" အပေးအယူ " အပိုင်း ( ၅ )
lotaya.mpt.com.mm
|
2022-08-28

" မိဒါလီ "

'' ဟယ် ... ဖူး ... ဘယ်ကလှည့်လာတာလဲ "

" နင့်ဆီကိုတမင်လာတာ ... ပြောစရာရှိလို့ "

" လာလေ ... ထိုင် ... ထူးထူးဆန်းဆန်းဗြုန်းစားကြီးပါ

လားဟဲ့ "

" အေးဟ "

‌ဖူးဝေက ဆိုဖာ၌ဝင်ထိုင်ရင်း အိမ်ထဲသို့ မသိမသာအကဲ

ခတ်ကြည့်နေသည်။ ဒါလီနွယ်ကရိပ်မိသဖြင့် ပြန်ဖြေ

လိုက်၏။

" ဘယ်သူ့မှမရှိဘူး ... ငါတစ်ယောက်ထဲ "

ထိုအခါမှ ဖူးဝေကလည်း စိတ်ပေါ့ပါးသွားသလိုဖြစ်

သွားလေသည်။

" နင့်လူကြီး တော်တော်အဆင်မပြေဖြစ်နေတယ်သိလား "

ဒါလီနွယ်က မျက်နှာတစ်ချက်ပျက်သွားပြီး ပြန်မေးလိုက်

လေသည်။

" ဘာတွေအဆင်မပြေဖြစ်တာလဲ "

" ဟိုစော်နဲ့ သူ့အမေက တကျတ်ကျတ်လေ ... ဘွားတော်

ကအစကတည်းက သူ့သားကိုသည်းသည်းလှုပ်မဟုတ်

လား ... လင်မယားကြားဝင်ပါတော့ စကားများကြတာ

ပေါ့ "

" ဟိန်းထက်ကိုယ်တိုင်က သူ့အမေနဲ့ မိန်းမဆိုရင် အမေ

ဘက်ပဲပါမယ့်သူမှန်းငါသိပြီးသားပါ "

" နင်မသိသေးတာရှိသေးတယ် "

" ဘာလဲ "

" သူအရွဲ့တိုက်ပြီးယူလိုက်တာ နင်မသိဘူးမလား ... ငါ

လည်းခုမှသိတာ "

" သူ့ကိုရွဲ့ပြီး ကိုမြင့်ဇော်နဲ့ ယူလိုက်တော့ သူလည်း အဲ့လိုပြန်လုပ်တာနေမယ် "

" ဟုတ်မှာပေါ့ ... ဒါနဲ့ ဟိုစော်က တော်တော်စိတ်ညစ်နေ

ပုံပဲ ... အိမ်ထဲအိမ်ပြင်လည်းမထွက်ရ ... တစ်အိမ်လုံး

အလုပ်သိမ်းကျုံးလုပ်ရတဲ့အပြင် ဘွားတော်က သူ့သား

ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးနှိပ်စက်သတဲ့ "

" ဟုတ်လို့လားဟ "

" ဟုတ်ပါတယ်ဆို ... နောက်ပြီးဟိန်းထက်က သူ့မိန်းမ

ကို ရိုက်တယ်လို့ကြားတယ် "

" ဟင် "

" နင်သူနဲ့မရတာ ကံကောင်းတာဟေ့ ... မဟုတ်ရင် ဒီ

ချိန် ဒူးနဲ့မျက်ရည်သုတ်နေရမှာ "

ဖူးဝေစကားများကို ဒါလီနွယ်လက်မခံချင်လှပေ။

' ငါကဘာလို့ဒူးနဲ့မျက်ရည်သုတ်ရမှာလဲ ... မောင်ဘယ်

သူ့ကိုအချစ်ဆုံးလဲဆိုတာ ငါအသိဆုံး ... ဒါတွေဘယ်သူ

မှ နားလည်မှာမဟုတ်ပါဘူး '

စိတ်ထဲ၌သာတွေးရင်း အပြင်သို့ထုတ်ဖော်မပြောလိုက်

တော့ပေ။ ဖူးဝေကလည်း ဒါလီနွယ်က ကိုမြင့်ဇော်နှင့်

လက်ထပ်လိုက်ခြင်းမှာ မှန်ကန်ကြောင်း၊ ကိုမြင့်ဇော်

ကဲ့သို့ လူရိုးလူအေးမျိုး တွေ့ဖို့မလွယ်ကြောင်း၊ ယခုအခါ

မိဘများက စိတ်အေးရသလို အားလုံးကလည်း

အားကျနေကြကြောင်း စသဖြင့် ပြောဆိုလည်ပတ်ပြီး

ပြန်သွားလေသည်။

ဒါလီနွယ်မှာ မချစ်မနှစ်သက်သူနှင့်လက်ထပ်ရခြင်းသည်

ပျော်ရွှင်မှုတစ်ရွေးသားမှ မရှိကြောင်း ပြန်ပြောပြလိုက်

ချင်သော်လည်း ရေငုံနှုတ်ပိတ်သာ နေခဲ့လိုက်တော့၏။

နောက်တစ်လခန့်အကြာတွင် မကုန်နိုင်သေးသောရေစက်

ကြောင့်လောမဆိုသာ ဟိန်းထက်နှင့် လမ်းတွင် တည့်တည့်ကြီး ဆုံတွေ့မိ‌ကြတော့သည်။

" ဒါလီ "

ဟိန်းထက်က သူ့အား နှမြောတသစွာဖြင့် ငေးမောကြည့်

နေသည်။

" မောင် ... အဲ ... ကိုဟိန်းထက် မတွေ့တာကြာပြီနော် ...

နေကောင်းတယ်မလား "

ချစ်သူဘဝတုန်းက ချောမောသန့်ပြန့်နေသော ချစ်သူမှာ

ယခုအခါ မျက်နှာချောင်ကျသွားသဖြင့် ရင်ထဲမကောင်း

သလိုဖြစ်သွားမိ၍ မေးလိုက်မိသည်။

" ကောင်းပါတယ် ... ဒါလီရော ... အဆင်ပြေတယ်မလား"

၎င်းတို့နှစ်ယောက်မှာ စိတ်အလိုလိုက်ကာ လုပ်ချင်ရာ

လုပ်လိုက်ကြသော်လည်း သံယောဇဉ်က မကုန်နိုင်ဘဲ

ဖြစ်နေကြသည်။ သို့သော်ဒါလီနွယ်က စိတ်ခံစားမှုကို

ထိန်းထားနိုင်ခဲ့သည် 

" ဒါလီတို့ မိတ်ဆွေတွေလိုပဲ ဆက်ခင်သွားကြတာပေါ့ "

ထိုနေ့က လမ်းခွဲပြီး အိမ်ပြန်လာကြသည်ဆိုသော်ငြား

နှစ်ယောက်လုံး၏ရင်ထဲတွင် ဝေဒနာကအသစ်တဖန်

ပြန်လည်ဆန်းသစ်လာပြန်သည်။ 

‌နေရာမှားပြီးရောက်နေကြသူများပမာခံစားနေကြရသည်။

ဟိန်းထက်ရော ဒါလီနွယ်ပါ မဉ္ဇူအေးနှင့် ကိုမြင့်ဇော်နံဘေး၌ ရှိနေကြခြင်းမှာ မှားယွင်းမှုတစ်ခုဟု ထင်မြင်

လာမိတော့၏။

နေ့လည်နေ့ခင်း အားလပ်ချိန်များတွင် ဖုန်းပြောရင်း၊

ရင်ဖွင့်ရင်း အတိတ်ကချစ်ခြင်းမေတ္တာများက တဖန်

ပြန်လည်အသက်ဝင်လာခဲ့ကြသည်။

" မောင် ... ဒါလီ့နားမှာပဲ နေချင်တယ် ... "

ဒါလီနွယ်မှာ လူက ကိုမြင့်ဇော်ဘေးရှိသော်လည်း စိတ်

က ဟိန်းထက်ထံရောက်နေခဲ့သည်။ 

" နေချင်တိုင်းလည်းနေလို့မရတော့တာ ... ဒါလီတို့ ခုလို

ရှေ့ဆက်တိုး‌ေနလို့မသင့်တော့ဘူး ... ဒီလောက်နဲ့ပဲ ...

 ရပ် "

" ဘာလို့ရပ်ရမှာလဲ ... မောင်မရပ်နိုင်ဘူး ... "

" ခုချိန်မှာအားလုံးနောက်ကျကုန်ပြီကိုဟိန်းထက် ... 

ဒါတွေအားလုံးကဘယ်သူမှားခဲ့တာလဲ ... ဒါလီ့ကို ခေါ်သွားပါတော့ ... ခိုးပါတော့လို့ ပြောနေတဲ့ကြားက ငြင်းခဲ့

လို့ဖြစ်ရတာ ... အခုဘာမှပြန်ပြင်လို့မရတော့ဘူး ... ခုလိုဖုန်းပြောနေတာတောင် လွန်နေပြီ ... သိလား "

" မောင့်အပြစ်တွေပါ ... ထားပါ ... အဲ့အချိန်တုန်းက 

မောင်မှားသွားခဲ့တယ် ... ခုချိန်မှာ အဲ့ဒီအမှားကို ပြန်

ပြင်လို့ရပါသေးတယ်ဒါလီရာ ... နော် ... "

" ဘယ်လိုပြန်ပြင်မှာလဲ "

ဒါလီနွယ်ကစိတ်ဝင်တစားမေးနေစဉ်မှာပင် လူသံကို

ကြားလိုက်ရသည်။

" ကိုကို ... မဉ္ဇူဒီမှာမနေချင်တော့ဘူး ... အိမ်ပြောင်းရ

အောင်နော် ... "

ထိုအသံကြားသည်နှင့် ဒါလီနွယ်က ချက်ချင်းဖုန်းချ

ပစ်လိုက်တော့၏။ 

" ဘာတဲ့ ... ကိုကိုဟုတ်လား "

ဒါလီနွယ်သည် အောက်နှုတ်ခမ်းကို တင်းတင်းဖိကိုက်

ထားမိသည်။ 

" နွယ်ရေ ... "

အိမ်အောက်ထပ်မှ ခင်ပွန်းသည် ကိုမြင့်ဇော်အသံကြား

သဖြင့် ထိတ်ခနဲတုန်လှုပ်သွားကာ အမြန်ထရပ်လိုက်

လေသည်။

" နွယ် အလုပ်လုပ်နေတာလား ... ခေါ်မကြား အော်မကြား

နဲ့ "

" အင်း ... စာရင်းနည်းနည်းလုပ်နေလို့ "

" အော် ... ဒီမှာ ကို့ သူငယ်ချင်းက ညစာအတူစားမယ်

ဆိုပြီး ခေါ်လို့ ... ( ၇ ) နာရီလောက်အဆင်သင့်ပြင်ထား

နော် "

" ဘယ်ကိုလဲ ... မလိုက်ချင်ပါဘူး "

" နွယ်ကလဲကွာ ... တခါတလေလေးမလို့ လိုက်ခဲ့ပါ "

" အင်း ... ပြင်ထားလိုက်မယ် "

စိတ်မပါသော်လည်း ၀တ္တရားအရ သွားဖို့ပြင်ဆင်ရ

ပေမည်ဟု ဒါလီနွယ်တွေးရင်း အိမ်ပေါ်ပြန်တက်လာ

ခဲ့သည်။ 

ထိုညက ညစာစားနေစဉ် ဟိန်းထက်ထံမှ အဆက်မပြတ်

ဖုန်းခေါ်နေသဖြင့် ဖုန်းပိတ်ထားလိုက်ရ၏။ 

" မဒါလီက အလုပ်တော်တော်များတယ်ထင်တယ် ...

အပြင်ရောက်နေတာတောင်ဖုန်းကမပြတ်ဘူးနော် ...

အားကျတယ်မဒါလီရယ် ... ကျွန်မဆိုရင် ဘာအလုပ်

လုပ်လုပ် တစ်ပိုင်းလက်စနဲ့တင် ရပ်လိုက်ရတာများ

တယ် ... ခုတော့ယောကျာ်းလုပ်စာထိုင်စားပေါ့လေ "

ဒါလီနွယ်ကတော့ အလိုက်သင့်ပြုံးပြရင်း ဟန်ကိုယ်

ဖို့နေရလေသည်။ အိမ်အပြန်တွင် ကိုမြင့်ဇော်နံဘေး

ထိုင်လိုက်လာရင်း နှုတ်ဆိတ်နေမိသည်။

" နွယ် ... နေမကောင်းဘူးလား "

" ဟင် ... ကောင်းပါတယ် ... ဘာလို့လဲ "

" စကားနည်းနေလို့ "

" အရင်ကလည်းပြောတာကြနေတာပဲ ... တနေကုန်

အလုပ်အကြောင်းတွေးနေရလို့ စိတ်အေးအေးလေး

နေ‌ချင်တာနဲ့ ငြိမ်နေတာပါ "

" အင်းပါ ... ကိုလည်းဘာမှမပြောပါဘူး ... နေမကောင်း

ဖြစ်တာလားစိုးရိမ်ပြီးမေးကြည့်တာ "

မိမိမျက်နှာလေးတစ်ချက်ညိုးလျှင်တောင် ဂရုတစိုက်

ရှိတတ်သောကိုမြင့်ဇော်ကိုတော့ ဒါလီနွယ် အားနာမိ

သည်။

မိမိစိတ်ထဲရင်ထဲမှာမူ အချစ်ဦးကို မေ့မရနိုင်၊ တမ်းတ

နေဆဲ ဖြစ်နေ၍ မလုံမလဲလည်းဖြစ်မိနေသည်။ 

" ငါ ဒီလိုဆက်လုပ်နေလို့မဖြစ်သေးပါဘူး ... "

ကိုယ့်ကိုယ်ကို ပြန်ထိန်းရင်း ဆင်ခြင်နိုင်ရန် သတိပေး

နေရလေသည်။ 

" ဘာလို့ဖုန်းမကိုင်တာလဲ ... မနေ့ညတစ်ညလုံးဆက်

နေတာ ဖုန်းကိုပိတ်ပစ်တယ် "

" ကိုဟိန်းထက် ... ရှင့်ကိုကျွန်မပြောပြီးတာအခါတစ်ရာ

လောက်ရှိနေပြီလေ ... ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး

လို့ ... ဘာလို့ရှေ့ဆက်ချင်နေသေးတာလဲ "

" ဒါလီ အဲ့လူနားမှာပျော်လား ... မောင်မေးတာဖြေစမ်း

ပါ "

" ပျော်ပျော်မပျော်ပျော်ရှင် ... ဒါကျွန်မအပိုင်း ... ကျွန်မ

တို့မှာ ဆိုင်သူတွေကိုယ်စီရှိနေကြပြီ ... မဖြစ်သင့်တော့

ဘူး "

" မောင်ကတော့လက်မခံဘူး ... ဒါလီကတစ်နေ့မောင့်

မိန်းမဖြစ်‌ရမှာပဲ ... ဘယ်နည်းနဲ့မဆိုရအောင်ယူမယ် "

" တော်ပါတော့ "

ဒါလီနွယ်သည် ဖုန်းကိုအမြန်ချပစ်လိုက်၏။ ဟိန်းထက်

က အဆက်မပြတ်ခေါ်နေသဖြင့် ဖုန်းပိတ်ထားလိုက်ရ

သည်။ 

' ငါဘာတွေလျှောက်လုပ်နေတာလဲ ... သူနဲ့ပြန်ဆက်

သွယ်မိတာ မှားတာပဲ '

ယခင်ကသံယောဇဉ်ကြောင့်ဆက်နွယ်မိပြီးမှ ယခုအခါ

ဖြတ်ဖို့ခဲယဉ်းနေသဖြင့် မတင်မကျဖြစ်လာမိ၏။

ဟိန်းထက်မှာမူ ယခုအခါတွင်လက်မလျော့တော့ဟု ဆုံး

ဖြတ်ထားသည်။ မဉ္ဇူအေးကို ကွာရှင်းဖို့ရန်မလွယ်သေး

သဖြင့် အကြံထုတ်နေရသည်။

' ဘယ်မိန်းမ မဆို ဂရုမစိုက်ဘဲပစ်ထားရင် တဖြည်းဖြည်း

စိတ်ကုန်လာမှာပဲ ... '

ထိုသို့တွေးမိပြီး မဉ္ဇူအေးအား ယခင်ကဲ့သို့ဂရုစိုက်မှုမျိုး

မပေးတော့ချေ။ ဒေါ်စန်းစန်းတင့်ကမူ ဟိန်းထက်၏အကြံ

ကို မသိရှိသော်လည်း မဉ္ဇူအေးနှင့် ယခင်ကတည်းက

သဘောမတူသဖြင့် ကွဲလေကြိုက်လေပင်။

သားဖြစ်သူကြောင့်ပတ်သက်နေရ၍သာ မပြောချင်လည်း

ပြောနေရသည်၊ မခေါ်ချင်လည်းခေါ်နေရသည်၊ စိတ်ထဲ

၌မူ လုံးလုံး စိတ်မချမ်းသာနေပေ။

သူ၏သားနှင့်ထိုက်တန်သောမိန်းမဟူသည် ဤကမ္ဘာပေါ်

၌ မမွေးသေးသလိုယူဆနေလေသည်။ ဟိန်းထက်မရှိချိန်

တွင် မဉ္ဇူအေးကို အနုနည်းဖြင့်နှိပ်စက်သည်။

မဉ္ဇူအေးမှာ ဟိန်းထက်အပေါ် ချစ်ခြင်းမေတ္တာအစစ်အ

မှန်ဖြင့် ချစ်မြတ်နိုးရှာ၏။ သို့သော် မြေစာပင်ဖြစ်မှန်း

မသိ ဖြစ်နေရလေသည်။ 

တည်ထားသောအိမ်ထောင်ကို မပျက်လို၊ တည်မြဲချင်

သဖြင့်သာ ကျိုးနွံစွာနေနေရသည်၊ ထိုနေရာ၌ တနေ့

တခြားမပျော်ပိုက်လာတော့ချေ။

" ဟင် ... ဒါ ... ဒါ ဘာလဲ ကိုကို "

မဉ္ဇူအေးသည် အခန်းရှင်းရင်း ဆေးကတ်တစ်ကတ်ကို

မြင်သဖ့င့် အထိတ်တလန့်မေးလာသည်။ ဟိန်းထက်မှာ

မူ မည်သည်မှ အံ့ဩဟန်မပြပေ။

" ဆေးလေ "

" အင်းလေ ... ဆေးမှန်းသိတာပေါ့ ... ဒီဆေးက ဟိုလို

ဆေးကြီးကို "

" ငါကလေးမလိုချင်လို့ကွာ ... မင်းကလဲ ကလေးရူး ရူး

နေလို့ ... ဒီတိုင်းဆိုမသောက်မှန်းသိတာနဲ့ မုန့်ထဲထည့်

တိုက်နေတာ "

" ဘာရယ် ... ကိုကို "

မဉ္ဇူအေး၏အသံမှာဝမ်းနည်းကြေကွဲသံရောယှက်၍

နေသည်။

" ဘာလို့ကလေးမလိုချင်တာလဲ ... ဘာလို့လဲ "

" ကလေးတစ်ယောက်မွေးတာလွယ်တာမှမဟုတ်တာ ...

ငါအဆင်သင့်မဖြစ်သေးဘူး ... အဲ့ဒါကြောင့် "

" ရက်စက်လိုက်တာကိုကိုရယ် ... မဉ္ဇူကတော့ လတိုင်း

ကလေးလေးလာမလားလို့ မျှော်နေခဲ့တာ ... ကိုကိုက 

ဒီဆေးတွေနဲ့ ... အဟင့် ... ဟင့် ... "

" ငါမယူခိုင်းတာဟေ့ "

မည်သည့်အချိန်ကတည်းက တံခါးပေါက်နားရောက်

နေမှန်းမသိသောဒေါ်စန်းစန်းတင့်ဝင်လာသဖြင့် ဟိန်း

ထက်အသက်ရှုချောင်သွားခဲ့သည်။

" ဘယ့်နှယ့် ... ကိုယ့်ယောကျာ်းက ခုမှ လုပ်ငန်းလေး

အဆင်ပြေရုံကြံသေး ... ကုန်ပေါက်တွေစိတ်ကူးနေ

တယ် ... ကလေးစရိတ်လွယ်တယ်ထင်သလား ... "

" အမေရယ် ... ဒါပေမယ့် ... "

" ဒါပေမယ့်တွေလုပ်မနေနဲ့ ... နင်ဘယ်နှပြားရှာနိုင်လို့

လဲ ... ရှာနိုင်မှ မွေးဖို့စိတ်ကူး ... ငါ့ဆီတော့မမျှော်နဲ့ ...

တစ်ပြားမှမပေးနိုင်ဘူး ... ရှင်းလား "

မဉ္ဇူအေးသည် ဆို့နစ်လာသဖြင့် မျက်ရည်များကတား

မရတော့ပေ။

" ငိုပြမနေနဲ့ ... ကျက်သရေကိုမရှိဘူး ... အိမ်လာဘ်တိတ်

တယ် "

ဒေါ်စန်းစန်းတင့်က မဲ့ကာရွဲ့ကာပြောရင်းထွက်သွားသလို

ဟိန်းထက်ကလည်း လိုက်ထွက်သွားသည်။ မဉ္ဇူအေး

အတွက် ရင်ဖွင့်ရာမှာ ခေါင်းအုံးပေါ်သာဖြစ်လေသည်။

" ဒါလီ ... မောင်တော့ မောင့်အစီအစဉ်အတိုင်းလုပ်နေ

ပါပြီ ... ဒါလီပဲကျန်တယ်နော် "

" ဒါလီမလုပ်နိုင်ဘူး ... ရှင်းအောင်ထပ်ပြောမယ် ...

ပြီးပြီးသားကိစ္စကို အစပြန်မလုပ်ချင်တော့ဘူး ...

နောက်လည်းဖုန်းမဆက်ပါနဲ့တော့ ... ဆက်လာလည်း

ဖုန်းမကိုင်တော့ဘူး ... ဒါလီတို့ရဲ့ရေစက်က အရင်က

တည်းကပြီးသွားပြီ ... "

" မောင်တောင်းပန်ပါတယ်ဆိုကွာ ... အဲ့လိုမလုပ်ပါနဲ့ "

ဟိန်းထက်စကားမဆုံးခင် ဒါလီနွယ်ကဖုန်းချလိုက်တော့

သည်။

' မောင်ရယ် ... ဒါလီလည်းကြေကွဲရပါတယ် ... ဒါပေမယ့်

ဘယ်လိုမှရှေ့ဆက်ဖို့ မဖြစ်နိုင်တော့ပါဘူး "

ဒါလီနွယ်သည် ကိုယ့်ကိုယ်ကိုဒေါသထွက်သလို ဟိန်း

ထက်ကိုလည်းဒေါသထွက်သည်။ ကံကြမ္မာကိုလည်း

နာကြည်းသည်။ 

ဘဝတလျှောက်လုံးတွင် ဟိန်းထက်တစ်ယောက်သာ 

သူမ ချစ်ခဲ့ဖူး၏။ သို့သော် ချစ်တိုင်းလည်းမညား ခဲ့

ရချေ။ 

ဟိန်းထက်နှင့်အဆက်အသွယ်မရသည့်ကာလအတွင်း

စိတ်ကိုတည်ငြိမ်အောင်စုစည်းနေနေရသည်။ တမ်းတ

စိတ်က တခါတရံ ပေါ်ပေါ်လာ၏။ ထိုအခါမျိုးတွင် စိတ်

တည်ငြိမ်စေရန် အလုပ်ထဲဖိဖိစီးစီးပိုလုပ်ဖြစ်ခဲ့သည်။ 

ကိုမြင့်ဇော်ကို မချစ်သော်လည်း သစ္စာတစ်ခုကိုတော့

စောင့်ထိန်းနိုင်ရန် ကြိုးစားခဲ့၏။ 

အတန်ကြာသောကာလတစ်ခုတွင် သတင်းဆိုးတစ်ခုကို

ဒေါ်စန်းစန်းတင့်ကသူမထံ ယူဆောင်လာခဲ့သည်။ ဟိန်းထက်က သူ့ဇနီးအား ရေနစ်သတ်သည်ဟူ‌ေသာအမှုဖြင့် အချုပ်ကျနေသည်ဆိုသောသတင်းပင်။

ထိုသတင်းကြောင့် ဒါလီနွယ်မှာ ပူပင်သောကရောက်မိ

သလို ဟိန်းထက်အမှုအတွက် ကိုမြင့်ဇော်အား ရှေ့နေ

လာငှားရမ်းသည်ဟု သိရသဖြင့် ပို၍ထိတ်လန့်သွားရ

သည်။

" အန်တီ ... ကျွန်မယောက်ျား ရှေ့မှာ ပြီးပြီးသားကိစ္စတွေ

ကို အစပြန်မဖော်ဖို့ တောင်းဆိုပါတယ် ... "

" ငါ့သားအမှုအတွက်ပဲငါလာတာ ... နင်တို့ကိစ္စငါစိတ်

မဝင်စားဘူး ... "

" ဟုတ်ကဲ့ပါ ... အခုတော့ကျွန်မယောက်ျား  အိမ်ပြန်

မရောက်သေးဘူး ... ခဏနေတစ်ခေါက်မှ ပြန်လာခဲ့

ပါလားအန်တီ ... သူ့ရှေ့ရောက်ရင်လည်း ကျွန်မနဲ့အန်

တီက မသိကြဘူးနော် ... ရမလား "

" အေးပါ ... ငါသိပါတယ် "

အမြန်နှုတ်ပိတ်လိုက်နိုင်၍ စိတ်အေးသွားရသော်လည်း

တစ်ချိန်ကချစ်ရသူအတွက် ရတက်မအေးနိုင်သလိုခံစားနေရ၏။

သို့သော်လည်း ကိုယ့်လမ်းကိုယ်လျှောက်နေပြီဖြစ်၍

မေ့ပျောက်နိုင်ဖို့ရန်သာ ရှိပေသည်။ ထိုကာလအတွင်း

အိပ်မက်ဆိုးများဆက်တိုက်မက်နေမိပြန်သည်။

အိပ်မက်နှင့်အတူ ကြားသိလိုက်ရသည်က သူမနားကို

သူမ မယုံနိုင်။ တားဆီးထားသည့်ကြားမှ ကိုယ်ဝန်လွယ်

ထားရသည်ဟူသောအရာက ပါးစပ်အဟောင်းသားနှင့် 

အံ့ဩမှင်သက်သွားစေသည်။

သွေးရင်းသားရင်းရလာသဖြင့် တည်ငြိမ်မည်ကြံရုံရှိ

သေး၊ သူမထံသို့ ထူးဆန်းသောဧည့်သည်က ရောက်

ရှိလာပြန်၏။

ထိုသူမှာ မဉ္ဇူအေး၏ အစ်မ ရွှေစင်အေးပင်ဖြစ်လေ

သည်။ ရွှေစင်အေး၏ ပြောပြချက်များအရ သူမလွယ်

ထားရသော ကိုယ်ဝန်မှာ အိပ်မက်ထဲမှမိန်းကလေး၊ ရည်း

စားဟောင်း၏ဇနီး မဉ္ဇူအေးဟု ယူဆရချိန်တွင် ဒါလီ

နွယ် ခေါင်းနားပန်းကြီးသွားတော့သည်။

ထို့အပြင် ဟိန်းထက်ထံမှ သတင်းစကားကလည်း သူမ

ဆီသို့ မရောက်ရောက်အောင်ပို့လာသည်။ မဉ္ဇူအေးဝင်

စားခြင်းမှန်ပါက သူနှင့် ဘယ်သောအခါမှ ရေစက်ကုန်

ဆုံးမည်မဟုတ်ကြောင်းပင်ဖြစ်သည်။

ထိုအချင်းအရာကြောင့် ကလေးကိုမွေးမည် မမွေးမည်

မှာ ဆုံးဖြတ်ရခက်သွားရသည်။ မွေးပြီးမှ ဟိန်းထက်က

တစုံတရာ လိုက်နှောင့်ယှက်ပါလျှင် အတိတ်မှအဖြစ်

အပျက်များသည် ဗူးပေါ်သလိုပေါ်ပေတော့မည်။

ကလေးကို အနှောင့်အယှက်ပေးမည်တော့ သူမ စိုးရွံ့

မိ၏။ ဘဝအသစ်ပြန်စနေရသော သူမအတွက် ဟိန်း

ထက်နှင့် မပတ်သက်လိုတော့ပေ။ 

သူမ မက်သလို ဟိန်းထက်လည်းအိပ်မက်မက်ခဲ့ဟန်တူ

သည်ဟု တွေးမိလိုက်သည့်အခါ ခေါင်းတစ်ခုလုံးချာချာ

လည်သွားရသည်။ 

ထို့အပြင် အိပ်မက်ထဲ၌ မဉ္ဇူအေးဝိဉာဉ်နှင့် အပေးအယူ

လုပ်ခဲ့သေး၏။ ထိုအပေးအယူကိစ္စကို သူမ ပြန်မတွေး

ချင်ပေ။

ကိုမြင့်ဇော်ကို အကုန်မပြောပြခဲ့ဘဲ ချန်လှပ်ထားရခြင်း

မှာ ဟိန်းထက်နှင့် သူမ၏ မေတ္တာရေးကိစ္စကို မသိစေ

လို၍သာဖြစ်သည်။

" ကျွန်မကိုသူတို့ ရက်ရက်စက်စက်သတ်ပစ်ကြတယ် ...

သူတို့ကိုပြန်လုပ်ရမှကျေနပ်မယ် ... "

" အဲ့ဒါငါနဲ့ဘာဆိုင်လို့ ငါ့ဆီလာရတာလဲ "

" သူက ရှင့်ကိုအချစ်ဆုံးလေ "

ဒါလီနွယ်က အိပ်မက်ကိုနားမလည်ပေ။ မဉ္ဇူအေးက

မည်သည့်နည်းဖြင့် ကလဲ့စားချေမည်နည်း။

" ကျွန်မကိုပေးနေပါ ... ရှင့်အလုပ်တွေကျွန်မကူပေး

ပါ့မယ် "

" ပေးမနေနိုင်ပါဘူး ... လာမနေနဲ့ "

" ပေးနေပါအစ်မရယ် ... အစ်မရဲ့အလုပ်ကို အောင်မြင်

ချင်တယ်မဟုတ်လား ... အခုအစ်မ အဆင်မပြေတာ

ကျွန်မသိပါတယ် ... ကျွန်မလာနေရင် အားလုံးအဆင်‌

ပြေသွားမှာပါ ... "

" ဒီတော့ "

" အစ်မကကျွန်မကိုပေးနေ ... ကျွန်မက အစ်မအလုပ်

တွေကူညီပေးပါ့မယ် ... "

" နင်ကတိတည်ပါစေနော် "

အိပ်မက်ထဲ၌ သေဆုံးသွားသူနှင့် အပေးအယူလုပ်ခြင်း

မှာ ရယ်ချင်စရာလိုပင်။ သို့သော် ထိုအိပ်မက်မက်ပြီး

ချိန်နှင့် မကွာလှဘဲ ကိုယ်ဝန်လွယ်ထားရကြောင်းသိရ

သဖြင့် တိုက်ဆိုင်မှုမဟုတ်မှန်း ဒါလီနွယ် ရိပ်မိလိုက်

တော့သည်။ 

" ကိုမြင့်ဇော်ရေ ... သဘက်ခါ ရေနစ်သတ်တဲ့အမှု အမိန့်

ချမယ်တဲ့ "

" မြန်တယ်နော် "

" အမှုက သိသာနေတာကိုး ... သက်သေတွေလည်းခိုင်

လုံနေတော့ ... ကျိန်းသေကျမှာပဲ "

ကိုမြင့်ဇော်သည် ဇနီးသည်ဗိုက်ထဲမှကိုယ်ဝန်မှာ မဉ္ဇူအေး

ဖြစ်နေမည်လောဟု သံသယဝင်နေမိသဖြင့် အမိန့်ချပါက

သွားရောက်ကြားနာရမည်ဟု တွေးထားလိုက်သည်။ 

" မောင်ဟိန်းထက် ( ဘ ) ဦးကျော်ငြိမ်း အား အလုပ်

ကြမ်းနှင့် ထောင်ဒဏ် (၇)နှစ် ကျခံစေရန် အမိန့်ချမှတ်

လိုက်သည် " 

တစ်ရုံးလုံးတိတ်ဆိတ်သွားသလိုခံစားလိုက်မိသည်။ ပြီး

မှ ဒေါ်စန်းစန်းတင့်ထံမှ ငိုရှိုက်နေသံထွက်ပေါ်လာ၏။

သူမက ကြံရာပါဖြစ်သော်လည်း ဦးအုန်းသင်၏ လျှောက်

လဲချက်ကောင်းမှု၊ ဟိန်းထက်၏ဖြောင့်ချက်တို့ကြောင့်

လွတ်မြောက်သွားရသည်။

ထိုအရာများမပါရှိပါက ဒေါ်စန်းစန်းတင့်သည်လည်း

ထောင်နန်းစံရပေမည်။ အမိန့်ချမှတ်လိုက်ပြီး အရာ

အားလုံးပြီးဆုံးသွားသလို ကိုမြင့်ဇော်ခံစားလိုက်ရသည်။

သို့သော် သူထင်ထားသလို ပြီးဆုံးခြင်းမဟုတ်ဘဲ စတင်

ခြင်းသာဖြစ်ကြောင်း ထိုအချိန်က မည်သူမှ ရိပ်မိသိရှိ

ကြခြင်းမရှိကြပေ။ 

ဟိန်းထက်က ကိုမြင့်ဇော်ကို ပမာမခန့် ကြည့်ကာ မဲ့ပြုံး

ပြုံးနေသည်။ မိခင်ဖြစ်သူအား သူ၏အမှုအတွက် ရှေ့နေ

လိုက်ပေးရန် ကိုမြင့်ဇော်ကို တမင်ခေါ်ခိုင်းခဲ့ခြင်းလည်းဖြစ်သည်။ 

(၇)နှစ် ဆိုသောကာလအပိုင်းအခြားမှာ ဟိုလှည့်ဒီလှည့်

နှင့်ကုန်ဆုံးလာခဲ့၏။ ဂူဂူးလေးကိုမမွေးခင်က စိုးရိမ်

စိတ်ကြီးမားမိသော်လည်း မွေးလာသည့်အခါ ဂူဂူးလေး

မှာသာမန်ကလေးများကဲ့သို့သာဖြစ်သဖြင့် စိတ်ပူမှုများ

တစ်စတစ်စလွှင့်ပါးသွားခဲ့ကြသည်။

အိပ်မက်ထဲမှအကြောင်းအရာများ မှန်သည်ဖြစ်စေ၊ မှား

သည်ဖြစ်စေ စိတ်လုံခြုံမှုရရှိစေရန် ခြံထဲမှ ရေကူးကန်အား ဖျက်ပစ်လိုက်သည်။ 

ရေကန်မရှိသောအိမ်ဖြစ်၍ ဂူဂူး‌ေလးအတွက် အဆင်

ပြေမည်ဟု ဒါလီနွယ်က ယုံကြည်၏။ ဂူဂူးကလည်း

စကားနည်းသည်ကလွဲပြီး ရုပ်ရည်ကလည်း မိဘနှစ်ပါး

လုံးနှင့် ဆင်တူသဖြင့် ချစ်စရာကောင်းသည်။ ကိုမြင့်

ဇော်က အသားညိုပြီး ဒါလီနွယ်ကအသားဖြူသည်။

ဂူဂူးလေးက အသားဝါညက်ညက်ဖြစ်၏။ 

ဒါလီနွယ်ကလည်း သမီးလေးမွေးလာပြီး ဟိန်းထက်ကို

တဖြည်းဖြည်းမေ့ပျောက်နိုင်လာသည်။ တခါတရံ အတွေး

ထဲ လုံးဝပင်မရှိတော့ချေ။

အလုပ်ထဲစိတ်နှစ်ရင်း နှစ်ရင်းနှင့် အိမ်ထောင်ရေးက

အေးစက်လာသည်တော့အမှန်။ သို့သော်ဆိုးဆိုးရွားရွား

မဖြစ်ခဲ့။ သို့သော်ကံကြမ္မာကတစ်ပတ်ပြန်လည်လာခဲ့သည်။ 

ဖုန်းအဆက်မပြတ်မြည်နေသဖြင့် နံပါတ်စိမ်းတစ်ခုကို

ဒါလီနွယ် လက်ခံပြီးဖြေကြားလိုက်၏။

" ဒါလီ "

ထိုအသံကို ဒါလီနွယ် မေ့နိုင်မည်မဟုတ်သလို ထိတ်လန့်

တုန်လှုပ်သွားခဲ့သည်။

" ကိုဟိန်းထက် ... ရှင်လွတ်လာပြီလား "

" မောင် လွတ်တာနဲ့ ဒါလီ့ဆီ အရင်ဦးဆုံးဆက်တာ ...

ဒါလီကတော့ မောင့်ဆီတစ်ခါမှတောင်လာမကြည့်ဘူး

နော် ... နေနိုင်လိုက်တာ "

" ကိုဟိန်းထက် ... ရှင်လွတ်လာတာ ဝမ်းသာပါတယ် ...

ဒါပေမယ့် ဟိုအရင်လို စကားတွေကို မလွတ်မကင်း

မပြောစေချင်ဘူး ... ကျွန်မတို့ ကြားမှာ ဘာပတ်သက်

မှုမှလည်းမရှိဘူး "

" ဘာလို့မရှိရမှာလဲ ဒါလီရာ "

" ဘာရှင့် "

" ဒါလီ့သမီးလေးက မဉ္ဇူအေးပဲဟာ "

" ဘာဆိုင်လို့လဲ ... ကျွန်မသမီးက ကျွန်မမွေးထားတဲ့

သမီးပဲ ... မဉ္ဇူအေးနဲ့ဘာမှမဆိုင်ဘူး ... ရှင်လျှောက်ပြော

မနေနဲ့ "

" ဆိုင်တာပေါ့ ... အဲ့ဒီဟာမကို ယူမိလို့ အမေစိတ်ဆင်းရဲ

ရတယ် ... မောင့်ဘဝကြီးပျက်စီးခဲ့ရတယ် ... ဒါ့အပြင်

မောင်အထဲရောက်နေတုန်း မောင့်စိတ်နဲ့ မေမေဆုံးသွား

ရပြီ "

" ဟင် ... ဘယ်တုန်းကဆုံးတာလဲ "

" မေမေဆုံးတာ တစ်နှစ်ကျော်ပြီ ... ဒါတွေဒါလီမသိ

ဘူးလား ... နည်းနည်းလေးမှစိတ်မဝင်စားတော့တာလား "

" အန်တီဆုံးသွားတာ တကယ်စိတ်မကောင်းပါဘူး ...

ဒါပေမယ့်ကိုဟိန်းထက် ... အခုချိန်မှာ အတိတ်တွေကို

ပြန်ပြောနေမယ့်အစား ဘဝအသစ်ကိုပြန်စပါနော် ...

အန်တီလည်း အဲ့လိုဖြစ်စေချင်မှာပါ "

" ဒါမောင့်အပိုင်းပါဒါလီ "

ဒါလီနွယ်မှာ ဖုန်းပြောရင်း အဘယ်ကြောင့်တုန်လှုပ်

နေမိသည်မသိ။ ရင်တထိတ်ထိတ်ဖြစ်နေမိသည်။ 

" မဉ္ဇူအေးကို အမှုန့်ကြိတ်ပစ်ချင်တာ ... ဘယ်ဘဝရောက်

ရောက်လုပ်မှာ ... ဘဝအသစ်ပြောင်းသွားလို့လည်း ခွင့်

လွှတ်မယ်မထင်နဲ့ ... "

" ရှင်ဘာတွေပြောနေတာလဲကိုဟိန်းထက် "

" မောင်ပြောတာ သေချာနားထောင် ... မောင်နဲ့မဉ္ဇူအေး

တို့ရဲ့ ရန်ငြိုးတွေကို ဒီလောက်နဲ့အပြီးသတ်ရမလား ...

ဒါမှမဟုတ် ဆက်သွားစေချင်လား "

" ဆက်မသွားစေချင်ပါဘူး ... အပြီးသတ်လိုက်ပါနော် ...

အမုန်းတွေပွားပြီးဘာလုပ်မှာလဲမဟုတ်ဘူးလား "

" ကောင်းပြီလေ ... ဒါလီဖြစ်စေချင်သလို အပြီးသတ်

လို့ရတယ် ... ဒါပေမယ့် မောင့်အနားမှာဒါလီရှိမှဖြစ်မှာ "

" မဖြစ်နိုင်တာတွေ မပြောပါနဲ့တော့ကိုဟိန်းထက်ရယ် "

" ဒါလီ မောင့်နားမနေဘူးဆိုရင် မောင်ကလည်း ဆက်

လုပ်ရမှာပဲ ... ထောင်တစ်ခါကျဖူးတဲ့သူအတွက် နောက်

တစ်ခါထပ်ကျလည်း အဆန်းမဟုတ်ဘူး "

" ရှင် ... ရှင်ဘာထပ်လုပ်အုံးမလို့လဲ "

" မောင်ဘာလုပ်မယ်ဆိုတာ ဒါလီသိပါတယ် ... ဒီတော့

ဒါလီဆုံးဖြတ် ... ဒါလီရဲ့ သမီးလား ... မောင့်ကိုလား ...

အချိန် ၃ ရက်ပေးမယ် ... မောင်နောက်တစ်ခါဖုန်းပြန်

ဆက်တဲ့အချိန် အတိအကျသိချင်တယ် ... ဟိုလိုလို

ဒီလိုလို ဝေ့ဝိုက်ဖို့စိတ်မကူးနဲ့နော် ... မောင်က မိုးအဆုံး

မြေအဆုံးပဲ ... နောက် သုံးရက်နေပြီးရင် ပြန်တွေ့မယ်

ဒါလီ ... ချစ်တယ် "

ဟိန်းထက်က ဆက်တိုက်ပြောကာ ဖုန်းချသွားလေသည်။

ဒါလီနွယ်သာ ဖုန်းအကိုင်လိုက် တုန်လှုပ်ကာနေခဲ့၏။

" ရူးနေပြီ ... သူရူးသွားပြီ "

ထိုအကြောင်းအရာကို ကိုမြင့်ဇော်ထံ ဖွင့်ဟပြောလျှင်

ကောင်းမည်လားဟု တွေးလိုက်သေးသည်။ သို့သော်

မည်သို့စကားစရမည်မသိပေ။

" ပြောလည်းခက် မပြောလည်းခက် ဘယ်လိုလုပ်ရမလဲ

စိတ်ညစ်တယ် "

တစ်ယောက်တည်း ပူပန်နေရင်း ဖြေရှင်းရန်နည်းလမ်း

ရှာမရနေချေ။ ဟိန်းထက်ပြောထားသော သုံးရက်က 

မကြာခင်ပြည့်ပေတော့မည်။

ဂဏှာမငြိမ်ဖြစ်နေပြီး အတွေးမပေါက်နိုင်တော့သဖြင့်

ဂူဂူးလေးနားထိုင်ကာ ငေးကြည့်နေမိ၏။

" သမီးလေး ... ဂူဂူး ... "

ဂူဂူးက သူမကို မော့ကြည့်လာသည်။

" မေမေ့ကို ချစ်လား "

ဂူဂူးက ပြုံးကာ ခေါင်းညိမ့်ရင်း မပီကလာအသံဖြင့်

ပြန်ဖြေ၏။ ဒါလီနွယ်မှာ ကိုမြင့်ဇော်ကို မချစ်သော်

လည်း မိမိရင်သွေးလေးကိုမူ အသက်မကချစ်မြတ်

နိုးလှသည်။ 

" ငါဘာလုပ်ရမလဲ ... "

နာရီလက်တံရွေ့နေသလို ဒါလီနွယ်၏ရင်ထဲ တဒိတ်ဒိတ်

တုန်လှုပ်လာ၏။ အချိန်သုံးရက်မှာ ယခုနေ့ပင် ပြည့်ပြီ

ဖြစ်သည်။

ဖုန်းကရုတ်တရက်မြည်လာသည့်အခါ ဒါလီနွယ်မှာ တကိုယ်လုံး ကျင်တက်သွားသလို တုန်လှုပ်သွားမိသည်။

" ဟဲလို "

သူမ၏အသံက တုန်ယင်နေမှန်း ကိုယ့်ကိုယ်ကိုသိနေ

လေသည်။

" မောင်ပါ ... "

" ဟုတ်ကဲ့ ... ပြောလေကိုဟိန်းထက် "

တည်ငြိမ်နေဟန်ဆောင်ပြီး ‌ခပ်တည်တည်ပြန်မေးလိုက်

သည်။

" မောင့်ကို အဖြေပေးရမှာလေ ... ဘယ်လိုလဲ ... ဘယ်

သူ့ကိုရွေးထားလဲ "

" ဒီမှာကိုဟိန်းထက် ကျွန်မရဲ့ဘဝကို မဖျက်ဆီးပါနဲ့

ရှင် ... တောင်းပန်ပါတယ် ... "

" ဖျက်ဆီးနေတာမဟုတ်ဘူး ... အပေးအယူလုပ်နေတာ "

" အပေးအယူ "

" ဟုတ်တယ် ... အပေးအယူလုပ်တာ ... သမီးကိုရွေးမှာ

လား ... မောင့်ကိုရွေးမှာလား ... ဖြေ "

" ရှင့်ကိုဘာလို့ရွေးရမှာလဲ ... ကျွန်မသမီးကိုတော့ လက်

ဖျားနဲ့တောင်မထိနဲ့ အသက်ချင်းလဲပစ်မယ် "

" ဒါ ... ဒါလီ့ရဲ့ဆုံးဖြတ်ချက်လား ... သေချာပြီလား "

" ဘယ်နှခါပြောရမှာလဲ ကိုဟိန်းထက် ... ကျွန်မတို့သား

အမိကို စိတ်ဆင်းရဲအောင်မလုပ်ပါနဲ့ "

" အဟက် ... ဒါလီက ကိုယ့်အသည်းကိုအရင်ခွဲခဲ့တာပါ

... ပြီးတော့ မဉ္ဇူအေး... သူကဘဝကိုပါဖျက်တယ် ... 

မောင်က ဒါလီ့ကိုရွေးပေမယ့် ဒါလီက မောင့်ကို မရွေး

ဘူးကိုး ... " 

" ဦးဦး "

ဖုန်းထဲမှ ဂူဂူးလေးအသံကိုကြားလိုက်ရသဖြင့် ဒါလီနွယ်

ခေါင်းနားပန်းကြီးသွားတော့သည်။

" ရှင် ... ရှင် ... အခုဘယ်မှာလဲ ... "

" ပြောလေ ... ဘယ်မှာလဲ "

" ဒီကဆိုင်းဘုတ်မှာတော့ ရွှေရင်သစ် မူကြို တဲ့ ... နေ

ရာတော့ မပြောတတ်ဘူး ... အထဲမှာနေတာကြာလို့ 

လမ်းတောင်မညွှန်တတ်တော့ဘူး "

ဟိန်းထက်စကားကြောင့် ဒါလီနွယ်မှာ အသံကုန်အော်ဟစ်

ပစ်လိုက်တော့၏။

" ငါ့သမီးကိုထိလို့ငါတော့ နင့်ကိုအပိုင်းပိုင်းခုတ်ပစ်မှာ ..."

ဒါလီနွယ်၏ဒေါသတကြီးအော်သံကြောင့် ဟိန်းထက်မှာ

အားရပါးရ ရယ်မောလာလေတော့သည်။

ဆက်လက်ဖော်ပြပါမည်။

သော်တာလမင်းစန္ဒာ

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory




Some text some message..