" လျှို့ဝှက်အပ်သော " အပိုင်း ( ၁၀ ) ဇာတ်သိမ်းပိုင်း
lotaya.mpt.com.mm
|
2022-04-30

လူမရှိပါဘဲ တဖြည်းဖြည်းပွင့်လာသောတံခါးဆီသို့ အားလုံးလှမ်းကြည့်လိုက်ကြသည်။ 

ကိုသိန်းထိုက်မှာ ကြည့်နေရင်း မျက်လုံးအစုံကို မှိတ်လိုက်ကာ နှုတ်မှလည်း တတွတ်တွတ်ရွတ်ဆိုနေ၏။ ပြီးနောက် မျက်လုံးပြန်ဖွင့် ကြည့်လိုက်သည်။ 

" အိမ်ရှေ့မှာ လူတစ်ယောက်ရပ်နေတယ် ... သူက အိမ်ထဲဝင်ခွင့်တောင်းနေတာ "

" ကိုသိန်းထိုက်ဆီ အကူအညီလာတောင်းတာထင်တယ် ...ကျွန်တော်တို့ကိုအားမနာနဲ့ဗျ ... ကိုသိန်းထိုက် လုပ်စရာရှိတာလုပ် "

ထိုအခါမှ ဦးတင်အောင်မြင့်လည်း ကိုသိန်းထိုက်က

အထက်လမ်းဆရာမှန်း သိရှိသွားခဲ့သည်။ 

ကိုသိန်းထိုက်က အိမ်အပြင်ဘက်သို့ ထွက်သွားပြီးတစ်ယောက်တည်းစကားပြောနေသည်ကိုသာ တွေ့မြင်နေကြရသည်။ 

" အခု ခင်ဗျားက ကျွန်တော့်အမေကို အသုံးချနေတာလား ... ကျွန်တော့်အမေက ဘာမှအပြစ်ရှိတာမဟုတ်ဘူးနော် ... ခင်ဗျားတို့လုပ်ခဲ့တဲ့အပြစ်တွေကို ကြားထဲက

နေ ခံနေရတာ ... ခင်ဗျားတို့ပြဿနာကြီးထဲ မေမေ့ကိုဆွဲထည့်နေကြတာ ... မလွန်လွန်းဘူးလား "

" ငါဆွဲထည့်တာလား ... ချိုလဲ့ရီကဆွဲထည့်တာလား "

" နင်တို့ကြောင့် မမော်သေခဲ့ရတာလည်း ထည့်ပြောလေ... မမော်ကြောင့်သာမဟုတ်ရင် ချိုလဲ့ရီကို သူ့ဆီဝင်ပူးဖို့ ခွင့်ပေးမလားဟဲ့ သေနာကျရဲ့ "

" နွယ် ... ဒေါသလျော့ပါကွာ "

" မလျော့နိုင်ဘူးရှင့် ... ကျွန်မတို့ညီအစ်မတွေ ဒီလူယုတ်

မာတွေနဲ့လာဆုံခဲ့ရတာ ဘယ်ဘဝကရေစက်ဆိုးတွေမှန်း

မသိဘူး ... "

" ဟုတ်ပါတယ်ဗျာ ... ကျွန်တော်က လူယုတ်မာပါ ... 

ဒါကြောင့်လည်းသူများကိုလုပ်ခဲ့လို့ ကျွန်တော်ပြန်ခံနေရပြီ ... အင်ကြင်းငယ်နဲ့ ကျော်မျိုးသိန်းတို့ ခိုးစားပြီး ကလေးတစ်ယောက်မွေးထားတာတောင် ကျွန်တော်

မသိခဲ့ရဘူး ... "

ဦးတင်အောင်မြင့်ကပြောရင်း ငိုကြွေးလာလေတော့

သည်။

" ဝဋ်ဆိုတာ တကယ်လည်တတ်မှန်း သိလိုက်ရပြီဗျာ ...

အရင်တုန်းက ချိုလဲ့ရီကို သားယောကျာ်းမမွေးနိုင်လို့မိန်းမယုတ်ဆိုပြီး လှောင်ခဲ့တယ် ... နှိမ်ခဲ့တယ် ... အောင်ရှိန်ဦးကို မြှောက်ပေးမိတယ် ... ကျွန်တော်ကိုယ်တိုင်ကနွားဖြစ်နေတာ မသိခဲ့ဘူး ... တောက်စ် "

" ဒီမှာ တင်အောင်မြင့် ... နင့်ရဲ့သောကတွေကို နားထောင်ဖို့ ညှိနှိုင်းနေတာမဟုတ်ဘူး ... ငါ့အစ်မကိစ္စနင်ဘာလုပ်ပေးမှာလဲ ... ရှင်းရှင်းပြော ... "

ဒေါ်သူဇာနွယ်ပြောနေစဉ်မှာပင် ကိုသိန်းထိုက်က ပြန်ဝင်လာပြီး ပြောလာသည်။

" အပြင်မှာရောက်နေတဲ့သူက ငါ့တူရဲ့ အဖေလို့ပြောတယ် "

" ဗျာ "

" ဟင် ... "

" အောင်ရှိန်ဦးလား ... "

" ဟုတ်တယ် ... သူ့နာမည်အောင်ရှိန်ဦးလို့လည်း ပြော

တယ်ဗျ "

" သူဘာပြောလဲဆရာ ... ကျွန်တော်သူနဲ့စကားပြောချင်တယ် "

" ကျွန်တော့်ကိုဆရာလို့မခေါ်ပါနဲ့ဗျာ ... ကျွန်တော့်နာမည်ကိုသိန်းထိုက်ပါ "

" ဟုတ် ... ဟုတ်ကဲ့ ... သူနဲ့ ဘယ်လိုစကားပြောလို့ရမလဲ ...ဆရာမေးပေးပါလား "

" ဟုတ်တယ်ဆိုရင်တော့ သူ့ကိုအိမ်ထဲပေးဝင်လိုက်ပါ့မယ် ... "

ကိုသိန်းထိုက်က ထိုသို့ပြောပြီး အိမ်ထဲဝင်ဖို့ ဖိတ်ခေါ်လိုက်လေသည်။

" ကဲ ... ဆို ... ခင်ဗျားဘာပြောချင်တာလဲ "

ဇေယျ၏ဘေးသို့ကြည့်ကာ ပြောလိုက်၏။ ထိုနေရာတွင်

မည်သူမှ မရှိ၊ အကုန်လုံးကလည်း ကိုသိန်းထိုက်ကို ပြန်လှည့်ကြည့်ကာ ငြိမ်ပြီး နားစွင့်နေကြသည်။ 

ကိုသိန်းထိုက်က ခေတ္တတိတ်ဆိတ်သွားပြီး နားထောင်နေ၏။ 

" သူလုပ်ခဲ့တဲ့အပြစ်တွေအတွက် ပြန်ပေးဆပ်ဖို့ သွားရတော့မယ်တဲ့ ... သူ့မိန်းမကို ခေါ်ပေးပါပြောတယ် "

ဇေယျမှာ ထိုင်နေရာမှအမြန်ထပြီး မိခင်ဖြစ်သူအား အခန်းထဲမှ တွဲခေါ်လာခဲ့သည်။ 

ဒေါ်ခင်ယုမော်မှာ အားအင်နည်းပါးနေသေး၍ မတ်မတ်ပင် မထိုင်နိုင်သေးချေ။ ထို့ကြောင့် ခေါင်းအုံးယူပေးပြီးမှီထိုင်ခိုင်းထားရသည်။

သူမ၏မျက်နှာနှင့် မျက်လုံးအကြည့်များမှာမူ တစုံတခုကို ယတိပြတ် ဆုံးဖြတ်ထားပုံရလေသည်။ 

" သူ့ကိုစိတ်နာနေမယ်ဆိုတာသူသိပါတယ်တဲ့ ... ဒါပေမယ့်သူတစ်ခုတော့ဝန်ခံတယ်ပေါ့ ... ဒီကအစ်မက သားယောကျာ်းလေးမွေးလို့ သူပေါင်းခဲ့တာမဟုတ်ပါဘူးတဲ့ ... သူ

တကယ်ချစ်မြတ်နိုးလို့ ရအောင်ယူခဲ့တာပါလို့ပြောခိုင်းတယ် ... "

ကိုသိန်းထိုက်စကားကိုကြားသည့်အခါ ဇေယျမှာ မျက်ရည်များဝဲတက်လာခဲ့တော့သည်။

" အင်း ... နောက်ပြီး မခင်ယုမော်နဲ့ ရပြီဆိုကတည်းကသူ့အကျင့်ဆိုးတွေကို အကုန်ပြောင်းလဲခဲ့ပါတယ်တဲ့ ...အရက်လည်းဖြတ်ခဲ့တယ် ... လောင်းကစားလည်းရှောင်

ခဲ့တယ် ... အတူဆိုးသွမ်းခဲ့တဲ့ သူငယ်ချင်းတွေကိုတောင်နောက်ပိုင်းအဆက်အသွယ်မလုပ်ခဲ့တော့ဘူးတဲ့ ... "

ဒေါ်ခင်ယုမော်မှာ အောက်နှုတ်ခမ်းကိုသာ ဖိကိုက်နေလေသည်။

" မခင်ယုမော်နဲ့ရပြီးနောက်ပိုင်း မကောင်းတာမလုပ်မိဖို့ထိန်းရင်း လုံးဝမလုပ်ဖြစ်တော့ဘူးလို့ပြောတယ် ... မိသားစုအတွက် ခင်ပွန်းကောင်းတစ်ယောက်ဖြစ်အောင်၊ ဖခင်ကောင်းတစ်ယောက်ဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်တဲ့ ... သူဒီလိုပြောင်းလဲခဲ့တာ မခင်ယုမော်အပေါ်

တကယ်မေတ္တာစစ်နဲ့ ချစ်မြတ်နိုးလို့ပါလို့ ပြောနေတယ်"

" ကျွန် ... ကျွန်တော်တို့ ...ကိစ္စ ... ဘယ်လိုလုပ်မလဲ မေးပေးပါဗျာ "

" ခဏလေးနေပါအုံးဗျ ... သူပြောနေသေးတယ် "

" ဟုတ် ... ဟုတ်ကဲ့ "

" သူ့သားကိုပြောပေးပါတဲ့ "

ဇေယျက မျက်ရည်များသုတ်လိုက်ပြီး ကိုသိန်းထိုက်ကိုကြည့်‌ရင်း နားစိုက်ထောင်နေ၏။

" သူများတွေအပေါ် အဖေဆိုးခဲ့ ယုတ်မာခဲ့ပေမယ့် သားအပေါ်မှာတော့ အဖေဘယ်လောက်ချစ်တယ်ဆိုတာကိုသားအသိဆုံးဖြစ်မှာပါတဲ့ ... ဖေဖေ့ကြောင့် သိမ်ငယ်နေ

ရတာတွေကို တောင်းပန်ပါတယ်တဲ့ ... ခွင့်လွတ်ပေးပါလို့ပြောတယ် "

ကိုသိန်းထိုက်က ပြောပြီး ဇေယျပြန်ပြောလာမည့်စကားကို နားစွင့်နေလေသည်။

" ငါ့တူ တစ်ခုခုပြန်ပြောအုံးလေ ... ငါ့တူပြန်ပြောမှာကိုသူစောင့်နေတယ် "

" ဟုတ် ... ကျွန် ... ကျွန်တော် ... ဖေဖေ့ကို ချစ်လည်းချစ်

တယ် ... ဖေဖေ့လုပ်ရပ်‌ကြောင့် မျက်နှာထားစရာမရှိအောင်လည်း ရှက်မိတယ် ... "

ကိုသိန်းထိုက်က ဇေယျကို စိတ်မကောင်းစွာနှင့် ကြည့်လိုက်ပြီး

" ငါ့တူရဲ့အဖေလည်း ငိုနေပါတယ် ... "

ဒေါ်ခင်ယုမော်မှာ ဇေယျကိုကြည့်ပြီး မျက်ရည်ဆို့တက်လာသဖြင့် မျက်တောင်ကို တစ်ချက်ခတ်ကာ ပြန်ထိန်းလိုက်လေသည်။

" သူက ခင်ဗျားကိုပြောတယ် ... ခင်ဗျားကသူ့ထက် ပိုကံကောင်းပါတယ်တဲ့ ... ကိုယ်လုပ်ခဲ့တဲ့အပြစ်တွေကို ဝန်ချတောင်းပန်ဖို့ အခွင့်အရေးရှိသေးတယ် ... သူ့မှာတော့

တောင်းပန်ချင်ရင်တောင် ဘယ်သူမှ မသိနိုင် မကြားနိုင်တော့ပါဘူးတဲ့ ... ခုကိုယ့်အပြစ်ကိုယ်ဝန်ခံပြီး တောင်းပန်လိုက်ပေါ့‌ ... အသက်ရှင်နေတုန်းမှာ လုပ်စရာရှိတာတွေမြန်မြန်လုပ်ဖို့ ပြောခိုင်းတယ် "

ဦးတင်အောင်မြင့်ကိုကြည့်ပြီး ကိုသိန်းထိုက်က ပြောလိုက်သည်။

" အေးပါ သူငယ်ချင်းရာ ... ငါ့အမှားတွေကို နောင်တရနေပါပြီ ... ငါလုပ်သင့်တာတွေကို လုပ်မှာပါ "

ဦးတင်အောင်မြင့်လည်း အစွယ်ကျိုးသည့် မြွေဆိုးကဲ့သို့ငြိမ်ကုတ်သွားပြီး သူလုပ်မည့်အရာများကို အစီအစဉ်ဆွဲနေလေသည်။

" ကျော်မျိုးသိန်း သေသွားပြီလို့ပြောနေတယ်ဗျ "

" ဗျာ ... မဖြစ်နိုင်တာ သူက ဆရာမြိုင်နဲ့ ခြံထဲမှာ ကျန်ခဲ့တာပဲ "

" ခင်ဗျားအတွက် အချိန်မရှိတော့ဘူးတဲ့ ... အမြန်ဝန်ချတောင်းပန်ပြီး လုပ်စရာရှိတာ မြန်မြန်လုပ်တော့လို့ပြောတယ် ... သူငယ်ချင်းလေးယောက်မှာ ခင်ဗျားတစ်ယောက်

ပဲ ဒီကိစ္စကြီးကို အပြီးသတ်နိုင်မှာတဲ့ ... အော် ... နောက်ပြီး သူကပြောတယ် ... ဒီတစ်ခါလည်း ရုန်းလိုက်ပါအုံးသူငယ်ချင်းတဲ့ "

" အောင်ရှိန်ဦးရာ ... အီး ... ဟီး ... "

ထိုအခါတွင်တော့ ဦးတင်အောင်မြင့်မှာ ထိန်းမထားနိုင်တော့ဘဲ ငိုကြွေးလာတော့လေသည်။

" ခင်ဗျားဆီ ချိုလဲ့ရီ လာလိမ့်မယ်တဲ့ ... သူလာရင် ကျွန်တော်ကကြားကနေ တောင်းပန်ဖြေရှင်းပေးဖို့ သူအကူအညီတောင်းသွားတယ် "

" အောင်ရှိန်ဉီးကရော "

ကိုသိန်းထိုက်က အိမ်အပြင်ဘက်သို့ ငေးကြည့်ပြီး ပြောလိုက်၏။

" သူသွားပြီ "

" ချိုလဲ့ရီ လာရင် ကျွန်တော်သူကျေနပ်တဲ့အထိ တောင်းပန်မှာပါ ... ပြီးတော့ ကျွန်တော်လုပ်ပေးသင့်တာ လုပ်ပေးမယ် "

ဦးတင်အောင်မြင့်က မျက်ရည်များကို လက်ဖမိုးနှင့်သုတ်ရင်း ပြောလိုက်သည်။ ပြီးနောက် ...

" အခု ကားပေါ်မှာ ကျွန်တော့်သား ပါလာတယ်ဗျ ... "

ထိုသို့ပြောရင်း ဇေယျကို တစ်ချက်လှမ်းကြည့်လာ၏။

" အန်ကယ်လ်သားက ဘာမှမသိသေးပါဘူး ... အန်ကယ်လ် သားကိုတစ်ခုလောက်အကူအညီတောင်းချင်တယ် ... "

" ဒုက္ခပေးလို့မဝသေးဘူးလား တင်အောင်မြင့် "

ဒေါ်သူဇာနွယ်က တူဖြစ်သူကို ထပ်မံအသုံးချမည်စိုးသဖြင့် တားဆီးလိုက်လေသည်။

" ဒုက္ခပေးဖို့မဟုတ်ပါဘူး မသူဇာနွယ် ... တကယ်အကူအညီတောင်းနေတာပါ ... ခုလိုဖြစ်ခဲ့ကြပြီး ကျွန်တော်အောင်ရှိန်ဦးကို အားကျမိတယ် ... သူ့မှာ ဒီလိုသားမျိုးရှိတာ ဆုလာဒ်တစ်ခုပါပဲ ... အဖေနဲ့အမေကြားမှာ ဖြောင့်ဖြောင့်မတ်မတ်ရပ်တည်ခဲ့တယ် ... ပြီးတော့ သားတစ်

ယောက်အနေနဲ့ ဘာမဆိုဖြေရှင်းပေးဖို့အသင့်ရှိနေတယ် ... အားကျတယ် အောင်ရှိန်ဦးရာ ... "

" ဒီတော့ ရှင်က ဘာထပ်ဖြစ်ချင်တာလဲ "

" ငါ့တူကို တောင်းမယ့်အကူအညီက အန်ကယ့်လ်ရဲ့ကိုယ်စား အန်ကယ့်လ်သားကို ဖြစ်ပျက်ခဲ့တာတွေ အားလုံး သားကပဲ ပြောပြပေးစေချင်တယ် ... အဖေတစ်ယောက်အနေနဲ့ ... ဘယ်လိုယုတ်မာခဲ့ကြောင်းတွေ အမေလုပ်တဲ့သူရဲ့ နောက်မီးလင်းတဲ့ကိစ္စတွေကို ပြောမထွက်

နေဘူး ... အန်ကယ့်လ်ကို ကူညီပေးပါကွာ ... "

" ဟုတ်ကဲ့ ... ရပါတယ် "

" ဟွန့် "

ဒေါ်သူဇာနွယ်က မျက်နှာရှုံ့ကာ မဲ့ရွဲ့လိုက်၏။ ထိုစဉ် ဒေါ်ခင်ယုမော်မှာ ငေါက်ကနဲ ထထိုင်လာတော့သည်။ ပြီးနောက် အိမ်အပြင်ဘက်သို့ စိုက်ကြည့်နေသည်။ 

ကိုသိန်းထိုက်ကလည်း သဘောပေါက်သွားကာ 

" မချိုလဲ့ရီ ... အိမ်ထဲဝင် "

ထိုအခါမှ အားလုံး ထိတ်ခနဲ ဖြစ်သွားမိကြတော့သည်။

" ဒီလိုမလုပ်ပါနဲ့ဗျာ ... သူလည်းနောင်တရနေပြီပဲ ... "

" သူဘာပြောတာလဲ ကိုသိန်းထိုက် "

ကိုသိန်းထိုက်က ဦးတင်အောင်မြင့်အမေးကိုပြန်မဖြေဘဲ

လက်ကာပြလာ၏။

" ကျွန်တော် အန်တီချိုလဲ့ရီကို ပြောစရာရှိတယ် "

ဟိန်းထွက်လာသော ဇေယျအသံကြောင့် ချက်ချင်းတိတ်ဆိတ်သွားကြသည်။

" အန်တီချိုလဲ့ရီ ... အန်တီ့ကို ဖေဖေနဲ့ ဒီလူတွေ ဘယ်လိုနှိပ်စက်အနိုင်ကျင့်ခဲ့ကြလဲဆိုတာ ကျွန်တော်ကြားခဲ့ပါတယ် ... ဒါပေမယ့်ဗျာ ... ခုအန်တီက မေမေ့ကို အသုံးချ

ပြီး ကလဲ့စားချေနေတာတော့ မလုပ်သင့်ဘူးဗျ ... ကျွန်တော့်အမေက အန်တီ့လောက်အနိုင်ကျင့်နှိပ်စက်မခံခဲ့ရပေမယ့် သူအလိမ်ခံခဲ့ရတယ် ... သူ့ညီမကို သတ်ခဲ့တဲ့သူ

မှန်း မသိဘဲယူခဲ့မိတယ် ... အဲ့လိုလူရဲ့ သွေးသားကို မွေး

ပြီး စောင့်ရှောက်ပေးခဲ့ရသေးတယ် ... "

ဇေယျမှာ ပြောရင်း အသံတိမ်ဝင်လာသည်။ ပြီးနောက်ဆက်ပြော၏။

" ကျွန်တော့်အမေလည်း နာကျင်ရတာပဲဗျ ... ဒါကို အန်တီ့အပူမှ အရေးပါတာလား ... မေမေ့ကို တစ်ချက်လေးတောင် ကိုယ်ချင်းမစာဘူးလား ... အန်တီအသုံးချနေတာကို ကျွန်တော် လက်မခံနိုင်တော့ဘူး ... ကျွန်တော့်အမေကို ကျွန်တော်ကာကွယ်ရမှာပဲ "

ဇေယျစကားဆုံးသည်နှင့် ဒေါ်ခင်ယုမော်က လှုပ်လှုပ်ရှားရှားဖြစ်လာကာ ခပ်တိုးတိုးလေသံထွက်ပေါ်လာခဲ့သည်။

" မေမေကိုယ်တိုင် သဘောတူခဲ့တာပါသားရယ် ... ချိုလဲ့ရီကို မေမေ့ကိုယ်ခန္ဓာ ပေးသုံးခဲ့တာပါ ... ဒါပေမယ့် ချိုလဲ့ရီက မေမေထိခိုက်မှာစိုးလို့ အကုန်ဝင်မပူးခဲ့ပါဘူး ...မေမေ့နောက်ကျောမှာ ကပ်ပြီးပဲ သူနေခဲ့တာပါ ... "

" ဘယ်လို "

" ဟုတ်တယ် ... မေမေ့စိတ်သဘောဆန္ဒပါလို့ သူသွားချင်တဲ့နေရာကို ကားမောင်းပြီးလိုက်ပို့ခဲ့တယ် ... မေမေကိုယ်တိုင် ဆန္ဒရှိခဲ့တာပါသားရယ် ... "

" ဒါဆို ခုလူသတ်မှုတွေအကုန် မေမေသတ်ခဲ့တာလား "

ဇေယျက ထိတ်လန့်တကြား မေးလိုက်၏။

" မေမေကိုယ်တိုင်သတ်ခဲ့တာ မဟုတ်ပေမယ့် ... အဲ့လိုသတ်နိုင်ဖို့ မေမေကူညီပေးခဲ့တာ ... မေမေလည်း လူသတ်တရားခံပါပဲ "

" ဒါကို ကျွန်တော်နဲ့ ကျော်မျိုးသိန်းပြောဖူးတယ် ... ချိုလဲ့ရီမှ ကားမမောင်းတတ်တာလို့ ... ချိုလဲ့ရီလို့လည်းလုံးဝမထင်ထားဘူး ... "

" တင်တင်မော် ဆုံးသွားပြီး ကျွန်မအမေဟာ သူ့သမီးစိတ်နဲ့ အိပ်ယာထဲ ဘုံးဘုံးလဲခဲ့တယ် ... အမေ့ကျန်းမာရေးကို တော်တော်ကြာအောင် ကုခဲ့ရတယ် ... ကျွန်မတို့မိသားစုမှာလည်း ခံစားရတာတွေရင်နဲ့အမျှပဲ ... မိဘမောင်နှမတွေခံစားနေရတာမျက်ကွယ်ပြုပြီး ညီမကိုသတ်သွားတဲ့သူကို သူတော်ကောင်းထင်ခဲ့မိတာ ဘယ်လောက် ရင်နာစရာကောင်းတဲ့ ကိစ္စလဲ ... တင်တင်မော်ကတော့ ဘယ်ဘဝရောက်နေပြီမှန်းမသိဘူး ... ကျွန်မကသူ့ကို နှိပ်စက်ပြီးသတ်ခဲ့တဲ့သူနဲ့ ပျော်ပျော်ကြီးနေနေတာအစ်မတစ်ယောက်လို့ ပြောဖို့အင်အားတောင် မရှိတော့ဘူး "

" ဒါပေမယ့် မခင်ယုမော်က သိသိရက်နဲ့လုပ်ခဲ့တာမှ မဟုတ်တာပဲ ... အောင်ရှိန်ဦးလိမ်ခဲ့လို့ ဖြစ်ခဲ့ရတာပါ ...ကျွန်တော်တို့လည်း အဲ့တုန်းက သူ့ကိုတားပါသေးတယ်ဗျာ ... အမှန်ပြောတာပါ ... သူက ကျွန်တော်တို့ကိုတောင်အဆက်အသွယ် မလုပ်လာတော့ဘူး ... ခြေရာကို ဖျောက်

သွားတာပဲဗျ "

" ကျွန်မဒါတွေ သိသိချင်း ကိုအောင်ရှိန်ဦးကို သတ်ပစ်ဖို့ ကြံစည်ခဲ့တယ် ... ဒါပေမယ့် သားကရောက်ရောက်လာတော့ မလုပ်ရက်ဘဲ ဖြစ်နေခဲ့တာ ... ချိုလဲ့ရီက 

သူလုပ်ပါ့မယ် ... သူ့ကို ပူးကပ်ခွင့်ပေးပါလို့ လာပြော

တယ် ... ကျွန်မလည်း ခွင့်ပြုပေးလိုက်တာပါပဲ ...သူက ဘဝခြားနေတော့ လူသတ်လို့မရဘူးလေ ... ကျွန်မကသူ့ကိုအားပေးအားမြှောက်လုပ်ခဲ့တာပါ ... အဖမ်းခံရမယ်ဆိုတာလည်းသိတယ် ... အဲ့အချိန်တုန်းက ဇေယျကိုလည်း မကြည်ဖြူချင်နေဘူး ... လူယုတ်မာရဲ့သား

ကို မွေးမိလို့ ရင်နာခဲ့တယ် ... မေမေသားကို တောင်းပန်ပါတယ် ... လူယုတ်မာနဲ့ ရခဲ့ပေမယ့် သားက အမြဲတမ်း မေမေ့သားပါကွယ် "

မျက်ရည်များပြည့်လျှံနေသောကြောင့် ဇေယျမှာ ဒေါ်ခင်ယုမော်ကိုပင် သဲသဲကွဲကွဲ မမြင်တော့ပေ။

" မမရယ် ... "

" သူဇာနွယ် ... မမသားလေးမှာ ဘာအပြစ်မှမရှိပါဘူး ...

မမကို ချစ်သလိုမျိုး သားလေးကိုလည်း ချစ်ပေးပါညီမလေးရယ် ... မမတောင်းဆိုပါတယ် "


 

" မမ မပြောလည်း ဇေယျကို မုန်းလို့မရပါဘူး ... သွေးသားဆိုတဲ့အသိက သူ့အလိုလိုဖြစ်နေတာပါ ... ဇေယျ...သားလေး ... အဟင့် ... ဟီး ... သားက အန်တီလေးရဲ့ တူ

လေးပါပဲသားရယ် ... အဲ့ဒါဘယ်တော့မှ မပြောင်းသွားဘူး ... နော် သား "

ဒေါ်သူဇာနွယ်က ငိုရှိုက်ကာပြောရင်း ဇေယျကို ပွေ့ဖက်လိုက်လေသည်။

" ချိုလဲ့ရီကပြောတယ် ... တင်အောင်မြင့်သာ ဒီပြဿနာကို ရှင်းပေးရင် မသတ်တော့ဘဲ သူပြန်တော့မယ်တဲ့ "

" ရှင်းပေးမှာပါဗျာ ... ရှင်းပေးဖို့လည်း စိတ်ကူးထားပြီးသားပါ ... မချိုလဲ့ရီအပေါ်မှာ လုပ်ခဲ့မိတဲ့အပြစ်တွေအတွက်လည်း လှိုက်လှိုက်လှဲလှဲတောင်းပန်ပါတယ် ...

ခွင့်မလွှတ်သင့်မှန်းလည်း နားလည်ပါတယ် .... မချိုလဲ့ရီစိတ်ချလက်ချသာ သွားပါဗျာ ... သမီးလေးကိုလည်းတတ်နိုင်သလောက် ကြည့်ရှု့စောင့်ရှောက်ပေးပါမယ်လို့

ကတိပေးပါတယ် "

" ဒါဆို ချိုလဲ့ရီလည်း စိတ်ချလောက်ပြီထင်ရဲ့ ... "

ဤသို့နှင့် ဦးတင်အောင်မြင့်သည် အင်ကြင်းငယ်ကို ကွာရှင်းပြီး ရသင့်ရထိုက်သည်များအား ခွဲဝေပေးလိုက်သည်။ 

ပြီးနောက် သူပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာအချို့အား ထုခွဲရောင်းချကာ အချို့ကို သားဖြစ်သူထံ လွှဲပြောင်းပေးလိုက်၏။ သားဖြစ်သူကို စောင့်ရှောက်ပေးရန်လည်း ဇေယျထံ အပ်နှံခဲ့လေသည်။


 

၎င်းတို့သူငယ်ချင်းတစ်စုကြောင့် သေဆုံးခဲ့ရသော ချိုလဲ့ရီအပါအဝင် မီးလောင်သေဆုံးခဲ့သူ ကိုးယောက်နှင့်သူငယ်ချင်းသုံးယောက်တို့အား ရည်စူးကာ အလှူဒါနပြုလုပ်ပေးပြီး အမျှဝေပေးခဲ့သည်။

ချိုလဲ့ရီ၏ သမီးဖြစ်သူအတွက်လည်း ငွေကြေးအချို့ထောက်ပံ့ပေးရန် ဒေါ်ခင်ယုမော်နှင့် ဒေါ်သူဇာနွယ်ထံအပ်နှံပေးလိုက်၏။

ထိုသို့ပြုလုပ်ပေးပြီးသည်နှင့် ရဲစခန်းသို့သွားကာ ဦးမြသောင်း၊ ဦးအောင်ရှိန်ဦး တို့နှစ်ယောက်အား သူသတ်ခဲ့ပါသည်ဟု ဖြောင့်ချက်ပေးကာ ဝန်ခံပေးလိုက်လေတော့သည်။

" သူ မသတ်ရဘဲ ခုလိုဝန်ခံပေးလိုက်တာကို မေမေ မျက်နှာပူမိတယ် "

" မေမေ ... သူကအပြစ်ကို ရွေ့ပြီးခံလိုက်တာပါ ... သူတို့ကြောင့် လူကိုးယောက်သေခဲ့ရတယ် ... သူပြန်ခံလိုက်တာလူနှစ်ယောက်ကို သတ်မှုထဲပါ ... "

" ဒါပေမယ့် မေမေလည်း "

" မေမေ့ဆီမှာ အန်တီချိုလဲ့ရီ ဝင်ပူးနေလို့ ကြံရာပါလိုဖြစ်သွားခဲ့တာ ... မေမေပဲပြောခဲ့တယ်လေ ... မေမေသတ်ဖို့ကြံတိုင်း သားကြောင့်မလုပ်ဖြစ်ဘူးဆို "

" အဲ့ဒါတော့ ဟုတ်ပါတယ် "

" အန်တီချိုလဲ့ရီသာ ဝင်မပူးရင် မေမေ ဒါတွေ လုပ်မှာမလို့လား "

ဇေယျက အပြစ်ရှိနေသလို ခံစားနေရသော မိခင်ဖြစ်သူကို နှစ်သိမ့်အားပေးရင်း ထွေးပွေ့ထားလိုက်လေ၏။

ရာသီဥတုကြည်လင်သော်လည်း ဇေယျရင်ထဲ ညို့မှိုင်း၍နေသည်။ ယိုင်နဲ့နဲ့ တဲအိမ်လေးကို အပြင်ဘက်မှကြည့်ကာ ဝမ်းနည်းသွားမိခဲ့၏။

သူအိမ်အပြင်ဘက်၌ ရပ်ကြည့်နေစဉ် အမျိုးသမီးတစ်ယောက်သည် သုံးလေးနှစ်အရွယ် ကလေးတစ်ယောက်အား လက်တွဲပြီး ထိုအိမ်ရှေ့သို့ လျှောက်လာနေသည်ကို လှမ်းမြင်လိုက်ရသည်။

ထိုအမျိုးသမီးမှာ အသားဝါညှက်ညှက်နှင့် ရုပ်ရည်သန့်ပြန့်၏။ အမှတ်တမဲ့ကြည့်လိုက်လျှင်ပင် ဖခင်ဖြစ်သူနှင့်အတော်ပင် ဆင်ကြောင်း သတိပြုမိလိုက်သည်။ 

ဇေယျက သူတို့အိမ်အား အပြင်မှကြည့်နေသဖြင့် စူးစမ်းသလို ပြန်ကြည့်နေလေသည်။ ပြီးနောက် အိမ်ထဲသို့ဝင်ရန်ပြင်လိုက်စဉ် ဇေယျက အမြန်လှမ်းခေါ်လိုက်တော့

သည်။

" မမ ... "

သူ့အသံကြောင့် သူမက မျက်လုံးလေးဝင့်ကာ ကြည့်

လာသည်။

" ရှင် ... ကျွန်မကိုခေါ်တာလားမသိဘူး "

" ဟုတ်ကဲ့ "

" ဘာကိစ္စများရှိလို့လဲရှင့် "

ဇေယျက ဆို့နစ်စွာ ကြည့်ရင်း ပြောမည့်ဟန်ပြင်စဉ် သူတို့အနားသို့ လူတစ်ယောက်ရောက်လာတော့သည်။

" ဧည့်သည်ရောက်နေတာလား မေ "

" မဟုတ်ပါဘူး ... မေ့ကိုလှမ်းခေါ်နေလို့ မေးကြည့်နေတာပါမောင် "

" အော် ... ငါ့ညီ ဘာကိစ္စများလဲ "

" ဟို ... ကျွန်တော်က ... ကျွန်တော်က ... ဒီက မမကို ပြောစရာရှိလို့ပါ "

သူတို့နှစ်ယောက်မှာ ဇေယျကိုကြည့်လိုက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်နှင့် ကြောင်နေကြသည်။

" မမအမေနာမည်က ဒေါ်ချိုလဲ့ရီ လားဗျ "

" ဟုတ်ပါတယ် ... မေမေ့အသိလားဟင် "

" ဟုတ်ကဲ့ "

" မေမေဆုံးသွားတာ ၁၄ နှစ်ရှိသွားပြီရှင့် "

" ကျွန်တော်သိပါတယ် ... ကျွန်တော်က ဉီးအောင်ရှိန်ဦးရဲ့သားပါ "

ထိုအခါ ဇေယျကိုကြည့်ပြီး သူမ၏မျက်ဝန်းများ ပြူး

ကျယ်ဝိုင်းစက်သွားလေတော့သည်။

" ဒါ ... ဒါဆို ... "

" ဟုတ်ကဲ့ ... ကျွန်တော်က မမနဲ့ အဖေတူ အမေကွဲ မောင်လေးပါခင်ဗျ "

ဇေယျမှာ ပြောသာပြောနေရသည် လက်ဖျားခြေဖျားများပင် အေးစက်လာနေသည်။ အစ်မဖြစ်သူက တူးတူးခါးခါး မုန်းတီးစွာ ပြောဆိုလာမည်လားဟု စိုးရိမ်လိုက်မိသည်။

သို့သော် သူထင်မှတ်ထားသလိုမဟုတ်ခဲ့ပေ။ အစ်မဖြစ်သူမှာ မျက်ရည်များကြားမှ ဝမ်းသာစွာပြုံးပြနေသည်။

" မောင်လေးတဲ့လား ... ဝမ်းသာလိုက်တာကွယ် "

ဇေယျကို ပြေးဖက်ရင်း ပြောလာသည့် အစ်မဖြစ်သူ၏အပြုအမူကြောင့် ဇေယျမှာ ဝမ်းမြောက်စွာ ငိုကြွေးမိခဲ့လေသည်။

အစ်မဖြစ်သူအမည်မှာ မေချိုအေး ဟုခေါ်ကြောင်းကြားသိခဲ့ရသည်။ 

" မမမှာလေ ခုချိန်အထိ တစ်ကောင်ကြွက် တစ်မျက်နှာဆိုပြီး အားငယ်လာခဲ့ရတာ ... မောင်လေးတစ်ယောက်ရှိမှန်းသိရတော့ ရင်ထဲကနေ တကယ်ပဲ ပျော်တယ်ကွယ် "

မေချိုအေးက ပြောရင်း ငိုနေသည်။ 

" ငါ့မောင်လေး ... ဒါ မမရဲ့ ယောကျာ်း ကိုထက်နိုင်တဲ့ "

" ဟုတ်ကဲ့ "

" ဒါလေးက မောင်လေးရဲ့ တူမလေး ... နာမည်က မေချိုသွေး တဲ့ "

" မမနာမည်နဲ့ ဆင်တယ်နော် "

" ဟုတ်ပါ့ ငါ့မောင်ရယ် ... မေချိုအေးမှာ ဆွေမရှိ မျိုးမရှိ သိမ်ငယ်ခဲ့ရတော့ သားသမီးရလာတဲ့အခါ မမနာမည် ထည့်ဖို့ စိတ်ကူးမိခဲ့တာပေါ့ ... "

ဇေယျက မေချိုအေးကို စိတ်မကောင်းစွာနှင့်ကြည့်နေမိသည်။ 

" ဒီည မမအိမ်မှာပဲ နေပါအုံးလား ... စကားတွေ အများကြီး ပြောရအောင်လေ "

" နေမှာပေါ့မမရာ ... ကျွန်တော်တစ်ခုမေးချင်တာ "

" မေးလေ "

" မမ ဆယ်တန်းအောင်ပြီး ဘာဆက်ဖြစ်သွားလဲ "

" ဒီလို မောင်လေးရဲ့ ဆယ်တန်းအောင်ပြီး ကျောင်းတက်မယ့်အချိန်မှာ မေမေဆုံးသွားတယ် ... မမလည်းဘာလုပ်လို့ဘာကိုင်ရမယ်မသိတော့ ကျောင်းလည်းမတက်ခဲ့ပါဘူး ... "

" ဖြစ်ရလေဗျာ "

" ပြောပြအုံးမယ် ... မေမေရှိတုန်းကတော့ စားဖို့သောက်ဖို့မပူခဲ့ရဘူးလေ ... တစ်ယောက်တည်းဖြစ်သွားတဲ့အခါအသက်ရှင်ရပ်တည်ဖို့ အလုပ်လုပ်ရတော့တာပေါ့ ... ကုန်စုံဆိုင်လေးတစ်ဆိုင်မှာ အရောင်းစာရေးမဝင်လုပ်ရင်းကိုထက်မြက်နဲ့ ဆုံခဲ့ကြတယ် ... ရည်းစားဖြစ်ပြီး ၁နှစ်ထင်တယ် ... ဟုတ်လားမောင် "

" ငါ့ညီရေ မင်းအစ်မကအဲ့လိုပဲ ... ဘာမှမမှတ်ထားဘူးကွ ...ဟား ဟား "

ကိုထက်နိုင်ဆိုသူက မေချိုအေးကို ကြင်ကြင်နာနာကြည့်ရင်း အရွှန်းဖောက်နေသည်။ ပြီးနောက် သူ့သမီးလေးကိုပွေ့ချီကာ ကလူကျီစယ်နေ၏။

ထိုမြင်ကွင်းကို ဇေယျငေးကြည့်ရင်း ပီတိဖြစ်သွားမိတော့သည်။ အစ်မဖြစ်သူမှာ သူမ၏မိခင်ကဲ့သို့ ကံ မဆိုးရှာ၊မိမိအပေါ်လေးစားမှုရှိသော၊ အယူမသီးတတ်သော၊ သားမွေးမှ သမီးမွေးမှဟူ၍ မခွဲခြားတတ်သော ခင်ပွန်းကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားသဖြင့် စိတ်အေးသွားမိ

သည်။

" ထားပါတော့ ... ရည်းစားဖြစ်ပြီး ၁ နှစ်ကြာတော့ သူကမမကို ကျောင်းပြန်တက်ခိုင်းတယ် ... သူ့သမီးလို သဘောထားပြီး ကျောင်းထားပေးမယ်တဲ့ မောင်လေးရေ ... ရယ်

လည်းရယ်ရတယ် ... "

ဇေယျမှာမူ ရယ်စရာဟု မထင်ပေ။ ကိုထက်နိုင်၏ မြင့်မြတ်လှသော စိတ်သဘောကို သိရလေ အစ်မဖြစ်သူအတွက် ကျေနပ်မိလေဖြစ်ခဲ့သည်။

" သူက‌ အလုပ်တွေပိုလုပ်ပြီး မမကို ကျောင်းထားပေးခဲ့တယ် ... ပတ်ဝန်းကျင်ကတော့ ပြောကြတာပေါ့ကွယ် ...မေချိုအေးက အမြီးတောင်မပေါက်သေးဘူး လင်ယူ

သားမွေး လုပ်နေပြီတဲ့ ... သူတို့ပြောတာတွေ ပြန်ကြားခဲ့ရတယ် ... ကိုထက်နိုင်က အဲ့ဒါတွေ မတွေးဖို့ ဂရုမစိုက်ဖို့ မမကို နှစ်သိမ့်ပေးပါတယ် ... နောက်ပြီး ကိုထက်နိုင်ကို မမ လေးစားတယ် ... သမီးရည်းစားဖြစ်ပေမယ့် ...သူသာအခွင့်အရေးယူချင်ရင် ရပေမယ့် ... သူမလုပ်ခဲ့ဘူး ... မမအိမ်ကို သူဝင်ထွက်နေတာ ပတ်ဝန်းကျင်ကပြောမှာစိုးလို့တဲ့ သူလာတိုင်း သူ့အဒေါ်ကို ခေါ်ခေါ်လာ

တတ်တယ် .. "

" ယောက်ဖကြီးက ရိုးလိုက်နာဗျာ "

" ဟား ဟား "

ကိုထက်နိုင်ကလည်း ဇေယျထံမှ ယောက်ဖဟု အခေါ်ခံလိုက်ရခြင်းအပေါ် ကျေနပ်၍နေလေသည်။

" အဲ့ဒါနဲ့မမလည်း ကျောင်းပြီးခဲ့တာပေါ့ ... ပြီးတော့ ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်ရင်း ရည်းစားသက်တမ်း( ၇ ) နှစ် ရောက်မှ ကိုထက်နိုင်နဲ့ လက်ထပ်လိုက်တာ "

" မမ အတွက် ကိုထက်နိုင်လိုလူနဲ့ ဆုံလို့ ကျွန်တော် သိပ်ဝမ်းသာတာပဲ "

" မမကို ခုလို စိတ်ပူပေးတာ မမလည်း အရမ်းဝမ်းသာတယ် ... ကိုထက်နိုင်က ချမ်းသာတဲ့သူတော့ မဟုတ်ပါဘူး ... ဒါပေမယ့် မမနဲ့စာရင်သူက သူဌေးပဲလေ ... "

" သူဌေးကြီးပါကွာ "

" ဟုတ်ပါ့ရှင် "

" ကျွန်တော် မမဆီလာရတဲ့ကိစ္စက ဖေဖေ့ရဲ့အမွေ တချို့ခွဲပေးဖို့ပါ ... "

" ဟင် "

ဇေယျစကားကြားသည့်အခါ မေချိုအေးမှာ မျက်လုံးလေးဝိုင်းစက်သွားလေသည်။

" ဖေဖေဆုံးသွားတာ တစ်လကျော်သွားပြီ ... "

" ဖေဖေကလေ ... ဘာလို့လဲ မောင်လေးရယ် ... မမကဖေဖေ့အကြောင်းမေးချင်လွန်းလို့ အရိပ်အချည် ကြည့်နေတုန်းရှိသေးတယ် ... ဖေဖေ့ကို ဘယ်တော့မှ ထပ်မတွေ့ရတော့ဘူးတဲ့လား ... ဟီး ... အီး "

မေချိုအေးမှာ သူမကို သမီးဟုပင်မသတ်မှတ်၊ စွန့်ပစ်ထားခဲ့သော ဖခင်အပေါ် မုန်းတီးနာကျည်းခြင်းမရှိဘဲဖခင်နှင့် တွေ့ခွင့်ရဖို့ မျှော်လင့်နေရှာခြင်းကို ဇေယျမှာ

ရင်ထဲ နင့်နေအောင်နာကျင်နေမိသည်။

" ဖေဖေက မမကို ချစ်ပါတယ် ... ဒါကြောင့် ကျွန်တော့်မှာ မမ ရှိတယ်ဆိုတာ ကျွန်တော်သိခဲ့တာပါ "

အစ်မဖြစ်သူ၏ နာကျင်မှုကို မကြည့်ရက်တော့သောကြောင့် မုသားပြောကာ နှစ်သိမ့်ပေးလိုက်ရသော်လည်း

မေချိုအေးကိုမူ စေ့စေ့မကြည့်ဝံ့ချေ။ 

" မောင်လေးရဲ့မေမေကရောဟင် ... နေကောင်းကျန်းမာနေရဲ့လားကွယ် "

" မမ သူ့ကို မမုန်းဘူးလား "

" ဘာလို့မုန်းရမှာလဲမောင်လေးရယ် ... သူမွေးထားပေးလို့ တစ်ကောင်ကြွက်ဖြစ်နေတဲ့မမမှာ မောင်လေးတစ်ယောက်ရခဲ့တယ်လေ "

ဒေါ်ချိုလဲ့ရီသည် မေချိုအေးကို မည်သို့ ထိန်းသိမ်းစောင့်ရှောက်ခဲ့သနည်း၊ ဇေယျသိချင်ခဲ့မိသည်။ သူမကိုယ်တိုင်သာ အမုန်းတရားကို လက်ခံယူသွားသည်၊ သမီးဖြစ်သူ

နှလုံးသားထဲကိုမူ ထိုအမုန်းတရားအား ထည့်မထားခဲ့

ပေ။ 

" အန်တီချိုလဲ့ရီကိုလည်း ကျွန်တော့်အမေအရင်းလိုသဘောထားပါတယ် "

" မောင်လေးက မေမေ့ကို တွေ့ဖူးလို့လား "

" ဗျာ ... ဟို မတွေ့ဖူးပါဘူး ... ဒါပေမယ့် မမကိုကြည့်တာနဲ့ အန်တီချိုလဲ့ရီရဲ့ စိတ်သဘောထားကို မြင်လိုက်မိလို့ပါ "

" မေမေက သိပ်ရိုးပြီး သဘောသိပ်ကောင်းတာ ... "

မေချိုအေးမှာ ပြောရင်း မိခင်ကို လွမ်းဆွတ်သွားဟန်ရလေသည်။ 

" ဟုတ်လောက်ပါတယ်မမရယ် "

ဇေယျလည်း မေချိုအေးထံ တွေ့ဆုံပြီးနောက်ပိုင်းတွင်မိခင်ဖြစ်သူ ဒေါ်ခင်ယုမော်နှင့် ဆုံတွေ့စေခဲ့သည်။ 

ဒေါ်ခင်ယုမော်ကလည်း မေချိုအေး၏ စိတ်သဘောဖြူစင်မှုကို တွေ့မြင်သွားခဲ့ပြီး သမီးတစ်ယောက်ကဲ့သို့ဆက်ဆံပေးခဲ့လေသည်။ မေချိုအေးရသင့်ရထိုက်သည်များကိုခွဲဝေပေးခဲ့သည်။

ဇေယျမှာ အစ်မဖြစ်သူ၏ သာယာလှသော အိမ်ထောင်ရေးကိုကြည့်ပြီး အားကျမိ၏။ သူ့မှာမူ ချစ်ရသူ ဟန်စုမွန်နှင့် ပြတ်ခဲ့သည်မှာ ( ၂ ) လခန့်ရှိနေပြီဖြစ်သည်။

ဟန်စုမွန်ထံ ရှင်းပြဖို့ အကြိမ်ကြိမ်ကြိုးစားသော်လည်းမအောင်မြင်ခဲ့ချေ။ မိဘများ၏ အတိတ်ကို ဖွင့်ပြောပြရန်လည်း မဝံ့ရဲခဲ့။ 

" မောင်လေး "

" ဗျာ မမ "

" ငါ့မောင်ကိုကြည့်ရတာ အသည်းကွဲနေလားလို့ ... မမထင်တာ ဟုတ်ရဲ့လား "

" ဒီလိုပါပဲမမရာ "

" မမကလေ မောင်လေးကိုတစ်ခုတော့ပြောပြချင်တယ် ... "

" ဟုတ် ပြောလေမမ "

" ကိုယ်ချစ်တဲ့သူကို တကယ်ချစ်ရင် ကိုယ့်ရဲ့အားနည်းချက်ကိုလည်း ဖွင့်ပြောနိုင်ရမယ် ... သူကလည်း တကယ်ချစ်ရင် အားနည်းချက်ကို ထွေးပွေ့ပေးမှာပါ ... မမလိုပေါ့ ... မမက ကိုယ့်အားနည်းချက်ကို ကိုထက်နိုင်ဆီမချန်တမ်းပြောပြတယ် ... ကိုထက်နိုင်ကလည်း လက်ခံပေးခဲ့တယ် ... ဒါကြောင့် မမရဲ့အိမ်ထောင်ရေးဟာ အဖုအထစ်မရှိဘဲ သာယာခဲ့တာပါ ... "

" ဟုတ်ကဲ့မမ "

မေချိုအေးထွက်သွားရာ အိမ်တံခါးဆီသို့ ငေးကြည့်ရင်းဇေယျ တွေးနေမိသည်။ 

ဟန်စုမွန်ထံသွားပြီး ဖွင့်ချလိုက်ရမည်လား။ မိခင်နှင့်ဖခင်တို့ကြားဖြစ်ခဲ့သောကိစ္စရပ်များသည် လျှို့ဝှက်အပ်သောအရာများဖြစ်သော်လည်း ဘဝလက်တွဲဖော်အဖြစ်ရည်ရွယ်ထားသူကိုမူ လျှို့ဝှက်ထားသင့်ပါရဲ့လားဟူ၍ ဖြစ်လေတော့၏။

ပြီးပါပြီ။

သော်တာလမင်းစန္ဒာ

#lotaya_shortstory




Some text some message..