သင့်ကို အပျင်းပြေရယ်မောပျော်ရွှင်စေမယ့် သုတစုံလင်ပဟေဠိမေးခွန်းလေး (၁၃)ခု
lotaya.mpt.com.mm
|
2021-12-02

Pixabay/ OpenClipart-Vectors

အခုနောက်ပိုင်း စမတ်ဖုန်းတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတဲ့ အင်တာနက်ခေတ်ကြီးမှာ ကလေးအများစုက မိုဘိုင်းဂိမ်းတွေနဲ့ပဲ အချိန်ကုန်နေကြတာ ပရိသတ်ကြီးတို့ သတိထားမိကြမှာပါ။ Admin တို့ခေတ်တုန်းကဆို တီဗီကတင်ဆက်ပေးတဲ့ ဗဟုသုတပဟေဠိကဏ္ဍတွေကို အသည်းစွဲ စောင့်ကြည့်ရတာ အမောပါပဲ။ ဒီနေ့မှာတော့ ငယ်ငယ်တုန်းက ကြည့်ခဲ့ရတဲ့ ဗဟုသုတအစီအစဉ်တွေကလို သုတစုံလင်ပဟေဠိမေးခွန်းလေးတွေကို တင်ဆက်ပေးသွားမှာပါ။ ဘယ်လိုမေးခွန်းလေးတွေ တင်ဆက်ပေးပြီး ပရိသတ်ကြီးက ဘယ်နှခုမှန်အောင် ဖြေနိုင်သလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်နော်။

နံပါတ် ၁ - ပေးထားတဲ့အဖြေလေးတွေထဲက ကိုယ်ဝန်ဆောင်ချိန် အကြာဆုံးဖြစ်တဲ့ သက်ရှိကိုရွေးချယ်ပေးပါ။


Pixabay/ OpenClipart-Vectors & simisi1

(က) လူ (ခ) ရေမြင်း (ဂ) မြင်း

နံပါတ် ၂ - ၁ကီလိုဂရမ်မှာ ဘယ်နှပေါင်ရှိပါသလဲ။


Pixabay/ Clker-Free-Vector-Images

(က) ၁.၁ပေါင် (ခ) ၂.၂ပေါင် (ဂ) ၃.၃ပေါင်

နံပါတ် ၃ - ဘယ်ဂြိုလ်ပေါ်မှာ နေ့တာအတိုဆုံးလဲ။


Pixabay/ WikiImages

(က) မာကျူရီ (ခ) ကမ္ဘာ (ဂ) ဂျူပီတာ

နံပါတ် ၄ - နံပါတ် ၁၉ ကို ရောမဂဏန်းနဲ့ရေးရင် ဘယ်တစ်ခုဖြစ်မလဲ။


Pixabay/ OpenClipart-Vectors

(က) VVVIX (ခ) XVIIII (ဂ) XIX

နံပါတ် ၅ - ဘယ်ရောင်ခြည်ကို ကာကွယ်ဖို့အတွက် suncream ကိုသုံးတာပါလဲ။


Pixabay/OpenClipart-Vectors

(က) Infrared (ခ) Ultraviolet (ဂ) gamma

နံပါတ် ၆ - နံနတ်သီးက ဘယ်နေရာမှာသီးတာလဲ။


Pixabay/ OpenClipart-Vectors

(က) သစ်ပင်ပေါ်မှာ (ခ) နွယ်ပင်ပေါ်မှာ (ဂ) အပင်ငယ်လေးပေါ်မှာ

နံပါတ် ၇ - ရေအောက်ထဲမှာ ကြာကြာအသက်မအောင့်နိုင်တဲ့ တိရစ္ဆာန်က ဘယ်တစ်ကောင်ဖြစ်မလဲ။


Pixabay/ OpenClipart-Vectors & Clker-Free-Vector-Images & creozavr

(က) ပင်လယ်လိပ် (ခ) လင်းပိုင် (ဂ) Sperm Whale

နံပါတ် ၈ - နေကိုပတ်ဖို့ အကြာဆုံးအချိန်ယူရတဲ့ဂြိုလ်က ဘယ်ဂြိုလ်ဖြစ်မလဲ။


Pixabay/ WikiImages

(က) Saturn (ခ) Uranus (ဂ) Neptune

နံပါတ် ၉ - ပေးထားတဲ့အားကစားတွေထဲက ကယ်လိုရီအများဆုံး လောင်ကျွမ်းစေတဲ့အားကစားက ဘယ်တစ်ခုဖြစ်မလဲ။


Pixabay/ eommina, ZedH , Pfeilgiftfeder

(က) ပြေးခြင်း (ခ) ရေကူးခြင်း (ဂ) နှင်းလျှောစီးခြင်း

နံပါတ် ၁၀ - ဖိလစ်ပိုင်နိုင်ငံရဲ့မြို့တော်က ဘယ်တစ်ခုဖြစ်မလဲ။


Pixabay/ Clker-Free-Vector-Images

(က) ဂျာကာတာ (ခ) ကွာလာလမ်ပူ (ဂ) မနီလာ

နံပါတ် ၁၁ - “အသက်ရှူရပ်တာကို” ဆေးပညာအခေါ်အဝေါ်နဲ့ ဘယ်လိုခေါ်ပါသလဲ။


Pixabay/ OpenClipart-Vectors

(က) Adenoma (ခ) Apnea (ဂ) Aerobic

နံပါတ် ၁၂ - ပန်းချီပညာရှင် ပတ်ဘလို ပီကာဆို ကိုဘယ်နိုင်ငံမှာ မွေးဖွားခဲ့ပါသလဲ။

(က) စပိန် (ခ) အီတလီ (ဂ) ပေါ်တူဂီ

နံပါတ် ၁၃ - ထောင့်မှန်စတုဂံရဲ့ အတွင်းထောင့်တွေပေါင်းခြင်းက ဘယ်လောက်ရှိပါသလဲ။

(က) ၁၈၀ ဒီဂရီ (ခ) ၃၆၀ ဒီဂရီ (ဂ) ၉၀ ဒီဂရီ

ကဲ…မေးခွန်းလေးတွေလည်း အကုန်ဖြေပြီးလို့ အဖြေလေးတွေလည်း ရလောက်ရောပေါ့။ ဘယ်နှခုမှန်လဲဆိုတာ အောက်ကအဖြေမှန်တွေနဲ့ တိုက်ကြည့်ခဲ့ပေးဦးနော်။

*******အဖြေမှန်များ********

နံပါတ် ၁ - (ဂ) မြင်း

နံပါတ် ၂ - (ခ) ၂.၂ပေါင်

နံပါတ် ၃ - (ဂ) ဂျူပီတာ

နံပါတ် ၄ - (ဂ) XIX

နံပါတ် ၅ - (ခ) Ultraviolet

နံပါတ် ၆ - (ဂ) အပင်ငယ်လေးပေါ်မှာ

နံပါတ် ၇ - (က) ပင်လယ်လိပ်

နံပါတ် ၈ - (ဂ) Neptune

နံပါတ် ၉ - (က) ပြေးခြင်း

နံပါတ် ၁၀ - (ဂ) မနီလာ

နံပါတ် ၁၁ - (ခ) Apnea

နံပါတ် ၁၂ - (က) စပိန်

နံပါတ် ၁၃ - (ခ) ၃၆၀ ဒီဂရီ

#lotaya_quiz




Some text some message..