင်းကျော်သည် ဇော်မိုးကို စိတ်ဖောက်သွားပြီလားဟူသည့် အကြည့်နှင့် ဆတ်ကနဲ လှည့်ကြည့်သည်။

‘ဟေ့ ကိုဇော်မိုး။ ဒီမှာ ပျောက်စေဆရာတွေနဲ့ ကုဖို့ အချိန်မဟုတ်ဘူးနော်။ အစ်မကို ချက်ချင်း ကားပေါ်တင်ပြီး ဆေးရုံပြေးရမှာ’

ဇော်မိုးသည် သူ့လက်နှင့် ဖိထားသော စိမ်းလဲ့ခင်၏ ၀မ်းဗိုက်ပေါ်မှ ဓားဒဏ်ရာကို တိုင်းကျော်မြင်အောင် ပြကာ ပြောလိုက်သည်။

‘ဒီလောက် ဒဏ်ရာကနေ သွေးတွေ ဒလဟော ထွက်နေတာ။ ဆေးရုံမပြောနဲ့ ကားပေါ်ရောက်ဖို့တောင် အသက်မီမှာမဟုတ်ဘူး တိုင်းကျော်’

မောင်ဖြစ်သူ၏ မျက်လုံးနှစ်ဘက်ထဲတွင် မျက်ရည်များကျလာကြသည်။ ဇော်မိုးကိုယ်တိုင်လည်း အကြီးအကျယ်စိတ်မကောင်း။

‘ကဲ - အားလုံးဖယ်ကြ’

သြိရဏံဂိ သည် အက်ကွဲခြောက်ကပ်သော အသံကြီးနှင့် လမ်းရှင်းလိုက်ပြီး စိမ်းလဲ့ခင်၏ ခန္ဓာကိုယ်လေးကို ကြမ်းပြင်ပေါ်သို့ လှဲချလိုက်သည်။ ထို့နောက်တွင်မူ သူမသည် ပါးစပ်မှ လူသာမန်နားမလည်နိုင်သည့် အင်းစာများကို တရွရွရွတ်ဆိုပြီး လက်သည်းချွန်ကြီးတွေနှင့် လက်၀ါးကြီးကို ဒဏ်ရာပေါ်တွင် အုပ်ပေးလိုက်သည်။ ဓားဒဏ်ရာမှ တပွက်ပွက်ထွက်ကျနေသော သွေးများ တဖြည်းဖြည်း တိတ်သွားကြ၏။

‘ဒါ ကျွန်ုပ် လုပ်ပေးနိုင်တာ အကုန်ပဲ’

တိုင်းကျော်သည် စုန်းမကြီး၏ အစွမ်းကို မယုံကြည်နိုင်စွာ ငေးကြည့်နေမိသည်။ အဖြစ်အပျက်များကို အသေအချာ စိုက်ကြည့်နေသော ဇော်မိုးက -

‘ဘာအဓိပ္ပါယ်လဲဗျ - ခင်ဗျား လုပ်ပေးနိုင်တာ အကုန်ပဲ ဆိုတာ’ ဟု မေးလိုက်သည်။

‘သြော် - ကျွန်ုပ်လုပ်ပေးလိုက်တာက ဒဏ်ရာက သွေးတိတ်သွားအောင်ပဲ။ ဒါပေမဲ့ ဆုံးရှုံးပြီးတဲ့ သွေးတွေ၊ ကုန်ခမ်းနေတဲ့ အားအင်တွေအတွက်တော့ ဆေးရုံကို ချက်ချင်းသွားမှပဲ ရမယ်။ ငါ့အစွမ်းရဲ့ အကန့်အသတ်က ဒါအကုန်ပဲ။ ကျန်တာက သူမရဲ့ ကံဇာတာအပေါ် မူတည်သွားပြီ’

‘‌တောက် - ဒီလို ဖြစ်အောင် ခင်ဗျားကြီးပဲ လုပ်ခဲ့တာ -’

တိုင်းကျော်သည် စိတ်တိုတိုနှင့် ခါးကြားရှိ သေနတ်ကို ထုတ်ပြီး သြိရဏံဂိ ကို ပစ်ရန် ချိန်ရွယ်လိုက်လျှင် စုန်းမကြီး၏ ကိုယ်လုံးသည် ဖန်သားအသွင်ကြည်လင်သွားရာမှ ဟုတ်ကနဲ အစပျောက်သွားပြီး သူမကိုယ်ပေါ်တွင် ၀တ်ထားခဲ့သော ရှေးဟောင်း၀တ်စုံများသည် ကြမ်းပေါ်သို့ ဘုတ်ကနဲ ပုံလျက်သား ပြုတ်ကျသွားလေတော့သည်။

‘ကဲ တိုင်းကျော်ရေ။ ဒီမိန်းမကြီးနဲ့ နောက်မှ စာရင်းရှင်းကြတာပေါ့။ အခုလောလောဆယ် မစိမ်းလဲ့ကို ခင်ဗျားက ခြေထောက်ကမ၊ ကျွန်တော်က ချိုင်းကမပြီး အပေါ်ပြန်တက်ကြမယ်။ ခင်ဗျား ကားပါလား’

‘ပါတယ်ဗျ’

‘ဒါဆို ကားပေါ်ရောက်တာနဲ့ ဆေးရုံကြီးဆီ တန်းသွားရမယ်’

……………………………………………

တီ.. တီ.. တီ…

နှလုံးအီစီဂျီစက် မော်နီတာမှ တတီတီအသံကို ကြားပြီး စိမ်းလဲ့ခင် နိုးလာသည်။ သူမ ဆေးရုံကုတင်တစ်လုံးပေါ်တွင် ရောက်ရှိနေ၏။ သူမ ၀မ်းဗိုက်ပေါ်တွင် ပတ်တီးအဖြူရောင်ကို စည်းထားသည်။ ဒဏ်ရာအနာမှ အနည်းငယ် နာကျင်လျက်ရှိသည်။ သူမ၏ လက်ပေါ်တွင် ဒရစ်ပိုက်များကို တွေ့လိုက်ရသည်။

‘မစိမ်းလဲ့ သတိရလာပြီ’

သူမသည် မျက်လုံးကို မနည်း ကြိုးစားဖွင့်ပြီး ကုတင်ဘေးတွင် ထိုင်နေသူကို ကြည့်လိုက်သည်။ ထိုသူမှာ တခြားသူမဟုတ်။ ဇော်မိုး။ သူမ တစ်သက်လုံး အိပ်မက်များမက်ပြီး စောင့်ဆိုင်းခဲ့ရသူ၊ သူမ၏ အိပ်မက်ထဲမှ အတိတ်ဘ၀ချစ်သူ မင်းအဂ္ဂ သို့မဟုတ် ဇော်မိုး။

ဇော်မိုး၏ ဘေးတွင် နန်းထက်သည် ကပ်လျက်ထိုင်နေခဲ့သည်။ သူတို့နှစ်ဦးသည် အချင်းချင်း လက်များကို ဆုပ်ကိုင်ထားကြသည်။ စိမ်းလဲ့ခင် သတိလည်လာသည်ကို တွေ့လျှင် နန်းထက်သည် ဆုပ်ကိုင်ထားသော လက်များကို အသာလေး လွှတ်လိုက်သည်ကို မျက်စိလျင်သော စိမ်းလဲ့ခင်က တွေ့လိုက်လေသည်။

‘အစ်မစိမ်းလဲ့။ သမီးနာမည်က နန်းထက်ပါ’

‘ဟုတ်ကဲ့ – တွေ့ရတာ ၀မ်းသာပါတယ် ညီမ’

စိမ်းလဲ့ခင် အားကို တင်းကာ စကားပြောလိုက်၏။

‘မစိမ်းလဲ့ မောနေဦးမယ်။ နင်ကလည်း - အားရင် စကားပြောဖို့ချည်းပဲ။ ခဏလောက်စောင့်ပါဦး’

ဇော်မိုးက ပြောသဖြင့် နန်းထက် ခေါင်းလေးပုသွား၏။

‘ဟုတ် ဟုတ် ဆောရီး’

‘ရပါတယ် ညီမ။ ကိုဇော်မိုး - အစ်မ ဆေးရုံပေါ်ရောက်နေတာ ဘယ်လောက်ကြာသွားပြီလဲ’

‘ခွဲစိတ်တာက လွန်ခဲ့တဲ့ နှစ်ရက်ဆိုတော့ - အစ်မ ဒီလိုပဲ မှိန်းနေတာ နှစ်ညတော့ ရှိပြီဗျ။ ကျွန်တော်တို့ ရဲစခန်းမှာတော့ အမှုသွားဖွင့်ထားတယ်။ ကျွန်တော်တို့ ဆိုပေမဲ့ ကိုတိုင်းကျော်ပဲ လိုက်လုပ်တာပါပဲ။ ရဲတွေကတော့ ကျွန်တော်တို့ကို စိတ်မနှံ့တဲ့လူတွေလို ကြည့်ကြတာပေါ့။ ဒါပေမဲ့ မတတ်နိုင်ဘူးလေ။ အဖြစ်မှန်က အဖြစ်မှန်ပဲ။ ဒီ မိန်းမကြီးကိုတော့ ခုထိ မတွေ့သေးဘူး’

‘အင်း - သူက အရေးမကြီးတော့ပါဘူးလေ’

စိမ်းလဲ့ခင်သည် သူ့ဘေးတွင် ယှဥ်တွဲထိုင်နေသော ချစ်သူနှစ်ဦးကို ကြည့်ကာ ပြုံးလိုက်မိသည်။ နန်းထက်နှင့် ဇော်မိုးတို့သည် တစ်ဦးကို တစ်ဦး ဖြူစင်သော အချစ်နှင့် ချစ်ကြသည်မှာ ထင်ရှားလေသည်။ ဇော်မိုးသည် စိမ်းလဲ့ခင်နှင့် အတိတ်ဘ၀က ချစ်သူများဖြစ်ခဲ့ကြသော်လည်း ယခုအခါ ထိုအဖြစ်များသည် အတိတ်တွင် ကျန်ခဲ့လေပြီ။ မင်းအဂ္ဂသည် ဇော်မိုးအဖြစ် ဘ၀အသစ်တွင် ပျော်မွေ့နေပြီဖြစ်သည်။ ဤသို့ ဇော်မိုးနှင့် သူမ မဆုံစည်းရသည်မှာ စုန်းမကြီး၏ ကျိန်စာကြောင့်လား သို့မဟုတ် ဤသို့ မတည်မြဲ ပြောင်းလဲခြင်းကပင်လျှင် လောကကြီး၏ နိယာမတရားပဲလား။

သေချာသည်ကတော့ သူမသည် ဇော်မိုးနှင့် နန်းထက်တို့၏ ချစ်ခြင်းကို ခွဲမည့်သူတစ်ဦးမဟုတ်ချေ။ ဇော်မိုးကို နန်းထက်၏ လက်ထဲမှလည်း လုယူရန် စိုးစဥ်းမျှ ဆန္ဒမရှိတော့ပါချေ။ ဇော်မိုးသည် သူ၏ဘ၀အသစ်တွင် ပျော်ရွှင်နေသလို သူမသည်လည်း သူမလက်ရှိရထားသော ဘ၀တွင် စိတ်ချမ်းသာ ပျော်ရွှင်သင့်သည် မဟုတ်ပါလား။

ထိုသို့စဥ်းစားလိုက်လျှင် စိမ်းလဲ့ခင်၏ စိတ်များသည် အနှောင်အဖွဲ့မှ လွတ်မြောက်သွားသော ငှက်ကလေးတစ်ကောင်ပမာ လွတ်လပ်ပေါ့ပါးသွားလေတော့သည်။ ယခုဆိုလျှင် သူမသည် ကံကောင်းထောက်မစွာ သေဘေးမှလည်း လွတ်ခဲ့လေပြီ။ သူမဘ၀တစ်၀က်နီးပါး အတိတ်ဘ၀မှ အိပ်မက်များကို စွဲလန်းပြီး ကုန်လွန်ခဲ့မိသည်။ ယခုမူ သူမအတွက် အတိတ်ဘ၀အိပ်မက်များ ပြီးဆုံးသွားခဲ့ပြီ။ ကျိန်စာမရှိတော့သဖြင့် နောင်ဘ၀တွင် ဇော်မိုးနှင့် ပြန်လည် ဖူးစာဆုံနိုင်သေးသည်။ သို့သော်လည်း စိမ်းလဲ့ခင်သည် ယင်းကို မျှော်လင့်မနေသင့်တော့ပေ။ သူမသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဆုပ်ကိုင်မထားသင့်ကြောင်း သိရှိသွားလေပြီ။ သူမသည် ဘ၀သစ်ကို လွတ်လပ်သော လူသားတစ်ယောက်အဖြစ်သာ ပြန်လည် အစပြုပေတော့မည်။

‘အဟမ်း အဟမ်း...’

ဇော်မိုးက ချောင်းဟန့်လိုက်သဖြင့် သူမ အတွေးနစ်မျောနေရာမှ ပြန်လည် သတိ၀င်လာသည်။

‘ကိုဇော်မိုး ဘာပြောစရာရှိလို့လဲ’

‘သြော်.. ဟို..’

ဇော်မိုး အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေစဥ် နန်းထက်က ဘေးတွင်ချထားသော သားရေအိတ်ကြီးကို ဇော်မိုး၏ ပေါင်ပေါ်တွင် တင်ပေးလိုက်သည်။

‘မစိမ်းလဲ့ သိလားတော့မပြောတတ်ဘူး။ ဟို - စုန်းမကြီး မစိမ်းလဲ့အယောင်ဆောင်ခဲ့တုန်းက ကျွန်တော့်ကို သွေးဆောင်ဖျားယောင်းဖို့ ‌ဒေါ်လာငါးသိန်း လာပေးသွားတာ --- အဲဒါ ပြန်ပေးချင်လို့ပါ’

‘သြော်-’

ရိုးသားသော ‌ဇော်မိုးနှင့် နန်းထက်တို့ကို စိမ်းလဲ့ခင်သည် ပိုပြီးချစ်ခင်သွားမိသည်။

‘ကျေးဇူးပါရှင်။ ဒါပေမဲ့ ဒီငွေကို ညီမလေးနဲ့ မောင်လေးတို့ အတွက် မင်္ဂလာလက်ဖွဲ့လို့ပဲ သဘောထားလိုက်ပါတော့။ အော်.. ဆောရီး ညီမလေးက လက်ထပ်မယ်လို့ သဘောတူထားပြီလား’

စိမ်းလဲ့ခင် ရိုးသားစွာမေးလိုက်သည်ကို နန်းထက်က သဘောကျစွာရယ်လိုက်သည်။

‘ဟဲ ဟဲ ဒီ ဒေါ်လာငါးသိန်းနဲ့ဆိုရင်တော့ သူဘယ်ငြင်းမလဲ မစိမ်းလဲ့ရဲ့’

ဇော်မိုးက ၀င်နောက်လိုက်လျှင် နန်းထက်သည် နှုတ်ခမ်းလေးများစူပြီး စိတ်ကောက်သွားလေတော့သည်။ ထို့နောက်တွင်မူ သူတို့သုံးယောက်သည် ရယ်ရယ်မောမော စကားများ ပြောဆိုကြပြီးလျှင် ခင်မင်ရင်းနှီးသော မိတ်ဆွေများအဖြစ်သို့ ရောက်ရှိသွားကြလေသည်။

…………………………………

ဇော်မိုးတို့ စုံတွဲပြန်သွားကြလျှင် တိုင်းကျော်ရောက်လာခဲ့သည်။ မောင်ဖြစ်သူသည် သူ့အစ်မ အသက်ဘေးမှ ကင်းလွတ်သွားသည်ကို ကြည့်ကာ မျက်ရည်များ၀ိုင်းလျက် အလွန်ပျော်ရွှင်လျက်ရှိသည်။

‘ကျွန်တော်က အစ်မတော့ သေပြီထင်တာဗျာ’

‘မောင်လေးက အစ်မအသက်ကို ကယ်ခဲ့တာပဲလေ’

‘ဒီမိန်းမကြီးကို မိအောင် ဖမ်းရမယ်။ သူ လွတ်နေသရွေ့ အစ်မအသက်အန္တရာယ် စိုးရိမ်ရတယ်’

စိမ်းလဲ့ခင် ပြုံးလိုက်သည်။ ‘သူလည်း လွတ်မြောက်သွားလောက်ပါပြီ’

သူမ၏ စကားကို တိုင်းကျော် ရုတ်တရက် နားမလည်လိုက်။

‘ဒါနဲ့ စကားမစပ် အစ်မကို ကျွန်တော် တောင်းပန်စရာရှိတယ်’

‘ဘာများလဲ မောင်လေး’

‘ကျွန်တော့်တသက်လုံး အစ်မရဲ့ အိပ်မက်တွေကို မယုံကြည်ခဲ့ဘူး။ အစ်မကို စိတ်ဖောက်ပြန်နေတယ်လို့ပဲ ထင်ခဲ့တာ။ အခုတော့ ကျွန်တော်ထင်ခဲ့တာတွေ မှားသွားပြီ။ အစ်မရဲ့ အိပ်မက်တွေဟာ တကယ့်အဖြစ်မှန်တွေပဲ’

‘ရပါတယ် မောင်လေးရယ်။ တကယ့်အဖြစ်မှန်တွေဆိုပေမဲ့ အတိတ်မှာ ကျန်ခဲ့ပြီပဲ’

‘အစ်မကို ယုံကြည်ခဲ့တာ အဖေတစ်ယောက်ပဲ ရှိခဲ့တယ်။ ဒါကြောင့်လည်း အစ်မနဲ့ အဖေက အဆင်ပြေခဲ့တာပေါ့’

တိုင်းကျော် သက်ပြင်းချပြီး ဆက်ပြောသည်။

‘တခါတလေ ကျွန်တော်လည်း အဖေက အစ်မကို ဂရုစိုက်သလို ဂရုစိုက်တာ ခံချင်ခဲ့တယ်။ ကျွန်တော့် အမှားတွေလည်း ပါပါတယ်လေ။ အခုတော့ အဖေလည်း မရှိတော့ဘူး’

‘အဖေက မောင်လေးကိုလည်း ချစ်ခဲ့ပါတယ်။ သူက အဲဒါကို ဘယ်လိုထုတ်ပြရမလဲဆိုတာ မသိခဲ့တာပါ’

‘အဲဒါတော့ ကျွန်တော် မပြောတတ်ဘူး။ ဒါပေမဲ့ သူဟာ ကျွန်တော့်အတွက်တော့ ဖခင်ကောင်းတစ်ယောက် မဟုတ်ခဲ့ဘူးဗျ။ ဒါဟာလည်း တကယ်တော့ အံ့သြစရာပါပဲ။ လူတစ်ယောက်ဟာ တခါတလေ သားသမီးတစ်ယောက်အတွက် စံပြ ဖခင်ကောင်းဖြစ်ပေမဲ့ တခြားတစ်ယောက်အတွက်တော့ ဖခင်ဆိုး ဖြစ်ချင်ဖြစ်နေတတ်တာ။

ဒါပေမဲ့ ဒါတွေက အတိတ်မှာ ကျန်ခဲ့ပါပြီ။ ကျွန်တော် သူ့အပေါ်မှာလည်း ဘာ အာဃာတမှ မထားတော့ပါဘူး။ သူလည်း လူတစ်ယောက်ပဲလေ။ လူဆိုတာ ဘယ်သူကမှ ခြောက်ပြစ်ကင်းသဲလဲစင် ပြည့်စုံနိုင်ပါ့မလဲ။ ကျွန်တော်လုပ်နိုင်တာက တကယ်လို့များ ကျွန်တော်သာ ဖခင်တစ်ယောက်နေရာ ရောက်ခဲ့ရင် ကျွန်တော့် သားသမီးတွေကို ဘာပဲဖြစ်ဖြစ် သူတို့တွေမှာ ဘယ်လို အားနည်းချက်တွေ ရှိရှိ တပြေးတည်း ချစ်တတ်ဖို့ပဲ’

တိုင်းကျော် စကားပြောနေရင်း အသံများတိမ်၀င်သွားသည်။ စိမ်းလဲ့ခင်က သူ့မောင်၏ လက်များကို ဖမ်းဆုပ်ပြီး အားပေးလိုက်သည်။

‘အဖေက အစ်မကို အမွေတွေ အကုန်လွှဲပေးသွားခဲ့တယ်။ ဟိုမိန်းမကြီးက ကျွန်တော်တို့ကို ဘ၀ပျက်အောင် ရှိသမျှ စည်းစိမ် ကျွန်တော့်လက်ထဲ ထည့်ပေးခဲ့တယ်။ ကျွန်တော် အဲ့ဒါတွေ အားလုံးကို မစိမ်းလဲ့ကို ပြန်ပေးပါ့မယ်’

စိမ်းလဲ့ခင် ခေါင်းကို ခါယမ်းလိုက်၏။ ‘အစ်မက တောင်းပန်ရမှာပါ။ အစ်မမှာ ဒီအိပ်မက်တွေကို စိတ်စွဲပြီး သေချာ မစဥ်းစားခဲ့တာ။ မောင်လေးကို အစကတည်းက တစ်၀က်ခွဲပေးခဲ့ရမှာပါ။ မောင်လေးပိုက်ဆံ မောင်လေး ဘာလုပ်လုပ် အစ်မနဲ့ မဆိုင်ဘူးလေ။ အခု မောင်လေးက ပြန်ပေးချင်ရင်လည်း တစ်၀က်ဆိုရပါပြီ။ ဒါပေမဲ့ လုပ်ငန်းတွေအားလုံးကိုတော့ မောင်လေးပဲ ယူလိုက်ပါတော့ အစ်မ အဲဒီအလုပ်တွေ ဆက်မလုပ်တော့ဘူး’

‘ဟင်.. အစ်မက ရိပ်သာ၀င်တော့မလို့လား’

ဇော်မိုးနှင့် မဖြစ်နိုင်တော့သောကြောင့် စိပ်ပုတီးနှင့် ရိပ်ကြီးခိုမည် အထင်နှင့် တိုင်းကျော် မေးလိုက်သည်။ စိမ်းလဲ့ခင်က သဘောကျစွာ ရယ်မောလေသည်။

‘မဟုတ်ပါဘူး။ အဲဒါနဲ့ ဆန့်ကျင်ဘက်ပဲ။ အစ်မဘ၀က အခုမှ စမှာ’

…………………………..

မင်္ဂလာဒုံလေဆိပ်ရှေ့တွင် ရိုးရွိုက်စ်ကားကြီး ထိုးဆိုက်လိုက်လျှင် ထိုကားကြီးပေါ်မှ မင်းသမီးရှုံးအောင်လှသော အမျိုးသမီးတစ်ဦးသည် သားနားစွာ ဆင်းလာခဲ့သည်။ သူမ၏ လက်ထဲတွင် ပေါ့ပါးသော ခရီးဆောင် သေတ္တာငယ်လေးတစ်လုံးကို ကိုင်ဆောင်ထား၏။

‘မစိမ်းလဲ့ ကျွန်တော် လိုက်ပို့ရဦးမလား’

ကားဒရိုင်ဘာ လူငယ်လေးက မေးလိုက်လျှင် စိမ်းလဲ့ခင်သည် ခေါင်းခါပြလိုက်သည်။ သူမသည် လေဆိပ်ရှိ နေရာအဆင့်ဆင့်ကို ဖြတ်ပြီး ပြင်သစ်နိုင်ငံ ပါရီမြို့သို့ သွားမည့် လေကြောင်းလိုင်းရှိရာ ဂိတ်တွင် ကော်ဖီထိုင်သောက်နေလေသည်။ သူမနှင့် မလှမ်းမကမ်းရှိ စားပွဲတစ်လုံးတွင် အသားဖြူဖြူနှင့် လူရွယ်တစ်ဦးသည် အနောက်တိုင်း၀တ်စုံကို သပ်သပ်ရပ်ရပ် ၀တ်ဆင်ကာ ကော်ဖီသောက်ရင်း စိမ်းလဲ့ခင်ကို မသိမသာ လှမ်းပြီး ခိုးကြည့်နေသည်။ မကြာမီမှာပင် သူတို့ လေယာဥ် အဆင်သင့်ဖြစ်သဖြင့် စိမ်းလဲ့ခင်သည် လေယာဥ်၏ အရှေ့ဆုံးရှိ ပထမတန်း ထိုင်ခုံနေရာသို့ ရောက်ရှိလာခဲ့သည်။ သူမသည် ထိုင်ခုံတွင်ထိုင်ကာ သီချင်းနားထောင်ရန် နားကျပ်ကို ကောက်တပ်လိုက်၏။ သို့သော် နားကျပ်က အလုပ်မလုပ်။

‘ဒီနားကျပ်ယူနားထောင်ပါလား’

သူမဘေးမှ အမျိုးသမီးကြီးတစ်ဦးက နားကျပ်နောက်တစ်လုံး ကမ်းပေးလျှင် စိမ်းလဲ့ခင်သည် ကျေးဇူးတင်ကြောင်းပြောပြီး လှမ်းယူလိုက်သည်။ ထို အမျိုးသမီးကြီး၏ မျက်နှာကို ကြည့်မိလျှင် စိမ်းလဲ့ခင်၏ ရင်ထဲတွင် ဒိန်းကနဲ ခုန်သွားလေသည်။ လေယာဥ် စင်္ကြန်တစ်ဘက်ရှိ ကပ်ရပ်ခုံတွင် ထိုင်နေသူမှာ တခြားမဟုတ်။ စုန်းမကြီး သြိရဏံဂိ ပင်။

‘ဟင်.. သြိရဏံဂိ’

‘ရှူး တိုးတိုး။ ဘယ်က သြိရဏံဂိ ရမလဲ။ ဂျန်းနီ လို့ခေါ်ပါ။’

သြိရဏံဂိသည် ခေတ်အ၀တ်စားများကို ၀တ်ဆင်ထားပြီး မျက်နှာပေါ်တွင် အကောင်းစား မိတ်ကပ် နှုတ်ခမ်းနီများကို လှပစွာ ပြင်ဆင်ထားသည်။

‘ရှင်က ဒီမှာ ဘာလုပ်နေတာလဲ။ ကျွန်မကို ဒုက္ခပေးဦးမလို့လား’

အမျိုးသမီးကြီးသည် သဘောကျစွာ ရယ်မောလိုက်သည်။

‘ဘ၀အသစ်ကို စမယ်လို့ ယူတစ်ယောက်ထဲ ဆုံးဖြတ်တာမဟုတ်ဘူး။ ကိုယ်လည်း ကိုယ်ချစ်တဲ့ ယောကျ်ားတစ်ယောက်အတွက် နှစ် ရာပေါင်းများစွာ အချိန်ကုန်ခဲ့ရတယ်။ အခု ဘ၀သစ်ကို ပြန်စဖို့ စဥ်းစားတော့ - ဒီလောကမှာ သိတဲ့လူကလည်း ယူတစ်ယောက်ပဲ ရှိတော့တာလေ’

စိမ်းလဲ့ခင် မျက်လုံးများကို အပေါ်သို့ လှန်ကာ စိတ်ပျက်သွားမိသည်။

‘ကျွန်မက ရှင့်ကို ဘယ်လိုယုံရမလဲ။ လွန်ခဲ့တဲ့ တစ်လလောက်ကပဲ ကျွန်မကို ရှင်ဓားနဲ့ထိုးခဲ့တာမဟုတ်လား’

‘အို ယူ့ကို ထိုးတာမှမဟုတ်တာ။ ယူက ကြားထဲက၀င်ကာလို့။ ပြီးတော့ ကိုယ်ပဲ ယူ့ကို ပြန်ကယ်ပေးခဲ့တာလေ။ အို ဒါတွေ ထားလိုက်ပါ။ ယူ မကြိုက်ရင် ကိုယ်လိုက်မနှောင့်ယှက်ပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ မှော်ပညာတွေက ယူ့အတွက် အသုံး၀င်ချင်၀င်မှာ မဟုတ်လား’

စိမ်းလဲ့ခင် စိတ်၀င်စားသွားပြီး သူမ၏ ကိုယ်လေးကို စုန်းမကြီးဘက်သို့ ကိုင်းကာ မေးလိုက်သည်။

‘ဘယ်လို မှော်ပညာတွေက ဘယ်လို အသုံး၀င်မှာလဲ။ ပြောပြစမ်းပါဦး’

‘အော်.. ဥပမာ - ဟိုးအနောက်က အဆင်လေးကို ပဲရစ်လက်မှတ် ပြောင်း၀ယ်အောင် စိတ်ညှို့လိုက်တာမျိုးပေါ့’

‘ဟင်...’

စိမ်းလဲ့ခင်သည် သြိရဏံဂိ ၏ စကားကြောင့် သူမ မေးငေါ့ရာ လေယာဥ်နောက်တန်းသို့ လှမ်းကြည့်လိုက်လျှင် သူမကို ပြုံးပြီး လှမ်းကြည့်နေသော ကော်ဖီဆိုင်တွင် တွေ့ခဲ့သည့် အသားဖြူဖြူ ရုပ်ချောချော လူငယ်လေးကို တွေ့လိုက်ရလေသည်။

စိမ်းလဲ့ခင်သည် စုန်းမကြီးကို မျက်မှောင်ကုပ်ပြီး ပြန်ကြည့်လိုက်သော်လည်း သူမ၏ နှုတ်ခမ်းများကတော့ သဘောကျစွာ ပြုံးနေလေတော့သည်။

……………………………….

(ပြီးပါပြီ)

ကိုချမ်း။

#lotaya_shortstory

MPT4U မှတစ်ဆင့် လိုတရ၏ အသစ်အသစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။

Some text some message..