
ကိုယ်ဝန်စရှိပြီဆိုထဲက ဦး မာန်ဟာ ဖယောင်းကို သဲသဲလှုပ်ဂရုစိုက်သလို က်ဥ္းထဲ ကြပ်ထဲ တဖြည်းဖြည်းရောက်လာသည်က ဖယောင်းပင်။ ကိုယ်ဝန်ရှိနေပြီဆိုသည့်အကြောင်းကို ဦး မာန်နဲ့အတူ မေမေ့အား သွားပြောစဥ်က ကိုယ်ဝန်ကြီးနဲ့မို့ မေမေက အိမ်လာပြန်နေရန်ပြောရှာသည်။
" အဲ့အတွက် မပူပါနဲ့ မေမေရယ်.....ကျွန်တော် နာစ့်တစ်ယောက် ငှားထားတယ်။ အိမ်မှာ ခေါ်ထားတဲ့ အဒေါ်ကြီးလဲ ရှိတာပဲဟာ။ ကျွန်တော်လဲ အိမ်ကပဲ အလုပ်လုပ်ဖြစ်ဖို့ များတယ်။ "
ဘယ်လိုဖျောင်းဖျဖျောင်းဖျ မရသည့်အဆုံး မေမေလဲ ထပ်မပြောတော့သလို နောက်ဆုံးလက်လျှော့ရရှာသည်။ မနက်ဆို ဖယောင်းကို ကိုယ်ဝန်ဆောင်အားဆေး ကိုယ်တိုင်တိုက်ပြီးမှ မနက်စာအတူစားကာ အလုပ်သွားသလို ပြန်လာသည့်အခါလဲ အသီးအမျိုးမျိုးပါလာတတ်သည်။
မာန်ခိုက်ထင် ရုံးခန်းထဲ စားရင်းတွေစစ်နေစဥ် ဧည့်သည်လာသည်ဆိုတာမို့ ကိုကျော့်ကိုမေးကြည့်တော့ ခယောင်းပန်းဆိုသဖြင့် မျက်ခုံးထူကြီးနှစ်ဖက် တွန့် က်ံုသြားရသည္။
" ဝင်ခိုင်းလိုက်ပါ ကိုကျော်..."
သိပ်မကြာလိုက် ခယောင်းပန်းနဲ့အတူ ယောကျာ်းပီသသောရုပ်ရည် အသားခပ်ညိုညိုဖြင့် အမျိုးသားတစ်ယောက်ဝင်လာ၏။ မာန်ခိုက်ထင် ဝယ်ထားသည့် ကလေးပစ္စည်းအချို့အား သူ့စားပွဲပေါ်မှ မသိမသာဆွဲသိမ်းလိုက်ရင်း စားပွဲနောက်မှထွက်လာခဲ့သည်။
" ထိုင်ပါ.......ဘာကိစ္စရှိလို့လဲ မသိဘူး။ "
ဆိုဖာမှာ မျက်နှာချင်းဆိုင်ဝင်ထိုင်လိုက်ကြသလို ခယောင်းပန်း အစ်ကို့အား လှမ်းကြည့်ရင်းမှ.....
" ဒါ ပန်းအမျိုးသားပါ.....ကိုမင်းညိုတဲ့။ "
" တွေ့ရတာ ဝမ်းသာပါတယ် ကိုမာန်ခိုက်ထင်။ "
မာန်ခိုက်ထင် သူ့ရှေ့ဘေးချင်းယှဥ်ထိုင်နေသည့် ခယောင်းပန်းတို့ကို ကြည့်ရင်းမှ သူ့စိတ်ထဲ ဘာခံစားချက်မှ ရှိမနေတော့တာ သေချာသည်။ အခုအချိန် သူ့စိတ်ထဲရှိသည်က ချာတိတ်နဲ့ပက်သက်ပြီး လာဆက်နွယ်ကြမှာကို သူစိုးရိမ်ခြင်းပင်။
" ကျုပ်သိပါတယ်....မင်္ဂလာပွဲတုန်းက မြင်ဖူးတယ်။ လာရင်းကိစ္စလေးသာပြောပေးပါ။ "
ခယောင်းပန်း မာန်ခိုက်ထင်အား တစ်ချက်ကြည့်ရင်းမှ......
" ညီမလေး နဲ့ တွေ့ခွင့်ပေးပါ....."
" ချာတိတ်နဲ့ မပက်သက်ဖို့ သေချာပြောထားပြီးသား ထင်ပါတယ်။ ဘာလိုချင်တာလဲ.... ငွေလား....ကျုပ်ပေးမယ်။ "
" အို.....ပန်းတို့ငွေမမက်ဘူးလို့ ဘယ်နှစ်ခါပြောရမလဲ။ မေမေက သူ့သမီးငယ်လေးကို သိပ်တွေ့ချင်နေရှာတာ။ "
မာန်ခိုက်ထင် လှောင်သလို ဟက်ခနဲရယ်လိုက်ရင်းမှ.....
" ဘာမှမသိတဲ့ အရူးတစ်ယောက်ကလား......."
မာန်ခိုက်ထင်စကားကြောင့် ခယောင်းပန်း မခံမရပ်နိုင်ဖြင့် ဝုန်းခနဲ ထရပ်မိသည်။
" ဘာပြောတယ်.....ရှင်ရိုင်းလှချည်လား မာန်ခိုက်ထင်။ ရှင့်မှာ အမေရှိတယ် မဟုတ်ဘူးလား။ "
မာန်ခိုက်ထင် မျက်နှာကတည်တင်းသွားရင်းမှ.....
" ရိုင်းတယ်......ငါ့မိန်းမကိုလာမထိနဲ့မပက်သက်နဲ့လို့ ကြိမ်ဖန်များစွာ ပြောခဲ့တာပဲ.....ငါ့မှာအမေရှိတယ်....ဒါပေမယ့်ရူးမနေဘူး။ ခယောင်းပန်း.....ငါ့မိန်းမကို အရူးမသမီးအဖြစ်မခံနိုင်ဘူး။ ချာတိတ်က အခု ငါ့ဇနီး....သူ့မှာသူ့အဆင့်အတန်းနဲ့သူ့ဂုဏ်ဒြပ်နဲ့သူရှိနေပြီ။ ဆွဲချတာမျိုးလုပ်နေတာကို ငါကြည့်နေမှာ မဟုတ်ဘူး။ "
ခယောင်းပန်း ပါးစပ်အဟောင်းသားဖြစ်သွားရသလို မင်းညိုလဲ မနေသာတော့။
" ကိုမာန်ခိုက်ထင်.....သူ့အမေနဲ့သူ့သမီးဆုံစည်းပါစေဗျာ......သွေးသားဆိုတာ...."
" အဲ့ဒါတွေ ကျုပ်ဂရုမစိုက်ဘူး..... ဒီတော့ ခင်ဗျားတို့ လာရာလမ်းအတိုင်း ပြန်ကြပါတော့။ "
" ညီမလေး နဲ့ မတွေ့ပေးတာ ပန်းကြောင့်လား......."
မာန်ခိုက်ထင် မျက်ခုံးတို့က တွန့် က်ံုသြားသလိုယောင်းပန်းအား စူးစိုက်ကြည့်လာ၏။
" မင်း သေချာမှတ်ထား ခယောင်းပန်း......အတိတ်က အတိတ်ပေမယ့် ချာတိတ်ရဲ့စိတ်ကို ငါအသိဆုံးပဲ။ ငါ့အိမ်ထောင်ရေးကို ကမောက်ကမဖြစ်အောင်လုပ်မယ်ဆိုရင် မာန်ခိုက်ထင်အကြောင်း မင်းကောင်းကောင်းကြီးသိစေရမယ်ဆိုတာ ယုံ။ "
အင်မတန်အတ္တကြီးပြီး တစ်ကိုယ်ကောင်းဆန်သည့်လူပင်။ ခယောင်းပန်းရော မင်းညိုပါ ပြန်လာခဲ့ရပေမယ့် ခယောင်းပန်းဆက်သည်းမခံနိုင်တော့။
" ညီမလေးနဲ့ လူချင်းတွေ့နိုင်အောင်ကြိုးစားရမယ်......။ "
@@@@@@@@@@@
လူခေါ်ဘဲလ်တီးသံကြောင့် ဖယောင်း သိုးမွှေးထိုးနေရာမှ ဒေါ်ကြီးနွယ်အား လှမ်းခေါ်လိုက်သည်။
" ကြီးနွယ်.....ကြီးနွယ်.....ခြံရှေ့ဧည့်သည်ရောက်နေတယ်လေ။ "
" သိပါတယ် မမလေး.....ခြံထဲက ကိုဖိုးထူးသွားလိမ့်မယ်။ "
ဟုတ်သည်.....ဒေါ်ရွှေရည် ကားပေါ်မှဆင်းလာရင်း ဖွင့်မပေးနိုင်ဘူးဆိုသည့်စကားကြောင့် ဒေါသကထောင်းခနဲ ထွက်သွားရသည်။
" ဘာပြောလိုက်တယ်.......ဟဲ့ ငါဘယ်သူလဲမသိဘူးလား။ "
" သိပါတယ်.......သူဌေးက သေချာမှာထားလို့ပါ။ အမေလာလဲ သူမရှိရင် လုံးဝပေးမဝင်ရဘူးတဲ့။ "
ဟမ်.....။
ဒေါ်ရွှေရည် အံ့အားသင့်သွားရသလို စိတ်ထဲက ဘုရားတမိသွား၏။ သားဟာ တစ်ဖက်စွန်းအရမ်းရောက်နေပြီလား။ တစ်ချိန်က သားပုံစံနှင့် ခင်ပွန်းဖြစ်သူပုံစံတွေပြန်မြင်ယောင်တော့ ဒေါ်ရွှေရည် ရင်တွေတုန်ယင်လာသဖြင့် ရင်ဘတ်လေးဖိမိသည်။
ဖယောင်း မျက်လုံးလေးဝိုင်းသွားရင်းမှ....
" ဦး မာန်က မှာသွားတာ ဟုတ်လား......ဘာလို့အဲ့လိုမှာရတာလဲ။ "
" မသိပါဘူး မမလေး။ "
ဖယောင်း တကယ်နားမလည်နိုင်တော့။ ဦး မာန် ဘာတွေလုပ်နေတာလဲ။ အိမ်ကိုလဲ ချက်ချင်းပြောင်းသလို ဘယ်သူနဲ့မှလဲ ပေးမတွေ့။ ဘာတွေဖြစ်နေတာလဲ။ စိတ်ထဲထင့်နေကာ တစ်ခုခုကို ဖုံးကွယ်ထားသလိုပင်။
---------------------------------
မာန်ခိုက်ထင် အလုပ်မှပြန်လာသည်နှင့် သူ့ကို မေးခွန်းတွေလိုက်ထုတ်နေသည့် ချာတိတ်ကြောင့် မနည်းလှည့်ပတ်ဖြေနေရသည်။
" ဦး း မာန် ဖယောင်းကို တစ်ခုခုဖုံးကွယ်ထားတာလား....ဟုတ်လား။ "
" မဟုတ်ပါဘူး ချာတိတ်ရယ်.....ဘာဖုံးကွယ်ရမှာလဲ။ "
" ဦး မာန်မပြောလဲ ဖယောင်းသိတယ်......"
မာန်ခိုက်ထင် ဖယောင်းကို ငေးခနဲကြည့်လိုက်မိသလို ရင်ထဲတိတ်တဆိတ် တုန်လှုပ်သွားရသည်။
" ဘာ....ဘာသိတာလဲ "'
" ဧကန္တ......"
မာန်ခိုက်ထင်တံတွေးကို ဂလုခနဲမျိုချမိရင်း ရင်တထိတ်ထိတ်ဖြင့် ချာတိတ်မျက်နှာကိုငေးခနဲ ကြည့်မိသည်။
" ဦး မာန် မေမေနဲ့ ရန်ဖြစ်ထားတာ မဟုတ်လား။ "
" ဟင်....."
" ဟုတ်တယ်လေ.....ဒါကြောင့်အိမ်လဲချက်ချင်းပြောင်းလာတယ်.....မေမေလာတော့လဲ ပေးမဝင်ဘူး။ ရန်ဖြစ်ထားတာ မဟုတ်ဘူးလား။ "
မာန်ခိုက်ထင် အခုမှ သက်ပြင်းချနိုင်သွားသလို ရင်ထဲမှအလုံးကြီးကျသွားရသည်။ ပြုံးနိုင်လာရင်းမှ ချာတိတ်ကိုယ်လေးကို ဖွဖွဖက်ကာ မပူသေးသည့် ဗိုက်ကလေးအား ပွတ်သပ်၍.....
" ဘာလို့ အဝင်မခံတာလဲဆိုတော့ မေမေပွစိပွစိပြောရင် ဟောဒီ့ဗိုက်ထဲက ကလေးလေး နားညီးမှာစိုးလို့။ "
" ဦး မာန် အစုတ်ပလုတ်ကြီး "
မာန်ခိုက်ထင် တဟားဟားဖြင့် သဘောကျစွာ ရယ်မိသလို ချာတိတ်မျက်နှာလေးအား မရမကလိုက်နမ်းရင်း စနောက်နေမိသည်။
@@@@@@@@@@
OG ရက်ချိန်းပြရမည့်ရက်မို့ မာန်ခိုက်ထင် ဒီနေ့ ကုန်တိုက်မသွားပဲ ချာတိတ်နဲ့အတူ ဆေးရုံကိုထွက်လာခဲ့သည်။ Booking ကြိုယူထားသလို အလှည့်ကျသည်အထိ စောင့်နေရင်း ဆရာဝန်ပြပြီးသည်အထိ ကလေးအနေအထားရော မိခင်ပါ ကျန်းမာသလို အဆင်ပြေသည်ဆိုတာမို့ မာန်ခိုက်ထင်မျက်နှာက တပြုံးပြုံး။
" ဘာလေးလဲ အရမ်းသိချင်နေပြီ သိလား ချာတိတ်.....".
ဖယောင်း ဦး မာန်ပုံစံကြောင့် ပြုံးလိုက်မိရင်းမှ.....
" ဦး မာန်က ဘာလေးလိုချင်လဲ....."
" ကိုယ်က သားလေးဖြစ်ဖြစ် သမီးလေးဖြစ်ဖြစ်ချစ်မှာပဲ.....ချာတိတ်နဲ့တူရင်ပိုတောင်ချစ်ဦးမယ်..."
ဖယောင်း ရယ်မိသလို ဆေးကောင်တာမှ နာမည်ခေါ်သံကြောင့် ပျာယီးပျာယာထသွားကာ ဆေးဝယ်နေသည့် ဦး မာန်အားငေးကြည့်နေမိသည်။
ပန်း အခန်းထဲမှာ မေမေ့ကို မတွေ့၍ ခေါင်းနားပန်းကြီးသွားရရင်း ကပျာကယာ လိုက်ရှာရတော့သည်။ အစ်ကိုက ထမင်းသွားဝယ်တာမို့ ပြန်မလာသေးသလို ပန်း လိုက်ရှာရင်း ဖျတ်ခနဲ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ငေးခနဲ ဖြစ်သွားရသည်။
ဖယောင်းပန်း.......ပန်းရဲ့ ညီမလေးဆိုသော မိန်းကလေး။
ဟင်.....မေမေပဲ။ ဖယောင်းပန်းကို ငေးကြည့်ရင်း အနားကိုတစ်လှမ်းချင်းလျှောက်သွားနေသည်။
" အ.....အမှတ်လေး....."
" ဟင်...."
အနားနားမှ ကြားလိုက်ရသည့်အသံကြောင့် ဖယောင်းငဲ့ကြည့်မိလိုက်သလို အလန့်တကြားမတ်တတ်ထရပ်လိုက်မိသည်။ ဖယောင်းမှတ်မိသလို ကြောက်ကြောက်လန့်လန့်ဖြင့် ဦးမာန်အား လှမ်းခေါ်ရန်ကြိုးစားသည်။
" ဦး မာန်....."
" ဟီး ...အမှတ်ပါတယ်....သမီးလေး.......တွေ့ပြီ....တွေ့ပြီ။ "
ဖယောင်း လက်ကို အကြမ်းပတန်းဆွဲကိုင်ရင်း ပြောလာသည့်စကားကြောင့် ဖယောင်းတွေဝေသွါးရသလို ထိုခဏမှာပင် ဒေါ်မြနှစ်က ဖယောင်းပန်းအား အကြမ်းပတန်းဆွဲခေါ်၏။
" အို....အမေ့....."
" လိုက်ခဲ့......လာ လာ.....".
မာန်ခိုက်ထင် လှည့်အကြည့် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ပူထူသွားရသလို ပြေးလာ၏။
" ချာတိတ်.....နာစ့်.....နာစ့် "
ဒေါ်မြနှစ် ဖယောင်းပန်းကိုအတင်းဆွဲခေါ်လာရင်း လှေကားထိပ်ရောက်လာသလို ဖယောင်းပန်းခမျာလဲ စိတ်ရှိတိုင်းမရုန်းရဲပဲ သူမဗိုက်လေးအား လက်လေးတစ်ဖက်ဖြင့်အုပ်ထား၏။
အဖြစ်အပျက်က မြန်သလို လှေကားမှ ခြေချော်ကျသွားသည့် ဒေါ်မြနှစ်အား ဖယောင်းလှမ်းဆွဲလိုက်သလို ဒေါ်မြနှစ်က ဖယောင်းပန်းအား အားပြုတ်လိုက်သလိုမို့ ဖယောင်းပန်းကိုယ်လေးက လှေကားမှ ဒလိမ့်ခေါက်ခွေး ပြုတ်ကျသွား၏။
" ချာတိတ်......"
" အမလေး.....သေပါပြီ။ "
လှေကားမှ တက်လာသည့် မင်းညိုမှ လိမ့်ကျလာသည့် ဖယောင်းပန်းကို ဆီးဖမ်းထားပေးလိုက်ပေမယ့် အရှိန်ပါသဖြင့် သူပါမနည်းတောင့်ခံထားရသည်။
" ဖယောင်းပန်း......ဟေ့.....ဖယောင်းပန်း"
မာန်ခိုက်ထင် လှေကားမှ ဒရောသောပါး ပြေးဆင်းလာသလို မင်းညိုလက်ထဲမှ ချာတိတ်ကိုယ်လေးအား ကပျာကယာဆွဲပွေ့ချီ၏။ နဖူးမှသွေးတွေစီးကျနေသလို ခါးအောက်ပိုင်းက သွေးတွေရွှဲနေ၏။
" ချာတိတ်.....ချာတိတ်.....သတိထားလေ...."
ဖယောင်းပန်းက သတိလစ်နေပြီဖြစ်သလို မာန်ခိုက်ထင် အရူးတပိုင်း ဆောက်တည်ရာမရတော့။ Operation room ထဲ တန်းဝင်သွားသည့်တိုင် သတိလုံးဝမလည်လာသဖြင့် မာန်ခိုက်ထင် သွေးပျက်နေပြီဖြစ်သည်။
ထိုအကျိုးဆက်သည် သက်ရောက်မှု ပြင်းထန်ခဲ့၏။
@@@@@@@@@@@@@@?@@@@@@
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory