နှလုံးသား အနုကပ္ပ (အပိုင်း ၁၉)
lotaya.mpt.com.mm
|
2022-10-08

Part - 19

မာန်ခိုက်ထင် ခွဲစိတ်ခန်းရှေ့ တစ်ယောက်ထဲ ပျာယာခတ်နေသလို ဝတ်ထားသည့် ရှပ်အဖြူက သွေးစတွေစွန်းပေနေ၏။ သူ ဘယ်လောက်တောင် မျှော်လင့်ခဲဲ့ရသလဲ။ ဘယ်လောက်စိတ်ကူး ယဉ်ခဲ့ရသလဲ.....ခုတော့ မျက်စိတစ်မှိတ်အတွင်း အကုန်ပျက်ဆီးကုန်၏။

! ကျွီ!

ခွဲစိတ်ခန်းတံခါးပွင့်လာသဖြင့် ထွက်လာသည့်ဆရာဝန်အနား ရောက်သွားကာ ကပျာကယာ မေးရသည်။ 

" ဒေါက်တာ.....ဒေါက်တာ ကျွန်တော့်ဇနီးအခြေအနေလေး....."

" မိခင်ကတော့ အသက်အန္တရာယ်မရှိတော့ပါဘူး။ ကိုယ်ဝန်ကတော့ အဖက်မတင်လိုက်ဘူး ကိုမာန်ခိုက်ထင် ....ပျက်ကျသွားတယ်။ "

ကြိုတင်ရိပ်မိပြီးသားအခြေအနေမို့ အံကိုတင်းခနဲကြိတ်ကာ ခေါင်းကိုတွင်တွင်ညိတ်မိသည်။ ခွဲစိတ်ခန်းထဲမှ လူနာခန်းကိုပြောင်းရွှေ့ပြီးသည်အထိ ချာတိတ်က သတိမရသေးသလို မေမေလဲ ပျာယီးပျာယာရောက်လာ၏။

" ဖြစ်မှဖြစ်ရလေကွယ်......သမီးလေးက သတိမရသေးဘူးလား။ "

မာန်ခိုက်ထင် ချာတိတ်မျက်နှာလေးကိုငေးကြည့်ရင်းမှ ခေါင်းကိုလေးပင်စွာ ခါယမ်း၍.....

" ဆေးအရှိန်ကြောင့်ပါ......ခဏနေသတိရလာလိမ့််တဲ့။ "

" ဘယ်လိုဖြစ်တာလဲ သားရယ်။ "

ဒေါ်ရွှေရည်မေးလိုက်သည်နှင့် မာန်ခိုက်ထင် မျက်ဝန်းအစုံကတွန့် ကျုံသွားရ၏။ သတိရသွားသလို အခန်းထဲမှ ဒေါသတကြီးထွက်သွားတာ တရှူးရှူးတရှားရှား ။ 

ပန်း အစ်ကို့ဆီမှ ကြားလိုက်ရသည့် စကားကြောင့် စိတ်ထဲမကောင်းဖြစ်သွားရသလို ဖယောင်းပန်းမှာ ကိုယ်ဝန်ရှိနေတာ တကယ်မသိခဲ့ပါ။ ကိုယ်ဝန်ပျက်ကျသွားသည်တဲ့လေ။

" ဒုန်း....."

အခန်းတံခါးကို ဆောင့်တွန်းဖွင့်သံနဲ့အတူ ဒေါသတကြီးဝင်လာသည့် မာန်ခိုက်ထင်အကြည့်က ဆိုဖာပေါ်ထိုင်ကာ Cartoon ကားကြည့်နေသည့် ဒေါ်မြနှစ်ဆီ ရောက်သွား၏။ 

" ခင်ဗျားကြီး......"

" အို.....ဘာလုပ်တာလဲ.... ရှင်အဲ့လို အကြမ်းလာမဖက်နဲ့။ "

ခယောင်းပန်း ကပျာကယာ အရှေ့မှပိတ်ရပ်လိုက်ရင်း လက်နှစ်ဖက်ဆန့်တန်းကာ ကာထားလိုက်သလို မင်းညိုကလဲ မာန်ခိုက်ထင်ကိုလှမ်းဆွဲ၏။

" ငါ့မိသားစု....ငါ့မိန်းမ အခုထိသတိမရသေးဘူး....ငါ့ကလေး.....မင်းအမေသတ်လိုက်တာ......မင်းအမေအရူးမသတ်ပစ်တာ။ "

ခယောင်းပန်းမျက်နှာလေးက တင်းသွားရသလို....

" တမင်လုပ်တာမှ မဟုတ်ပဲ......က​လေးကပြန်ယူလို့ရပါတယ်။ "

" ဘာ! ....ဒါပြောရမယ့်စကားလား....."

မခံမရပ်နိုင်စွာ ပိတ်အော်ပစ်လိုက်သည့် မာန်ခိုက်ထင်....။ 

" အဟင့်....အီး  ကြောက်တယ်.....ကြောက်တယ်။ "

ရုန်းရင်းဆန်ခတ်အခြေအနေမှာ ဒေါ်မြနှစ်လဲ ကြောက်လန့်ကာ တဟီးဟီး ထငိုတော့သည်။ မင်းညို ကြားမှဝင်တားရင်း....

" ကျွန်တော်တို့ လဲ တကယ်စိတ်မကောင်းပါဘူး ကိုမာန်ခိုက်ထင်......တောင်းပန်ချင်ပေမယ့် "

" မတောင်းပန်နဲ့......သက်ဆိုင်ရာကပဲ ရှင်းကြတာပေါ့။ "

မာန်ခိုက်ထင် အခန်းအပြင်ပြန်ထွက်သွားသည်နှင့် မင်းညိုရော ခယောင်းပန်းပါ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကြသည်။ ဒီပြဿနာကို ဘယ်လိုလုပ်ကြရပါ့။

@@@@@@@@@@

မလုပ်နဲ့  ..... မလုပ်ပါနဲ့  တောင်းပန်ပါတယ် ရပ်ပါတော့.....

မုန်းတယ်......ကျွန်တော် အဖေ့ကိုမုန်းတယ်.....

မာန်ခိုက်ထင် မျက်လုံးတို့ကို ဖျတ်ခနဲအားယူဖွင့်လိုက်ရင်းမှ အိမ်မက် မက်နေမှန်း သိလိုက်သည့်အခါ စိတ်သက်သာရာရသွားသည်။ တစ်ကိုယ်လုံး ချွေးတွေရွှဲနစ်နေရင်း အသက်ကိုမနည်းဝအောင် ရှူမိသလို ချာတိတ်ဆီလှမ်းကြည့်တော့ လူနာခုတင်ထက် အိပ်မောကျနေ၏။ ညတုန်းကသတိရလာသလို ကိုယ်ဝန်ပျက်ကျမှန်းသိသည့်အခါ ဝမ်းပန်းတနည်းငိုရှာသည်။ မနည်းချော့မော့ထားရသလို ညကပဲ တော်တော်နဲ့အိပ်မပျော်လို့လားမသိ နှစ်ခြိုက်စွာအိပ်မောကျနေ၏။ 

ရေချိုးခန်းထဲလျှောက်လာရင်း မျက်နှာသစ်ကာ ကိုကျော်ယူလာပေးသည့်အိတ်ထဲမှ အဝတ်အစားတစ်စုံလဲဝတ်လိုက်၏။ 

" ဦး မာန်......."

မာန်ခိုက်ထင် ပြုံးလိုက်မိရင်းမှ ချာတိတ်အနားလျှောက်လာသလို နဖူးပေါ်ဝဲကျနေသည့် ဆံနွယ်စလေးတွေ သပ်တင်ပေးရင်း.....

" အိပ်ရေးဝရဲ့လား...... ချာတိတ်ဘာစားမလဲ။ ကိုယ်သွားဝယ်ပေးမယ်။ "

သူ့ကို ငေးကြည့်လာသည့်ပုံစံလေးက ဝမ်းနည်းနေတာသိသာသလို ခပ်တိုးတိုးအသံလေးထွက်လာ၏။

" ဖယောင်း တောင်းပန်ပါတယ်နော်..... ဦး မာန်စိတ်ဆင်းရဲနေတာ ဖယောင်းသိတယ်.......ဖယောင်းအပြစ်ပါ......"

" ချာတိတ်ရယ်......"

မာန်ခိုက်ထင် ဖယောင်းပန်းအနားလျှောက်လာရင်းမှ ကိုယ်လေးကိုအသာဆွဲဖက်ပေးထါးလိုက်သည်။ 

" ဒါ ချာတိတ်အပြစ်မဟုတ်ပါဘူးလေ......ဟေး......ကိုယ့်ကိုယ်ကြည့် ကိုယ့်မျက်နှာကိုကြည့်.......မငိုနဲ့.... မငိုရဘူး ခေါင်းတွေကိုက်မယ်။ "

​ချော့ခါမှပိုဆိုးသလို ဖယောင်းပန်းခမျာ မာန်ခိုက်ထင်ရင်ခွင်ထဲတိုးဝင်၍ ငိုရှိုက်တော့သည်။ တစ်ဘက်တွင်လဲ ခယောင်းပန်းတို့ဆီ ရောက်လာသည့် ရဲအချို့နှင့် ကိုကျော်။

ဟုတ်သည်.......မာန်ခိုက်ထင်က အမှုဖွင့်ကာ အရှိန်အဝါအပြည့်သုံးတော့သည်။

@@@@@@@@@@@

ဒေါ်ရွှေရည် သားဖြစ်သူ ဆေးသွားဝယ်နေတုန်း ဖယောင်းလေးနှင့် စကားပြောနေစဥ် အခန်းတံခါးကို ဆောင့်တွန်းဖွင့်သံနဲ့အတူ ဒေါသတကြီး ဝင်လာသည့် ခယောင်းပန်း။ ဖယောင်းပန်းရော ဒေါ်ရွှေရည်ပါ အကြောင်သားငေးကြည့်နေမိသလို ပထမဆုံးသတိဝင်လာသူက ဒေါ်ရွှေရည်။ 

" မိန်းကလေး....မင်း သူများအခန်းထဲဘာလာလုပ်တာလဲ။ "

" မာန်ခိုက်ထင်ရော...... "

" သားနဲ့တွေ့ချင် သက်သက်ပြောပါ။ ငါ့ချွေးမ နေမကောင်းတာ မင်းမမြင်ဘူးလား။ "

" အဲ့ချွေးမက ကျွန်မညီမအရင်းပါ အန်တီရယ်.....ကျွန်မအမေကို သူ့ယောကျ်ားက တရားစွဲထားတာ သိရမှာပေါ့။ "

ဖယောင်း မျက်လုံးလေးဝိုင်းသွားရရင်းမှ မေမေ့ကို ငေးခနဲကြည့်မိသည်။ 

" ဒီမှာ ဖယောင်းပန်း.....ငါကနင့်အစ်မအရင်းပါ။ ကိုယ့်အမေကို နင့်ယောကျာ်းက အရူးထောင်ပို့ချင်နေတာ နင်ဘာလုပ်ပေးမှာလဲ။ "

လိုက်မမှီသော ပုစ္ဆာတစ်ပုဒ်ကို အသဲအသန်အဖြေရှာနေရသူပမာ ဖယောင်း ဘာကိုမှနားမလည်နိုင်ဖြစ်နေရသည်။ 

" ခယောင်းပန်း......."

ဒေါသတကြီး အော်သံနဲ့အတူ ဘယ်အချိန်ကဘယ်လိုပြန်ရောက်လာမှန်းမသိသည့်  ဦး မာန်။ ဦး မာန် မျက်နှာက နီရဲခက်ထန်နေသလို ဖယောင်းအနား ကပျာကယာလျှောက်လာ၏။

" ဦး မာန်.....ဘာ..ဘာတွေဖြစ်နေတာလဲဟင်။ "

" ဘာမှမဖြစ်ဘူး......အဲ့မိန်းမလျှောက်ပြောနေတာ။ "

ဒေါ်ရွှေရည် သက်ပြင်းချလိုက်မိရင်းမှ.....

" သား.....သမီးလေးကို ပေးသိလိုက်ပါကွယ်။ "

" မေမေ့....."

" ဒီမှာ ဖယောင်းပန်း......ငါ့လက်ကအမှတ်ကို တွေ့တယ် မဟုတ်လား.....နင့်ဘာသာ စဉ်းစား ကြည့်လေ။ မယုံရင်နင့်မွေးစားအဖေ ဦး ဇင်းကို သွားမေးကြည့်.....ဘယ်သူညာနေသလဲ သိလိမ့်မယ်။ "

မာန်ခိုက်ထင် ကျစ်ခနဲ စုပ်သပ်လိုက်မိသလို ထိုခဏ၌ သူကာကွယ်ခဲ့သမျှ အရာမထင်မှူကို ဆိုးဆိုးရွားရွားခံစားလိုက်ရသည်။ ပြီးတော့ ချာတိတ်သူ့ကို ကြည့်သည့်အကြည့်။ လုပ်ရက်လိုက်တာ ရက်စက်လိုက်တာဆိုသည့် မျက်နှာပေး.....။

နောက်ဆုံး အရာအားလုံးသိသွားသည့်အခါ ဖယောင်းပန်းအဖို့ ထိုးနှက်ချက်ပြင်းခဲ့သည်။

@@@@@@@@@@@@@@@@@@@@@

To be continue P - 20

Author - အနမ်းခြွေ

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory




Some text some message..