"" နှစ်ဆောင်ပြိုင်တို့၏မာယာကြိုး "" အပိုင်း ( ၅ ) ဇာတ်သိမ်းပိုင်း
lotaya.mpt.com.mm
|
2021-10-22

နောက်နာရီဝက်လောက်နေတော့ကိုအောင်တိုးမိန်းမ

သွားခေါ်ခိုင်းလိုက်တဲ့ကောင်လေးနဲ့အတူအသက်(၄၀)

ကျော်အရွယ်အမျိုးသမီးတစ်ယောက်နဲ့အသက်(၃၀)

အရွယ်အမျိုးသမီးတစ်ယောက်ရောက်လာကြတယ်။

"လာကြပြီ"

ကိုအောင်တိုးကပြောလိုက်တဲ့အခါသူ့မိန်းမကလည်း

ပျာပျာသလဲခရီးဦးကြိုနေရှာတယ်။

"အစ်မရင်နွဲ့...အိမ်ပေါ်ကြွ...လာ...လာ"

ဘယ်တစ်ယောက်ကမရင်နွဲ့မှန်းမသိပေမယ့်ကျွန်တော်

တို့လည်းအိမ်ပေါ်လိုက်တက်သွားလိုက်တယ်။

"ဒီမောင်လေးတွေကမြို့ကလာကြတာ...မနှင်းဆီတူမ

နဲ့ရည်ငံနေတာတဲ့...ဟိုဥစ္စာစစ်ပေးလိုက်ပါဦးအစ်မရင်

နွဲ့ရေ"

အဲ့ဒီအခါအသက်(၄၀)အရွယ်အမျိုးသမီးကရေနွေး

ကြမ်းတစ်ငုံသောက်ပြီးတာနဲ့ဘုရားကိုလက်အုပ်ချီကန်

တော့လိုက်တယ်။'ဒီတစ်ယောက်ကမရင်နွဲ့ဖြစ်မယ်' 

လို့ကျွန်တော်လည်းသိလိုက်ပါတယ်။

ဘုရားရှိခိုးပြီးတာနဲ့နတ်စင်တွေဘက်တခါရှိခိုးပြန်တယ်။

ပါးစပ်ကလည်းတရစပ်ရွတ်ဖတ်နေတာလိုက်မှတ်လို့

မမီဘူး။ပြီးတော့ကျွန်တော့်ဘက်ပြန်လှည့်လာတယ်။

"ကဲ...သူငယ်...မယ်တော်ကြီးကိုဦးချလိုက်"

သူညွှန်ပြတဲ့မယ်တော်ပုံတစ်ပုံကိုဘာမသိညာမသိဦးချ

ပေးလိုက်ရတာပေါ့။ပြီးတာနဲ့မရင်နွဲ့ကလည်းအဲ့ဒီပုံကို

ဦးချပြီးပါးစပ်ကတတွတ်တွတ်ရွတ်နေတယ်။ရွတ်ပြီး

တဲ့အခါမရင်နွဲ့ကနေပုံထိုင်ပုံတစ်မျိုးပြောင်းသွားတာ

ပဲ။

"ရှေ့တိုးစမ်း"

အမိန့်ပေးသလိုအသံကြောင့်ကျွန်တော်စိတ်နည်းနည်း

နောက်ကျိသွားရတယ်ဗျ။ဒါပေမယ့်သူပြောသလိုရှေ့

တိုးလိုက်တဲ့အခါသူကကျွန်တော့်လက်ကိုရှေ့မြောက်

ခိုင်းပြန်ရော။သူပြောသလိုလိုက်လုပ်နေရပေမယ့်စိတ်

ထဲကတော့ဟုတ်ရောဟုတ်ပါ့မလားလို့တွေးနေမိတယ်။

"ငါ့ကိုမယုံဘူးမလား..."

မရင်နွဲ့မေးလာတာနဲ့ကျွန်တော်လန့်သွားမိတယ်။

"မဟုတ်ပါဘူး...တခါမှမကြုံဖူးသေးလို့ထူးဆန်းမိ

တာပါဗျာ"

"အေ...ဟဲ့လှလွန်းယဉ်...ညည်းလည်းရှေ့တိုးစမ်း"

‌ကျွန်တော်နဲ့သီဟလည်းတစ်ယောက်မျက်နှာတစ်

ယောက်ကြည့်လိုက်မိကြတယ်။မရင်နွဲ့ကကျွန်တော့်

ညာဖက်လက်ကိုကိုင်ထားပြီးမျက်လုံးမှိတ်ရင်းဆက်

ပြောလာတယ်။ 

"ညည်းကဘာလို့သူတို့နောက်လိုက်လာတာတုန်း"

"ဗျာ..."

"နင့်ကိုမေးတာမဟုတ်ဘူး...နင့်နောက်မှာထိုင်နေတဲ့ 

လှလွန်းယဉ်ကိုမေးတာ"

"ဟုတ်...ဟုတ်ကဲ့"

ကျွန်တော်လည်းပူထူပြီးချွေးတွေပျံလာမိတယ်။

"အင်း...ဟုတ်ပြီ...မိုးလွင်ကဘယ်မှာလဲ"

မရင်နွဲ့ကတစ်ယောက်တည်းပြောနေပေမယ့်ကျွန်တော့်

မှာခေါင်းကြီးလာလိုက်သေးသွားလိုက်ဖြစ်နေရတယ်။

"နင်တို့ဒီလိုလုပ်လို့မရဘူးလေ...မိုးလွင်ကိုမကျေနပ်

ရင်သူ့ဆီသွားမှပေါ့...သူနဲ့ဘာဆိုင်သလဲ"

သူ့တစ်ယောက်တည်းဆယ်မိနစ်လောက်စကားပြောနေ

ပြီးမှကျွန်တော့်ကိုမေးလာတယ်။

"နင့်ရည်းစားကျွေးတာ...စားမိတယ်မဟုတ်လား"

"ဗျာ...ဟုတ်ကဲ့...သူ့အိမ်မှာထမင်းတစ်ခါစားဖူး

တယ်ဗျ"

"လှလွန်းယဉ်...အဲ့ဒါတွေပြန်ထုတ်ပေးလိုက်စမ်း"

"ဟဲ့နင်ထုတ်လို့မရဘူးဆိုရင်နင့်သမီးနဲ့ထုတ်ခိုင်းလေ"

"ဟိုကလေးမ...ဟိုဖက်ကနေထုတ်ပေးလိမ့်မယ်...

‌ဘယ်လိုကွာခြားသွားလဲငါ့ကိုပြန်ပြော"

မရင်နွဲ့ကသာပြောနေတာကျွန်တော်ကဘာမှမထူးခြား

လာဘူး။ 

"ဘာမှမဖြစ်လာသေးဘူး"

"ခဏစောင့်လိုက်ဦး"

မရင်နွဲ့ကပြောပြီးကျွန်တော့်နောက်ကျောဖက်‌ကိုလာ

တယ်။ပြီးတော့နောက်ကျောကိုလက်နဲ့ဘတ်ခနဲတစ်

ချက်ရိုက်လိုက်တာနဲ့ကျွန်တော့်ပါးစပ်ထဲကနေလေချဉ်

တက်သလိုလိုအခိုးအငွေ့တစ်ခုခုထွက်သွားသလိုလို

ခံစားလိုက်ရတော့တယ်။

"ဘာထူးခြားလဲ"

"တစ်ခုခုထွက်သွားသလိုပဲဗျ"

သူကဘာမှပြန်မပြောတော့ဘဲကျွန်တော့်ရှေ့ကိုပြန်

လာထိုင်တယ်။

"နင်နဲ့နင့်အမေကနှစ်ယောက်ပြုစားထားတာ...နင့်ကို

နင့်ရည်းစားကပြုစားတယ်...နင့်အမေကိုမိုးလွင်သမီး

ကပြုစားထားတယ်...နင်တို့သားအမိကသူတို့ရဲ့လက်

ခုပ်ထဲကရေလိုဖြစ်နေကြတာ"

"ကျွန်တော့်အမေကိုဘယ်လိုပြန်ထုတ်လို့ရလဲ"

"နေဉီး...လှလွန်းယဉ်ကိစ္စအရင်လုပ်ဦးမယ်"

"ဟုတ်ကဲ့"

"နောက်ထပ်ဒီသူငယ်ကိုထပ်ပြုစားရင်ငါနဲ့တွေ့မယ်

လို့နင့်သမီးကိုပြောလိုက်...နင်လည်းသူတို့နောက်ထပ်

မလိုက်နဲ့...ကြားလား"

မရင်နွဲ့ကပြောပြီးသူနဲ့ပါလာတဲ့အမျိုးသမီးကိုမေး

ငေါ့ပြလိုက်တဲ့အခါအဲ့ဒီအမျိုးသမီးကကျုံ့ကျုံ့လေး

လာဝင်ထိုင်တယ်။

"ကဲ...မိုးလွင်...ငါ့ရှေ့လာခဲ့"

အဲ့ဒီအမျိုးသမီးကတကိုယ်လုံးတုန်ယင်လာပြီးမရင်

နွဲ့ကိုမကျေမနပ်ပြန်ကြည့်နေတယ်ဗျ။

"အောင်မာ...နင်ကငါ့ကိုမခန့်လေးစားနဲ့...အချိုးပြင်

စမ်း"

"ငါကဘာကိစ္စပြင်ရမှာလဲ...မယ်တော်ကနင့်ကိုစီး

တယ်ဆိုပြီးလာမမောက်မာနဲ့...နင့်ကိုယ်နင်မယ်တော်

ထင်ပြီးသွေးနားထင်ရောက်နေသေးတယ်..."

"ဟဲ့ကောင်မ...မိုးလွင်...ငါ့ကိုမယ်တော်ကချစ်လို့

သူ့အစွမ်းတွေချီးမြှောက်ထားတာ...မနာလိုလာဖြစ်

မနေနဲ့...ခုချိန်မှာနင်ငါ့ကိုအာခံလို့မရဘူးဆိုတာ...

နင်နားမလည်ဘူးလား"

မရင်နွဲ့စကားဆုံးတော့ဝင်ပူးနေတဲ့အမျိုးသမီးက 

မျက်နှာမဲ့ရွဲ့ပြနေတယ်။

"နင်တို့သားအမိတွေ...သူ့အမေကိုလုပ်ထားတာအခု

ဖယ်ပေးလိုက်..."

ဝင်ပူးတဲ့အမျိုးသမီးကမျက်နှာတစ်ဖက်ကိုလွှဲထား

တော့မရင်နွဲ့ကဒေါသထွက်လာပြီးကြိမ်းဝါးတော့

တယ်။

"မဖယ်ရင်...တစ်ကြိုးပြန်နုတ်ရလိမ့်မယ်...အဲ့ကြမှ

နောင်တမရနဲ့"

"ငါပြန်ရောက်ရင်ဖယ်ပေးလိုက်မယ်...နင်လည်း

လူစွာသိပ်မလုပ်နဲ့ရင်နွဲ့..."

ဝင်ပူးခံရတဲ့အမျိုးသမီးကပြန်ကြိမ်းလိုက်ပြီးအနောက်

လန်ကျသွားတော့တာပဲ။ကိုအောင်တိုးတို့လင်မယားနဲ့

လာကြည့်ကြတဲ့သူတချို့ကဝိုင်းထူပေးပြီးယပ်ခတ်

ပေးကြတဲ့အခါသတိပြန်ရလာတော့တယ်။ 

မရင်နွဲ့ကတော့မယ်တော်ပုံကိုလက်အုပ်ချီပြီးနဖူးကို

တဆတ်ဆတ်ရိုက်နေတော့တာပဲ။ခဏကြာတဲ့အခါ 

မရင်နွဲ့ကရောက်လာခါစပုံစံပြန်ပြောင်းသွားတယ်ဗျ။

"သူတို့ရဲ့အငြိုးတွေကကြီးလွန်းတယ်...မလွယ်ဘူး"

"ဟို...ဘယ်လိုအငြိုးလဲဗျ"

ကျွန်တော်မေးတဲ့အခါမရင်နွဲ့ကအိမ်ပေါ်မှာရှိတဲ့လူတွေကိုအရင်ပြန်ခိုင်းလိုက်တယ်။ကိုအောင်တိုးတို့လင်မယား

နဲ့ကျွန်တော်တို့ပဲကျန်မှမရင်နွဲ့ကဆက်ပြောပြလာတယ်။

"သူတို့တွေရဲ့ပတ်သက်ရာပတ်သက်ကြောင်းတော့သိ

ပြီးပြီမလား..."

"ဟုတ်ကဲ့...နည်းနည်းပါးပါးတော့သိပါတယ်"

"အင်း...ငါ့တူကမိုးလွင်သမီးနဲ့လှလွန်းယဉ်သမီးကို

သွားပတ်သက်မိတာဆိုးသွားတယ်...သူတို့ကခုလော

လောဆည်ခဏငြိမ်ရင်ငြိမ်သွား‌နိုင်ပေမယ့် ...ထပ်

လာဦးမှာပဲ"

"ဗျာ"

"သူတို့နဲ့ဝေးဝေးနေတာငါ့တူအတွက်အကောင်းဆုံး

ပဲ...လူတွေရှေ့မှာငါမပြောချင်လို့...လှလွန်းယဉ်က

ဘာလို့နောက်ကလိုက်နေလဲဆိုငါ့တူနဲ့သူ့သမီးညားရင်

ပြန်ဝင်စားချင်လို့တဲ့"

"အဲ့ဒါကတကယ်ကြီးလာဗျာ"

"သူကသွားမယ့်‌ဟာမသွားဘဲအဲ့ဒီဘဝနဲ့စောင့်နေတာ

လေ...အငြိုးတွေပေါ့ကွယ်...ဒီမှာငါ့တူ...ငါကသူတို့

ကိုခဏပဲထိန်းထားနိုင်တာ...ဟိုပြန်ရောက်လို့သူတို့

နဲ့တစ်ခုခုပြန်ပတ်သက်မိရင်ထပ်ဖြစ်ဦးမှာပဲ...မိုးလွင်

ရောလှလွန်းယဉ်ရောကဒီရွာချက်မြုပ်ဇာတိ...သူတို့

အကြောင်းကိုလူတွေရှေ့မပြောချင်လို့ရှောင်ခိုင်းလိုက်

ရတာ...ငါသတိပေးချင်တာက...မိုးလွင်သမီးနဲ့ယူရင်

နင့်အမေကိုလှလွန်းယဉ်သမီးကအသေလုပ်မှာ...အေ

...လှလွန်းယဉ်သမီးကိုယူပြန်ရင်လည်းမိုးလွင်သမီးက

အသေလုပ်မှာပဲ...ဒီတော့သူတို့နဲ့ဝေးနိုင်သမျှဝေးဝေး

နေတာအန္တရာယ်ကင်းလိမ့်မယ်"

"ကျွန်တော်ကသူတို့နဲ့အဆက်အသွယ်ဖြတ်ရမှာလား"

"ဒါတော့နင့်သဘောပဲ...ငါကတော့ဒီလောက်ပဲကူ

ညီနိုင်တယ်...ခုတောင်ငါ့ကိုမိုးလွင်ကြိမ်းသွားတာ

ကြားတယ်မလား...မယ်တော်ဝင်စီးနေလို့သာသူဘာ

မှမလုပ်ရဲတာ..."

"ဒေါ်လှလွန်းယဉ်ကပြန်ဝင်စားချင်လို့ကပ်နေတာက

ထားပါ...ဒေါ်မိုးမိုးလွင်ကဘာလို့လဲ"

"သူကလှလွန်းယဉ်ပြန်ဝင်စားမှာစိုးလို့လိုက်တားတာ

ပေါ့..."

"တော်တော်ရှုပ်တယ်နော်..."

"ကဲ...ငါပြန်တော့မယ်..."

ကိုအောင်တိုးမိန်းမကကျွန်တော့်ကိုလက်တို့ပြီးပိုက်

ဆံပေးလိုက်ဖို့‌တိုးတိုးလေးကပ်ပြောတဲ့အတွက်ထုတ်

ပေးလိုက်ရတယ်။

"အစ်မ...ကျွန်တော်မရှင်းတာကဗျာ...သူတို့ဖြစ်တဲ့

ရန်ငြိုးကြားမှာကျွန်တော့်အမေကိုဘာလို့အသုံးချနေ

တာလဲ..."

"အစ်မအထင်...င့ါမောင်ကိုသူတို့လုနေကြတာဖြစ်

မယ်...ငါ့မောင်ရဲ့အညှာကအမေဖြစ်နေတော့...တခါ

တည်းအသုံးချလိုက်တာနေမှာ"

"အဲ့လိုဆိုသူတို့နဲ့ဝေးဝေးနေတာအမေ့အတွက်ပိုကောင်း

ပါတယ်လေ...ကျွန်တော်ဆင်ခြင်ရမှာပေါ့...ဒါနဲ့ခုနက

မယ်တော်ဓာတ်စီးတယ်လို့ပြောတာဘယ်မယ်တော်လဲ

အစ်မ"

"အဲ့ဒါမြောက်ဘက်ရှင်မလေ...တစ်ရွာလုံးကသူ့ကို

ပသကြတယ်...သူ့စင်ကိုအိမ်ရဲ့မြောက်ဘက်မှာပဲထား

ရတာမောင်လေးရဲ့"

"အော်...တခါမှမကြားဖူးဘူး...နတ်မကိုးကွယ်လို့

လည်းဖြစ်မယ်ထင်တယ်"

"အေးပေါ့ကွယ်...ငါ့မောင်တို့ဒီညအစ်မတို့ဆီမှာပဲ

တည်းလိုက်ကြပေါ့..."

"ညမအိပ်တော့ဘူးအစ်မ...ကျွန်တော်ပြန်မှဖြစ်မယ်"

အမေ့အတွက်စိတ်ပူသွားမိလို့တစ်ညမအိပ်တော့ဘဲ

ချက်ချင်းပြန်လာခဲ့လိုက်တော့တာပေါ့။လမ်းတစ်ဝက်

ရောက်တဲ့အခါရဲထက်ကဖုန်းပြန်ခေါ်လာတယ်။အမေ

သက်သာသွားလို့ဆေးရုံကဆင်းပြီတဲ့။အလုပ်များနေ

လို့ဖုန်းမကိုင်တာလို့ပြောတယ်။ 

အဲ့ဒီအခါမှကျွန်တော့်ရင်ထဲအလုံးကြီးကျသွားရတော့

တာ။အပြန်လမ်းတလျောက်လုံးအသွားခရီးလိုအနှောင့်

အယှက်မရှိခဲ့ဘူး။လမ်းမှာမအိပ်တော့ဘဲတခါတည်း

မောင်းလာခဲ့ကြတယ်။မနက်အစောကြီးပဲအိမ်ပြန်

ရောက်လာခဲ့ပါတယ်။ 

အမေကတော့တော်တော်သက်သာနေပြီ။အရင်လိုမူး

တာ၊အားမရှိတာတွေမဖြစ်တော့ဘူး။မရင်နွဲ့လုပ်ပေး

လို့သက်သာလာတာကတော့သိသာပါတယ်။ဒီလိုဆိုရင်

ရတုရောမိုးသံစဉ်ရောကတော်တော်မလွယ်ကြတဲ့သူတွေ

ဆိုတာသေချာနေပြီဗျ။

ရတုရဲ့အကြောင်းသိခဲ့ရပေမယ့်သူ့အပေါ်မေတ္တာမပြယ်

ပါဘူး။အမှန်အတိုင်းပြောရရင်ချစ်နေတုန်းပါပဲ။ဒါပေ

မယ့်အမေ့အတွက်ခဏတော့ရှောင်နေဖို့ဆုံးဖြတ်လိုက်

တော့တယ်။ 

အမေ့ကိုသာအသုံးမချခဲ့ရင်ရတုဘာပဲဖြစ်နေနေမိုက်

မိုက်ကန်းကန်းနဲ့ရှေ့ဆက်တိုးမိမှာတော့အသေအချာပဲ။

လက်ဆုပ်လက်ကိုင်မပြနိုင်ပေမယ့်အဖြစ်အပျက်တွေက

တကယ်ဖြစ်ပျက်နေတာမလို့ရင်နာနာနဲ့ရှောင်နေရတာ

ပဲပေါ့။ခံစားရတယ်ဗျာ။

ကျွန်တော်ကသာသူတို့ကိုရှောင်နေတာသူတို့ကတော့

ဆက်သွယ်ဖို့ကြိုးစားနေကြတယ်။အမေ့ကိုကျွန်တော်

ပြတ်ပြတ်သားသားကြိုပြောထားရတာ။

"ကျွန်တော်ရတုနဲ့အဆက်အသွယ်မလုပ်သလိုအမေ

လည်းမိုးသံစဉ်နဲ့လုံးဝမဆက်သွယ်ပါနဲ့"လို့။

အမေကတော့အင်တင်တင်နဲ့ကျွန်တော့်စကားကို

တော့လိုက်လျောရှာပါတယ်။အဲ့လိုနဲ့သူတို့နှစ်ယောက်

လုံးကိုအဆက်အသွယ်မလုပ်တာ(၁၅)ရက်လောက်

ရှိလာပြီ။ 

အဲ့ဒီအချိန်မှာအမေကစဖောက်တော့တာပဲ။ည(၁၀)

နာရီလောက်မှာဝရံတာကနေခုန်ချမယ်လုပ်လို့မနည်း

ဆွဲထားရတယ်ဗျ။အဖေသိလိုက်လို့ကံကောင်းသွား

တာ။မဟုတ်ရင်မတွေးရဲစရာပဲ။

အမေကစိတ်ဖောက်သလိုစကားတွေကယောင်ကတမ်း

ပြောနေတယ်။မျက်လုံးတွေကလည်းပုံမှန်မဟုတ်ဘူး။

မျက်နှာကြီးဖြူဆုပ်ပြီး‌မျက်ထောင့်နီကြီးနဲ့'ငါ့ကိုပေး

မလာချင်တဲ့ဟာတွေ...ငါ့အကြောင်းသိရမယ်'လို့

အော်နေတော့တာ။ 

ကျွန်တော်လည်းမရင်နွဲ့ကိုသတိရမိပြီးအကူအညီတောင်းချင်ပေမယ့်သွားခေါ်ရမယ့်ခရီးကဝေးတော့ချက်ချင်းဆိုအဆင်ကမပြေဘူး။ 

အဖေကအမေ့ကိုအခန်းထဲမှာကြိုးတုပ်ထားရတဲ့အ

ခြေအနေရောက်နေပြီ။အဲ့ဒီမှာရဲထက်ကအိမ်ကိုကြွ

လာတဲ့ဘုန်းကြီးကိုမှတ်မိလားတဲ့။သူသွားပင့်မယ်ဆို

ပြီးထွက်သွားတော့တယ်။ 

(၁)နာရီလောက်ကြာပြီးတဲ့အခါရဲထက်နဲ့အတူဘုန်း

ဘုန်းပါလာတယ်ဗျ။ကပ္ပိယတစ်ယောက်လည်းအတူ

လိုက်လာတယ်။ 

ဘုန်းဘုန်းက(၃၁)ဘုံကိုမေတ္တာပို့အမျှဝေပေးပြီး 

အမေ့ကိုခေါ်လာခိုင်းတယ်။အမေကဘုန်းဘုန်းကို

မြင်တာနဲ့ထွက်ပြေးတော့တာ။ကျွန်တော်တို့လည်းအတင်းပြန်ဆွဲထားရတယ်။ဘုန်းဘုန်းက 

"ဒကာမကြီး...ဘာဖြစ်ချင်တာလဲ"

"လူပြန်ဝင်စားချင်တယ်...စောင့်ရတာလည်းနှစ်ကြာ

နေပြီ...ဒီမိန်းမဝင်ရှုပ်လို့ပျက်ရတာ"

"လူပြန်ဝင်စားချင်ရင်ခုလိုလုပ်လို့မရဘူးဒကာမ...

ဒကာမကိုကြည့်ရတာဒေါသတွေမောသတွေအတော်

ဖုံးနေတယ်...စိတ်ကိုအေးအေးထားဒကာမကြီး...

လောကမှာဖြေရှင်းလို့မရတဲ့ပြဿနာဆိုတာမရှိပါဘူး...

ဒကာမကြီးဘာတွေခံစားနေရသလဲဘုန်းဘုန်းကိုပြော"

"တပည့်တော်ကိုမိုးလွင်ကပညာနဲ့သတ်လို့မရတော့...

လူငှားသတ်ခိုင်းခဲ့တယ်...တပည့်တော်အစ်မကသိ

သွားပြီးလူသတ်သမားပုန်းနေတာကိုရအောင်ရှာနိုင်

ခဲ့တာ...သူ့ကိုတပည့်တော်မခြောက်လှန့်လိုက်တော့

သူ့သူကြိုးဆွဲချသေသွားတာပါဘုရား...မိုးလွင်ကသိ

သွားပြီးသူ့အိမ်တောင်မပြန်တော့တာခုထိပဲ...တပည့်

တော်မလည်းလူပြန်ဝင်စားပြီးမိုးလွင်ကိုကလဲ့စားချေ

ဖို့စောင့်နေတာကြာပါပြီ...ကိုယ်တိုင်ပဲလက်စားချေချင်

တယ်ဘုရား...တပည့်တော်မသမီးကဒီသူငယ်ကိုပဲ

ယူမယ်ဆိုလို့ထပ်စောင့်နေရတာ...သူ့အမေကဝင်ရှုပ်

တယ်...မိုးလွင်နဲ့ပေါင်းတယ်...ခုလည်းမယူဖြစ်

အောင်တားထားတာမကျေနပ်လို့ဝင်ပူးတာပါဘုရား"

"ဒကာမကြီးမှားနေပြီ...ကိုယ့်သဘောအတိုင်းဖြစ်ရ

မယ်ဆိုပြီးခုလိုအဓမ္မပြုလုပ်တာဟာလမ်းမှားနေတာ

ပေါ့ကွယ်..."

"မမှားဘူးဘုရား...တပည့်တော်မကိုသတ်ဖို့ခိုင်းခဲ့တဲ့

သူကိုကိုယ်တိုင်ပြန်သတ်ရမှကျေနပ်နိုင်မှာပဲ...သူ့

ကြောင့်တပည့်တော်မယောကျာ်းလည်းဒုက္ခိတဖြစ်

ရတယ်...သမီးလေးလည်းအမေမရှိဘဲကြီးပြင်းခဲ့ရ

တယ်...ဒင်းကိုသတ်ရမှကျေနပ်နိုင်မှာပါဘုရား"

"ဒေါသမောဟတွေလျော့ပါဒကာမကြီး...ခုဖြစ်နေရ

တဲ့ဘဝမှာတောင်ပူလောင်နေရတယ်မဟုတ်လား...

အကုသိုလ်တွေထပ်မလုပ်ဖို့ဘုန်းဘုန်းမေတ္တာရပ်ခံ

ပါတယ်...မကောင်းမှုပြုတဲ့သူဟာသူ့အကုသိုလ်နဲ့

သူသွားပါလိမ့်မယ်...ဒကာမကြီးခွင့်လွတ်သည်ဖြစ်

စေ...ခွင့်မလွတ်သည်ဖြစ်စေ...သူ့တရားသူစီရင်တာ

ခံရတာပါပဲ...ဒကာမကသာအကုသိုလ်ထပ်မယူဘဲ

ငြိမ်းအေးတဲ့ဘုံဘဝကိုရောက်အောင်ပြုကျင့်ပါ"

"တပည့်တော်မရင်ထဲမအေးနိုင်ဘူးဘုရား...အီး...

ဟီး"

"လူ့ဘဝတုန်းကပြုလုပ်မိတဲ့အကုသိုလ်ကြောင့်ခုလို

ဘဝမှာနှစ်အကြာကြီးနေနေရပြီမဟုတ်လားဒကာမ...

ဒီလိုနေနေရတာဟာဒကာမကြီးမသွားချင်သေးလို့...

လူပြန်ဝင်စားဖို့စောင့်ချင်လို့ဆိုတာမဟုတ်ပါဘူး...

မသွားချင်လည်းသွားရမယ်...မပြန်ချင်လည်းပြန်ရ

တာပါပဲ...ခုဘုံဘဝမှာနှစ်ရှည်နေနေရတာဟာ...အ

တိတ်ကပြုခဲ့တဲ့အကုသိုလ်ကြောင့်ပဲဒကာမ...ဒါကို

မြင်အောင်ကြည့်ပါ...ပြန်စဉ်းစားကြည့်ပါ"

ဘုန်းဘုန်းစကားဆုံးတဲ့အခါအမေကခဏငြိမ်သက်

သွားပါတယ်။ပြီးတော့အားရပါးရငိုလာတော့တယ်။

"မေတ္တာတရားဟာငြိမ်းအေးမှုအရဆုံးပဲဒကာမ...

အတိတ်ကပြုလုပ်ဖူးတဲ့အကုသိုလ်တွေကိုမချေဖျက်

နိုင်ပေမယ့်ရှေ့လျောက်ကုသိုလ်ဖြစ်တာလုပ်ပြီးလမ်း

မှန်ကိုသာသွားစေလိုပါတယ်...ဒါမှခုကျခံနေရတဲ့

အသူရကာယ်ဘုံကနေကျွတ်လွတ်ပြီးတော့ကောင်း

မွန်တဲ့ဘုံဘဝကိုရောက်မယ်"

"အဲ့လိုရောက်ဖို့တပည့်တော်ဘာလုပ်ရမလဲဘုရား"

"ခုချိန်မှာတော့အကုသိုလ်ကြောင့်ကျခံရတဲ့နေရာမှာ

သက်တမ်းစေ့တဲ့အထိနေရဦးမှာပဲဒကာမ...ဒကာမကြီး

ကသာအကုသိုလ်တွေထပ်မလုပ်ဘဲ...သီလသမာဓိရှိ

တဲ့ပုဂ္ဂိုလ်တွေကိုကူညီပါ...အမျှဝေရင်သာဓုခေါ်ပါ...

အကုသိုလ်ကိုရှောင်နိုင်သမျှရှောင်ပါ..."

"တင်ပါ့ဘုရား...ဘုန်းဘုန်းဘုရားပြောသလိုလုပ်ပါ့

မယ်ဘုရား...ဘယ်သူ့ကိုမှထပ်ဒုက္ခမပေးတော့ပါ

ဘူး...အကုသိုလ်ကိုရှောင်ကြဉ်ပါ့မယ်"

"သာဓု...သာဓု...သာဓု"

"ဒီကသူငယ်ကိုတစ်ခုလောက်တောင်းဆိုချင်ပါတယ်"

အမေကကျွန်တော့်ဘက်လှည့်ပြီးပြောလာတော့ကြောင်

တောင်တောင်နဲ့ပြန်ကြည့်နေမိတော့တယ်။

"သမီးလေးကိုတတ်နိုင်သလောက်စောင့်ရှောက်ပေး

ပါကွယ်...နောက်တစ်ခုပြောချင်တာက‌မောင်ရင်မြင်

ခဲ့သလိုသမီးလေးလုပ်ခဲ့တာမဟုတ်ပါဘူးကွယ်... 

မိုးလွင်ကသမီးလေးပုံစံဟန်ဆောင်ပြီးအသုံးချသွား

တာပါ...သမီးလေးကအန်တီပြန်လာမှာကိုစောင့်နေရုံ

သက်သက်ပါပဲ...သူ့‌အဒေါ်သင်ပေးတဲ့ပညာကိုလည်း

အများကြီးထုတ်မသုံးရသေးပါဘူး...သမီး‌လေးကိုဘုန်း

ဘုန်းဆီခေါ်လာပြီးအကုသိုလ်တွေမလုပ်ဖို့တားဆီးပေး

ပါမောင်ရင်ရယ်...ခုဘုံဘဝမှာနေရတာသိပ်ဒုက္ခရောက်

တယ်...အန်တီ့သမီးလေးကိုဒီဘုံဘဝကိုမလာစေချင်

ဘူးကွယ်...ကူညီပေးပါကွယ်"

"ဟုတ်...ဟုတ်ကဲ့...ကျွန်တော်ကူညီပေးပါ့မယ်"

ဒေါ်လှလွန်းယဉ်ဝင်ပူးနေတဲ့အမေဟာဘုန်းဘုန်းကို

ဦးချကန်တော့ပြီးတာနဲ့အမေလည်းမေ့မျောသွားပါ

တော့တယ်။ 

"ဘုန်းဘုန်းဘုရား...ဟိုပညာသည်သားအမိကျန်သေး

တယ်ဘုရား...ဘယ်လိုဆက်လုပ်ရမလဲလမ်းညွှန်ပေး

ပါဦးဘုရား"

"သူတို့ကိုခုချိန်မှာအစွဲချွတ်နိုင်ဦးမှာမဟုတ်ဘူး...

အချိန်မတန်သေးပါဘူးဒကာလေး...သူတို့အနှောင့်

အယှက်မပြုနိုင်ဖို့ဘုန်းဘုန်းကမေတ္တာစည်းဖြန်းပေး

ခဲ့ပါမယ်...ဒကာတို့ကိုဘာမှထပ်လုပ်မှာမဟုတ်တော့

ပါဘူး...ဒါပေမယ့်သတိအသိလေးနဲ့နေကြပေါ့... 

အချိန်ရရင်လည်းတရားဘာဝနာအားထုတ်ကြ"

"တင်ပါ့ဘုရား"

ညကြီးသန်းခေါင်ကြွလာပေးတဲ့အတွက်ဘုန်းဘုန်းကို

ကျေးဇူးတင်တဲ့အကြောင်းပြောပြီးရဲထက်လည်းဘုန်း

ဘုန်းကိုပြန်သွားပို့ပေးလိုက်တယ်။ဘုန်းဘုန်းတို့ကျောင်း

အတွက်လိုအပ်တာသွားလှူမယ်လို့လည်းစဉ်းစားထား

လိုက်ပါတယ်။ 

ဘုန်းဘုန်းပြန်ကြွသွားပြီး(၅)မိနစ်လောက်ကြာတော့

အမေပြန်သတိရလာတယ်။‌အဲ့ကြမှသူကြုံရတာတွေ

ပြောပြတာပေါ့။ 

အမေကဒေါ်လှလွန်းယဉ်ကိုတွေ့လိုက်တယ်တဲ့။ဒေါ်

လှလွန်းယဉ်ခံစားနေရတာတွေကိုသူလည်းခံစားမိသွား

တဲ့အခါစိတ်မကောင်းဖြစ်မိတယ်လို့ပြောပါတယ်။

ဒေါ်လှလွန်းယဉ်တောင်းဆိုတဲ့အတိုင်းရတုကိုဘုန်းဘုန်း

ဆီခေါ်သွားပေးဖို့အမေကပါတိုက်တွန်းတဲ့အတွက်ကျွန်

တော့အဖို့ကတော့ဝမ်းသာနေမိတာပေါ့ဗျာ။

နောက်ရက်မနက်မှာတော့မျှော်လင့်မထားတဲ့အရာကို

တွေ့လိုက်ရတော့တယ်။ရတုကကျွန်တော့်အိမ်ကို

ရောက်လာခဲ့တယ်လေ။ 

"ရတု...ဘယ်လိုကနေရောက်လာတာလဲ"

"တချို့ကိစ္စတွေကိုကိုသိပြီးသားနေမှာပါ...ညက

အမေကရတုကိုဖြစ်ခဲ့တာတွေပြောပြတယ်...ကိုကို့

ဆီသွားဖို့လည်းပြောတယ်...အမေကရတုဆီထပ်မလာ

တော့ဘူးတဲ့...အဟင့်...ဟီး...သူ့အကုသိုလ်ဝဋ်ကြွေး

တွေကိုပြီးဆုံးအောင်ပေးဆပ်တော့မယ်တဲ့...ရတုနဲ့

ဖေဖေနဲ့အဆင်ပြေအောင်နေကြပါလို့ပြောသွားတယ်

ကိုကို...ဟီး...အီး"

ကျွန်တော်စိတ်မကောင်းဖြစ်သွားရတယ်။ရတုလက်

ကိုခပ်ဖွဖွဆုပ်ကိုင်ရင်းအားပေးနေတဲ့အချိန်မှာပဲမေ

မေကအိမ်ရှေ့ထွက်လာတာနဲ့တိုးပါလေရောဗျာ။ 

ဒီတစ်ခါတော့အခြေအနေတွေကပြောင်းသွားပြီဗျ။

မေမေကရတုကိုအိမ်ထဲလာပါဆိုပြီးခေါ်သွားတယ်။

ဧည့်ခန်းထဲမှာမေမေရယ်၊ရတုရယ်၊ကျွန်တော်ရယ်

သုံးယောက်ပဲရှိတာပေါ့။

အဖေနဲ့ရဲထက်ကအလုပ်သွားဖို့ထွက်သွားကြပြီ။ 

မေမေကရတုကိုသေချာကြည့်နေတယ်။ပြီးတော့

"အန်တီ့သဘောထားလေးပြောချင်လို့ပါကွယ်"

မေမေ့ကိုရတုကကြည့်ရဲပုံမရဘူး။ခေါင်းငုံ့ပြီးပြန်

တော့ဖြေနေရှာပါတယ်။

"ဟုတ်ကဲ့...ပြောပါအန်တီ"

"အေးကွဲ့...အန်တီ့အိမ်ကိုဝင်ထွက်ချင်တယ်ဆိုရင်...

မိုးသံစဉ်တို့သားအမိတတ်ထားတဲ့ပညာမျိုးမရှိရမယ်

...အဲ့ဒီပညာမရှိရင်တော့အိမ်ကိုဝင်ပါထွက်ပါ...အန်

တီမတားပါဘူး"

ရတုက‌အမေ့ကိုမျက်လုံးလေးဝိုင်းပြီးကြည့်နေတာ

ပေါ့။ 

"သမီးအမေကိုညကအန်တီတွေ့လိုက်ရပါတယ်...

သူ့ဆန္ဒကိုလည်းသမီးလိုက်လုပ်ပေးလိမ့်မယ်လို့ထင်

တယ်"

"ဟုတ်ကဲ့...ဒါကြောင့်ဒီကိုရောက်လာတာပါ...ရတု

အားလုံးလှူဖို့ဆုံးဖြတ်ပြီးပါပြီ...ဘုန်းဘုန်းဆီခေါ်

သွားပေးပါရှင်"

ရတုကအသံတိုးတိုးလေးနဲ့ဖြေလာတယ်။မေမေကလည်းခေါင်းငြိမ့်ပြပြီးရတုကိုလိုက်ပို့ပေးလိုက်လို့ပြော

တယ်ဗျ။အဲ့ဒါနဲ့ရတုနဲ့အတူဘုန်းဘုန်းဆီထွက်လာခဲ့

တာပေါ့ဗျာ။

ဘုန်းကြီးကျောင်းရောက်တဲ့အခါဘုန်းဘုန်းသွားလျောက်

ခိုင်းပြီးစောင့်နေလိုက်ကြတယ်။ဘုန်းဘုန်းကြွလာတော့

ရတုကလည်းဒေါ်လှလွန်းယဉ်သမီးဖြစ်ကြောင်း၊သူတတ်

မြောက်ထားတဲ့ပညာတွေအားလုံးစွန့်လွှတ်ကြောင်း 

လျောက်လိုက်တယ်။ 

ဘုန်းဘုန်းကလည်းဘုရားစာတွေရွတ်ဖတ်သရဇ္ဈာယ်

ပေးပြီးအကုသိုလ်အမှုကိုရှောင်ဖို့မိန့်ကြားခဲ့တာပေါ့။

ရတုကရေစက်ခွက်လေးကိုင်ပြီးရေစက်ချခဲ့ပါတယ်။

အားလုံးပြီးသွားတဲ့အခါအပြန်လမ်းမှာရတုကကျွန်

တော့်ကိုဝန်ခံခဲ့တယ်။ 

မိုးသံစဉ်ကကျွန်တော်နဲ့နီးစပ်ဖို့အမေ့ကိုချဉ်းကပ်နေ

ချိန်မှာသူလုမိပါတယ်တဲ့။သူ့အမေအတွက်ကလဲ့စား

ချေချင်တဲ့စိတ်နဲ့လုပ်မိတယ်ပေါ့။သူ့အဒေါ်ဖြစ်တဲ့သူ

ကမိုးသံစဉ်အမေနဲ့ငယ်သူငယ်ချင်းတွေလည်းဖြစ်၊

တော်တော်လည်းချစ်ခင်ကြတဲ့အခါသူ့ပညာကိုထုတ်

မသုံးခဲ့ဘူး။တူမဖြစ်တဲ့ရတုကိုတော့လာသင်ပေးခဲ့

တယ်တဲ့။ညီမဝမ်းကွဲနဲ့အချစ်ဆုံးသူငယ်ချင်းကြားက

အမုန်းတရားတွေထဲမပါချင်လို့ခြေရာဖျောက်ပြီးနေ

နေခဲ့တာလို့ပြောပြတယ်။ 

ရတုနဲ့ကျွန်တော်နဲ့ချစ်သူဖြစ်တာကိုမိုးသံစဉ်သိသွား

တဲ့အခါမရမကပြန်လိုက်လုခဲ့တာပေါ့။ကျွန်တော့်ရဲ့

အညှာကအမေမှန်းသိလို့မိုးသံစဉ်တို့ကအမေ့ကိုပြု

စားခဲ့တာ။ 

ဒါကြောင့်လည်းအမေကရတုဆိုတူးတူးခါးခါးဖြစ်ခဲ့

တာပေါ့ဗျာ။ကျွန်တော်တို့အမြင်မှားအထင်မှားအောင်

လည်းရတုပုံစံမျိုးမြင်အောင်တမင်လုပ်ခဲ့ကြတာလေ။

ရတုကပြန်လုပ်ချင်ပေမယ့်ပညာချင်းယှဉ်ရင်မနိုင်

ဘူး။ဒါကြောင့်လက်မှတ်ထိုးဖို့ဖိအားပေးတာဖြစ်မယ်။

ကျွန်တော့်ကိုပြုစားဖူးလားလို့မေးတဲ့အခါအိမ်မှာထမင်း

လာစားတုန်းကလုပ်ဖူးတယ်တဲ့ဗျာ။အမငှီးလို့စိတ်

ထဲရေရွတ်လိုက်မိတယ်။

သူလုပ်ရတာကလည်းမိုးသံစဉ်ကိုယုံသွားမှာစိုးလို့

လုပ်ရတာပါတဲ့။ကျေးတောရွာမှာတုန်းကမရင်နွဲ့ထုတ်ပေးလို့မရှိတော့ဘူးလို့တော့ပြောတာပဲ။ 

ကျေးတောရွာကိုသွားတော့လမ်းမှာတွေ့တဲ့ခွေးနက်

ကြီးအကြောင်းကိုမေးကြည့်တော့ကျွန်တော်တို့ကျေး

တောရွာသွားမှာစိုးလို့မိုးသံစဉ်တို့ကခွေးနက်ကြီးလွှတ်

ပြီးလိုက်တားတာဖြစ်တဲ့အကြောင်း၊နောက်ပြီးသူ့အမေ

ကလည်းကျွန်တော်တို့နဲ့အတူလိုက်ပါလာတာကြောင့်

လည်းခွေးနက်ကြီးလွှတ်တာဖြစ်ကြောင်းပြန်ပြောပြ

တယ်။ 

ရတုအိမ်ကိုရောက်ကတည်းကသူ့အမေကကျွန်တော့်

နောက်လိုက်နေတာကြာပြီတဲ့။ပန်းချီကားကိုထိပြီးပြော

လိုက်ကတည်းကလိုက်နေတာလို့ပြောတယ်။ 

ကျွန်တော်ကလည်းသိချင်တာအကုန်မေးတာပေါ့။

‌ရတုအမေကိုသတ်ခဲ့တဲ့ကိုသာဦးကြိုးဆွဲချတုန်းက

နံရံမှာလက်ငါးချောင်းရာပေါ်နေတာဘာလို့လဲလို့

မေးကြည့်တော့သူ့အဒေါ်ဒေါ်နှင်းဆီကတမင်လုပ်

ခဲ့တာတဲ့။‌ပြောရရင်မိုးသံစဉ်အမေကိုသတိပေးလိုက်

တာမျိုးပေါ့။

သူ့ညီမလက်ဝါးရာပုံစံဖန်တီးပြီးဒီကိစ္စကိုငါတို့သိ

တယ်ဆိုတာမျိုးတပ်လှန့်တဲ့သဘော။ရတု‌ပြောပြမှ

အားလုံးနားလည်သွားတော့တာ။နောက်တစ်ခုသိချင်

တာထပ်မေးကြည့်တယ်။ရတုအဖေကခဲလုံးမှာစာရေး

ပြီးသတိပေးတဲ့အကြောင်းပြောပြလိုက်တယ်။ရတုကလည်းသူသိပါတယ်တဲ့။

သူ့အဖေကဒီအငြိုးတွေကိုထပ်မဆက်ချင်တော့ဘူး

ပေါ့။ဒါတွေကြောင့်သူ့မိန်းမကိုဆုံးရှုံးရသလို၊သူ့ဘဝ

လည်းဆုံးရှုံးခဲ့ရတယ်။သမီးဖြစ်တဲ့သူကိုထပ်ဆုံးရှုံးမှာ

စိုးလို့လိုက်တားခဲ့တာပါတဲ့။ဒါကြောင့်ကျွန်တော်လာ

ရင်မကြိုက်တာဖြစ်မယ်။ 

ကျွန်တော်ကတော့ရတုပညာသည်ဖြစ်နေတုန်းက

တောင်ချစ်နေဆဲမဟုတ်လား။ခုလိုသူ့ပညာတွေကို

စွန့်လွှတ်လိုက်ပြီးချိန်မှာအမေနဲ့အဆင်ပြေသွားဖို့ကြိုးစားရမယ်လို့ပဲစဉ်းစားထားတယ်။ 

ဘုန်းဘုန်းကလည်းသူစီးဖြန်းပေးထားတာမလို့မိုးသံ

စဉ်တို့ဘာမှထပ်မနှောင့်ယှက်တော့ဘူးဆိုတာကိုး။ 

ရလာတဲ့အခွင့်အရေးကိုတော့ရအောင်အသုံးချရမှာပဲ

လေ။

ရတုကိုအိမ်လိုက်ပို့ပေးတဲ့အခါရတုကအိမ်ထဲခေါ်ဝင်

ပါတယ်။အရင်ကကျွန်တော်မြင်ဖူးတဲ့ပန်းချီကားဟာ

လုံးဝပြောင်းလဲနေတာသတိထားမိလိုက်တယ်။

အထူးသဖြင့်ရတုမေမေရဲ့မျက်လုံး။စတွေ့တုန်းက

တော်လိုက်တဲ့ပန်းချီဆရာလို့တွေးခဲ့မိတာဗျ။ခုပြန်

ကြည့်တဲ့အခါပန်းချီကားဟာသာမန်ပန်းချီကားတစ်

ချပ်ဖြစ်နေတယ်။

ပုံကလည်းအသက်မဝင်သလို၊ရတုမေမေရဲ့မျက်လုံး

ကလည်းရွှန့်လဲ့မနေတော့ပါဘူး။ပန်းစည်းပေါ်ကအနီ

ရောင်တောက်တောက်ပန်းတွေဟာလည်းခပ်မှိန်မှိန်ဘဲ

ကျန်တော့တယ်။ဒေါ်လှလွန်းယဉ်တစ်ယောက်ရတုတို့သားအဖကိုစိတချသွားပြီလို့ခံစားမိလိုက်တယ်ဗျာ။ 

ဒီအဖြစ်အပျက်တွေပြီးသွားပြီးနောက်လလောက်ကြ

တော့မိုးသံစဉ်တို့မိသားစုဟာတခြားမြို့ကိုပြောင်း

ရွေ့သွားပြီလို့ကြားလိုက်ရတယ်။သူတို့မရှိတော့ဘူး

ဆိုတဲ့အခါနေရထိုင်ရတာအရင်ထက်အေးချမ်းသွား

သလိုပဲ။

ခုဆိုရတုလည်းအိမ်ကိုမကြာမကြာဝင်ထွက်နေပြီ။

အမေကလွဲလို့မိန်းကလေးမရှိတဲ့ကျွန်တော်တို့အိမ်ဟာရတုလက်ရာဟင်းတချို့ရယ်၊ပန်းပင်လှလှလေးတွေ

ရယ်နဲ့စိုပြေလာခဲ့တယ်။

မေမေကလည်းအရင်လိုရတုအပေါ်မအေးစက်တော့

ဘူး။အမေနဲ့ရတုသာအဆင်ပြေသွားရင်ကျွန်တော်

တို့ကိုကူညီခဲ့တဲ့ဘုန်းဘုန်းတို့ကျောင်းမှာမင်္ဂလာဉီး

ဆွမ်းကပ်လုပ်မယ်လို့တွေးရင်းကျွန်တော့်တစ်ယောက်

တည်းပြုံးနေမိလိုက်တော့တယ်။

ပြီးပါပြီ။

သော်တာလမင်းစန္ဒာ

#lotaya_shortstory




Some text some message..