"" ရတနာအတိုက်ကြီး "" အပိုင်း ( ၇ )
lotaya.mpt.com.mm
|
2021-12-26

အခန်း [ ၂၅ ]

ထိုနေ့မနက်ခင်း၌ မိုးသားညိုများ အုံ့ဆိုင်းနေပြီး မိုးရိပ်

လေရိပ်များကလည်း လာမည့်ဟန် တပြင်ပြင်ဖြစ်နေ

သည်။ 

ရာသီဥတု မသာယာသည့်နေ့မှ သစ်နက်ရုပ်ကလေးကို

အမိဖမ်းရန် အကြောင်းဖန်လာသဖြင့် ဆရာနိုင်မိုးလည်း

ဦးငွေတိုးတို့ အိမ်သို့ မနက်စောစော ရောက်လာခဲ့ရသည်။

" စလိုက်ကြတာပေါ့ "

ဂျုံမုန့်ကိုနယ်ဖပ်ပြီး လူပုံသဏ္ဍာန်ပုံဖော်လိုက်၏။ ထို့

နောက် ဦးငွေတိုး၏ ခြေသည်း၊ လက်သည်း၊ ဆံပင်တချို့

ကို ဂျုံရုပ်ပေါ်တွင် သူ့နေရာနှင့်သူ နေရာချလိုက်သည်။

" ခင်ဗျား အဝတ်ဟောင်းတစ်စုံပေးအုံး... ကိုငွေတိုး "

ဆရာနိုင်မိုးစကားကြားသည်နှင့် ဦးငွေတိုးလည်း သူဝတ်

နေကြ အိမ်နေအဝတ်အစားတစ်စုံကို ထုတ်ယူလာပေး

သည်။ 

အဝတ်များကို သေချာခေါက်လိုက်ပြီး ဂျုံရုပ်ပေါ်ရစ်ပတ်

ပြီးနောက် တစ်ပေခန့်သာရှည်သော အခေါင်းသေတ္တာငယ်

လေးထဲ ထည့်သွင်းလိုက်တော့၏။

ထိုအခေါင်းသေတ္တာပေါ်တွင် ဦးငွေတိုးအမည်ကို ရေး

ထိုးထားပြီး အသုဘအခမ်းအနား ပြုလုပ်သကဲ့သို့ ကြေး

စည်တီးကာ အသုဘချကြတော့သည်။

ထိုအိမ်၌ နေထိုင်သူအားလုံး ထိုအသုဘကို လိုက်ပို့ရ

သည်။ ၎င်းတို့မှာ စံပါယ်ရုံကြီးအနီးရှိ မြေလွတ်တနေရာ

တွင် တစ်ပေကျော်ကျော်ခန့် သစ်သားစင်လေးတစ်ခု

ချလိုက်၏။ အခေါင်းသေတ္တာကို ထိုစင်ပေါ်တွင်တင်

လိုက်ကြသည်။ 

ထိုအချိန် မိုးများသည်းလာသဖြင့် ခပ်မြန်မြန်ပြုလုပ်

ရသည်။ ဆရာနိုင်မိုး၊ ဝေယံထူးနှင့် ဦးပေသီးတို့သုံးယောက်သာ ကျန်ရစ်ကြတော့၏။ ကျန်သည့်လူများက မိုးရွာသဖြင့် အိမ်ပေါ်ပြန်တက်နှင့်ကြလေပြီ။ 

" ဒါဆို ကျွန်တော်တို့ အချိန်စောင့်ရုံပဲပေါ့ ဆရာကြီး "

" ဟုတ်တယ် ... ခင်ဗျား မြေလှုပ်သံကြားတာနဲ့ ကျွန်

တော့်ကိုပြော "

" မနေ့ညကမြေတိုးထားတော့ ဒီညဆက်တိုးပါ့မလား

မသိဘူး ... "

" ခင်ဗျားကြားတဲ့အခါပေါ့ဗျာ "

" ဟုတ်ကဲ့ ဆရာကြီး "

ထို့နောက် အိမ်ပေါ်သို့တက်ကာ မိုးခိုရင်း စကားစမြည်

ပြောကြလေသည်။ 

" ခင်ဗျားတို့ကို တိုက်ထားတဲ့အတိုက်က ( ၁၅ ) နှစ်မက

တော့ဘူး ... တော်တော်ကြာနေပြီ "

" ဘယ်သူလုပ်ထားသလဲ ဆိုတာ စစ်လို့ရလားဆရာ "

ဒေါ်စိန်သန်းက ဝင်မေးလေသည်။ 

" ကျွန်တော်တစ်ခုစစ်ကြည့်သေးတယ် ... ဘယ်ဆရာ

လုပ်ပေးထားသလဲပေါ့ ... လုပ်ပေးတဲ့ဆရာက တကယ့်

အကုသိုလ်ကြီးတဲ့ ဆရာပဲ ... ဒါပေမယ့် ဒီလောကမှာ

မရှိတော့ဘူးထင်တယ် ... စစ်လို့မရဘူးဖြစ်နေတာ "

" ဒါဆို လုပ်ခိုင်းတဲ့သူကရော "

" ကျွန်တော်အခု စစ်ကြည့်မယ် ... ခင်ဗျားတို့ရဲ့ ဆုံးပါး

သွားတဲ့ မိသားစုဝင်ထဲက မကျွတ်မလွတ်သေးတာမျိုး

ကျန်နေသေးရင်တော့ သိနိုင်မယ်ထင်တယ် "

" ဟာဆရာ ... ဟိုတစ်ခါ ကျွန်တော် ဝိဉာဉ်လွင့်သွားတုန်း

က ကျွန်တော့်အမေကို တွေ့တယ် "

" ငွေတိုး ... "

ဒေါ်စိန်သန်းက လှမ်းဟန့်လိုက်သည်။

" မကြီးကလဲ ... တကယ်တွေ့တာပါဆို "

ဦးငွေတိုးစကားကို ဆရာနိုင်မိုးက လေးလေးနက်နက်

စဉ်းစားနေလေသည်။ 

" ဟုတ်ပြီ ... စစ်ကြည့်ကြတာပေါ့ "

ဆရာနိုင်မိုးက ဘုရားရှိခိုးပြီး စည်းချလိုက်သည်။ ထို့

နောက် အိမ်ကြီးထဲ၌ မကျွတ်မလွတ်ဘဲ ရှိနေကြပါက

လာရောက်ကြရန် ဖိတ်ခေါ်လိုက်၏။

ဆရာနိုင်မိုးလည်း မှိတ်ထားသည့်မျက်လုံးအစုံကို ဖွင့်

လိုက်သည့်အခါ အိမ်သားများ၏နောက်တွင် ရပ်နေကြ

သော ဝိဉာဉ် ( ၇ )ခုကို မြင်တွေ့သွားလေတော့သည်။

ဆရာနိုင်မိုးမှာ ပါးစပ်အဟောင်းသားဖြင့် ထိုဝိဉာဉ်များ

ကို ကြည့်နေ‌မိသည်။ ထိုဝိဉာဉ်များမှာ ဖျပ်ခနဲဆိုသလို

အလျှိုလျှို ပြန်ပျောက်သွားကြလေ၏။

" အင်း ... သူတို့လောကထဲဝင်မှပဲ သိရတော့မှာ "

" ဘယ်လိုမျိုးလဲ ဆရာကြီး "

" ကျွန်တော်သူတို့ကိုတွေ့တယ် ... ခင်ဗျားပြောသလိုပဲ...

ခင်ဗျားအမေလည်းရှိတယ် ... ဒါပေမယ့် ကျွန်တော်နဲ့

သူတို့ စကားပြောလို့မရနေဘူး "

" ဒါဆို ကျွန်မအမေက ဒီအိမ်မှာ ရှိနေတာပေါ့.. ဟုတ်လား

ဆရာကြီး "

ဒေါ်စိန်သန်း၏အမေးကို ဆရာနိုင်မိုးက ခေါင်းညိမ့်ပြ

လိုက်လေသည်။ ထိုအချိန် မိုးကလည်း တိတ်သွားပြီ

ဖြစ်၍ ဆရာနိုင်မိုးလည်း ပြန်ရန် ပြင်လိုက်စဉ် အိမ်ရှေ့

၌ ဧည့်သည် ရောက်လာသံ ကြားလိုက်ရ၏။

" လာ ... သမီး ... ထိုင်ကြ‌အုံးနော် "

" ဟုတ်ကဲ့ "

" ဒါက သမီးမေမေလား "

" မဟုတ်ဘူးအန်တီ ... သမီးရဲ့ အန်တီလေးပါ "

" အော် ... ဒါကြောင့်ငယ်ငယ်လေးရှိသေးတာလို့ တွေး

နေတာ "

နုရည်ဝင်းအသံကြားသည့်အခါ ဝေယံထူးမှာ ဝမ်းသာ

သွားပြီး ဆင်းလာလေတော့သည်။ ဆရာနိုင်မိုးလည်း

အောက်ထပ်သို့ ဆင်းလာရင်း နုရည်ဝင်းတို့ တူဝရီးကို

တစ်ချက် အကဲခတ်နေလေသည်။

" ကျွန်တော်ပြန်အုံးမယ်ကိုငွေတိုး ... အခြေအနေထူး

တာနဲ့ ခေါ်လိုက်ဗျ ... နော့် "

" ဟုတ်ကဲ့ပါ ဆရာကြီး "

ဦးငွေတိုးမှာ ဆရာနိုင်မိုးကို ခြံရှေ့အထိ လိုက်ပို့ပေး

လိုက်သည်။ 

" အလုပ်ရှုပ်နေကြတယ်ထင်တယ် ... အားနာလိုက်တာ"

ဒေါ်အေးအေးဝင်းက အားနာသည့်ဟန်ဖြင့် ပြောလိုက်

သည့်အခါ ဒေါ်စန်းစန်းက နေရာထိုင်ခင်းပေးရင်း ပြန်

ဖြေလေ၏။

" မရှုပ်ပါဘူးညီမရယ် ... ရတယ် ... ရတယ် "

" ဝေယံ ... ကော်ဖီနဲ့မုန့်လေး လာချပါအုံး "

ဒေါ်စိန်သန်းက ဝေယံထူးကို ခိုင်းရင်း ထိုင်ခုံအလွတ်တွင်

လာဝင်ထိုင်လိုက်သည်။

" ဘယ်သူ့ဆီလာတဲ့ ဧည့်သည်လဲမသိဘူး "

ဒေါ်စိန်သန်းအမေးကို ဒေါ်စန်းစန်းက ဝင်ဖြေပေးလိုက်

သည်။

" ဟိုတစ်ရက်က လာသွားတဲ့ သမီးလေးလေ မကြီးရဲ့ ...

အဖေနဲ့ သူ့အဘိုးနဲ့က မိတ်ဆွေတွေဆိုတာ... မကြီးကို 

ညီမပြောပြသေးတာရော "

" အော် ... သိပြီ... သိပြီ... "

" ဟုတ်ပါတယ်ရှင့် ... ဒီအိမ်ကအဘိုးဦးဘခက်နဲ့ သမီးရဲ့

ဘိုးဘိုးနဲ့က မိတ်ရင်းဆွေရင်းတွေလို့ သိထားတာပါ "

" သမီးဘိုးဘိုးနာမည်က ဦးအောင်ဒင် မဟုတ်လား "

" ဟုတ်ကဲ့ "

" ဦးလေးအောင်ဒင်ကို... ကြီးကြီး သိတာပေါ့ ... အိမ်ကို

ဝင်ထွက်နေကြပဲ ... ကြီးကြီးနဲ့လည်း တော်တော်ခင်ပါ

တယ် "

ဒေါ်စိန်သန်းမှာ အဘိုးဖြစ်သူနှင့် ရင်းနှီးသည်ဆိုသဖြင့်

နုရည်ဝင်းလည်း မျက်လုံးတောက်ပလာလေတော့သည်။

" ဒီလိုပါအစ်မရယ် ... ကျွန်မတူမလေးက စကားကို ဝေ့

ဝိုက်ပြောနေတာနဲ့ လိုရင်းမရောက်တော့ဘူး ... ကျွန်မတို့

လာရတဲ့အကြောင်းရင်းက အစ်မတို့ယုံပါ့မလားတော့

မပြောတတ်ဘူးပေါ့‌လေ... ဒီအိမ်ကြီးကို အတိုက်လုပ်ထားတယ်လို့ ... သိရလို့ လာခဲ့တာပါ "

" ဟင် ... "

ဒေါ်အေးအေးဝင်းစကားကြောင့် အားလုံး အံ့ဩကာ

ပြိုင်တူလှည့်ကြည့်လိုက်ကြသည်။ ထို့အတူ ဆရာနိုင်မိုး

ကို လိုက်ပို့ပြီး ပြန်လာသော ဦးငွေတိုးကလည်း တအံ့

တဩနှင့် မတ်တပ်အရပ်လိုက်ကြီး ရပ်ကြည့်နေ၏။

" ဘယ်လိုအတိုက်လဲ ... ဘယ်သူကပြောလိုက်တာလဲ

 ညီမ "

ဒေါ်စိန်သန်း၏အမေးကို ဒေါ်အေးအေးဝင်းမှာ မဝံ့မရဲ

ပြန်ဖြေလိုက်သည်။

" ကျွန်မအဖေက မှတ်တမ်းစာအုပ်ထဲရေးခဲ့တာကို ကျွန်မ

နဲ့ တူမလေးနဲ့ ဖတ်ရတာပါ "

" ဗျာ "

ထိုအခါတွင်တော့ ဒေါ်အေးအေးဝင်းတို့အနားကို တစ်

အိမ်သားလုံး ဝိုင်းလာကြလေတော့သည်။ 

                                 ***********

အခန်း [ ၂၆ ]

ဧည့်ခန်းထဲတွင် ဦးငွေတိုးတို့ အိမ်သားများနှင့် ဒေါ်အေး

အေးဝင်းတို့ တူဝရီးတို့မှာ ပွက်လောညံစွာ ဆူညံနေကြ

သည်။

" ညီမ အဖေရဲ့ စိန်ထုပ်ကိုခိုးတယ်ဆိုတာ ... အခြေအမြစ်

မရှိတဲ့စကားပဲ ... အစ်မအဖေဟာ လူရိုးလူဖြောင့်ကြီးကွဲ့... စာအုပ်ထဲ မဟုတ်ကဟုတ်က လျှောက်ရေးထား

တာကို သက်သေမထူစမ်းပါနဲ့ "

" ကျွန်မက အဲ့ဒီကိစ္စကို အဓိကပြောချင်တာမဟုတ်ပါ

ဘူး ... ကျွန်မ ပြောပြချင်တာက ... "

" တော်ပါတော့ ... ဒီကိုရောက်လာကတည်းက မသင်္ကာ

နေဘူး ... တစ်ခုခုအကြောင်းရှိမယ်ဆိုတာ ... ထင်ပြီး

သား ... "

" အကြောင်းရှိပေမယ့် ... အစ်မကြီး ထင်သလိုမဟုတ်

ပါဘူးရှင် "

" ငါတို့က နင်တို့ပြောသမျှယုံပြီဆိုတာနဲ့ ... စိန်ထုပ်ကို

လုပ်ဇတ်ခင်းပြီး အလျော်ပြန်တောင်းအုံးမယ် မဟုတ်

လား ... ဒါတွေရိုးနေပါပြီ ... တခြားနည်းနဲ့သာလာလိမ်

ကြ ... "

" ကျွန်မတို့လည်း သိရတာလေးပြောပြတာပါ အစ်မကြီး...

တကယ်ဆို ကျွန်မဖေဖေရဲ့ စိန်တွေနဲ့ ဆောက်ထားတဲ့

အိမ် ... ကျွန်မတို့ဘက်က အနေသာကြီးပါရှင် "

" နင်တို့ပြန်ကြတော့ ... ငါတို့ဆီကို ဘယ်တော့မှ ထပ်

မလာကြနဲ့ "

" အစ်မကြီး ... ကျွန်မတို့လာရတာက ... အလျော်ပြန်

လာတောင်းတာလည်းမဟုတ်ဘူး ... သူခိုးလို့လာစွပ်စွဲ

တာလည်းမဟုတ်ဘူး ... ကျွန်မဖေဖေ လုပ်ခဲ့တဲ့ အကု

သိုလ်ကြောင့် နှစ်ဖက်မိသားစုဝင်တွေ အခက်အခဲဖြစ်

နေကြရတယ် ... ဒါကိုရှင်းပေးဖို့ လာခဲ့တာပါ ... ကျွန်မ

ပြောတာကို မယုံရင်တောင်မှ ... မကောင်းတဲ့စိတ်နဲ့ လာ

တာ မဟုတ်ဘူးဆိုတာကိုတော့ ယုံပေးပါ "

" နင်တို့ကို ယုံလည်းမယုံဘူး ... ဘာအကူအညီမှလည်း

မလိုဘူး ... လာရာလမ်းအတိုင်းသာ ကြွ ... ဟုတ်လား "

စကားအချေအတင်များကြရသည်သာ အဖတ်တင်

သွားရသည်၊ အရုပ်ကိစ္စကို ဖြေရှင်းပေးနိုင်ဖို့ မလွယ်

သေးပေ။ 

ဒေါ်အေးအေးဝင်းနှင့် နုရည်ဝင်းတို့ကို ဦးငွေတိုးနှင့် ဝေ

ယံထူးတို့ သားအဖမှ လွဲ၍ ကျန်အိမ်သားများက ဆတ်

ဆတ်ထိမခံ ရန်ပြန်လုပ်ကြသည်။ ထို့ကြောင့် ဆက်မပြောချင်တော့သဖြင့် ထပြန်လာခဲ့လိုက်တော့သည်။

" ဘယ်နှယ့်တော် ... အဖေ့ကို သူခိုးလို့ စွပ်စွဲသွားသေး

တယ် ... ဘယ်လိုဟာတွေပါလိမ့် "

" မကြီး ... စိန်ထုပ်ခိုးတဲ့ကိစ္စကလွဲရင် ကျန်တာတွေက

ဟုတ်နေတာပဲမလား "

" နင်ကလဲ တစ်မျိုး ... သူတို့ တနေရာရာက ကြားလာလို့

ဇာတ်လမ်းထွင်နေတာနေမှာပေါ့ ... "

" ကြားရအောင် ... သစ်နက်ရုပ်အကြောင်းသိတဲ့သူ ဘယ်

သူရှိလို့တုန်း ... အိမ်ကလူတွေလည်း ဘယ်သူ့ကိုပြောပြကြလို့တုန်း "

ဦးငွေတိုးပြောသည်ကလည်း ဟုတ်သည်။ ထိုအကြောင်း

ကိုသိသောသူ၊ အပြင်လူဟူ၍ ဆရာနိုင်မိုး တစ်ယောက်

သာရှိလေသည်။

" ဆရာကြီးကတော့ မပြောလောက်ဘူး... ထင်တာပဲ "

" သူနဲ့ မသိလောက်ဘူး ... ခုနက ဆရာကြီးပြန်တဲ့အချိန်

သူတို့ရောက်လာကြတာပဲလေ ... တစ်ယောက်နဲ့ တစ်

ယောက်မှ မသိကြတာ "

" သိသိရက်နဲ့ လက်ဝါးချင်းများ ရိုက်ထားကြသလား "

" နင်ကတော့ အတွေးလွန်နေပြီ မကြီး ... "

" ဟဲ့ ... ပြောရလို့လား ... ဘာပဲဖြစ်ဖြစ် စောင့်ကြည့်ရ

မှာပဲ "

ဒေါ်စိန်သန်းတို့ အမျိုးသမီးအုပ်စုမှာ ဒေါ်အေးအေးဝင်း

နှင့် နုရည်ဝင်းတို့ကို မကျေမနပ်ဖြစ်ရင်း ဆဲဆိုနေကြလေတော့သည်။

ထိုအိမ်မှပြန်လာကြသော ဒေါ်အေးအေးဝင်းတို့မှာလည်း

စိတ်ဓာတ်အတော်ကျနေလေသည်။ 

" အဲ့ဒါကြောင့် အန်တီပြောသားပဲ ... အန်တီရေးထား

တဲ့ လူစာရင်းအတိုင်းပဲ သွားတွေ့မယ်လို့ "

" သမီးက သူတို့နဲ့ ‌အန်တီအေးကို တွေ့ပေးစေချင်မိလို့

ပါ ... တခြားသူတွေကိုစုံစမ်းနေတာကကြာအုံးမယ်လေ...

အဓိကက သူတို့အိမ်ကို လုပ်ထားတာပဲ မဟုတ်လား ...

နောက်ပြီး အန်တီက သမီးကိုမတိုင်ပင်ဘဲ အရင်သွား

ပြောလိုက်တာ ဆိုးသွားတာ ... "

" အဲ့ဒါကတော့ ဒီကိစ္စကြီး မြန်မြန်ပြီးစေချင်လို့ပေါ့ ..."

" ခုတော့ပြီးစေချင်မှ ပိုခက်သွားပြီလေ "

ဒေါ်အေးအေးဝင်းမှာလည်း နုရည်ဝင်းပြောသမျှဟုတ်

နေသဖြင့် ခပ်ဆိတ်ဆိတ်သာနေလိုက်တော့သည်။

" အန်တီအေးစာရင်းထဲက ဘယ်သူနဲ့အရင်တွေ့ကြည့်

မလဲ "

" မဝင်းရီဆီ အရင်သွားမလားလို့ "

" ဒီတစ်ခါကြရင် သတိထားပြောအုံး ... "

နုရည်ဝင်းလည်း ဒေါ်အေးအေးဝင်းညွှန်သည့် လမ်းများ

အတိုင်း ကွေ့ဝိုက်ကာ မောင်းလိုက်သည်။ 

" ဟိုးရှေ့က တစ်ထပ်တိုက် အဖြူလေး... အဲ့အိမ်ပဲ "

ထိုအိမ်ရှေ့ရပ်ပြီး ဒေါ်အေးအေးဝင်းက အော်ခေါ်နေ

သည်။ မကြာခင်မှာပင် ခပ်ဝဝ လူတစ်ယောက်ထွက်

လာလေ၏။

" အော် ... ဘယ်သူများလဲလို့ ... သူဌေးတွေရောက်လာပါ

လား "

" သူဌေးတွေက သူဌေးတွေဆီ အလည်လာတာပါရှင် "

" ဟား ... ဟား ... ဟား ... လာ ... အိမ်ထဲဝင် "

ထိုလူကြီးက ရယ်ရင်းမောရင်း ခြံတံခါးလာဖွင့်ပေး

သည်။ နုရည်ဝင်းတို့လည်း ပြုံးပြနှုတ်ဆက်ရင်း အိမ်

ထဲဝင်လိုက်ကြတော့၏။

" ဟယ် ... အေးအေးဝင်း ... ဘယ်လိုကနေ ဘယ်လို

မျက်စိလည် လမ်းမှားလာတာလဲ ... အမလေး ... မလာ

စဖူး ... အလာထူးလို့ပါလား "

" ဟုတ်ပါ့ အစ်မရေ ... ကိစ္စလေးတစ်ခုမေးစရာရှိလို့

လာခဲ့လိုက်တာ "

" အော် ... မေးလေ ... ဘာမေးမလို့လဲ ... 

နေဉီး ... မမေးခင် အရင်ထိုင်ကြပါအုံး ... ရေနွေးလေး

နဲ့ လက်ဖက်လေးသွားယူလိုက်အုံးမယ် "

" ဘာမှမလုပ်ပါနဲ့ ... ရပြီ အစ်မရဲ့ ... မလိုဘူး ... 

ခဏပဲသိချင်တာလေးမေးမှာ ... ဝင်စရာလေးလည်း

ရှိနေလို့ "

" အဲ့လိုလား ... "

မဝင်းရီကလည်း ထိုင်ခုံ၌ ဝင်ထိုင်ကာ နားစွင့်နေလေ

တော့သည်။

" ဟိုးအရင်ကပေါ့... ညီမအဖေက ဆရာတစ်ယောက်

ဆီ သွားဖူးတယ်တဲ့ ... ဆရာနာမည်က ဦးရွှေဇံလို့ ခေါ်

တယ် ... အဲ့ဒီဆရာကို အစ်မများ သိမလားလို့ လာ

မေးတာ"

" ဆရာရွှေဇံ ဆိုတာက ပရောဂကုတဲ့ ဆရာထင်တယ် ...

ဟုတ်လားမသိဘူး "

" ဟုတ်မှာပါ ... အထက်လမ်းလား ... အောက်လမ်းလား

အဲ့လိုမျိုးကုတာရှိတယ်လေ ... သူကဘာကုလဲတော့

မသိဘူး "

" ဟုတ်မယ် ... ဒေါ်ကြီးညိုတို့ တခါက အိမ်ပင့်ဖူးသလို

ပဲ ... သူတို့ပြောတဲ့နာမည်နဲ့တော့ တူနေတယ် ... အဲ့ဒီ

ဆရာနာမည်လည်း ဆရာရွှေဇံပဲ "

" တူတူပဲနေမှာပါ ... အဲ့ဒီဆရာရဲ့ သားသမီးဖြစ်ဖြစ်...

အမျိုးဖြစ်ဖြစ် ... သူ့ပညာအမွေ ဆက်ခံထားတာမျိုး

ရှိကြလား ... အဲ့ဒါလေးသိချင်လို့ "

ဒေါ်အေးအေးဝင်း အမေးကို အတော်စဉ်းစားပြီး ပြန်

ဖြေလာသည်။

" ဒီလိုအေးအေးဝင်းရ ... အစ်မက အဲ့ဆရာနာမည်ကို

ဒေါ်ကြီးညိုတို့ဆီက ကြားဖူးတာ ... သေချာမသိဘူး...

ညီမလေးသိချင်ရင် သူတို့ကိုမေးကြည့်ပေးရမလား "

" အဲ့လိုဆိုလည်း မေးပေးထားလေ အစ်မ ... ညီမကလည်း

ဒေါ်ကြီးညိုကိုမသိတော့ အစ်မမေးတာပဲ ပို‌ကောင်းမယ်"

အဆင့်ဆင့်မေးရဦးမည်ဖြစ်၍ နုရည်ဝင်းမှာ အားပျော့

နေလေသည်။ 

" ဒါဆို မနက်ဖြန် ပြန်လာခဲ့လေ ... အစ်မမေးထားပေး

မယ် "

" ဟုတ်အစ်မ "

" ပရောဂတွေဘာတွေ စစ်ကြည့်မလို့ဆိုရင် ခုနာမည်

ကြီးနေတဲ့ ဆရာတစ်ယောက်တော့ရှိတယ် ... သူနဲ့စစ်

ကြည့်ပါလား ... ညီမမေးတဲ့ဆရာက ဝေးနေမလားလို့ "

" ဟုတ် ... ညီမက ဆရာရွှေဇံရဲ့ ပညာအမွေရထားတဲ့

သူကို တွေ့ချင်တာ ... တခြားဆရာတော့ မစစ်တော့

ပါဘူး အစ်မရယ် "

ဒေါ်အေးအေးဝင်းကငြင်းဆန်လိုက်သော်လည်း နုရည်

ဝင်းမှာ နာမည်ကြီးနေသောဆရာဆိုသူကို တွေ့ကြည့်

ချင်နေမိသည်။

" အန်တီလေး ... အဲ့ဒီဆရာလည်း တွေ့ကြည့်ရအောင်

လေ ... တစ်ခုမဟုတ် တစ်ခုအဆင်ပြေတာပေါ့ "

" အင်းလေ ... ဟုတ်သားပဲ ... ခုနာမည်ကြီးနေတဲ့ဆရာ

ကလည်း သူ့မျိုးရိုးက ဆရာမျိုးရိုးပဲလေ ... သူ့အဖေက

အရင်ခေတ်ကနာမည်ကြီးပဲ ... ဆရာကြိုင်တဲ့ "

" ရှင် "

ဒေါ်အေးအေးဝင်းရော၊ နုရည်ဝင်းပါ ပြိုင်တူအသံကျယ်

သွားကြလေသည်။ ဒေါ်ဝင်းရီမှာမူ နားမလည်သလို ကြည့်

နေ၏။

" ဘာဖြစ်လို့လဲ "

" ဘာမှမဟုတ်ပါဘူး ... အသိတစ်ယောက်နာမည်နဲ့

တူနေလို့ အစ်မရဲ့ ... အဲ့ဒီဆရာကြိုင်က ခုရှိသေးလား "

" ဆရာကြိုင်ကတော့ မရှိတော့ဘူး ... သူ့သားကတော့

ဆရာလုပ်နေတယ်လေ ... ရွှေဝါးရုံဆရာ ဆိုပြီး နာမည်

ကြီးနေလို့ စစ်ကြည့်ပါလားလို့ အကြံပေးတာ "

" ဟုတ် ... ဟုတ် ... စစ်ကြည့်မယ်အစ်မ ... အဲ့ဆရာလိပ်

စာလေး "

" ရေထွက်သိတယ်မလား "

" ဟုတ်အစ်မ "

" အဲ့ကိုရောက်ရင် ရွှေဝါးရုံဆရာလို့မေးလိုက် ... 

လမ်းညွှန်ပေးကြလိမ့်မယ် "

" ကျေးဇူးနော်အစ်မ ... သွားလိုက်မယ် ... နောက်ပြီး

အန်တီညိုလား အဲ့ကိုလည်းမေးထားပေးအုံး "

" အင်း .. အင်း ... မေး‌ပေးထားမယ်ညီမလေး "

ထို့နောက် ဒေါ်ဝင်းရီအိမ်မှ ပြန်လာကာ ရေထွက်ဆီသို့

ဦးတည်လိုက်ကြလေတော့သည်။ 

                                    ***********

အခန်း [ ၂၇ ]

မိုးတိတ်သွားသော်လည်း လေက တစ်ချက်ချက်တွင်

' ဝေါခနဲ '၊ ' ဝေါခနဲ ' တိုက်ခတ်နေဆဲပင်။ မြေတိုးသံကိုနားစွင့်နေသူ ဦးငွေတိုးမှာ လေတိုက်သံကြောင့် ‌အာရုံခံ

မရသဖြင့် စိတ်ပျက်နေမိသည်။

ထို့ကြောင့် ပြူတင်းပေါက်ဘက်သို့ သွားလိုက် နားစွင့်

လိုက်၊ အသံမကြားမိလျှင် အခန်းထဲပြန်လာလိုက်နှင့်

ယောက်ယက်ခတ်နေတော့၏။

ကိုယ်စားလက်လှယ်အသုဘချစဉ်က စိတ်လက်ပေါ့ပါး

နေသလောက် ယခုအခါတွင် စိတ်ထဲလေးလံနေမိနေ

သည်။

" အိုး ... ဆရာနိုင်မိုးက စိတ်မပူဖို့မှာထားတာပဲ ... အဆင်

မပြေရင်လည်း မြေလှန်ရှာရုံပေါ့ "

မိမိကိုယ်ကို အားပေးရင်း ပြန်ဖြေသိမ့်လိုက်သည့်အခါ

စိတ်အေးရသလို ရှိလာသည်။ ရာသီဥတုကလည်း အေး

သဖြင့် လူကချမ်းစိမ့်စိမ့်နှင့် နေလို့မကောင်းနေချေ။

ထို့ကြောင့် စောင်ခြုံကွေးရင်း အနားယူနေလိုက်တော့

သည်။ ထိုစဉ်မှာပင် မြေတိုးနေသံကဲ့သို့ အသံသဲ့သဲ့ကို

ကြားရပြီး ကုတင်လည်း အနည်းငယ်လှုပ်ခတ်သွားသလို

ထင်လိုက်မိ၏။

စိတ်မချစွာနှင့် ထလာပြီး ပြူတင်းပေါက်မှ စံပါယ်ရုံ

ဘက်သို့ လှမ်းကြည့်လိုက်လေသည်။ စံပါယ်ရုံကြီးမှာ

နဂိုအတိုင်း စံပါယ်ပွင့်များ ဖွေးနေဆဲ။

သို့သော် ကိုယ်စားလက်လှယ်ပြုလုပ်ထားသော အခေါင်း

သေတ္တာမှာ မြေပေါ် မှောက်ရက်ကျနေလေသည်။ 

" ဘယ်လိုဖြစ်တာလဲ ... လေတိုက်လို့များလား "

ဦးငွေတိုးလည်း အိမ်အောက်ဆင်းကြည့်မည်ဟု တွေးရင်း

အမြန်လှည့်လိုက်သည့်အခါ သူ၏နောက်တွင် မျက်နှာ ဖြူဖပ်ဖြူရော်ကြီးနှင့်ရပ်ကြည့်နေသော မိခင်ဖြစ်သူကို ရုတ်တရက်တွေ့လိုက်ရတော့သည်။

လန့်သွားပြီး အော်လိုက်စဉ်မှာပင် မိခင်ဖြစ်သူ၏နောက်

ကျောဘက်ဆီမှ အရိပ်မည်းကြီးသည် တဖြည်းဖြည်း

ချင်း မြင့်တက်လာပြီး လူနက်ကြီးသဏ္ဍာန်တစ်ခုပေါ်

လာလေ၏။

ထိုလူနက်ကြီးမှာ မိခင်ဖြစ်သူကို တွန်းဖယ်ပစ်လိုက်သည်။

ပြီးနောက် သူ၏ရှည်လျားသောလက်တစ်ဖက်က ဦးငွေ

တိုး၏ ခေါင်းတည့်တည့်သို့ လှမ်းလာကာ အေးစက်နေ

သော လက်ဖြင့် လှမ်းကိုင်လာလေသည်။

" အား "

ဦးငွေတိုးမှာ အသံနက်ကြီးဖြင့်အော်ဟစ်လိုက်သော်

လည်း မည်သူမှမကြားနိုင်ပေ။ အဘယ်ကြောင့်ဆို

သော် သူ၏ခန္ဓာကိုယ်မှာ ကြမ်းပြင်ပေါ်သို့ အရုပ်ကြိုး

ပြတ် လန်ကျသွားပြီး အော်နေသည်က နာမ်သက်သက်သာဖြစ်နေသောကြောင့်တည်း။ 

အိမ်အပေါ်ထပ်မှ ဝုန်းခနဲ ပြုတ်ကျသံကြောင့် သင်တန်းသွားဖို့ပြင်နေသော ဝေယံထူးမှာ မသွားသေးဘဲ ပြေး

တက်ပြီး လာကြည့်လေသည်။

" ဖေဖေ ... ဖေဖေ "

ဝေယံထူးမည်မျှခေါ်ခေါ်  ဦးငွေတိုးပြန်မထူးနိုင်တော့ပေ။

" မေမေရေ ... ကြီးကြီးသန်း ... လာပါအုံး ... "

ဝေယံထူးလည်း အသံကုန်အော်ခေါ်ပစ်လိုက်တော့၏။

" ဟဲ့ ... ဘာဖြစ်တာတုန်း "

" ဖေဖေ့ကိုခေါ်လို့မရတော့ဘူး ... လုပ်ပါအုံး "

" ကိုငွေတိုး ... ကိုငွေတိုး "

ဦးငွေတိုးတစ်ယောက် အားလုံးကို နှုတ်ဆက်သွားခဲ့

လေပြီ။

" ဘယ်လိုဖြစ်ရတာတုန်းဟာ ... အကောင်းကြီးကနေ "

တစ်အိမ်လုံး ငိုရှိုက်သံများ ဖုံးလွှမ်းသွားခဲ့‌သည်။ အ

လောင်းကို ဘေးမှာထားပြီး ငိုနေ၍ မပြီးချေ။ အသုဘ

အတွက် စီစဉ်စရာရှိသည်များကို စီစဉ်ရပေအုံးမည်။

နာရေးကိစ္စပြင်ကြဆင်ကြနှင့် အလုပ်ရှုပ်နေကြသဖြင့်

ဆရာနိုင်မိုးနှင့် ကိုယ်စားလက်လှယ်အခေါင်းကို သတိ

မရကြသေးချေ။ 

အိမ်ရှေ့၌ မဏ္ဍပ်ထိုးသည့်အခါမှ သတိရသွားကြပြီး

ထိုအခေါင်း‌သေတ္တာကို ဖယ်ထုတ်လိုက်ကြသည်။

" အလကားဆရာ ... သူလုပ်မှ ပိုဆိုးကုန်ပြီ "

ဝေယံထူးမှာ ဖခင်ကို ဆုံးရှုံးရသဖြင့် ကြေကွဲရင်း ဒေါ

သလည်း ထွက်နေမိသည်။ 

" ကြီးကြီးသန်းတို့က အယုံလွယ်ကြတယ် ... ခုတော့

မလုပ်ကောင်းတာ လုပ်လို့ တကယ့်အသုဘ ဖြစ်သွား

ရတာ "

" အဲ့လိုလည်း မဟုတ်သေးပါဘူးဟယ် "

" ဘာလို့မဟုတ်ရမှာလဲဗျ ... တကယ်ဆို ... "

" ဝေယံ ... သား ... နောက်မှပြော ... ဧည့်သည်တွေရှိ

တယ်လေ "

" ဒီမှာမပြောရရင် ... ဟိုဆရာအိမ်ကို သွားပြောမယ် ...

အဲ့ဒီဆရာ ... ကျွန်တော်နဲ့ တွေ့ပြီ "

" သား ... နောက်မှပြောလို့ ... အိမ်မှာလည်း နာရေးနဲ့ ...

မေမေ့စကားနားထောင်ပါသားရယ် ... "

" သားပြောရမှဖြစ်မယ်မေမေ ... "

‌ဝေယံထူးမှာ ဒေါသအလွန်ထွက်နေပြီး အတော်ထိန်းထား

နေရသဖြင့် မျက်နှာတစ်ခုလုံး နီရဲနေလေသည်။ 

ဒေါ်စန်းစန်းမည်မျှတားတား မရတော့ပေ။ ဆရာနိုင်မိုး

ထံသို့ တစ်ယောက်တည်း ထွက်လာခဲ့လေတော့၏။

" ဝေယံနောက်ကို... တစ်ယောက်ယောက်လိုက်သွား

ပေးကြပါအုံး ... ရန်တွေဘာတွေဖြစ်နေမှ အခက် "

ရပ်ကွက်ထဲမှ လူငယ်တချို့ လိုက်သွားရန် ထလာကြပြီး

အိမ်ရှေ့ရောက်သည့်အခါ ဝေယံထူးကို အရိပ်အယောင်

မမြင်တော့သဖြင့် ပြန်လှည့်လာကြရလေသည်။

" အိုး ... မဖြစ်သေးပါဘူး ... ငါလိုက်သွားမယ် "

ဆရာနိုင်မိုးအိမ်သိသူဟူ၍ ဒေါ်စိန်သန်းတစ်ယောက်သာ

ရှိသည့်အတွက် မလိုက်ကြတော့ဘဲ နေလိုက်တော့သည်။

                             ***********

အခန်း [ ၂၈ ]

" ဒီအိမ်က ရွှေဝါးရုံဆရာ အိမ်လားမသိဘူးရှင့် "

အိမ်ရှေ့၌ ထိုင်ကာ ပန်းသီနေသော အမျိုးသမီးကြီး

တစ်ယောက်ကို ဒေါ်အေးအေးဝင်းလှမ်းမေးလိုက်သည်။

" ဟုတ်ပါတယ် ... အိမ်ထဲဝင်ပါရှင့် ... "

အိမ်လေးမှာ တစ်ထပ်တိုက်လေးဖြစ်ပြီး သပ်သပ်ရပ်ရပ်

နှင့် နေချင်စဖွယ် လှပနေသည်။

" ပရောဂစစ်မှာလားမသိဘူး "

ထိုအမျိုးသမီးအမေးကို မည်သို့ပြန်ဖြေရမည်မသိသ

ဖြင့် ခေါင်းညိမ့်ပြလိုက်တော့သည်။

" ဒါဆို ခဏထိုင်ကြအုံးနော် ... ဆရာ့ကိုခေါ်ပေးမယ် "

ဧည့်ခန်းထဲတွင် ထိုင်ရင်း အိမ်အခြေအနေကို အကဲခတ်

ကြည့်လိုက်၏။ အဖြူအမည်းဓါတ်ပုံများချိတ်ထားသ

ဖြင့် တူဝရီးနှစ်ယောက်သား ထိုဓါတ်ပုံများကို သွားရပ်

ကြည့်နေကြသည်။

ခေါင်းပေါင်းနှင့်တိုက်ပုံဝတ်ထားသော သက်ကြီးပိုင်းလူ

တစ်ယောက်၏ပုံအောက်တွင် ' ကျေးဇူးရှင်ဖခင်ကြီးဆရာ

ကြိုင် ' ဟု ရေးထိုးထားသည်ကို တွေ့လိုက်ကြတော့

သည်။

" အန်တီအေး ... ဒီဆရာနဲ့တွေ့တာလည်း မဆိုးပါဘူး ..."

" အင်း "

နှစ်ယောက်သားတီးတိုးတီးတိုး ပြောနေကြစဉ် ချောင်း

ဟန့်သံကြောင့် ပြိုင်တူလှည့်ကြည့်လိုက်ကြလေသည်။

ဆရာနိုင်မိုးရော ၊ ဒေါ်အေးအေးဝင်းတို့ပါ တဒင်္ဂ အံ့ဩ

သွားကြသည်။

" ဟို ... ရွှေဝါးရုံဆရာဆိုတာက "

" ကျွန်တော်ပါ ... ခုနက ဆုံသေးသလားလို့နော် "

" ဟုတ်.. ဦးဘခက်တို့အိမ်မှာ ဆုံခဲ့သေးတယ် ... ချိန်း

ထားရင်တောင် လွဲအုံးမယ်ရှင် "

ဦးငွေတိုးတို့အိမ်ကို ဆရာကြိုင်၏သားဖြစ်သူက ဝင်

ထွက်နေသည်ကို သိလိုက်သဖြင့် ထိုအိမ်ကြီးတွင် တစ်ခုခု

ဖြစ်နေပြီမှန်း ရိပ်မိလိုက်ကြတော့သည်။

" လာရင်း ကိစ္စက ပရောဂစစ်ဖို့လား "

" အင်း ... ဘယ်လိုပြောရမလဲ ... ဆရာအချိန်ရလားရှင့် "

" ရပါတယ် "

" အေးအေးဆေးဆေးပြောပြရမယ့် ကိစ္စမလို့ပါ "

" ထိုင်ကြလေ "

ဆရာနိုင်မိုးက ထိုင်ခုံကို ညွှန်ပြရင်း ဇနီးသည်ကို ရေနွေး

ကြမ်း လာချပေးရန် ခိုင်းစေလိုက်သည်။

" ပြောပါဗျ ... ဘာကူညီပေးရမလဲ "

" ဒီလိုပါဆရာ ... သစ်နက်ရုပ်ကြီးက အိမ်တစ်ပတ်ပတ်

ရင် လူသေတယ်ဆိုတာမျိုး ကြားဖူးလားမသိဘူး "

" ဗျာ ... ဒီကညီမကို ဦးငွေတိုးတို့ပြောပြတာလား "

" ဦးငွေတိုးတို့က အဲ့ဒါကြုံနေရတာလားဆရာ "

ဆရာနိုင်မိုးက နားမလည်သလို ပြန်ကြည့်လာသည်။

" ခင်ဗျားတို့က အဖွဲ့လိုက်လှုပ်ရှားကြတာကိုး "

ဒေါသတကြီးအော်ပြောသံနှင့်အတူ ဝေယံထူးကို တွေ့

လိုက်ရသဖြင့် အားလုံး လန့်သွားကြလေသည်။

" ခင်ဗျားတို့အဖွဲ့မှာ ဘာအကြံစည်တွေ ရှိနေကြတာ

လဲ ... ကျွန်တော်တို့ဆီက ဘာလိုချင်တာလဲ "

" မဟုတ်ပါဘူးသားရယ် ... အန်တီတို့ "

" ခင်ဗျားကိုမေးနေတာမဟုတ်ဘူး ... ကလိမ်ကကျစ်

ဆရာ ကိုမေးနေတာ "

" ငါ့တူမှားနေပြီ ... သူတို့နဲ့ ဆရာက ခုမှသိတာ "

" ယုံအောင်လိမ်ကြပါဗျာ ... ခင်ဗျားရဲ့ ယတြာအစုတ်

ကြောင့် ကျွန်တော့်အဖေ ခုပဲဆုံးသွားပြီဗျ "

" ဘာ "

" ဟင် "

" အဲ့ဒါ ခင်ဗျားကြောင့် ... မလုပ်ကောင်းတာတွေ လာ

လုပ်လို့ ခုလိုဖြစ်ရတာ ... ခင်ဗျားကို ကျွန်တော်သတ်မှာ "

ဒေါသအလွန်ကြီးနေသော ဝေယံထူးမှာ ဆရာနိုင်မိုး၏

မျက်နှာကို လက်သီးနှင့် နှစ်ချက်ဆွဲထိုးပစ်လိုက်သည်။

" လုပ် ... လုပ်ကြပါအုံး "

ဒေါ်အေးအေးဝင်းနှင့် နုရည်ဝင်းမှာလည်း ကြားထဲဝင်

ဆွဲရတော့၏။ ဆရာနိုင်မိုး၏ ဇနီးသည်ကလည်း ပြေး

ထွက်လာပြီး ဆွဲရလေသည်။

" စိတ်အေးအေးထားပါသားရယ် ... အန်တီအားလုံးတာ

ဝန်ယူပြီး ဖြေရှင်းပေးပါ့မယ် " 

" ဘယ်လိုတာဝန်ယူမှာလဲ ... ကျွန်တော့်အဖေက ပြန်ရှင်

လာမှာလား "

ဝေယံထူးက ဆရာနိုင်မိုးကို ခြေထောက်ဖြင့် လှမ်းကန်

ပြန်သည်။ သို့သော် ဒေါ်အေးအေးဝင်းနှင့် နုရည်ဝင်းက

ထိန်းထားသဖြင့် မထိချေ။ 

" ကျွန်မပြောတာ အရင်နားထောင်ပေးပါ ... ပြီးရင် အစ်

ကို ကြိုက်သလို ဆုံးဖြတ် ... ဟုတ်ပြီလား ... "

နုရည်ဝင်းက ဝေယံထူးကို သနားစဖွယ်မျက်နှာဖြင့် ပြော

လိုက်သည့်အခါ ဝေယံထူးလည်း ခေတ္တငြိမ်သွားလေ

သည်။

" ကောင်းပြီလေ ... ယုံအောင်တော့လိမ်ကြပေါ့ ... မဟုတ်

လို့ကတော့ အကုန်လုံးမလွယ်ဘူးသာမှတ် "

" ကောင်းပြီလေ ... ဒါဆိုရင် ကျွန်မတို့ပြောတာ ဟုတ်ခဲ့

ရင်ကော ... ရှင်ဘာပြန်လုပ်ပေးမှာလဲ "

" မင်းတို့သာ အရင်ပြောပါ ... ပြီးရင် ငါဘာလုပ်သင့်

တယ်ဆိုတာ ငါ့ကိုယ်ငါပဲ ဆုံးဖြတ်မယ် ... ဘာပြန်လုပ်

ပေးမလဲ ဆိုပြီး အကြပ်မကိုင်နဲ့ "

ဝေယံထူးစကားကို နုရည်ဝင်းမှာ မကျေနပ်ချေ။ သို့

သော်လည်း အထင်လွဲနေသည့်အရာကို အရင်ဦးဆုံး

ရှင်းရပေမည်။ 

" ဒီကဆရာလည်း ဘာမှသိသေးတာ မဟုတ်တော့...

တစ်ခါထဲ အစကနေ ပြောပြရတာပေါ့ "

နုရည်ဝင်းလည်း အဘိုးဖြစ်သူ၏ စာအုပ်ထဲမှ အကြောင်း

အရာများအား တစ်ခုချင်းစီ ပြောပြလိုက်လေတော့သည်။

ဆက်လက်ဖော်ပြပါမည်။

သော်တာလမင်းစန္ဒာ

#lotaya_shortstory




Some text some message..