"" ရတနာအတိုက်ကြီး "" အပိုင်း - ( ၁ )
lotaya.mpt.com.mm
|
2021-12-10

အခန်း [ ၁ ]

အာကာတခွင်လုံး မှိုင်းပျပျမှောင်ရိပ်ကျနေသောညတစ်ည၌ လခြမ်းပဲ့လေးမှာ သူ၏ကိုယ်ရောင်ကိုယ်ဝါကို

အလင်းတင်ပြီး မှေးစက်နေရှာသည်။ သူ၏အလင်းကြောင့် မြေပြင်‌ထက်မှ ပုံရိပ်လွှာများကလည်း ခပ်ရေးရေးထင်သာလျက် ရှိ‌နေ၏။

လေကလည်းမြောက်အရပ်မှ ဝေ့ဝဲကာတိုက်ခတ်နေသည်။

မြေပြင်ပေါ်ကြွေကျရစ်ပြီးသော ရွက်ကြွေများသည်လည်း တရှပ်ရှပ်ဖြင့် လေပင့်ရာလမ်းအတိုင်း လွန့်လူးရွေ့လျား

ကုန်ကြ၏။ 

ထိုကဲ့သို့ သဘာဝဆန်စွာဖြစ်တည်မှုကြားတွင် သဘာဝ

မဆန်သော အဖြစ်အပျက်ကြီးတစ်ခု အသက်ဝင်၍နေ

သည်။ ထိုအရာကား ဝါကျင်ကျင်မြေသားပေါ်တွင် ဆောက်လုပ်ထားသော တိုက်ခံပျဉ်ထောင်အိမ်ကြီး ရှိရာ

နေရာ၌ ဖြစ်ပေါ်နေခြင်းပင်။

အိမ်ကြီးရှိသောခြံဝင်းမှာ ပေ ၁၀၀ ပတ်လည်ကျယ်ဝန်း

ပြီး အိမ်ကြီးမှာတော့  ၃၅ပေ ပတ်လည်ခန့်တည်ဆောက်

နေရာယူထား၏။ ထိုအိမ်ကြီးသည် အနည်းငယ်ကုန်းမြင့်

သောနေရာ၌ တည်ရှိသောကြောင့် အဝေးမှကြည့်လိုက်

လျှင် အိမ်ကို ထင်ထင်ရှားရှား တွေ့မြင်‌နိုင်ပေသည်။

" ဝေယံထူး... ဝေယံထူး "

ဘေးကပ်ရက်အခန်းတွင် အိပ်နေသော သားဖြစ်သူကို

ဦးငွေတိုး လှမ်းခေါ်လိုက်သည်။ လေသံတိုးတိုးဖြင့်ခေါ်

နေသံကို အိပ်မောကျနေသော ဝေယံထူးမှာ မကြားချေ။

ရွှီခနဲ မြည်သံသဲ့သဲ့နှင့်အတူ အိမ်ကြီးမှာ ငလျင်လှုပ်ခတ်

သွားသကဲ့သို့ လှုပ်ရမ်းသွားလေသည်။ အသံက လေတိုး

သံမဟုတ်မှန်း ဦးငွေတိုးသိနေသည်။

ထိုအသံကိုကြားနေရသည်မှာ တစ်လခန့်ရှိ‌ခဲ့ပြီ။ ညစဉ်

ညတိုင်း ကြားနေရခြင်းလည်းဖြစ်သည်။ အိမ်သားများ

ကို ပြောပြသော်လည်း ဦးငွေတိုးကြားရသည့်အသံကို

သူတို့မကြားကြဟုဆိုသည်။

ဦးငွေတိုးကလည်း ' မယုံရင် ဒီညစောင့်ပြီး နားထောင်

ကွာ ' ဟုဆိုပြီး အတူစောင့်ခိုင်းခဲ့သည်။ လူငါးယောက်

တစ်ခန်းထဲထိုင်နေကြသော်လည်း အသံထွက်ပေါ်လာ

လျှင် ဦးငွေတိုးတစ်ယောက်တည်းသာ ကြားရသည်။

ကျန်လူများမှာ အသံလည်းမကြားကြသလို၊ ငလျင်လှုပ်

သကဲ့သို့ အိမ်လှုပ်ခတ်သွားခြင်းကိုပင် မသိကြပေ။ ထို့

ကြောင့် ဦးငွေတိုးပြောသည့်အရာအား အိပ်မက်မက်နေ

ခြင်း ( သို့မဟုတ် ) ထင်ယောင်ထင်မှားဖြစ်ခြင်းသာ ဖြစ်

မည်ဟု ကောက်ချက်ချလိုက်ကြလေတော့၏။

အိမ်သားများမည်သူမှ မယုံကြည်‌သော်လည်း ဦးငွေတိုး

မှာမူ သူ၏အစ်ကိုဖြစ်သူဦးရွှေတိုး မဆုံးမီက ပြောခဲ့ဆို

ခဲ့သည့်စကားများအား ပြန်လည်ကြားယောင်မိနေသည်။

ဦးရွှေတိုးမှာ ည ( ၁၀ ) နာရီကျော် ( ၁၁ ) နာရီအချိန်ခန့်

ဆိုလျှင် ရွှီခနဲ တခုခုကိုတိုးလိုက်သံကဲ့သို့ကြားကြောင်း၊ ထိုအသံကြားပြီးသည်နှင့် ငလျင်လှုပ်သကဲ့သို့ အိမ်လှုပ်ရမ်းသွားတတ်ကြောင်း ပြောခဲ့ဖူးသည်။

ထိုသို့ပြောပြီး ( ၂ ) လ၊ ( ၃ ) လခန့်အကြာမှာပင် ဦးရွှေ

တိုး ဆုံးပါးသွားခဲ့လေသည်။ ထိုအသံကြားကြောင်း ပြော

ပြီး ဆုံးသွားသည်မှာ ဦးရွှေတိုးနှင့် ညီမဖြစ်သူ ဒေါ်သန်းခင် တို့နှစ်ယောက်သာရှိသည်။

ဒေါ်သန်းခင်ကပထမဆုံးပြောသည့်သူပင်။ သူပြောစဉ်က

ဦးရွှေတိုးလောက်မပြည့်စုံပေ။ မြည်သံကြားကြောင်းသာ

ပြောခဲ့သည်။ ငလျင်ကဲ့သို့အိမ်လှုပ်ကြောင်းမပါခဲ့။ ဒေါ်

သန်းခင်ဆုံးသည်က ဦးရွှေတိုးထက်အရင် ( ၂ ) နှစ်စောသည်။

ဦးရွှေတိုးကသာ ငလျင်လှုပ်ကြောင်းထည့်ပြောခြင်းဖြစ်

သည်။ ယခုဦးငွေတိုးနှင့်ဆို ( ၃ ) ယောက်မြောက်ဖြစ်လေ

သည်။ 

ဦးငွေတိုးတို့အိမ်မှာ အမွေဆိုင်အိမ်ကြီးဖြစ်ပြီး ဦးငွေတိုး

၏ ဖခင်နှင့်မိခင် ပိုင်ဆိုင်သောအိမ်လည်းဖြစ်သည်။ ၎င်းတို့တွင် သားသမီး ( ၇ ) ယောက်ထွန်းကားခဲ့သည်။

အိမ်ထောင်ကျသူကကျ၊ လူပျိုကြီး အပျိုကြီးဘဝဖြင့်

အရိုးထုတ်သူကထုတ်နှင့် ထိုအိမ်ကြီးတွင် အားလုံးစုဝေး

နေထိုင်ခဲ့ကြသည်မှာ ရာစုနှစ်အတော်ကြာပြီဖြစ်၏။

သို့သော် တိုက်ဆိုင်မှုပင်လား၊ ကံကြမ္မာဆိုးကြောင့်လား

မဆိုသာ၊ ဦးငွေတိုး၏ဖခင်ဆုံးပါးပြီးချိန်မှစ၍ (၁)နှစ်

တစ်ယောက် သို့တည်းမဟုတ် (၂)နှစ်တစ်ယောက်ဆက်

တိုက်ဆိုသလို ဆုံးပါးကြရာ မိဘနှစ်ပါးနှင့် မောင်နှမ ( ၅ )

ယောက်တို့မှာ ဤလောကတွင်မရှိကြတော့ချေ။ ယခုအခါတွင် သွေးရင်းမောင်နှမဟူ၍ ဦးငွေတိုးနှင့် အစ်မဖြစ်သူ ဒေါ်စိန်သန်းတို့နှစ်ယောက်သာကျန်ရှိလေတော့သည်။

ဖခင်လက်ထက်တွင် တခေတ်တခါလျှမ်းလျှမ်းတောက်ကြွယ်ဝကြသူများဖြစ်ခဲ့သော်လည်း ဖခင်ဆုံးပါးပြီးချိန်

မှစ၍ စီးပွားတရိပ်ရိပ်ကျဆင်းလာခဲ့သည်။ မည်သည့်

လုပ်ငန်းလုပ်လုပ် အဆင်‌မပြေခဲ့ကြချေ။ နောက်ဆုံးတွင်

ဟိုစပ်စပ်ဒီစပ်စပ် ကြုံရာလုပ်ကိုင်စားသောက်ခဲ့ရပြီး အိမ်

ကလည်း အခွံသာကျန်သည့်အဖြစ်သို့ ဆိုက်ရောက်လာ

ခဲ့ကြလေသည်။

" ဒီအိမ်မှာနေလို့ စီးပွားမဖြစ်တာ " 

ဟု အချင်းချင်းပြောဆိုကြသော်လည်း လက်တွေ့တွင်မူ

ထိုအိမ်ကြီးမှ စွန့်ခွာရန် မဖြစ်နိုင်ခဲ့ပေ။ နေရေးစားရေးမှာ

မလွယ်ကူကြသဖြင့် စီးပွားမဖြစ်မှန်းသိသော်ငြား အောင့်အီးနေထိုင်နေကြရသည်။

ထိုအိမ်ကြီးတွင် လက်ရှိနေထိုင်နေကြသည်မှာ ဦးငွေတိုးတို့ဇနီးမောင်နှံနှင့် သားဖြစ်သူ ဝေယံထူး၊ ဦးငွေတိုး၏

အစ်မဖြစ်သူ အပျိုကြီးဒေါ်စိန်သန်း၊ ခယ်မများဖြစ်ကြ

သော ဒေါ်လှလှမိုး၊ ဒေါ်ရီရီဝင်းတို့နှင့်အတူ ၎င်းတို့မှမွေး

သောကလေး( ၂ ) ယောက်၊ ကျန်မောင်နှမများမှပေါက်

ဖွားလာသော တူ တူမ ( ၂ ) ယောက် အားလုံးစုစုပေါင်း ( ၈ ) ယောက်နေထိုင်လျက်ရှိသည်။

" ငါနေလို့ ထိုင်လို့ မကောင်းဘူးကွာ ... "

တနေ့တခြား ပိန်လှီလာသော ဦးငွေတိုးကိုကြည့်ပြီး

ဒေါ်စိန်သန်း စိတ်မချမ်းမြေ့လှချေ။ တိုင်ပင်ဖော်တိုင်ပင်

ဘက် သွေးရင်းမောင်နှမဟူ၍ မောင်ဖြစ်သူတစ်ယောက်

သာကျန်တော့သဖြင့် အားငယ်မိသလိုလို ခံစားနေရ၏။

ငွေကြေးမပြည့်စုံသဖြင့် ဆေးရုံဆေးခန်းတွင် အကုန်အ

ကျခံကာ မပြသနိုင်။ ဇီဝိတဒါနကုသိုလ်ဖြစ် အခမဲ့ဆေး

ခန်းတွင်သာ ကုသနေရလေသည်။ သက်သာလာသည်

ဟူ၍ မရှိဘဲ ကျန်းမာရေးမှာပိုဆိုးလာနေသည်။

အိပ်ရာထဲတခွေခွေဖြစ်နေသော ဦးငွေတိုးမှာ တစ်ညတွင်

ထူးဆန်းသောအိပ်မက်တစ်ခုကို မြင်မက်ခဲ့သည်။ အိပ်

မက်ထဲတွင် သူက ကလေးငယ်အရွယ်ပြန်ဖြစ်နေပြီး ဆုံး

ပါးသွားခဲ့ပြီးသော မိဘမောင်နှမများအားလုံးသူ့ကိုလာ

ခေါ်သည်ဟု မက်ခဲ့သည်။

ထူးဆန်းသည်ဆိုသည်က ဖခင်ဖြစ်သူမှာလွဲ၍ ကျန်လူ

များက စကားမပြောကြပေ။ ဖခင်ပြောသည့်စကားက

သာ ထူးဆန်းနေလေသည်။

" ငါ့သား ... ပြုသူအသစ်ဖြစ်သူအဟောင်းလို့သာမှတ် ...

အဖေတို့မိသားစုအားလုံးစုံတာနဲ့ ပျော်ရတော့မှာပါကွာ "

ထိုအိပ်မက်ကိုမက်ပြီး အဓိပ္ပါယ်မပေါက်နေပေ။ အစ်မ

ဖြစ်သူ ဒေါ်စိန်သန်းကို ပြောပြသည့်အခါတွင်လည်း ဒေါ်

စိန်သန်းသည်ပင် အဓိပ္ပါယ်မဖော်နိုင်ခဲ့။

" နင် ကယောင်ကတမ်းနဲ့ ဘာတွေလျှောက်မက်နေမှန်း

မသိတာ "

ဤသို့ဖြင့် မေ့မေ့ပျောက်ပျောက်သာ နေလိုက်ကြတော့

သည်။

                              ***********

အခန်း [ ၂ ]

" အဘိုးကို ကယ်ပါအုံး ... မြေးလေးရယ် "

မှောင်မိုက်နေသော ရေတွင်းပျက်ကြီးထဲမှ အသံကြောင့်

နုရည်ဝင်း ထိတ်လန့်သွားခဲ့သည်။ သူမလည်း ထိုရေတွင်း

ဆီသို့တိုးကပ်ကာ ငုံ့ကြည့်လိုက်၏။ 

သို့သော် အသံသာကြားပြီး အလုံးအထည်မမြင်‌ရပေ။ မည်သူဖြစ်မည်နည်းကို သူမအလွန်ပင်သိချင်နေမိသည်။

ရေတွင်းထဲ ငုံ့နိုင်သမျှငုံ့ကာ စိုက်ကြည့်လိုက်သည့်အခါ

ညှစ်ထေးထေးအရောင်ရှိ ရေများထဲမှ လူဦးခေါင်းတစ်ခု

ထွက်ပေါ်လာတော့၏။

" ဘယ်သူလဲ ... ဘာကြီးလဲ "

အလန့်တကြားအော်မေးလိုက်သည်။ ထိုအခါ ရေတွင်း

ထဲမှ ဦးခေါင်းမှာ တဖြည်းဖြည်းအပေါ်မော့လာသည်။

" ဟင် "

ထိုသူမှာအခြားမဟုတ်။ အဖြူအမည်း ဓါတ်ပုံထဲမြင်

တွေ့ဖူးသော သူမ၏အဘိုး ဦးအောင်ဒင်ပင်တည်း။

" အဘိုး ... အဘိုးမဟုတ်လားဟင် "

ဦးအောင်ဒင်မှာ ဝေဒနာပြင်းထန်စွာခံစားနေရပုံပေါ်နေ

ပြီး မျက်နှာတစ်ခုလုံးသွေးသံရဲရဲ နီစွေးနေလေသည်။

" မြေးလေး ... အဘိုးကိုကယ်ပေးပါ "

" ခဏလေး ... အိမ်ထဲကြိုးသွားရှာပေးမယ်အဘိုး ...

ပြန်လာခဲ့မယ် "

နုရည်ဝင်းက ရေတွင်းမှခွာပြီး အိမ်ထဲသွားဖို့ကြံလိုက်

သော်လည်း သွား၍မရနေချေ။ မည်သို့ခွာခွာမရဘဲ ဖြစ်

နေတော့သည်။

" ကြိုးချပေးလည်းမရပါဘူးကွယ် ... အဘိုးပြုခဲ့တဲ့

အကုသိုလ်ကြောင့် ပေးဆပ်နေရတယ်မြေးရယ် "

" ဘာပေးဆပ်နေရတာလဲ ... အဘိုးကဘာလုပ်ခဲ့လို့လဲ "

ဦးအောင်ဒင်မှာ သွေးများဖုံးလွှမ်းနေသည့်ကြားမှ မျက်

ရည်များကျဆင်းလာခဲ့သည်။

" လှေကားအောက်က သေတ္တာတွေထားထားတဲ့အခန်း

ကိုသွား ... ညာဖက်ခြမ်းကပျဉ်ချပ်ကနေ စရေရင် ငါး

ခုမြောက်ပျဉ်ချပ်ကို ခွာလိုက် ... အဲ့အောက်မှာ စာအုပ်

တွေ့လိမ့်မယ် ... ပြီးရင် သူတို့ကို အဘိုးကဝန်ချတောင်း

ပန်ပါတယ်လို့ ပြောပေးပါငါ့မြေးရယ် ... သူတို့ခွင့်လွတ်

ခဲ့ရင် အဘိုးအတွက် အလှူအတန်းလုပ်ပြီး အမျှဝေပေး

ပါကွယ် "

စကားဆုံးသည်နှင့် နာကျင်လွန်းသဖြင့်ထွက်လာသောအော်သံနက်ကြီးဖြင့် တစ်ချက်အော်ကာ ရေတွင်းအောက်

ပြန်ဝင်သွားလေသည်။

နုရည်ဝင်း လန့်နိုးလာသည့်အခါ မနက် ( ၄ ) နာရီထိုးနေ

ချေပြီ။ ရှင်းလင်းထင်ရှားပြီး သေသေချာချာတွေ့မြင်ခဲ့

ရသော အိပ်မက်ကြောင့် ရင်တုန်ပန်းတုန်ဖြစ်ပေါ်နေ၏။

" ဘယ်လိုအိပ်မက်ကြီးပါလိမ့် "

သူမစဉ်းစား၍ မရနိုင်ပေ။ သိချင်စိတ်ကတားမရတော့

သဖြင့် ဧည့်ခန်းနံရံတွင်ချိတ်ဆွဲထားသော ဓါတ်ပုံကို

သွားကြည့်မိတော့သည်။

ဓါတ်ပုံအား ခုံဖြင့်တက်ဖြုတ်ယူပြီး ဓါတ်မီးဖြင့်ထိုးကြည့်

လိုက်၏။ နုရည်ဝင်း အတော်ပင် အံ့ဩမှင်သက်မိသွားရ

သည်။ သူမမှာ ထိုဓါတ်ပုံကို ၃ခါ ၄ခါ ခန့်သာ ကြည့်ရှုဖူး

ခဲ့ပြီး စွဲစွဲမြဲမြဲ ရှိမနေပေ။ သို့သော် ဓါတ်ပုံထဲမှသူမအဘိုးအား စိတ်မစွဲဘဲ မြင်မက်ခဲ့လေပြီ။

' ဘာလို့ အိပ်မက်မက်တာလဲမသိဘူး ... ငါကအိပ်မက်

မက်တတ်တာလည်းမဟုတ် ... ထူးတော့ထူးဆန်းသား '

တကိုယ်တည်းရေရွတ်ရင်း အိပ်မက်ထဲမှ အကြောင်းအ

ရာများကို ပြန်တွေးကြည့်လိုက်သည်။ အဘိုးဖြစ်သူပြော

သည့်အိမ်တွင် နုရည်ဝင်းတို့မနေကြပေ။ 

ထိုအိမ်မှာ ဦးအောင်ဒင်၏အိမ်ဖြစ်ပြီး ဦးအောင်ဒင်မရှိ

တော့သည့်နောက်ပိုင်း အမွေခွဲခြမ်းကြသည့်အခါ နုရည်ဝင်းအမေက ကျန်မောင်နှမများကို တန်ဖိုးကျသင့်ငွေအမ်းကာ ပြန်ယူထားခဲ့သည့်အိမ် ဖြစ်သည်။

ယခုအခါတွင်မူ နေမည့်သူမရှိသဖြင့် ပိတ်ထားသည်မှာကြာခဲ့ပြီ။ အိမ်အသစ်လည်းပြန်မဆောက်ဖြစ်သလို မိဘ

အမွေဖြစ်၍ မရောင်းချဘဲ အမှတ်တရထားထားသော

အိမ်။ ထိုအိမ်ကို နုရည်ဝင်းအိပ်မက်မက်ခဲ့သည်က သေ

ချာသည်။

ရေတွင်းရှိရာပတ်ဝန်းကျင်ကို သူမရင်းနှီးနေခဲ့သဖြင့်

အဘိုးအိမ်မှန်း သိနေခဲ့သည်။ သို့သော် လက်တွေ့အပြင်

တွင်မူ ထိုနေရာ၌ အိပ်မက်ထဲကကဲ့သို့ ရေတွင်းမရှိချေ။ 

အတွေးများစွာဖြင့်တွေးရင်း ပြန်လည်အိပ်စက်သော်

လည်း အိပ်မရတော့ပေ။ စိတ်ထဲတနုံ့နုံ့ဖြင့် ထိုအိပ်မက်

ကိုသာ တဝဲလည်လည်တွေးနေမိသည်။

အဘိုးဖြစ်သူဆုံးပါးစဉ်က သူမအသက် ( ၆ ) နှစ်သာ

ရှိသေးသည်။ ငယ်သေးသဖြင့် အဘိုး၏ရုပ်ရည်သွင်

ပြင်နှင့် အဘိုးအကြောင်းများကို သိပ်မမှတ်မိနေချေ။

" မနက်ကြရင် အမေ့ကိုမေးကြည့်အုံးမှပဲ "

နုရည်ဝင်းစိတ်ထဲတေးထားရင်း မနက်မြန်မြန်လင်းဖို့

သာ ဆန္ဒပြုမိနေတော့၏။ အတွေးများဖြင့် ချာချာလည်

ရင်း ပြန်လည်အိပ်ပျော်သွားခဲ့လေသည်။

" နုရည် ... သမီး ... ဟဲ့ ... နေဖင်ထိုးနေပြီ ... 

ထတော့ "

ပြူတင်းပေါက်ခန်းဆီးလိုက်ကာကို ဆွဲဖွင့်ရင်း မိခင်ဖြစ်

သူ ဒေါ် သန်းသန်းဝင်း အော်နိုးလိုက်၏။

" ဟာ ... မေမေကလဲ ... အကုန်မဖွင့်နဲ့လေ ... မျက်လုံး

ကျိန်းတယ် "

" အမလေးတော် ... နာရီကိုလည်း ကြည့်အုံး ... "

ခေါင်းအုံးဘေးမှာ ဖုန်းကို အိပ်မှုံစုံမွှားဖြင့် စမ်းရင်း လှမ်း

ယူကြည့်သည်။

" အယ် ... ဆယ်နာရီတောင်ထိုးပြီလား "

" ဟွန့် ... ငါမပြောချင်ဘူးနော် နုရည် ... ညဆိုမအိပ်ဘူး...

မနက်ဆိုမထဘူး ... အကျင့်ပျက်နေပြီ "

" မအိပ်ရလို့ပါ မေမေရာ "

ဒေါ်သန်းသန်းဝင်းမှာ ဆူချင်သေးသော်လည်း တစ်ဦး

တည်းသောသမီးလေးကို ဖူးဖူးမှုတ်မတတ် ချစ်လွန်း

သဖြင့် ပါးစပ်ပိတ်သွားခဲ့၏။

" မနက်စာ မြန်မြန်လာစား ... မျက်နှာသစ်ပြီး ဆင်းလာ

တော့ "

" ဟုတ် "

နုရည်ဝင်းလည်း မျက်နှာထသစ်ရင်း အိပ်မက်ကိုသတိရ

သွားတော့သည်။ ထို့နောက် အိမ်အောက်ထပ်သို့ အမြန်

ပြေးဆင်းလာခဲ့၏။

" ဟဲ့ ... ဟဲ့ ... သမီးရယ် ... ဖြည်းဖြည်းသာသာ ဆင်း

ပါ‌ ... ဝုန်းဒိုင်းကျဲနေတာပဲ ... "

" မေမေ ... သမီးညက ဘိုးဘိုးကိုအိပ်မက်မက်တယ် "

" ဟင် ... ဘာမက်တာလဲ "

နုရည်ဝင်းလည်း အိပ်မက်ကို အစအဆုံးပြောပြလိုက်

လေသည်။

" မဖြစ်နိုင်တာ ... သမီးဘိုးဘိုးဆုံးတုန်းက အကြားအမြင်

မေးတော့ ကောင်းရာဘုံမှာရောက်နေပြီတဲ့ ... ဆရာနှစ်

ယောက် သုံးယောက်မေးကြည့်တာ အဲ့အတိုင်းပဲပြောကြ

တယ်... သမီးလျှောက်မက်နေတာနေမှာပါ "

နုရည်ဝင်းမှာ မကျေနပ်နေချေ။ သို့သော် ယခုခေတ်ကာ

လအမြင်အရ သူမကိုယ်တိုင်လည်း ဇဝေဇဝါသာ။ မိခင်

ဖြစ်သူပြောသည်က ဖြစ်နိုင်သည်ဟု တွေးမိလိုက်လေ

သည်။

" အဲ့ဒီအိမ်မှာ ရေတွင်းမှမရှိတာနော်မေမေ "

" ရေတွင်းကရှိတယ် ... ပိတ်ပစ်တာ "

" အယ် ... တကယ်လား "

" ‌အင်း ... ဒီလိုသမီးရေ "

ဒေါ်သန်းသန်းဝင်းသည်လည်း အတိတ်ကို ပြန်လည်ပုံ

ဖော်ရင်း လွမ်းလွမ်းဆွေးဆွေးပြန်ပြောပြလိုက်လေတော့

၏။

                                  *********** 

အခန်း [ ၃ ]

" ကိုအောင်ဒင်တို့များ ‌ပျောက်ချက်သားကောင်းလိုက်

တာရှင် "

ကိုအောင်ဒင်နှင့် ဇနီးသည် မမြဖူး တို့မှာမခင်တုတ် ရှိ

ရာသို့လှမ်းလာနေသည်။ 

" ပျောက်ဆို ကိုအောင်ဒင်က ခရီးထွက်နေလို့ မခင်တုတ်

ရေ ... သူပြန်ရောက်မှ ဒီဘက်လှည့်လာနိုင်တာ "

" အေးပေါ့လေ ... သူဌေးတွေဘဝများ ကောင်းလိုက်

တာ ... သွားချင်ရာ ဂျစ်ကားလေးနဲ့ သွားလိုက်ရုံပဲ "

" မဟုတ်ရပါဘူးဗျာ ... "

ကိုအောင်ဒင်စကားကြောင့် အားလုံးပြုံးလိုက်ကြလေ

သည်။

" ကလေးတွေရော... မခေါ်လာဘူးလား "

" သမီးငယ်က ကျောင်းသွားပြီလေ မခင်တုတ်ရဲ့ ...

အလတ်မ‌လေးက မြေးလေးထိန်းနေလေရဲ့ "

" အော် ... သားကြီးကရော မန္တလေးမှာပဲလား "

" ဟုတ်ပါ့ရှင် "

ကိုအောင်ဒင်က မခင်တုတ်ကိုကျော်ကြည့်ကာ အိမ်ထဲ

သို့ ညွှန်ပြရင်း မေးလိုက်သည်။

" ကိုအုန်းမောင် တစ်ယောက်ရော ... ရှိနေလား "

" လမ်းထိပ်ခဏသွားတယ်ရှင့် ... မကြာဘူးလာလိမ့်မယ်

... လာ... အိမ်ထဲဝင်ကြအုံး "

အိမ်ထဲရောက်သည့်အခါ နေရာထိုင်ခင်းပေးပြီး ရေနွေး

ကြမ်းဗန်းနှင့် လက်ဖက်လာချပေးလေသည်။ ထိုစဉ်မှာ

ပင် ကိုအုန်းမောင်ပြန်ရောက်လာခဲ့၏။

" ကဲ... မြဖူးရေ ... မခင်တုတ်နဲ့ ခဏနေခဲ့အုံး ... ငါတို့

အပြင်ခဏသွားလိုက်ဦးမယ် "

" သူတို့နှစ်ယောက်က တတွဲတွဲပါပဲတော် ... သွား ...

သွား ... မကြာစေနဲ့ ... "

" အေးပါ "

မမြဖူးလည်း မခင်တုတ်နှင့် ထွေရာလေးပါးပြောရင်း

ဆိုရင်း ကိုအောင်ဒင်ကိုသာမျှော်နေမိတော့၏။ အချိန်တော်တော်ကြာသည့်အခါမှ နှစ်ယောက်သားပြန်ရောက်

လာကြသည်။

" ကြာလိုက်တာရှင် ..."

" ရောက်နေပြီပဲကွာ... ကဲ ကိုအုန်းမောင်ရေ ... နောက်မှထပ်လာခဲ့မယ်ဗျာ "

" ဟုတ်ပါပြီဗျာ ... အောင်မြင်သွားတာပဲ ဝမ်းသာနေပါ

ပြီ "

ကိုအုန်းမောင်စကားကြောင့် ကိုအောင်ဒင်မှာ မလုံသလို

ဖြစ်သွားလေ၏။ ထို့နောက်ခပ်မြန်မြန်နှုတ်ဆက်ပြီး ထို

အိမ်မှ ထွက်လာခဲ့လေတော့သည်။ 

" ဘာအောင်မြင်တာတုန်းတော့ "

ကားပေါ်တွင် မမြဖူးက ဆီးမေးလိုက်သည့်အခါ ကို

အောင်ဒင်မှာ မည်သို့ပြန်ဖြေရမည်ကို အတော်စဉ်းစား

နေပုံပေါ်ထွက်နေသည်။ သို့သော်ဟန်ကိုယ်ဖို့ရင်းပြန်

ဖြေ၏။

" အလုပ်တစ်ခုအဆင်ပြေသွားလို့ပါ မြဖူးရာ ... ဘာမှ

မဟုတ်ပါဘူး "

မမြဖူးဆက်မေးရန်ဟန်ပြင်နေစဉ် ၎င်းတို့မောင်းလာ

သောဂျစ်ကားလေးမှာ လမ်းပေါ်ဖြတ်ပြေးသော ခွေး

တစ်ကောင်ကို ဝင်တိုက်မိသွားချေပြီ။

" အမလေးတော် ... ဒုက္ခပါပဲ "

ခွေးညိုကြီးမှာ ဖုတ်လှိုက်ဖုတ်လှိုက်အသက်ရှုရင်း သေ

ဆုံးသွားခဲ့သည်။

" ဟင်း ... နိမိတ်မကောင်းလိုက်တာ ... ခွေးညိုလေး

လည်း သနားပါတယ် ... ဘယ်လိုဖြစ်ပြီး ဖြတ်ပြေးရ

သလဲမသိတော့ဘူး ... ‌"

ထိုညတွင် ကံကြမ္မာဆိုးက ဝင်လာခဲ့၏။ ကိုအောင်ဒင်

တစ်ယောက် ရေတွင်းထဲပြုတ်ကျသွားသည်ကို ‌မမြဖူး

မသိခဲ့ပေ။ 

မနက်လင်းမှ ခင်ပွန်းသည်ကို လိုက်လံရှာဖွေရင်း မတွေ့

သည့်အဆုံး ချက်ပြုတ်လျှော်ဖွပ်ဖို့ ရေတွင်းထဲ ရေငင်မှ

ကိုအောင်ဒင်၏အလောင်းကို တွေ့ခြင်းဖြစ်၏။

အဘယ်အကြောင်းကြောင့် ရေတွင်းထဲပြုတ်ကျရသည်

ကို မည်သူမှ တွေးမရကြပေ။ မမြဖူးလည်း ခင်ပွန်းသည်

ဆုံးပါးခဲ့ရသည့် ရေတွင်းအား မမြင်မတွေ့ချင်သည်ဖြစ်

၍ ထိုရေတွင်းကို ပိတ်ခိုင်းလိုက်တော့သည်။

သားသမီးများ၊ မြေးများနှင့်အတူနေရင်း ( ၁၀ ) နှစ်ခန့်

အကြာတွင် မမြဖူးလည်း ဆုံးပါးသွား‌ခဲ့လေ၏။ 

" မေမေရော သမီးဘကြီးနဲ့ အန်တီငယ်ရော အဲ့ဒီအိမ်မှာ

ဘိုးဘိုးကို တခါမှအရိပ်အယောင်တောင် မတွေ့ကြပါ

ဘူး သမီးရယ် "

ဒေါ်သန်းသန်းဝင်းမှာ လွမ်းလွမ်းဆွေးဆွေးဖြစ်သွားရ

သည်။ အတိတ်အကြောင်းကို ပြန်လည်ပြောပြရာ၌ 

ဘာကိုလွမ်း၍လွမ်းမှန်းမသိ၊ ရင်ထဲ၌ အားငယ်နေမိ

လေသည်။

" အဲ့ဒီအိမ်ကို သွားကြည့်ချင်တယ် ... သမီးကိုအိမ်သော့

ပေး "

" တစ်ယောက်ထဲမသွားနဲ့ ... အိမ်ကဟောင်းနေပြီ ...

ဝရံတာဘက်ဆို နင်းတာနဲ့ ပြုတ်ကျမှာ ... နောက်ပြီး

မေမေစဉ်းစားထားတာလေ ... အဲ့ဒီအိမ်ရောင်းလိုက်

တော့မလားလို့ "

" ဘာလို့လဲ မေမေရဲ့ "

" အော် ... ဘယ်သူ့မှလည်းနေတာမဟုတ် ... အိမ်ကို

သွားလည်းမကြည့်နိုင် ... အလကားဖြစ်နေတာ ရောင်း

ထုတ်ပြီး ပိုက်ဆံပဲထားရင်ကောင်းမယ် "

" အဲ့ဒါကနောက်မှ ဖေဖေနဲ့တိုင်ပင် ... ခဏကြရင် အဲ့

အိမ်သွားကြည့်ချင်တယ် ... မေမေလိုက်ခဲ့ "

" ဟွန့် ... နုရည်ဝင်းတို့များ သူအလိုရှိရင် မေမေလိုက်

ခဲ့နဲ့ကို‌ေနတာ "

" ဟုတ်ပါဘူး ... ဟီး "

နုရည်ဝင်းလည်း မနက်စာအမြန်စားကာ အဝတ်လဲရန်

အခန်းသို့ပြေးလေတော့သည်။

                                     *********** 

အခန်း [ ၄ ]

" အမလေး ... လာကြအုံး ... ကိုငွေတိုး ဘာဖြစ်တယ်

မသိဘူး ... "

ဦးငွေတိုးအခန်းသို့ ဝေယံထူး ပြေးတက်သွားလေသည်။

" ဖေဖေ ... ဖေဖေ "

ဦးငွေတိုးမှာ ကြမ်းပြင်ပေါ်တွင် လဲကျနေ၏။ ဝိုင်းဝန်း

ထူပေးကြသည့်အခါမှ အနည်းငယ်လှုပ်ရှားလာခဲ့သည်။

" မကြီး ... မကြီးရေ "

ဦးငွေတိုးအသံမှာ ပုံမှန်မဟုတ်ချေ။ တုန်ယင်မောဟိုက်

နေရင်း ငိုသံပါရောယှက်နေသည်။

" မကြီး ရှိတယ် ... ငါ့မောင်ဘာဖြစ်တုန်း ...ဆေးခန်း

သွားမလား "

ဦးငွေတိုးမှာ ခေါင်းယမ်းပြပြီး ဒေါ်စိန်သန်း၏လက်ကို

အတင်းဆုပ်ကိုင်ထားလေသည်။

" မကြီး ... နင်ဒီအိမ်ကနေ ပြေးတော့ ... ငါတော့ မလွတ်

နိုင်တော့ဘူး မကြီးရာ "

" နင်ဘာတွေပြောနေတာလဲ ငွေတိုးရဲ့ "

" ဟုတ်သား အဖေရာ ... ဒီမှာဘာမှ မရှိဘူး ... သားလည်း

ရှိနေတာပဲ "

" မကြီး ... ငါပြောတာ နားထောင် ... နင်နေစရာမရှိရင် ...

ဘုန်းကြီးကျောင်း တစ်ကျောင်းကျောင်းမှာ သီလရှင်

ဝတ်ရင်ဝတ် ... မဟုတ်ရင် ဘုရားဝေယျာဝစ္စသွားလုပ်

နေ ... ဒီအိမ်ကို ခြေဦးတောင်မလှည့်နဲ့ "

" ခက်ပါပြီကော ငွေတိုးရယ် ... ဝေယံ ... သားအဖေကို

တွဲပြီး သူ့အခန်းကိုပို့ပေးလိုက် "

ဦးငွေတိုးကို တွဲထူကြပြီး အခန်းထဲပို့လိုက်ကြသည်။

သို့သော်လည်း ဦးငွေတိုးမှာ လက်မလျော့ချေ။ ဒေါ်စိန်

သန်း ကိုသာ တတွင်တွင်ခေါ်နေလေသည်။

" ငါကဘာလို့ ဒီအိမ်ကပြေးရမှာတုန်း ... "

ဦးငွေတိုးမှာ လူကြီးတန်မဲ့ မရှက်နိုင်တော့၊ ရှိုက်ကြီးတငင်

ငိုကြွေးလာတော့သည်။

" ငါခုနက ဘာဖြစ်တယ်ထင်လဲ "

" ဘာဖြစ်တာတုန်း "

" ငါ ... ငါ ဝိဉာဉ်လွင့်သွားတာ မကြီးရာ ... အီး ... ဟီး "

" ဘယ်လို "

" ငါဝိဉာဉ်လွင့်သွားပြီး အကုန်မြင်နေရတယ် ... ငါတို့

... ငါတို့ အိမ်အောက်မှာ ကြောက်စရာကောင်းတဲ့အရုပ်

တစ်ရုပ်ရှိနေတယ် ... မြေကြီးထဲမှာ သွားနေတာဟ ...

အဲ့ဒီအရုပ် အိမ်တစ်ပတ်ပြည့်တာနဲ့ ငါသေမှာ ... ငါသေ

ရတော့မှာ ... ငါသေချာကိုတွေ့လိုက်တာ ... အရုပ်ပေါ်

မှာ ငါ့နာမည်ပေါ်နေတယ် ... "

" နင်ဘာတွေပြောနေတာလဲ ငွေတိုး ... ရူးသွားပြီလား "

ဦးငွေတိုးမှာ ယခုကဲ့သို့ တုန်လှုပ်ချောက်ချားခြင်းမျိုး

မဖြစ်ခဲ့ဖူး၊ မမြင်ဖူးကြသဖြင့် လက်လွတ်စပယ်တော့

မငြင်းရဲကြပေ။

" ငါတကယ်တွေ့တာပါဆို...မကြီးကလဲ ... အရုပ်က

လက်တစ်ထွာလောက်ပဲရှိတယ် ... အမည်းရောင်ကြီး

ဟ...အရုပ်ရဲ့ရင်ဘတ်ပေါ်မှာ ငါ့နာမည်ကြီး ... အရောင်

တောက်နေတာ ... ငါ့နာမည်အောက်မှာ နင့်နာမည် မှိန်

မှိန်လေးပါမြင်နေရတယ် ... ငါပုံဆွဲပြမယ်ဟာ ... စာရွက်

နဲ့ ဘောလ်ပင်ယူခဲ့ ... မြန်မြန် "

ဝေယံထူးလည်း သူ၏အခန်းထဲမှ စာအုပ်နှင့် ဘောလ်ပင်

ယူလာပေးပြီး ကမ်းပေးလိုက်လေသည်။ ဦးငွေတိုးမှာ

စာရွက်ပေါ် ဟိုခြစ်ဒီခြစ် ဆွဲနေ၏။

" ဒီလိုမျိုး "

အရုပ်၏ရင်ဘတ်ပေါ်၌ ( ၈ ) ဟူသော မြန်မာစာလုံး

အောက်တွင် ငွေတိုးဟူ၍ ဆွဲပြလေသည်။

" နင်ကတော့လေ ... ညက အိပ်မက်လျောက်မက်ပြီး

ခုမှ တကယ်ထင်နေတာနေမှာပေါ့ "

" ခက်နေပြီ ... နင်ငါပြောတာမယုံဘူးမလား ... ငါရ

အောင်‌ဖော်ထုတ်ပြမယ် ... ခြံထဲကမြေအကုန်လှန်မယ်

... အဲ့ဒီအရုပ်ကို ရအောင်ထုတ်ပြမယ် ... တကယ်လို့

အရုပ်မတွေ့ခင် ငါသေခဲ့ရင် နင်ဒီမှာဆက်မနေနဲ့တော့

မကြီး ... ဒီအိမ်နဲ့လွတ်ရာကိုပြေးတော့ "

ဒေါ်စိန်သန်းမှာ မျက်လုံးကလည်ကလည်ဖြင့် ဦးငွေတိုး

ကို ငေးကြည့်နေလေတော့၏။ ဝေယံထူးမှာမူ မျက်မှောင်

ကြုတ်ကာ ခေါင်းရမ်းပြနေသည်။ 

မည်သူမှမယုံကြည်မှန်းသိနေသည့် ဦးငွေတိုးလည်း ပြော

မနတေော့ဘဲ ခေါင်းအုံးကိုမှီကာ အားယူနေသည်။ အား

ပြည့်သည်နှင့် တခြံလုံးရှိ မြေကြီးများကို တူးပစ်ရန်ကြံ

စည်ထားတော့သည်။

" အဖေ ... ဘာတွေလျှောက်လုပ်နေတာလဲ "

ဦးငွေတိုးမှာ ပေါက်ပြားပေါက်လိုက် မြေကြီးပေါ်နားကပ်

ပြီး နားထောင်လိုက်ဖြင့် အလုပ်ရှုပ်နေလေသည်။

" ဖယ်စမ်းပါကွာ "

" အဖေ အဲ့လိုမလုပ်ပါနဲ့ဗျာ ... လာ ... ဆေးခန်းဖွင့်နေ

ပြီ ... သားလိုက်ပို့မယ် "

" ကိုငွေတိုး ... ရှင်ဘာတွေလုပ်နေတာတုန်း ... "

မိခင်ဖြစ်သူ ဒေါ်စန်းစန်း ပြန်လာ၍ ဝေယံထူးလည်း

အားတက်လာတော့သည်။

" အမေ ... ပြောဦး ... အဖေဘာတွေလျှောက်လုပ်နေ

မှန်းမသိဘူး ... ဆေးခန်းဖွင့်နေပြီ သွားမယ်ဆိုလည်း

မသွားဘူး "

" ငါ့ကို လာမရှုပ်နဲ့ မိစန်း ... "

" တော် ... ဘာပြောလိုက်တယ် ... ကျွန်မမှာ စားဖို့

သောက်ဖို့ အပြင်မှာရှာရဖွေရနဲ့ မောပြီးပြန်လာတာ ရင်

ဝကို ဆို့အောင်လုပ်နေတာလား "

ဦးငွေတိုးမှာ ဘာမှပြန်မပြောပေ။

" ပြောစမ်းပါအုံး ကိုငွေတိုးရဲ့ "

" မင်းမရှာချင်ရင် မရှာနဲ့ မိစန်း ... ငါ့သားငါ့ကိုရှာ

ကျွေးလိမ့်မယ် "

" ပြောတတ်ပါ့တော် ... ရှင့်သားရတဲ့ လစာမှ တစ်လ

၃သိန်း... သူ့သင်တန်းကြေးတောင်သူမလောက်ဘူး ...

ကျွန်မ မရှာရင် ရှင်ငတ်သေနေပြီ "

ဦးငွေတိုးမှာတော့ ဒေါ်စန်းစန်း ဘာပြောပြော ဂရုစိုက်

မနေတော့ချေ။ ခြံအနောက်ဘက်သို့ ပြေးသွားလေသည်။

" အသံက ဒီကလာတာ နေမယ် "

မြေကြီးပေါ်သို့ နားစိုက်ထောင်ပြန်၏။

" နင့်အဖေ ရူးနေပြီ ဝေယံ ... သွက်သွက်ခါအောင်ရူး

သွားပြီ "

ဒေါ်စန်းစန်းက ပါးစပ်ကရေရွတ်ရင်း မျက်ရည်ဝဲတက်

လာနေတော့သည်။

" ဘယ်လိုစဖြစ်သွားတာလဲ "

ဝေယံထူးနှင့် ဒေါ်စိန်သန်း တို့လည်း ဖြစ်ကြောင်းကုန်စင်

ပြောပြလိုက်ကြလေသည်။ 

" ခဏနေ ဆရာဝန်ဆီရောက်ရင် သူခုလိုလုပ်နေတာပါ

ထည့်ပြောပြရမယ် ... ပိုက်ဆံကမရှိ ... အပူကတစ်ခု

ပြီးတစ်ခုပါလား မကြီးရယ် "

ဒေါ်စိန်သန်းမှာ ခပ်ဆိတ်ဆိတ်နေနေရင်းမှ ဒေါ်စန်းစန်း

ကို လက်ကုတ်ကာ အထဲခေါ်သွားတော့သည်။

" ငါ့ယောင်းမရေ ... ငွေတိုးကမဟုတ်တာမပြောလောက်

ဘူး ... သူ့အရင်က ရွှေတိုးရော သန်းခင်ရော အသံကြား

တယ်လို့ ပြောကြတာ ... တကယ်ကြားကြတာနေမယ် "

" မကြီးရယ် ... ကိုငွေတိုး စိတ်ဖောက်သလိုဖြစ်နေတာကို

မကြီးကပါ မလုပ်ပါနဲ့ ... ဒီခေတ်ကြီးမှာ ဒါတွေမရှိတော့

ဘူး ... အယူမသီးစမ်းပါနဲ့ မကြီးရာ "

" အယူသီးတာမဟုတ်ဘူး ... "

ထိုစဉ် မြေငလျင်လှုပ်သွားသကဲ့သို့ မြေကြီးတုန်လှုပ်

သွားသဖြင့် ဒေါ်စိန်သန်း စကားရပ်သွားခဲ့သည်။

" ငလျင်လှုပ်နေတာလား "

ဒေါ်စိန်သန်းစကားကို ဒေါ်စန်းစန်းမှာ တအံ့တဩငေး

ကြည့်နေတော့သည်။

' ဒီမောင်နှမတွေ ဘာဖြစ်နေကြပါလိမ့် ' ဟု‌လည်း တွေး

နေမိ၏။

" ဘာငလျင်မှ မလှုပ်ဘူး ... "

ဒေါ်စန်းစန်းလည်း စိတ်ရှုပ်လာသဖြင့် ချက်ပြုတ်ရန်

အတွက် မီးဖိုချောင်သို့ ဝင်သွားလေသည်။

ဒေါ်စိန်သန်းမှာ မယုံနိုင်ခြင်းများဖြင့် ဦးငွေတိုးရှိရာသို့

ပြေးသွားကာမေးလိုက်သည်။

" ငလျင်လှုပ်တာလား ငွေတိုး "

ဒေါ်စိန်သန်း အမေး‌ကိုကြားသည်နှင့် မြေကိုပေါက်ပြား

နှင့် ပေါက်နေသော ဦးငွေတိုးမှာ မျက်နှာအကြီးအကျယ်ပျက်ယွင်းသွားသည်။

" နင် ပြေးတော့လို့ မကြီး ... ဒီအိမ်မှာဘယ်သူမှ မနေကြ

နဲ့ ... အားလုံးပြေးကြတော့ ... ဒီအိမ်က ကျိန်စာမိနေတာ

... ဒီမှာဆက်နေရင် စီးပွားပျက်မယ် ... လူသေမယ် ...

ခုသေတာ ( ၇ ) ယောက်ရှိပြီဆိုတာ နင်သတိထားမိရဲ့

လား မကြီး ... ငါတို့အကုန်သေရတော့မှာ "

အသံနက်ကြီးဖြင့်အော်လာသော ဦးငွေတိုးစကား

ကြောင့် ဒေါ်စိန်သန်းတစ်ယောက် တုန်လှုပ်သွားမိလေတော့သည်။

ဆက်လက်ဖော်ပြပါမည်။

သော်တာလမင်းစန္ဒာ

#lotaya_shortstory




Some text some message..